← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း(214)

စုချန်က ညီဖြစ်သူ၏ စကားတို့ကြောင့်ပျော်ရွှင်နေခဲ့ပြီး ခဏမျှတွေးကာ ပြောလာခဲ့သည်။

“ဒါဆိုရင် နောက်တစ်ခေါက် ကျန်းကျိကို တွေ့ရင် သူ့ကို ပိုပြီးတော့ ချီးကျူးပေးကြရအောင်၊

သူ့အဘိုးနဲ့ အဘွားက သူ့ကို တစ်ခါမှ ချီးမွမ်းစကား မပြောဘူးလို့ သူက ပြောခဲ့တယ်လေ၊ ပြီးခဲ့တဲ့တစ်ခေါက်က သူ့အဘွားက သူ့ကို အရမ်းတော်တာပဲလို့ ပြောလိုက်တော့ သူ အများကြီး ပျော်သွားတာ မဟုတ်ဘူးလား”

“ကောင်းပါပြီ”

စုကျွင့်က လေးနက်စွာ ခေါင်းညိတ်ပြခဲ့၏။

အခန်းထဲရှိ လူငယ်ဇနီးမောင်နှံက တစ်ဦးကိုတစ်ဦး ကြည့်ကာ လေးနက်သောအကြည့်တို့ ဖလှယ်လိုက်ကြလေ၏။

“ကျွန်မ ထင်တာကတော့.. ”

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လီရှန်းက စကားစလိုက်လေသည်။

“ယောက်မ ပြောလိုက်တဲ့ စကားကြောင့်များလား”

ရှုရှင်းလန်နှင့် တွေ့ဆုံသူတိုင်းက ကျန်းကျိ၏ရောဂါက မည်မျှအထိ ပြင်းထန်ပြီး ကုသရန် ခက်ခဲကြောင်းကို ပြောဆိုနေကြလေသည်။

ထို့ကြောင့် ရှုရှင်းလန်က ပို၍ မျှော်လင့်ချက်ကင်းမဲ့ပြီး အစွန်းရောက်လာခဲ့၏။

ဝူလီ၏ မတော်တဆ နှစ်သိမ့်စကားလေးက ရှုရှင်းလန်အတွက်တော့ အားကိုးရာ အသက်ကယ်ကြိုးတစ်ခု ဖြစ်သွားခဲ့လေပြီ။

ကြည့်လိုက်လေ။ ဝက်ရူးပြန်ရောဂါရှိသူတောင် အိမ်ထောင်ပြုပြီး ကလေးတွေ ရနိုင်တာပဲ မဟုတ်ဘူးလား။

ဒါဆိုရင် သူမရဲ့မြေးလေးကလည်း သာမန်လူတစ်ယောက် ဖြစ်လာနိုင်တာပဲမလား။

ဤမျှော်လင့်ချက် ရောင်ခြည်လေးက ရှုရှင်းလန်ကို အတိုင်းအဆမဲ့သော မျှော်လင့်ချက်များကို ပေးစွမ်းလိုက်ပုံရ၏။

“ဒါပေမဲ့ အဲဒီအတွက်ကြောင့်နဲ့ သူမက အဲဒီအစွမ်းထက်တဲ့ဆေးကို လက်လွှတ်လိုက်မယ်လို့တော့ မဆိုလိုဘူး”

စက်ရုံတစ်ခုလုံးတွင် မည်သူကမျှ ထိုကဲ့သို့သော အထူးကုသဆေးအကြောင်းကိုမကြားဖူးကြပေ။

သူမအနေဖြင့် ဝက်ရူးပြန်ရောဂါအတွက် ထိုကဲ့သို့သော ဆေးအမှန်တကယ် ရှိ၊ မရှိကိုပင် သံသယဖြစ်မိသည်။

တစ်စုံတစ်ယောက်က ရှုရှင်းလန်ကို လှည့်ဖြားရန်အတွက် ဤအကြောင်းအရာကို လုပ်ကြံဖန်တီးထားခြင်းများလား။

လီရှန်း၏ သံသယများက အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။

အနည်းဆုံးတော့ သူမ ဖြတ်သန်းခဲ့ဖူးသော ကမ္ဘာများတွင် ဝက်ရူးပြန်ရောဂါကို သက်သာအောင် ပြုလုပ်နိုင်သော်လည်း လုံးဝပျောက်ကင်းအောင် ကုသ၍မရသေးသော အခြေအနေတွင်သာ ရှိနေခဲ့သည်။

ထို့ကြောင့် ဝက်ရူးပြန်ရောဂါအတွက် မှော်ဆန်သော ကုသဆေးရှိသည်ကို သူမ မယုံကြည်ပေ။

သို့ပေမဲ့...

