အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း(220)
လုတုန်းရှန်နှင့် သူ၏ဇနီးတို့က ဤအဆောင်ငယ်လေးတွင် နာမည်ကြီးသွားခဲ့ကြလေ၏။
ခင်ပွန်းသည်က ရက်စက်လွန်းသော သူခိုးကို ရဲဝံ့စွာ တိုက်ခိုက်ခဲ့သော ရဲစွမ်းသတ္တိရှိသူဖြစ်လေသည်။
ဇနီးသည်ကတော့.. အင်း... ဖော်ပြရန် အနည်းငယ် ခက်ခဲလွန်း၏။
မည်သို့ပင်ဖြစ်စေ အမျိုးသမီးများက သူမ၏အကြောင်းကို ပြောဆိုသည့်အချိန်တွင် အမြဲတစေ စိတ်လှုပ်ရှားနေပုံရ၏။
သူတို့က လျှို့ဝှက်ကုဒ်များနှင့် စကားပြောကြကာ အပေးအယူ တည့်စွာဖြင့် ပြိုင်တူ ပြုံးလိုက်ကြသည်။
အမျိုးသားများကတော့ သွားကိုက်နေသည့်ကဲ့သို့ မျက်နှာပျက်နေကြပြီး၊ ရံဖန်ရံခါတွင် အသက်ကို အောင့်ထားရပြီး လုတုန်းရှန်ကို ကြည့်သည့် အချိန်တွင်လည်း သနားကရုဏာစိတ်များဖြင့် ပြည့်နှက်နေခဲ့တော့၏။
ဒါရိုက်တာလုက အိမ်မှာ ဘယ်လိုဘဝမျိုးနဲ့ ရှင်သန်နေထိုင်ရသလဲဆိုတာ သူတို့ တကယ်ပဲ သိချင်မိတယ်။
အစ်မလုရဲ့ ကန်ချက်က တကယ်ကို ကျင့်သားရနေတဲ့ ပုံပဲ။
လုတုန်းရှန်မှာ သူ၏ဇနီးသည်အတွက် ရှင်းပြလိုသော်လည်း၊ သူ ရှင်းပြလေလေ ကိစ္စများက ပို၍ပင် ရှုပ်ထွေးလာလေ ဖြစ်နေတော့၏။
မည်သို့ပင်ဖြစ်စေ ထိုလူများက အတင်းအဖျင်းကို ပြောဆိုလိုကြခြင်းသာဖြစ်ပြီး အမှန်တရားကို လုံးဝ ဂရုမစိုက်ကြပေ။
လုချင်းလန်ကတော့ ဤကိစ္စနှင့် ပတ်သက်၍ ရုန်းကန်ပြီးနောက်တွင်တော့ တည်ငြိမ်မှုသာကျန်ရစ်လေတော့သည်။
သူမက နာမည်ပျက်မည်ကို မကြောက်ပေ။ မည်သို့ပင်ဖြစ်စေ အချိန်က သက်သေပြသွားမည်ပင် မဟုတ်ပါလား။
သူတို့ အိမ်နီးချင်း ဖြစ်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
ထို့ကြောင့် လုချင်းလန်က မည်သို့လူမျိုးဖြစ်ပြောင်းကို သူတို့ သေချာပေါက် သိကြပေလိမ့်မည်။
ထို့အပြင် လော်တာဖော့လည်း ရှိနေသည်ပင်။
သူမကဲ့သို့ နာမည်ကျော်သူပင်လျှင် ချွေးမတစ်ယောက်ကို ရှာတွေ့နိုင်သေးသည်ဆိုပါက သူမကဲ့သို့ ယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာတတ်သောသူအတွက် ချွေးမရှာရန် ပို၍ပင် လွယ်ကူနေမည် မဟုတ်ပါလား။
လီရှန်းကတော့ အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားရသောကြောင့် ကြောင်နားရွက်မုန့်တချို့ကို ပေးပို့လိုက်လေ၏။
