← Chapters

အခန်း (၃၃၆)

Vol. 34 Ch. 336

အခန်း (၃၃၆)

Vol. 34 Ch. 336

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၃၆)

" ရှေးခေတ်ကနေ အခုအချိန်အထိ ဘုရင်တွေ ဘယ်နှစ်ပါးတောင် ထာဝရအသက်ရှည်ဖို့ ရှာဖွေခဲ့ကြလဲ။ နောက်ဆုံးမှာ အားလုံးက ကျရှုံးခဲ့ကြတယ်။ အရှင်မင်းကြီးအနေနဲ့ မျှော်လင့်ချက်အများကြီး မထားသင့်ပါဘူး။ " ကျောက်ဖုန်းက အကြံပြုလိုက်သည်။

" မဟုတ်ဘူး။ တစ်ယောက်တော့ အောင်မြင်ခဲ့တယ်။ ရင်ကျန့်က ခေါင်းခါပြီး ပြောလိုက်သည်။

" ဘယ်သူလဲ။ " ကျောက်ဖုန်း၏ အမူအရာက ပြောင်းလဲသွားပြီး ရင်ကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" ကျိုးမင်းဆက်က မုဘုရင်ပဲ။ " ရင်ကျန့်က ခိုင်မာစွာ ပြောလိုက်သည်။

" တကယ်လား။ ဒါက ဒဏ္ဍာရီတွေမဟုတ်ဘူးလား။ ကျိုးမင်းဆက်က မုဘုရင်က ခွန်လွန်တောင်မှာ အနောက်အရပ်ရဲ့ ဘုရင်မ ရှီဝမ်မုနဲ့ တွေ့ဆုံးခဲ့တယ်ဆိုတာ။ " ကျောက်ဖုန်းက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

ကျောက်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ ရင်ကျန့်က အံ့အားသင့်သွားပြီး ကျောက်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ " ဒဏ္ဍာရီဟုတ်လား။ ငါသိထားသလောက် ပြည်သူတွေကြားမှာ ဒီလိုဒဏ္ဍာရီမျိုး မရှိပါဘူး။ ကျိုးမင်းဆက်က မုဘုရင်နဲ့ အနောက်အရပ်က ဘုရင်မတို့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေက ကျိုးနိုင်ငံရဲ့ ရှေး​ဟောင်းစာပေတွေမှာပဲ ရှိတာပါ။ ကျိုးနိုင်ငံကို ချင်နိုင်ငံက ဖျက်ဆီးပြီးတဲ့နောက်မှာ အဲ့ဒီရှေးဟောင်းစာပေတွေက ချင်နိုင်ငံရဲ့ လက်အောက်ကို ရောက်လာခဲ့တာ။ မင်းက ဘယ်လိုလုပ်သိတာလဲ။ "

" အဲ ကျွန်တော်မျိုး ပြည်သူတွေဆီက ကြားဖူးတာလို့ ပြောရင် အရှင်မင်းကြီး ယုံမလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ၎င်းက သမိုင်းကြောင်းဖြစ်ပြီး ကျောက်ဖုန်းက ၎င်းကို အနာဂတ်မှ သိလာခြင်းဖြစ်သည်ဟု ချင်ဘုရင်ကို ဘယ်လိုလုပ် ပြောပြနိုင်မှာလဲ။

" ပြည်သူတွေကြားက ကြားဖူးတယ်ဆိုတာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ကျိုးနိုင်ငံ ကျဆုံးတော့ စာကြည့်တိုက်ကနေ ထွက်ပြေးခဲ့တဲ့သူတွေ အများကြီးပဲလေ။ "ရင်ကျန့်က သံသယမရှိဘဲ ပြောလိုက်သည်။

" အရှင်မင်းကြီးပြောသလိုဆို ကျိုးမင်းဆက်က မုဘုရင်က တကယ်ပဲ အင်မော်တယ်ဖြစ်သွားတာလား။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် မေးလိုက်သည်။