ဝက်ရူးပြန်ရောဂါက ကုသ၍မရကြောင်းကို သူမက သိသော်လည်း တခြားလူများက မသိကြပေ။

ဤဆေးက သူမ၏ မြေးကို အလွန်ချစ်မြတ်နိုးလွန်းသော အဘွားဖြစ်သူ ရှုရှင်းလန်အတွက်တော့ အသက်ကယ်ကြိုးတစ်ခု ဖြစ်၏။

အကယ်၍ ရှုရှင်းလန်၏ သမီးသာ အသက်ရှင်နေသေးပါက သူမက ဤမျှအထိ စွဲလမ်းနေမည် မဟုတ်ပေ။

သို့သော် နှမြောစရာကောင်းသည်က သူမ၏ တစ်ဦးတည်းသောသမီးက မီးဖွားချိန်ကပင် ဆုံးပါးသွားခဲ့ရှာသည်။

ရှုရှင်းလန်၏ အမြင်တွင် ဤကလေးက သူမ၏ မြေးဖြစ်ရုံသာမက၊ သူမ သမီး၏ ဘဝကို ဆက်လက်၍ ရှင်သန်စေသူလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။

“အတိုချုပ်ပြောရရင် ကျွန်မတို့ ဦးလေးမာကို စောင့်ကြည့်ရမယ်၊ ရှုရှင်းလန်ကိုလည်း သတိမလွတ်စေနဲ့ဦး”

လီရှန်းက ဦးလေးမာနှင့် ရှုရှင်းလန် နှစ်ဦးလုံးတွင် ပြဿနာရှိနေသည်ဟု အမြဲတစေ ခံစားနေရသည်။

ထို့အပြင် ဦးလေးမာက ရှုရှင်းလန်ထက် ပို၍ ရှုပ်ထွေးသော ပဟေဠိများ ရှိနေသည်ဟု ထင်နေမိ၏။

ရှုရှင်းလန်၏ ဇာတ်လမ်းက အလွန်ရိုးစင်းပြီး အထူးကုသဆေးဆိုသည့် အချက်တစ်ခုတည်းအပေါ်မှာသာ အာရုံစိုက်နေခြင်း ဖြစ်၏။

သို့သော် ဦးလေးမာတွင် ပြဿနာများပြားလွန်းသည်။ လီရှန်းက မေးလိုက်လေ၏။

“ ဝေ့ချင်း၊ ဦးလေးမာရဲ့ ခြေထောက်က တကယ်ပဲ မသန်တာလို့ ရှင်ထင်လား”

“မင်းက သူက မသန်ချင်ယောင်ဆောင်နေတယ်လို့ သံသယရှိတာလား”

စုဝေ့ချင်းက လီရှန်းကို အံ့ဩတကြီး ကြည့်လိုက်လေသည်။

“မဖြစ်နိုင်တာ၊ တကယ်လို့ သူက ဟန်ဆောင်နေတာဆိုရင် ဒီလောက်နှစ်တွေအတော်ကြာအောင် မသန်သလိုမျိုး နေနိုင်ပါ့မလား၊

ပြီးတော့ ခြေမသန်ဖြစ်ပြီးတဲ့နောက် သူက သိုလှောင်ရုံမှာပဲ အလုပ်လုပ်ရတာလေ၊ အဲဒီမှာက လစာကလည်း အရမ်းမများဘူး”

ယခုခေတ်တွင် လစာက ရာထူးအဆင့်အတန်းပေါ် မူတည်သည်။ သိုလှောင်ရုံစာရင်းကိုင်က ရာထူးမြင့်သူ မဟုတ်ပေ။

