← Chapters

အခန်း (၃၃၇)

Vol. 34 Ch. 337

အခန်း (၃၃၇)

Vol. 34 Ch. 337

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၃၇)

" နာမည်ပေးပြီးပြီလား။ " ရ်ကျန့်က ကျောက်ဖုန့း၏ လက်ခဲမှ ကလေးကို ကြည့်ပြီး မေးလိုက်သည်။

" အစတုန်းက ယောကျာ်းလေးလား မိန်းကလေးလား မသိရသေးလို့ နာမည်က မစဉ်းစားရသေးပါဘူး။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။

" ငါ သူ့ကို နာမည်ပေးလိုက်ရမလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ ယခုအချိန်တွင် သူက အလွန်စိတ်လှုပ်ရှားနေသည်။ ကျောက်ဖုန်းက သူ့အား ထိုအခွင့်အရေး မပေးမည်ကို သူစိုးရိမ်နေသည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ရင်ကျန့်က ဘုရင်တစ်ပါးအနေဖြင့်မဟုတ်ဘဲ အသိအမှတ်မပြုရသေးသော ဖခင်တစ်ယောက်အနေဖြင့် ဤနေရာတွင် ရပ်နေခြင်းဖြစ်သည်။ သူက သူ၏ မြေကို နာမည်ပေးနေခြင်းဖြစ်သည်။

" အရှင်မင်းကြီး ကိုယ်တိုင် နာမည်ပေးတာက ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါ။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

" အဲ့ဒါကို ငါ စဉ်းစားထားပြီးသားပါ။ ဒီကလေးကို ကျောက်ဝူလို့ နာမည်ပေးလိုက်မယ်။ " ရင်ကျန့်က တိုက်ရိုက်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝန်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။ " ဒုတိယသားဆိုတော့ အဲ့ဒီနေရာအတွက် အခွင့်အရေးမရှိတော့ဘူး။ ဒါကြောင့် ဝူ စစ်ရေးဆိုတဲ့ နာမည်ကို ပေးလိုက်တာ။ စစ်ရေးကို နားလည်စေဖို့ပဲ။ "

" နာမည်ကောင်းပဲ။ " ဝမ်ကျန့်က ချက်ချင်း ပြောလိုက်သည်။ " ကျောက်ဖုနနဲ့ ယန်အာတို့က စစ်တပ်ထဲမှာ တွေ့ခဲ့ကြတာ။ ပြီးတော့ တဖြည်းဖြည်းနဲ့ ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ် ဖြစ်လာခဲ့တယ်။ ငါ့ရဲ့ မြေးက ဝူဆိုတော့ ဖခင်ရဲ့ စစ်ပညာစိတ်ဓာတ်ကို အမွေဆက်ခံနိုင်လိမ့်မယ်။ "

ကျောက်ဖုန်းက စိတ်ထဲမှ ထိုနာမည်ကို ရေရွတ်ပြီး တွေးလိုက်သည်။ " ကျောက်ဝူ နာမည်ကောင်းပဲ။ အနာဂတ် ချင်မင်းဆက် အဆုံးသတ်သွားတဲ့အခါ ချီအာက အိမ်ရှေ့စံဖြစ်လာပြီး ဝူအာက စစ်အာဏာကို ထိန်းချုပ်ပြီး သူ့ကို ထောက်ပံ့ပေးလိမ့်မယ်။ ဒါက အလယ်ပိုင်းဒေသတစ်ခုတည်း မဟုတ်ဘူး။ တစ်နေ့နေ့မှာ အဲ့ဒီအခြားနယ်မြေတွေကိုလည်း ငါမျိုးဆက်တွေက ဧကရာဇ်တွေအဖြစ် အုပ်ချုပ်နိုင်လိမ့်မယ်။ "

အနာဂတ်အတွက် ကျောက်ဖုန်းက အစီအစဉ်များ ရှိနေသည်။ ကမ္ဘာကြီးက ရှန်းကျိုးနယ်မြေတစ်ခုထက် အများကြီး ပိုကျယ်သည်။ လူတစ်ယောက်က တစ်သက်လုံး သွားလျှင်တောင် ဤကမ္ဘာ၏ အစွန်းတစ်ဖက်သို့ မရောက်ရှိနိုင်ပေ။

" မင်းသဘောကျတာ ကောင်းတယ်။ " ရင်ကျန့်က ပြုံးလိုက်ပြီး အတော်လေး ကျေနပ်နေပုံရသည်။

" အရှင်မင်းကြီး၊ ယောက္ခမကြီး ကျွန်တော် ယန်အာကို သွားကြည့်လိုက်ဦးမယ်။ " ကျောက်ဖုန်းက ကျောက်ဝူကို ပွေ့ချီပြီး အခန်းထဲသို့ ဝင်ရောက်သွားသည်။

