ငါက ဒီအပျက်အစီးတစ်ခုလုံးကို အပိုင်သိမ်းမယ်
Vol. 26 Ch. 364
"ဂလု..." အန်လင်းက တံတွေးမြိုချမိသွား၏။
သူ့ရှေ့မှ အမျိုးသမီးမှာ သူမ၏ ရှည်လျားသွယ်လျသည့် ခန္ဓာကိုယ်တစ်လျောက် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ အသားအရေမှာ ပုလဲကဲ့သို့ ဖြူပြီး သူမ၏ မျက်လုံးတောက်တောက်များများက ဆန်ကြယ်သည့်အပြုံးတစ်ခုနှင့် အန်လင်းဆီ၌ မြဲမြံနေ၏။
"မင်္ဂလာပါ ပိုင်လင်း။ မတွေ့တာကြာပြီနော်။"
အန်လင်းက အပြုံးတစ်ခုနှင့် နှုတ်ဆက်စကားတိုဖျစ်ညစ်ဆိုလိုက်၏။
သူ့ရှေ့မှအမျိုးသမီးမှာ သုသေတနအဖွဲ့အစည်း၏ ကြိုးကိုင်ခြယ်လှယ်သူ ကိုယ်စား ထွက်ပေါ်လာသူတဖြစ်လဲ ရှေ့တစ်ခေါက် အလည်လာစဉ် အန်လင်းနှင့် တခြားသူများကို အပျက်အစီး၏ အပြင်ဘက်သို့ ကန်ထုတ်ခဲ့သည့် သူဖြစ်၏။
"နင်ဘာလုပ်နေတာလဲ။" ပိုင်လင်းက ပြုံယောင်သန်းကာ မေးလာ၏။
အန်လင်းက ဆင်ခြေတစ်ခုကို ရွေးနေစဉ် နဖူး၌ ချွေးစေးများကျလာတော့၏။ "ငါ ဒီစက်ပစ္စည်း ထုတ်ကုန်တွေကို ထိန်းသိမ်းဖို့ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု သိခဲ့လို့ ဒီမှာ စမ်းကြည့်မလို့ပါ..."
ပိုင်လင်းက မျက်ခုံးကို ခပ်ဖွဖွ ပင့်ကာ "နင်က ငါ့ကို ငတုံးလို့များ ထင်နေလား။"
"အမကြီး ပိုင်၊ ကျွန်တော်က သူတို့ကို ..."
အန်လင်းက ထိုအမျိုးသမီးအား အရည်လဲ့နေသော ပါပီလေးသဖွယ် မျက်လုံးများ၊ စိတ်ရင်းနှင့် တောင့်တနေသော အမူအရာဖြင့်ကြည့်လိုက်ရင်း ဆင်ခြေများကို လုပ်ကြံပြောဆိုရန် ကြိုးပမ်းမှုကို လက်လျော့လိုက်ရ၏။
ပိုင်လင်းက သူ့၏ မုန်းစရာအမူအရာအားကြည့်ရင်း နှုတ်ခမ်းများတွန့်ကွေးသွားတော့၏။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်လေး အတွင်းမှာကို ဘယ်လိုလုပ်များ သူ့အရေပြားက ပိုထူလာရတာလဲ။
"ငါက တကယ်ပဲ ခရမ်းကြယ်စင် နည်းပညာထုတ်ကုန်တွေကို အမြင့်တစ်ခုဆီကို ယူသွားပေးမှာပါ ငါ့ကို တစ်ခုလောက် ပေး.... ဒါမှမဟုတ်လဲ ဒီလိုဆိုရင်ရော အမကြီးပိုင်၊ ငါမင်းကို ဘာလုပ်ပေးလို့ရမလဲ ဆိုတာ နင်ပြောကြည့်လေ။" အန်လင်းက စကာဆက်လာ၏။
ပိုင်လင်းက နွမ်းလျလျ သက်ပြင်းတစ်ခုကို ချရင်း သူမ၏ မျက်ခုံးများကို နှိပ်လိုက်၏။ "ငါမင်းဆီက တခြား သွေးမျိုးဆက် စက်ကိရိယာ ဖန်တီးမှု နှစ်ခုအတွက်တောင် မတောင်းရသေးဘူး..."
