ရူးသွပ်နေသော ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တ
Vol. 119 Ch. 1186
အရပ်ငါးမျက်နှာဗောဓိသတ္တက ဘယ်မှာလဲ။
ရွှေဖားပြုတ်၏အလျင်စလို စကားများက သူ၏အစောပိုင်း လှောင်ပြောင်မှုများအတွက် မျက်နှာဖြတ်ရိုက်ခံရခြင်းမှ ဒေါသနှင့် ရှက်ရွံ့မှုအချို့ကို ဖော်ပြနေသော်လည်း ဗောဓိဂိုဏ်းမှ အဖွဲ့ဝင်များစွာ၏ သံသယများလည်းဖြစ်နေသည်။
ဤတစ်ကြိမ်တွင် သန့်စင်သောကမ္ဘာအရှင်က အရပ်ငါးမျက်နှာဗောဓိသတ္တကို အစွန်းရှစ်ပါးချိုင့်ဝှမ်းတွင် စီစဉ်ထားပြီး ဤရာထူးတိုးလာကာစ ကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တက ကူညီရန်သာ ဖြစ်ရာအဘယ်ကြောင့် သူ တစ်ယောက်တည်းက မဟာနတ်ဆိုးကြီးနှင့်အတူ ရောက်လာရသနည်း။
ရှန်းယီက ပြန်မဖြေခဲ့ပေ။
ယင်းအစား သူ၏နောက်ရှိ နတ်ဆိုးနဂါး နှစ်ကောင်က သူ့ကိုရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်၏။
"အစစ်အမှန် နတ်ဘုရားက အရပ်ငါးမျက်နှာအရှင်ရဲ့ နည်းလမ်းတွေကို သိရှိသွားပြီး သူ့ကို သတ်ဖို့ ကြံစည်နိုင်ခဲ့တဲ့အပြင် ငါတို့ ညီအစ်ကို နှစ်ယောက်လုံးကိုလည်း ဖိနှိပ်ခဲ့တယ်။ ကံကောင်းစွာနဲ့ ကျားနဂါးဖိနှိပ်ခြင်းအရှင်က အချိန်မီ ရောက်လာပြီး တတိယအဆင့် အစစ်အမှန် နတ်ဘုရား နှစ်ပါးကိုခေါင်းဖြတ်သတ်ကာ အစွန်းရှစ်ပါးချိုင့်ဝှမ်းမှာရှိတဲ့သက်ရှိအားလုံးကို သုတ်သင်ရှင်းလင်းပြီး ငါတို့ကို ကယ်တင်ခဲ့ပါတယ်"
ဤနတ်ဆိုးအရှင် နှစ်ပါး၏စကားဖြစ်စေ သူတို့၏ ရိုသေလေးစားသော သဘောထားဖြစ်စေ။
နှစ်ခုစလုံးက လူတိုင်းကို အံ့အားသင့်သွားစေသည်။
သိထားရမည်မှာ ရတနာခုနစ်ပါးဗောဓိသတ္တ ခေါ်ဆောင်လာသော နတ်ဆိုးအရှင်များက တူညီစွာ နာခံမှုရှိသော်လည်း... သူတို့က အရှင်၏အင်္ကျီလက်ထဲမှ ထွက်လာခြင်းဖြစ်ပြီး ဗုဒ္ဓလမ်းစဥ်၏ကန့်သတ်ချက်များ သေချာပေါက် ရှိနေမည်။
ယခုအခါ ဤနတ်ဆိုးနဂါး နှစ်ကောင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
နှစ်ကောင်စလုံးက တတိယအဆင့် ကျွမ်းကျင်သူသူများဖြစ်ကြသော်လည်း ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တက မည်သည့်ကန့်သတ်ချက်ကိုမျှ မထားရှိဘဲ ဤနတ်ဆိုးအရှင်နှစ်ပါး သူပုန်ထမည့် အတွေးများ ပေါ်လာမည် သို့မဟုတ် လမ်းတစ်ဝက်တွင် ထွက်ပြေးရန် အခွင့်အရေးကို ဆုပ်ကိုင်မည်ကို လုံးဝ စိုးရိမ်ပုံမပေါ်ပေ။
