← Chapters

အခန်း (၁၀၆၂)

Vol. 104 Ch. 1062

အခန်း (၁၀၆၂)

Vol. 104 Ch. 1062

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ဆန့်ကျင်ဘက်အနေဖြင့် ထိုမြင်ကွင်းက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှပြီး အထူးသဖြင့် အရာဝတ္ထုများ စုပြုံနေတတ်သည်ကို ကြောက်ရွံ့သူများအတွက် ပို၍ပင် ဆိုးရွားလှသည်။

အကြောင်းမှာ ကီလိုမီတာ တစ်ရာကျော် ကျယ်ဝန်းသည့် ဤဟင်းလင်းပြင်ထဲ၌ သိပ်သည်းကြပ်ညပ်နေသော မိစ္ဆာများက နေရာအနှံ့ ရှိနေကြပြီး တုပိုင်အား အထပ်ထeပ်အခါခါ ဝန်းရံထားသောကြောင့်ပင်။

ထိုအခြေအနေက ကလေးငယ်တစ်ယောက် နဂျီကောင် သန်းတစ်ရာကျော်၏ ဝန်းရံခံထားရသည်နှင့်ပင် သွားတူနေ၏။

ထို့အပြင် အိပ်မက်ဆိုး မိစ္ဆာဘုရင်ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရချေ။

"အရှင်တုပိုင်... အခု မင်းမြင်ပြီလား။ ဘာစိတ်လှုပ်ရှားစရာမှ မရှိလို့ ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲက တကယ်တော့ တော်တော်လေး ပျင်းစရာကောင်းတယ်။ ငါကိုယ်တိုင် မင်းကို တိုက်ခိုက်နေစရာတောင် မလိုဘူး။ မင်းရဲ့ စွမ်းအင်တွေကို ခန်းခြောက်သွားအောင် စုပ်ယူပြီး သေတဲ့အထိ ကြိတ်ချေပစ်ဖို့ မိစ္ဆာတစ်သန်းကို စတေးလိုက်ရုံပဲ။"

"ပုံမှန်ဆိုရင်တော့ အရှေ့တိုင်းနဂါးဆီကနေ စွမ်းအင်တွေကို အဆက်မပြတ် ဆွဲယူနိုင်လို့ မင်းကို သတ်လို့မရဘူး။ ဒါပေမဲ့ အခု မင်းက ငါ့ရဲ့ အမှောင် မိစ္ဆာဟင်းလင်းပြင်ထဲမှာ ပိတ်မိနေပြီး ဧရာမ အရှေ့တိုင်းနဂါးရဲ့ စွမ်းအင်နဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပြီလေ။"

"ဝုန်းးး ဝုန်းးး ဝုန်းးး" မရေမတွက်နိုင်သည့် မိစ္ဆာများက တုပိုင်အား အသေခံတိုက်ခိုက်မှုများကို ရူးသွပ်စွာ ပြုလုပ်နေကြဆဲပင်။ တိုက်ခိုက်မှုတိုင်း၌ မိစ္ဆာများစွာက ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

တုပိုင်၏ ကိုယ်တွင်းရှိ စွမ်းအင်များမှာလည် လျင်မြန်စွာ ကျဆင်းလာတော့၏။

အိပ်မက်ဆိုး မိစ္ဆာဘုရင် ပြောသည်မှာ မှန်၏။ မိစ္ဆာတစ်သန်းက အသေခံတိုက်ခိုက်နေသရွေ့ တုပိုင်၏ စွမ်းအင်အားလုံး ခန်းခြောက်သွားမည် ဖြစ်ပြီး စွမ်းအင်များ ကုန်ဆုံးသွားသည်နှင့် တုပိုင်အား အလွယ်တကူ သတ်ဖြတ်နိုင်မည်ဖြစ်သလို စိတ်ဝိညာဉ်ကိုလည်း ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

သို့သော် တုပိုင်က လှောင်ပြုံး ပြုံးလိုက်ကာ ပြောလိုက်၏။ "အိပ်မက်ဆိုး မိစ္ဆာဘုရင်... မင်းက နဂါးမျိုးနွယ်ရဲ့ စွမ်းအင်အကြောင်း ဘာမှမသိသေးဘူး ထင်တယ်။ ဒါက စွမ်းအင်ချင်း ယှဉ်တိုက်တာပဲ မဟုတ်ဘူးလား။ ငါက မင်းထက် ပိုကောင်းအောင် ကစားနိုင်တယ်။"

