သူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်သို့ သွားရောက်ခြင်း ၂
Vol. 119 Ch. 1185
ဤနေရာတွင် တည်ရှိနေသောရေပြင်ကြီးက နီရဲနေပြီးအနံ့အသက်ဆိုးရွားကာ အချိန်အတော်ကြာရှိခဲ့ပုံပင်။
ဤအခိုက်အတန့်တွင် သူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်၏အလယ်ဗဟို၌ဖော်ပြ၍မရလောက်အောင် ကြီးမားလှသောကြာရွက်ကြီးတစ်ခု ရှိနေပြီး တောင်တန်းများကဲ့သို့ ကွေ့ကောက်နေသော အကြောများ ရှိသည်။
၎င်း၏အနားသတ်များတစ်လျှောက် နှင်းပေါက်များကျဆင်းနေပြီး သေမျိုးလောကသို့သာ ကျဆင်းသွားပါကကြီးမားသော စီရင်စုမြို့တော်တစ်ခုကို လွှမ်းမိုးသွားနိုင်လောက်အောင် ကြီးမားသည်။
ဤကြာရွက်ပေါ်တွင် မည်မျှပင်ခမ်းနားကြီးကျယ်သောပုံရိပ်တစ်ခု ရပ်နေပါစေ ဆန်စေ့တစ်စေ့ကဲ့သို့ အရေးမပါပုံပေါက်နေ၏။
နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော ဤကဲ့သို့သောနေရာမျိုးတွင် ဘုန်းကြီးတစ်စု စုရုံးနေကြသည်။
အာဟတ်ဒါဇင်ပေါင်းများစွာက သပ်ရပ်စွာအစီအစဉ်ဖြင့် ရပ်နေကြပြီး ၎င်းက ပုံမှန်အားဖြင့် မဟာနတ်ဆိုးကြီးတစ်ကောင်ကို သုတ်သင်ရန်အတွက်သာ သီးသန့်ထားသော အနေအထားမျိုး ဖြစ်၏။
သို့သော် ဤအခိုက်အတန့်တွင် သူတို့အားလုံးက ရွှေရောင်ခန္ဓာကိုယ်ကိုမဖော်ပြဘဲ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ဒေါင်လိုက်ထားကာ မျက်လွှာချ၍ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုနေကြသည်။
"တောင်ပိုင်းဧကရာဇ်က ငါတို့လို သေမျိုးလောကက သာမန်နတ်ဆိုးတွေအနေနဲ့ မင်းတို့ဂိုဏ်းရဲ့မြင့်မားတဲ့ အကိုင်းအခက်တွေကို မကိုင်တွယ်နိုင်ဘူးလို့ ပြောပါတယ်။ ငါတို့က အနားယူပြီး အားအင်ပြန်လည်ပြည့်ဝလာတာနဲ့ မြေရိုင်းနယ်မြေကိုချက်ချင်းပြန်သွားမှာဖြစ်ပြီး နတ်ဘုရားနယ်မြေကို တစ်သက်လုံး ခြေချတော့မှာ မဟုတ်ဘူးလို့ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တကို အသိပေးဖို့ ဆရာတော်များကို ရိုသေစွာ တောင်းဆိုပါတယ်"
တူညီသော အားကောင်းသည့် စွမ်းအင်ရှိသော မဟာနတ်ဆိုးကြီး တစ်ကောင်၏ဦးဆောင်မှုအောက်တွင် နတ်ဆိုးစစ်သားအဖွဲ့အများအပြားက ရေထဲမှလမ်းကြောင်းသုံးခုဖြင့် တက်လာပြီး ကြာရွက်များကြားတွင် နေရာယူလိုက်ကြ၏။
သူတို့ဟာ လောကကြီးမှ အသိအမှတ်ပြုထားသော ရန်သူတော်များဖြစ်ကြောင်းရှင်းလင်းနေသည်။ သို့သော် အချင်းချင်းတွေ့ဆုံသောအခါ မဟာနတ်ဆိုးကြီးများက အလွန် ယဉ်ကျေးနေကြ၏။