အန်လင်းက ထိုသည်ကိုကြားသည်နှင့် မသိလိုက်မသိဘာသာ နောက်သို့ နှစ်လှမ်းဆုတ်မိသွား၏။
"ဘာပဲဖြစ်ဖြစ်ပါ။ မင်းဒီနေ့ ဒီကိုလာတာ အမွေယူဖို့မလား။ ငါ မင်းအတွက် ကိစ္စတွေကို ခက်ခဲအောင် မလုပ်ပါဘူး။ တကယ်လို့ မင်းက စမ်းသပ်မှုတွေအားလုံးကို ရှင်သန်နိုင်မဲ့ အခွင့်အရေး ၂၀ရာခိုင်နှုန်းထက်နည်းပြီး ကျော်ဖြတ်နိုင်တယ်ဆိုရင် ငါမင်းကို စက်ပစ္စည်း ဖန်တီးမှုတွေအကုန်လုံးနဲ့ အမွေအနှစ် အချက်အလက်တွေ အားလုံးကို ပေးလိုက်မယ်။" ပိုင်လင်းက ထပ်မံပြောလာ၏။
အန်လင်း၏ မျက်လုံးများက အရောင်တောက်လာပြီး အသက်ရှုနှုန်း မြန်လာတော့၏။ "သဘောတူတယ်။"
စက်ပစ္စည်း ဖန်တီးမှုများ အားလုံးမှာ တိုက်ပွဲထဲတွင် အသုံးဝင်လှ၏။ ထို့ပြင် အမွေအနှစ် အချက်အလက်များမှာ သူ့အတွက်သာမက စိတ်ဝိညာဉ် ကျောက်တုံးများနှင့်လဲ လဲလှယ်နိုင်၏။ အမွေအနှစ် အချက်အလက် တစ်ဝက်ကပင် သူ့၏ ကြွယ်ဝမှုများကို သိသိသာသာတိုးလာစေခဲ့၏။ အကယ်၍ သူသာနောက်ထပ် တစ်ဝက်ကိုရပါက... ဟီးဟီး...
ပိုင်းလင်းသည်လည်း ဤအခွင့်အရေးကို အန်လင်းအားပေးရသည့် အကြောင်းပြချက်ရှိပါ၏။ အန်လင်း၏ အဖွဲ့ဤနေရာသို့ လာပြီးကတည်းက အပျက်အစီးထဲသို့ ဝင်ရောက် စွန့်စားရန်လာကြသောအဖွဲ့ တစ်ခုသာ ရှိ၏။ သို့သော်လည်း သူတို့မှာ စမ်းသပ်မှုတစ်ခုတည်းသာ ကျော်ဖြတ်နိုင်ပြီး သေဆုံးသွားသည်မို့ သူမက အလွန်စိတ်ပျက်သွားရ၏။
အန်လင်းကဲ့သို့ တစ်စုံတစ်ဦးမှာ အလွန်ရှားပါးလှပြီး နောက်ထပ် နှစ်ထောင်ချီအတွင်းမှာပင် သူမက သူ့ကဲ့သို့ တခြားတစ်ယောက်မတွေ့နိုင်ပါ။ သို့ဖြစ်ပါ၍ သူမက သူ့အား ဤသုတေသန အဖွဲ့အစည်း ပေးအပ်ရမည့် အမွေများအားလုံးကို ရမည့် အခွင့်အရေးကို ပေးခြင်းဖြစ်သည်။
"ငါ ဒီသုတေသန အဖွဲ့အစည်းထဲမှာရှိတဲ့ လျှို့ဝှက်အခန်းတွေ အကုန်လုံးကို ကျပန်းချထားပြီးတော့ မင်းစမ်းသပ်ခံရမဲ့ စမ်းသပ်မှုတွေ အကုန်လုံးရဲ့အခက်အခဲ အဆင့်ကိုလဲ တိုးထားတယ်။ မင်းက ရှေ့ပဲဆက်သွားလို့ရမှာနော် နောက်ကြောင်းပြန်ဆုတ်ဖို့က ရွေးချယ်မှုထဲမှာ မပါဘူး။ ငါတို့ရဲ့ အတိတ်ဟောင်းတွေကို ထောက်ပြီးတော့ မင်းက ရှေ့ဆက်ဖို့ အရမ်းကြောက်ပြီး မျက်ရည်စက်လက်နဲ့ မင်းကိုထွက်သွားခွင့်ပြုဖို့တောင်းဆိုရင်တော့ မင်းကို အသက်ချမ်းသာပေးဖို့ သေချာပေါက် စဉ်းစားပေးပါမယ်။" ပိုင်းလင်းက အန်လင်းအား ဆွဲဆောင်မှုရှိသော အပြုံးလေးနှင့်ပြောလာ၏။
