အခန်း (၃၃၃)
Vol. 34 Ch. 333
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၃၃)
ဤခေတ်ကာလတွင် အရပ်ဘက်အရာရှိဖြစ်စေ စစ်ဘက်အရာရှိဖြစ်စေ လူတိုင်းက ဓားများကို သယ်ဆောင်ထားကြသည်။ သို့သော် ညီလာခံခန်းမအတွင်းသို့ ဝင်ရောက်ရာတွင် ခန်းမတံခါးဝမှ ကိုယ်ရံတော်များက ရှာဖွေကြမည်ဖြစ်ပြီး လက်နက်များ သယ်ဆောင်ခွင့်မရှိသကဲ့သို့ ဖိနပ်များလည်း စီးနင်းခွင့်မရှိပေ။ ခန်းမ၏ အပြင်ဘက်တွင် ဓားများထားရန်အတွက် စင်များ ရှိနေသည်။ ဖိနပ်များကိုလည်း သတ်မှတ်ထားသော အစောင့်များက ထိန်းသိန်းပေးထားသည်။
ကျောက်ဖုန်းက ခန်းမအတွင်း ဖိနပ်ချွတ်ရန် မလိုသည့်အပြင် သူ၏ ဓားကို သယ်ဆောင်ပြီး ခန်းမအတွင်းသို့ ဝင်ရောက်ခွင့်ရှိမည်ဖြစ်သည်။ ထိုသို့သော ဂုဏ်ဒြပ်မျိုးကို ကျောက်ဖုန်းမှလွဲ၍ ဘယ်သူမှမရရှိပေ။ ခန်းမအတွင်းရှိ ဝန်ကြီးများက မှင်သက်နေကြသည်။ ထိုသို့သော အာဏာမျိုးကို ချီးမြှင့်ခြင်းက ကျောက်ဖုန်းအပေါ် ချင်ဘုရင်၏ ယုံကြည်မှုကို သက်သေပြနေသည်။
ခန်းမအတွင်း လက်နက်သယ်ဆောင်လာခြင်းက ဘုရင်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ကျောက်ဖုန်းက အတွေ့အကြုံရှိသော စစ်သေနာပတိချုပ်ဖြစ်နေခြင်းဖြစ်သည်။ သူ၏ ဓားအောက်တွင် သေဆုံးခဲ့ရသူ မရေတွက်နိုင်ပေ။ အကယ်၍ ကျောက်ဖုန်းသာ ချင်ဘုရင်ကို အန္တရာယ်ပြုရန် ရည်ရွယ်ချက်ရှိခဲ့လျှင် ၎င်းက အမှန်တကယ် ဖြစ်နိုင်ခြေရှိပေလိမ့်မည်။
သို့သော် ထိုအမိန့်တော်က ချင်ဘုရင်၏ ယုံကြည်မှုကို ပြသနေသည်။ ထို့အပြင် ၎င်းက ယခင် ညီလာခံတွင် ပျံ့နှံ့နေသည့် ချင်ဘုရင်က ဝမ်မိသားစုနှင့် ကျောက်မိသားစုကို ဖိနှိပ်ရန် ကြိုးစားနေသည်ဟူသော ကောလဟာလများ၏ ထက်ဝက်ကျော်ကို ဖျက်ဆီးပစ်ခဲ့သည်။
" ညီလာခံကို အလျင်မလိုဘဲ တက်ရောက်ခွင့်၊ နာမည်ခေါ်စရာမလိုဘဲ အခမ်းအနားတွေမှာ အရိုအသေပြုခွင့်၊ ဓားကိုင်ပြီး ခန်းမထဲကို ဝင်ရောက်ခွင့်။ ဒါက အနာဂတ်မှာ ပေါ်လာမယ့် သစ္စာဖောက်တွေရဲ့ အမှတ်အသား မဟုတ်လား။ ချင်ဘုရင်က ငါ့ကို ဒါချီးမြှင့်လိုက်တာပေါ့။ " ကျောက်ဖုန်းက စိတ်ထဲမှ ညည်းညူလိုက်သည်။
နောက်ပိုင်း ဟန်မင်းဆက် နှောင်းပိုင်းကို တွေးကြည့်လျှက် တုန်ကျိုး၊ ချောက်ချောက် သူတို့ကလည်း ထိုသို့သော အခွင့်အာဏာကို ရရှိခဲ့ကြသည်။
" စစ်သေနာပတိချုပ် အမိန့်တော်ကို ခံယူပါ။ " ကျောက်ကောင်းက ကျောက်ဖုန်းကို ရိုသေစွာ ကြည့်လိုက်သည်။
" အရှင်မင်းကြီး ဒီလိုအခွင့်အာဏာက အလွန်ကြီးမားလှပါတယ်။ ကျွန်တော်မျိုး ဒါကို ခံယူဖို့ မထိုက်တန်ပါဘူး။ " ကျောက်ဖုန်းက ရင်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