“ဒါဆိုရင် သူက ကျွန်မ ယောက်မ ထက်တောင် ဘာလို့ ပိုပြီး မြန်မြန်ဆန်ဆန် အိမ်ကို အရောက်ပြန်နိုင်တာလဲ၊ ဒါကို ရှင် ဘယ်လို ရှင်းပြမလဲ”

လီရှန်းက ဦးလေးမာကို သံသယရှိနေဆဲပင်။

“ရှင် သိတဲ့အတိုင်းပဲ မရီးက စက်ဘီးစီးလာတာလေ၊ ရှင်လည်း စက်ရုံက လမ်းတွေကို စစ်ဆေးပြီးပြီပဲ၊

လမ်းကြားတွေက မတိုပါဘူး၊ ဦးလေးမာသာ အစွမ်းကုန် မပြေးခဲ့ဘူးဆိုရင်

ယောက်မ တိုက်မိလိုက်သူက ဦးလေးမာ မဟုတ်ဘူးလို့ ရှင် သေချာပေါက် ပြောနိုင်တာက ဦးလေးမာရဲ့ ခြေထောက်ကြောင့်ပဲ မဟုတ်ဘူးလား”

ဒါပေမဲ့ ဦးလေးမာသာ ခြေမသန်တာ မဟုတ်ခဲ့ရင်ရော။

“ပြီးတော့ သိုလှောင်ရုံဆိုတာ ဘာလဲ၊ အဲဒါက အရမ်းအရေးကြီးတဲ့ နေရာတစ်ခုလေ၊

သိုလှောင်ရုံက ကျွန်မတို့စက်ရုံက ဘယ်ဆေးတွေ ထုတ်လုပ်လဲ၊

ဘယ်နေရာတွေကို ပို့လဲဆိုတာကို တိတိကျကျ သိမနေဘူးလား၊ ဦးလေးမာ လိုချင်နေတာ အဲဒါများလား”

စုဝေ့ချင်းတစ်ယောက် ပို၍ပင် ရယ်ချင်လာမိသည်။

“ဒါဆိုရင် မင်းက ဦးလေးမာမှာ တစ်ခုခု မှားနေတယ်လို့ပဲ အပိုင်တွက်ထားတာပေါ့”

“ဟုတ်တယ်”

လီရှန်းက ယုံကြည်ချက်ရှိရှိ ပြောလေ၏။

“ကျွန်မပြောတာ မှားလို့လား၊ ကျွန်မတို့ စက်ရုံက အကြီးကြီး မဟုတ်ပေမဲ့ ဒီနှစ်တွေမှာ ဆေးတွေ အများကြီးကို ထုတ်လုပ်ခဲ့တာလေ၊

နင်ရှ ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ဆေးရုံအကြီးအသေးတွေရော၊ကျေးလက်ဆရာဝန်တွေရော အကုန်လုံးက ကျွန်မတို့စက်ရုံက ဆေးတွေကို သုံးကြတာ မဟုတ်ဘူးလား၊

တကယ်လို့ တစ်စုံတစ်ယောက်က ဒီလမ်းကြောင်းတွေကို သိသွားမယ်ဆိုရင် လမ်းတစ်ဝက်မှာတင် တစ်ခုခု နှောင့်ယှက်ဖျက်ဆီးတာမျိုး လုပ်နိုင်တာပေါ့”

လီရှန်း၏ စကားများက ပို၍ ကြီးကျယ်လာသည်ကို မြင်သော်လည်း စုဝေ့ချင်းက သူမကို စကားမဖြတ်ပေ။

ထိုအစား သူက မျက်ခုံးကိုအနည်းငယ် ကြုတ်ပြီး တည်ကြည်သော မျက်နှာအမူအရာဖြင့် တစ်ချက်တစ်ချက်တွင် ခေါင်းညိတ်ပြနေခဲ့၏။

လီရှန်းက စကားပြောနေရင်းနှင့် စုဝေ့ချင်းက သူမကို ရယ်မောရိပ်ပါသော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို သတိပြုမိသွားသောကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့လေသည်။

“ဘာလို့ စကားရပ်သွားတာလဲ”