သို့သော် ဤစကားများက အာဟတ်များ၏နားထဲသို့ အထူးသဖြင့် စုန်းဖုန်းစီရင်စုတွင် တစ်ချိန်က ပေါ်လာခဲ့ဖူးသော ဟွေ့ကျင်းဘုန်းကြီးလေး၏နားထဲသို့ ဆူးတစ်ချောင်းကဲ့သို့ စူးဝင်သွားသည်။
ဤနတ်ဆိုးများက ကြီးမားသောတန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရပြီးနောက် ဤမျှစိတ်ပျက်လက်ပျက်ဖြင့် မိမိဆန္ဒအလျောက်ဆုတ်ခွာသွားလိမ့်မည်ဟု မည်သူက ယုံကြည်မည်နည်း။ သူတို့က ဗောဓိဂိုဏ်းအပေါ် မကျေနပ်မှုကို ဖော်ပြနေခြင်းမျှသာ ဖြစ်၏။
"မင်းတို့ တည်တည်ငြိမ်ငြိမ်နဲ့ ဒီမှာ စောင့်နေလို့ ရပါတယ်" သက်ကြီးအာဟတ်က မျက်လွှာကို အနည်းငယ်ပင့်လိုက်ပြီး ဤကဲ့သို့သောအန္တရာယ်ရှိသည့် နတ်ဆိုးလိုဏ်ဂူထဲတွင်ပင် အမိန့်ပေးသည့် ဟန်ပန်ကို ထိန်းသိမ်းထားသည်။
ဗောဓိဂိုဏ်းက နတ်ဆိုးများကို ဘယ်သောအခါက ဦးညွှတ်ခဲ့ဖူးသနည်း။ ယခုလက်ရှိ အသုံးဝင်နေချိန်တွင်ပင် ချွင်းချက်မရှိပေ။
"ဟက်" သို့သော် မဟာနတ်ဆိုးကြီးများက ဒေါသထွက်ခြင်းမရှိဘဲ အချင်းချင်းပြုံးပြကာ ပေါ့ပေါ့ပါးပါး ဦးညွှတ်လိုက်ကြ၏။
သို့သော် ယခုအချိန်အထိ အုပ်ချုပ်သူ စစ်မှန်သော နတ်ဆိုးအရှင်သုံးပါးထဲမှ တစ်ပါးမျှပေါ်မလာသေးခြင်းက သူတို့၏မကျေနပ်မှုကို ဖော်ပြနေပြီး ဖြစ်သည်။
မဟာတောင်ပိုင်းတိုက်ကြီးကို ကနဦး စမ်းသပ်စစ်ဆေးစဉ်အတွင်း ကုန်ကျစရိတ်က မသေးငယ်သော်လည်း ၎င်းကမျှော်လင့်ထားပြီးသားဖြစ်၏။
မည်သို့ပင်ဆိုစေ နတ်ဘုရားနယ်မြေအချိန်ကြာမြင့်စွာ ထွက်ခွာသွားပြီးနောက် ရုတ်တရက်ပြန်လာရန်မှာ မလွယ်ကူပေ။
သို့သော် စမ်းသပ်မှုပြီးဆုံးပြီးနောက် ဗောဓိဂိုဏ်းက ဦးဆောင်ကာ အဖွဲ့သုံးဖွဲ့က စတုတ္ထအဆင့်သို့ ရောက်ရှိနေသော မဟာနတ်ဆိုးကြီး ရှစ်ကောင်ကို ပူးတွဲစေလွှတ်ခဲ့ပြီး အရည်အချင်းပြည့်ဝသော ပဉ္စမအဆင့် နတ်ဆိုး ဒါဇင်ပေါင်းများစွာကို ဖြည့်စွက်ကာ ဘဝတွင် တစ်ကြိမ်သာ ရနိုင်သော တိုက်ခိုက်မှုတစ်ခုအတွက် ရည်ရွယ်ခဲ့သည်။
သို့သော် စုန်းဖုန်းစီရင်စုတွင် အားလုံးဆုံးရှုံးသွားခဲ့ပြီး တစ်ကောင်မျှ အသက်မရှင်ခဲ့ပေ။
မသေမျိုးသုံးပါးဂိုဏ်းမှ ထျန်းတုံး နတ်သမီး ပါဝင်ရုံသာမက နတ်ဘုရားမင်းဆက်မှ နန်ယန် စစ်သူကြီးပင်ရှင်းပြ၍မရအောင် ပေါ်လာခဲ့၏။
နှစ်ဖက်စလုံးက ကြာမြင့်စွာကတည်းက ပြင်ဆင်ထားပုံပေါ်သည်။
