← Chapters

ငါပြန်လာပြီ

Vol. 26 Ch. 363

ငါပြန်လာပြီ

Vol. 26 Ch. 363

အနန္တတောင် ပိုင်နက်နယ်မြေထဲရှိ တောင်ထူလေပြင်းကုန်းမြေတွင်...

အန်လင်းက ခွေး၏ကျောပေါ်မှ ကောင်းကင်ကို ဖြတ်ကာ ပျံသန်းလာပြီး တိမ်တိုက်များထိ မြင့်မားသည့် တောင်တန်း အတွဲလိုက်ကြီးကို တွေ့လိုက်ရ၏။

"အစ်ကိုကြီး အန်၊ အဲ့ဒီ့မှာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရှိလား။ ဝုတ်..." တပိုင်က မယုံနိုင်စွာ မေးလာ၏။

အန်လင်းက အတည်ပေါက် မျက်နှာဖြင့် ပြန်ဖြေလာ၏။ "ဒါပေါ့။ အဲ့ဒီ့မှာ အနက်ရောင် နန်းတော်ထဲမှာ အဖမ်းခံထားရပြီး တောက်ပနေတဲ့ သံချပ်ကာနဲ့ သူရဲကောင်းက သူမကိုကယ်ဖို့လာမှာကို စောင့်နေတဲ့ မင်းသမီးတစ်ပါးရှိတယ်။"

"ခွေးစီး သူရဲကောင်းကွ။ ဝုတ်..." တပိုင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

တပိုင်၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ကြည့်ပါက ရှောင်ချိုးနှင့် ရှောင်ဟုန်တို့မှာ အလွန်ကို ပို၍ တည်ငြိမ်နေ၏။ မည်သို့ဆိုဆို ရှောင်ချိုးက သွားလို့မရပါချေ။ သို့ဖြစ်ပါ၍ သူက ဤနေရာ၌ အဟုန်အပြောင်းအလဲ တစ်ခုအတွက် အများစု နေရမည်ပင်။ ရှောင်ဟုန်မှာတော့ အန်လင်း၏ အိပ်ကပ်ထဲတွင် အမြဲလိုလို လှဲနေပြီး သူမက သေဆုံးသည်ဖြစ်စေ အသက်ရှင်နေသည်ဖြစ်စေ ကွဲပြားမှု မရှိပါပေ။

ကောင်းကင်အထိ မြင့်မားသော တောင်တန်းရှည်ကြီးတစ်ခုပေါ်တွင် ရေလှိုင်းများ တိုးဝေ့နေသော တိမ်တိုက်ဖြူ ရေကန်ကြီး တည်ရှိလေ၏။

အန်လင်းက တိမ်တိုက်ဖြူရေကန်ကြီး၏ အထက်လေထုထဲတွင် ပျံသန်းနေပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။ "စီနီယာ ကျန်းအန်လန်၊ အစ်ကို အဲ့မှာ ရှိလား။"

သူ့အသံက မိုးခြိမ်းသံတစ်ခုလို ရေကန်တစ်ခုလုံးအား ပျံ့နှံ့သွားတော့၏။ သူတို့နောက်ဆုံးတွေ့ခဲ့သည့်အချိန်မှ စပြီး နားမကြားသူ ဖြစ်မသွားပါက ကျန်းအန်လန်လည်း ကြားလောက်ပေလိမ့်မည်။

ရှောင်ချိုးက နားမလည်နိုင်သော အမူအရာဖြင့် မေးလာ၏။ "ငါတို့က သက်တန့်နွားကို ဖမ်းပြီးတော့ အဲ့တာကို စီနီယာကျန်းအန်လန်ကို ဆင့်ခေါ်ဖို့ သုံးစရာမလိုဘူးလား။

အန်လင်းက ခပ်ဖွဖွပြုံးပြပြီး တုံ့ပြန်လာ၏။ "ငါတို့က ဒီလောက်မိတ်ဆွေကောင်းတွေဖြစ်နေပြီကို အဲ့တာမျိုးလုပ်ဖို့ ဘယ်သူကလိုအုံးမှာလဲ။"

ဘုန်း...