" အဖေ သားတို့လည်း အမေကို တွေ့ချင်တယ်။ " ကျောက်ချီနှင့် ကျောက်လင်းတို့ကလည်း ပြောလိုက်ကြသည်။

" ချီအာ၊ လင်းအာ မင်းတို့ရဲ့ အမေက အခု အရမ်းပင်ပန်းနေတယ်။ မင်းတို့ အမေကို မနက်ဖြန်မှ တွေ့ရမယ်နော်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ကလေးနှစ်ယောက်က နာခံမှုရှိကြသည်။

" ညီလေးနဲ့ ညီမလေး အကိုနဲ့ အပြင်မှာ သွားကစားရအောင်။ " ဝမ်လီက နားလည်မှုရှိစွာဖြင့် ကလေးနှစ်ယောက်ကို ဆွဲခေါ်သွားသည်။

" အရှင်မင်းကြီး ကြွပါ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ရင်ကျန့်က ငြင်းဆန်ခြင်းမရှိဘဲ ဝမ်ကျန့်နှင့်အတူ လိုက်ထိုင်လိုက်သည်။

" အရှင်မင်းကြီးကိုယ်တိုင် ကြွလာလိမ့်မယ်လို့ မထင်ထားမိဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ငါ့ရဲ့ ချွေးမလေး ကလေးမွေးတာ ငါ ဘယ်လိုလုပ်မလာဘဲ နေနိုင်ပါ့မလဲ။ " ရင်ကျန့်က ဝမ်ကျန့်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

ဝမ်ကျန့်က ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ အခြားဘယ်သူမှမရှိမှ မရှိမှ သူက ခေါင်းညိမ့်လိုက်သည်။ " ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ "

" သမားတော်ရှ " ထိုအချိန်တွင် အစေခံတစ်ယောက်က လေးစားစွာဖြင့် ခေါ်လိုက်သည်။

ရှဝူချယ်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ရင်ကျန့်နှင့် ဝမ်ကျန့်တို့ ချက်ချင်း ထရပ်လိုက်ကြသည်။

" သမားတော်ရှ " ဝမ်ကျန့်က ခေါ်လိုက်သည်။

ရင်ကျန့်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိမ့်လိုက်သည်။

" ဘယ်လိုနေလဲ။ " ရှဝူချယ်က လျှောက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

" မိခင်ရော ကလေးပါ ဘေးကင်းပါတယ်။ ယောကျာ်းလေး မွေးပါတယ်။ " ဝမ်ကျန့်က ပြန်ဖြေလိုက်သည်။

" အဲ့ဒါကောင်းတယ်။ " ရှဝူချယ်က ပြုံးလိုက်သည်။

" ကျောက်ဖုန်းက ယန်အာကို သွားကြည့်နေတယ်။ ဒီမှာ ခဏလောက်စောင့်ရအောင်။ " ရင်ကျန့်က ပြောလိုက်သည်။

" နာမည်ပေးပြီးပြီလား။ " ရှဝူချယ်က ထိုင်ရင်း ပြောလိုက်သည်။

" အရှင်မင်းကြီး ပေးပြီးသွားပါပြီ။ သူ့ကို ကျောက်ဝူလို့ ခေါ်ပါတယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျောက်ဝူ နာမည်ကောင်းပဲ။ အဓိပ္ပါယ် နက်ရှိုင်းတယ်။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

အခန်းထဲတွင် ဝမ်ယန်က ကုတင်ပေါ်၌ လဲလျောင်းနေပြီး သူမ၏ မျက်နှာက ဖြူဖျော့ကာ အားနည်းနေသည်။

" ယန်အာ မင်းပင်းပန်းသွားပြီ။ " ကျောက်ဖုန်းက ဝမ်ယန်၏ နဖူးကို နမ်းပြီး ပြောလိုက်သည်။

" ဒါက ကျွန်မရဲ့ တာဝန်ပါ။ မပင်ပန်းပါဘူး။" ဝမ်ယန်က နူးညံ့စွာ ပြန်ပြောလိုက်သည်။

" ဒီမှာ ငါတို့ရဲ့ ကလေး။ အရှင်မင်းကြီးက နာမည်ပေးထားတယ်။ ကျောက်ဝူ " ကျောက်ဖုန်းက သူ၏ လက်ထဲမှ ကလေးကို ဝမ်ယန်ကို ပြလိုက်သည်။