" အဲ့ဒီစာပေတွေမှာ မှတ်တမ်းတင်ထားတာကတော့ မုဘုရင်က အနောက်အရပ်က ဘုရင်မနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ အင်မော်တယ်ဖြစ်မယ့် ကံကြမ္မာကို ပိုင်ဆိုင်သွားတယ်လို့ ဆိုတယ်။ ခွန်လွန်တောင်က ပြန်လာပြီးတဲ့နောက်မှာ သူက ထီးနန်းကို စွန့်လွှတ်ခဲ့တယ်။ သူဘယ်သွားလဲဆိုတာ ဘယ်သူမှမသိရတော့ဘူး။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" ဒီအချက်နဲ့တင် မုဘုရင်က အင်မော်တယ်ဖြစ်သွားတယ်လို့ ပြောလို့ရပါ့မလား။ " ကျောက်ဖုန်းက မယုံကြည်နိုင်သေးပေ။

" ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက မျှော်လင့်ချက်တစ်ခုပဲလေ။ ခွန်လွန်တောင် ငါ ကမ္ဘာကြီးကို စုစည်းပြီးတာနဲ့ အဲ့ဒီကို သွားကြည့်ဦးမယ်။ အဲ့ဒီအချိန်ကျရင် မင်းလည်း ငါနဲ့အတူ လိုက်ခဲ့ရမယ်။ အဲ့ဒီအနောက်အရပ်မှာ ခွန်လွန်တောင်က တကယ်ရှိမရှိ ဘုရင်မရှီဝမ်မု တကယ်ရှိမရှိ သွားကြည့်ကြတာပေါ့။ " ရင်ကျန့်က ပြောလိုက်သည်။

ရင်ကျန့်၏ ဖိတ်ခေါ်မှုကို ကြားသောအခါ ကျောက်ဖုန်းက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။ " အရှင်မင်းကြီးရဲ့ ဖိတ်ခေါ်မှုကို ကျွန်တော်မျိုး ဘယ်လိုလုပ်ငြင်းပါ့မလဲ။ ထာဝရအသက်ရှည်ခြင်းရဲ့ လျို့ဝှက်ချက်ကို အရှင်မင်းကြီးနဲ့အတူ ဖော်ထုတ်ပါ့မယ်။ "

" ကောင်းပြီ။ ထာဝရအသက်ရှည်ခြင်းရဲ့ လျို့ဝှက်ချက်ကို ငါတို့ ဖော်ထုတ်ကြတာပေါ့။ " ရင်ကျန့်က ပြုံးလိုက်သည်။

သူတို့နှစ်ယောက်က ဆက်လက်စားသောက်နေကြချိန်တွင် ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

" အရှင်မင်းကြီး ကျောက်စံအိမ်က သတင်းပို့လာပါတယ်။ စစ်သေနာပတိချုပ်ရဲ့ ဇနီး မီးဖွားတော့မှာဖြစ်လို့ စစ်သေနာပတိချုပ်ကို အမြန်ဆုံး လာပေးဖို့ တောင်းဆိုပါတယ်။ " ခန်းမအပြင်ဘက်မှ ကျောက်ကောင်း၏ အသံ ထွက်ပေါ်လာသည်။

" ဘာ ယန်အာ မီးဖွားတော့မှာလား။ " ကျောက်ဖုန်းက ရုတ်တရက် ထရပ်လိုက်သည်။

အနီးရှိ ရင်ကျန့်က ကျောက်ဖုန်းကို အပြစ်မတင်ဘဲ မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။ " ငါ့ရဲ့ ဒီချွေးမက တကယ်ထူးချွန်တာပဲ။ ငါ့အတွက် နောက်ထပ် မြေးတစ်ယောက်ကို ထပ်ပေးတော့မယ်။ "

" အရှင်မင်းကြီး ကျွန်တော်မျိုးကို ခွင့်ပြုပါ​ဦး။ " ကျောက်ဖုန်းက ရင်ကျန့်ကို ဦးညွှတ်ပြီး ခန်းမထဲမှ ချက်ချင်း ထွက်ခွာသွားသည်။

" တော်ဝင်သမားတော်ကို စစ်သေနာပတိချုပ်စံအိမ်ကို လွှတ်လိုက်။ ဘာအမှားအယွင်းမှ မဖြစ်စေနဲ့။ " ရင်ကျန့်က ကျောက်ကောင်းကို အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ချက်ချင်း ပြန်ပြောလိုက်သည်။