သူတို့ကြိုတင်အသိပေးခြင်း မရခဲ့ဘူးဟု ပြောလိုလျှင် တစ္ဆေသရဲများကိုသာ သွားလှည့်စားလိုက်ပါ။
ကျမ်းစာပို့ဆောင်ခြင်းတာဝန်က မသေမျိုးသုံးပါးဂိုဏ်းနှင့် ဗောဓိဂိုဏ်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင်နက်ရှိုင်းသော ဂိုဏ်းများအတွက်ပင် စတုတ္ထအဆင့်များစွာဆုံးရှုံးသွားခြင်းက နှလုံးနာကျင်ရသည်ဟု တွေးတောမိလျှင် ဤဆင်းရဲမွဲတေနေသော နတ်ဆိုးမျိုးနွယ်အတွက်ကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤဘုန်းကြီးများကို သူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်ထဲတွင် ငြိမ်းချမ်းစွာ ရပ်ခွင့်ပြုခြင်းကပင် ဗောဓိဂိုဏ်းအား လုံလောက်သောမျက်နှာသာ ပေးထားခြင်း ဖြစ်၏။
"..."
နတ်ဆိုးများ၏သဘောထားရှေ့တွင် အာဟတ်အိုကြီးက ဂရုမစိုက်ဘဲတိတ်ဆိတ်စွာ စောင့်ဆိုင်းနေပါသည်။
မိုးကုတ်စက်ဝိုင်းတွင် ဗုဒ္ဓအလင်းရောင်တစ်ခု တိတ်ဆိတ်စွာ ပွင့်လန်းလာသည့် အချိန်အထိပင်။
အာဟတ်များက ချက်ချင်းဝပ်တွားကာ တညီတညွတ်တည်း ကျယ်လောင်စွာ ရွတ်ဆိုလိုက်ကြ၏။ "တပည့်များက ရတနာခုနစ်ပါးဗောဓိသတ္တ၊ ဝူရှန်ဗောဓိသတ္တတို့ကိုရိုသေစွာ ကြိုဆိုပါတယ်"
ကြာပန်းစင်မြင့်များပေါ်တွင်နင်းကာ ဆက်တိုက် ရောက်ရှိလာသော ဗောဓိအရှင်နှစ်ပါးကို မြင်တွေ့လိုက်ရ၏။ အနည်းငယ်ကွာဝေးသောနေရာမှ သူတို့၏အဆင့်အတန်း ကွာခြားချက်အား မှိန်ဖျော့ဖျော့ သိမြင်နိုင်၏။
မည်သို့ပင်ဆိုစေ ဗောဓိဂိုဏ်းအတွင်း ကြာပန်းပလ္ဘင်၏အရှေ့ဘက်ကို ပုံမှန်အားဖြင့် ဓမ္မအစောင့်အရှောက်အာဟတ် သို့မဟုတ် ထိုင်ခုံအောက်ရှိဘုန်းကြီးလေးတစ်ပါးအတွက်သာ သီးသန့်ထားခြင်းဖြစ်သည်။
အရှေ့ရှိ အရှင်၏မျက်နှာက အလွန်သန့်ရှင်းကြည်လင်နေလေပေ။
အနောက်ရှိ တစ်ပါးက ဟယ်တောင်တွင် တစ်ချိန်က တရားပို့ချခဲ့ပြီး အစစ်အမှန်ကြာပန်းပလ္လင်ကျမ်းစာကို လောကသို့ဖြန့်ဝေခဲ့သော ဗောဓိသတ္တ ဖြစ်သည်။
သူက ဤမဟာကပ်ဘေး၏ကဋ့်လန့်ကာကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်လှစ်ခဲ့သည်ဟုပင် ဆိုကြ၏။
ဤအခိုက်အတန့်တွင် ရတနာခုနစ်ပါး ဗောဓိသတ္တ၏အနောက်တွင် တန်ဖိုးကြီးမားသော အလင်းတန်းခြောက်ခု လှည်ပတ်နေပြီး သူ၏ဒဏ်ရာများအများစု သက်သာသွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။
"ဟင်"