ဝမ်ယန်က နူးညံ့စွာ ပြုံးလိုက်သည်။ " ဒါက အရှင်မင်းကြီးရဲ့ လက်ဆောင်ပါ။ ဒါက ယောကျာ်း ကြိုးစားခဲ့တဲ့အရာပဲ။ ဝူအာက အနာဂတ်မှာ ကြီးကျယ်တဲ့သူ ဖြစ်လာလိမ့်မယ်။ "

" ဟုတ်တယ်။ " ကျောက်ဖုန်းက ​ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ " ဒီနေ့တော့ ပင်ပန်းသွားပြီ။ မင်း ကောင်းကောင်း အနားယူလိုက်ပါဦး။ "

ကျောက်ဖုန်းက ဝမ်ယန်ကို စောင်ခြုံပေးပြီး အခန်းထဲမှ ထွက်ခွာသွားသည်။ သူက အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် ရှဝူချယ်၏ အသံက ထွက်ပေါ်လာသည်။ " ကျောက်ဖုန်း သားယောကျာ်းလေးမွေးတပြ့အတွက် ဂုဏ်ပြုပါတယ်။ "

" ကျေးဇူးတင်ပါတယ် အဘိုးရှ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

" မင်းရဲ့ အမေက ရှချူးမှာ ရှိနေတော့ ရှန်းယန်ကို မလာချင်တာ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် သူမလည်း ပျော်နေမှာပဲ။ " ရှဝူချယ်က စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

" စိတ်မပူပါနဲ့ အဘိုးရှ။ ယန်အာ ကျန်းမာလာရင် ကျွန်တော် သူတို့ကို ရှချူးကို ခေါ်သွားဦးမှာပါ။ ဒီတစ်ခါ ကျွန်တော်အမေကို ရှန်းယန်မှာ လာနေဖို့ တိုက်တွန်းကြည့်ပါဦးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" သူမကို တိုက်တွန်းဖို့ မလိုပါဘူး။ မင်း မိခင်ရဲ့ စိတ်နေသဘောထားက အရမ်းပြတ်သားတယ်။ သူမရဲ့ ဇာတိမြေကို စွန့်ခွာဖို့ မလိုလားတာ မထူးဆန်းပါဘူး။ " ရှဝူချယ်က ပြောလိုက်သည်။

နန်းတော်ထဲတွင် ရှတုန်အာကို သိနေသူများ ရှိနေသည်။ သိသွားသည်နှင့် ကြီးမားသော ဂယက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ယခုအချိန်တွင် ချင်နိုင်ငံက အခြားနိုင်ငံသုံးခုကို ချေမှုန်းရန် သူတို့ကို လိုအပ်နေဆဲ ဖြစ်သည်။ ပြင်ပအန္တရာယ်များ ကင်းစင်သွားပြီး ကမ္ဘာကြီးကို ပေါင်းစည်းပြီးမှသာ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့ကို စိုးရိမ်စရာမလိုပေ။

" အဘိုးရှက အမေကို ဆေးပညာသင်ပေးခဲ့တဲ့သူဆိုတော့ သူမရဲ့ စိတ်နေသဘောထားကို ကောင်းကောင်းနားလည်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ငါ့ရဲ့ တပည့်တစ်ယောက်ချင်းစီကို ငါကောင်းကောင်း မှတ်မိပါတယ်။ " ရှဝူချယ်က ပြုံး၍ ပြန်ဖြေလိုက်သည်။

" သခင်ကြီး စတုတ္ထသခင်မက သမီးမိန်းကလေးတစ်ယောက် မွေးဖွားလိုက်ပါတယ်။ " အစေခံမိန်းကလေးတစ်ယောက်က ကလေးငယ်ကို ပွေ့ချီပြီး ကျောက်ဖုန်းရှိရာသို့ ပျော်ရွှင်စွာ လျှောက်လာသည်။

ကျောက်ဖုန်းက အစေခံမိန်းကလေးဆီမှ ကလေးကို ပွေ့ယူလိုက်သည်။

" ငါ သမီးလေးတစ်ယောက် ထပ်ရပြီပေါ့။တကယ်ပဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် ပိုလှတယ်။ " ကျောက်ဖုန်းက ကလေးကို ကြည့်ပြီး ပြုံးလိုက်သည်။

