← Chapters

အခန်း (၃၄၀)

Vol. 34 Ch. 340

အခန်း (၃၄၀)

Vol. 34 Ch. 340

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၄၀)

နန်းတော်မှ ပြန်လာသော ရထားလုံးပေါ်တွင် ဟန်ဖေးက ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။

"လက်အောက်ခံအရာရှိတစ်ယောက်အတွက် အရှင်မင်းကြီးက ဒီလောက်ထိ ဂရုစိုက်စရာ မလိုသလို ဒီလိုမျိုး ညွှန်ကြားချက်တွေ ပေးစရာလည်း မလိုဘူး။ အခုလေး​တင် အရှင်မင်းကြီးပြောတဲ့ စကားတွေက သူနဲ့ အနီးကပ်ဆုံး လူတစ်ယောက်ကို ကျေးဇူးတင်ခိုင်းနေသလိုပဲ။ မဟုတ်မှ ကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ သားတော်ဖြစ်နေမလား။ " ဟန်ဖေးက စိတ်ထဲမှ အံ့အားသင့်စွာ တွေးလိုက်သော်လည်း ခေါင်းခါလိုက်သည်။

" ငါ တကယ်ပဲ အတွေးလွန်သွားတယိ။ ဒီဖြစ်နိုင်ခြေကို ငါ ဘယ်လိုလုပ်တွေးမိသွားတာလဲ။ " ဟန်ဖေးက သူ့ကိုသူ လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်သည်။

" ဒါက ကျောက်ဖုန်းအပေါ် အရှင်မင်းကြီးရဲ့ အလေးထားမှုပဲ ဖြစ်မှာပါ။ လင်အောက်ခံတစ်ယောက်က ဒီလောက် အလေးထားခံရတာ တကယ် ထူးခြားတဲ့ကိစ္စပဲ။ ဟုတ်သားပဲ ကျောက်ဖုန်းက မကြာသေးခင်က သားတစ်ယောက် ထပ်ရတယ်လို့ ကြားတယ်။ ငါ သူ့စံအိမ်ကို သွားလည်ဦးမှပါ။ "

" ကျောက်စံအိမ်ကို သွားမယ်။ " ဟန်ဖေးက ရထားလှည်းမောင်းသူကို ပြောလိုက်သည်။

" သခင် စစ်သေနာပတိချုပ်ရဲ့ စံအိမ်ကို ပြောတာလား။ " ရထားလှည်းမောင်းသူက မေးလိုက်သည်။

" ငါနဲ့ ရင်းနှီးတဲ့သူက စစ်သေနာပတိချုပ်ကျောက်ဖုန်းကလွဲရင် အခြားဘယ်သူရှိသေးလို့လဲ။ " ဟန်ဖေးက ဒေါသနှင့် ​ပြောလိုက်သည်။

" နားလည်ပါပြီ။ " ရထားလှည်းမောင်းသူက ပြန်ပြောလိုက်ပြီး ကျောက်စံအိမ်သို့ မောင်းနှင်သွားသည်။

ကျောက်စံအိမ်။

" ယန်အာ၊ ဝူယန် လာ ဒါတွေက သွေးနဲ့ချီကို အားဖြည့်ပေးတဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေပဲ။ စားလိုက်ကြ။ ဒါဆို မင်းတို့ရဲ့ ခန္ဓာကိုယ်က မြန်မြန်ပြန်ကောင်းလာလိမ့်မယ်။ "ကျောက်ဖုန်းက ဆေးလုံးနှစ်လုံးကို ထုတ်ပြီး ဝမ်ယန်နှင့် ဝူယန်တို့ကို ပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ် ယောကျာ်း။ " သူတို့နှစ်ယောက်ပ ဆေးလုံးများကို ယူပြီး သောက်လိုက်ကြသည်။

ဆေးလုံးများက သန့်စင်သော စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားသည်။ ၎င်းက စစ်မှန်သော စိတ်ဝိညာဉ်ဆေးလုံးဖြစ်သည်။

" ယောကျာ်း ဖော်စပ်ထားတဲ့ ဆေးလုံးတွေက တကယ်ကို စွမ်းအားကြီးတာပဲ။ ကျွန်​မ ယန်နန်းတော်မှာတုန်းက စိတ်ဝိညာဉ်ဆေးလုံးတွေ စားဖူးပေမယ့် ယောကျာ်းဆေးလုံးလောက် မကောင်းဘူး။ "ဝူယန်က လေးစားစွာ ပြောလိုက်သည်။

" အဲ့ဒါက ဆေးဖော်စပ်သူတွေ ဖော်စပ်ထားတဲ့ အဆိပ်ဆေးလုံးတွေပဲ။ ငါ ဖော်စပ်တာက စစ်မှန်တဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ယောကျာ်းက တကယ်ကို ထူးချွန်တယ်။ " ဝမ်ယန်ကလည်း နူးညံ့စွာ ပြောလိုက်သည်။

" အစက မင်းတို့ ပြန်ကောင်းလာဖို့ တစ်လလောက် အနားယူရမှာ။ အခု စိတ်ဝိညာဉ်ဆေးလုံးတွေကြောင့် ရက်အနည်းငယ်အတွင်းမှာ အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်။ ပြီးရင် ရှချူးကို ပြန်ကြမယ်။ " ကျောက်ဖုန်းက အမျိုးသမီးနှစ်ယောက်ကို ပြောလိုက်သည်။

" အင်း အမေကို မတွေ့ရတာ အတော်ကြာသွားပြီ။ " ဝမ်ယန်က လွမ်းဆွတ်နေသော အမူအရာဖြင့် ပြောလိုက်သည်။

" ကျွန်​မကို ခေါ်သွားဖို့ သဘောတူတဲ့အတွက ကျေးဇူးတင်ပါတယ်။ " ဝူယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" မင်းက ကိုယ်လုပ်တော်ဆိုပေမယ့် ငါ့အတွက် သမီးတစ်ယောက် မွေးပေးခဲ့တာဆိုတော့ အဲ့ဒါက လုံလောက်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျောက်ဖုန်း၏ စစ်မှန်သော စိတ်သဘောထားကို မြင်လိုက်ရသောကြောင့် ဝူယန်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ " ယောကျာ်း ကျွန်မ ဖုံးကွယ်ထားတာ တစ်ခုရှိတယ်။ ယန်နိုင်ငံက ထွက်လာတုန်းက ခမည်းတော် မှာလိုက်တဲ့ ကိစ္စပါ။ "

" ပြောပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ သူက ထိုအရာကို ကြိုသိနေသကဲ့သို့ သူ၏ မျက်လုံးများထဲတွင် နှစ်သိမ့်သော အရိပ်အယောင်များ ပေါ်လာသည်။

"ခမည်းတော်က ချင်က ယန်ကို လာတိုက်ခိုက်ရင် ကျွန်​မကို ယောကျာ်းကို လုပ်ကြံခိုင်းခဲ့တယ်။ ဒါပေမယ့် ယောကျာ်းက ကျွန်မကို ဒီလောက်ကောင်းနေတော့ ကျွန်မ ဘယ်လိုလုပ်လုပ်ရဲမှာလဲ။ " ဝူယန်က ခေါင်းငုံ့ပြီး ပြောလိုက်သည်။

" ဒီကိစ္စကို ငါအရင်ကတည်းက သိပြီးသားပါ။ ဒါပေမယ့် မင်းရဲ့ ရင်ထဲက စကားကိုပဲ စောင့်နေခဲ့တာ။ မင်းအနားမှာရှိတဲ့ အစေခံတွေက ယန်ဘုရင်ရဲ့ သူလျိုတွေပဲ။ ဒါကိုလည်း ငါအရင်ကတည်းက သိတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ယောကျာ်း ကျွန် ကျွန်မ...." ဝူယန်က မျက်လုံးများ ပြူးကျယ်သွားသည်။

" မင်းပြောပြီးပြီဆိုတော့ မင်းက အခုကစပြီး ငါ ကျောက်ဖုန်းရဲ့ လူပဲ။ ယန်ဘုရင်က မင်းရဲ့ မိခင်ကို အသုံးချပြီး မင်းကို လုပ်ကြံခိုင်းတာ။ မင်း အဲ့ဒီအတွက် စိုးရိမ်စရာမလိုဘူး။ " ကျောက်ဖုန်းက နူးညံ့စွာ ပြောပြီး လက်ဝေ့ရမ်းလိုက်သည်။

ကျန်းမင်က ချက်ချင်း နားလည်သွားသည်။

" သူတို့ကို ဖမ်းလိုက်။ " ကျန်းမင်က အေးစက်စွာ အမိန့်ပေးလိုက်ပြီး ကိုယ်ရံတော်များက ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

ဝူယန်၏ နောက်မှ ကြောက်လန့်နေသော အစေခံမိန်းကလေးများကို ချက်ချင်း ဖမ်းဆီးလိုက်သည်။ ထို့နောက် ဝူယန်၏ အိပ်ဆောင်အတွင်းမှ အစေခံအားလုံးကိုလည်း ဖမ်းဆီးလိုက်သည်။ မကြာမီ အစေခံဆယ်ယောက်ကျော်က ကျောက်ဖုန်း၏ ရှေ့တွင် ဒူးထောက်လျက် ရှိနေကြသည်။

