အခန်း (၂၅၇၃-၂၅၇၄)
Vol. 184 Ch. 2573-2574
အပိုင်း(၂၅၇၃)
အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် အတွင်းရှိ ကြီးကျယ်ခမ်းနားသော မုခ်ဦးကြီးတစ်ခုနှင့် ဆင်တူသည့် ဟင်းလင်းပြင် ယဇ်ပလ္လင် သည် ရုတ်တရက် အသက်ဝင် တောက်ပလာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်လှသော အာကာသ၏ နက်ရှိုင်းမှုများကို ပုံဖော်ထားသည့် ဟင်းလင်းပြင် တံခါးပေါက် တစ်ခုသည် ပါးလွှာသော အမည်းရောင် အီသာကန့်လန့်ကာ တစ်ခုအဖြစ် ထင်ရှားပေါ်ထွက်လာ၏။ ထိုဟင်းလင်းပြင် ကန့်လန့်ကာ၏ တစ်ဖက်မှနေ၍ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် အလွန် လွယ်ကူစွာဖြင့် ဖြတ်သန်း ဝင်ရောက်လာခဲ့သည်။ အဂ္ဂိရတ် တာအို ၏ နက်နဲသော အရည်အသွေးများ ပါဝင်နေသည့် အဂ္ဂိရတ် ရနံ့တစ်ခုသည် လေထုထဲသို့ ပျံ့နှံ့သွားခဲ့လေသည်။
ခရာတို ၊ ဧဒင် နှင့် မားဂတ် တို့က သူတို့၏ လျှို့ဝှက် အသွင်များကို ဂုဏ်ယူဝင့်ကြွားစွာ လှုပ်ခါလိုက်ကြစဉ် ဝေ့ဝူယင် က မှတ်ချက်ချလိုက်၏။
"ငါတို့ သီအိုရီ ထုတ်ထားခဲ့တဲ့အတိုင်းပဲ ထိရောက်မှုရှိတာပဲ..."
မုခ်ဦး၏ အထွတ်အထိပ်နေရာတွင် ဟင်းလင်းပြင် ယဇ်ပလ္လင် ၏ တောက်ပနေသော ပုလဲလုံးလေးသည် အရောင်ခုနစ်မျိုးရှိသော သက်တန့်ရောင် အလင်းတန်းများဖြင့် တဖျပ်ဖျပ် လင်းလက်နေခဲ့သည်။ ဝေ့ဝူယင် ၏ ညာဘက်လက်ထဲတွင်တော့ မကြာသေးမီကမှ အသုံးပြုထားသော ဟင်းလင်းပြင် စွမ်းအင်များဖြင့် တောက်ပနေသည့် ကြယ်တာရာ ဓာတ်ပြား တစ်ခု ရှိနေခဲ့ပေသည်။
"အရှင်ဝေ့..."
စုမေ့၏ အသံသည် တည်ငြိမ်သော နှုတ်ခွန်းဆက် လေသံဖြင့် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
သူမသည် လူလေးဦးပါဝင်သော အုပ်စုတစ်စု၏ ရှေ့ဆုံးတွင် ရပ်နေခဲ့၏။ သူမ၏ အနောက်တွင်တော့ ဟုန်ရွှမ်နူ ၊ ပါခက် နှင့် ကန်မင်ဂျီ တို့ ရပ်နေခဲ့ကြသည်။ စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် သူတို့၏ အသွင်အပြင်ကို သူ အံ့သြမနေခဲ့ချေ။ ဝေ့ဝူယင် သည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့၏။ သူ၏ အင်ပါယာ ကောင်းကင် အော်ရာ သည် အသက်ရှူသကဲ့သို့ သဘာဝကျစွာပင် အပြင်ဘက်သို့ ခုန်လှုပ် ပျံ့လွင့်နေခဲ့လေသည်။
ထိုသုံးဦးသည် တည်ငြိမ်သော လက်တစ်ဖက်ဖြင့် လေ့ကျင့်သင်ကြားပေးထားသည့်အလား တညီတညွတ်တည်း နှုတ်ခွန်းဆက်သလိုက်ကြသည်။ သူတို့သည် စုမေ့ ၏ တိုက်ရိုက် ကြီးကြပ်မှုအောက်တွင် ရှိနေကြပြီး သူ မရှိချိန်တွင် သူမ၏ အမိန့်များကို နာခံကာ လှုပ်ရှားနေခဲ့ကြခြင်း ဖြစ်၏။ စုမေ့သည် တိကျသော ကျင့်ဝတ်များကို လေ့ကျင့်သင်ကြားပေးရန်အတွက် မည်သည့် အားထုတ်မှုကိုမျှ လျှော့ချထားခဲ့ခြင်း မရှိချေ။ သူတို့သည် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ၏ အဓိက အင်အားစုများပင် ဖြစ်ကြပေသည်။
ဝေ့ဝူယင်သည် သူတို့ကို ကျော်လွန်၍ လျှောက်သွားခဲ့သည်။ စုမေ့သည် သူနှင့် ပခုံးချင်းယှဉ်ကာ ဘေးမှ လိုက်ပါလာခဲ့ပြီး ကျန်သုံးဦးကမူ ညီညာသော အကွာအဝေးဖြစ်သည့် ခြေလှမ်းခုနစ်လှမ်း အကွာမှ လိုက်ပါလာခဲ့ကြ၏။ သူတို့၏ စနစ်ကျသော အပြုအမူများသည် ဝေ့ဝူယင်အား စုမေ့ ၏ နည်းလမ်းများအပေါ် အနည်းငယ် အထင်ကြီး လေးစားသွားစေရန် လုံလောက်နေခဲ့ပေသည်။
"ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ရဲ့ ဖိတ်ကြားချက်က သူ့ရဲ့ ကိုယ်ပိုင် မိုးကုပ်စက်ဝိုင်း ကမ္ဘာ အထိ သက်ရောက်မှု ရှိနေပါတယ်..."
