← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း(216)

ဦးလေးမာနှင့် ပတ်သက်၍ မည်သည့်အတင်းအဖျင်းသတင်းမျှ မကြားရသော်လည်း လီရှန်းအနေဖြင့် စိတ်အေးသွားခဲ့ရလေပြီ။

အခြေအနေများက ငြိမ်သက်သွားသည့်အချိန်တွင် စက်ရုံထဲရှိ မကောင်းမှုအားလုံးကို အမြစ်ပြတ်အောင် မလုပ်နိုင်လျှင်ပင်၊ အဂတိလိုက်စားသော အရာရှိ အတော်များများကိုတော့ သေချာပေါက် ဖယ်ရှားနိုင်ပေလိမ့်မည်။

တစ်စုံတစ်ဦးကကျန်ရှိနေဦးမည်ဆိုလျှင်ပင် နောက်ပိုင်းတွင် ထိုသူတို့က အချိန်အတော်ကြာအောင် မည်သည့်လှုပ်ရှားမှုမျှ လုပ်ရဲကြတော့မည် မဟုတ်ပေ။

ဤအချက်များကို သိရှိထားသောကြောင့် လီရှန်းလည်း စိတ်လက်ပေါ့ပါးနေပြီး၊ စုဝေ့မင်ကဝ ပြောခဲ့သော ဥက္ကဋ္ဌယို ဝအပေါ်တွင်သာ ပိုမို၍ အာရုံစိုက်လာမိ၏။

နောက်တစ်ကြိမ် ဥက္ကဋ္ဌယိုတစ်ယောက် ပြန်လာသည့်အချိန်တွင် ယောက္ခမဖြစ်သူကို မျက်နှာပွင့်လန်းစေရန်အတွက် အရသာရှိသော အစားအစာတစ်ခုကို သေချာပေါက် ချက်ပြုတ်ပေးမည်ဟု သူမက တွေးတောထားခဲ့သည်။

သူမ အခန်းထဲမှ ထွက်လာသည့်အချိန်တွင် လော်ယွီရှို့က ပန်းကန်များကို ဆေးကြောပြီးလေပြီ။ လက်ရှိတွင် မြေးနှစ်ယောက်ကို ဘေးတစ်ဖက်တစ်ချက်တွင် ထားပြီး ပုံပြင်စာအုပ်ကို ဖတ်ပြနေသည်ကို တွေ့လိုက်ရလေ၏။

ဤကာတွန်းစာအုပ်က စုဝေ့ချင်းကိုယ်တိုင်ရေးသား သို့မဟုတ် ကူးယူ ထားခြင်းဖြစ်သည်။

အသက် (၁၂) နှစ်အရွယ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သော ကန်းလော့ အကြောင်းကို ရေးသားထားခြင်း ဖြစ်၏။

သရုပ်ဖော်ပုံများက သေသပ်လှပသကဲ့သို့ အသုံးအနှုန်းများကလည်း လှပကာ စိတ်ဝင်စားဖွယ်ကောင်းလွန်းသည်။

လေးနက်လွန်းသော သမိုင်းကြောင်းကို ပေါ့ပါးသွက်လက်သော အရေးအသားပုံစံဖြင့် ရေးသားထားလေ၏။

ထိုစာအုပ်မှာ စုဝေ့ချင်းက ကလေးနှစ်ယောက်အတွက် ယနေ့ ပေးအပ်လိုက်သော ကစားစရာအသစ်လည်း ဖြစ်သည်။

လော်ယွီရှို့ ထိုင်လိုက်သည်နှင့် မြေးနှစ်ယောက်က သူမကို ပုံပြင်ပြောပြရန် ပူဆာကြလေတော့၏။

ဆေးဝါးစက်ရုံ၏ ဒါရိုက်တာအဆင့်ရှိသော ဝါရင့်ခေါင်းဆောင်တစ်ဦးအနေဖြင့် လော်ယွီရှို့တွင် ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည်။

သူမက စာကို ဖတ်ပြနေရင်းနှင့် တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့လေ၏။

ဝန်ခံရမည်က သူမ၏ သားငယ်က အနည်းငယ် ပျင်းရိသော်လည်း အမှန်တကယ်ပင် ပါရမီရှိသူတစ်ဦး ဖြစ်သည်။

သူ့အနေဖြင့် ယခင်ကလည်း သတင်းစာများတွင် ဆောင်းပါးများကို ရေးသားဖော်ပြခဲ့ဖူး၏။

လောင်စုက ထိုအကြောင်းကို ထုတ်ဖော်မပြောသော်လည်း သူ၏သားအတွက် အမှန်တကယ် ဂုဏ်ယူနေခဲ့သည်။