အန်လင်းက ခပ်ဖွဖွပြုံးလိုက်၏။ "ဟီးဟီး... ငါ့ရဲ့ အဘိဓာန်မှာ တောင်းပန်တာနဲ့ နောက်ကြောင်းပြန်ဆုတ်တာဆိုတဲ့ စကားလုံးတွေမရှိဘူး။"
"သွားရတာ အရမ်းကြီးခက်မနေဘူးဆိုရင်ပေါ့။" ထိုသည်ကိုတော့ သူက စိတ်ထဲမှ ထပ်ပေါင်းပြောလိုက်ခြင်းပင်။
"ဟုတ်ပြီ။ အဲ့တာဆို မင်းကံကောင်းပါစေ။" ပိုင်လင်းက အဖြူရောင် အလင်းတန်းထဲသို့ တဖြေးဖြေး ဝင်ရောက်ပျောက်ကွယ်သွား၏။
အန်လင်းက ပိုင်လင်းပျောက်သွားသည့် နေရာအားကြည့်နေလိုက်၏။ ထို့နောက်သူက စက်ရုပ်ပေါ်မှ တစ်ဝက်ပြည့်စုံနေသောဖွဲ့စည်းခြင်းကိုကြည့်ကာ ပျော်ရွှင်စွာ သီချင်းဆိုလိုက်၏။
သူက လုယက်မှုကိုဆက်လုပ်ချင်သည့်စိတ်ကို ချိုးနှိမ်ကာ တပိုင်ဆီသို့ လှည့်လိုက်၏။ "သွားပြီးတော့ မင်းသမီးအလှလေးကို ကယ်ကြရအောင်။"
တပိုင်က အန်လင်းအား သူကလှည့်ဖြားခံလိုက်ရသကဲ့သို့ အေးစက်စက်အမူအရာနှင့်ကြည့်လာ၏။ "အဲ့တာဆို မင်းပြောတဲ့ မင်းသမီးလေးက အဲ့အမကြီးပိုင်လား။ ဝုတ်..."
"သေချာပေါက် မဟုတ်ဘူးပေါ့။ သူမက မင်းသမီးလေးကို ချုပ်နှောင်ထားတဲ့ မကောင်းဆိုးဝါး စုန်းမကြီးလေ။" အန်လင်းက အတည်ပေါက်ကြီး ပြန်ဖြေလာ၏။
တပိုင်းက အန်လင်း၏ တုံ့ပြန်စကားကို ကြားပြီးမှ သက်ပျင်းချနိုင်တော့၏။ အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးက အလွန်လှပါ၏။ သို့သော် သူမက မည်သည့် ကယ်ဆယ်မှုကိုမှ မလိုလောက်အောင် အစွမ်းထက်လှသည်မှာ အသိသာကြီးပင်။ ထိုသည်ပင်မက သူမက အန္တရာယ်အငွေ့အသက်လည်း ပေးနေ၏။
အန်လင်းက စကားပြောနေစဉ် ကျောရိုးတစ်လျောက် ကြက်သီးများထသွားပြီး အနည်းငယ် တုန်ယင်သွားတော့၏။
သူက တပိုင်ကို လှိုင်ခေါင်းတစ်ခုကို ဦးဆောင်သွားခိုင်းလိုက်ပြီး သူတို့နှစ်ဦးက ထိုလှိုင်ခေါင်း၏အဆုံး၌ အနက်ရောင် သတ္ထုတံခါးတစ်ချပ်ကို တွေ့လိုက်ရ၏။
သူက တံခါးကို တွန်းဖွင့်လိုက်သောအခါ တစ်ခြားတစ်ဖက်၌ လှိုင်ဂူကဲ့သို့ အခန်းတစ်ခန်းကို တွေ့လိုက်ရ၏။ အခန်း၏ အလယ်တွင် အစိမ်းရောင် အရည်များနှင့် ရေကန်တစ်ကန်ရှိပြီး မရပ်မနား အမြှုပ်များထနေကာ ပျက်ဆီးခြင်း၏ အနံ့အသက်က အခန်းတစ်ခုလုံး စိမ့်ဝင်နေ၏။