“ဒါက ကျွန်မရဲ့ အမှားလည်းပါ,ပါတယ်၊ အဲဒီလူက ဒီလောက်အထိ ကြမ်းတမ်းမယ်ဆိုတာကိုသိရင် ကျွန်မ နောက်ထပ် လူတချို့လောက်ကို ထပ်ခေါ်လာခဲ့မှာပဲ”
“ဟေး.. ငါက အဲဒါ စဥ်းတောင်မစဉ်းစားမိပါဘူး၊ ပြီးတော့ အဲဒီအချိန်တုန်းက အခြေအနေကလည်း အရမ်း အရေးကြီးနေတာလေ၊ လောင်လုသာ အိမ်မှာ မရှိရင် ငါလည်း ဒါကို သတိရမှာ မဟုတ်ဘူး၊
ပြီးတော့ ဒီသူခိုးကို ဖမ်းနိုင်ခဲ့တာကလည်း နင့်ကို ကျေးဇူးတင်ရမှာ၊ နင်သာ မျက်စိရှင်ပြီး လိုက်ကာ လှုပ်သွားတာကို မမြင်ရင် ဦးလေးမာရဲ့ အိမ်ထဲက ပစ္စည်းတွေ အကုန်ပါသွားတာကို ငါတို့ သိမှာတောင် မဟုတ်ဘူး”
လုချင်းလန်က မယဉ်ကျေးတတ်သောသူ မဟုတ်ပေ။ ဤကိစ္စတွင် မည်သူက အကျိုးကျေးဇူးရရှိပြီး မည်သူက ဆုံးရှုံးရသနည်းဆိုသည်က ထင်ရှားလွန်း၏။
လုတုန်းရှန်၏ တိုက်ခိုက်မှုအရ သူက နှစ်ကုန်စက်ရုံ အကဲဖြတ်မှုတွင် သေချာပေါက် နာမည်စာရင်း တင်သွင်းခံရပေလိမ့်မည်။
ထို့ပြင် ဇနီးမောင်နှံနှစ်ဦးလုံးက ဒဏ်ရာရရှိခြင်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူခိုးကို စတင် တွေ့ရှိခဲ့သော လီရှန်းကိုတော့ မည်သူကမျှ ဂရုမပြုမိကြပေ။
သူမက လုံခြုံရေးဌာနသို့ သွားရောက်ပြီး အခြေအနေကို ရှင်းပြချင်သေးသည်။
သို့မှသာ လီရှန်းအနေဖြင့် အနည်းဆုံးတော့ သူမ၏ စွမ်းဆောင်မှုအတွက် အသိအမှတ်ပြုခံရမည် မဟုတ်ပါလား။
“ကျွန်မလည်း ဒါကို ကလေးတွေဆီကနေ ကြားခဲ့တာပါ၊ ဒီတစ်ခေါက်တကယ့် သူရဲကောင်းတွေကတော့ သူတို့လေးတွေပါပဲ”
လီရှန်းက သူမ၏ စွမ်းဆောင်မှုအဖြစ် အသိအမှတ်ပြုမခံချင်ခဲ့ပေ။
ယခုအချိန်တွင် လူကို ဖမ်းမိသွားပြီဖြစ်၍ သူမက ကလေးများအကြောင်းကို ထုတ်ဖော်ပြောရဲခဲ့သည်။
“အိုး၊ ဒါဆို သူတို့လေးတွေက တွေ့ခဲ့တာပေါ့”
လုချင်းလန်က အနည်းငယ် အံ့ဩသွားပြီးနောက် လီရှန်း၏ လက်မောင်းကို ပုတ်လိုက်လေသည်။
“ငါက နင်ကိုယ်တိုင် တွေ့တာလို့ တကယ် ထင်နေတာ”
“ကျွန်မလည်း လိုက်ကာလှုပ်သွားတာကို မြင်လိုက်မိတယ်၊ဘာပဲဖြစ်ဖြစ် ကလေးတွေက ဒါကို ပြောတဲ့အချိန်တုန်းက ကျွန်မလည်း သူတို့ လျှောက်ပြောနေတာလို့ပဲ ထင်ခဲ့မိတာလေ၊ ပြီးမှ သူတို့ကို အထင်လွဲခဲ့မိတယ်ဆိုတာ သိလိုက်ရပြီ”
လီရှန်းက သူမ၏ လက်ထဲမှ ပန်းကန်လုံးလေးကို လှုပ်ခါပြလိုက်ရင်း ပြောလိုက်လေ၏။