သူ၏သားသုံးယောက်တွင် သားကြီးက သိပ္ပံနှင့် အင်ဂျင်နီယာပိုင်းတွင် ထူးချွန်ပြီး သုတေသနကို အသည်းအသန် လုပ်ဆောင်ချင်နေခဲ့သူဖြစ်၏။

ဒုတိယသားက စစ်ဘက်တွင် တာဝန်ထမ်းဆောင်နေပြီး သန်မာ၍ ထက်မြက်သူဖြစ်သည်။

တတိယသားကတော့ စာပေလမ်းကြောင်းပေါ်သို့လျှောက်လှမ်းနေခဲ့လေပြီ။

စုဝေ့မင်က အောင်မြင်ကျော်ကြားသော သားသုံးယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့သည့်အတွက် မိသားစု၏ မျိုးရိုးဗီဇကောင်းမွန်မှုကို ကျေနပ်ဂုဏ်ယူနေလေ့ ရှိသည်။

လော်ယွီရှို့အနေဖြင့် ထိုအကြောင်းကိုထုတ်ဖော်မပြောခဲ့သော်လည်း စိတ်ထဲတွင်တော့ အတော်လေး နှာခေါင်းရှုံ့မိ၏။

ဒါက သူမရဲ့ မျိုးရိုးဗီဇကောင်းလို့ပဲ ဖြစ်ရမှာပေါ့။

ကာတွန်းစာအုပ်က သိပ်ပြီးမထူသော်လည်း လော်ယွီရှို့က အလွန်ပင် ပေါ်လွင်အောင် ပြောပြနိုင်ခဲ့၏။

သို့သော် မည်မျှပင် ကောင်းမွန်ပါစေ၊ စာမျက်နှာက အနည်းငယ်သာ ရှိသောကြောင့် သူမက အမြန်ပင် ပြောပြပြီးစီးသွားခဲ့၏။

ထိုအချိန်တွင် ကလေးနှစ်ယောက်က တခြားအကြောင်းအရာများကို ထပ်မံ၍ ပြောပြရန် လော်ယွီရှို့ကို ပူဆာကြပြန်သည်။

လော်ယွီရှို့မှာ စာအုပ်ထဲ၌ ရှိသည်ကိုသာ ဖတ်ပြနိုင်သူဖြစ်ပြီး ကိုယ်တိုင် ပုံပြင်များကို လုပ်ကြံပြောဆိုရန် မတတ်နိုင်ပေ။

သူမအနေဖြင့် မည်သို့လုပ်ရမည်ကို မသိဖြစ်နေချိန်မှာပင် လီရှန်းက ထွက်လာခဲ့လေသည်။

သူမက စာအုပ်ကို မြေးနှစ်ယောက်ထံသို့ ပေးအပ်လိုက်ပြီး လီရှန်းကို မီးဖိုချောင်ထဲသို့ ခေါ်သွားတော့သည်။

ကလေးနှစ်ယောက်က လိုက်မလာသည်ကို မြင်ရချိန်မှသာ သူမက ရင်ဘတ်ကို ပုတ်ပြီး သက်ပြင်းချနိုင်တော့သည်။

“အမေ၊ ဒီလောက်အထိ ဖြစ်ဖို့ လိုလို့လား”

လီရှန်းတစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။

“မင်းမသိပါဘူး၊ ဒီကလေးနှစ်ယောက်က တကယ့်ကို ကပ်တတ်လွန်းတာ”

သူမက ထိုသို့ပြောလိုက်သော်လည်း သူမ၏ မျက်နှာတွင်တော့ အပြုံးများက ပြည့်နှက်နေခဲ့သည်။

သူမ၏ မြေးနှစ်ယောက်က ဉာဏ်ကောင်းပြီး ထက်မြက်ကြသောကြောင့် အဘွားဖြစ်သူအနေဖြင့် မည်သူထက်မဆို ပို၍ ပျော်ရွှင်နေရလေ၏။

အထူးသဖြင့် စုချန်က စုဝေ့ဟိုင် ငယ်စဉ်ကကဲ့သို့ပင် စာကြိုးစားပြီး လိမ္မာလွန်းသည်။

သူမက လီရှန်းကို စတင်ကြွားဝါလေတော့သည်။

“ဒါပေမဲ့ ရှောင်ချန်က အသက်ပိုကြီးတာဆိုတော့ ရှောင်ကျွင့်ထက်စာရင် ပိုပြီးတော့ သိတတ်နားလည်သလို ရင့်ကျက်တဲ့ပုံ ရှိတယ်နော်၊