ဗောဓိအရှင်ဆင်းသက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသောအခါ နတ်ဆိုးအုပ်စုက မသိစိတ်အရ အထိတ်တလန့် ဖြစ်သွားကြ၏။ အချို့က မသိစိတ်အရခြေတစ်လှမ်းဆုတ်သွားကြပြီး အချို့က ဘုန်းကြီးများ၏နှုတ်ဆက်မှုကို တုံ့ပြန်ရန် ကြိုးစားကာ လက်ကိုမြှောက်လိုက်ကြသည် သို့မဟုတ် သူတို့၏လက်နက်များကို ဆုပ်ကိုင်လိုက်ကြသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရကာ မှင်တက်စွာရပ်နေကြ၏။
သို့သော် ဗောဓိအရှင်နှစ်ပါးက နတ်ဆိုးလူအုပ်ကြီးအပေါ် အကြည့်မရောက်ဘဲ ကြာရွက်ပေါ်သို့ ပေါ့ပေါ့ပါးပါးဆင်းသက်လာကာ သူတို့၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အလင်းတန်းနှစ်ခုကို ထုတ်လွှတ်လိုက်၏။
အလင်းတန်းများမြေကြီးပေါ်သို့ ကျဆင်းသွားသောအခါ အခြားလူတိုင်းထက် အရှိန်အဝါများစွာ သာလွန်နေသော နတ်ဆိုးအရှင်နှစ်ပါးကို အံ့သြဖွယ် ဖော်ထုတ်လိုက်၏။
ထွက်ပေါ်လာပြီးနောက် ဤနတ်ဆိုးအရှင်နှစ်ပါးက ရတနာခုနစ်ပါးဗောဓိသတ္တကို ရိုသေစွာ နှုတ်ဆက်လိုက်ပြီးနောက် ရွှံ့နွံအိုင််ကြီးဆီသို့ စကားပြောလိုက်၏။ "ဗောဓိအရှင်များရဲ့ ကယ်တင်မှုကို ခံရပြီးနောက် ငါတို့ကံကောင်းပြီး အဖွဲ့သုံးဖွဲ့လုံးကို သစ္စာရှိရှိအမှုထမ်းဖို့ဆန္ဒရှိလို့ ဒီကို ရောက်လာတာပါ"
တတိယအဆင့် နယ်ပယ်သို့ ရောက်ရှိနေသော တာ့လော် မသေမျိုးအရှင်များအနေဖြင့် ဗောဓိသတ္တများနှင့်ဆက်ဆံနေရသဖြင့် သေမျိုးလောကမှ နတ်ဆိုးခန္ဓာကိုယ်ဖြင့် မွေးဖွားလာလျှင်ပင် သူတို့တွင် ဂုဏ်ယူဝင့်ကြွားမှု အပြည့်အဝရှိသင့်သည်။
သို့သော် သူတို့၏အမူအရာ သို့မဟုတ် လေသံက မည်သို့ပင်ရှိစေကာမူ ဤနှစ်ပါးက လုံးဝ လက်အောက်ခံသည့် အသွင်ကိုပြသနေသဖြင့် မရေမတွက်နိုင်သော နတ်ဆိုးများကို အံ့အားသင့်သွားစေကာ အချင်းချင်းကြည့်လိုက်ကြ၏။
"..."
အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ရွှံ့နွံအိုင်ကြီးထဲမှအသံတစ်သံက နောက်ဆုံးတွင် ထွက်ပေါ်လာသည်။ "အရှင်တွေက ဘာကို ဆိုလိုတာလဲ"
ဟွေ့ကျင်းဘုန်းကြီးက ၎င်းမှာ တောင်ပိုင်းဧကရာဇ်၏အသံ မဟုတ်ကြောင်း နားလည်သဖြင့် ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ယနေ့ သူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်တွင် အခြားအဖွဲ့နှစ်ဖွဲ့၏မဟာနတ်ဆိုးကြီးများလည်း ရှိနေနိုင်ကြောင်း နားလည်သွား၏။
ရေအောက်မှ နတ်ဆိုးအရှင်၏စစ်ဆေးမေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင်.