စုမေ့ က သတင်းပို့လိုက်သည်။
မိုးကုပ်စက်ဝိုင်း ကမ္ဘာသည် အတုအယောင် ဂြိုဟ်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းမှာ ဂြိုဟ်-ကျင့်ကြံခြင်း ပညာရပ်များ၏ ပုံမှန်နည်းလမ်းများဖြင့် ဖန်တီးထားခြင်း မဟုတ်ဘဲ ဝိညာဉ် အစီအရင် တစ်ခုတည်းဖြင့်သာ ဖန်တီးထားသော အတုအယောင် ဝိညာဉ်ဂြိုဟ်တစ်ခု ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ၎င်းကို ဖန်တီးရန် မိုးကုပ်စက်ဝိုင်း ခုနစ်ပါးလုံးက သူတို့၏ ဝိညာဉ်အင်အား နှင့် အစွမ်းကုန် သန့်စင်ခြင်း မြူခိုး များကို ပူးပေါင်းအသုံးပြုရန် လိုအပ်ပေမည်။ သို့သော် ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်း သည် ဝိညာဉ် ချီ ဖြင့် သူမတစ်ဦးတည်း ဖန်တီးနိုင်စွမ်း ရှိလေသည်။ ၎င်းမှာ မည်သူ့အောက်တွင်မှ မရှိဘဲ အားလုံး၏အထက်တွင် ရှိနေသော သူမ၏ အဆင့်အတန်းကို သိသာထင်ရှားစွာ ပြသသည့် လက္ခဏာတစ်ရပ်ပင် ဖြစ်ပေသည်။
ဝေ့ဝူယင်သည် သူ၏ ခြေလှမ်းများကို မရပ်တန့်ဘဲ ခန်းမဆောင်များ တစ်လျှောက် တည်ငြိမ်စွာ လျှောက်လှမ်းသွားရင်း ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်၏။ အထွတ်အထိပ် သေဆုံးခြင်း အာရုဏ်ဦးနေ့ နှင့် သူ၏ နောက်ဆက်တွဲ လက်စားချေရေး ခရီးစဉ်အပြီးတွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သည် တော်တော်လေး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အထူးသဖြင့် မိုးကုပ်စက်ဝိုင်း ခုနစ်ပါးမှာ ပို၍ပင် ငြိမ်သက်နေခဲ့ကြ၏။
အကယ်၍ သူသာ ခန့်မှန်းရမည်ဆိုပါက သူတို့သည် သူ၏ ကျင့်ကြံခြင်း နှင့် ပါရမီတို့နှင့် ပတ်သက်၍ မကြာသေးမီက ထုတ်ဖော်ပြသခဲ့သော အမှန်တရားများကို ချေဖျက် နားလည်အောင် ကြိုးစားနေကြခြင်း ဖြစ်ပေလိမ့်မည်။
"ရှေးဟောင်း မိုးကုပ်စက်ဝိုင်းနဲ့အတူ ကျွန်မတို့ဆီက အပါအဝင် စည်းစိမ် တားမြစ်ချက် ဂလက်ဆီ ၊ စည်းစိမ် ပျက်သုဉ်းခြင်း ဂလက်ဆီ ၊ မြှုပ်နှံထားသော ဓား ဂလက်ဆီ ၊ အစစ်အမှန် ရက်မ်ဘရန် ဂလက်ဆီ နဲ့ ကြယ်တာရာ အကြည့် ဂလက်ဆီ တို့က ထင်ရှားကျော်ကြားတဲ့၊ ပြီးတော့ လူသိနည်းတဲ့ ပါရမီရှင် အများအပြား ရှိနေပါတယ်... တာအို ကျင့်ကြံသူ စုရီ လည်း အဲဒီမှာ ရှိနေတယ်... လော့နင်ကတော့ မိန်းကလေးကျန်း နဲ့ ဉာဏ်အလင်းရ သူတော်စင် အီမန်တက် တို့နဲ့အတူ အရှင်ဝေ့ ကိုယ်စား အခုချိန်မှာ တက်ရောက်နေပါတယ်..."
'အိုး...'
ဝေ့ဝူယင် ၏ မျက်လုံးများသည် ခဏတာမျှ အရောင်လက်သွားခဲ့သည်။ ပါခက် ၏ အဆင့်တက်လှမ်းမှုသည် အခြားသူများအပေါ်တွင် ကောင်းစွာ သက်ရောက်မှု ရှိနေပုံပေါ်သည်။ အီမန်တက် သည် ခက်ခဲလှသော အစစ်အမှန် ဝိညာဉ် အဆင့် သို့ ခုန်တက်သွားနိုင်ခဲ့သဖြင့် ရလဒ်များကို ပြသနေပြီ ဖြစ်ပေသည်။
ထိုသတင်းနှင့်အတူ သူ၏ လျှို့ဝှက် ရွေးချယ်ခံ ကစားပွဲတွင် ပါဝင်ခဲ့ပြီး ဂိမ်းတစ်ခုလုံး၏ နောက်ဆုံး အနိုင်ရရှိသူ ဖြစ်လာခဲ့သည့် ကျန်းလင်း သည်လည်း ပါဝင်နေခဲ့သည်။ နောက်ပိုင်းတွင် သူမကို ပါခက် က တပည့်အဖြစ် သူမ၏ တောင်ပံအောက်သို့ ခေါ်ယူသွားခဲ့ပြီး ယခုအခါတွင် သူမသည် တာဝန်အချို့ကို ပခုံးထမ်းတင်ကာ သူမ၏ ကြိုးစားအားထုတ်မှုကို ဤနေရာ၌ ပြသနေခဲ့ခြင်း ဖြစ်၏။
"အမိန့်တစ်ခုခု ရှိသေးလား အရှင်ဝေ့..."