ရေနံရံကြီးက ရေကန်မှ ပေါက်ကွဲသွားကာ မိုးပြာရောင်ကြေးခွံများနှင့် ပေတစ်ရာကျော် ရှည်လျားသော နဂါးကြီးက အန်လင်းရှေ့တွင် ပေါ်လေ၏။

"အန်လင်း။ မင်းလား။" ချိုနဂါးက အန်လင်းကို မြင်သည်နှင့် အနည်းငယ် တုံ့ဆိုင်းသွားတော့၏။

သူ့ရှေ့မှ အမျိုးသားငယ်မှာ သူ့၏ မှတ်ဉာဏ်များထဲတွင် အရိုးစွဲအောင် တည်ရှိနေသည်ဖြစ်ပြီး နောက်ဆုံးတော့ ဤအမျိုးသားမှာ သူ့၏ ရတနာသိုက်ကို ပြောင်သလင်းခါစေခဲ့ကာ ထိုကဲ့သို့တစ်စုံတစ်ယောက်ကို မေ့ပျောက်ရန် ခက်ခဲလှပေသည်။

"ဟဟ... စီနီယာ ကျန်းအန်လန်၊ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။" အန်လင်းက ကျန်းအန်လန်ကို အပြုံးလေးနှင့် နှုတ်ဆက်လိုက်၏။

"မတွေ့တာကြာပြီနော် မာစတာ အန်လင်း။ ဒီမှာ ဘာကိစ္စများရှိလို့လဲ။" အန်လင်းက ဤနေရာသို့ သူ့ဆီလာလည်ရန် သပ်သပ် လာခဲ့သည်ဆိုခြင်းကို ကျန်းအန်လန်က တစ်စက္ကန့်မျှပင် မယုံနိုင်ပါပေ။

"အို... စီနီယာ။ ကျွန်တော်က ဒီကို တိမ်ဖြူကန်ရဲ့ အပျက်အစီးကို ရှာဖွေဖို့လာခဲ့တာ။" အန်လင်းက တည့်တိုးဆိုလာ၏။

အန်လင်း၏ တုံ့ပြန်ချက်ကိုကြားပြီးနောက် ကျန်းအန်လန်၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ "နောက်ထပ်လား။ မင်း အရင်တစ်ခေါက်က စီစဉ်သူဆီက ကန်ထုတ်ခံရတာမဟုတ်ဘူးလား။"

"ဟီးဟီး... အဲ့တာက အတိတ်က ကိစ္စတွေပါ။ ငါက အရင်ကလို လူမျိုးမဟုတ်တော့ဘူး။" အန်လင်းက သူ့မျက်လုံးထဲတွင် မီးတောက်များကဲ့သို့ တောက်လောင်နေသော တိုက်ပွဲဆန္ဒနှင့်ယုံကြည်မှု ရှိရှိပြုံးပြလာ၏။

ဘာပဲဖြစ်ဖြစ် သူက ယခုတွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံး အဆင့် ကျင့်ကြံသူဖြစ်နေ​ပြီဖြစ်ကာ ဆတိုးစေရန်အတွက် ဝှက်ဖဲ အမြောက်အများလဲ ရှိနေပြီ ဖြစ်၏။

ခရမ်းကြယ်စင် အပျက်အစီးက သူ့အတွက် ကြောက်စရာ နယ်ပယ် တစ်ခုဖြစ်နေသေးသည်လား။ လုံးဝပဲ ဖြစ်၏။

အပျက်အစီးက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် အထက်ကို ဝင်ခွင့်မှ ဟန့်တားထား၏။ အန်လင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မထိုးဖောက်သေးသည့် အကြောင်းအရင်းမှာလဲ ဤအပျက်အစီးနယ်ပယ်ကို ဗလာကျင်းရန်ပင်။

အကယ်၍ သူက ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း ၈၈ ၏ ရတနာများ အားလုံးကို မလုယူနိုင်ခဲ့ပါက လုယူနိုင်မည့်သူ ကမ္ဘာပေါ်တွင် မရှိတော့ပါ။ အနည်းဆုံးတော့ အန်လင်းက သူ့ထက် ကြမ်းသည့် ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ကို မကြုံဖူးသေးပါချေ။

"ဟုတ်ပြီ။ မင်း ကြိုက်တာသာလုပ်ပါ။" ကျန်းအန်လန်က အန်လင်း၏ ယုံကြည်ချက်အပြည့်နှင့် အမူအရာကို ကြည့်ကာ အရှုံးပေးလိုက်၏။ ထို့နောက်သူက စဉ်းစားရခက်သော အမူအရာနှင့် အန်လင်းအပေါ်သို့ အဝါရောင် မျက်လုံးအကြည့်များရွေ့လိုက်၏။ "သက်တန့်ရောင် နွားက ဘယ်မှာလဲ။"

