အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း(212)
တချို့လူများက ဦးလေးမာမှာ ငယ်စဉ်က လူမိုက်တစ်ဦး ဖြစ်ခဲ့သောကြောင့် မာချန်မှ သူ့အပေါ် မလေးမစား ပြုမူခြင်းက မထူးဆန်းကြောင်းပြောကာ မာချန်ဘက်မှ ရပ်တည်ကြလေ၏။
တခြားလူများက မာချန် မလိမ္မာသော သားတစ်ဦးဖြစ်ကြောင်းပြောခဲ့သည်။ ဦးလေးမာအနေဖြင့် ငယ်စဉ်က မည်မျှပင် ဆိုးခဲ့သော်လည်း မာချန့်၏ မင်္ဂလာဆောင်အတွက် များစွာ အားထုတ်ခဲ့သည်မဟုတ်ပါလား။
သို့သော် စုမိသားစုမှ စုဝေ့ချင်းတို့ဇနီးမောင်နှံက ထိုညတွင် လုံးဝ မအိပ်ခဲ့နိုင်ကြပေ။
လော်ယွီရှို့က ဆေးရုံတွင် တစ်ညလုံး စောင့်ပေးခဲ့ရပြီး ဦးလေးမာကတော့ မိုးလင်းသည့်အချိန်ထိ နိုးမလာခဲ့ပေ။
စုဝေ့မင်ကတော့ လုံခြုံရေးဌာနတွင် ရှိနေခဲ့လေသည်။
အစပိုင်းတွင် မာချန်က မည်သည့်စကားကိုမှ မပြောဘဲနေခဲ့သော်လည်း နောက်ဆုံးတွင်ဆေား စိတ်ပိုင်းဆိုင်ရာ ဖိအားများကို မခံနိုင်တော့ပေ။ သူက မိုးလင်းသည့်အချိန်တွင် အရာအားလုံးကို ဝန်ခံလိုက်လေတော့၏။
သူက ဦးလေးမာ၏ ဦးခေါင်းကို အမှန်တကယ်ပင် ရိုက်နှက်ခဲ့ကြောင်းကို ဝန်ခံခဲ့သည်။
သို့သော် သ မရိုက်ခင်ကတည်းက အဘိုးကြီးမာ၏ ဦးခေါင်းက ကွဲနေပြီးသားဖြစ်ကြောင်း ပြောခဲ့လေ၏။
သူ ညသန်းခေါင်ယံ နိုးလာသည့်အချိန်တွင် ဦးလေးမာက ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ ခိုးဝင်လာသည်ကို တွေ့လိုက်ရသောကြောင့် နှစ်ဦးသားက ရန်ဖြစ်ခဲ့ကြသည်။
ဦးလေးမာက ငယ်စဉ်က အလွန်ပင် ပွေရှုပ်သူဖြစ်ပြီး၊ နောက်ပိုင်း ခြေမသန်ဖြစ်သွားသည့်အချိန်မှသာ သူ့ကိုယ်သူ ထိန်းချုပ်လာခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုနှစ်များက ဖြစ်ရပ်များက မာချန်၏ စိတ်ထဲတွင် အမြစ်တွယ်နေဆဲ ဖြစ်သည်။
သူက ဦးလေးမာကို စကားအနည်းငယ်ဖြင့် ရန်စခဲ့မိသော်လည်း ဦးလေးမာကလည်း အလွန်ဆိုးရွားသော လေသံဖြင့် ပြန်လည်၍ တုံ့ပြန်ခဲ့လေ၏။
ထိုစကားများက မာချန့်၏ ငယ်စဉ်က မကောင်းသော မှတ်ဥာဏ်များကို ချက်ချင်းပင် ထကြွစေခဲ့လေသည်။
ဤသို့ဖြင့် သူတို့က ဒေါသတကြီးဖြင့် သတ်ပုတ်ခဲ့ကြလေ၏။
ဦးလေးမာကလည်း ဒေါသထွက်လာပုံရပြီး ထိုင်ခုံအသေးလေးတစ်လုံးကို ယူပြီး ရိုက်နှက်ရန် ကြိုးစားခဲ့လေ၏။
မာချန်က ထိုထိုင်ခုံကို ဖမ်းယူပြီး ပြန်လည်၍ ပစ်ပေါက်လိုက်လေသည်။
ထိုထိုင်ခုံက ဦးလေးမာ၏ ဒဏ်ရာရနေသော နားထင်သို့ ကွက်တိကျရောက်သွားခဲ့ခြင်းပင်။
သွေးများက ချက်ချင်း ပန်းထွက်လာပြီး ဦးလေးမာသည်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။