ဤကဲ့သို့သော လုပ်ရပ်များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းသော ယုံကြည်မှုကိုသယ်ဆောင်ထားပြီး အနည်းငယ် မောက်မာနေပုံပင်။
အရာရာတိုင်းတွင် အကြောင်းပြချက် ရှိသည်။
ဤမြင်ကွင်းအတွက် အကြောင်းပြချက်က ယခုလေးတင် ဤနတ်ဆိုးနဂါးနှစ်ကောင် ပြောခဲ့သော စကားများအတွင်းတွင် ဖုံးကွယ်နေနိုင်ပါသည်။
တတိယအဆင့် အစစ်အမှန် နတ်ဘုရား နှစ်ပါးကို သတ်ဖြတ်ခြင်း၊ အစွန်းရှစ်ပါးချိုင့်ဝှမ်းရှိ သက်ရှိအားလုံးကို သုတ်သင်ရှင်းလင်းခြင်း။
ဤမျှရိုးရှင်းသော စကားတစ်ခွန်း၊ အာဟတ်များကို မဆိုထားနှင့် ရောက်ရှိနေသော ဗောဓိသတ္တများနှင့် သတ်ဖြတ်ခြင်းကိုအသားကျနေသော ထိုနတ်ဆိုးများပင်လျှင် ဤအခိုက်အတန့်တွင် ထိတ်လန့်မှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။
မတော်တဆမှုများကို တားဆီးရန်တစ်ခါတစ်ရံတွင် ပြင်းထန်သော နည်းလမ်းများ လိုအပ်သော်လည်း.ဤအရာကတော့... လွန်လွန်းသွားလေ၏။
တစ်နှစ်ပတ်လုံး ကရုဏာတရားကိုဟောကြားနေသော ဗောဓိဂိုဏ်းမှ အလွန်အမင်းဟန်ဆောင်ကောင်းသူများပင်လျှင် လှုပ်ရှားသည့်အခါ အနည်းဆုံးတော့ စည်းကမ်းတကျရှိကြောင်း ပြသကြသော်လည်း ဤကဲ့သို့သောစည်းကမ်းတကျရှိမှုက ကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တထံတွင် လုံးဝ ကင်းမဲ့နေပုံရ၏။
ဤသူက ဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက အလုပ်နှစ်ခုကိုသာ လုပ်ဆောင်ခဲ့သည်။ ၎င်းတို့မှာ မဟာဂိုဏ်းအတွက် ကျမ်းစာပို့ဆောင်ခြင်းနှင့် နတ်ဆိုးအရှင်များကို ဖိနှိပ်ခြင်းဖြစ်သည်။
ပါဝင်သူအားလုံးက နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
သို့သော် အသက်ရှင်ကျန်ရစ်သူမှာ... လူတစ်ယောက်မျှသာရှိသည်။
ထိုတစ်ယောက်မှာ ယနေ့တိုင် အသက်ရှင်သလား၊ သေဆုံးသလား မသိရသေးသော ထိုက်ရွှီဆေးဧကရာဇ်ပင်။
တစ်ဖက်လူက မဟာကပ်ဘေးအတွက် မွေးဖွားလာသကဲ့သို့ဖြစ်ပြီး မွေးရာပါသတ်ဖြတ်ခြင်း ကံကြမ္မာ ပါလာပုံရသည်။
"..." ရတနာခုနစ်ပါး ဗောဓိသတ္တက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
"မင်းနဲ့ဆိုရင် ဘာလို့အမြဲတမ်း ဒီလို အနှောင့်အယှက်တွေ ပေါ်လာရတာလဲ" ရွှေဖားပြုတ်ဗောဓိသတ္တ၏စကားများက မလျော့ကျသေးသောရန်လိုမှုများ ပါဝင်နေသော်လည်း သူက မကျေမနပ်ဖြင့် ဆုတ်ခွာသွား၏။
မည်သို့ပင်ဆိုစေ အစစ်အမှန်နတ်ဘုရားတွင် ကြိုတင်သိရှိနေခြင်းဆိုသည်မှာလည မိမိတို့ကိုယ်တိုင်ပထမဆုံးထုတ်ပြောခဲ့သောအရာဖြစ်သည်။
