အခန်း (၃၃၅)
Vol. 34 Ch. 335
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၃၅)
ကျောက်ရင်က ယွင်ကျုံးသို့ ရောက်ရှိချိန်တွင် လီယောင်က အချိန်ရှိတိုင်း လာရောက်လည်ပတ်နေသောကြောင့် ကျောက်ရင်က အလွန်စိတ်အနှောက်အယှက် ဖြစ်နေခဲ့သည်။ လီယောင်၏ ပိုးပန်းမှုနှင့် ပက်သက်၍ ကျောက်ဖုန်းက ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူ၏ ညီမက အိမ်ထောင်ပြုရမည့်အရွယ် ရောက်နေပြီဖြစ်သည်။
ဤေခတ္ကာလ၏ အခြေအနေနှင့်ဆိုလျှင် ကျောက်ရင်က ကလေးအချို့၏ မိခင်ပင် ဖြစ်နေသင့်သည်။ သို့သော် အရာအားလုံးက သူ၏ ညီမအပေါ်တွင်သာ မူတည်သည်။ သူမ မနှစ်သက်လျှင် ကျောက်ဖုန်းက အတင်းအကျပ်လုပ်မည်မဟုတ်ပေ။
ကျောက်ရင်နှင့် အတူပါလာသော သမားတော်များထဲတွင် ဟေးပင်းထိုင်မှ လျို့ဝှက်အစောင့်များလည်း ပါဝင်သည်။ သူတို့က ကျောက်ရင်ကို ကာကွယ်ရန် အမိန့်ရရှိထားပြီး ကျောက်ရင်နှင့် ပက်သက်သော ကိစ္စများကို ရင်ကျန့်ထံသို့ တိုက်ရိုက် တင်ပြရသည်။
လီယောင်က ကျောက်ရင်ကို ပိုးပန်းနေသည့် ကိစ္စနှင့် ပက်သက်၍ ဖခင်တစ်ယောက်အနေဖြင့် ရင်ကျန့်က မနာလိုမှု အနည်းငယ် ရှိနေသည်။
" ဒါဆို မင်းက ကန့်ကွက်စရာမရှိဘူးပေါ့။ " ရင်ကျန့်က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
" လီယောင်သာ ရင်အာရဲ့ အခ်စ္ကို ရယူနိုင်ခဲ့ရင် အဲ့ဒါက သူ့ရဲ့ အရည်အချင်းပါပဲ။ ရင်အာက လက်ခံမယ်ဆိုရင်တော့ ကျွန်တော်မျိုးကလည်း ကန့်ကွက်မှာမဟုတ်ပါဘူး။ တကယ်လို့ ရင်အာက မနှစ်သက်ဘူးဆိုရင်လည်း ကျွန်တော်မျိုးက သူမကို အပြည့်အဝ ထောက်ခံပေးမှာပါ။ ဘယ္သူမွသူမကို ဖိအားပေးလို့မရဘူး။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
" မင်းပြောတာ မှန်ပါတယ်။ ကျောက်ရင်က သူ့ကို နှစ်သက်မယ်ဆိုရင် ဒါက အရေးကြီးဆုံး အချက်ပဲ။ " ရင်ကျန့်က သဘောတူဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။
" အရှင်မင်းကြီး အခြားကိစ္စတွေကို ထားလိုက်ပါ။ ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် ဂုဏ်ပြုသောက်ပါရစေ။ " ကျောက်ဖုန်းက သူ၏ ခြက္ကို မြှောက်ပြီး သောက်လိုက်သည်။
" ဘာအတွ် ဂုဏ်ပြုတာလဲ။ " ရင်ကျန့်က ရယ်မောပြီး သူ၏ ခြက္ကို မြှောက်လိုက်သည်။
" အရှင်မင်းကြီးရဲ့ ယုံကြည်မှုအတွက်ပါ။ သာမန်ဘုရင်တစ်ပါးဆိုရင် ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ ယောက္ခမကြီးတို့ စစ်အာဏာကို ကိုင်တွယ်ထားတာ မြင်ရင် ကျွန်တော်မျိုးတို့ သေချာပေါက် ဖိနှိပ်ပါလိမ့်မယ်။ ဒါပေမယ့် အရှင်မင်းကြီးကတော့ လုံးဝ ကွဲပြားပါတယ်။ ဒီအချက်တစ်ခုတည်းနဲ့ လေးစားဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်မျိုးကလည်း အရှင်မင်းကြီးကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်း အနာဂတ်အတွက် တွေးထားပြီးပြီလား။ ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။