"အဆိပ် စမ်းသပ်မှုက ကြိုဆိုပါသည်။ ရှေ့က အစမ်းသပ်ခံများ၏ အချက်အလက်များအရ ဤစမ်းသပ်မှုအတွက် အသက်ရှင်နိုင်ချေမှာ ၃၀ရာခိုင်နှုန်းဖြစ်ပါသည်။ သင်က ဤစမ်းသပ်မှုကို လက်ခံပါသလား။" ပိုင်လင်း၏ စိတ်ခံစားချက်မဲ့ကာ အနည်းငယ် စက်ရုပ်သံပေါက်နေသော အသံက ထွက်ပေါ်လာ၏။
"လက်ခံပါတယ်။" အန်လင်းက ပြန်ဖြေလိုက်၏။
အန်လင်း၏ အတည်ပြုမှု အပြီးတွင် အစိမ်းရောင် အရည်များက ရုတ်တရက် လှိုင်းထလာပြီး အပြင်းအထန် တိုးဝှေ့လာကြတော့သည်။
ထို့နောက်သူက မျက်နှာပေါ်တွင် ဦးမှင်များပါသော လူပုံသဏ္ဍာန် မကောင်းဆိုးဝါးကြီးတစ်ကောင်က ရေကန်မှ တဖြည်းဖြည်းတက်လာသည်ကို တွေ့လိုက်ရ၏။ ထိုအရာကြီးက ပါးစပ်ဖွင့်လိုက်ကာ ချွန်ထက်ပြီး အန္တရာယ်များသည့် သွားများကို ထုတ်ပြလာပြီး ထိုပါးစပ်မှ နိမိတ်မကောင်းပြီး ယိုယွင်းနေသည့် အရှိန်အဝါများ တဖြည်းဖြည်းထုတ်လာလေ၏။
"အဲ့တာက သေချာပေါက် ရန်ဘက်ပေါ့နော်။ အဲ့တာက နတ်ဆိုးဘုရင်ကြီးနဲ့တူတယ်။ ဝုတ်..." တပိုင်က သူ့အမြီးကိုလှုပ်ရမ်းပြီး သူ့၏ ကောင်းကင်ပြိုကွဲစေနိုင်သော လက်သည်းကို တည်ကြည်သောအမူအရာနှင့် ဝတ်ဆင်လိုက်၏။
"အဲ့တာက Piccolo နဲ့တူတယ်။ "အန်လင်းက ခေါင်းညိမ့်ကာ မှတ်ချက်ပြု၏။ "ရှောင်ချောင်က ဒီမှာမရှိတာ ဆိုးတာပဲ။"
"ဝေါင်း..." အစိမ်းရောင် လူပုံစံ မကောင်းဆိုးဝါးကြီးက လေထဲသို့ လက်နှစ်ဖက်နှင့် ဆုတ်ကိုင်လိုက်ပြီး ရေကန်ထဲရှိ အစိမ်းရောင် အရည်များက လေထဲသို့ မြောက်တက်လာပြီး အစိမ်းရောင် စပါးအုံးမြွေများအဖြစ် ပြောင်းသွားပြီး အန်လင်းဆီသို့ သေစေနိုင်သော ပျက်စီးခြင်း အရှိန်အဝါနှင့် ခုန်အုပ်လာ၏။
အန်လင်းက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး နေရာ၌ပင် ချက်ချင်း ပျောက်ကွယ်သွား၏။
အစိမ်းရောင် စပါးအုံးများက သူ့၏ မူလနေရာသို့ ပြုံကျလာပြီး အဆိပ်ရှိမြူခိုး တိမ်တိုက်ကြီးအဖြစ် ပေါက်ကွဲသွားလေ၏။
ထိုအခိုက်အတန့်၌ အပြာရောင် ဓားမော့ အလင်းတန်း ၁၀ခုက အဆိပ်ငွေ့များကို ဖြတ်သန်းကာ အစိမ်းရောင် လူပုံစံမကောင်းဆိုးဝါးကြီးဆီသို့ ပျံသန်းသွားလေ၏။
အစိမ်းရောင် မကောင်းဆိုးဝါးကြီးမှာ အလွန်လျင်မြန်လှပြီး သူ့ခန္ဓာကိုယ်က ရေကန်ထဲမှ အမြှောက်ဆံတစ်ခုလို ခုန်ထွက်လာပြီး သူ့ကိုယ်ကို တွန့်လိမ်ပစ်ကာ ဓားမော့ အလင်းတန်း ၁၀ခုကို ရှောင်တိမ်းလိုက်၏။