လူအများရှေ့တွင် စုမေ့၏ အလုပ်သဘော ပြောဆိုဆက်ဆံပုံမှာ အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံလှသည်။ သူမ၏ စကားလုံးများ၊ လေသံနှင့် အမူအရာတို့သည် လေးစားမှုများဖြင့် ပြည့်လျှံနေခဲ့၏။
"မူလ အာဏာရှင်တွေကို စေလွှတ်ဖို့ အသင့်ပြင်ထားလိုက်ပါ..."
ဝေ့ဝူယင် က ညွှန်ကြားလိုက်ရာ စုမေ့ က ခေါင်းညိတ်ပြလိုက်သည်။ ကန်မင်ဂျီ နှင့် ဟုန်ရွှမ်နူ တို့၏ မျက်လုံးများသည် စူးစမ်းချင်စိတ်များဖြင့် တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။
‘မူလ အာဏာရှင်တွေ ဟုတ်လား... သူတို့က ဘယ်သူတွေများလဲ... ပြီးတော့ သူတို့က ဘာအတွက်လဲ...’
ဝေ့ဝူယင်သည် အသေးစိတ် မရှင်းပြခဲ့သလို စုမေ့ ကလည်း အသေးစိတ် ရှင်းပြရန် မလိုအပ်ခဲ့ချေ။ စုမေ့က တောက်ပသော ကြယ် နန်းတော် ၏ ကြယ်တာရာ ဓာတ်ပြား သည် ၎င်း၏ အရှိန်အဝါကို မည်သို့ ပြန်လည်ရရှိခဲ့ကြောင်း အပါအဝင် အကြောင်းအရာ အနည်းငယ်ကို က ဆက်လက်၍ သတင်းပို့နေခဲ့၏။ ထို့နောက် ဓာတ်ပြားများကို 'အဆင့်မြှင့်တင်ထားကြောင်း' နှင့် အချို့သော အမြောက်အမြား မှာယူမှုများအတွက် လျှော့ဈေးများ ပေးမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့လေသည်။
နောက်တစ်ကြိမ်တွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သည် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အပိုင်းတွင် အဆင့်မြှင့်တင်မှုတစ်ခုကို ရရှိသွားပြန်သည်။ ၎င်းက ပို့ကုန်နှင့် သွင်းကုန် လုပ်ငန်းများကို မြှင့်တင်ပေးခဲ့ပြီး ဟင်းလင်းပြင် ဓားပြများ သို့မဟုတ် ဟင်းလင်းပြင် ဖြစ်စဉ်များ ၏ ဘေးကင်းလုံခြုံရေး စိုးရိမ်ပူပန်မှုများကို လျှော့ချပေးကာ အချိန်ဖြုန်းတီးမှုများကိုလည်း လျော့နည်းသွားစေခဲ့၏။ ၎င်းသည် အစောပိုင်း ကာလများတွင်ပင် လူမှုအသိုင်းအဝိုင်းများအကြား နက်ရှိုင်းစွာ ပေါင်းစည်းလာမည့် လက္ခဏာများကို ပြသနေခဲ့ပြီး ဖြစ်သည်။ သို့သော်... အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ၏ တရားဝင်မှုကို အသစ်တစ်ဖန် ပြန်လည်ပျံ့နှံ့သွားစေခြင်း အပါအဝင် ဤဖြစ်ရပ်အပြီးတွင်မူ ၎င်း၏ ထင်ရှားကျော်ကြားမှု အဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့လေတော့သည်။
အဆင်သင့် ပြင်ဆင်ထားသော သတင်းအချက်အလက်များထဲ၌ စီးပွားရေး စာချုပ်များနှင့် အဂ္ဂိရတ် ပစ္စည်း အရောင်းအဝယ်များမှ ရရှိသော အမြတ်အစွန်းများ ပါဝင်သည်။ ထို့ပြင် ဂလက်ဆီအတွင်း ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုနှင့် အမည်နာမကို ပိုမိုကျယ်ပြန့်လာစေရန် အရှုံးခံရောင်းချပေးခဲ့သည် ဆိုသည့် ပစ္စည်းအချို့၏ ထိရောက်မှု အခြေအနေများလည်း ပါဝင်ခဲ့လေသည်။ သို့တိုင်အောင် အမြတ်အစွန်းများကမူ ကောင်းမွန်နေဆဲပင် ဖြစ်သည်။ အဂ္ဂိရတ် ပညာရပ်သည် ဤမျှလောက်ပင် အကျိုးအမြတ်များလှပေသည်။
ဟုန်ရွှမ်နူသည် ထိုကြီးမားလှသော အမြတ်အစွန်းများကို ကြည့်ကာ တိတ်ဆိတ်စွာ အံ့ဩမှင်တက်သွားခဲ့သည်။ ၎င်းသည် သူမ၏ ဟင်းလင်းပြင် ပင်လယ်ဓားပြ ဘဝ၌ ရာစုနှစ်တစ်ခုစာ ရှာဖွေခဲ့သမျှထက် များစွာ သာလွန်နေခဲ့လေသည်။ ကန်မင်ဂျီ၏ မျက်လုံးများတွင်မူ အစိမ်းရောင် အလင်းတန်းများ တောက်ပသွားခဲ့သည်။ သို့သော် ပါခက် ကမူ လုံးဝ ဂရုမစိုက်ပေ။ ဝေ့ဝူယင် ၏ အဆမတန် များပြားလှသော ကြွယ်ဝချမ်းသာမှုကို သူမက ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ သူမ စားသုံးခဲ့သော ပစ္စည်းများ၏ တန်ဖိုးသည် ယခုအမြတ်အစွန်းများထက် အဆတစ်ရာမက ပိုမိုများပြားလေသည်။ ဝေ့ဝူယင်သည် သူ၏ အဂ္ဂိရတ် သူရဲကောင်း များအပေါ် မည်မျှ ရက်ရောကြောင်းကို ဂလက်ဆီ တစ်ခုလုံးသာ သိရှိသွားပါက ဤရာထူးကို လိုချင်သူများသည် ဤနေရာမှနေ၍ ဂလက်ဆီ အစွန်းအထိ တန်းစီနေကြမည်မှာ အသေအချာပင် ဖြစ်သည်။
အမြတ်အစွန်းများကို ကြားရသောအခါ ဝေ့ဝူယင် ၏ မျက်လုံးများ၌ ဝမ်းမြောက်မှုတို့ တောက်ပသွားခဲ့သည်။ သူ၏ လက်ထဲတွင် ထိုပမာဏထက် ဘီလီယံ၊ ထရီလီယံ၊ ကွင်တလီယံ ဆမက ရှိနေလျှင်တောင်မှ ချီကျောက်တုံး တစ်တုံးကို အိတ်ကပ်ထဲ ထည့်ရသည်ကို သူက ပျော်ရွှင်နေဆဲပင် ဖြစ်သည်။ စာချုပ်အသစ်များ ချုပ်ဆိုပြီးနောက် ကုန်တိုက်များနှင့် အဂ္ဂိရတ် ပစ္စည်း သီးသန့်ဆိုင်များကို ဆက်တိုက်ဖွင့်လှစ်မည့် အခြေအနေများကြောင့် ဤအမြတ်အစွန်းများက ပို၍ တိုးတက်လာခဲ့သည်။
အရာရာက အကောင်းဘက်ကိုသာ ဦးတည်နေပေသည်။
***
အပိုင်း(၂၅၇၄)
နောက်ဆုံးတွင် သူတို့ငါးယောက်သည် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာ၏ အလွန်၌ အမှောင် ဟင်းလင်းပြင် ရှိနေသဖြင့် သူတို့က ရပ်တန့်လိုက်ကြလေသည်။
စုမေ့သည် ရှေ့သို့ တစ်လှမ်း တက်လိုက်သည်။
"ဟင်းလင်းပြင် သင်္ဘော အတွက် အရှင်ဝေ့ အပ်နှံထားတာ ပြီးစီးသွားပါပြီ...."
သူမက အသိပေးလိုက်ကာ သေးငယ်သော ရွက်လှေပုံစံ သင်္ဘောငယ်လေး ပါဝင်သည့် ကြည်လင်သော ပုလင်းတစ်လုံးကို ပစ်ပေးလိုက်လေသည်။
၎င်း၏ ငွေရောင် ကိုယ်ထည်တွင် တက်ကြွလှပသော အရောင်အသွေးစုံလင်သည့် နဂါးဆယ့်ရှစ်ကောင်၏ ပုံစံများနှင့် အာရုဏ်ဦး အင်ပါယာ ၏ အထိမ်းအမှတ် တံဆိပ်တို့ကို ထွင်းထုထားသည်။ ရွက်တိုင်များပေါ်တွင်လည်း ထိုတံဆိပ်ကို ရေးထိုးထားလေသည်။ နဂါးတစ်ကောင်စီသည် လျှို့ဝှက်လောက အဆင့် အထွတ်အထိပ်တွင် ရှိသော အစီအရင်တစ်ခု ဖြစ်သည်။ ၎င်းတို့ အားလုံး ပေါင်းစည်းသွားသောအခါ လျှို့ဝှက်ကောင်းကင် အဆင့်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသွားရန် အံ့ဖွယ်ကောင်းလောက်အောင် ပေါင်းစည်းသွားခဲ့ကြသည်။
၎င်းသည် လျှို့ဝှက်ကောင်းကင် အဆင့် ဟင်းလင်းပြင် သင်္ဘော တစ်စင်းပင် ဖြစ်သည်။
၎င်းကို ပြုလုပ်ရန်အတွက် ပြင်းထန်သော အချိန်အရှိန်မြှင့်တင်ခြင်း ဇုံများနှင့် အဆောင် ကြယ်နန်းတော်၊ ကြယ်ကြွေနန်းတော်တို့မှ ပါရမီရှင် အနည်းငယ်၏ ကြမ်းတမ်းသော လုပ်အားများ လိုအပ်ခဲ့သည်။ ထို့ပြင် အဆုံးမဲ့ ကြယ်နန်းတော်နှင့် ပန်းပဲ ကြယ်နန်းတော်တို့၏ ပူးပေါင်းပါဝင်မှုများလည်း ပါဝင်ခဲ့လေသည်။ ဝေ့ဝူယင်၏ ရန်သူများကို ကူညီပေးခဲ့သည့် ၎င်းတို့၏ လုပ်ရပ်ကြောင့် ဤကိစ္စ၌ ကုန်ကျစရိတ်နှင့် လုပ်အားများ အားလုံးကို အကောင်းဆုံး ထည့်ဝင်ရန် များစွာ တွန်းအားပေးခံခဲ့ရသည်။
၎င်းကို အာရုဏ်ဦး အင်ပါယာ က လက်ခံကျင့်သုံးသော ရှေးဟောင်း ချိတ်ပိတ် နယ်မြေ ဟင်းလင်းပြင် သင်္ဘော များ၏ ရှေးဟောင်း စံနှုန်းများနှင့်အညီ ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။
"နာမည် မပေးရသေးဘူး အရှင်ဝေ့...."