"ဟဟ... သက်တန့်ရောင်နွားက ရှာရ အရမ်းခက်တယ်လေ။ ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေပဲကို လုပ်ထုံးလုပ်စဉ်တွေကို ကျော်လိုက်လို့ ရမလားဟင်။" အန်လင်းက ယုံကြည်မှုရှိရှိ ပြန်ဖြေလာ၏။

ချိုနဂါး၏ နှုတ်ခမ်းထောင့်များက အေပါ်သို့ တက်သွား၏။ "ဟီးဟီး..."

ထို့နောက် သူက တိတ်ဆိတ်သွားကာ မလှုပ်ရှားပါပေ။

လူတိုင်းက တိတ်ဆိတ်သွား၏။

အခြေအနေက အလွန်ကို နေရခက်လာတော့၏။

တပိုင်က မရယ်မီအောင်ထိန်းရင်း ရုန်းကန်နေရ၏။ အဲ့ဒီ့တော့ ဒီဟာက အစ်ကိုကြီးအန် ​ရည်ညွှန်းတဲ့ မိတ်ဆွေဟောင်းဆိုတာပေါ့။

သူတို့က ဘာလို့ ရန်သူဟောင်းတွေနဲ့ ပိုတူနေရတာလဲ။

အန်လင်း၏ ရင်ဘတ်က တင်းကြပ်လာပြီး ကျန်းအန်လန်ကို သူ့၏ တရားသေနည်းလမ်းများကြောင့် ဆဲရေလိုက်၏။

သူ့မျက်နှာပေါ်တွင် မျက်နှာသေတစ်ခုက ပေါ်လာပြီး သူ့၏ သိုလှောင်လက်စွပ်ထဲမှ အဖြူရောင် တောက်ပနေသော သက်ရှိကျောက်တုံး ဆယ်တုံးကို ထုတ်ယူလိုက်၏။

"ဟားဟား... ညီအစ်ကို ကျန်း၊ မင်းက ဒီလိုပစ္စည်းတွေ အရမ်းမကြိုက်ဘူးဆိုတာ ငါသိပါတယ်..."

သူက တစ်စုံတစ်ခုကို ပြောတော့မည့်ကဲ့သို့ ကျန်းအန်လန်၏ မျက်ခုံးမွှေးများမှာ အန်လင်းလက်ထဲမှ သက်ရှိ​ကျောက်တုံးများကို မြင်သောအခါ ပြန်လည် ကြည့်ကောင်းလာတော့၏။

သို့သော်လည်း ထိုအချိန်၌ အန်လင်းက သူ့စကားကို ဆက်ပြောလာ၏။ "ဒါပေမဲ့ ကျွန်တော်က ငွေကလွဲရင် တခြားဘာမှမရှိတဲ့ ခပ်နုပ်နုပ်လူတစ်ယောက်ပါ...။ ကျွန်တော်တို့လို မိတ်ဆွေကောင်းတွေပြန်တွေ့ရတာ နေ့တိုင်းမှ မဟုတ်တာကို။ အဲ့တာမို့ ကျွန်တော့်မှာ အစ်ကို့အတွက် လက်ဆောင် သေးသေးလေးပါတယ်။ အစ်ကိုလက်ခံဖို့ မျှော်လင့်ပါတယ်ဗျာ..."

သူက စကားပြောရင်း သက်ရှိကျောက်တုံး ဆယ်ခုကို ကျန်းအန်လန်ဆီသို့ ကမ်းပေးလိုက်၏။

ကျန်းအန်းလန်၏ အမူအရာက သက်ရှိကျောက်တုံး ဆယ်တုံကို လက်ခံပြီးသည့်နောက်တွင်တော့ ၁၈၀ဒီဂရီပြောင်းသွားပေတော့သည်။ "ဟားဟား... မင်းက အရမ်းကြင်နာတတ်တာပဲ။ ညီအစ်ကို အန်လင်း၊ နောက်တစ်ခါဆို ဒုက္ခခံပြီး လက်ဆောင်တွေ ယူမလာပါနဲ့။"