ထိုအချိန်မှာပင် အဒေါ်မာနှင့် မာချန်၏ဇနီးတို့က အိမ်ထဲမှ ထွက်လာကြခြင်း ဖြစ်၏။
သားအဖနှစ်ဦးက ရန်ဖြစ်နေသည်ကို မြင်ရသည့်အချိန်တွင် အမျိုးသမီးနှစ်ဦးက ချက်ချင်းပင် အထင်လွဲသွားကြလေသည်။
သူတို့က ဦးလေးမာကို မာချန်က ရိုက်နှက်လိုက်ခြင်းဖြစ်မည်ဟု ယူဆလိုက်ကြလေ၏။
မာချန်ကလည်း ဦးလေးချန်၏လုပ်ရပ်အတွက် အဒေါ်မာကို စိတ်မထိခိုက်စေလိုသောကြောင့် ထိုဖြစ်ရပ်ကို သူ၏လက်ချက်အဖြစ်သာ ဝန်ခံလိုက်ခြင်းပင်။
စုဝေ့မင်က ပြတင်းပေါက်ဘောင်ပေါ်ရှိ ခြေရာများကို တွေ့ရှိပြီး၊ စုဝေ့မင်၏ အကြီးဆုံးချွေးမက သွေးစွန်းနေသော တစ်စုံတစ်ဦးနှင့် လမ်းတွင် တိုက်မိလိမ့်မည်ဟူ၍ မည်သူကမျှ မထင်မှတ်ထားခဲ့ကြပေ။
ဤတိုက်ဆိုင်မှုများကြောင့် မာချန်က ဆက်လက်၍ မဖုံးကွယ်နိုင်တော့ဘဲ အမှန်အတိုင်း ဝန်ခံလိုက်ရခြင်း ဖြစ်လေသည်။
သို့သော်လည်း...
မာချန်၏ ဝန်ခံချက်က သံသယတချို့ကို ရှင်းလင်းပေးနိုင်ခဲ့သော်လည်း၊ ပိုမို၍ များပြားသော မေးခွန်းများကိုလည်း ဖြစ်ပေါ်စေခဲ့၏။
“မင်းရဲ့မရီး တိုက်မိလိုက်သူက ဦးလေးမာဖြစ်မယ်လို့ မင်းထင်လား”
စုဝေ့မင်က မေးလိုက်လေ၏။
စုဝေ့ချင်းက ခေါင်းကို ခါယမ်းလိုက်လေသည်။
“ဘယ်သူ သိမှာလဲ”
သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ရှိနေသော်လည်း သက်သေအထောက်အထား မလုံလောက်သောကြောင့် လျှောက်မပြောရဲပေ။
“တကယ်လို့ စုံစမ်းစစ်ဆေးမှုအရ ဦးလေးမာက တကယ်ပဲ အပြင်မှာ မိန်းမသွားရှာတာဆိုရင်တော့ အဲဒါက တကယ့်ကို ဟာသတစ်ခုဖြစ်သွားမှာပဲ”
လီရှန်း သက်ပြင်းချလိုက်လေသည်။
“ကျွန်မကတော့ ရန်သူဘက်က ရိပ်မိသွားမှာကိုပဲ စိုးရိမ်မိတယ်၊ ရှုရှင်းလန်ရဲ့ကိစ္စကလည်း အခုထိ အဖြေမထွက်သေးဘူးလေ၊
ဒီနှစ်ထဲမှာ ဖြစ်လိုက်တဲ့ ကိစ္စတွေကလည်း တကယ်ကို များလွန်းတာပဲ”
စုဝေ့ချင်းက သူမ၏ ပုခုံးကို ဖက်လိုက်ပြီး နှစ်သိမ့်သည့်အနေဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်လေ၏။
“ပြီးခဲ့တဲ့ နှစ်နည်းနည်းလောက်အတွင်းမှာ ကိုယ်တို့က ဒီလိုစိုးရိမ်ထိတ်လန့်ရတာတွေကို ကျင့်သားရနေခဲ့ကြတာ၊
အခု ဦးလေးမာရဲ့ဖြစ်ရပ်က အမှန်တကယ်တော့ ကောင်းတဲ့အချက်တစ်ခုလို့သတ်မှတ်နိုင်တယ်၊ ဒါက ကိုယ်တို့အတွက် တခြားအရာတွေကိုပါ စုံစမ်းစစ်ဆေးဖို့အတွက် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်၊ ကိုယ်တို့က ဒါကို အသုံးချပြီး တခြားကိစ္စတွေကိုပါ လုပ်လို့ ရတာပေါ့”
လီရှန်း : “...”