စုမေ့က ခပ်ဖျော့ဖျော့ အပြုံးလေးဖြင့် ပြောလိုက်သည်။ ဝေ့ဝူယင်သည် ပုလင်းကို ဖမ်းဆုပ်လိုက်ပြီး အစီအရင်များ၏ လှပမှုနှင့် သူ၏ မျက်လုံးအရောင်နှင့် ကိုက်ညီသော ထူးခြားသည့် ငွေရောင်ကို အကဲခတ်လိုက်သည်။ သူက ပြုံးရွှင်သွားကာ ပုလင်းကို အမှောင် ဟင်းလင်းပြင် ထဲသို့ ပစ်ချလိုက်ပြီး လက်ဟန်ချိပ်စည်း တစ်ခုကို ပြုလုပ်လိုက်လေသည်။ ထိုအခါ ပုလင်း၏ မျက်နှာပြင်သည် တောက်ပသွားပြီး သင်္ကေတ အသီးသီး ကွဲအက်လာကာ သင်္ဘောကြီး ကြီးထွားလာသည်နှင့်အမျှ ပုလင်းမှာ အရည်ပျော်သွားခဲ့သည်။
မီတာ ငါးရာ မြင့်မားသော ခမ်းနားထည်ဝါမှုဖြင့် ပေါ်ထွက်လာသောအခါ နဂါးဆယ့်ရှစ်ကောင်သည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ကြသည်။ ၎င်းက ပတ်ဝန်းကျင်အပေါ် ပြင်းထန်သော လောကဖိအား နှင့် ဝေဝါးသော ကောင်းကင် အင်အား တစ်ခုကို သက်ရောက်စေကာ အာကာသကို တည်ငြိမ်စေပြီး အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိဘဲ ကျောက်ချရပ်နားလိုက်လေသည်။ ၎င်းသည် အလွန် ကြီးမားလှသည်မဟုတ်သော်လည်း မေ့ဖျောက်၍မရနိုင်သော သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"လွတ်လပ်သော အာရုဏ်ဦး လို့ နာမည်ပေးလိုက်မယ်...."
ဝေ့ဝူယင် က နာမည်ပေးလိုက်သည်။ နောက်ဘက်ရှိ သုံးယောက်မှာ သူတို့၏ ဝိညာဉ်များအထိ တုန်လှုပ်သွားကြလေသည်။ အသက်ဝင်နေသော ပန်းချီကား တစ်ချပ်ကဲ့သို့ ခန်းမအနှံ့ သွက်လက်စွာ ကူးခတ်နေသော နဂါးဆယ့်ရှစ်ကောင်သည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။ သင်္ဘော၏ အောက်ခြေမှ မှေးမှိန်သော မူလနတ်ဘုရား မြူခိုးများနှင့် ဝိညာဉ်နတ်ဘုရား မြူခိုးများ ထွက်ပေါ်လာသည်နှင့်အမျှ နဂါးတစ်ကောင်စီသည် ဝိညာဉ်စွမ်းအား တစ်ခုကို ရရှိသွားပုံရသည်။ ဤသင်္ဘော ဝင်ရောက်မရနိုင်သော နေရာ မရှိသလို၊ ထွက်ခွာ၍ မရနိုင်သော နေရာလည်း မရှိဟု သူတို့ ခဏတာမျှ ခံစားလိုက်ရသည်။
"ဒါက...."
ကန်မင်ဂျီ သည် ဆွံ့အသွားခဲ့၏။ သူမသည် ထိုနတ်ဘုရား မြူခိုး နှစ်မျိုးကို သတိထားမိလိုက်ပြီး ထိုတွေ့ရှိမှုကြောင့် သူမ၏ နှလုံးသားမှာ များစွာ တုန်လှုပ်သွားခဲ့ရလေသည်။
"နာမည်ကောင်းပဲ...."