အိပ်မက်ဆိုး မိစ္ဆာဘုရင်က ပြန်ပြောလာသည်။

"မင်းရဲ့ စွမ်းအင်က ကန့်သတ်ချက်ရှိတယ်။ ငါ့ရဲ့ မိစ္ဆာဟင်းလင်းပြင်က စွမ်းအင်အကာအကွယ်ကို ချိုးဖျက်ဖို့ နေနေသာသာ ငါ့ရဲ့ သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ်ကို သတ်ဖို့ဆိုတာတောင် မဖြစ်နိုင်ဘူး။"

တုပိုင်က ပြန်ပြောသည်။ "မင်းပြောတာမှန်တယ်။ လောလောဆယ် ငါ့ကိုယ်ထဲက စွမ်းအင်က ကန့်သတ်ချက်ရှိတယ်။ ဒါပေမဲ့ နဂါးမျိုးနွယ်ရဲ့ စွမ်းအင်နိယာမတွေကတော့ အဆုံးအစမဲ့လုနီးပါးပဲ။"

ထို့နောက် မရေမတွက်နိုင်သော မိစ္ဆာများ၏ အသေခံတိုက်ခိုက်မှုများကို တုပိုင် လုံးဝ လျစ်လျူရှုလိုက်တော့၏။

ထိုအစား သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်ကား သန့်စင်သော နဂါးအပေါင်းစွမ်းအင်ပင်။

သူ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သောအခါ အကြွင်းမဲ့ အမှောင်ထုရောင်ခြည်တစ်ခု ထွက်ပေါ်လာ၏။ ဤသည်ကား ဆန့်ကျင်ဘက်ဒြပ်စင် စွမ်းအင်ပင်။ (jjk type shit 🤣)

တုပိုင်လုပ်နေသည်ကို မြင်သောအခါ အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ကြောက်ရွံ့မှုကြောင့် မျက်နှာကြွက်သားများပင် တုန်ယင်လာရသည်။

'ကျစ်... ဒါက နဂါးမျိုးနွယ်ရဲ့ မှော်ပညာလား။ အရာရာကို စွမ်းဆောင်နိုင်တာပဲ။'

တုပိုင်၏ စွမ်းအင်မှာ ကန့်သတ်ချက်ရှိသည်ကတော့ အမှန်ပင်။ သို့သော် သူ၏ ဘယ်ဘက်လက်၌ နဂါးအပေါင်းစွမ်းအင်ရှိနေပြီး ညာဘက်လက်၌ ဆန့်ကျင်ဘက်ဒြပ်စင်ဖြစ်သော နဂါးအနုတ်စွမ်းအင် ရှိနေ၏။

အရူးသွပ်ဆုံး အပိုင်းမှာ အပေါင်းစွမ်းအင်နှင့် ဆန့်ကျင်ဘက်ဒြပ်စင် စွမ်းအင်တို့ ပေါင်းစပ်သွားချိန်၌ စွမ်းအင်ကုန်ဆုံးမှု လုံးဝမရှိခြင်းပင်။ သူတို့က တစ်ခုနှင့်တစ်ခုကို အပြည့်အဝ ပျက်ပြယ်သွားစေသောကြောင့် တုပိုင်အနေဖြင့် သူ၏ ကိုယ်ပိုင်စွမ်းအားကို အလဟဿ ဖြုန်းတီးစရာ မလိုတော့ချေ။

သို့သော် နဂါးစွမ်းအင်နှင့် ဆန့်ကျင်ဘက်ဒြပ်စင် စွမ်းအင်တို့ တိုက်မိသောအခါ ထွက်ပေါ်လာသည့် ဖျက်ဆီးအားမှာ ဖော်ပြရန်ပင် မဖြစ်နိုင်တော့ဘဲ ကမ္ဘာမြေကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်နေ၏။

ကြယ်တာရာစစ်ပွဲများ၌ ဆန့်ကျင်ဘက်ဒြပ်စင်ဗုံးများကို နျူကလီးယားဗုံးများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော အန္တိမလက်နက်များအဖြစ် အမြဲတစေ သိထားကြသည် မဟုတ်လော။

တုပိုင်က ပြုံးကာ ပြောသည်။ "မင်း အဆင်သင့်ဖြစ်ပြီလား။"

ထို့နောက် သူ၏ ဘယ်ဘက်လက်ရှိ နဂါးစွမ်းအင်နှင့် ညာဘက်လက်ရှိ ဆန့်ကျင်ဘက်ဒြပ်စင် စွမ်းအင်တို့ကို ပေါင်းစပ်လိုက်သည်။

"ဝုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"

ချက်ချင်းဆိုသလိုပင် နေမင်းထက် အဆပေါင်းများစွာ ပို၍ တောက်ပသော အလင်းရောင်တစ်ခု တုပိုင်၏ လက်ထဲမှ ပေါက်ကွဲထွက်လာ၏။