ရတနာခုနစ်ပါးဗောဓိသတ္တက စကားမပြောဘဲ မဟာနတ်ဆိုးကြီး နှစ်ကောင်ကို မြှောက်တင်ရန် လက်ကို ဝှေ့ယမ်းလိုက်ပြီး မိမိ၏နောက်တွင် တိတ်ဆိတ်စွာ ရပ်နေစေသည်။
ဤရိုးရှင်းသော အမူအရာက အာဟတ်များစွာ၏ကျောပြင်များကို ပိုမို မတ်မတ်ဖြစ်သွားစေ၏။
တတိယအဆင့် နတ်ဆိုးအရှင်ပင်လျှင် ဗောဓိဂိုဏ်းရှေ့တွင် ခေါင်းငုံ့ရမည်ဖြစ်သည်။
တူညီသော နယ်ပယ်အတွင်း၌ပင် သာလွန်မှု ကွာခြားချက် ရှိနေသေးသည်။
ဤအခိုက်အတန့်တွင် မိုးကုတ်စက်ဝိုင်းမှ အလင်းတန်းတစ်ခု နောက်ထပ်ထွက်ပေါ်လာပြီး ကြာပန်းပလ္လင်တစ်ခုနှင့် အတူတူ ဆင်းသက်လာ၏။
နောက်ထပ် ဗောဓိသတ္တ နှစ်ပါး ထပ်မံ ရောက်ရှိလာပြီး ဤတစ်ကြိမ်တွင်မူ အနောက်ရှိ တစ်ပါးက ရှင်းပြ၍မရလောက်အောင် ငယ်ရွယ်နေပါသည်။
"တပည့်တွေက ရွှေဖားပြုတ်ဗောဓိသတ္တ၊ ထျန်းလော်ဗောဓိသတ္တတို့ကို ရိုသေစွာ ကြိုဆိုပါတယ်"
အာဟတ်များ၏ရွတ်ဆိုသံများကြားတွင် ယခုအခါ အဖြူသင်္ကန်းကို ဝတ်ဆင်ထားသော ရွှေဖား
ပြုတ်ဗောဓိသတ္တက ကျက်သရေရှိစွာ ဆင်းသက်လာပြီး အလင်းတန်းတစ်ခုကို ထုတ်လွှတ်ရန် သူ၏လက်ကိုလည်း ဝှေ့ယမ်းလိုက်၏။
သူက ရတနာခုနစ်ပါး ဗောဓိသတ္တ၏အနောက်ရှိ နတ်ဆိုးအရှင်နှစ်ပါးကို လှမ်းကြည့်လိုက်ပြီး သူနှင့်အတူ တစ်ကောင်တည်းသာ ခေါ်လာသော်လည်း သူ၏မျက်လုံးများတွင် မောက်မာမှုများရှိနေသေးသည်။
"အဲဒီ အစစ်အမှန်နတ်ဘုရားတွေက အကြောင်းပြချက်မသိရဘဲ ကြိုတင်တုံ့ပြန်ခဲ့ကြတယ်"
သူ၏အနောက်ရှိ ထျန်းလော် ဗောဓိသတ္တက အခြားဗောဓိသတ္တ နှစ်ပါးပေးပို့လာသော အကြည့်များကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။ "ငါက ဆုတ်ခွာဖို့ရည်ရွယ်ခဲ့ပေမယ့် ရွှေဖားပြုတ်ဗောဓိသတ္တက ဂိုဏ်းရဲ့မဟာအစီအစဉ်ကို မထိခိုက်သင့်ဘူးလို့ ခံစားရလို့ ကျင့်ကောတောင်ကြားမှာရှိတဲ့ အစစ်အမှန် နတ်ဘုရား နှစ်ပါးကိုကျော်လွှားဖို့ ငါနဲ့ အခြား နတ်ဆိုး နှစ်ကောင်ကို ဦးဆောင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ တိုက်ပွဲမှာ ငါတို့ တစ်ကောင် ဆုံးရှုံးသွားတယ်"
ဤစကားကို ကြားသောအခါ အာဟတ်များနှင့် နတ်ဆိုးအုပ်စု နှစ်ခုလုံး၏အမူအရာများ အကြီးအကျယ် ပြောင်းလဲသွား၏။
လူငယ်ဗောဓိသတ္တကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ သူတို့၏အမူအရာက ယခင်နှင့် လုံးဝ ကွဲပြားသွားသည်။
တစ်ဖက်လူက အစစ်အမှန် နတ်ဘုရားများကိုပင် ရင်ဆိုင်ရဲနေလေ၏။
ကြီးမားလှသော ရဲစွမ်းသတ္တိအပြင် အခက်အခဲများကြားမှ အခြေအနေအရပ်ရပ်အပေါ် ထိန်းချုပ်မှုကိုလည်း ပြသနေ၏။
"..."
