အခန်း (၃၃၂)
Vol. 34 Ch. 332
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၃၂)
ချင်နိုင်ငံ၊ ရှန်းယန်မြို့တော်။
ကိုယ်ရံတော်တစ်ထောင်က မြင်းများဖြင့် စီးနင်းလိုက်ပါလာကြသည်။ ဦးဆောင်လာသော စစ်သေနာပတိချုပ်ထံမှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေသည်။ ကိုယ်ရံတော်မျ၏ နောက်တွင် ရာဇဝတ်သားလှည် ဆယ်စီးကျော်က မြို့အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
လက်ရှိအချိန်တွင် မြို့တံခါးကို ရှင်းလင်းထားခဲ့ပြီဖြစ်သည်။ လမ်းမ၏ ဘေးနှစ်ဖက်တွင် ပြည်သူများစွာ ရှိနေကြသည်။
" စစ်သေနာပတိချုပ် ကျောက်ဖုန်း ပြန်လာပြီ။ တကယ်ကို သူရဲကောင်းပဲ။ "
" ဝေနိုင်ငံကို ဖျက်ဆီးဖို့အတွက် နှစ်ဝက်ပဲ ကြာခဲ့တယ်။ စစ်သေနာပတိချုပ်ကျောက်ဖုန်းတစ်ယောက်ပဲ ဒါကို စွမ်းဆောင်နိုင်လိမ့်မယ်။ "
" ကြည့်လိုက်။ စစ်သေနာပတိချုပ်ကျောက်ဖုန်းနောက်က ရာဇဝတ်သားလှည်းတွေပေါ်က သုံ့ပန်းတွေက ဝေနိုင်ငံရဲ့ ဝန်ကြီးတွေဖြစ်လိမ့်မယ်။ "
" ဟိုမှာ ဝေဘုရင်ပဲ။ ဘုရင်ဝတ်ရုံကို ဝတ်ဆင်ထားတုန်းပဲ။ ဘုရင်တစ်ပါးအနေနဲ့ လက်နက်ချတာ တကယ်ကို အရှက်ရစရာပဲ။ တကယ်လို့ ရန်သူတွေက ချင်မြို့တော်ကို ထိုးဖောက်လာခဲ့ရင် ငါကတော့ ရန်သူတွေနဲ့အတူ အသေခံလိုက်မယ်။ "
" မှန်တယ်။ ချင်လူမျိုးတွေက ဘယ်တော့မှ အရှက်ကွဲပြီး အသက်မရှင်ဘူး။ "
လမ်းဘေးနှစ်ဖက်တွင် ပြည်သူများက စကားများ ပြောဆိုဆွေးနွေးနေကြသည်။ ချင်ပြည်သူများအတွက် နိုင်ငံက ပိုမိုအားကောင်းလေ သူတို့က ပိုမိုဂုဏ်ယူရလေဖြစ်သည်။ ၎င်းကို ချင်မျိုးဆက်ဟောင်းများ၏ သွေးမျိုးဆက်နှင့် စိတ်ဝိညာဉ်ကို အမွေဆက်ခံထားသူများသာ နားလည်နိုင်သည်။
ကျောက်ဖုန်းက မြင်းကို ဖြည်းညင်းစွာ စီးနှင်ရင်း တော်ဝင်နန်းတော်သို့ ရောက်ရှိလာသည်။ ညီလာခံခန်းမ၏ အပြင်ဘက်တွင် ရင်ကျန့်က ဘုရင်ဝတ်ရုံနှင့် သရဖူကို ဆောင်းလျက် ထိပ်ဆုံးတွင် ရပ်နေခဲ့သည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက လှေကား၏ ဘေးနှစ်ဖက်တွင် ရပ်နေကြသည်။
" နန်းတော်ထဲကို မြင်းစီးပြီး ပြန်လာခွင့်ရတာက စစ်ဘက်အရာရှိတစ်ယောက်ရဲ့ အကြီးမားဆုံး ဂုဏ်သိက္ခာပဲ။ "
" စစ်သေနာပတိချုပ်ကျောက်ဖုန်အပေါ် အရှင်မင်းကြီး ထားရှိတဲ့ ဂရုဏာတော်ကတော့ အနှိုင်းမဲ့ပါပဲ။ "
အရာရှိများ၏ စောင့်ကြည့်မှုအောက်တွင် ကျောက်ဖုန်းက ရင်ပြင်ထဲသို့ မြင်းစီး၍ ဝင်ရောက်လာသည်။
" ဖုန်းအာ " ရင်ကျန့်က ထိုပုံရိပ်ကို နူးညံ့စွာ စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ဖော်ပြမရနိုင်သော စိတ်သက်သာရာရမှုများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်က သူက သူ၏ သားတော်များအပေါ်တွင် မျှော်လင့်ချက်များထားရှိခဲ့သည်။ သို့သော် ပို၍ မျှော်လင့်လေ ပို၍ စိတ်ပျက်ရလေဖြစ်သည်။