“ရှင် ဒီရက်ပိုင်း စကားပြောတာတွေက အတော်လေးမြင့်လာတာပဲ”
ဒါက သင်ယူမှုရဲ့ စွမ်းအားများလား။
စဥ်းစားကြည့်လိုက်တော့ စနစ်က သူမကို ဘာကြောင့် အဲဒီလို သင်ယူခွင့်မျိုး မပေးခဲ့ရတာလဲ။
ဒါက တကယ့်ကို ဘက်လိုက်လွန်းတာပဲ။
သူမကျတော့ အဲဒီတုန်းက တာဝန်တွေကိုပဲ နေ့တိုင်း ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာလေ။
စုဝေ့ချင်းက သူ၏ စိတ်ထဲတွင် တစ်ခုခုတွေးမိလာပြီဟု ခံစားနေရချိန်တွင် လီရှန်း၏ ချီးကျူးမှုကို ကြားလိုက်ရသောကြောင့် ချက်ချင်းပင် ဂုဏ်ယူသွားတော့သည်။
“ဒါပေါ့၊ ကိုယ်က ဒီရက်ပိုင်း စာအုပ်တွေ အများကြီးကို ဖတ်နေတာ၊ ပြီးတော့ ဆောင်းပါးတချို့ကိုလည်း ရေးပြီးတော့ ပြည်နယ်သတင်းစာကို ပို့ထားသေးတယ်၊ အဲဒါတွေ အကုန်လုံး ပုံနှိပ်ဖော်ပြခံရနိုင်တယ်လေ”
“ရှင် သေချာပေါက်လုပ်နိုင်မှာပါ”
လီရှန်းက စုဝေ့ချင်း၏ မျက်လုံးများကို ကြည့်ပြီး အလေးအနက်ပြောလိုက်လေ၏။
စုဝေ့ချင်းတွင် စနစ်မရှိခင်ကတည်းက သတင်းစာဌာနများသို့ ဆောင်းပါးများကို ပေးပို့နိုင်ခဲ့သည်။
ယခု စနစ်ထဲတွင် ကျော်ကြားသော ဆရာတစ်ဦး ရှိနေပြီဖြစ်၍ သူ၏ ဆောင်းပါးများက ပို၍ ခိုင်မာလေးနက်လာပေလိမ့်မည်။
သတင်းစာတိုက်များက ထိုဆောင်းပါးများကို အလေးအနက် မထားဘဲနေမည်ဆိုပါက ထူးဆန်းလွန်းပေလိမ့်မည်။
လီရှန်းက သူ့အပေါ် ဤမျှအထိ ယုံကြည်ပေးထားသည်ကို မြင်ရသောကြောင့် စုဝေ့ချင်းတစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားသွားရ၏။
သူက ဧည့်ခန်းထဲတွင် ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ လီရှန်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တော့သည်။
ငယ်စဉ်ကတည်းက မိဘများက သူ့ကို ချစ်ကြသော်လည်း သူ့ကို ‘အားကိုးလို့မရသူ’၊ ‘ပျင်းရိသူ’ နှင့် ‘အခက်အခဲကို ကြောက်သူ’ ဟုသာ အမြဲ ဖော်ပြလေ့ရှိကြ၏။
ရဲဘော်လီရှန်း တစ်ဦးတည်းသာလျှင်...