“ကျွန်မမှာ ကြောင်နားရွက်မုန့်လေးတွေရှိတာနဲ့ အဒေါ်တို့အတွက် ဒါလေးတွေကို လာပေးတာ”
လုချင်းလန်က သူမ၏ လက်ထဲမှ မုန့်များကို အမြန်ပြန်ပေးလိုက်လေသည်။
“ဒါဆိုရင် ကလေးတွေဆီကို ပေးလိုက်ပါ၊ သူတို့လေးတွေလည်း သူရဲကောင်းလေးတွေပဲလေ၊ မဟုတ်ဘူးလား”
“အဒေါ်လု၊ ကြည့်ပါဦး၊ ကျွန်မက ဒီမုန့်တွေကို အဒေါ်ကို လက်ဆောင်ပေးတာလေ”
လီရှန်းက ကျေးဇူးတင်စွာဖြင့် ထိုမုန့်များကို ပြန်တွန်းပေးလိုက်လေ၏။
“ဟင်း.. ငါ့ကလေးတွေကလည်း အကုန်လုံး ကြီးကုန်ကြပြီဆိုတော့ မုန့်တွေကို အရမ်းမကြိုက်ကြတော့ပါဘူး”
လုချင်းလန်က ထိုမုန့်များကို သူမ၏ ပန်းကန်လုံးထဲသို့သာ ပြန်လည်၍ လောင်းထည့်လိုက်လေသည်။
“အဲဒီကလေးတွေလည်း အတော်လေး ထိတ်လန့်သွားကြမှာပဲ၊ နင် သွားပြီး သူတို့ကို နှစ်သိမ့်ပေးလိုက်ပါဦး”
“ဒါဆိုရင်လည်း ကျွန်မ အားမနာတော့ဘူးနော်”
လီရှန်းက မငြင်းသာတော့သောကြောင့် ကြောင်နားရွက်မုန့်များကို ယူဆောင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့လေတော့၏။
ကွင်းပြင်ထဲတွင် ကလေးများက အတူ ဆော့ကစားနေကြဆဲ ဖြစ်သည်။
စုချန်က ကာတွန်းစာအုပ်ကို ကိုင်ဆောင်ပြီး ပန်းခြံကျောက်တုံးပေါ်တွင် ရပ်ကာ အလွန်ပင် စိတ်အားထက်သန်စွာဖြင့် ပုံပြင်ပြောပြနေခဲ့လေ၏။
လီရှန်းက လက်ထဲတွင် မုန့်ပန်းကန်ကို ကိုင်ထားရင်း ခေတ္တမျှ နားထောင်ကြည့်လိုက်လေသည်။
ထိုပုံပြင်မှာ လော်ယွီရှို့က နေ့လယ်ပိုင်းတွင် သူမကို ပြောပြခဲ့သည့် အကြောင်းအရာများနှင့် ထပ်တူကျနေသည်ကို အံ့ဩဖွယ်တွေ့ရှိလိုက်ရ၏။
သူက လော်ယွီရှို့ အမှတ်တမဲ့ ရှင်းပြခဲ့သော နက်နဲလွန်းသည့် အမှန်တရားများကိုပင် မှတ်မိနေခဲ့သည်။
သူက ရံဖန်ရံခါတွင် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပန်းခြံကျောက်တုံးပေါ်တွင် လမ်းလျှောက်ရင်း၊ ရင့်ကျက်ပုံရကာ အနည်းငယ် ရယ်စရာကောင်းသော လေသံဖြင့် အလေးအနက် ပြောဆိုနေခဲ့လေ၏။
လီရှန်းက သူတို့ကို မနှောင့်ယှက်ဘဲ သူတို့၏ သရုပ်ဆောင်မှုများကို တိတ်တဆိတ်သာ ကြည့်နေခဲ့၏။
နောက်ဆုံးတွင် စုကျွင့်က လီရှန်းကို အရင်ဆုံး မြင်သွားခဲ့ပြီး သူ၏ မျက်လုံးလေးများက တောက်ပသွားခဲ့သည်။
“တတိယအဒေါ်”
စုကျွင့်၏အသံကို ကြားရသည့်အချိန်တွင် စုချန်က သူ၏ပုံပြင်ပြောခြင်းကို ချက်ချင်းရပ်လိုက်လေသည်။