ရတနာခုနစ်ပါး ဗောဓိသတ္တနှင့် ဝူရှန်ဗောဓိသတ္တတို့ အချင်းချင်းကြည့်လိုက်ကြပြီး နှစ်ဦးစလုံးက တိတ်ဆိတ်နေကြသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရေထဲမှကွဲပြားသော အသံတစ်သံ နောက်ထပ်ထွက်ပေါ်လာပါသည်။ " ဗောဓိအရှင်ရဲ့ ကျွမ်းကျင်မှုတွေက အထင်ကြီးစရာကောင်းပါတယ်၊ ကျုပ်တို့ နှိမ့်ချစွာ လက်ခံပါတယ်"
"ဟမ့်" ဤသည်ကို မြင်သောအခါ ရွှေဖားပြုတါဗောဓိသတ္တက နောက်ဆုံးတွင် ကျေနပ်စွာဖြင့် အေးစက်စွာ ပြုံးလိုက်၏။
ဤကဲ့သို့သော အသေးအဖွဲ အလုပ်များကို လုပ်ဆောင်နေရလျှင်ပင် အနာဂတ်ဗုဒ္ဓ၏ရွေးချယ်ခံ တပည့်တစ်ဦးအနေဖြင့် သူက ဤလူများကို ဖိနှိပ်ထားနိုင်ဆဲဖြစ်ပြီး ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းကိုပြီးမြောက်ထားသော ရတနာခုနစ်ပါးပင်လျှင် ဤအောင်မြင်မှုကုသိုလ်ကိုလုယူ၍ မရနိုင်ပေ။
"အရပ်ငါးမျက်နှာဗောဓိသတ္တ မရောက်သေးဘူးလား" ထျန်းလော်ဗောဓိသတ္တက တစ်ပါးပျောက်နေသေးသည်ကို သတိပြုမိသွား၏။
"ဘယ်သူသိမှာလဲ၊ မူလအစီအစဉ်တွေက ချောမွေ့နိုင်ပေမယ့် ရမ်းကားတဲ့လူတစ်ယောက် ထပ်ပေါင်းထည့်လိုက်လို့ မရည်ရွယ်ဘဲ တစ်ခုခုမှားယွင်းသွားနိုင်တာပဲလေ"
ရွှေဖားပြုတ်ဗောဓိသတ္တက လှောင်ပြောင်သည့် အရိပ်အယောင်ဖြင့် မျက်ခုံးပင့်လိုက်သည်။
သူက ဤသို့ပြောရဲသော်လည်း အခြား အာဟတ်များက ထပ်မပြောရဲကြပေ။
ရွှေဖားပြုတ်ဗောဓိသတ္တ၏မကျေနပ်မှုက ကျမ်းစာပို့ဆောင်ခြင်းအတွက် တာဝန်ရှိသူ၊ ယခင် ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်... ယခု ကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တအပေါ်တွင် ဖြစ်ကြောင်း လူတိုင်း သိကြ၏။
ကျမ်းစာပို့ဆောင်ခြင်း ကျရှုံးခဲ့သော်လည်း မြေပေလျိုမြစ်မှ ဤဗောဓိသတ္တ၏လုပ်ရပ်များက ကောင်းကင်ဘုံတစ်ခွင်ကြာမြင့်စွာကတည်းက ပဲ့တင်ထပ်နေပြီး ကြမ်းတမ်းသောဂုဏ်သတင်းတစ်ခုကို ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။
ဤသူက ဗုဒ္ဓရှေ့တွင် ရွှေဖားပြုတ်ဗောဓိသတ္တ၏ရပ်တည်ချက်ကို မမီနိုင်ပေ။