" ဘယ်အနာဂတ်ကို ပြောတာလဲ အရှင်မင်းကြီး။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် ပြန်မေးလိုက်သည်။
" ကမ်ဘာကြီးကို ပေါင်းစည်းပြီးတဲ့နောက်မှာပေါ့။ " ရင်ကျန့်က ပြုံးလိုက်သည်။
ကျောက်ဖုန်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။ " အရှင်မင်းကြီးက ကြီးမားတဲ့ အစီအစဉ်တွေရှိပြီး ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ ယောက္ခမကို ချီးမြှောက်ပေမယ့် ကျွန်တော်မျိုးက ကိုယ့်နေရာကိုယ် သိပါတယ်။ ကမ်ဘာကြီး ပေါင်းစည်းပြီးသွားရင်တော့ ကျွန်တော်မျိုးက ပိုင်ယွဲ့ဒေသကို စောင့်ရှောက်ဖို့ ခွင့်တောင်းပြီး ချင်နိုင်ငံအတွက် စွမ်းဆောင်ပေးပါမယ်။ "
" ငါက အခြားသူတွေကို သည်းမခံနိုင်တဲ့ ဘုရင်တစ်ပါးလို့ မင်းထင်နေတာလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
ကျောက်ဖုန်းက သူ့အပေါ် အလွန်စိုးရိမ်နေသည်ကို သူခံစားမိသည်။ ပိုင်ယွဲ့ဒေသက မြေရိုင်းဒေသတစ်ခုဖြစ်သည်။ ထိုနေရာကို စောင့်ရှောက်ခြင်းက ကိုယ့်ကိုကိုယ် နှိမ့်ချလိုက်ခြင်းပင်ဖြစ်သည်။
" အရှင်မင်းကြီးရဲ့ အရည်အချင်းနဲ့ ဗျူဟာတွေက အတုမရွိပါဘူး။ " ကျောက်ဖုန်းက ချက်ချင်း တုန့်ပြန်ပြောဆိုလိုက်သည်။ သို့သော် ထိုစကား၏ နောက်တွင် အရှင်မင်းကြီးပြီးရင်ရော ဘာဖြစ်လာမလဲဟူသော စကားလုံးမ်ား ရှိနေသည်။
ကျောက်ဖုန်းအတွက် ဖုစုနှင့် ဟူဟိုက်တို့မှ မည်သူနန်းတက်သည်ဖြစ်စေ နောက်ဆုံးတွင် သူ့ကို သည်းခံနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ဖုစုဖြစ်သည်။ သူကသနားကြင်နာတတ်သော်လည်း ထိုကြင်နာမှုကြောင့်ပင် သူ့ကို ထောက်ခံသော ဝန်ကြီးများ၏ အလိုက် လိုက်ပါရမည်ဖြစ်ပြီး နောက်ဆုံးထိ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဖုစုတွင် ဘုရင်တစ်ပါး၏ ပြတ်သားမှုနှင့် ကြီးစိုးနိုင်စွမ်း ကင်းမဲ့နေသည်။ ဘုရင်တစ်ပါးက သူ၏ လက်အောက်ငယ်သားများကို ထိန်းချုပ်ရမည်ဖြစ်သော်လည်း ဖုစုကေတာ့ သူ၏ ဝန်ကြီးများ၏ ထိန်းချုပ်မှုကို ခံနေရသည်။ ဝမ်ဝမ်နှင့် အျခားသူမ်ား၏ ကျောက်ဖုန်းအပေါ် လက်ရှိ ဆက်ဆံရေးကို ကြည့်လျှင် ဖုစုနန်းတက်သောအခါ ထိုလူမ်ားက ကျောက်ဖုန်းကိုလည်းကောင်း ဝမ်မိသားစုကိုလည်းကောင်း လွှတ်ပေးမည်မဟုတ်ပေ။
ဟူဟိုက္က ဖုစုထက်ပင် ပိုဆိုးလေသည်။ သမိုင်းတစ်လျှောက် အရည်အချင်းမရှိဆုံး ဘုရင်များကို ရွေးချယ်ပါဆိုလျှင် ဟူဟိုက္က ထိပ်ဆုံးငါးယောက်တွင် ပါဝင်နေသည်။