စုမေ့က ပြုံးကာ ချီးကျူးလိုက်၏။ ထို့နောက် သူမက သင်္ဘော တည်ဆောက်ရာတွင် သူ၏ သတ်မှတ်ချက်များ အားလုံးကို တိကျစွာ လိုက်နာထားကြောင်း အသိပေးလိုက်လေသည်။ ၎င်းတွင် အချိန်နှင့်အမျှ သန့်စင်ပြီး ပိုမိုကောင်းမွန်လာစေရန် ပြုပြင်နိုင်စွမ်းများ ပါဝင်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ထပ်မံဖြည့်စွက်ရန် နေရာများစွာ ကျန်ရှိနေသေးကြောင်း သူမက ရှင်းပြလေသည်။ ဆိုလိုသည်က ထိုသင်္ဘောသည် တစ်နေ့တွင် ပြင်ပမှ သန့်စင်မှုများဖြင့် လျှို့ဝှက်ကောင်းကင် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ သို့သော်လည်း ထိုသို့ဖြစ်လာရန် လိုအပ်မည့် အားထုတ်မှုမှာမူ စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။
ဤသည်မှာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် စွမ်းရည်ပါရှိသော ပထမဆုံး ဟင်းလင်းပြင် သင်္ဘော မဟုတ်ပေ။ သို့သော် ဤနည်းလမ်းဖြင့် လျှို့ဝှက်ကောင်းကင် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသော သင်္ဘော တစ်စင်းမျှ မရှိခဲ့ဖူးချေ။
ဝေ့ဝူယင်သည် လွတ်လပ်သော အာရုဏ်ဦး ပေါ်သို့ ခုန်တက်လိုက်သည်။ သူသည် အမိန့်ပေးခြင်းနှင့် လှုပ်ရှားခြင်းကြား၌ အားနည်းချက်များနှင့် နှောင့်နှေးမှုများ ပြည့်နှက်နေသော ထိုထိန်းချုပ်မှု ကျင့်စဉ်များကို အားမကိုးခဲ့ပေ။ ထိုအစား သူက အစီအရင်များကို တိုက်ရိုက် လွှမ်းမိုးချုပ်ကိုင်လိုက်ပြီး ဧဒင် နှင့် ခရာတို တို့၏ ဆန္ဒများကို ထည့်သွင်းလိုက်လေသည်။ လွတ်လပ်သော အာရုဏ်ဦး သည် သူ၏ ကိုယ်ပွားတစ်ခုသဖွယ် ဖြစ်လာတော့မည် ဖြစ်သည်။
ထိုအချိန်မှာပင် မားဂတ်သည် ဖန်တီးသူကို ကျိန်ဆဲနေခဲ့သည်။ ထို့နောက် ၎င်းတို့ကို ဖွဲ့စည်းထားသော အစီအရင်များ အတွင်းရှိ အားနည်းချက် အချို့ကို ဧဒင် ၏ အကူအညီဖြင့် ပြုပြင်နေလေသည်။ အိုရီ က အနှောင့်အယှက် ပေးနေစဉ်မှာပင် ခရာတို က သင်္ဘော၏ ပဲ့ကိုင်နေရာကို ထိန်းချုပ်လိုက်လေသည်။
"မြန်မြန်သွား... မြန်မြန်သွား...."
အိုရီက လွတ်လပ်သော အာရုဏ်ဦး ကို အမြင့်ဆုံး အမြန်နှုန်းဖြင့် သွားစေချင်နေသည်။ ဤသည်မှာ သူတို့ အပြည့်အဝ ပိုင်ဆိုင်သော ပထမဆုံး ကိုယ်ပိုင် ဟင်းလင်းပြင် သင်္ဘော ပင် ဖြစ်သည်။
ဘုရင်ကမူ ထိုဆူညံပွက်လောရိုက်မှုများ ကြားထဲတွင် တိတ်ဆိတ်စွာ နေနေခဲ့သည်။ သို့သော် ၎င်းက ဖုံးကွယ်ခြင်း အစီအရင်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး ၎င်း၏ ဂုဏ်သတ္တိများကို ပြောင်းလဲနေလေသည်။
တစ်ချိန်တည်းမှာပင် ဖီဆန်လေးက အင်ဂျင်ကို ရှာတွေ့သွားခဲ့သည်။ စွမ်းအင် အမြုတေသည် ၎င်း၏ ယုံကြည်နိုင်လောက်အောင် သေးငယ်လှသော ပုံစံငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ နဂါးဆယ့်ရှစ်ကောင်သည် အရောင်အသွေး အသီးသီးဖြင့် တောက်ပလာခဲ့ကြပြီး ကြောက်မက်ဖွယ်ကောင်းသော နေစွမ်းအင် မီးတောက်များကို ထုတ်လွှတ်လိုက်ကြလေသည်။
သူတို့ တစ်ယောက်ချင်းစီက ၎င်းအပေါ်တွင် အမှတ်အသားများ ချန်ထားခဲ့သည်ကို မြင်သောအခါ အသီနာ ကလည်း လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ လွတ်လပ်သော အာရုဏ်ဦး ၏ ထိပ်တွင်မူ လေတိုက်ခတ်ခြင်း မရှိဘဲ ခမ်းနားစွာ လွင့်လူးနေသော အလံတစ်ခု ရှိနေသည်။ ၎င်းက တိုက်ပွဲ၏ ခပ်သဲ့သဲ့ အသံများနှင့် သွေးနံ့များကို ထုတ်လွှတ်နေလေသည်။ ဆက်စပ်မှု စစ်အလံသည် အာရုဏ်ဦး အင်ပါယာ ၏ အထိမ်းအမှတ် တံဆိပ်ကို ရေးထိုးထားလျက် အမြင့်ဆုံး အနေအထား၌ လွင့်ပျံနေခဲ့သည်။
ထိုအဆင်အခြင်မဲ့သော ကလေး ခုနစ်ကောင် သူတို့၏ နောက်ဆုံး အချောသတ်မှုများ ပြီးဆုံးသွားပြီးနောက် ဝေ့ဝူယင်က လက်ဟန်ဖြင့် ခေါ်လိုက်သည်။ ထိုအခါ စုမေ့ နှင့် လူသုံးယောက်တို့သည် သင်္ဘောပေါ်သို့ တက်လာခဲ့ကြလေသည်။
"ဒါက...."
သူတို့ သုံးယောက်စလုံးသည် ဤဟင်းလင်းပြင် သင်္ဘောက အသက်ဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ပြင် ၎င်း၏ စွမ်းအင် အမြုတေ မှ ထွက်ပေါ်လာသော နေရောင်ခြည်၏ နွေးထွေးမှုသည် အလွန် သက်တောင့်သက်သာရှိပြီး သန့်စင်လွန်းလှသည်။ ထို့ကြောင့် သူတို့အားလုံး ကျင့်ကြံချင်စိတ်များပင် ပေါ်လာခဲ့ကြလေသည်။
"သွားကြမယ်...."
ထိုအမိန့်ကို ပေးလိုက်စဉ် ဝေ့ဝူယင်၏ စိတ်ထဲ၌ ပေါ့ပါးသွက်လက်နေသလို ခံစားလိုက်ရသည်။ လွတ်လပ်သော အာရုဏ်ဦး ၏ နဂါးဆယ့်ရှစ်ကောင်သည် ထိုအမိန့်သံကို ကြားလိုက်ရသကဲ့သို့ နဂါးဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းနှင့်အတူ သန့်စင်သော မူလဒြပ်စင် နှင့် ဟင်းလင်းပြင် စွမ်းအင်များ၏ ကြမ်းတမ်းသော တွန်းကန်မှုတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဝုန်း...
သူတို့က ပျံသန်းထွက်ခွာသွားကြပြီ ဖြစ်သည်။ ၎င်း၏ အမြန်နှုန်းသည် မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူထက်မဆို ပိုမိုမြန်ဆန်နေခဲ့လေသည်။
ဝေ့ဝူယင် မသိလိုက်သည်က လွတ်လပ်သော အာရုဏ်ဦး သည် တစ်နေ့တွင်... သူ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို အဆုံးအဖြတ်ပေးလိမ့်မည် ဆိုသည်ကိုပင် ဖြစ်သည်။
ဝှစ်... ဝှစ်...
လွတ်လပ်သော အာရုဏ်ဦးသည် ကျွမ်းကျင်သူများစွာ၏ စူးစမ်းလေ့လာနေသော အကြည့်များရှေ့တွင် အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်းပျံသန်းသွားခဲ့သည်။
အထွတ်အထိပ် သေဆုံးခြင်း အာရုဏ်ဦးနေ့မှ စတင်ကာ ဝေ့ဝူယင် ၏ လှုပ်ရှားမှုတိုင်းကို သတင်းအချက်အလက် စုဆောင်းရေး အဖွဲ့အစည်းတိုင်းက အသေအချာ စောင့်ကြည့်နေခဲ့ကြသည်။ အမြင်များနှင့် အဖြစ်မှန်များ ပြောင်းလဲသွားပြီးနောက် မိုးကုပ်စက်ဝိုင်း ခုနစ်ဦး၏ လူသိရှင်ကြား အသိအမှတ်ပြုမှုဖြင့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို သည် တရားဝင်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ထို့ကြောင့် ဝေ့ဝူယင် သည် ဂလက်ဆီ ၏ အဓိက အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့လေသည်။
လွန်ခဲ့သော လပေါင်းများစွာ ဂလက်ဆီ အတွင်းသို့ ခြေချလာခဲ့ချိန်မှစ၍ လူ့အသိုင်းအဝိုင်း၏ အလွှာတိုင်းနီးပါးတွင် သူ၏အကြောင်းကသာ အဓိက ပြောဆိုစရာ ခေါင်းစဉ်တစ်ခု ဖြစ်နေခဲ့သည်။
အင်ပါယာ အသစ်တစ်ခုမှ ရဲတင်းသော နယ်ခြားသား တစ်ယောက်ဆိုသည့် သူ၏ မူလအဆင့်အတန်းကြောင့်ဖြစ်စေ၊ လျှို့ဝှက်ကောင်းကင် အဆင့် ရှိ အစစ်အမှန် ဆေးလုံးကို ဖော်စပ်ကာ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် အဖြစ် မကြာသေးမီက တက်လှမ်းသွားနိုင်ခဲ့ခြင်းကြောင့်ဖြစ်စေ သူသည် လူတိုင်း၏ နှုတ်ဖျား၌ ရေပန်းစားနေခဲ့သည်။ အထူးသဖြင့် ဒုတိယ ဖြစ်ရပ်ကြောင့် သာမန် သေမျိုး များပင်လျှင် သူ၏ ဒဏ္ဍာရီဆန်သော အမည်နာမကို ကြားသိခဲ့ရလေသည်။ ဂလက်ဆီ ၏ သမားရိုးကျ ကန့်သတ်ချက်များကို ချိုးဖောက်ကာ ရှစ်ခုမြောက် မိုးကုပ်စက်ဝိုင်း မျှော်စင် အဖြစ် သူကိုယ်သူ အခိုင်အမာ ရပ်တည်နိုင်ခဲ့သည်။
သူ၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်သော ချီးကျူးသံများသည် ဒဏ္ဍာရီလာ ဓမ္မတေးများကဲ့သို့ ပဲ့တင်ထပ်နေခဲ့ပြီး ကြီးထွားလာနေသော ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့လေသည်။
ဝေ့ဝူယင်..
အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို...