ဤခေတ်တွင် ကိုယ်လုပ်တော်တစ်ယောက်ကို အလေးမထားလျှင် သူမ မီးဖွားချိန်တွင် လည်း ဂရုစိုက်ခံရမည်မဟုတ်ပေ။ သို့သော် ကျောက်ဖုန်းက ထိုသို့သော သဘောထားရှိသူမဟုတ်ပေ။ သူ၏ ကလေးများမှာ အနာဂတ်နေရာက ကျောက်ချီအတွက် ဖြစ်သော်လည်း သူပေးမည့် ချစ်ခြင်းမေတ္တာက လျော့နည်းသွားမည်မဟုတ်ပေ။

" သခင်ကြီး စတုတ္ထသခင်မက သမီးလေးအတွက် နာမည်ပေးဖို့ ပြောလိုက်ပါတယ်။ " အစေခံမိန်းကလေးက လေးစားစွာဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်းက သမီးငယ်လေးကို ပွေးချီကာ ခဏစဉ်းစားပြီးနောက် ပြုံး၍ ပြောလိုက်သည်။ " သူမကို ကျောက်ဖန်လို့ နာမည်ပေးလိုက်မယ်။ အနာဂတ်မှာ သူလုပ်သမျှအရာတိုင်းက မျှော်လင့်ချက်တွေရှိပြီး အားလုံး အဆင်ပြေချောမွေ့နေလိမ့်မယ်။ "

" ဒါဆို ကျွန်မ ကလေးကို ပြန်ခေါ်သွားလိုက်ပါမယ်။ " အစေခံမိန်းကလေးက လေးစားစွာဖြင့် ပြောလိုက်သည်။

" ငါလိုက်ခဲ့မယ်။ " ကျောက်ဖုန်းက ကလေးကို ပွေ့ချီက အခန်းထဲမှ ထွက်ခွာသွားသည်။

ဝူယန်က ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လျှင်တောင် သူ၏ ဇနီးသာ ဖြစ်သည်။ ယခု သူမက သူ၏ သမီးကို မွေး​ဖွားပေးခဲ့ပြီဖြစ်ရာ သူမကို ထိုက်တန်စွာ ဆုချီးမြှင့်ရမည်ဖြစ်သည်။

" ကျောက်ဖုန်းက အခြားသူတွေနဲ့ တကယ်မတူတာပဲ။ သူက သူ့ရဲ့ ကိုယ်လုပ်တော်ကိုတောင် ဒီလောက်ကြင်နာတယ်။ " ရှဝူချယ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ဒါက ဖုန်းအာရဲ့ စိတ်သဘောထား ဖြစ်နိုင်ပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ဘေးအဆောင်ရှိ အခန်းထဲတွင် ဝူယန်က ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ အစေခံမိန်းကလေးများက သူမကို ပြုစုနေကြပြီး အပြင်ဘက်တွင် လက်သည်နှင့် အခြားအစေခံများက စောင့်ဆိုင်းနေကြသည်။

"အိမ်တော်ထိန်း ပြုစုပေးနေ​တဲ့ အစေခံတွေကလွဲရင် ကျန်တဲ့သူအားလုံးကို အနားယူခိုင်းလိုက်တော့။ " ကျောက်ဖုန်းက လျှောက်လာပြီး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် သခင်ကြီး။ " အစေခံများက ဒူးထောက်ပြီး ပြောလိုက်ကြသည်။

ကျောက်ဖုန်းက အခန်းထဲသို့ ဝင်သွားပြီး ကု​တင်ဘေးတွင် ထိုင်လိုက်သည်။ " ဝူယန် မင်းပင်ပန်းသွားပြီ။ "

" ယောကျာ်း ပြန်ရောက်လာပြီ။ ကျွန် ကျွန်မ အရိုအသေမပေးနိုင်တော့ဘူး။ " ဝူယန်က ထရန်ကြိုးစားလိုက်သော်လည်း မထနိုင်ဘဲ သူမ၏ မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နှက်သွားသည်။

" ရပါတယ်။ " ကျောက်ဖုန်းက သူမကို ညင်သာစွာ ပြန်လှဲလိုက်သည်။

" အများကြီးမတွေးနဲ့။ အခု မင်းလုပ်ရမှာက ကောင်းကောင်း အနားယူဖို့ပဲ။ " ကျောက်ဖုန်းက နွေးထွေးစွာ ပြောလိုက်သည်။

" ကျွန်မတို့ သမီးလေးကို နာမည်ပေးပြီးပြီလား။ " ဝူယန်က မေးလိုက်သည်။

" ကျောက်ဖန်ပါ။ " ကျောက်ဖုန်းက နူးညံ့စွာ ပြန်ဖြေလိုက်သည်။

" သမီးလေး နာမည်က ကျောက်ဖန်။ တကယ်လှတဲ့ နာမည်လေးပဲ။ " ဝူယန်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။

All Chapters