စုဝေ့ချင်းက သူမဘက်သို့ လှည့်ကာ ဘေးစောင်းလှဲလိုက်ပြီးနောက် လက်ဖဝါးဖြင့် ပါးကို ထောက်ထားလိုက်လေ၏။

“ဘာပြောရမှာလဲ”

လီရှန်းက အနည်းငယ် စိတ်တိုသွားရသည်။

“ရှင် ကျွန်မကို ရယ်ဖို့အတွက် ကျွန်မက ပြောပြနေတာလား”

“ဒါက ရယ်စရာမှ မဟုတ်တာ၊ မင်းရဲ့ အကြံဉာဏ်က အတော်လေးကို ဖြစ်နိုင်ချေ ရှိတယ်၊

မင်းပြောသလိုဆိုရင် သူက ကိုယ်တို့ စက်ရုံက တစ်နေ့ကို ထုတ်ကုန် ဘယ်လောက်ထုတ်လဲ၊

ဘယ်နေရာတွေကို ပို့လဲဆိုတာကို သိဖို့အတွက် သိုလှောင်ရုံမှာ တိတ်တဆိတ် စောင့်ကြည့်နေတာပေါ့”

အရေးကြီးဆုံးအချက်မှ သူက စက်ရုံက မည်သည့်ဆေးမျိုးကို ထုတ်လုပ်သနည်းဆိုသည်ကို အတိအကျ သိလိုခြင်း ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထုတ်လုပ်မှုလိုင်းပေါ်သို့ ရောက်နိုင်သော ဆေးဝါးအားလုံးက အဆင့်မြင့်စွာ သုတေသနပြုပြီးသား အရာများ ဖြစ်သည်မဟုတ်ပါလား။

ဤသို့ စဉ်းစားကြည့်မည်ဆိုပါက လီရှန်း၏ စိုးရိမ်မှုက အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။

ဆေးဝါးအမျိုးမျိုး ရှိနေခြင်းကပင် ဆေးဝါးစက်ရုံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်ကို သက်သေပြနေလေ၏။

တိုက်ဆိုင်စွာဖြင့် နင်ရှ ပြည်နယ်ရှိ ဆေးဝါးစက်ရုံက လူသိနည်းသော်လည်း အလွန်စွမ်းဆောင်ရည်မြင့်သော စက်ရုံတစ်ခု ဖြစ်သည်။

စုဝေ့ချင်း၏ မျက်ခုံးများက တဖြည်းဖြည်း တွန့်ချိုးလာခဲ့လေပြီ။

“ဒါပေမဲ့ ရှင်ပြောတာလည်း ဖြစ်နိုင်ချေ ရှိတာပဲ”

လီရှန်းကလည်း သူမ၏ အမြင်က တစ်ဖက်သတ်ဆန်နေသည်ကို ရိပ်မိသွားပြီး ပြန်လည်၍ ဖြေလျော့လိုက်လေ၏။

“တခြားသူအတွက် အလုပ်လုပ်ပေးမယ်ဆိုရင်တောင် ရာထူးတက်အောင် လုပ်သင့်တာပေါ့၊အောက်ခြေမှာပဲ ဘာလို့ တစ်ချိန်လုံး နေနေရမှာလဲ”

စုဝေ့ချင်းက မည်သည့်စကားကိုမှ ပြန်မပြောပေ။ သူ့အနေဖြင့် အနည်းငယ် အနေရခက်သကဲ့သို့ ခံစားရသောကြောင့် သူ၏နှာခေါင်းကို အသာအယာ ပွတ်လိုက်မိ၏။

ဒါကို ဘယ်လို ပြောပြရမလဲ။

သူတို့ နှစ်ယောက်လုံးက တစ်ဦးပြောတာကို တစ်ဦးက ပြန်ပြီး ယုံကြည်သွားကြတာလား။

လီရှန်း : “...”