" နေဦး။ ဘဏ္ဍာတိုက်က အကောင်းဆုံး ဆေးမြစ်တွေကို ထုတ်ပြီး ငါ့ကိုယ်စား ကျောက်စံအိမ်ကို ပို့ပေးလိုက်။ "ရင်ကျန့်က ဆက်လက်မှာကြားလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်ကောင်းက ချက်ချင်း ထွက်ခွာသွားသည်။

ရင်ကျန့်က သူ၏ နေရာတွင် ထိုင်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

" ရန်ရှောင် " ရင်ကျန့်က ခဏစဉ်းစားပြီး ခေါ်လိုက်သည်။

" အမိန့်ရှိပါ အရှင်မင်းကြီး။ " ရန်ရှောင်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ကျောက်အိမ်တော်ကို သွားဖို့ တော်ဝင်ရထားလုံးပြင်လိုက်။ လူအများကြီးမလိုဘူး။ " ရင်ကျန့်က အမိန့်​ပေးပြီး ထရပ်လိုက်သည်။

" ချက်ချင်း ပြင်ဆင်လိုက်ပါမယ်။ " ရန်ရှောင်က ဦးညွှတ်လိုက်သည်။

" စစ်သေနာပတိချုပ်ရဲ့ ဇနီး မီးဖွားတာကို အရှင်မင်းကြီးကိုယ်တိုင် သွားရောက်လည်ပတ်တယ်။ ဒီလိုဂုဏ်ပြုမှုမျိုးက တစ်နိုင်ငံလုံးမှာ သူ​တစ်ယောက်ပဲ ရှိတယ်။ " ရန်ရှောင်က စိတ်ထဲတွင် အံ့အားသင့်နေမိသည်။

ကျောက်စံအိမ်တွင် လူတိုင်းက အလုပ်ရှုပ်နေကြသည်။ အစေခံမိန်းကလေးများက တစ်ယောက်ပြီးတစ်ယောက် ဝင်ထွက်နေကြသည်။ အတွင်းခန်းထဲတွင် ဝမ်ယန်၏ အော်ဟစ်ညည်းညူသံများ ထွက်ပေါ်နေသည်။

ဝမ်ကျန့်နှင့် သူ၏ ဇနီးတို့က အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။

" ယောက္ခမကြီး ယန်အာ ဘယ်လိုနေလဲ။ " ကျောက်ဖုန်းက အလျင်အမြန် ရောက်လာပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" မစိုးရိမ်ပါနဲ့။ ယန်အာက တစ်ခါ မွေးဖူးတော့ အဆင်ပြေမှာပါ။ " ဝမ်ကျန့်က ကျောက်ဖုန်း၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူတို့က အတွေ့အကြုံရှိပြီး ကျောက်ဖုန်းကမူ ထိုအခြေအနေကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။ ယခင် ဝမ်ယန် ကလေးမွေးစဉ်က ကျောက်ဖုန်းက စစ်မြေပြင်တွင်သာ ရှိနေခဲ့သည်။

" ဟုတ်ကဲ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး အခန်းအတွင်းသို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။

ပထမဆုံးအကြိမ် မီးဖွားခြင်းနှင့် ယှဉ်လျှင် ယခုတစ်ကြိမ်တွင် ဝမ်ယန်က မြန်မြန်ဆန်ဆန်ပင် မီးဖွားနိုင်ခဲ့သည်။

" ဝါး.... ဝါး...." ကလေးငိုသံ ထွက်ပေါ်လာသည်။

မကြာမီ လက်သည်တစ်ယောက်က အခန်းအတွင်းမှ ပြေးထွက်လာသည်။ ကျောက်ဖုန်းဆီသို့ အလျင်အမြန် ပြေးလာသည်။

" ဂုဏ်ပြုပါတယ် စစ်သေနာပတိချုပ်။ သခင်မက သားယောက်ျားလေးတစ်ယောက် မွေးပေးလိုက်ပါတယ်။ " လက်သည်က ပြုံးရွှင်စွာဖြင့် သူမ၏ လက်ထဲမှ ကလေးကို ပြလိုက်သည်။