အစပိုင်းတွင် သူမထံသို့ ရှက်ရွံ့ခြင်းမရှိဘဲ အတင်းတိုးကပ်ခဲ့သူက သူဖြစ်သော်လည်း၊ သူမကတေား တခြားလူများ၏ မကောင်းသော မှတ်ချက်များကြားမှ သူ့ကို လက်ထပ်ရန် ရွေးချယ်ခဲ့သည်။ သူ့အတွက်တော့ သူမကိုပိုင်ဆိုင်ရသည်က အလွန်ပင် ကံကောင်းလွန်းသည်ဟု ခံစားနေရသည်။
ထို့ကြောင့် သူ သေသေချာချာ စာကြိုးစားရပေလိမ့်မည်။
နောင်တစ်ချိန်တွင် ပုံမှန်အလုပ်မရှိခဲ့လျှင်ပင် ဆောင်းပါးများကို ရေးသားခြင်းဖြင့် သူမနှင့် နောက်ပိုင်းတွင် ရလာမည့် ကလေးများကို ထောက်ပံ့နိုင်အောင် သူ ကြိုးစားရပေလိမ့်မည်။
စုဝေ့ချင်း စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူမ၏ လက်ကို ချက်ချင်းလွှတ်ပြီး စာကြိုးစားရန် သူ၏အခန်းထဲသို့ ပြေးဝင်သွားတော့၏။
လီရှန်းအနေဖြင့် စုဝေ့ချင်း၏ ခန့်မှန်းရခက်သော မျက်နှာအမူအရာဖြင့် အခန်းထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရလေ၏။
စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အချိန်မှသာ သူမ အားရပါးရ ရယ်မောလိုက်မိသည်။
စုဝေ့မင်တို့ဇနီးမောင်နှံနှစ်ဦးက ဤရက်ပိုင်းအတွင်း မာမိသားစုကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့ကြသည်။
စုဝေ့ချင်းကလည်း အခန်းထဲတွင် စာဖတ်နေခဲ့လေ၏။
လီရှန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်ကာ ဂျုံမှုန့်တချို့ကို ထုတ်ယူလိုက်ပြီးနောက် ကြောင်နားရွက်ပုံစံ မုန့်များကို ပြုလုပ်ရန် ပြင်ဆင်လေတော့သည်။
ဤမုန့်က ပြုလုပ်ရန် လွယ်ကူလွန်းပြီး လိုအပ်သော ကုန်ကြမ်းများက ဂျုံမှုန့်နှင့် သကြားညိုသာ ဖြစ်၏။
အကယ်၍ သူမကို အသုံးဖြုန်းကြီးသည်ဟု ပြောမည်ဆိုပါက ဆီအနည်းငယ် သုံးရခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။
သို့သော် မိသားစုတစ်ခုလုံးက ဝန်ထမ်းများဖြစ်ကြသောကြောင့် ရံဖန်ရံခါတွင် ဤကဲ့သို့သော မုန့်လေးများကို ပြုလုပ်စားသုံးခြင်းက သဘာဝကျပေသည်။
ဝူလီကလည်း ကလေးနှစ်ယောက်ကို မကြာမီတွင် လာပို့တော့မည် ဖြစ်၍ သူတို့အတွက် ကြောင်နားရွက်မုန့် တချို့ကို ကြော်ထားရန် စဉ်းစားမိလိုက်ခြင်းပင်။
လီရှန်း စကားများများ မပြောတော့ဘဲ မီးဖိုချောင်ထဲသို့ဝင်ပြီး ဂျုံများကို နှပ်ထားလိုက်လေ၏။
ဝူလီ ရောက်ရှိလာချိန်တွင်တော့ လီရှန်းက မုနာ့ကြော်ရန်အတွက် ပြင်ဆင်နေခဲ့လေပြီ
ဝူလီက သူမကို မြင်သည်နှင့် ခါးစည်းကို ဝတ်လိုက်ပြီးသည်။