"ကြက်သွေးရောင် နတ်ဘုရားမြှားတံ..."
တောက်လောင်နေသော အပူလှိုင်းကြီးက ဖြတ်သန်းသွားပြီး အန်လင်းက အစိမ်းရောင် မကောင်းဆိုးဝါးကြီး၏ နောက်တွင် ရုတ်တရက်ကြီး ပေါ်လာလေ၏။ သူ့၏ ကြက်သွေးရောင် တောင်ပံများက အလွန်အမင်း ကြီးမားသည့် စွမ်းအားနှင့်မီးတောက်များဖြင့် မြှားတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး မျက်စိဖြင့် မမြင်နိုင်သောအရှိန်ဖြင့် ရှေ့သို့ ထိုးထွက်လာတော့သည်။
ကြက်သွေးရောင် နတ်ဘုရားမြှားတံက အလွန်အမင်းမြင့်မားသော အပူရှိန်အလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး အစိမ်းရောင် မကောင်းဆိုးဝါးကြီး၏ ရင်ဘတ်သို့ ထိုးဖောက်သွား၏။
အစိမ်းရောင် မကောင်းဆိုးဝါးကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အန်လင်းဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ သူ့၏ လက်မောင်းမှာ မသိမသာတုန်လှုပ်သွားပြီး ပါးစပ်ကိုဖွင့်ကာ အန်လင်းဆီတိုးဝင်လာသော အစိမ်းရောင် ဦးခေါင်းခွံ အလင်းတန်းကြီးက ထိုအရာ၏ လက်သီးပတ်လည်တွင် ပေါ်ထွက်လာ၏။
"ဘယ်သူက အပြင်းဆုံး ထိုးနိုင်မလဲဆိုတာ မြင်ချင်လား။"
အန်လင်းက သူ့၏ တောင်ခွင်းလက်သီးကို ထုတ်လွှတ်လိုက်ပြီး ကြီးမားသည့် ရွှေရောင် လက်သီး အလင်းတန်းကြီးက အစိမ်းရောင် ဦးခေါင်းခွံ အလင်းတန်းနှင့် တိုက်မိသွားပြီး သူတို့ပတ်လည်ကို ဖျက်ဆီးစေနိုင်သောအားအင်နှင့် လှည်းကျင်းသွားသော စွမ်းအင်ပေါက်ကွဲမှုကြီးကို ဖန်တီးလိုက်၏။
ထိုအခိုက်အတန့်၌ တပိုင်သည်လည်း အစိမ်းရောင် မကောင်းဆိုးဝါးကြီး၏ ရှေ့တွင်ပေါ်လာပြီး သူ့၏ ကောင်းကင်ပြိုကွဲစေနိုင်သောလက်သည်းနှင့် ထိုအရာ၏ခေါင်းကို ဖြတ်လိုက်လေ၏။
အရာအားလုံးမှာ အစိမ်းရောင် မကောင်းဆိုးဝါးကြီးအတွက် တုံ့ပြန်ရန်ပင် မြန်လွန်းစွာ ဖြစ်ပျက်သွားပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ပြီးပြည့်ဆုံးခြင်းနှင့် နီးကပ်နေလေပြီ။
အပြာရောင် ဓားမော့၏ အလင်းတန်းက လေထဲသို့ ခုတ်ပိုင်းလိုက်ပြီး အစိမ်းရောင် မကောင်းဆိုးဝါးကြီးကို အပိုင်းပိုင်းဖြတ်ပစ်လိုက်၏...။
ဗြစ်...
