မှတ်ဉာဏ်ပျောက်ဆုံးခြင်းက မတည်ရှိပါပေ
Vol. 26 Ch. 362
အန်လင်းက တပိုင်ကို သိလိုစိတ်ဖြင့် မေးလိုက်၏။ "တပိုင် ငါတို့က ကဖေးကို ဘာလာလုပ်တာတုန်း။"
တပိုင်းက သူ့ခေါင်းကိုကုတ်ကာ စိတ်ရှုပ်ထွေးစွာ လှည့်ပတ်ကြည့်လိုက်၏။ "ကျွန်တော်တို့က မန္တန်တစ်ခု မိသွားတာလား။ မှတ်ဉာဏ်ပျောက် မန္တန်လား။"
"ငါက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမှရော ပိုက်ဆံရော ပျောက်မနေဘူး။ အဲ့တာဆို ငါ့တို့အပေါ်ကို အဲ့မန္တန်သုံးရတဲ့ ရည်ရွယ်ချက်ကဘာလဲ။" အန်လင်းက စားပွဲပေါ်ရှိ ကော်ဖီခွက်တွေကို ကြည့်လိုက်သောအခါ နှစ်ခွက်စလုံးမှာ တစ်ဝက်သာကျန်တော့သည်ကို တွေ့ရ၏။ သူ့ရှေ့က ခွက်ကို ကောက်ကိုင်ပြီး အနံ့ခံကြည့်သောအခါလည်း သာမန်မဟုတ်တာ မည်သည်မှ မတွေ့ရပါပေ။
သူမှတ်ဉာဏ် အဖျောက်ခံလိုက်ရသည်ဆိုသော အချက်ကို သဘောပေါက်သွားခြင်းက အလွန်အမင်း စိတ်ပူစရာ ကိစ္စတစ်ခုပင်။
လူသားများသည် သဘာဝအလျောက်ပင် သိလိုစိတ်ပျင်းပြကြ၏။ ထို့ကြောင့် သူတို့က သူတို့၏မှတ်ဉာဏ်က အဖျောက်ခံလိုက်ရသည်ကို သိရသောအခါ ထိုအဖျောက်ခံလိုက်ရသော မှတ်ဉာဏ်များကို ရှာဖွေရန် အလွန်အမင်း စိတ်အား ထက်သန်လာတော့၏။ ထိုသည်က OCD ရှိသောတစ်စုံတစ်ယောက်နှင့်တူပေ၏။ ဤသည်မှာ သူတို့က သူတို့၏ ပျောက်ဆုံးသွားသော မှတ်ဉာဏ်ကို ပြန်မရမချင်း သူတို့၏ ဘဝက မပြည့်စုံတော့သလိုပါပင်။ ထိုသည်က မယုံကြည်နိုင်လောက်အောင် နှိပ်စက်နိုင်သော အာရုံတစ်ခုဖြစ်၏။
သူ့၏ မချင့်မရဲဖြစ်ခြင်းကို ဖော်ပြရန်အတွက် စတေးတပ်တစ်ခုတင်ရန် အန်လင်းက သူ့ဖုန်းကို ထုတ်လိုက်၏။
သူ့က ထို့နောက်တွင်တော့ မြွေနက်ဝိညာဉ်ဟူသော အမည်နှင့် သူငယ်ချင်းအသစ်တစ်ယောက်ကို တွေ့လိုက်၏။
ဘုန်း...
သူ့စိတ်ထဲ၌ တစ်စုံတစ်ခုက ပေါက်ကွဲသွား သကဲ့သို့ပင်။
ပုံရိပ်တသီတတန်းကြီးက သူ့စိတ်ထဲတွင် ပြန်ပေါ်လာပြီး ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို အသေးစိတ်ပြန်ပေါ်လာတော့သည်။
အန်လင်းက အသက်ပြင်းပြင်းရှုလိုက်ပြီး မြွေနက်ဝိညာဉ်ကို မက်ဆေ့တစ်ခုပို့လိုက်၏။ "မြွေနက်ဝိညာဉ်။ မင်းက ဘယ်သူလဲ။ သူတို့ရဲ့ သဘောတူညီချက်မပါပဲ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်တာက အရမ်းကို အကျင့်ပျက်တဲ့ အရာပဲဆိုတာ နင်မသိဘူးလား။"
မြွေနက်ဝိညာဉ်က စပ်ဖြဲဖြဲ အီမိုဂျီတစ်ခုနှင့် စာပြန်လာ၏။ "ငါက တကယ်ကြီး နင့်မှတ်ဉာဏ်တွေကို ဖျက်ပစ်ချင်တယ်ဆိုရင် နင်တစ်ခုခုကို ပြန်အမှတ်ရနိုင်လိမ့်မယ်လို့ ထင်သလား။"
တောက်ဆရာအတု အန်လေး : "..."