“ငါ ကြော်ပေးမယ်၊ နင် ဒါတွေကို လုပ်မနေနဲ့တော့၊ နင့်လက်တွေက ဘောပင်ကို ကိုင်ရမဲ့ လက်တွေလေ၊ ဆီတွေ စင်ကုန်လို့ မဖြစ်ဘူး”
လီရှန်းက ဝူလီ၏ တွန်းထုတ်ခြင်းကြောင့် မီးဖိုဘေးမှ ဖယ်ပေးလိုက်ရပြီး အားနာစွာဖြင့် မေးလိုက်လေ၏။
“ယောက်မ ဒီနေ့ အလုပ်မများဘူးလား”
“ငါ စောစော ရောက်လာတာလေ၊ အလုပ်စဖို့က နာရီဝက်လောက် လိုသေးတာဆိုတော့ အမြန်လေး ကြော်ပေးပြီးမှ ပြန်သွားမယ်”
သူမက စကားပြောရင်းနှင့် ဆီအပူချိန်ကို စမ်းကြည့်လိုက်ပြီးနောက် ပထမဆုံး အသုတ်ကို ဆီထဲသို့ ကျွမ်းကျင်စွာ ထည့်လိုက်လေ၏။
ထို့နောက် သူမက လှည့်လိုက်ပြီး ကျန်ရှိနေသော ဂျုံခဲများကို ဓားဖြင့် ပါးပါးလှီးရင်း မေးလေသည်။
“ လီရှန်း၊ နင် မာမိသားစု ဘာဖြစ်သွားလဲဆိုတာသိထားပြီလား”
“ မသိသေးဘူး”
လီရှန်းက ခေါင်းကို ခါပြလိုက်လေ၏။
သူတို့က တစ်ထပ်တည်းတွင် နေကြခြင်း မဟုတ်ပေ။
သို့သော် ဤရက်ပိုင်းအတွင်း ထိုအဆောင်လေးက တိတ်ဆိတ်နေခဲ့သောကြောင့် သူမလည်း စိတ်ရှုပ်ထွေးနေခဲ့ရသည်။
ဤမျှ ကြီးမားသော ကိစ္စကြီးက အဘယ်ကြောင့် မည်သည့်အသံမှ ထွက်မလာရသနည်း။
“ငါ ပြောပြမယ်၊ အောက်ထပ်က ဦးလေးမာကတော့ ပြဿနာ အကြီးကြီး တက်နေပြီ၊ ငါ ကြားတာတော့ သူ့ ခေါင်းပေါ်က ဒဏ်ရာက မာချန့် လက်ချက် မဟုတ်ဘူးတဲ့၊
သူက ညသန်းခေါင်ယံမှာ အမျိုးသမီးတစ်ယောက်ကို သူ့ယောက်ျားဆီကနေ ခိုးထုတ်ဖို့ သွားတာတဲ့လေ၊ အဲဒီမိန်းမရဲ့ ယောက်ျားက မိသွားပြီး သူ့ခေါင်းကို ထုလိုက်တာလို့ ပြောနေကြတာပဲ”
ဝူလီက အတင်းအဖျင်း သတင်းများကို တက်ကြွစွာပြောပြလာခဲ့လေ၏။
လီရှန်း : “...”
ဒါဆိုရင် ဝူလီက ဦးလေးမာကို စက်ဘီးနဲ့တိုက်မိခဲ့တာ မဟုတ်ဘူးလား။
“တကယ်လား”
“တကယ်ပေါ့၊ အခု စက်ရုံတစ်ခုလုံးက ဦးလေးမာက ဘယ်အိမ်က ချွေးမနှင့် သွားပြီး ပွေရှုပ်ခဲ့တာလဲဆိုတာကို ဝိုင်းပြီး ခန့်မှန်းနေကြတာလေ”
ဝူလီက နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်လေသည်။
“အဲဒီမုန်းမကလည်း မျက်စိမပါဘူးလား၊ ဆေးဝါးစက်ရုံမှာတောင် အလုပ်လုပ်နေတာကို ဘာလို့ ဒီဦးလေးနဲ့ သွားပြီး ပတ်သက်နေရတာလဲ၊
အဲဒီဦးလေးမာကလည်း ဘာမှ ကောင်းတာ မဟုတ်ပါဘူး၊ ဘာလို့ ဒုက္ခရှာနေကြတာလဲ မသိဘူး”
သူမကတော့ အမျိုးသမီးတစ်ဦးအနေဖြင့် သူမကို သည်းခံနားလည်ပေးနိုင်သော သူမ ကြိုက်နှစ်သက်သည့် အမျိုးသားတစ်ဦးကိုသာ ရှာဖွေသင့်သည်ဟု ယုံကြည်နေဆဲပင်။
အိမ်ထောင်ရေးက မပျော်ရွှင်တိုင်း အပြင်ဘက်တွင် သာယာမှုကို ရှာဖွေခြင်းက အသိစိတ်အရရော ကိုယ်ကျင့်တရားအရပါ လက်မခံနိုင်သောအရာသာ ဖြစ်ပေေ၏။
*