သို့သော် ယခုအခါ ရင်ကျန့်အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ သူက သူနှင့် ယှဉ်နိုင်သော သားတစ်ယောက်ရှိနေပြီဖြစ်ပြီး ထိုသားကလည်း သူ၏ အချစ်ဆုံး ဇနီးမှ မွေးဖွားလာခြင်းဖြစ်သည်။ ထိုမျှ ထက်မြက်သော သားတစ်ယောက်ရှိရုံနှင့် သူအတွက် လုံလောက်နေပြီဖြစ်သည်။ ကျင့်သုံးနိုင်ငံကျဆုံးသွားခြင်းက သူ၏ သားနှင့် သက်ဆိုင်နေသည်။
" ဒါက သေချာသလောက်ဖြစ်နေပြီ။ ယင်ပုရဲ့ တင်ပြချက်အရ ငါ့ယောက္ခမရဲ့ မှုန်မှိုင်းနေတဲ့ အမူအရာအောက်မှာ အခြားအကြောင်းရင်းတစ်ခု ရှိနေလောက်တယ်။ မဟုတ်ရင် ချင်ဘုရင်က ငါကို ဒီလောက်အထိ ဂုဏ်ပြုမှာမဟုတ်ဘူး။ "
လှေကားနားသို့ ရောက်သောအခါ ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းလိုက်သည်။ ကိုယ်ရံတော်တစ်ယောက်က မြင်းကို လာရာက်ယူဆောင်သွားသည်။
" မြို့တော်ကို အောင်ပွဲနဲ့ ပြန်လာတဲ့အတွက် စစ်သေနာပတိချုပ်ကျောက်ဖုန်းကို ကြိုဆိုပါတယ်။ " အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအရာရှိများက အော်ဟစ်ပြီး အရိုအသေ ပေးလိုက်သည်။ ဖုစုနှင့် ဟူဟိုက်တို့ကလည်း အလားတူ လုပ်ဆောင်ခဲ့ကြသည်။
" ကျောက်ဖုန်း တကယ်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ။ " ဖုစုက ကျောက်ဖုန်းကို ကြည့်ပြီး မတွေးဘဲ မနေနိုင်ပေ။
" ခမည်းတော်ရဲ့ ဒီလိုမျက်နှာသာပေးမှုနဲ့ ကျောက်ဖုန်းသာ ငါကို ထောက်ခံရင် အိမ်ရှေ့စံနေရာက ငါ့အတွက် သေချာသလောက်ပဲ။ အခုဆိုရင် ဖုစုရဲ့ လူတွေက သူကို ဆန့်ကျင်ထားကြပြီဆိုတော့ ဒါက ငါ့အတွက် အခွင့်အရးပဲ။ " ဟူဟိုက်က ကျောက်ဖုန်းကို စည်းရုံးရန် စဉ်းစားနေခဲ့သည်။
အရာရှိများ၏ ကြိုဆိုမှုအောက်တွင် ကျောက်ဖုန်းက လှေကားထစ်များအတိုင်း ဖြည်းညင်းစွာ တက်လာခဲ့သည်။ ရင်ကျန့်၏ ရှေ့သို့ ရောက်သောအခါ သူက လေးနက်စွာ ဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "
" ထပါ။ " ရင်ကျန့်က ပြုံး၍ လက်မြှောက်ပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ကျောက်ဖုန်က နောက်သို့လှည့်လိုက်သည်။ " ဝေဘုရင်ကို ခေါ်ခဲ့စမ်း။ "
ကျန်းမင်နှင့် ကိုယ်ရံတော်အချို့က ဝေဘုရင်ကို ခေါ်ဆောင်လာကြသည်။ ဝေဘုရင်က စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားသည်။ ထိုအထဲတွင် ဝေနိုင်ငံ၏ တော်ဝင်တံဆိပ်တုံးနှင့် မြေပုံတို့ ပါဝင်နေပုံရသည်။ ဝေဘုရင်က ဖြည်းညင်းစွာ လျှောက်လာပြီး လှေကားထစ်များအောက်သို့ ရောက်သောအခါ ဒူးထောက်ချလိုက်သည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "
" အင်း " ရင်ကျန့်က ရှေ့သို့ တိုးလာပြီး ဝေဘုရင်ကို ငုံ့ကြည့်လိုက်သည်။
" ကျွန်တော်မျိုးက နိုင်ငံတစ်ခုလုံးကို လိုလိုလားလားနဲ့ အညံ့ခံပါတယ်။ ဒီနေ့ကစပြီး ဝေနိုင်ငံဆိုတာ မရှိတော့ပါဘူး။ ချင်နိုင်ငံထဲကို ပေါင်းစည်းသွားပါပြီ။ ဒါက ကျွန်တော်မျိုး ဝေနိုင်ငံရဲ့ တော်ဝင်တံဆိပ်တုံးနဲ့ နယ်မြေမြေပုံပါ။ အရှင်မင်းကြီး လက်ခံပေးပါ။ " ဝေဘုရင်က သေတ္တာကို ဖွင့်လိုက်သည်။
" မင်းရဲ့ အညံ့ခံမှုကို ငါလက်ခံတယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဝေဘုရင်က နောက်တစ်ကြိမ် ဦးညွှတ်လိုက်သော်လည်း သူက ရင်ကျန့်ကို စိုးရိမ်တကြီး ကြည့်နေဆဲဖြစ်သည်။
" ဝေဘုရင်က ချင်နိုင်ငံကို လက်နက်ချခဲ့တယ်။ စစ်သည်တွေ ထိပ်တိုက်ရင်ဆိုင်ရမှာကို ရှောင်လွှဲနိုင်ခဲ့သလို နောက်ထပ်သတ်ဖြတ်မှုတွေ မဖြစ်အောင်လည်း တားဆီးနိုင်ခဲ့တယ်။ ဒါက အောင်မြင်မှုတစ်ခုပဲ။ ငါက ဝေဘုရင်ကို ချင်နိုင်ငံမှာ ကောင်းကောင်းမွန်မွန် ထားရှိမှာဖြစ်ပြီး သူရဲ့ အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ နေထိုင်စရာ အားလုံးကို စီစဉ်ပေးမယ်။ ဘိုးဘေးခန်းမကိုလည်း ဆောက်လုပ်ခွင့်ပြုပြီး မင်းတို့ ဝေမိသားစုရဲ့ ပူဇော်မှုတွေကို ဆက်လက်ထိန်းသိမ်းခွင့်ပြုမယ်။ ရှန်းယန်မြို့အတွင်းမှာ ဝေဘုရင်က ဘယ်နေရာမဆို သွားခွင့်ရှိတယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝေဘုရင်က စိတ်လှုပ်ရှားသွားခဲ့ပြီး လေးနက်စွာ ဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ "
ထိုအရာကို ဟန်ဘုရင်နှင့် ကျောက်ဘုရင်တို့ မရရှိခဲ့ကြပေ။ ချင်နိုင်ငံက ဝေနိုင်ငံကို မတိုက်ခိုက်မီကတည်းက ဝေဘုရင်က ဟန်ဘုရင်နှင့် ကျောက်ဘုရင်တို့၏ အခြေအနေများကို စုံစမ်းခဲ့သည်။ ချင်နိုင်ငံ၏ ဖမ်းဆီးခြင်း ခံထားရပြီးနောက် သူတို့က ရှန်းယန်မြို့တွင် အကျဉ်းချခံထားရပြီး ထွက်ခွာခွင့်မရှိခဲ့ပေ။ အထူးသဖြင့် ကျောက်ဘုရင်က အမှောင်အကျဉ်းထောင်တွင် ပိတ်လှောင်ခြင်း ခံထားခဲ့ရသည်။
သို့သော် သူကမူ ထောက်ပံ့မူများကို ရရှိရုံသာမက ဘိုးဘေးခန်းမကို ထိန်းသိမ်းခွင့်ရှိပြီး ရှန်းယန်မြို့အတွင်း လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်သည်။ ထိုအရာက ဟန်ဘုရင်နှင့် ကျောက်ဘုရင်တို့ အိမ်မက်ပင် မမက်ဖူးသောအရာဖြစ်သည်။ သူက ရှန်းယန်မြို့တွင် ရှိနေသရွေ့ သူဌေးကြီးတစ်ယောက်ကဲ့သို့ နေထိုင်သွားရမည်ဖြစ်သည်။ ထိုရလဒ်က ဝေဘုရင်ကို အလွန်စိတ်လှုပ်ရှားသွားစေခဲ့သည်။
