တစ်ယောက်လုပ်ရပ် တစ်ယောက်တာဝန်ယူရမယ်
Vol. 119 Ch. 1188
နတ်ဘုရားမင်းဆက်၊ ကျန်းယန်စီရင်စု
အချိန်ကြာမြင့်စွာ ခြောက်ကပ်နေခဲ့သော စံအိမ်ကြီး၏အရှေ့တွင် ပုံရိပ်တစ်ခုက နောက်ဆုံး၌ ထပ်မံ ရောက်ရှိလာ၏။
ဘုန်းကြီးလေးကျစ်ခုန်းက တံခါးကို တွန်းဖွင့်လိုက်ပြီး အတော်လေး အံ့အားသင့်သွားသည်။ "အရာရှိရှန်း ပြန်ရောက်လာတာပဲ"
တောင်ပိုင်းဍုမေဏုတွင် ခွဲခွာပြီးနောက် သူက ကျန်းယန် ရှန်းစံအိမ်သို့ အရင်ဆုံး ပြန်လာခဲ့၏။ အကယ်၍ တစ်စုံတစ်ယောက်က နန်ယန်စစ်သူကြီးကို လာရှာလျှင် ယခင်ကကဲ့သို့ စကားပြောရန် လူတစ်ယောက်မျှပင် မရှိသောအခြေအနေမျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။
သို့သော် ဗောဓိဂိုဏ်း၏အစီအစဉ်များကို သိရှိပြီးနောက် သူကို့ပင်စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေစေသည်။
ယခုအခါ ဤရင်းနှီးနေသော အနက်ရောင်ဝတ်ရုံကို ပြန်လည်မြင်တွေ့လိုက်ရသောအခါ သူက နောက်ဆုံးတွင် သက်ပြင်းချကာ စိတ်အေးသွားခဲ့၏။
"အခြေအနေ ဘယ်လိုရှိလဲ"
"..."
ရှန်းယီက စံအိမ်အတွင်းသို့ ဖြည်းညှင်းစွာ လျှောက်ဝင်သွားပြီး ခေါင်းကို ညင်သာစွာယမ်းလိုက်သည်။
၎င်းကို မြင်သောအခါ ဘုန်းကြီးလေးကျစ်ခုန်း၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း မှေးမှိန်သွား၏။ သိထားရမည်မှာ အရာရှိရှန်းက တောင်ပိုင်းဍုမေဏုသို့ သွားသည်ဖြစ်စေ အစွန်းရှစ်ပါးချိုင့်ဝှမ်းသို့ အလျင်စလို သွားသည်ဖြစ်စေ သူ ကြုံတွေ့ခဲ့ရသည်များက ဗောဓိသတ္တမသေမျိုးအရှင်များကဲ့သို့သော ပုဂ္ဂိုလ်များချည်းသာဖြစ်ပြီး ၎င်း၏ အန္တရာယ်များကို ပြောပြနေရန်ပင် မလိုအပ်ပေ။
သို့သော် သူက အမြဲတစေတည်ငြိမ်အေးဆေးစွာ ရှိနေခဲ့ပြီး ယခုကဲ့သို့ လေးနက်နေသည်ကို မြင်ရခဲလှသည်။
"မျှော်လင့်ချက် မရှိတော့ဘူးလား" ဘုန်းကြီးလေးကျစ်ခုန်းက အားတင်းကာပြုံးလိုက်၏။
အမှန်တကယ်တော့ ကျင့်ကြံခြင်းလောကကို အနည်းငယ် နားလည်ထားသူ မည်သူမဆို လမ်းစဉ်သုံးသွယ်က နတ်ဘုရားမင်းဆက်ကို ဆန့်ကျင်ရန် ရည်ရွယ်ထားကြောင်းသိရှိလျှင် ရလဒ်က ပြောင်းလဲရန်မဖြစ်နိုင်ကြောင်းကို သိထားသင့်သည်။
မသေမျိုးခုံရုံးနှင့် ပူးပေါင်းထားသော လမ်းစဉ်သုံးသွယ်၏ ရည်ရွယ်ချက်များကို ကောင်းကင်ဘုံ၏ ဆန္ဒအဖြစ် သတ်မှတ်နိုင်၏။
ကောင်းကင်ဘုံ၏ ဆန္ဒကို ဆန့်ကျင်၍ မရနိုင်ပေ။
"အဲဒီလောက်ထိ မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ဘူး" ရှန်းယီက ခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး လေပူလေတစ်ချက်မှုတ်ထုတ်လိုက်သည်။
ဤသူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်သို့ ခရီးစဉ်က မဟာဂိုဏ်းကြီးများအနေဖြင့် တောင်ပိုင်းတိုက်ကြီးကို ဖောက်ထွင်းဝင်ရောက်ရန် မည်ကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းကို ဖော်ပြနေ၏။
တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးက လောကကို တုန်လှုပ်စေနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ယခင်က ရတနာခုနစ်ပါးဗောဓိသတ္တက ဟယ်တောင်သို့ ပွင့်လင်းစွာ လာရောက်ခဲ့စဉ်က တောင်ပိုင်းတိုက်ကြီး နတ်ဆိုးသုတ်သင်ရေးဌာနမှ ကျွမ်းကျင်သူများ၏ပူးပေါင်းဆောင်ရွက်မှုနှင့် ဧကရာဇ်ချီဖြင့် ဖိနှိပ်မှုများရှိခဲ့သော်လည်း သူ့ကို မထိန်းချုပ်နိုင်ခဲ့ပေ။
လက်တစ်ထောင်ဗောဓိသတ္တက အနောက်တောင်စီရင်စုသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ စစ်သူကြီးယန်လန်ထင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီးနောက် အလွယ်တကူ ဆုတ်ခွာသွားခဲ့၏။
ရှန်းရွှီဘိုးဘေးကလည်း နတ်ဘုရားမင်းဆက်အတွင်းသို့ တိတ်တဆိတ်ခိုးဝင်ပြီး ယခုမှ ခန့်အပ်ခံရကာစဖြစ်သော ဤတောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သေချာသည်မှာ တတိယအဆင့် ကျင့်ကြံသူများကြားတွင်လည်း ကွာခြားချက်များ ရှိပြီး မည်သည့် နတ်ဆိုးအရှင်မဆို ထိုဗောဓိသတ္တမသေမျိုးအရှင်မြတ်များ၏ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။
သို့သော် ပြဿနာမှာ ယှဉ်ပြိုင်တိုက်ခိုက်ရန် တူညီသောအဆင့်အတန်း မရှိသည့် အခြေအနေတွင် သူတို့က နတ်ဘုရားမင်းဆက်၏ စီရင်စုများကို ဖြစ်စေနိုင်သော ပျက်စီးဆုံးရှုံးမှုမှာ အခြေခံအားဖြင့် အတူတူပင်ဖြစ်နေခြင်းဖြစ်၏။
သူတို့က တတိယအဆင့်သို့ အသစ်ဝင်ရောက်လာသူများ ဖြစ်စေ၊ အသွင်ပြောင်းလဲမှုအကြိမ်ပေါင်းများစွာကိုဖြတ်သန်းပြီးသူများ ဖြစ်စေ သာမန် ကျင့်ကြံသူများနှင့် သက်ရှိသတ္တဝါများက သူတို့ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့သာဖြစ်သည်။
ဗောဓိဂိုဏ်း၏ မူလအစီအစဉ်အရ
သူတို့က ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် မဟာနတ်ဆိုးကြီး ရှစ်ကောင်အထိ ပြင်ဆင်ထားခဲ့၏။
ထိုအထဲတွင် ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းသို့ နီးပါးရောက်ရှိနေပြီဖြစ်သော တောင်ပိုင်းဧကရာဇ်ကဲ့သို့သော တည်ရှိမှုပင်ပါဝင်သည်။
ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးအောက်တွင် မဟာတောင်ပိုင်းတိုက်ကြီး၌ ယခင်က ရှန်းယီ ချထားခဲ့သော နတ်ဆိုးကျောက်တုံး အကာအကွယ်များမှာ အသုံးမဝင်တော့ပေ။ သူတို့ကို တားဆီးရန် မဆိုထားနှင့် ဤနတ်ဆိုးအရှင်များရောက်ရှိလာခြင်းကိုပင် သူတို့က အာရုံခံနိုင်မည် မဟုတ်ပေ။
သို့သော် ဤခရီးစဉ်က အချည်းနှီးမဖြစ်ခဲ့ပေ။
အနည်းဆုံးတော့ သူတို့က သူလျှိုနှစ်ယောက်ကို အောင်မြင်စွာ စေလွှတ်နိုင်ခဲ့၏။
"..."