မရေမတွက်နိုင်သည့် အလင်းတန်းများက အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ ပြန့်နှံ့သွားသည်။ ဤလက်ချည်းသက်သက် ဆန့်ကျင်ဘက်ဒြပ်စင်ဗုံး၏ ဖျက်ဆီးအားမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ပေ။

ဤမြင်ကွင်းမှာ တောက်ပပူပြင်းသော နွေရာသီ နေရောင်အောက်၌ ဆောင်းရာသီမှ နှင်းများ ချက်ချင်း အရည်ပျော်သွားသည်နှင့် တူနေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင်... မရေမတွက်နိုင်သည့် မိစ္ဆာများ သုတ်သင်ခံလိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်များ မပျက်စီးခင်မှာပင် လုံးဝ ပျောက်ကွယ်သွားကြ၏။ အကြွင်းအကြန်ဟူ၍ မရှိပေ။

အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ တုံ့ပြန်မှုက အလွန်မြန်ဆန်လှသည်။ တုပိုင်၏ လက်မှ ဆန့်ကျင်ဘက်ဒြပ်စင် ပေါက်ကွဲမှုကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်၌ပင် အသက်ရှင်ကျန်ရစ်သော မိစ္ဆာများအားလုံးကို အမှောင်အက်ကွဲကြောင်းများထဲသို့ ချက်ချင်း ပြန်ခေါ်လိုက်သည်။

သို့သော် ထိုသို့လုပ်ဆောင်သည့်တိုင် မိစ္ဆာတပ်ရင်း၏ ထက်ဝက်နီးပါးမှာ လုံးဝ ဖျက်ဆီးခံလိုက်ရလေပြီ။

ထို့အပြင် အိပ်မက်ဆိုး မိစ္ဆာဘုရင် ဖန်တီးထားသည့် အမှောင်ဟင်းလင်းပြင်၏ စွမ်းအင်အကာအကွယ်မှာလည်း တုပိုင်၏ ဆန့်ကျင်ဘက်ဒြပ်စင်ဗုံး ပေါက်ကွဲမှုအောက်တွင် အက်ကွဲသွားရ၏။ ပထမ၌ အက်ကွဲကြောင်းငယ်တစ်ခု ပေါ်လာပြီးနောက် သိန်းနှင့်ချီသည့် အက်ကွဲကြောင်းများအဖြစ် အလျင်အမြန် ပျံ့နှံ့သွားသည်။

"ဝုန်းးး"

ထို့နောက် အမှောင်ဟင်းလင်းပြင် စွမ်းအင်အကာအကွယ် တစ်ခုလုံး လုံးဝ ကွဲအက်ပျက်စီးသွားကာ ပျောက်ကွယ်သွားတော့သည်။

တုပိုင် ကမ္ဘာပေါ်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာလေပြီ။ ချက်ချင်းပင် လက်ကိုမြှောက်ကာ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူလိုက်၏။

ကီလိုမီတာ တစ်သောင်းကျော်အကွာရှိ အရှေ့တိုင်းနဂါး၏ စွမ်းအင်များသည် နဂါးမလေး မိုဟန်မှတစ်ဆင့် စီးဆင်းလာပြီး တုပိုင်၏ ကိုယ်တွင်းသို့ အဆုံးအစမဲ့ ကူးပြောင်းလာသည်။

ကူးပြောင်းမှုအတွင်း စွမ်းအင်မြောက်မြားစွာ အလေအလွင့်ဖြစ်သွားသော်ငြားလည်း တုပိုင်က သူ၏ စွမ်းအင်အပြည့်အထိ အလွယ်တကူ ပြန်ဖြည့်နိုင်လိုက်ဆဲပင်။

လက်ရှိအချိန်၌ တုပိုင်သည် ဗီဒီယိုဂိမ်းတစ်ခုထဲမှ အချိန်မရွေး နေရာမရွေး သွေးအပြည့်ဖြင့် ပြန်လည်ရှင်သန်နိုင်သော စူပါဘော့စ်ကြီးတစ်ကောင်နှင့်ပင် သွားတူနေ၏။

အိပ်မက်ဆိုး မိစ္ဆာဘုရင်က ရေရွတ်လိုက်သည်။ သူ၏ အသံမှာ ဩရှနေပြီး စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။ "နဂါးမျိုးနွယ်... နဂါးမျိုးနွယ်..."