ခုနက ထမင်းစားတုန်းကလည်း သူ့ရဲ့ညီလေးကို ဂရုစိုက်ပေးနေတာ ငါမြင်လိုက်သေးတယ်”

“ရှောင်ချန်က တကယ့်ကို လိမ္မာတဲ့ ကလေးလေးပါပဲ”

လီရှန်းသည်လည်း စုချန်က အလွန်ကောင်းမွန်သော ကလေးတစ်ဦး ဖြစ်သည်ဟု ထင်မြင်မိ၏။

ထို့ကြောင့်ပင် ဤမျှ ထက်မြက်ပြီး ချစ်စရာကောင်းသော ကလေးငယ်က နောင်အနာဂတ်တွင် အလွန်အမင်း သာမန်ကာလျှံကာဆက်ဆံခံရကာ တိတ်ဆိတ်လွန်းသောလူတစ်ယောက် ဖြစ်သွားရမည်ကို သူမ စိတ်ကူးကြည့်၍ မရနိုင်ပေ။

“ဟူး.. ဝူလီ လက်ထပ်တာ ခြောက်လကျော်နေပြီ၊ ဘာလို့ အခုထိ ကလေးရမယ့် အရိပ်အယောင် မရှိသေးတာလဲ မသိဘူး”

စုဝေ့ချင်းမှ ကလေးယူရန်အတွက် တိုက်တွန်းသည့် ဖိအားများကို ကိုယ်စား ရင်ဆိုင်ပေးထားသောကြောင့် လော်ယွီရှို့က သူမ၏ ချွေးမငယ်လေးအပေါ်တွင်တော့ ထပ်မံ၍ ဖိအားမပေးတော့ပေ။

စုဝေ့ချင်းအနေဖြင်် လီရှန်းက ကိုယ်လုံးကိုယ်ပေါက် သေးငယ်သောကြောင့် ကလေးယူလျှင် ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ပြောဆိုထားခဲ့သည်။ ထို့အတွက် သူမအနေဖြင့် ဆက်လက်၍ မတိုက်တွန်းနိုင်တော့ပေ။

သို့သော် ဝူလီက မတူပေ။ သူမက အသက် (၂၀) ကျော် အရွယ်ဖြစ်ပြီး၊ အလုပ်ကလည်း သက်သောင့်သက်သာ ရှိသောကြောင့် ကလေးယူရန်အတွက် အကောင်းဆုံး အရွယ်ပင်။

“သဘာဝအတိုင်းပဲ ဖြစ်လာမှာပါ အမေ၊ ပြီးတော့ အစ်ကိုကြီးကလည်း နှစ်လနီးပါးလောက် အလုပ်များနေတာဆိုတော့ မြေဆီလွှာ ကောင်းနေရင်တောင်မှ ထွန်ယက်စိုက်ပျိုးမဲ့သူ မရှိရင် ဘာမှ မတတ်နိုင်ဘူးလေ”

လီရှန်းက စနောက်၍ ပြောလိုက် သောကြောင့် လော်ယွီရှို့က သူမကို မျက်လုံးလှန်ကြည့်လိုက်လေ၏။

ဤချွေးမငယ်လေးက စကားပြောဆိုရာတွင် အမှန်တကယ့်ကို ရဲတင်းလွန်းသည်။

သို့သော် သူမပြောသည်က အမှန်ပင် ဖြစ်၏။

“အမှန်အတိုင်း ပြောရရင် ဝေ့ဟိုင်သာ ငါ့သား မဟုတ်ဘူးဆိုရင် ငါ့သမီးကို သူ့နဲ့ ပေးစားမှာ မဟုတ်ပါဘူး၊ ဒါက မုဆိုးမဘဝနဲ့ နေနေရတာနဲ့ ဘာထူးမှာလဲ”

“အမေလည်း စိတ်မပူပါနဲ့တော့၊ အမေ့မှာ မြေးသုံးယောက် ရှိနေပြီပဲလေ၊ မလုံလောက်သေးဘူးလား”

လော်ယွီရှို့က သက်ပြင်းချလိုက်လေသည်။

“မင်းမသိပါဘူး၊ သားကြီးတို့ ဇနီးမောင်နှံက ပထမဆုံးလက်ထပ်ခဲ့တဲ့အိမ်ထောင်ရေး မဟုတ်ဘူးလေ၊

တကယ်လို့ ဝူလီသာ ကလေးမရဘူးဆိုရင် သူ အသက်ကြီးလာတဲ့အချိန်ကျရင် ဘယ်လိုလုပ်မလဲ၊

ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့က ငါ့မြေးတွေဖြစ်ပေမဲ့လည်း နောက်ပိုင်းကျရင် သူတို့က ဘယ်လိုလူမျိုးတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူ သိမှာလဲ၊ တကယ်လို့ သူတို့သာ မလိမ္မာခဲ့ရင် ဝူလီတစ်ယောက် ဘယ်လိုဖြစ်သွားရှာမလဲ”

သူမက ဤကဲ့သို့သော ဖြစ်ရပ်များကို များစွာ မြင်တွေ့ခဲ့ဖူးသည်။

မိထွေးဖြစ်သူက သူမ၏ လင်ပါသားကို ပင်ပန်းစွာ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ဖခင်အရင်း ဆုံးပါးသွားသည့်အချိန်တွင် ထိုသားက သူမကို အိမ်ပေါ်မှ နှင်ချလိုက်သည့် ဖြစ်ရပ်မျိုးရှိသည်။

သူမက သူမ၏ ချွေးမကြီးကို သဘောမကျသော်လည်း သူမတွင် ကိုယ်ပိုင်ကလေးရှိနေမှသာ နောင်တစ်ချိန်အတွက် စိတ်ချရလိမ့်မည်ဟု ခံစားမိသည်။

မိထွေးက လင်ပါသားကို နှိပ်စက်သည့် ဖြစ်ရပ်များလည်း ရှိသည့်အတွက် တခြားသော ချဉ်းကပ်မှုမျိုးကို လိုအပ်ပေလိမ့်မည်။

သို့သော် လီဟုန်ကျွင့်၏ အခြေအနေမျိုးက အထည်အလိပ်စက်ရုံတွင်သာ ဖြစ်နိုင်သည်။

အကယ်၍ ဆေးဝါးစက်ရုံသာ ထိုသို့လုပ်ဆောင်မည်ဆိုပါက လွန်ခဲ့သော အချိန်များကတည်းက အရေးယူခြင်းကိုခံရပြီး ဖြစ်ပေလိမ့်မည်။

သူက ဤနှစ်များတစ်လျှောက် လွတ်လပ်စွာ ရှင်သန်နေနိုင်မည်မဟုတ်ပေ။

“ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့က အဲဒီလို လူမျိုးတွေ မဟုတ်လောက်ပါဘူး၊ သူတို့အပေါ်မှာ စေတနာထားမယ်ဆိုရင် သူတို့ကလည်း နောက်ပိုင်းကျရင် ပြန်ပြီး ကျေးဇူးဆပ်ကြမှာပါ”

ဒါကြောင့် ကလေးယူဖို့ တိုက်တွန်းနေတာကို မေ့လိုက်ပါတော့။

ပြီးတော့ ဝူလီကလည်း အလျှော့ပေးမဲ့သူ မဟုတ်ဘူး။

လီရှန်းအနေဖြင့် သူမ၏ ယောက်မဖြစ်သူက သူမအပေါ်တွင် မကြာမခဏ အခွင့်ကောင်းယူရန် ကြိုးစားတတ်သည့် အချက်ကြောင့် သူမအပေါ်တွင် မည်သည့်သနားစိတ်မျှ မရှိပေ။

သူမ၏ စိတ်ထဲတွင် ဝူလီအနေဖြင့် ကလေးမယူခင် သူမ၏ စိတ်နေစိတ်ထားကို ပြောင်းလဲသင့်သည်ဟု ခံစားရသည်။ နောက်ထပ် နှစ်အနည်းငယ်ခန့် စောင့်ဆိုင်းလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဝူလီတွင် ကိုယ်ပိုင်ကလေး ရလာသည်နှင့် စုဝေ့ဟိုင်၏ အအကန့်သတ်ရှိသော ဖခင်မေတ္တာက သူ၏ အငယ်ဆုံးသားလေးဆီသို့သာ ရောက်ရှိသွားပေလိမ့်မည်။

လီရှန်းက စာအုပ်ထဲရှိ အကြောင်းအရာများကို ပြန်လည်၍ တွေးတောမိ၏။

ထိုစာအုပ်ထဲတွင် စုချန်က သာမန် ရေပိုက်ပြင်သမားတစ်ဦး ဖြစ်လာခဲ့ခဲ့သည်။ အိမ်ထောင်ပြုကာ ကလေးများရရှိပြီး သာမန်ဘဝဖြင့်သာ ရှင်သန်ခဲ့ရသည်။