ရှန်းယီက လက်သီးကို အနည်းငယ်တင်းကျပ်စွာ ဆုပ်လိုက်၏။ သတင်းအချက်အလက် ရရှိခြင်းက ပထမခြေလှမ်းသာ ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်၏ တိုက်ခိုက်ရေးအစီအစဉ်ကို သူသိနေလျှင်ပင် နောက်ဆုံးတွင် ၎င်းကိုခွန်အားဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်။
သူမျက်လုံးမှိတ်လိုက်ရာ ထိုကြောက်မက်ဖွယ်ကောင်းသော အသားတောင်ကြီး၏ပုံရိပ်က သူ၏ စိတ်ထဲတွင် ပေါ်လာ၏။
ထွက်ခွာလာချိန်တွင် ရှန်းယီက တောင်ပိုင်းဧကရာဇ်ကို အထင်သေးခဲ့သော်လည်း အသက်ရှင်သန်လာသည်မှာကြာပြီဖြစ်သော နတ်ဆိုးအိုကြီးတစ်ကောင်က ဂုဏ်သိက္ခာလေး တစ်ခုတည်းကြောင့် ဗောဓိဂိုဏ်းကို ဆန့်ကျင်မည့်သူ မဟုတ်ကြောင်းကို သူ၏စိတ်နှလုံးထဲတွင် သိနေသောကြောင့်ဖြစ်သည်။
တစ်ဖက်လူက ဗောဓိဂိုဏ်းကိုကြောက်ရွံ့ပြီး တောင်ပိုင်းဍုမေဏုရှိ မဟာလွတ်လပ်ခြင်းဗောဓိသတ္တနှင့် ထိုမြင့်မြတ်သော အစစ်အမှန်ဗုဒ္ဓများကို ကြောက်ရွံ့ခြင်းဖြစ်ကာ ကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တဖြစ်သော သူ့ကိုကြောက်ရွံ့ခြင်း မဟုတ်ပေ။
ဗောဓိသတ္တဟူသော ဘွဲ့အမည်သာ မရှိပါက ရှန်းယီက ခေါင်းကုတ်၍စဉ်းစားလျှင်ပင် ဤမဟာနတ်ဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းကို စဉ်းစားမိမည် မဟုတ်ပေ။
"ဒါကြောင့်ကိုး" ရှန်းယီ မျက်လုံးဖွင့်လိုက်၏။
ဗောဓိဂိုဏ်းက အစစ်အမှန်နတ်ဘုရားကို ဆန့်ကျင်တိုက်ခိုက်ရဲခြင်းမှာ ဤအစီအစဉ်က မဟာတောင်ပိုင်းတိုက်ကြီးကိုအောင်မြင်စွာ ထိုးဖောက်နိုင်မည်ဟု သေချာနေသောကြောင့်ဖြစ်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဧကရာဇ်မြို့တော်မှ စစ်ကူတောင်းခံခြင်းက အချည်းနှီးသော အိပ်မက်တစ်ခုသာဖြစ်မည်။ နတ်ဘုရားမင်းဆက်၏အခြားတိုက်ကြီးများရှိအခြေအနေက ဤထက်ပင် ပို၍ ဆိုးရွားနေနိုင်၏။
"ဒီကာလအတွင်းဒီကို လာလည်တဲ့သူ ရှိလား" ရှန်းယီက ဆရာတော်ကျစ်ခုန်းကို ပြန်လှည့်ကြည့်လိုက်သည်။
"စစ်သူကြီးယဲ့ရောက်လာပေမယ့် အရာရှိရှန်းရဲ့ အခြေအနေကိုတော့ မမေးမြန်းသွားဘူး၊ မဟာတောင်ပိုင်းတိုက်ကြီးရဲ့အခြေအနေက တည်ငြိမ်နေတုန်းမို့လို့ မစိုးရိမ်ဖို့ပဲ ပြောသွားတယ်"
ဘုန်းကြီးလေးကျစ်ခုန်းက ခါးသီးစွာ ပြုံးလိုက်၏။ အကယ်၍ သူသာ အရာရှိရှန်း၏နောက်သို့မလိုက်ဘဲ နောက်ကွယ်မှ ကိစ္စရပ်များစွာကို မမြင်တွေ့ခဲ့ရလျှင် သူကိုယ်တိုင်ပင်အရာရာက ဖြစ်သင့်ဖြစ်ထိုက်၍ဖြစ်လာသည်ဟု ထင်မှတ်မိလိမ့်မည်။