ချိုနဂါးက သက်ရှိကျောက်တုံးများကို ပျော်ရွှင်သောအမူအရာနှင့် သူ့၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းနေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးအသွင်ပြောင်းသွား၏။ သူတို့နှစ်ဦးက တစ်ယောက်နှင့် တစ်ယောက် လွတ်လွတ်လပ်လပ် စကားစမြည်း ပြောနေကြသည်မှာ အချိန်အကြာကြီးနေမှ ပြန်ဆုံတွေ့ရသော အလွန်ကောင်းမွန်သည့် မိတ်ဆွေကောင်းများကဲ့သို့ပင်။

တပိုင်က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့ရှေ့မှ မြင်ကွင်းကို အမူအရာမဲ့ကြည့်နေရင်း သူ့နှလုံးသားထဲ၌ ဝင်ပေါက်တစ်ခု ပွင့်လာသည်ဟု ထင်ရ၏။

"ညီအစ်ကို အန်က အတော်လေး အရေးကြီး ကိစ္စလုပ်စရာရှိပုံပဲ။ အဲ့တာကြောင့် မင်းလုပ်စရာရှိတာ လုပ်တော့နော်။ အန္တရာယ်ကင်းဖို့ သတိရပြီး ဒီအပျက်အစီးထဲမှာ မင်းကံကောင်းဖို့ ဆုတောင်းပေးလိုက်ပါတယ်ကွာ။"

ကျန်းအန်လန်က အန်လင်းကို နှုတ်ဆက်ပြီးသောအခါ သူတို့အောက်မှ ရေကန်ကို ခွဲလိုက်ပြီး သတ္ထုဝင်ပေါက်တစ်ခုကို ဖော်ပြလာ၏။

"ဟုတ်ပြီ။ နောက်တစ်ခါမှပဲ ပြန်ဆုံကြတာပေါ့။" အန်လင်းက ကျန်းအန်လန်ကို နှုတ်ဆက်လက်ပြပြီးနောက် ရှောက်ချောင်ကို လှည့်ကာပြောလိုက်၏။ "ရှောင်ချိုး မင်းက အပြင်မှာပဲနေခဲ့ပြီးတော့ ကြိုမမြင်ရတဲ့ အခြေအနေတွေ ဖြစ်လာမလားဆိုတာ စောင့်နေလိုက်။"

ရှောင်ချိုးက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီးဖြစ်သည်မို့ အတားအဆီးအလင်းပြားကို ကျော်ဖြတ်ကာ ခရမ်း​ရောင်ကြယ် အပျက်အစီးထဲသို့ မဝင်ရောက်နိုင်ပါပေ။

ရှောင်ချိုးကို တာဝန်များ ခွဲဝေပေးပြီးနောက် အန်လင်းက ခွေး၏ ကျောကိုစီးကာ အပြာရောင် အလင်းပြားကို ဖြတ်၍ အပျက်အစီးထဲသို့ ဝင်လာလိုက်၏။

အန်လင်းက ထို သက်ရှိကျောက်တုံး ဆယ်ခုကို လွမ်းဆွေးနေသလား။ တစ်စက်လေးတောင်မှ မရှိပါပေ။

သူက လင်းကျွင်းကျွင်းဆီမှ အခုတစ်ရာလောက်ပြန်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေပေ၏။

တိမ်တိုက်တောင်၏ တောင်ထိပ်တွင်...

နူးညံ့သော မျက်ခုံးနှင့် အမျိုးသမီးက သူမရှေ့ရှိ ကမ်းဗက်ကို အမူအရာမဲ့ စိုက်ကြည့်နေ၏။

"ဟက်ချိုး..." အမျိုးသမီးက ရုတ်တရက် နှာချေလိုက်၏။

ဟင်... ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်ယောက်က ငါ့အကြောင်းတွေးနေတာလား။

ဖေဖေလား ဒါမှမဟုတ် သူ့အမတွေထဲက တစ်ယောက်လား။

အမျိုးသမီးက အပြုံးလေးနှင့် ခေါင်းခါလိုက်ပြီး သူမရှေ့ရှိ ကမ်းဗက်ပေါ်သို့ အကြည့်များ ပြန်ပြီး းအာရုံစိုက်သွား၏။ သို့သော်လည်း သူမက အမူအရာမဲ့သာ ဆက်ငေးနေပါလေသည်။