သူက ကျောက်တုံးပေါ်မှ ခုန်ချပြီး လီရှန်းထံသို့ အမြန်ပြေးလာခဲ့လေ၏။
ပြီးနောက် ခေါင်းမော့ကြည့်လိုက်ပြီး တောက်ပသော မျက်လုံးများဖြင့် မေးလိုက်လေသည်။
“အဒေါ်၊ လူဆိုးကို ဖမ်းမိသွားပြီလား”
“သူတို့ကို ဖမ်းမိသွားပြီ”
လီရှန်းက အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြပြီးနောက် မေးလိုက်လေသည်။
“မင်းတို့ အပေါ်ထပ်ကနေ ချောင်းမကြည့်ကြဘူးလား”
“လုံးဝ မကြည့်ပါဘူး”
စုချန်က လေးနက်သော အမူအရာဖြင့် နောက်ကျောကို ဆန့်လိုက်ပြီး ပြောလိုက်လေ၏။
“ကလေးတွေ မကြည့်သင့်တဲ့ မြင်ကွင်းမျိုးတွေရှိမှာစိုးလို့ အဒေါ်က ကျွန်တော်တို့ကို အခန်းထဲဝင်ခိုင်းတာကို ကျွန်တော် သိတာပေါ့”
အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်ခဲ့လေ၏။ ထိုလူက သေလုမျောပါး အပူလောင်ဒဏ်ရာ ရသွားခဲ့သည် မဟုတ်ပါလား။
သို့သော်လည်း...
သူတို့ကလေးတစ်သိုက်က အမှန်တကယ်ပင် လိမ်မာယဉ်ကျေးနေခဲ့ကြခြင်းတော့ မဟုတ်ပေ။
အမှန်စင်စစ် ရုပ်ပြစာအုပ်များကို အာရုံရောက်နေကြသောကြောင့်သာ မျက်တောင်မခတ်တမ်း ဖတ်ရှုနေကြခြင်းပင် ဖြစ်၏။
ပြတင်းပေါက်၏ အပြင်ဘက်မှ အော်ဟစ်သံများကို ခပ်သဲ့သဲ့ကြားနေရသော်လည်း သူတို့က ဆိုဖာပေါ်မှ ထ၍ အပြင်ဘက်သို့ သွားကြည့်ရန်အတွက် ဝန်လေးနေခဲ့ကြသည်။
ထို့အပြင် စုဝေ့မင်က စက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သည်ကိုလည်း သူတို့က သိထားကြလေ၏။
သူတို့၏ စိတ်ထဲတွင် ဒုတိယညွှန်ကြားရေးမှူးဟူသော ရာထူးက အတန်းပိုင်ဆရာနှင့်ပင် တူညီနေခဲ့သည်။
ထို့ကြောင့် သူ့ရှေ့တွင် မည်သူက လျှောက်ပြေးရဲကြပါမည်နည်း။
ယခု လီရှန်း ပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင်လည်း သူတို့အားလုံးက စိတ်ဝင်စားသွားကြသော်လည်း မည်သူကမျှ မမေးရဲကြပေ။
လီရှန်းနှင့် ရင်းနှီးပြီးသားဖြစ်သော စုချန်တစ်ယောက်သာလျှင် အားမနာတမ်း အလျှင်အမြန်ပင် အသေးစိတ်ကို မေးမြန်းလေတော့၏။
“အဒေါ်၊ အမြန်ပြောပြပါဦး၊ အဲဒီလူက ဘယ်သူလဲ၊ သူခိုးလား၊ အဒေါ်မာတို့အိမ်ကို ပစ္စည်းလာခိုးတာလား၊ အဲဒီသူခိုးကို ဘယ်သူက ဖမ်းလိုက်တာလဲ”
လီရှန်းကလည်း စကားကို လိုရင်းသာ ပြောလိုက်လေ၏။