ရင်ကျန့်၏ ဆုံးဖြတ်ချက်များနှင့် ပက်သက်၍ ဝန်ကြီးများက ကန့်ကွက်ခြင်းမပြုကြပေ။
" ဝန်ကြီးချုပ်ဝမ် ဝေဘုရင်နဲ့ သူ့ရဲ့ မိသားစုအတွက် နေအိမ်တစ်လုံး စီစဉ်ပေးလိုက်ပါ။ ပြီးတော့ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ကိုယ်ရံတော်တစ်ရာကို စေလွှတ်လိုက်ပါ။ " ရင်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝမ်ဝမ်က ဦးညွှတ်ပြီး ပြောလိုက်သည်။
နန်းတွင်းကိုယ်ရံတော်များက ဝေဘုရင်ကို ခေါ်ဆောင်သွားကြပြီး နိုင်ငံတော်တံဆိပ်တုံးနှင့် မြေပုံတို့ကို ယူဆောင်သွားကြသည်။ ထို့နောက် ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" ကျောက်ဖုနး ငါနဲ့အတူ ခန်းမထဲ လိုက်ခဲ့။ " ရင်ကျန့်က ရှေ့သို့ လျှောက်လာပြီး ကျောက်ဖုန်း၏ လက်ကို ဆွဲကာ ခန်းမထဲသို့ ဆွဲခေါ်သွားသည်။
အရာရှိများကလည်း စနစ်တကျဖြင့် ခန်းမအတွင်းသို့ ဝင်ရောက်သွားကြသည်။
ရင်ကျန့်က ပလ္လင်ရှေ့သို့ ရောက်သောအခါ ချက်ချင်း မထိုင်သေးဘဲ ရှေ့မှ ဝန်ကြီးများကို ကြည့်လိုက်သည်။
" ဝန်ကြီးတို့ ကျောက်ဖုန်းက ဝေနိုင်ငံကို ချေမှုန်းပြီး အောင်ပွဲနဲ့ ပြန်လာခဲ့တယ်။ ဒါက ငါ့အတွက် ဝမ်းသာစရာဖြစ်သလို ချင်နိုင်ငံအတွက်လည်း ဝမ်းသာစရာပဲ။ ဒီနေ့ကစပြီး ကျင့်သုံးနိုင်ငံက ချင်နိုင်ငံထဲ ရောက်သွားပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျောက်ကောင်း အမိန့်တော်ကို ကြေညာလိုက်။ "
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများရ ထိတ်လန့်သွားကြပြီး သူတို့၏ အမူအရာများက နားမလည်နိုင်ဖြစ်သွားကြသည်။
" ကျောက်ဖုန်းအတွက် နောက်ထပ်ဆုလာဘ်တွေ ရှိသေးတာလား။ "
ကျောက်ဖုန်းက ဆုလာဘ်အဖြစ် ဘွဲ့ထူးနှစ်ခုကို ရရှိထားခဲ့ပြီးဖြစ်သည်။ ဝန်ကြီးများ၏ စောင့်ကြည့်မှုအောက်တွင် ကျောက်ကောင်းက တော်ဝင်အမိန့်တော်ကို ဖွင့်လိုက်သည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော် ဝုအန်းစခန်းရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက ထူးချွန်တဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်ခဲ့တယ်။ ကျောက်ဖုန်းက ချင်နိုင်ငံရဲ့ နယ်မြေချဲ့ထွင်မှုအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေကို ပြုလုပ်ခဲ့တယ်။ ကျောက်ဖုန်းကို ညီလာခံကို အလျင်မလိုပဲ တက်ရောက်ခွင့်၊ နာမည်ကို ခေါ်ဆိုခြင်းမပြုဘဲ အရိုအသေပြုခွင့်နဲ့ ဓားကိုင် ဖိနပ်စီးပြီး ခန်းမထဲကို ဝင်ရောက်ခွင့်ပြုလိုက်တယ်။ "
ခန်းမတစ်ခုလုံးက ထိတ်လန့်တုန်လှုပ်သွားကြပြီး ကျောက်ဖုန်းကို ကြည့်ပြီး ရင်ကျန့်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။