ထို့အပြင် အစစ်အမှန် နတ်ဘုရားများနှင့် တိုက်ခိုက်ပြီးနောက် မိုးမြေကြီးစတင်ဖြစ်တည်လာချိန်တွင် မွေးဖွားလာသော ဤသတ္တဝါများတွင် အမှန်တကယ်ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားကို လူတို့သိမြင်လာကြ၏။
သူက ထျန်းလော်ဗောဓိသတ္တနှင့်အတူ နတ်ဆိုးအရှင် နှစ်ပါး၏အကူအညီဖြင့် လေးဦးပေါင်း၍ အစစ်အမှန် နတ်ဘုရားနှစ်ပါးကို ဖိနှိပ် သတ်ဖြတ်ရန်မနည်းကြိုးစားခဲ့ရပြီး ထိုလုပ်ငန်းစဉ်အတွင်း နတ်ဆိုးအရှင်တစ်ပါးပင် ဆုံးရှုံးခဲ့ရ၏။
ဤသူက ဤတာဝန်များကို တစ်ယောက်တည်း ပြီးမြောက်အောင်လုပ်နိုင်သဖြင့် အထင်သေး၍မရသော ခွန်အားကို ပြသနေသည်။
အနည်းငယ် အထင်သေးခံရသည်ဟု ခံစားရလျှင်ပင် ရွှေဖားပြုတ်ဗောဓိသတ္တက ယာယီ သည်းခံရမည်။ အနာဂတ် ဗုဒ္ဓ၏တပည့်တစ်ဦးအနေဖြင့် အနာဂတ်မရေရာသူများနှင့် ငြင်းခုံပြီး မျက်နှာပျက်မခံသင့်ပေ။
"..."
ရှန်းယီက သူ့ကို ဂရုမစိုက်ဘဲတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်၏။
လူအုပ်ကြီး၏အမြင်တွင် ဤဂရုမစိုက်လျှစ်လျူရှုခြင်းကထင်ရှားနေသော်လည်း မည်သူကမျှ မသင့်တော်ဟု မထင်ခဲ့ကြပေ။
သူကကြာရွက်ပေါ်တွင် တိတ်ဆိတ်စွာ နေရာယူလိုက်ရာ အာဟတ်များဖြစ်စေ၊ နတ်ဆိုးများဖြစ်စေ အားလုံးက သူ့အတွက်အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
ဤအခိုက်အတန့်တွင် ရှန်းယီက ရတနာခုနစ်ပါး ဗောဓိသတ္တကို အရိုအသေပေးရန်လှည့်လိုက်၏။
အခြားသူများကို မဆိုထားနှင့်၊ ရတနာခုနစ်ပါး အရှင်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားသည်။ သူက ဂိုဏ်း၏အကြီးအကဲနှင့် ခွန်အား နှစ်ခုလုံးတွင် တစ်ဖက်လူထက် သာလွန်သော်လည်း ယခု ဤနေရာတွင်တစ်ဖက်လူက သေချာပေါက် လူအများ၏အာရုံစိုက်မှုကို ရရှိနေပြီး ရွှေဖားပြုတ်ကိုပင် မျက်သိထဲမထည့်ပေ။
အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် သူက တုံ့ပြန်သည့်အနေဖြင့် လျင်မြန်စွာလက်ကို မြှောက်လိုက်၏။ "အရှင်က ရင်းနှီးနေပုံရတယ်"
"ကျွန်တော်အရင်က ခင်ဗျားရဲ့လမ်းညွှန်မှုအောက်မှာ တရားပို့ချတာကို နားထောင်ဖူးပါတယ်" ရှန်းယီက အနည်းငယ်ခေါင်းညိတ်လိုက်ပြီး မျှော်လင့်မထားဘဲ အတိတ်အကြောင်းကို သူကိုယ်တိုင်ပြန်ဖော်လိုက်၏။
"ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော့်မှာအရေးကြီးတဲ့ကိစ္စတွေ ရှိနေလို့ ခင်ဗျားကို အသိအမှတ်ပြုဖို့ ထွက်မလာနိုင်ခဲ့ဘူး"
"..."