မည်သို့ပင်ဖြစ်စေ ပိုင်ယွဲ့ကို စောင့်ရှောက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး အင်အားကို စုဆောင်းနိုင်မည်ဖြစ်သည်။ ဝူအန်းစခန်းကို ပိုင်ယွဲ့တွင် ထားရှိလိုက်လျှင် ကျောက်ဖုန်းက ကမ်ဘာတစ်ခုလုံးကိုပင် ပြန်လည်သိမ်းပိုက်နိုင်ပေလိမ့်မည်။ ၎က သူ၏ စစ်သည်များအပေါ် ကျောက်ဖုန်း၏ ယုံကြည်မှုဖြစ်သည်။
" ငါ့နောက်က ဆက်ခံမယ့်သူက မင်းကို သည်းခံနိုင်မှာမဟုတ်ဘူးလို့ဆိုလိုတာလား။ " ရင်ကျန့်က ကျောက်ဖုန်း၏ စကားအဓိပ္ပါယ်ကို နားလည်ပေသည်။
" ကျွန်တော်မျိုး မပြောမိပါဘူး။ အရှင်မင်းကြီး ပြောနေတာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အနာဂတ်ကို ဘယ်သူခန့်မှန်းနိုင်မှာလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို အဓိပ္ပါယ်များစွာဖြင့် ကြည့်လိုက်သည်။
" ဟုတ်ပါတယ်။ အနာဂတ်ကို ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
ယခုအခါ သူ၏ စွမ်းအားက လူပေါင်းများစွာကို အနိုင်ယူနိုင်သော ခွန်အားမျိုးရှိနေသည်။ သို့သော် ကျောက်ဖုန်းအတွ် ဤကမ္ဘာကြီးက ထူးဆန်းနေသည်။ စိတ်ဝိညာဉ်စွမ်းအားများ ရှိသော်လည်း ကျင့်ကြံသူများကို ရှာမတွေ့သေးပေ။ လက်တွေ့ကျကျပြောရလျှင် ထိုအရာက မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
" မင်း ရှန်းယန်က ထွက်သွားတုန်းက ပြောခဲ့တဲ့ စိတ်ဝိညာဉ်ဆေးလုံးအကြောင်း မှတ်မိသေးလား။ " ရင်ကျန့်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
" မှတ်မိပါတယ်။ အရှင်မင်းကြီးက စိတ်ဝိညာဉ်ဆေးလုံးတွေဟာ အဆိပ်ရှိတယ်ဆိုတာ သိသွားတဲ့ပုံပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မှန်တယ်။ အဲ့ဒါတွေက အဆိပ်ဖြစ်စေတယ်။ အလွန်ပြင်းထန်တဲ့ အဆိပ်ပဲ။ ရေတိုမှာ ဘာမှမဖြစ်သလို ထင်ရပေမယ့် ရေရှည်မှာတော့ အဆိပ်တွေက အမြစ်တွယ်ပြီး နောက်ဆုံးမှာ ရုတ်တရက် သေဆုံးသွားရမှာပဲ။ မင်းက ငါ့အသက်ကို ကယ်တင်ခဲ့တာပဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးက မသောက်တော့ဘူးဆိုတာ သက်တော်ရာကျော် ရှည်ပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူက စိတ်ထဲမှ တွေးလိုက်သည်။ " ဒါက သမိုင်းကြောင်းကို ပြောင်းလဲလိုက်တာလို့ ပြောနိုင်မလား။ သမိုင်းကြောင်းအရဆို ချင်ရှီဟွမ်က စိတ်ဝိညာဉ်ဆေးလုံးတွေ အရမ်းသောက်ပြီး သတ္တုအဆိပ်သင့်မှုကြောင့် သေဆုံးသွားလဲ့တယ်။ အခု သူက စိတ်ဝိညာဉ်ဆေးလုံးတွေ မသောက်တော့ဘူးဆိုတာ အဲ့ဒီအချိန်ကထက် ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက် ပိုနေရလောက်တယ်။ "
" သက်တော်ရာကျော်ရှည်မှာ။ ကြာရတာ ကောင်းသားပဲယ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
"အဲ့ဒီဆေးဖော်စပ်သူတွေကို အရှင်မင်းကြီး ဘယ်လိုကိုင်တွယ်မှာလဲ။ " ကျောက်ဖုန်းက သိလိိုစိတ်ဖြင့် ပြောလိုက်သည်။