တောက်ဆရာအတု အန်လေး : "အဲ့တာဆို မင်းက ဘယ်သူလဲ။ ငါ့ကို လာတွေ့ရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။"
ထိုအမျိုးသမီးမှာ ဖုံးကွယ်ထားသော လှုပ်ရှားမှုနှင့် သူ့အားချဉ်းကပ်လာသော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး သေချာပေါက်ဖြစ်ရမည်ဟု အန်လင်းခံစားရ၏။
သူမက သူ့ငွေတွေနောက်လိုက်တာလား။ ဒါမှမဟုတ် ဖြစ်နိုင်တာက သူ့ခန္ဓာကိုယ်လား။
မြွေနက်ဝိညာဉ်က ပြုံးနေသော အီမိုဂျီတစ်ခုကို ပို့လာကာ "ဟီးဟီး... ငါအခုရေချိုးလိုက်အုံးမယ် ပြီးမှ နင်နဲ့ပြောမယ်။"
အန်လင်း၏ မျက်လုံးထဲ၌ အနက်ရောင် အလင်းတန်းက ဖြတ်ပြေးသွားပြီး သူမ၏ မက်ဆေ့ကြောင့် ပါးစပ်အပြည့် သွေးအန်ထွက်တော့မလိုပင် ဖြစ်သွား၏။
ငလူး။ သူမက ကျော်ကြားတဲ့ အပိုင်ဖမ်း ချက်တင်နည်းဗျူဟာ သုံးခုစလုံးကို အသုံးပြုလာသည်ပင်။ ပြုံးနေသော အီမိုဂျီ၊ "ဟီးဟီး" နှင့် ရေချိုးမည်ဟူသော အကြောင်းပြချက်။ သူမက စကားဝိုင်းကနေ ပိုပြီးသင့်တော်တဲ့နည်းနဲ့ ထွက်သွားလို့မရဘူးလား။
အဲ့ဒီ့ နည်းဗျူဟာတွေက အလွန်အမင်း နာကျင်စေတာ သူမက မသိဘူးလား။
အန်လင်းက ဒေါသတကြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်တစ်ခုကို အမြန်ခေါ်လိုက်၏။
"ဝိုး... စီနီယာ အဆိပ်သခင်က ငါ့ဆီကို ဖုန်းဆက်တယ်။ ငါ အရမ်းပျော်တာပဲ။"
"အဟမ်း... မြွေဖြူဝိညာဉ် ငါမင်းကို တစ်ခုမေးစရာရှိလို့။ ကျေးဇူးပြုပြီး ငါ့ကို ရိုးရိုးသားသားဖြေပေးပါ။"
"ရတာပေါ့။ ဘာဖြစ်ဖြစ် မေးပါ။"
"မင်း မြွေနက်ဝိညာဉ်ဆိုတာဘယ်သူလဲသိလား။"
"ဟင်... မြွေနက်ဝိညာဉ်က ဘာကြီးလဲ။ ငါ့နာမည်က မြွေဖြူဝိညာဉ်မို့ အခြားအရောင်နဲ့ မြွေဝိညာဉ်ေတွပါရှိမယ်လို့ ထင်နေတာလား။"
အန်လင်းက ထိုရင်းနှီးနေသည့် စာကြောင်းကြောင့်မျက်နှာမဲ့လိုက်ပြီး ဘာပြန်ပြောရမလဲဆိုတာကိုပင် မသိတော့ပါချေ။
စကားအနည်းငယ်ပြောပြီးနောက် သူက နောက်ဆုံးတွင် ဖုန်းချလိုက်ပြီး အသုံးဝင်သော သတင်းမရလိုက်ပါပေ။ သူမက မြွေနက်ဝိညာဉ်နှင့် ချက်နေသော နေရာကို ဝင်ကြည့်လိုက်သောအခါ သူမက မည်သည့်စာမှ ထပ်မပို့ထားသည်ကို တွေ့ရ၏။ သူက ခိုကိုးရာမဲ့ သက်ပြင်းတစ်ခုသာ ချလိုက်လေ၏။
"ဈေးဆက်ဝယ်ကြတာပေါ့ တပိုင်..."
...