သို့သော် သူ့ကိုလှောင်ပြောင်ရဲမည်ဆိုပါက သင့်၏ခေါင်းက ထျန်းဝူ ရွှမ်းဝူကဲ့သို့ မာကျောသည်လောဟု အရင်စဉ်းစားရမည်။
လူတိုင်းက ကြာရွက်ပေါ်တွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြ၏။
အချိန်မည်မျှကုန်လွန်သွားပြီမှန်းမသိပြီးနောက် နောက်ကျနေသောအလင်းတန်းက သူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်အထက်တွင် နောက်ဆုံးရောက်လာသည်။
သို့သော် ကျယ်ပြောလှသော အလင်းတန်းနှင့်အတူ ပြင်းထန်သောနတ်ဆိုးစွမ်းအင်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွား၏။
"တပည့်တို့ အရပ်ငါးမျက်နှာ... ကျားနဂါးဖိနှိပ်ခြင်း... ကိုရိုသေစွာ ကြိုဆိုပါတယ်"
အာဟတ်များက မော့ကြည့်လိုက်ပြီး ဆွံအသွားခဲ့ကြလေ၏။ သူတို့က အရပ်ငါးမျက်နှာဗောဓိသတ္တ၏အရိပ်အယောင်ကိုမမြင်ရဘဲ ကျားနဂါးျိနှိပ်ခြင်းဗောဓိသတ္တနှင့် မည်သည့် ဖုံးကွယ်မှုမျှမရှိဘဲ ပွင့်လင်းစွာရောက်လာသော မိစ္ဆာနတ်ဆိုးနှစ်ကောင်ကိုသာတွေ့နေရ၏။
မောက်မာမှုအကြောင်း ပြောရမည်ဆိုလျှင် ဤသည်က ရွှေဖားပြုတ်ဗောဓိသတ္တထက် များစွာ သာလွန်နေသည်။
မိုးကောင်းကင်နှင့် မြေပြင်ကြားတွင် အနက်ရောင် ဝတ်ရုံများလွင့်ခါနေပြီး လူငယ်ပုံရိပ်က လေထဲတွင် လွင့်မျှောနေကာ အေးစက်စွာငုံ့ကြည့်နေပြီး နောက်ဘက် တစ်ဖက်တစ်ချက်စီတွင် လှုပ်ရှားနေသော နဂါးပုံရိပ်ယောင်နှစ်ခုရှိကာ အလင်းတန်းနှင့်အတူ အနီရောင်များရောနှောနေသဖြင့် ဗောဓိသတ္တတစ်ပါးထက်ပြဿနာလာရှာသည့် မဟာနတ်ဆိုးကြီး တစ်ကောင်နှင့် ပိုတူနေ၏။
"..."
ရွှေဖားပြုတ်ဗောဓိသတ္တက တစ်ခဏတာ မှင်တက်သွားပြီး ရှန်းယီက နတ်ဆိုးနှစ်ကောင်ကို ခေါ်လာသည်ကိုမြင်လိုက်ရသဖြင့် သူ၏မျက်နှာမှကြွက်သားများအနည်းငယ် တုန်ယင်သွားသည်။
ဤသတ္တဝါက အဘက်ဘက်မှ သူ့ကိုလွှမ်းမိုးသွားရန်ရည်ရွယ်ထားပုံပေါ်၏။
သူက သူ၏ဒေါသကို အတင်းအကျပ်မျိုချလိုက်ပြီး ရုတ်တရက်ရှေ့သို့ထွက်ကာ မေးမြန်းလိုက်ပါသည်။ "မင်းဘာလို့တစ်ယောက်တည်း လာတာလဲ၊ အရပ်ငါးမျက်နှာ ဗောဓိသတ္တရော ဘယ်မှာလဲ"