" ကောင်းတယ် အရမ်းကောင်းတယ်။ " ကျောက်ဖုန်းက သူ၏ သားလေးကို ပွေ့ချီလိုက်သည်။

" အိမ်တော်ထိန်း အားလုံးကို ဆုချီးမြှင့်လိုက်။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ။ " အိမ်တော်ထိန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

" သားယောကျာ်းလေးပေါ့။ ကျောက်ဖုန်း မင်း ငါ့သမီးကို လက်ထပ်ရတာ တကယ်ကံကောင်းတယ်။ သူမက ကျောက်မိသားစုကို ဆက်ခံမယ့် သူတွေကို မွေးဖွားပေးခဲ့တယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" မှတ်တယ်။ ဒါက ​ကျွန်တော်ရဲ့ ကံကောင်းမှုပဲ။ " ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" မြန်မြန် ယန်အာဆီ သွားကြည့်လိုက်ဦး။ " ဝမ်ကျန့်က ဝမ်ကတော်ကို ပြောလိုက်သည်။ ဝမ်ကတော်က တုန့်ဆိုင်းခြင်းမရှိဘဲ အခန်းထဲသို့ ဝင်သွားခဲ့သည်။

" အရှင်မင်းကြီး ကြွလာပါတယ်။ " ထိုအချိန်တွင် အသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ရင်ကျန့်က နန်း​တွင်းကိုယ်ရံတော်များ ခြံရံလျက် လျင်မြန်စွာ လျှောက်လာသည်။

" အရှင်မင်းကြီး " ဝမ်ကျန့်နှင့် ကျောက်ဖုန်းတို့က အံ့အားသင့်သွားကြပြီး ရင်ကျန့်ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

" ဟုတ်သားပဲ။ ငါ ကျောက်ဖုန်းရဲ့ အဆင့်အတန်းကို မေ့နေတာ။ ငါ့သမီးမွေးတဲ့ ကလေးက မင်းသားတစ်ပါးပဲ။ အရှင်မင်းကြီးက သူ့ရဲ့ မြေးကို ဘယ်လိုလုပ်လာမကြည့်ဘဲ နေမှာလဲ။ " ဝမ်ကျန့်က ရုတ်တရက် သတိရသွားသည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဝမ်ကျန့်က ချက်ချင်း ဦးညွှတ်လိုက်သည်။

" ထပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်ပြီး လျှောက်လာကာ သူ၏ အကြည့်က ကျောက်ဖုန်း၏ လက်ထဲမှ ကလေးဆီသို့ ရောက်သွားသည်။

" ယောကျာ်းလေးလား မိန်းကလေးလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" သားယောကျာ်းလေး နောက်တစ်ယောက်ပါ။ " ကျောက်ဖုန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။

" ကောင်းတာပေါ့။ ဒါက မိသားစုမျိုးဆက်ကို တိုးပွားစေလိမ့်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" သခင်ကြီး စတုတ္ထသခင်မလည်း မီးဖွားတော့မှာပါ။ " အစေခံမိန်းကလေးတစ်ယောက်က အလျင်အမြန် ပြေးလာသည်။

ထိုသတင်းက ကျောက်ဖုန်းကို အနည်းငယ် မှင်သက်သွားစေသည်။ ထို့နောက် သူက ရုတ်တရက် နားလည်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။ " ယန်မင်းသမီးလား။ "

" ဟုတ်ပါတယ် သခင်ကြီး။ " အစေခံမိန်းကလေးက ချက်ချင်း ပြန်ပြောလိုက်သည်။

" သူမက ဘယ်တုန်းက ကိုယ်ဝန်ရှိသွားတာလဲ။ ငါ ဘာလို့မသိရတာလဲ။ " ကျောက်ဖုန်းက အံ့အားသင့်သွားသည်။

" စတုတ္ထသခင်မက ဘယ်သူ့ကိုမှ မပြောခဲ့တာပါ။ " အစေခံမိန်းကလေးက ရိုသေစွာ ပြန်ဖြေလိုက်သည်။

" အားလုံးနားထောင်ကြ။ စတုတ္ထသခင်မ မီးဖွားတာကို ချက်ချင်း သွားကူညီကြ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " အစေခံမိန်းကလေးများနှင့်လက်သည်များက ချက်ချင်း ထွက်ခွာသွားကြသည်။

All Chapters