အချိန်များက အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဘယ်သူမှ မသိလိုက်ခင်မှာပင် နှစ်ရက် ကုန်သွားလေပြီ။
လျှိုချင်ဟွမ်က PUPG ဟုခေါ်သော ဂိမ်းအသစ်ကို စွဲလမ်းနေပြီး စုရှောင်လန်နှင့် စုချန်းရန်တို့က အဝတ်အစားအများကြီး ဝယ်ထားလေ၏။ အစ်ကိုကြီး ချန်ကတော့ ရရှားမှ ထိပ်တန်းလျှို့ဝှက်လက်နက်တစ်ခု ဝယ်ထားလေ၏။ ထျန်းလင်းလင်းက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ကို ရောက်လုပြီဖြစ်ကာ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ကတော့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ပင် ရောက်နေပြီဖြစ်၏။ တိုက်ပွဲနတ်ဘုရား ဇီယန်သည်တော့ တာအိုခန္ဓာ ပထမအဆင့်၌သာ ရှိသေး၏...
သူတို့၏ ကမ္ဘာပေါ်မှ အချိန်များမှာ အဆုံးသတ်သို့ရောက်လာပြီးဖြစ်ကာ ဤသည်မှာ ထိုနေရာ၌ သူတို့၏ နောက်ဆုံးညဖြစ်လေ၏။ အန်လင်းက ကောင်းကင်ဘုံရေကန်တွင် သူတို့နဲ့အတူ တိုက်ခိုက်ခဲ့သော ချန်ကျင်းထျန်နှင့် တခြားဟွားနိုင်ငံမှ ကျင့်ကြံသူများကို BBQ ညစာစားပွဲတော်ကြီးနှင့် ဘီယာသောက်ရန် ဖိတ်ခေါ်လိုက်၏။ စားသောက်ပွဲကြီးက ညနက်သည်အထိ ဆက်သွားလေ၏။
နောက်နေ့မနက်တွင် အန်လင်းက သူ့အဖေနှင့် ကမ္ဘာပေါ်မှ သူငယ်ချင်းများကို နှုတ်ဆက်ကာ ကောင်းကင်ဘုံခုံရုံးဆီသို့ပြန်လာ၏။
ရှောင်ယန်သင်္ချိုင်းဂူသို့ သူ့၏ ခရီးတိုလေးအတွင်း၌ အန်လင်းက အရာဝတ္ထုအများကြီးကို ရရှိလာ၏။ ကျင့်ကြံခြင်း နည်းလမ်းများ၊ စိတ်ဝိညာဉ် ကျောက်တုံးများ၊ ရတနာများ၊ အမွေအနှစ်များနှင့် သေလုနီးပါး အတွေ့အကြုံများ စသည်ဖြင့်။ သူက အမှန်တကယ်ပင် အရာအားလုံးကို တွေ့မြင်ပြီး ဖြစ်၏။
သို့သော်လည်း သူက ခွဲခွာမှုအတွက် အတော်လေး ဟာတာတာခံစားနေရ၏။
သူက နောက်တစ်ကြိမ် ကမ္ဘာပေါ်သို့လာလည်ပါက သူ့မိသားစုနှင့် သူငယ်ချင်းများကို ထိုက်ချူကုန်းမြေကြီးဆီသို့ ခေါ်သွားလို့ရပါက ကောင်းပေလိမ့်မည်။ သူတို့က ကုန်းမြေကြီးတစ်ခုလုံးကို စူးစမ်းရှာဖွေနိုင်ပြီး သူ့နှလုံးသား၏ ရောင့်ရဲမှုများကို သူတို့အား ကြွားနိုင်ပေလိမ့်မည်။
ထန်ရှီမန်က ကမ္ဘာကြီးကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့နှလုံးသားမှာအလွန်အမင်း ဟာတာတာဖြစ်နေသည်သာမက သူ့အိပ်ကပ်မှာလဲ ဗလာကျင်းနေ၏။