" သခင်ကြီး ကျွန်မတို့က အပြစ်မရှိပါဘူး။ "

" သခင်ကြီး ကျွန်မတို့ ဘာအပြစ်လုပ်မိလို့လဲ။ "

" ယန်နိုင်ငံရဲ့ သူလျိုတွေ စံအိမ်က ကိစ္စတွေ၊ ချင်နိုင်ငံရဲ့ အခြေအနေတွေနဲ့ ငါ့အကြောင်းတွေကို ယန်နိုင်ငံဆီ သတင်းပို့နေတာ ငါမသိဘူးလို့ မင်းတို့ထင်နေတာလား။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ အစေခံအားလုံးက အလွန်ထိတ်လန့်သွားကြသည်။

"ယန်ဘုရင်က တကယ်မိုက်မဲတာပဲ။ အစေခံတွေထဲမှာ အပြစ်ကင်းတဲ့သူ တစ်ယောက်မှမရှိဘူး။အားလုံးက သူလျိုတွေပဲ။ " ကျောက်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။

" သူတို့ကို ရှင်းပစ်လိုက်။ " ကျောက်ဖုန်းက အေစစက်စွာ အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က တွန့်ဆုတ်ခြင်းမရှိဘဲ ကိုယ်ရံတော်များနှင့်အတူ အစေခံများကို အပြင်သို့ ခေါ်ထုတ်သွားသည်။ သူတို့အတွက် စောင့်ကြိုနေသည်မှာ သေခြင်းပင် ဖြစ်သည်။

" အိမ်တော်ထိန်း စတုတ္ထသခင်မအတ်ိက် အစေခံအသစ်တွေ စီစဉ်ပေးလိုက်ပါ။ " ကျောက်ဖုန်းက အိမ်တော်ထိန်းကို ပြောလိုက်သည်။

" ဟုတ်ကဲ့။ " အိမ်တော်ထိန်းက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

" ပြီးတော့ ခရီးသွားဖို့ အိတ်တွေလည်း ပြင်ထားလိုက်။ နောက်ရက်အနည်းငယ်ကြာရင် ရှချူးကို ထွက်ခွာမယ်။ " ကျောက်ဖုန်းက ထပ်ပြောလိုက်သည်။

" ဟုတ်ကဲ့။ "အိမ်တော်ထိန်းက ပြန်ပြောလိုက်သည်။

" သခင်ကြီး ဝန်ကြီးဟန်ဖေးက အပြင်မှာ တွေ့ခွင့်တောင်းနေပါတယ်။ " အစေခံတစ်ယောက်က လာပြီး ပြောလိုက်သည်။

" သူ့ကို ခန်းမဆီ ခေါ်ခဲ့လိုက်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

မကြာမီ ဟန်ဖေးက ခန်းမထဲတွင် ထိုင်၍ လက်ဖက်ရည်သောက်နေပြီး သူ၏ ဘေးတွင် လက်ဆောင်သေတ္တာအချို့ ရှိနေသည်။

" ဟေ့ ဒါက အကိုဟန်မဟုတ်လား။ " ကျောက်ဖုန်းက ပြုံး၍ စနောက်လိုက်သည်။

" အခု စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ ရှေ့မှာ ထိုင်နေတာက ချင်နိုင်ငံရဲ့ ဝန်ကြီးကိုးပါးထဲက တစ်ယောက်ပါ။ " ဟန်ဖေးက ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

" ဝန်ကြီးကိုးပါးတဲ့လား။ အထင်ကြီးစရာပဲ။ ဂုဏ်ပြုပွဲတစ်ခုခု လုပ်သင့်တယ်မဟုတ်လား။ "​ ကျောက်ဖုန်းက ပြောလိုက်ပြီး ဟန်ဖေး၏ ဘေးတွင် ထိုင်လိုက်သည်။

" ဂုဏ်ပြုပွဲမ​လိုပါဘူး။ မင်းငါ့ကို ဝိုင်တစ်ခွက်အကြွေးတင်နေသေးတယ်လေ။ ဒီနေ့ အဲ့ဒါကို လာတောင်းတာပဲ။ ပြီးတော့ မင်းက ကလေးနှစ်ယောက် ရသွားပြီဆိုလို့ ငါ လက်ဆောင်ပေးဖို့ လာခဲ့တာပဲ။ " ဟန်ဖေးက လက်ဆောင်အချို့ကို ညွှန်ပြပြီး ပြောလိုက်သည်။

" ကျေးဇူးပဲ။ " ကျောက်ဖုန်းက ကျေးဇူးတင်စကား ပြောလိုက်သည်။

" ကျေးဇူးတင်ဖို့မလိုဘူး။ ဒီည အင်မောတယ်ဝိုင်ခန်းမမှာ မင်းက ဧည့်ခံရမယ်။ " ဟန်ဖေးက ရယ်ပြီး ပြောလိုက်သည်။