ရတနာခုနစ်ပါး ဗောဓိသတ္တက တစ်ခဏတာ တိတ်ဆိတ်သွား၏။ သူ၏အစောပိုင်းက မျက်မှောင်ကြုတ်မှုမှာ ဟယ်တောင်ပေါ်ရှိ အဖြစ်အပျက်များကိုပြန်လည် အမှတ်ရခြင်းကြောင့် ဖြစ်သည်။
တတိယအဆင့် အရှင်တစ်ပါး၏နယ်ပယ်တွင် အတိတ်က အဖြစ်အပျက်များကို ရှင်းလင်းစွာ မှတ်မိနေသည်။ သူ တရားဟောကြားစဉ်က ရှန်းရွှီတောင်မှ တပည့်တစ်ဦးအဖြစ် ယဲ့လန်နှင့်အတူ ရောက်လာခဲ့သော ဤသူက ထင်ရှားသောနေရာတွင် ထိုင်နေခဲ့သည်ကို သူ မည်သို့ မေ့နိုင်မည်နည်း။
ယခုအခါ တစ်ဖက်လူက ဤအကြောင်းကို ကိုယ်တိုင်ပြန်ပြောလာခြင်းက သူ၏သံသယအများစုကို ပျောက်ကွယ်သွားစေ၏။
မည်သို့ပင်ဆိုစေ လက်တစ်ထောင် ဗောဓိသတ္တနှင့် ပက်သက်မှုအများဆုံးဖြစ်နေသလို သူကိုယ်တိုင်ပင် ဤကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တကို ဂိုဏ်းအတွင်းသို့ မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ရာ သေမျိုးလောကတွင်ကြိုတင်၍ ကိစ္စရပ်များစွာကို စီမံနေခြင်းဖြစ်လိမ့်မည်
"ရေစက်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့" ရတနာခုနစ်ပါး ဗောဓိသတ္တက နူးညံ့စွာ ပြုံးလိုက်ပြီး ဤကိစ္စကို သဘောတူလိုက်၏။
အရှင်နှစ်ပါးက အမှန်တကယ်ပင် အချင်းချင်း သိကျွမ်းပြီးသား ဖြစ်နေသည်ကိုမြင်သောအခါ နေရာရှိ လေထုက ချက်ချင်းပင်အနည်းငယ် သက်သာသွား၏။
"အရှင်က ဦးဆောင်ချင်ပါသလား" ရတနာခုနစ်ပါး ဗောဓိသတ္တက ယဉ်ကျေးစွာ အမူအရာပြလိုက်ပြီး ရှန်းယီက အခြေအနေကို ဦးဆောင်သင့်ကြောင်း ညွှန်ပြလိုက်၏။
"ကျွန်တော် ဒီလိုကိစ္စတွေမှာ မကျွမ်းကျင်ပါဘူး၊ ခင်ဗျားပဲ လုပ်တာ ပိုကောင်းပါလိမ့်မယ်"
ရှန်းယီက ခေါင်းယမ်းလိုက်သည်။ သူ၏နူးညံ့ပြီး ငြိမ်းချမ်းသောအမူအရာက အစပိုင်းတွင် သူ၏အေးစက်သော တည်ငြိမ်မှုနှင့် လုံးဝ ကွဲပြားခြားနားနေ၏။
"ဒီလိုဆိုရင်တော့ ဒီဘုန်းကြီးအိုက မငြင်းတော့ပါဘူး" ရတနာခုနစ်ပါး ဗောဓိသတ္တက ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
စကားအနည်းငယ်ဖြင့်ပင် သူတို့နှစ်ဦးက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သော်လည်း အနီးနားရှိ ရွှေဖားပြုတ်ကိုတော့ တမင်တကာ လျစ်လျူရှုထားပုံပေါ်၏။
အာဟတ်များစွာ၏အကြည့်များက လူငယ် ဗောဓိသတ္တနှစ်ပါးအပေါ် တိတ်ဆိတ်စွာဖြတ်သန်းသွားသည်။
တောင်ပိုင်းဍုမေဏုတွင်ဖြစ်စေ၊ အပြင်ဘက်တွင်ဖြစ်စေသူတို့နှစ်ဦးအကြား အဆင့်အတန်းက မသိမသာပြောင်းလဲသွားပြီဖြစ်၏။
"ဒီနေ့ကဒါတွေက အတိတ်က အမှားတွေကို ပြန်လည်ပြုပြင်ဖို့ ငါတို့ ဂိုဏ်းရဲ့ရက်ရောတဲ့ လက်ဆောင်တွေပါပဲ"