သူမက အလွန်ထူးခြားပြောင်မြောက်သော အနုပညာများ ဆွဲပြီးပြီဖြစ်ကာ လှပသော ရှုခင်းများ၊ ရွှင်မြူးသော အသက်ပုံစံများနှင့် မေ့မရနိုင်သော ပုံရိပ်အများအပြား ပါဝင်လေ၏။ သူမရှေ့မှ ကမ်းဗက်ပေါ်တွင် ပြသရန် ပုံရိပ်အမြောက်အများက သူမစိတ်ထဲတွင် ပေါ်လာနေပြီး ဖြစ်၏...။

သို့သော် သူမက ရုတ်တရက် ဘာမှ မဆွဲချင်တော့ပါပေ။ ထို့ပြင် သူမက မည်သည့်အရာကိုမှလဲ မဆွဲနိုင်တော့ပါချေ။

သူမက ပန်းချီဆွဲခြင်းကို ပျင်းရိသွားပြီလား။ သူမက အနုပညာရှင်များ အတားအဆီးကြုံခြင်းကို ခံစားနေရသည်လား။

သူမ မသိပါပေ။

ထိုအခိုက်အတန့်မှာပင် သူမ၏ အသံကူးပြောင်း အစီအရင်မှာ ရုတ်တရက် အသံမြည်လာ၏။

"မာစတာ ထျန်းယွီ၊ ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း ၈၈ ရဲ့ အပျက်အစီးထဲကို သူ့သဘောနဲ့သူ ဝင်ရောက်​လာတဲ့ ကျင့်ကြံသူတစ်ယောက်ရှိပါတယ်။" ကျန်းအန်လန်၏ အသံက အသံကူးပြောင်း အစီအရင်မှ ထွက်ပေါ်လာ၏။

"အို..." လင်းကျွင်းကျွင်းက အထင်အမြင်သေးစွာ တုံ့ပြန်လိုက်၏။ စမ်းသပ်မှုတွေက တတိယအဆင့်ကို တိုးမြှင့်ပြီး ကတည်းက ခရမ်းကြယ်စင် အမွေအနှစ်အတွက် သူမ၏လိုအပ်ချက်မှာ သိသိသာသာပင် ကျသွားလေ၏။

"မာစတာ ထျန်းယွီ၊ ဒီတစ်ခါ ဘယ်သူလဲ ဆိုတာ မသိချင်ဘူးလား။"

"အဲ့တာ အရေးကြီးလို့လား။ သူတို့ ဘယ်သူပဲဖြစ်ဖြစ် သူတို့အောင်မြင်သွားရငိ ငါ့ဆီကိုသာ ဆုချဖို့အတွက် ခေါ်လာခဲ့ပါ။" လင်ကျွင်းကျွင်းက သူမ၏ အသံကူးပြောင်း အစီအရင်ကို လက်ချောင်းသွယ်လေးများဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ကာ ကူးပြောင်းခြင်းကို အဆုံးသတ်တော့မလို့ ဖြစ်သည်။

သို့သော်လည်း တခြားတစ်ဖက်မှလာသော စကားလုံးများက သူမ၏ လှုပ်ရှားမှုများကို တုံ့ဆိုင်းသွားစေတော့၏။

"အပျက်အစီးထဲကို ဝင်သွားတာ မာစတာ အန်လင်းပါ။" ကျန်းအန်လန်က ပြောလာ၏။

"ဘာကြီး...။ အန်လင်း...။"

လင်ကျွင်းကျွင်း၏ လက်များက တုန်ယင်နေပြီး သူမ၏ အမူအရာမှာ အပြင်းအထန် ပြောင်းလဲသွားတော့၏။

ထိုအခိုက်အတန့်တွင် ခရမ်း​ရောင်ကြယ် အပျက်အစီးထဲ၌...

တပိုင်က အပြာရောင် အလင်းပြားကို ဖြတ်သန်းပြီးသောအခါ သူ့ရှေ့မှ မြင်ကွင်းကို အလွန်အမင်း အံ့အားသင့်သွားတော့၏။

"သေစမ်း...။ ဒီဟာက ဘယ်လို အပျက်အစီးမျိုးလဲ။"

သာက အလွန်အမင်း သန့်ရှင်း ချောမွတ်နေကာ အဖြူရောင် သတ္ထု ကြမ်းပြင်နှင့် လှိုင်ဂူသဖွယ် ခန်းမကြီး၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရ၏။ အခန်းမှာ အသေးစိတ် အနုပညာ ပန်းပုများနှင့် စီရီထားပြီး နည်းပညာနှင့် ရှေးဟောင်း အလှအပများ ပေါင်းစပ်ခြင်း နမူနာတစ်ခု ဖန်တီးနေပေသည်။