သူက ကမ္ဘာပေါ်မှ သူ့၏ အတွေ့အကြုံများကို ပြန်တွေးကာ သူသင်ယူခဲ့ရသည့် သင်ခန်းစာ အများအပြားဆီမှ ကိုယ့်ကိုကိုယ် တန်ဖိုးဖြတ်ခြင်းကို လုပ်ဆောင်လိုက်၏...။ သူက နောက်တစ်ကြိမ် ကမ္ဘာပေါ်သို့ ပြန်လာပါက လူတိုင်းကို သူစွမ်းဆောင်နိုင်သည်များ ပြသရန် သူ့ကိုယ်သာ ကတိတစ်ခုပေးထားလိုက်၏။
နေရာကူးပြောင်း မန္တန်ဖွဲ့စည်းခြင်းက အလွန်မြန်ဆန်သည့် အရှိန်ဖြင့် လည်ပတ်စပြုလာ၏။
တောက်ပသော အလင်းတန်းတစ်ခုက ထိုးထွက်လာပြီး သူတို့ပတ်ဝန်းကျင်မှ နေရာလပ်မှာ တွန့်ကွေးသွားပြီး ထူးဆန်းလာ၏။
အန်လင်းက ကောင်းကင်ဘုံခုံရုံးတွင် ပြန်ပေါ်လာပြီး ချက်ချင်းပင် ပတ်ဝန်းကျင်၌ သက်ရှိစွမ်းအင် ကြွယ်ဝလှသော လေထုကို ရှုရှိုက်လိုက်ရသည်ကို ခံစားရ၏။
မော်တယ်ကမ္ဘာကြီးထဲသို့ တစ်လကျော်ကြာအောင် ဆင်းသက်ပြီးနောက် လူတိုင်းက ကျောင်းတော်ကြီးသို့ အပြန်တွင် အလွန်ထူးခြားသော အမူအရာများ ဆင်မြန်းထား၏။ တစ်ချို့ ကျေနပ်အားရနေဟန်၊ တစ်ချို့က စိတ်လှုပ်ရှားနေဟန်ရပြီး ရွှမ်ယွမ်ချန်ပင် အထီးကျန်သောအမူအရာကို ဆင်မြန်းထား၏။
သူတို့က ဤကာလအတွင်း၌ မောတယ်ကမ္ဘာသို့ ဆင်းသွားသည်သာမက တခြားကမ္ဘာတစ်ခုသို့ သွားကာ ထူးဆန်းသော သင်္ချိုင်းဂူတူးဖော်ခဲ့သေးသည်ပင်။ ထိုနေရာ၌ ကို့ရို့ကားယား အဖြစ်အပျက်များ၊ ကမ္ဘာမြေ အက်ကွဲစေနိုင်သော တိုက်ပွဲများနှင့် ဆန်းပြားလှသော အခွင့်အလမ်းများ အများအပြားရှိလေ၏။
အခုတွင်တော့ သူတို့က ကျောင်းတော်ကြီး၏ အေးချမ်းလှပြီး ရင်းနှီးသော ပတ်ဝန်းကျင်သို့ ပြန်ရောက်ရှိလာပြီး ဖြစ်ကာ လွန်ခဲ့သောလအတွင်းမှ အဖြစ်အပျက်များက အတိတ်ဘဝကဲ့သို့ပင်။
"ကျောင်းတော်ကြီးက တကယ့်ကို ကျင့်ကြံဖို့အတွက် စံပြနေရာပဲ။" စုရှောင်လန်က စိတ်လှုပ်ရှားစွာပြောလာ၏။
"ဝါး... ငါနောက်နှစ် ဘွဲ့ရတော့မှာ နှမြောစရာပဲ။" လျှိုချင်ဟွမ်က နှုတ်ခမ်းဆူလာ၏။
အန်လင်းက ခပ်ဖွဖွရယ်လိုက်ပြီး "ကျောင်းတော်ကြီးမှာ ကျန်နေဖို့က လွယ်ပါတယ်။ အစ်မက တစ်ချို့ဘာသာတွေ ရည်ရွယ်ချက်ရှိရှိ အကျခံလိုက်ပြီးတော့ နောက်တစ်နှစ် ထပ်နေပေါ့။"
လျှိုချင်ဟွမ်က အန်လင်းကို မျက်လုံးလှန်ပြပြီး အဖြေပြန်မပေးလာခဲ့ပေ။
လူတိုင်းက သူတို့၏ နေထိုင်ရာအဆောင်ဆီသို့ ပြန်လာကြစဉ်တွင် အန်လင်းက တပိုင်ကိုစီးကာ ဆန့်ကျင့်ဖက် ဦးတည်ရာသို့ ပျံသန်းလာခဲ့၏။
ကျောင်းအုပ် ရုံးခန်း...
ဒုကျောင်းအုပ် ယွီဟွားသည် မှန်ထဲတွင် သူ့ကိုယ်သူကြည့်နေပြီး သူ့၏ ထူထည်းသော မျက်ခုံးမွှေးကို ပွတ်သပ်လိုက်ကာ စိတ်ကျေနပ်စွာ ပြုံးလိုက်၏။
ဒေါက်၊ ဒေါက်၊ ဒေါက်...
"ကျောင်းအုပ်ကြီး... ကျွန်တော် အန်လင်းပါ။"
အန်လင်း...။
ယွီဟွားက မျက်ခုံးမွှေးကို ခပ်ဖွဖွ ပင့်လိုက်ပြီး ချက်ချင်းပင် ဖိတ်ခေါ်လိုက်၏။ "ဝင်ခဲ့လေ။"
အန်လင်းက ကျောင်းအုပ်ရုံးခန်းထဲသို့ ခပ်ရို့ရို့ဝင်သွားပြီး ယွီဟွားကို အရိုအသေပေးလိုက်၏။ "မင်္ဂလာပါ ကျောင်းအုပ်ကြီး ခင်ဗျား။"
"ဟီးဟီး... မတွေ့တာ ကြာပြီနော် ကျောင်းသား အန်လင်း။ ရှောင်ယန်သင်္ချိုင်းဂူမှာ ဖြစ်ခဲ့တာတွေ အားလုံးကို ငါကြားပါတယ်။ မင်းရဲ့ လုပ်ဆောင်ချက်ကတော့ တကယ့်ကို ထူးချွန်ပါပေတယ်ကွာ။" ယွီဟွားက အပြုံးဝေဝေဖြင့် အန်လင်းအား ချီးကျူးလိုက်၏။
"ကျွန်တော်က ဆရာကြီးရဲ့ ချီးကျူးမှုနဲ့ မထိုက်တန်သေးပါဘူး။ ကျွန်တော်က မျှော်လင့်ထားတဲ့အတိုင်းပဲ လုပ်လိုက်တာပါ။" အန်လင်းက ကြွားဝါခြင်းမရှိ ပြန်ပြောလိုက်၏။
"ဒီနေ့ ငါ့ဆီလာလည်တာ ဘာကိစ္စရှိလို့လဲ။" နတ်ဘုရား အင်မော်တယ် ယွီဟွားက မေးလိုက်၏။
"အာ... ကျောင်းစည်းကမ်းတွေက သတ်မှတ်ထားတာက ကျွန်တော်တို့ရဲ့ အားလပ်ရက် ဆယ်ရက်က ကျောင်းအုပ်ကြီးက ထောက်ခံပေးရမယ်ဆိုလို့ပါ။" အန်လင်းက ခပ်ဖြေးဖြေး ပြန်ပြောလိုက်၏။
ယွီဟွားက သူ့၏ စကားလုံးများကြောင့် ပို၍ပင် သိချင်လာ၏။ "မင်းက အဲ့လောက် အားလပ်ရက်ရှည်ကြီးကို ဘာလို့လဲ။ မင်းအခက်အခဲတစ်ခုခုများ ကြုံနေရတာလား။ တကယ်လို့ ကြုံနေရတာဆို ငါ့ကို ပြောနော်။"
"ကျွန်တော်က အနန္တတောင် ပိုင်နက်နယ်မြေထဲမှာ လုပ်စရာလေးတစ်ခုရှိလို့ပါ။" အန်လင်းက ပြန်ဖြေလိုက်၏။
ဒုကျောင်းအုပ်ယွီဟွားက သူ့၏စကားလုံးများတွင် အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် သူ့ကို အတော်လေး စိတ်လှုပ်ရှားသွားစေသော အတွေးတစ်ခုက ဖြစ်ပေါ်လာ၏။
"ဟားဟား... မင်းငါ့ရဲ့ ထောက်ခံချက်ကို ရတယ်။ အန္တရာယ်ကင်းပါစေ ကျောင်းသား အန်လင်း။"
ယွီဟွားက နောက်ထပ်မေးခွန်းထပ်မမေးတော့ပဲ သူ့၏တောင်းဆိုချက်ကို လက်ခံလိုက်၏။
အန်လင်းက ကျောင်းအုပ်ကြီး၏ မြန်ဆန်လှသည့် တုံ့ပြန်မှုကြောင့် အနည်းငယ် တုံ့ဆိုင်းသွားလေ၏။
နောက်တစ်ရက်တွင် အန်လင်းက အနန္တတောင် ပိုင်နက် နယ်မြေဆီသို့ ရှောင်ချိုး၊ ရှောင်ဟုန်၊ တပိုင်တို့နှင့်အတူ လျှင်မြန်စွာ ခရီးထွက်လာခဲ့၏။
သူက နောက်ထပ် ခရီးစဉ်တစ်ခုကို စတင်ခဲ့လေပြီ။
***