" ငါ့ကို အဆိပ်ခတ်ပြီး သူတို့က အသက်ရှည်ချင်သေးတာလား။ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက သူတို့ကို အပိုင်းပိုင်း ခုတ်ပြီး ကွပ်မျက်လိုက်ပြီ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" အဲ့ဒီ ဆေးဖော်စပ်သူတွေက သေသင့်တဲ့ လူတွေပဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည်။ " ဒါပေမယ့် ဆေးလုံးခန်မမှည ရွှီဖုလို့ခေါ်တဲ့ ဆေးဖော်စပ်သူတစ်ယောက်ရှိတယ်လို့ ကြားဖူးတယ်။ သူလည်း သေသွားပြီးလား။ "
" သူက အခုထိ ပြန်မရောက်သေးဘူး။ သူပြန်ရောက်တာနဲ့ ငါသူ့ကို လွယ်လွယ်နဲ့ သေခွင့်ပေးမှာမဟုတ်ဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" သူက နန်းတော်ထဲမှာ မရှိဘူးလား။ " ကျောက်ဖုန်းက အံ့အားသင့်သွားသည်။
" ငါ သူ့ကို အများကြီး ယုံကြည်ခဲ့တယ်။ သူက ငါ့အတွက် ထာဝရအသက်ရှည်ဆေးကို ဖော်စပ်ပေးနိုင်တယ်လို့ ပြောပြီး ဖန်လိုင်အင်မော်တယ်ကျွန်းကို သွားခဲ့တယ်။ သူထွက်သွားတာ တစ်နှစ်ကျော်ရှိပြီ။ မင်းမြို့တော်ကို ပထမဆုံး လာတဲ့ အချိန်မှာ သူထွက်သွားခဲ့တယ်။ " ရင်ကျန့်က လေးနက်စွာပြောလိုက်သည်။
" ဖန်လိုင်အင်မော်တယ်ကျွန်းကို သွားရှာတယ်။ ထာဝရအသက်ရှည်ဆေးကို ဖော်စပ်ဖို့လား။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။ " ချင်ရှီဟွမ် ကမ္ဘာကြီးကို မပေါင်းစည်းခင် ရွှီဖုက ထွက်ပြေးဖို့ စီစဉ်ထားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ငါကတော့ ဒီရွှီဖုဆိုတဲ့လူက မရိုးရှင်းဘူးလို့ ခံစားနေရတယ်။ သူက တစ်လျှေက်လုံး သူဘာလုပ်နေတယ်ဆိုတာ သိနေပုံရတယ်။ တစ်ယောက်ယောက် ညွှန်ကြားတာကို လိုက်နာနေသလိုမျိုးပဲ။ "
" ဘာဖြစ်လို့လဲ။ မင်းက ရွှီဖုရဲ့ နောက်ခံကို သိလို့လား။ " ရင်ကျန့်က ကျောက်ဖုန်းအတွေးနက်နေသည်ကို မြင်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးက ဖန်လိုအင်မော်တယ်ကျွန်း တကယ်ရှိတယ်လို့ ယုံကြည်ပါသလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ရှေးဟောင်းစာပေတွေအရဆိုရင်တော့ ဖန်လိုင်အင်မော်တယ်ကျွန်းက တကယ်ရှိတယ်။ ဒါပေမယ့် ဒီစာပေတွေကို တကယ်ဟုတ်မဟုတ် မသေချာဘူး။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ဖန်လိုအင်မော်တယ်ကျွန်းကို တွေ့နိုင်မယ်လို့ မျှော်လင့်နေတုန်း ဖြစ်မှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" တကယ်လို့ ဖန်လိုင်အင်မော်တယ်ကျွန်းက တကယ်ရှိရင် ထာဝရအသက်ရှည်ဆေးကလည်း တကယ်ရှိမှာပဲ။ ဘယ်သူက ထာဝရအသက်ရှည်ခြင်းကို မလိုချင်ဘဲနေပါ့မလဲ။ " ရင်ကျန့်က ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။