" ငါ့အိမ်ကို လာလည်တဲ့ ပထမဆုံး ဝန်ကြီးကိုးပါးထဲက တစ်ယောက်အနေနဲ့ ကောင်းကောင်းဧည့်ခံပေးရမှာပေါ့။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" ကောင်းပြီ။ ငါ ဒီနေ့ အင်မော်တယ်ဝိုင်ခန်းမရဲ့ အကောင်းဆုံးဝိုင်ကို သောက်ချင်တယ်။ " ဟန်ဖေးက ရယ်မောလိုက်သည်။

" သေချာတာပေါ့။ စိတ်ကြိုက်သောက်နိုင်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

အင်မော်တယ်ဝိုင်ခန်းမက သူပိုင်ဆိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်ယာ အခြားသူများ အကောင်းဆုံးဝိုင်ကို မသောက်နိုင်သော်လည်း သူက တိတ်တဆိတ် အမိန့်ပေးလိုက်ရုံသာ လိုအပ်သည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။ ရှချူးခရိုင်က ယခင်ထက် ပို၍ စည်ကားလာခဲ့သည်။ ရှရွာတစ်ခုလုံးက ရွာအဆင့်မှ မြို့ပြအဆင့်သို့ ပြောင်းလဲသွားပြီဖြစ်ပြီး ခရိုင်မြို့တော်ဟုပင် ခေါ်ဆိုနိုင်သည်။ ၎င်းက ကျောက်ဖုန်းကြောင့်ပင်ဖြစ်သည်။ မြို့အပြင်ဘက်တွင် အုတ်ကျောက်များဖြင့် ဆောက်လုပ်ထားသော တံခါးတစ်ခုပင် ရှိနေသည်။ တံခါးပေါ်​တွင်တော့ ရှရွာဟုသာ ရေးထားပြီး အောက်တွင် စစ်သေနာပတိချုပ် ကျောက်ဖုန်း၏ ဇာတိမြေဟုလည်း ရေးသညးထားသည်။

" ငါ ထွက်သွာတာ ခဏလေးပဲရှိသေးတယ်။ အတော်ပြောင်းလဲသွားတာပဲ။ " ကျောက်ဖုန်းက မြို့ပြင်သို့ ရောက်လာသောအခါ ကြီးမားသော တံခါးကြီးကို ကြည့်ပြီး အံ့အားသင့်သွားသည်။

" အရှင်ရဲ့ ဂုဏ်သတင်းက နေရာအနှံ့ပျံ့နှံ့နေတော့ အရှင်ရဲ့ ဇာတိမြေမှာ အပြောင်းအလဲတွေ ဖြစ်လာတာ သဘာဝပါပဲ။ " ကျန်းမင်က ရယ်ပြီး ပြောလိုက်သည်။

" မှန်တယ်။ လူတစ်ယောက် အောင်မြင်သွားရင် သူရဲ့ အပေါင်းအပါတွေပါ မြင့်တက်လာတယ်။ ဒါက ချင်နိုင်ငံရဲ့ အသက်အငယ်ဆုံး စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ ဇာ​တိမြေဖြစ်လို့ အဆင့်အတန်း မြင့်မားလာတာပေါ့။ " ဟန်ချန်းယန်က ပြောလိုက်သည်။

ကိုယ်ရံတော်တပ်ဖွဲ့က ထပ်မံတိုးချဲ့သွားသည့်အတွက် ယခုအခါ ကျောက်ဖုန်း၏ ကိုယ်ရံတော်များက နှစ်ထောင်ရှိနေပြီဖြစ်သည်။ တစ်ယောက်ချင်းစီက လူဆယ်ယောက်ကို ရင်ဆိုင်နိုင်ပြီး ကျောက်ဖုန်း ပါဝင်စရာမလိုဘဲ ထိုကိုယ်ရံတော်နှစ်ထောင်က ရှန်းယန်မြို့ထဲမှ ဖောက်ထွက်နိုင်သည်။ ၎င်းက ကိုယ်ရံတော်တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားကို ပြသနေသည်။

" သွားကြစို့။ ခရီးပန်းလာတော့ စံအိမ်ကို ပြန်ပြီး အနားယူကြမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကိုယ်ရံတော်နှစ်ထောင်က ကျောက်ဖုန်း၏ နောက်မှ လိုက်ပါသွားကြပြီး သူတို့နောက်တွင် ရထားလုံးအချို့ ရှိနေသည်။ သူတို့က ကျောက်ဖုန်း၏ မိသားစုဝင်များပင် ဖြစ်သည်။

All Chapters