" ငါက ချီးမြှင့်တာဖြစ်လို့ မင်းက ထိုက်တန်ပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " အမိန့်တော်ကို လက်ခံလိုက်ပါ။ "
" အရှင်မင်းကြီးရဲ့ ဂရုဏာအတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး အမိန့်တော်ကို လက်ခံလိုက်သည်။
" မင်းရဲ့ နေရာမှာ ထိုင်ပါ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " ကျောက်ဖုန်းက သူ၏ နေရာကို လျှောက်သွားလိုက်သည်။
စစ်ဘက်အရာရှိများထိုင်သော နေရာတွင် မူလက သူ၏ ယောက္ခမထိုင်သော နေရာက လွတ်နေပြီး ဝမ်ကျန့်က ဒုတိယနေရာတွင် ထိုင်ကာ ကျောက်ဖုန်းကို ပြုံး၍ ကြည့်နေခဲ့သည်။ ကျောက်ဖုန်းက ၁၇ဆင့်မြောက်ဘွဲ့ထူးကို ရရှိထားသောကြောင့် စစ်ဘက်အရာရှိများထဲတွင် အမြင့်ဆုံးဖြစ်သည်။
" ယောက္ခမကြီး " ကျောက်ဖုန်းက လေသံနှိမ့်ပြီး နှုတ်ဆက်လိုက်သည်။
" ထိုင်ပါ။ ပြောစရာရှိတာ အိမ်ကျမှ ပြောကြတာပေါ့။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး သူ၏ နေရာတွင် ဝင်ထိုင်လိုက်သည်။
ကျောက်ဖုန်းက ဝမ်ကျန့်၏ ညာဘက်မှ မုန့်ဝူကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ မုန့်ဝူကလည်း ယဉ်ကျေးစွာဖြင့် ပြန်လည်ခေါင်းညိမ့်ပြလိုက်သည်။ ကျောက်ဖုန်းက ထိုင်လိုက်သည်နှင့် သူ့အပေါ် ကျရောက်လာသော အကြည့်များစွာကို ခံစားမိလိုက်သည်။ အထူးသဖြင့် သူနှင့် ဆန့်ကျင်ဘက်တွင် ဖြစ်သည်။
ဝမ်ဝမ်၏ အမူအရာက ပြောင်းလဲနေခဲ့ပြီး ကျောက်ဖုန်းကို လှမ်းကြည့်နေသည်။ ဝမ်ဝမ်၏ အကြည့်ကို ခံစားမိသဖြင့် ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
ကျောက်ဖုန်း၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသဖြင့် ဝမ်ဝမ်က သားရဲကြီးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ဆက်မကြည့်ဝံ့တော့ဘဲ ခေါင်းငုံ့လိုက်သည်။
ယန်ထင်က ဝမ်ဝမ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ပြီး လုံလောက်သော သက်သေအထောက်အထားများ စုဆောင်းသွားမိသည်နှင့်တပြိုင်နက် ကျောက်ဖုန်းက သူ့ကို ဆွဲချပစ်တော့မည်ဖြစ်သည်။
" ဝေနိုင်ငံက ပျက်စီးသွားပြီဖြစ်လို့ နယ်မြေတစ်ခုလုံးက ချင်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ။ ဝေနယ်မြေကို အုပ်ချုပ်ဖို့နဲ့ ပက်သက်ပြီး ဝန်ကြီးတို့မှာ ထောက်ခံချင်တဲ့သူရှိလား။ " ရင်ကျန့်က ဝန်ကြီးများအားလုံးကို ကြည့်ပြီး မေးလိုက်သည်။
" ကျွန်တော်မျိုးက အရာရှိဝမ်ဝန်ကို (ဝမ်ဝမ်၏သား) ထောက်ခံပါတယ်။ ဝန်ကြီးချုပ်ဝမ်ဝမ်ရဲ့ သားဖြစ်လို့ နိုင်ငံရေးကိစ္စတွေ ကိုင်တွယ်ဖြေရှင်းရာမှာ ထူးချွန်တဲ့ အရည်အချင်းရှိပြီး ဒေသတစ်ခုကို စီမံခန့်ခွဲဖို့ စွမ်းဆောင်ရည်အပြည့်အဝ ရှိပါတယ်။ " ချွန်ယွီယွဲ့က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
" ခမည်းတော် သားတော် ထောက်ခံချင်တဲ့ လူတစ်ယောက်ရှိပါတယ်။ " ဟူဟိုက်က ရင်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။ " သားတော်က ဝန်ကြီးဟူကျူးကို အကြံပြုချင်ပါတယ်။ သူက ဒီလိုကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်း ပြည့်မီပါတယ်။ "
ထိုအချိန်တွင် ဖုစုက ရှေ့သို့ ထွက်လာသည်။ " ဝန်ကြီးဟူကျူးက အရည်အချင်းရှိနိုင်ပေမယ့် ဝန်ကြီးမုန့်ယိနဲ့ ယှဉ်ရင်တော့ သူက လိုအပ်ချက်တွေ ရှိပါသေးတယ်။ သားတော်က ဝန်ကြီးမုန့်ယိကို ထောက်ခံချင်ပါတယ်။ "
" ကျွန်တော်မျိုးက အရာရှိယောင်ကျားကို အကြံပြုပါတယ်။ " လီစီက မတ်တပ်ရပ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" အင်း အုပ်စုဖွဲ့ဝါဒက သောင်းကျန်းနေတုန်းပဲ။ လူတိုင်းက လုနေကြတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။
" မင်းတို့အားလုံး ထောက်ခံလို့ပြီးပြီလား။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ညီလာခံရှိ ဝန်ကြီးများက တိတ်ဆိတ်သွားခဲ့သည်။ ထိုအရာက တော်ဝင်အာဏာ၏ အနှစ်သာရပင် ဖြစ်သည်။ ဝန်ကြီးများက မည်မျှငြင်းခုံနေကြသည်ဖြစ်စေ ဆုံးဖြတ်ပိုင်ခွင့်က ချင်ဘုရင်၏ လက်ထဲတွင်သာ ရှိသည်။
" ကျောက်ဖုန်း ဝေနယ်မြေကို အုပ်ချုပ်ဖို့အတွက် မင်းရဲ့ စိတ်ထဲမှာ တစ်ယောက်ယောက်ရှိလား။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက စစ်ဘက်အရာရှိတစ်ယောက်ဖြစ်လို့ အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးကိစ္စတွေကို နားမလည်ပါဘူး။ အခြားသူတွေရဲ့ အဆိုပြုချက်တွေကို တောင်းခံတာက ပိုကောင်းပါလိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" မင်းက စစ်ဘက်အရာရှိတစ်ယောက်ဖြစ်ပြီး အရည်အချင်းရှိတဲ့ အရာရှိတွေကို ပိုပြီး နားလည်နိုင်တာမလို့ မင်းရဲ့ အဆိုပြုချက်ကို တောင်းဆိုတာပေါ့။ " ရင်ကျန့်က လေးနက်စွာဖြင့် ပြောလိုက်သည်။
သူတို့၏ လူများကို ထောက်ခံခဲ့သော ဝန်ကြီးများက မျက်နှာပျက်သွားကြသည်။ သို့သော် ညီလာခံတစ်ခုလုံးတွင် ဝမ်ကျန့်တစ်ယောက်သာ ထိုအခြေအနေကို နားလည်သည်။
" အရှင်မင်းကြီးက ကျောက်ဖုန်းအတွက် လမ်းခင်းပေးနေတာပဲ။ စစ်ဘက်ဆိုင်ရာမှာ ကျောက်ဖုန်းရဲ့ ဂုဏ်သတင်းက အခုအချိန်မှာ အရမ်းမြင့်နေပြီ။ ဒါပေမယ့် ညီလာခံထဲမှာတော့ ကျောက်ဖုန်းက အရှိန်အဝါမကြီးသေးဘူး။ ဝန်ကြီးအများစုက ဖုစုနဲ့ ဟူဟိုက်တို့ရဲ့ ထောက်ခံသူတွေ ဖြစ်နေကြတယ်။ အရှင်မင်းကြီးက ကျောက်ဖုန်းကို လူတွေစုဆောင်းပြီး ညီလာခံထဲမှာ အုတ်မြစ်ချခိုင်းနေတာပဲ။ " ဝမ်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။