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည့်အချိန်တွင် သူမက မျက်လုံးကိုသာ လှန်ကြည့်လိုက်မိတော့၏။

သူမက စုဝေ့ချင်း၏ လက်မောင်းကို ရိုက်လိုက်ပြီး ပြောလိုက်လေသည်။

“ကောင်းပြီ၊ နေ့ခင်းကြောင်တောင်ကြီး ဒီမှာ လှဲမနေနဲ့တော့၊ ကျွန်မ အပြင်ထွက်ပြီး ရှောင်ချန်နဲ့ ရှောင်ကျွင့်ကို သွားကြည့်လိုက်ဦးမယ်”

သူမက ပြောပြီး အခန်းထဲမှ ထွက်သွားခဲ့လေ၏။ စုဝေ့ချင်းလည်း တစ်ဖက်သို့ လှည့်လိုက်ပြီး ဘေးရှိ စာအုပ်ကို ယူကာ ဆက်လက်၍ ဖတ်ရှုနေခဲလေသည်။

စာနှစ်ကြောင်းမျှသာ ဖတ်ရသေးချိန်တွင် တံခါးက ထပ်မံ၍ ပွင့်လာပြန်၏။

စုဝေ့ချင်းက အမှတ်တမဲ့ပင် စာအုပ်ကို စောင်ထဲသို့ ထိုးထည့်လိုက်လေသည်။

လီရှန်း : “...”

ရှင် ဘယ်လို တရားမဝင်စာအုပ်တွေကို ဖတ်နေတာလဲ။

သူမက အပြင်ပန်းတွင် တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။

“စာဖတ်တာ ရပ်တော့၊ အပြင်ထွက်ပြီး ရှင့်တူနှစ်ယောက်ကို အဖော်လုပ်ပေးလိုက်ဦး၊ ကျွန်မ နေ့လယ်စာ သွားပြင်လိုက်မယ်”

သူမ၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိသည်ကို မြင်ရသည့်အချိန်မှ စုဝေ့ချင်းက အသာအယာ ချောင်းဟန့်လိုက်လေသည်။

ထို့နောက် ခုတင်ပေါ်မှ ဆင်းပြီး ဖိနပ်စီး၍ ကလေးများရှိရာသို့ ထွက်သွားခဲ့လေ၏။

တကယ်တမ်းတွင် သူက ရှက်စရာကောင်းသော စာအုပ်များကို ဖတ်နေခြင်း မဟုတ်ပေ။

ထိုစာအုပ်များက မင် မင်းဆက်နှင့် ချင်မင်းဆက်တို့မှ ထူးဆန်းသော ပုံပြင်များသာ ဖြစ်သည်။

သူ့အနေဖြင့် မကြာသေးမီက အလွန် စာကြိုးစားခဲ့သောကြောင့်၊ စနစ်က သူ့ကို ဆုအဖြစ် ကောင်းမွန်သော စာအုပ်များစွာကို ပေးအပ်ခဲ့ခြင်း ဖြစ်၏။

သူက နေ့ဘက်တွင် အပြင်ဘက်တွင် ဖတ်ပြီး၊ ညဘက်တွင် စနစ်ထဲ၌ ဖတ်ရှုရင်း အလွန်ပင် စွဲလန်းနေခဲ့လေသည်။

သို့သော် သူက အပြင်အခြေအနေကို ကောင်းစွာ သိရှိထားသောကြောင့် နေ့ဘက်တွင် စာအုပ်ဖတ်သည့်အချိန်တွင် အနည်းငယ်တော့ စိုးရိမ်စိတ် ရှိနေခဲ့၏။

လီရှန်း ရောက်ရှိလာသည့်အချိန်တွင် သူက ဗီဇအရ စာအုပ်ကို စောင်ထဲသို့ ထိုးထည့်လိုက်ခြင်း ဖြစ်သည်။

စာအုပ်က မွှေးကြိုင်ပြီးတော့ အရသာရှိနေလို့ မဟုတ်ဘူး။

ဒါပေမဲ့ မင်မင်းဆက်နဲ့ ချင်မင်းဆက်တွေရဲ့ ဒုတိယမျိုးဆက် အုပ်ချုပ်သူတွေက အပြင်ပန်းမှာ ဖိနှိပ်ချုပ်ချယ်ထားသလို ထင်ရပေမဲ့၊ စိတ်ထဲမှာတော့ အတော်လေးကို လွတ်လပ်ပေါ့ပါးနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်များလား။

ဒီစာအုပ်တွေက တကယ်ကို မွှေးတာပဲ။

*

All Chapters