မည်သို့ပင်ဆိုစေ နတ်ဘုရားမင်းဆက်က နတ်ဆိုးသုတ်သင်ရေးအမိန့်ပြားကို ယခုလေးတင် ထုတ်ပြန်ခဲ့ပြီး နတ်ဆိုးသုတ်သင်ရေးဌာန အရာရှိများအားလုံး သူတို့၏စွမ်းအားများ အဆပေါင်းများစွာ တိုးတက်လာသည်ကို မြင်တွေ့ခဲ့ရကာ နတ်ဆိုးများနှင့် မိစ္ဆာများက ဆက်တိုက်ရှုံးနိမ့်မှုများကို ကြုံတွေ့ခဲ့ရပြီး အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့၏။
"ကျေးဇူးပြုပြီး အကြီးအကဲယန်ဆီ ဒီစာလေး ပို့ပေးပါဦး" ရှန်းယီက လက်စွပ်ထဲမှ ပြင်ဆင်ထားသော လျှို့ဝှက်စာတစ်စောင်ကို ထုတ်ယူကာ ကမ်းပေးလိုက်ပြီး ကျစ်ခုန်း၏နားနားသို့ တိုးညှင်းစွာ တီးတိုးပြောလိုက်သည်။
မည်သို့ပင်ဆိုစေ လူတိုင်းကို ကြိုတင်ပြင်ဆင်ထားစေခြင်းက အမြဲတမ်း မှန်ကန်၏။
"နားလည်ပါပြီ" ဘုန်းကြီးလေးကျစ်ခုန်းက လျှို့ဝှက်စာကို သူ၏ရင်ဘက်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီးနောက် လှည့်ကာ ရှန်းစံအိမ်မှ အချိန်ဆွဲခြင်းမရှိဘဲ ထွက်ခွာသွားခဲ့သည်။
သူက ဤလောကတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး သူ၏ကျင့်ကြံခြင်းအားလုံးက သာမန်လူများထံမှ လာခြင်းဖြစ်၏။ နတ်ဘုရားမင်းဆက်၏ကျင့်ကြံခြင်းအပေါ်တွင် မှီခိုနေရသော ဂိုဏ်းတူအဖွဲ့ဝင်များအနေဖြင့် ဤအပြစ်ကင်းစင်သူများ၏အသက်များကို အသုံးပြု၍ သူတို့၏မဟာတာအိုသို့ သွားရာလမ်း ဟုခေါ်သောအရာကို ဖန်တီးရန် မည်သို့ စိတ်နှလုံး မာကျောနိုင်ကြသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
...
စုန်းဖုန်းစီရင်စု
ရန်မင်လီက သူ၏ထိုင်ခုံပေါ်တွင် မြင့်မားစွာ ထိုင်နေပြီး လက်အောက်ငယ်သားများပို့ဆောင်လာသော အစီရင်ခံစာ အမျိုးမျိုးကို ဂရုတစိုက် ဖတ်ရှုနေ၏။
ဖုန်းရှီနှင့် ယန်လန်ထင်တို့က တစ်ဖက်တစ်ချက်စီတွင်ထိုင်နေကြပြီး အဘိုးကြီးက မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ သူက မည်သည့် ညည်းညူသံကိုမျှ ထုတ်မပြောဘဲ နေခဲ့သည်။
တစ်ခဏတာ တောင်ပိုင်းတိုက်ကြီး နတ်ဆိုးသုတ်သင်ရေးဌာနက တစ်ချိန်က သဟဇာတဖြစ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ထင်ရ၏။
"ဟူး"
အချိန်အတော်ကြာပြီးနောက် ရန်မင်လီက သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အမြဲတစေ မှုန်ကုပ်နေတတ်သော သူ၏မျက်နှာပေါ်တွင် ရှားပါးလှသည့် အပြုံးတစ်ခုပေါ်လာသည်။
စားပွဲပေါ်တွင် ပြည့်နှက်နေသော အစီရင်ခံစာများ အားလုံးက သတင်းကောင်းများချည်းသာဖြစ်၏။ နတ်ဆိုးကပ်ဘေးများမရှိရုံသာမက ဆက်စပ်နေသောလက္ခဏာများပင် ပျောက်ကွယ်သွားပြီး မဟာနတ်ဆိုးကြီးသုံးကောင်အပါအဝင် နတ်ဘုရားမင်းဆက်မှ မူလနတ်ဆိုးများ အားလုံး အတူတကွ ပျောက်ကွယ်သွားသကဲ့သို့ပင်။