အစိမ်းရောင် သွေးများက ရှေ့သို့ တိုးထွက်လာပြီး အန်လင်းနှင့်တပိုင်က ရွံ့ရှာသောအမူအရာဖြင့် တတ်နိုင်သမျှ မြန်မြန် နောက်ဆုတ်လိုက်ကြ၏။
"ဂုဏ်ယူပါတယ်။ သင်က အဆိပ် စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။"
ပိုင်လင်းက အန်လင်း၏ ရှေ့တွင် သူမ၏ အဖြူရောင် ဝတ်စုံနှင့်ပြန်ပေါ်လာ၏။
အန်လင်းက သူ့ခေါင်းကို အရေးမစိုက်သည့်အမူအရာဖြင့် ခါလိုက်၏။ "အဲ့တော့ ဒီဟာက အသက်ရှင်နိုင်ခြေ ၂၀ရာခိုင်နှုန်းတည်းနဲ့ စမ်းသပ်မှုပေါ့ ဟုတ်လား။ အဲ့လိုပုံ သိပ်မပေါက်တာ အသေအချာပဲနော်။"
ပိုင်လင်းက အန်လင်းကို စိုက်ကြည့်လိုက်၏။ "... ငါ့ကို ဒီလိုမျိုး လာကြွားရတာ စိတ်ဝင်စားစရာကောင်းလား။"
"အဲ့တာဆို စမ်းသပ်မှု ဘယ်နှစ်ခု ကျန်သေးလဲ။" အန်လင်းက သိလိုစိတ်ဖြင့် မေးလိုက်၏။
"ဟိဟိ... အဲ့တာက ကိုယ့်ဟာကို ရှာဖွေရမှာ။" ပိုင်လင်းက ဆန်းကြယ်စွာ ပြုံးရင်း ပြောလာ၏။ "ဒါပေမဲ့ ငါ့မှာ မင်းအတွက် စပရိုက်တစ်ခုရှိတယ်။"
"အို... ဟုတ်သား။ ငါက မင်းအတွက် အမွေကို သိမ်းထားပေးပြီးတော့ မင်းအပျက်အစီး တစ်ခုလုံးကို အနိုင်ယူပြီးသွားရင် အကုန်လုံးမင်းကိုပေးမယ်။ အဲ့လိုမှမဟုတ်ပဲ မင်းက စမ်းသပ်မှုတွေထဲက တစ်ခုထဲမှာ သေသွားရင် ငါ့အချိန်တွေ ဖြုန်းသလိုဖြစ်မှာ။" ပိုင်လင်းက ဆက်ပြောလာ၏။
"ဟမ့်... ဘာပဲဖြစ်ဖြစ် မင်းရဲ့အမွေတွေကိုလဲ ငါက ဂရုမစိုက်ပါဘူး။" အန်လင်းက လက်ရမ်းပြကာ နောက်ထပ် ဝင်ပေါက်တစ်ခုဆီသို့ ဦးတည်လိုက်လေ၏။
ပိုင်လင်း၏ ရင်ဘတ်က သူ့စကားလုံးများကြောင့် တင်းကြပ်သွားလေ၏။ "မင်း..."
သူမက အန်လင်း၏ နောက်ကျောပုံရိပ်ကို ကြည့်ကာ ဒေါသတကြီး အံကြိတ်လိုက်၏။ သို့သော်လည်း သူက နောက်ထပ်စမ်းသပ်မှုအတွက် ချက်ချင်းထွက်ခွာသွားသည်မို့ သူမအား ပြန်ပင် လှည့်မကြည့်လာပါပေ။
***