သူမက သွေးထွက်သံယို တိုက်ခိုက်မှုများကို ကျော်သွားပြီးနောက် ဒုတိယညွှန်ကြားရေးမှူး လုတုန်းရှန်က သူခိုးကို မည်သို့ဉာဏ်ဆင်ဖမ်းလိုက်သည်ကိုသာ အဓိကထား၍ ပြောပြလိုက်လေသည်။
လီရှန်းက ထိုအကြောင်းအရာအားလုံးကို စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ပြောပြလိုက်၍ ကလေးများက အံ့အားသင့်သွားကြရ၏။
စုချန်၏ မျက်လုံးများကလည်း အံ့ဩမှုကြောင့် ဝိုင်းစက်သွားရလေသည်။
သူက မကျေမနပ်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိလေ၏။
“ကျွန်တော် ချောင်းကြည့်လိုက်ရမှာ”
သူက ညည်းတွားနေသည်ကို ကြားသည့်အချိန်တွင် လီရှန်းက သူ၏ပုခုံးကို ပုတ်ပေးလိုက်ပြီး ပြောလိုက်လေသည်။
“ကောင်းပြီ၊ အမြန် အိမ်ပြန်ကြတော့၊ ခဏနေရင် အဘွား ပြန်လာလိမ့်မယ်၊ ညစာကို ဘာစားချင်ကြလဲ၊ အဒေါ် လုပ်ပေးမယ်လေ”
စုချန်က စကားမပြောမီမှာပင် စုကျွင့်က အော်ပြောလိုက်လေ၏။
“ဆီချက်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ စားချင်တယ်”
စုချန်ကလည်း လီရှန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်လေသည်။
လီရှန်းတစ်ယောက် အနည်းငယ် အားနာသွားရလေ၏။
ဆီချက်ခေါက်ဆွဲက ပြုလုပ်ရသည်က လွယ်ကူသော်လည်း လက်ရှိတွင် နံရိုးများက ကုန်သွားပြီဖြစ်သည်။
“အသားမပါပဲ ပဲသီးနဲ့ပဲ လုပ်တဲ့ ဆီချက်ခေါက်ဆွဲပဲ ရမယ်နော်”
“ရပါတယ်၊ အဆင်ပြေပါတယ်”
အသားက အရသာရှိလွန်းသော်လည်း ထိုကလေးငယ်နှစ်ယောက်က အသားမပါသော ဘဝကို ကျင့်သားရနေခဲ့ကြသူများ ဖြစ်သည်။
သူတို့အတွက် နေ့လယ်စာကပင် နှစ်သစ်ကူးပွဲတော်ကဲ့သို့ ဖြစ်နေခဲ့၍ ညစာအတွက် အသီးအရွက် ဆီချက်ခေါက်ဆွဲကိုလည်း ကောင်းကောင်း လက်ခံနိုင်ကြ၏။
ကျန်ရှိနေသော ကလေးများက ဆီချက်ခေါက်ဆွဲဟူသည်ကို မသိကြသောကြောင့် မည်မျှအရသာရှိမည်ကို မခန့်မှန်းနိုင်ကြသော်လည်း သူတို့က လိမ်မာကြသူများဖြစ်၍ မမေးမြန်းခဲ့ကြလေပေ။
အိမ်သို့ ပြန်ရောက်မှသာ သူတို့၏ မိခင်များကို ဆီချက်ခေါက်ဆွဲအကြောင်းကို မေးမြန်းကြလေသည်။
“နင်တို့မျက်နှာကိုက ဆီချက်ခေါက်ဆွဲနဲ့တူနေတာ၊ ငယ်ငယ်လေးရှိသေးတယ်၊ စားချင်တာကို မှာတတ်နေပြီပေါ့လေ”
ထို့နောက် လူကြီးများ၏ ပြောဆိုခြင်းကို ခံလိုက်ရတော့သည်။
ထိုညတွင် စုမိသားစုက အသီးအရွက် ဆီချက်ခေါက်ဆွဲကို ထပ်မံ၍ စားခဲ့ကြရ၏။
*