စုကျွင့်ကတော့ ပို၍ တက်ကြွသေး၏။

သူက ကြီးပြင်းလာသည့်အချိန်တွင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း တစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။

အိမ်ခြံမြေနှင့် ပြည်ပသို့ အလုပ်သမား စေလွှတ်ခြင်းလုပ်ငန်းများတွင် အတွေ့အကြုံများစွာ ရရှိခဲ့၏။

သူတို့၏ ဖအေတူ မအေကွဲ ညီဖြစ်သူကရော မည်သို့ဖြစ်လာခဲ့သနည်း။

မိဘများ၏ လမ်းညွှန်မှုအောက်တွင် သူက တက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့၏။

ထို့နောက် ဘွဲ့ရပြီးနောက်တွင်လည်း ထိုတက္ကသိုလ်မှာပင် အောင်မြင်စွာ အလုပ်ဝင်နိုင်ခဲ့သည်။

သူက အလုပ်လုပ်ရင်းနှင့်ပင် ဘွဲ့လွန်စာမေးပွဲများအတွက် ပြင်ဆင်ခဲ့၏။

ဇာတ်လမ်းပြီးဆုံးချိန်တွင် သူက တွဲဖက်ပါမောက္ခအဖြစ် ရာထူးတက်သွားခဲ့သကဲ့သို့၊ ပေကျင်းတွင်လည်း တိုက်ခန်းကျယ်ကြီး တစ်ခုကို ဝယ်ယူနိုင်ခဲ့ပြီး ဆေးဝါးသုတေသန နယ်ပယ်ရှိ ထိပ်တန်းပုဂ္ဂိုလ်ကြီး စုဝေ့ဟိုင်၏သားအဖြစ် လူသိများကာ ဂုဏ်သိက္ခာရှိသော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။

လီရှန်းအနေဖြင့် ဝူလီ၏ အပြုအမူအပေါ်တွင် ဝေဖန်ခြင်း မပြုလိုပေ။

ဆိုရလျှင် ကိုယ်ပိုင်ကလေးကို ပို၍ ချစ်မြတ်နိုးသည်က လူသားတို့၏ သဘာဝပင် ဖြစ်သည် မဟုတ်ပါလား။

သို့သော် စုဝေ့ဟိုင်ကိုတော့ သူမ နားမလည်နိုင်ပေ။

သူက သူ၏ကလေးနှစ်ဦးကို မချစ်ဟု ပြောလျှင်လည်း မမှန်ပေ။

သူက ကလေးသုံးဦးလုံးကို တန်းတူ ဆက်ဆံခဲ့ပြီး၊ သူတို့အတွက် အိမ်များကို ဝယ်ပေးခဲ့သကဲ့သို့ အိမ်ထောင်ပြုရန်လည်း ကူညီပေးခဲ့သည်။

မြေးများအတွက်ဆိုလျှင်လည်း စုချန်၏သားကိုသာ ပြုစုပျိုးထောင်ပေးခဲ့၏။

သူက သူ၏ သားကြီးနှင့် ဒုတိယသားတို့အပေါ်တွင် မည်သည့်အချိန်ကမျှ ရှက်စရာကောင်းသည်ဟု မခံစားခဲ့ရဘဲ သူတို့အကြောင်းကို အမြဲတစေ ဂုဏ်ယူစွာ ပြောဆိုလေ့ရှိသည်။

သို့သော် ချစ်ခြင်းမေတ္တာအကြောင်းကို ပြောမည်ဆိုလျှင်တော့ ကွဲပြားလိမ့်လိည်။

ကလေးများ၏ ငယ်စဉ်ဘဝတွင် ဖခင်တစ်ဦး၏ အခန်းကဏ္ဍမှ ပျောက်ကွယ်နေခဲ့သည်။

အငြိမ်းစားယူပြီးမှသာ ထိုအရာများကို ပြန်လည်၍ ပေးဆပ်ရန်အတွက် အချိန်ရနိုင်ခဲ့သော်လည်း၊ ကလေးများက ထိုအရာများကို မလိုအပ်တော့ပေ။

ထို့ကြောင့် နောက်အိမ်ထောင်နှင့် ယူမည့်ကလေးကို အသက်ကြီးမှ ယူခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

*

All Chapters