အာရုဏ်ဦး အင်ပါယာ ၏ အာဏာရှင် အင်ပါယာ...
ထို့ပြင် သူ၏ စစ်မှန်သော စွမ်းအားများနှင့် အရည်အချင်းများအပေါ် ခန့်မှန်းပြောဆိုမှုများစွာ ရှိနေခဲ့သည်။ အထူးသဖြင့် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူ တစ်ယောက်အဖြစ် လူသိရှင်ကြား ဝန်ခံထားသည်ဟု ဆိုကြသော သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် ပတ်သက်၍ ဖြစ်သည်။ သူ၏ အောင်မြင်မှု ဂယက်လှိုင်းများသည် ဂလက်ဆီ တစ်လျှောက် တဖြည်းဖြည်း ကြီးမားလာနေပြီး ထိုမှတစ်ဆင့် ပိုမိုဝေးကွာသော နေရာများအထိပင် ပြန့်နှံ့သွားခဲ့လေသည်။
သို့ရာတွင် ထိုခန့်မှန်းချက်များနှင့် ကြီးကျယ်ခမ်းနားသော ပုံပြင်များအကြားတွင် အရာအားလုံးကို တင်းမာမှုများ ကူးစက်စေခဲ့သည့် နာမည်တစ်ခု ရှိနေခဲ့သည်။ ထိုနာမည်မှာ အခြားမဟုတ်ဘဲ မက်ဂီပင် ဖြစ်သည်။
ငွေရောင် မျက်လုံးများ...
၎င်းသည် လူမျိုးတိုင်းရှိ သက်ရှိများစွာ ပိုင်ဆိုင်ထားသော ထူးခြားချက် တစ်ခု ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်ကို ရည်ရွယ်ချက်ရှိရှိ ပြုပြင်ပြောင်းလဲရန် ကြိုးစားလျှင်ပင် အတုခိုး၍ မရနိုင်သော တိကျသည့် ငွေရောင် အသွေးအယောင် တစ်မျိုး ရှိနေပေသည်။ ၎င်းသည် မည်သည့်အခါမျှ ကူးယူ၍မရနိုင်သော သန့်စင်မှုနှင့် မရှိမဖြစ်လိုအပ်သော ဖန်တီးမှုတို့၏ ပြယုဂ်တစ်ခုသဖွယ် ဖြစ်နေပြီး မှားယွင်းနိုင်စရာ မရှိသော ဝိညာဉ်ရေးရာ တည်ရှိမှု တစ်ခုလည်း ပါဝင်နေခဲ့သည်။
အထွတ်အထိပ် သေဆုံးခြင်း အာရုဏ်ဦးနေ့ တွင်မူ ဝေ့ဝူယင် ၏ မျက်လုံးများသည် အဂ္ဂိရတ် ကြယ်တာရာများ၏ အသွင်သဏ္ဌာန် မဟုတ်တော့ဘဲ ထင်ရှားသော ငွေရောင်အဖြစ် ၎င်းတို့၏ စစ်မှန်သော အရောင်အသွေးကို ပြသနေခဲ့သည်။ ၎င်းတို့သည် အလွန်တရာ ဆွဲဆောင်မှုရှိလှပြီး လောကပြင်ပမှ ဆင်းသက်လာသကဲ့သို့ ချောမောခန့်ညားသော မျက်နှာပေါက်နှင့် ပေါင်းစပ်သွားသောအခါ မေ့ဖျောက်၍မရနိုင်သော၊ အလွယ်တကူ မှတ်မိနိုင်သော အသွင်အပြင်ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုမျှလောက် ပြင်းထန်သော ဆွဲဆောင်မှုမျိုးကို ယခင်က လူအနည်းငယ်သာ မြင်ဖူးခဲ့ကြလေသည်။
ဝေ့ဝူယင် နှင့် ပတ်သက်သော အသေးစိတ် အချက်အလက် အချို့ကို ရှင်းလင်းစွာ ဖြေကြားနိုင်ခဲ့သော်လည်း အခြားသော မေးခွန်းများနှင့် စိုးရိမ်ပူပန်မှုများက ထပ်မံ ပေါ်ထွက်လာခဲ့သည်။ တာအို တရားဥပဒေ ထိန်းသိမ်းသူများ နှင့် မိုးကုပ်စက်ဝိုင်း များပင် မမေးဝံ့သော မေးခွန်းများက ဤလူသစ်အပေါ်ထားရှိသော ၎င်းတို့၏ သဲ့သဲ့မျှသော ကြောက်ရွံ့မှုများကို ဖော်ပြနေခဲ့သည်။ အထူးသဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် ပတ်သက်သော အဓိပ္ပာယ်သက်ရောက်မှုများသည်သာ မှန်ကန်ခဲ့လျှင် ပို၍ပင် ဆိုးရွားပေလိမ့်မည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အမှန်တကယ်ဖြစ်ကြောင်းကိုလည်း သူတို့က ကောင်းစွာ သိရှိထားကြလေသည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အထက်နှင့် အောက်တွင် လျှို့ဝှက်သော ရေစီးကြောင်းများစွာက လှုပ်ခတ်နေခဲ့သည်။ ထိုလှုပ်ခတ်မှုများအားလုံး၏ ဗဟိုချက်မတွင် ရှိနေသူမှာ အခြားသူမဟုတ်ဘဲ အသက် နှစ်ရာပင် မပြည့်သေးသော လူငယ်လေး တစ်ယောက်သာ ဖြစ်ပေသည်။
***