"အို အချစ်ကလေး၊ အဲ့တာ စက်ရုပ် နှစ်ရုပ်မဟုတ်လား။" တပိုင်က ထပ်မံ အော်ဟစ်လိုက်၏။

"ရူး… တိတ်တိတ်နေစမ်း။" အန်လင်းက တပိုင်ခေါင်းကို ပွတ်လိုက်ပြီး သူ့ရှေ့မှ စက်နှင့်ဆိုင်သော ဖန်တီးမှုများဆီသို့ မသိမသာဖြင့် လျှောက်သွားလိုက်၏။

ထိုအရာများမှာ သားရဲတစ်ရာ၏ သွေးမျိုးဆက်များ ပေါင်းစပ်ထားသော ခရမ်းကြယ်စင် နည်းပညာထုတ်ကုန်များဖြစ်သည်...။

အန်လင်း၏ မျက်နှာပေါ်တွင် ရှက်ပြုံးတစ်ခုပေါ်လာ၏။ လွန်ခဲ့သည့်တစ်ခေါက်က သူကန်ထုတ်မခံရမီတွင် စက်ရုပ်နှစ်ကောင်ကိုသာ ခိုးနိုင်ခဲ့၏။ ထို့ကြောင့် စက်ရုပ် သုံးကောင် ကျန်နေပါသေးသည်။ ထိုစက်ရုပ်များမှာ မည်မျှအထိလှပသည်ကို မြင်ပြီးသည့်နောက်မှာတော့ သူတို့အပေါ်မည်ကဲ့သို့ လက်လျော့နိုင်မည်နည်း။

သူက ရွှင်ပြသောသံစဉ်တစ်ခုကို လေချွန်လိုက်သောအခါ သက်ရှိစွမ်းအင်က သူ့လက်ဖျားထိပ်ကလေးတွင် စုစည်းလာ၏။ ထို့နောက် သူက မှတ်ဉာဏ်ထဲမှ ရှုပ်ထွေးလှသည့် သွေးကြောပုံစံများကို ဖြတ်ထုတ်လိုက်ကာ လေဟာနယ်အတားအဆီးကို ပပျောက်စေလိုက်၏။

"အစ်ကိုကြီး အန်..." တပိုင်၏ အသံက ရုတ်တရက် အနောက်မှ ထွက်လာလေ၏။

"ရှူး... ငါအလုပ်များနေတာ မင်း မမြင်ဘူးလား။" အန်လင်းက အရေးမစိုက်စွာ လက်ယမ်းပြလိုက်၏။

"ဒါပေမဲ့ အစ်ကိုကြီးအန်၊ နင်..."

"ကျွတ်... ငါလုပ်နေတာကို အရင်ပြိီးအောင် လုပ်ခွင့်ပေးပါအုံး။ ငါ့ကို နှောက်ယှက်မနေနဲ့တော့။ ငါတို့မှာ အချိန်အများကြီးမရှိဘူး။ ဒီထဲက ကျားမက ငါတို့ကို သတိထားမိသွားရင် နှစ်ယောက်လုံး ဒုက္ခရောက်လိမ့်မယ်။"

"အစ်ကိုကြီးအန်၊ အစ်ကိုပြောတဲ့ ကျားမက ဒီမှာရှိတဲ့ ဒီကောင်မလေး ချောချောလေးလား။ အဲ့တာဆိုရင်တော့ ကျွန်တော်တို့ ဒုက္ခရောက်ပြီးနေပြီ..."

"ဟင်...။ မင်က အခုဘာ ပေါက်ကရတွေ ပြောနေတာလဲ။"

အန်လင်းက တပိုင်ကို ဒေါသတကြီး ကြည့်ရန်လှည့်လိုက်၏။ သို့သော် ထိုအစား သူက ပန်းပွင့်သဖွယ်ဖြစ်နေသည့် အဖြူရောင် ဝတ်စုံထဲမှ သူ့အားနူးညံ့သည့် အပြုံးတစ်ခုနှင့် ကြည့်နေသော အမျိုးသမီးတစ်ဦး၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရ၏...

***

All Chapters