"ဟားဟားဟားးး" ထို့နောက် သူက ထပ်မံ ရယ်မောလိုက်သည်။ "နဂါးမျိုးနွယ်တွေက တကယ်ကို သူတို့ လုပ်ချင်ရာကို လုပ်နိုင်ကြတာပဲ။"

နဂါးမျိုးနွယ်များ အမှန်တကယ်ပင် သူတို့ လုပ်ချင်ရာကို လုပ်ကြသည်ဟု တုပိုင်သည်လည်း ဝန်ခံရမည် ဖြစ်သည်။

လက်ရှိအချိန်၌ နဂါးမျိုးနွယ်၏ စွမ်းအင်က တုပိုင်၏ လက်ထဲတွင် ရှိနေသောကြောင့် နဂါးဘုရင်၏ စိတ်ဝိညာဉ် မှတ်ဉာဏ်များကို အပြည့်အဝ စူးစမ်းလေ့လာနိုင်ပြီး မှော်ပညာနှင့် စွမ်းအင်ဆိုင်ရာ နိယာမအသစ်များကို အဆက်မပြတ် သင်ယူနိုင်ခဲ့သည်။

ထို့ကြောင့်ပင် နဂါးစွမ်းအင်က သူ၏ လက်ထဲ၌ အလွန် အားကောင်းနေခြင်း ဖြစ်၏။ သို့သော် မိုဟန်ဆိုလျှင် သူမလုပ်တတ်သည်မှာ မီးမှုတ်နေရုံသက်သက်သာ ဖြစ်ပြီး လာမည့်နှစ်အနည်းငယ်အထိ မီးသာ ဆက်မှုတ်နေဦးမည့် ပုံရှိနေသည်။

အိပ်မက်ဆိုး မိစ္ဆာဘုရင်က အက်ရှနေသည့် အသံဖြင့် ဆက်ပြောလိုက်သည်။ "ငါ မင်းကို လေးစားတယ်။ အကြွင်းမဲ့ လေးစားမှုနဲ့ မင်းကို ဦးညွှတ်ပါတယ်။"

တုပိုင်က မေးသည်။ "အိပ်မက်ဆိုး မိစ္ဆာဘုရင်... နဂါးမျိုးနွယ်က အဲဒီလောက် အားကောင်းနေရင် နဂါးသွေးတိုက်ကြီးက ဘာလို့ ကျဆုံးသွားရတာလဲ။"

အိပ်မက်ဆိုး မိစ္ဆာဘုရင်က မောက်မာစွာ ရယ်မောလိုက်သည်။ "ဟားဟားဟားးး နဂါးမျိုးနွယ်က အဲဒီလောက် အားကောင်းနေရင် နဂါးသွေးတိုက်ကြီး ဘာလို့ ပျက်စီးသွားရတာလဲတဲ့လား။ ဒီတိုက်ပွဲမှာ ရှုံးရင် မင်း သေရလိမ့်မယ်။ အဖြေကို သိနေလို့လည်း အဲဒါ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ငါ့ကို သတ်နိုင်အောင်သာ ကြိုးစားကြည့်စမ်းပါ။"

အိပ်မက်ဆိုး မိစ္ဆာဘုရင်က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။ "နဂါးစွမ်းအင်... ငါ့လက်ထဲမှာလည်း နဂါးစွမ်းအင် ရှိနေတယ်ဆိုတာ မမေ့နဲ့။"

ထိုသည်မှာ အမှန်ပင်။ အိမ်မက်ဆိုး မိစ္ဆာဘုရင်သည် နဂါး၏ စိတ်ဝိညာဉ်ကျောက်သလင်း ထည့်သွင်းမြှုပ်နှံထားသည့် ရွှေရောင်နဂါးတောင်ဝှေးကို ဆုပ်ကိုင်ထား၏။

သို့သော် ထိုအရာက အနောက်တိုင်းနဂါး တစ်ကောင်နှင့် သက်ဆိုင်သည်။

အရှေ့တိုင်းနဂါးနှင့် အနောက်တိုင်းနဂါးတို့၏ ခြားနားချက်က မည်သည်နည်း။ သူတို့က အဘယ်ကြောင့် ကွဲပြားခြားနားနေရသနည်း။ ထိုမျှမက... အနောက်တိုင်းနဂါးများက အခြားသော တိကျသည့် မျိုးနွယ်စုတစ်ခုနှင့် အနည်းငယ် ဆင်တူနေသည်ဟုပင် တုပိုင် ခံစားလိုက်ရသည်။

ဤသည်မှာ အဆုံးမဲ့ ပဟေဠိတစ်ခုပင်။

အိပ်မက်ဆိုး မိစ္ဆာဘုရင်က ဟိန်းဟောက်လိုက်သည်။ "ငါ့ဆီမှာလည်း နဂါးမျိုးနွယ်ရဲ့ စွမ်းအားရှိတယ်ကွ။"

ထို့နောက် သူ၏ ရွှေရောင်နဂါးတောင်ဝှေးဖြင့် တုပိုင်အား အပြင်းအထန် ရိုက်ချလိုက်တော့၏။

"ဝုန်းးး"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters