← Chapters

အခန်း (၃၃၈)

Vol. 34 Ch. 338

အခန်း (၃၃၈)

Vol. 34 Ch. 338

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၃၈)

" မင်းက အခုလေးတင် မီးဖွားထားတာဖြစ်လို့ ခန္ဓာကိုယ်က အားနည်းနေသေးတယ်။ မင်းအတွက် အာဟာရဖြစ်စေမယ့် ဆေးဝါးတွေကို ပြင်ဆင်ခိုင်းလိုက်မယ်။ ကလေးကိုတော့ နို့ထိန်းသည်တစ်ယောက်က ဂရုစိုက်ပေးလိမ့်မယ်။ မင်းကောင်းကောင်း အနားယူပါ။ " ကျောက်ဖုန်းက နူးညံ့စွာ ပြောလိုက်သည်။

" ယောကျာ်းက တကယ်ကြင်နာတာပဲ။ " ဝူယန်က ကျောက်ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သောကြောင့်က သူမက ထိုသို့သော ဂရုစိုက်မှုမျိုးကို မမျှော်လင့်ထားခဲ့ပေ။

" မင်းငါ့ရဲ့ စံအိမ်ကို ရောက်လာကတည်းက မင်းတာဝန်ကျေပွန်နေသ‌ရွေ့ မင်းကို ခွဲခြားဆက်ဆံမှာ မဟုတ်ဘူး။ မင်းနဲ့ ငါတို့ရဲ့ သမီးလေး မင်းတို့ ရသင့်ရထိုက်တာ အားလုံးကို ရရှိစေရမယ်။ ကောင်းကောင်း အနားယူပါ။ နောက်မှ မင်းကို ရှချူးကို ခေါ်သွားပြီး အမေနဲ့ တွေ့ပေးမယ်။ " ကျောက်ဖုန်းက ဝူယန်ကို ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ယောကျာ်း။ " ဝူယန်က ကျေးဇူးတင်သော မျက်လုံးများဖြင့် ပြောလိုက်သည်။

" မင်းက ငါရဲ့ အမျိုးသမီးပဲ။ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါဘူး။ ဒါဆိုရင် မင်းကို မနှောက်ယှက်တော့ဘူး။ ကောင်းကောင်း အနားယူပါ။ " ကျောက်ဖုန်းက ပြုံး၍ ထရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

" ယောကျာ်း " ဝူယန်က စိတ်ထဲတွင် ရုန်းကန်နေပြီး ကျောက်ဖုန်းကို ခေါ်လိုက်သည်။

" ဘာဖြစ်လို့လဲ။ ပြောစရာရှိတာ ပြောပါ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" မရှိပါဘူး။ " ဝူယန်က နောက်ဆုံးတွင် ဘာမှမပြောခဲ့ပေ။

" ဒါဆို အနားယူးလိုက်တော့။ " ကျောက်ဖုန်းက ထွက်ခွာသွားသည်။

" ခမည်းတော် ဖြစ်နိုင်တာက ခမည်းတော်ရဲ့ အလိုဆန္ဒကို သမီးတော် ဖြည်းဆည်းပေးနိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မ ယောကျာ်းကိုသာ လုပ်ကြံဖို့ ကြိုးစားခဲ့ရင် ကျွန်မက ရက်စက်တဲ့ မိန်းမတစ်ယောက်ဖြစ်မယ့်အပြင် ကျွန်မ သမီးလေးကိုလည်း တစ်ဘဝလုံး ဒုက္ခ‌ရောက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်။ " ဝူယန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

" ကျောက်ဖုန်း ဒီတစ်ခါ မင်းက ‌ကောင်းချီးနှစ်ခုကို ရလိုက်တာပဲ။ ယန်မင်းသမီးကလည်း မင်းအတွက် သမီးလေးတစ်ယောက် မွေးပေးခဲ့တယ်။ " ရှဝူချယ်က ပြုုံး၍ ပြောလိုက်သည်။

" သမီးလေးလည်း ကောင်းတာပဲ။ " ရင်ကျန့်က လေးနက်စွာဖြင့် ပြောလိုက်သည်။ " ကျောက်ဖုန်း မင်း ဖခင်ဖြစ်လာတာ နှစ်အတော်ကြာပြီဆိုပေမယ့် မင်းသိထားသင့်တာ တစ်ခုရှိတယ်။ "

" အမိန့်ရှိပါ အရှင်မင်းကြီး။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်လိုက်သည်။

" တရားဝင်နဲ့ တရားမဝင်တဲ့ မျိုးဆက်တွေကြား ကွာခြားချက်ပဲ။ ဒါကို အမြဲမှတ်ထားရမယ်။ ဘယ်မိသားစုမဆို ကုန်သည်ဖြစ်ဖြစ် မှူးမတ်ဖြစ်ဖြစ် တရားဝင်မဟုတ်တဲ့ မျိုးဆက်တွေအ‌ပေါ် အရမ်းဘက်လိုက်ရင် ဘေးဒုက္ခတွေ ရောက်လာလိမ့်မယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အဲ့ဒါကို ကျွန်တော်မျိုး နားလည်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" မင်းနားလည်တာ ကောင်းတယ်။ " ရင်ကျန့်က စိတ်သက်သာရာရသွားသည်။

" သားတွေရဲ့ အမွေဆက်ခံရေး ပြဿနာတွေက ပိုင်ဆိုင်မှုတွေကို မမျှတဘဲ ခွဲဝေပေးတာပဲ။ မိသားစုခေါင်းဆောင်က တစ်ယောက်တည်းရှိနိုင်ပြီး နန်းတွင်းမှာဆိုလည်း ထီးနန်းက တစ်ခုတည်း ရှိတာပဲ။ ဒါပေမယ့် ငါရဲ့ အနာဂတ်ကတော့ ကွဲပြားတယ်။ ကမ္ဘာကြီးက ကျယ်ပြောလွန်းတယ်။ အနာဂတ်မှာ ငါ့ရဲ့ သားတော်တိုင်းက ဘုရင်ဖြစ်နိုင်တာပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

ရှန်းကျိုးနယ်မြေတွင် ရှုပ်ထွေးမှုများ ဖြစ်လာသောအခါ ကျောက်ဖုန်းက အားလုံးကို ရှင်းလင်းပြီး မင်းဆက်တစ်ခု တည်ထောင်မည်ဖြစ်သည်။ နောက်ထပ်ဆက်ခံသူက ရှန်းကျိုး၏ ဧကရာဇ် ကျောက်ချီဖြစ်ပေလိမ့်မည်။ ရှန်းကျိုး၏ အပြင်ဘက်နယ်မြေများအတွက်မူ တဖြည်းဖြည်း သိမ်းပိုက်သွားနိုင်ပေသည်။ သိမ်းပိုက်ပြီးသည်နှင့် ထိုအရာများက သူ၏ သားတော်များဆီသို့ ‌‌‌ရောက်ရှိသွားပေလိမ့်မည်။

" သားတစ်ယောက် သမီးတစ်ယောက် ကောင်လေး မင်းက တော်တော် ကံကောင်းတဲ့ကောင်ပဲ။ ငါမင်းအတွက် လက်ဆောင်ပြင်ဆင်ထားတယ်။ " ရင်ကျန့်က လက်ခုပ်တီးလိုက်သည်။

ထို့နောက် နန်းတွင်းအစေခံများက အိမ်တော်အတွင်းသို့ သေတ္တာများ သယ်ဆောင်လာကြသည်။ သေတ္တာတစ်ခုချင်းစီတွင် အရည်အသွေးမြင့် ဆေးပင်များ ပါဝင်နေသည်။ ထိုအရာကို မြင်လိုက်ရသဖြင့် ကျောက်ဖုန်းက ရင်ကျန့်၏ စစ်မှန်သော စေတနာကို နားလည်သွားသည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ "

" ဒါက ယန်အာနဲ့ ယန်မင်းသမီးအတွက်ပါ။ ဒီအချိန်မှာ ယန်အာနဲ့အတူ စံအိမ်မှာပဲ အေးအေးဆေးဆေး နေပါ။ နန်းတော်ကို လာစရာမလိုဘူး။ " ရင်ကျန့်က နွေးထွေးစွာ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ကောင်းပြီ။ ကျောက်ဖုန်းကို အနှောက်အယှက် မပေးတော့နဲ့။ သူအခုမှ ပြန်ရောက်တာဆိုတော့ ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။

ဝမ်ကျန့်နှင့် ရှဝူချယ်တို့ကလည်း ထရပ်လိုက်ကြသည်။

" အရှင်မင်းကြီး " ကျောက်ဖုန်းက ရင်ကျန့်ကို ခေါ်လိုက်သည်။

" ဘာဖြစ်လို့လဲ။ "

" အရှင်မင်းကြီးက ကျွန်တော်မျိုးအပေါ် အရမ်းကောင်းပေမယ့် ကျွန်တော်မျိုးမှာ ပေးစရာ ဘာမှမရှိပါဘူး။ ကျွန်တော်မျိုးမှာ ဒီစိတ်ဝိညာဉ်ဆေးလုံးနှစ်ပုလင်းတော့ ရှိပါတယ်။ " ကျောက်ဖုန်းက သူ၏ ဝတ်ရုံထဲမှ ဆေးနှစ်ပုလင်းကို ထုတ်ယူလိုက်သည်။

ကျောက်ဖုန်း၏ လက်ထဲမှ ဆေးနှစ်ပုလင်းကို ကြည့်ပြီး ရင်ကျန့်က အံ့အားသင့်သွားသည်။ " မင်းက ငါ့ကို စောစော သေစေချင်နေတာလား။ "

ဝမ်ကျန့်နှင့် ရှဝူချယ်တို့၏ အမူအရာများကလည်း ပြောင်းလဲသွားကြသည်။ သူတို့က ကျောက်ဖုန်းကို နားမလည်နိုင်စွာဖြင့် ကြည့်နေကြသည်။ ယခုအခါ စိတ်ဝိညာဉ်ဆေးလုံးများက အဆိပ်သင့်စေသည်ကို နန်းတော်တစ်ခုလုံး သိနေကြပြီဖြစ်သည်။

" အရှင်မင်းကြီး ဒီစိတ်ဝိညာဉ်ဆေးလုံးတွေက ဆေးဖော်စပ်သူတွေ ဖော်စပ်ထားတဲ့ အဆိပ်ဆေးလုံးတွေလို့ ထင်နေတာလား။ " ကျောက်ဖုန်းက ရင်ကျန့်၏ အတွေးကို နားလည်သဖြင့် ပြုံး၍ ပြောလိုက်သည်။

" ဒါတွေက အဆိပ်ဆေးလုံးတွေမဟုတ်ဘူးလား။ မင်းပဲ ပြောခဲ့တာလေ။ " ရင်ကျန့်က စိတ်မသက်မသာဖြင့် ပြောလိုက်သည်။

" ဒါတွေက အဆိပ်ဆေးလုံးတွေမဟုတ်ပါဘူး။ ကျွန်တော်မျိုးကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးလုံးတွေပါ။ ဒီတစ်ခုက စိတ်ကို လန်းဆန်းစေပြီး ဒီတစ်ခုက အဆိပ်ဖြေပေးနိုင်ပါတယ်။ " ကျောက်ဖုန်းက လက်ထဲမှ ဆေးနှစ်ပုလင်းကို မြှောက်ပြီး ပြောလိုက်သည်။ ထို့နောက် သူက စိတ်ကို ကြည်လင်စေသော ဆေးလုံးတစ်လုံးကို ထုတ်ပြီး တိုက်ရိုက်မြိုချလိုက်သည်။

" တကယ်ကြီးလား။ " ရင်ကျန့်က သံသယမရှိတော့ပေ။ သူက ကျောက်ဖုန်းအကြောင်းကို ကောင်းကောင်းသိသည်။ ကျောက်ဖုန်းက သူ၏ အသက်ကို အလွန်တန်ဖိုးထားသူဖြစ်ရာ အဆိပ်ဆေးလုံးများကို သောက်သုံးမည်မဟုတ်ပေ။

" အရှင်မင်းကြီး မလိုချင်ရင်တော့ ထားလိုက်ပါတော့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး ဆေးပုလင်းများကို သူ၏ ဝတ်ရုံထဲသို့ ပြန်ထည့်ရန် ပြင်လိုက်သည်။

ထိုဆေးလုံးများက သူကိုယ်တိုင်ဖော်စပ်ထားခြင်းဖြစ်ပြီး ချီမီးတောက်ဖြင့် သန့်စင်ထားခြင်းဖြစ်ရာ လူလိမ်ဆေးဖော်စပ်သူများကဲ့သို့ သတ္တုများ ရောစပ်ထားသော ဆေးလုံးများ မဟုတ်ပေ။ ၎င်းက စစ်မှန်သော စိတ်ဝိညာဉ်ဆေးလုံးများဖြစ်သည်။

" မင်းက ထုတ်ပြပြီးမှ ပြန်သိမ်းသွားတာလား။ " ရင်ကျန့်က အပြစ်တင်လိုက်သည်။

" အရှင်မင်းကြီးက စိတ်ဝင်စားသွားပြီလား။ " ကျောက်ဖုန်းက စနောက်လိုက်သည်။

ရင်ကျန့်က ဘာမှမပြောဘဲ ကျောက်ဖုန်း၏ လက်ထဲမှ စိတ်ဝိညာဉ်ဆေးနှစ်ပုလင်းကို တိုက်ရိုက်ယူလိုက်သည်။

" အခြားသူတွေဆိုရင် ငါ သံသယဝင်နိုင်ပေမယ့် မင်းဆိုရင်တော့ ငါ့ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။ စိတ်ဝိညာဉ်ဆေးလုံးများတွင် အဆိပ်ရှိစေသည်ကို ထောက်ပြခဲ့သူ​မှာ ကျောက်ဖုန်းဖြစ်သောကြောင့် ကျောက်ဖုန်းက သူ့ကို ထိခိုက်စေရန် အဆိပ်ဆေးလုံးများကို အသုံးပြုစရာ အကြောင်းမရှိပေ။

" ဟဲဟဲ..." ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" မင်းက အရှင်မင်းကြီးကိုတော့ ပေးပြီး မင်းရဲ့ ယောက္ခမကိုတော့ မပေးဘူးပေါ့။ " ဝမ်ကျန့်က အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။

" ယောက္ခမကြီး နောက်နှစ်ရက်နေရင် ကျွန်တော် ပြင်ဆင်ထားလိုက်ပါမယ်။ ဒါက စစ်မှန်တဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေပဲ။ " ကျောက်ဖုန်းက ပြန်​ပြောလိုက်သည်။

" မင်းရဲ့ ယောက္ခမက တောင်းဆိုနေတော့ ငါကလည်း အရဲစွန့်ပြီး တောင်းဆိုပါရစေ။ " ရှဝူချယ်ကလည်း ပြုံး၍ ပြောလိုက်သည်။

" ရှိပါတယ်။ အားလုံးရစေရပါမယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

နောက်နေ့ရက်များတွင် ကျောက်ဖုန်းက ရှားရှားပါးပါး အေးချမ်းမှုကို ခံစားနေရသည်။ သူက နန်းတော်တွင် ညီလာခံလည်း တက်ရောက်စရာမလိုသည့်အပြင် စစ်တပ်ကို ကြီးကြပ်ရန်လည်း မလိုပေ။ နေ့တိုင်း ဝမ်ယန်နှင့် ဝူယန်တို့ကိုသာ အဖော်ပြုပေးနေသည်။

ထိုအချိန်အတွင်း ဝန်ကြီးများက ရင်ကျန့်ကိုယ်တိုင် ကျောက်ဖုန်း၏ စံအိမ်သို့ လာပြီး ကလေးကို နာမည်ပေးခဲ့ကြောင်း ကြားသိရသဖြင့် သူတို့ကလည်း လက်ဆောင်များ ပေးပို့ခဲ့ကြသည်။ ကျောက်ဖုန်းကလည်း ၎င်းတို့ကို လက်ခံပေးခဲ့သည်။

ညီလာခံတွင်။

" ကျွန်တော်မျိုး ဟန်ဖေး မြို့တော်ကို ပြန်လည်ရောက်ရှိပါပြီ။ ကျောက်နယ်မြေက အိမ်ထောင်စုစာရင်း၊အခွန်မှတ်တမ်းနဲ့ လူဦးရေစာရင်းတွေကို တင်ပြပါတယ်။ အရှင်မင်းကြီး စစ်ဆေးပေးပါ။ " ဟန်ဖေးက စာရင်း မှတ်တမ်းထား ထည့်ထားသော သေတ္တာကို ကိုင်ပြီး ရပ်နေသည်။

ရင်ကျန့်က လက်ဝေ့ရမ်းလိုက်သည်။ ကျောက်ကောင်းက အောက်သို့ ဆင်းသွားပြီး သေတ္တာကို ယူကာ ရင်ကျန့်ကို တင်ပြလိုက်သည်။ ရင်ကျန့်က သေတ္တာကို ဖွင့်ပြီး အပေါ်ဆုံးမှ မှတ်တမ်းကို ယူကာ စစ်ဆေးလိုက်သည်။

ပထမဆုံးမှတ်တမ်းများကို စစ်ဆေးပြီးနောက် ရင်ကျန့်က ဆက်လက်ရှာဖွေ စစ်ဆေးနေသည်။ ထိုအချိန်တွင် ဝန်ကြီးများစွာက ဟန်ဖေးအနေဖြင့် ကျောက်နယ်မြေ၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲရာ၌​ အောင်မြင်ခဲ့လျှင် ဝန်ကြီးကိုးပါးအဆင့်သို့ ရောက်ရှိမည်ဖြစ်ကြောင်း နားလည်ထားကြသည်။

" ဝန်ကြီးဟန်ရဲ့ အုပ်ချုပ်ရေးစွမ်းရည်က တကယ်ကို ထူးချွန်တယ်။ အခု ကျောက်နယ်မြေက စစ်ပွဲတွေနဲ့ ရှုပ်ထွေးမှုတွေကို ကျော်လွှားပြီး ဝန်ကြီးဟန်ရဲ့ အုပ်ချုပ်မှုအောက်မှာ တစ်နှစ်အတွင်း စနစ်တကျ ဖြစ်လာခဲ့တယ်။ ဒါက ဝန်ကြီးဟန်ရဲ့ စွမ်းဆောင်မှုပဲ။ " ရင်ကျန့်က ဟန်ဖေးကို ချီးကျူးလိုက်သည်။ သူက ထိုအစီရင်ခံစားများနှင့် ပက်သက်၍ အလွန်ကျေနပ်နေသည်မှာ ထင်ရှားသည်။

" ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ချင်နိုင်ငံရဲ့ အရာရှိတစ်ယောက်ဖြစ်တဲ့အတွက် ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပါပဲ။ " ဟန်ဖေးက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

All Chapters