" အရှင်မင်းကြီးက ကျွန်တော်မျိုးကို တကယ်ပဲ လူတစ်ယောက်ကို အဆိုပြုခိုင်းနေတာလား။ " ကျောက်ဖုန်းက ပြုံး၍ နောက်တစ်ကြိမ် မေးလိုက်သည်။
" ငါက မင်းကို နောက်နေပါ့မလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဒါဆိုရင် လူတစ်ယောက်တော့ ရှိပါတယ်။ အရှင်မင်းကြီး ရှချူးခရိုင်ကို မှတ်မိပါသေးလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" မှတ်မိတာပေါ့။ " ရင်ကျန့်က ပြန်ဖြေလိုက်သည်။
" ရှချူးခရိုင်ရဲ့ နယ်စားမင်းဟောင်း ယန်ပင်းက ခရိုင်မြို့တော်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာ သူက ဝန်ကြီးဟန်ဖေးရဲ့ လက်ထောက်အဖြစ် ကျောက်နယ်မြေကို ရွှေ့ပြောင်းခဲ့ပြီး နိုင်ငံရေးကိစ္စတွေမှာ အရည်အချင်းရှိသူဖြစ်ပါတယ်။ ကျွန်တော်မျိုးက ဝေနယ်မြေကို အုပ်ချုပ်ဖို့ ယန်ပင်းကို ထောက်ခံချင်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
သူ့ကို အဆိုပြုရန် တောင်းဆိုခဲ့သဖြင့် ကျောက်ဖုန်းက ထိန်းချုပ်ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးဆုံးဖြတ်ချက်က ရင်ကျန့်အပေါ်တွင်သာ မူတည်နေသည်။ ကျောက်ဖုန်းက ညီလာခံတွင် ဟန်ဖေးမှလွဲ၍ ယန်ပင်းက ရင်းနှီးသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူကလည်း သူနှင့် ရင်းနှီးသူကို ထောက်ခံခြင်းဖြစ်သည်။ ဝေနယ်မြေကို အုပ်ချုပ်ပြီး ပြန်လာလျှင် ဝန်ကြီးကိုးပါးနေရာကို မရလျှင်တောင် အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
" ဝန်ကြီးကျောက်ရဲ့ အဆိုပြုချက်ကို ငါအတည်ပြုတယ်။ " ရင်ကျန့်က ချက်ချင်း အမိန့်ပေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝမ်ဝမ်က ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ " အရှင်မင်းကြီး ကျွန်တော်မျိုးအနေနဲ့ အဲ့ဒီလူအကြောင်းကို တစ်ခါမှမကြားဖူးပါဘူး။ပြီးတော့ သူ့ရဲ့ အရည်အချင်းတွေကိုလည်း မသိပါဘူး။ ကျွန်တော်မျိုးတို့ သေချာစဉ်းစားသင့်ပါတယ်။
" ကျွန်တော်မျိုးလည်း အဲ့ဒါကို ထောက်ခံပါတယ်။ ဝေနယ်မြေက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်မျိုး ယုံကြည်တာက ညီလာခံထဲက အရာရှိတွေကို စဉ်းစားတာက ပိုကောင်းပါလိမ့်မယ်။ ခရိုအရာရှိတွေက စွမ်းဆောင်ရည်ရှိနိုင်ပေမယ့် သူတို့ရဲ့ အတွေ့အကြုံက လိုအပ်ချက်ရှိနေဦးမှာပါ။ ဒီကိစ္စက သေချာစဉ်းစားသင့်ပါတယ်။ "
ကိုယ်စာလှယ်များ ထောက်ခံခဲ့သော ဝန်ကြီးများက ရှေ့ထွက်ပြီး ပြောလိုက်ကြသည်။