← Chapters

အခန်း (၂၅၇၅-၂၅၇၆)

Vol. 184 Ch. 2575-2576

အခန်း (၂၅၇၅-၂၅၇၆)

Vol. 184 Ch. 2575-2576

အပိုင်း(၂၅၇၅)

ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ကမ္ဘာ...

ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ကမ္ဘာ သည် လက်ရှိမျိုးဆက်၏ ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ကသာ ဖန်တီးပြီး အသုံးပြုသော ထူးခြားသည့် မိုးကုပ်စက်ဝိုင်း ကမ္ဘာ အမျိုးအစား တစ်ခု ဖြစ်သည်။ သူမသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ တစ်ဦးတည်းသော ပဲ့တင်ထပ် ဝိညာဉ် အဆင့် အဂ္ဂိရတ် ပဲ့တင်ထပ် ဝိညာဉ် ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်ပင် ဖြစ်သည်။

ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ကမ္ဘာသည် ရှုစားရန်အတွက် အလွန် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ အတွင်းမှဖြစ်စေ၊ အပြင်မှဖြစ်စေ အရောင် ခုနစ်မျိုးရှိသော ရောင်စဉ်များက တိမ်တိုက်များနှင့် ကောင်းကင်ယံကို အလှဆင်ထားသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်များ၊ တောင်တန်းများနှင့် သစ်တောများသည် သက်ဝင်လှုပ်ရှားနေပြီး အပြစ်အနာအဆာကင်းကာ တည်ရှိမှု မှန်သမျှနှင့် ချို့ယွင်းချက်မရှိ ဟန်ချက်ညီစွာ ပေါင်းစပ်နေခဲ့သည်။

၎င်း၏ အနက်ရှိုင်းဆုံး သမုဒ္ဒရာ ရေပြင်အထက်တွင် တည်ငြိမ်စွာ မျောပါနေသော နန်းတော်တစ်ခု ရှိပြီး ဆိပ်ကမ်းတစ်ခု၌ လူစီး ဟင်းလင်းပြင် သင်္ဘော အစင်းအနည်းငယ်ကို ကျောက်ချထားလေသည်။

ထိုအထဲတွင် စုရီ စီးနင်းလာခဲ့ပြီး ယခုလက်ရှိ ကျောက်ချရပ်နားထားသော ဟင်းလင်းပြင် သင်္ဘော တစ်စင်းလည်း ပါဝင်သည်။ ၎င်းကို ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ကိုယ်တိုင် ပိုင်ဆိုင်ပြီး သူမ၏ တမန်တော်က မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။

စုရီ သည် သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။ သူ၏ အဖြူရောင် ဝတ်ရုံများက သန့်စင်နေပြီး သူ၏ ဟန်ပန်မှာ လွတ်လပ်ပေါ့ပါးနေကာ သူ၏ ဝိညာဉ်မှာ တည်ငြိမ်ပြီး ယုံကြည်မှု ရှိနေလေသည်။

သူ၏ အတိတ်ဘဝတွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ရှေးဟောင်း မိုးကုပ်စက်ဝိုင်း နှင့် တွေ့ဆုံရန်မှာ သူ၏ အမြဲတမ်း ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့သည်။ ၎င်းသည် အထွတ်အထိပ် သူတော်စင် များစွာ၏ ရည်မှန်းချက်တစ်ခုလည်း ဖြစ်ပေသည်။ သူသည် လေးစားခံရသော အဆင့်အတန်း တစ်ခု ရှိနေခဲ့သော်လည်း ထိုသို့ တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။ အမြဲလိုလို တမန်တော်များနှင့် ကိုယ်စားလှယ်များမှ တစ်ဆင့်သာ စကားပြောဆိုခဲ့ရပြီး အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရလေသည်။

ယခု ဤဘဝတွင်မူ သူသည် ဤနေရာသို့ လူကိုယ်တိုင် ဖိတ်ကြားခံခဲ့ရသည်။ ဤသည်မှာ ကံကြမ္မာ၏ အချိုးအကွေ့တစ်ခု မဟုတ်ပါလော။ ငြင်းပယ်ခံခဲ့ရမှုများအတွက် သူ သိပ်ပြီး ခါးသီးမနေခဲ့ပေ။ အထွတ်အထိပ် သူတော်စင် အများစုသည် ကောင်းကင်ငယ် တမန်တော် တစ်ယောက်ပင် ဖြစ်လင့်ကစား ဤ ရှေးဟောင်း မိုးကုပ်စက်ဝိုင်း နှင့် အနည်းငယ်မျှပင် နှိုင်းယှဉ်၍ မရနိုင်ကြောင်းကို သူ အပြည့်အဝ သိရှိထားသည်။

"တာအို ကျင့်ကြံသူစု...."

တမန်တော်က သမုဒ္ဒရာပေါ်တွင် တည်ဆောက်ထားသော နန်းတော်အဆောက်အအုံအတွင်းသို့ လိုက်ခဲ့ရန် စုရီအား တည်ငြိမ်စွာ လက်ဟန်ပြလိုက်သည်။ စုရီ က ခေါင်းညိတ်ပြလိုက်လေသည်။

ရုတ်တရက် သူရော တမန်တော်ပါ ရပ်တန့်သွားခဲ့ကြသည်။ သူတို့၏ မျက်လုံးများက အထက်သို့ မော့ကြည့်လိုက်ကြလေသည်။ ရှေးဟောင်း ဟင်းလင်းပြင် သင်္ဘော ဒီဇိုင်းပုံစံရှိ ငွေရောင် သင်္ဘောတစ်စင်းသည် သူတို့ဆီသို့ လမ်းကြောင်းတစ်ခု ဖောက်ကာ လျှပ်တစ်ပြက် ပြေးဝင်လာခဲ့သည်။ ၎င်းသည် အလွန်တရာ မြန်ဆန်လှပြီး အာကာသနှင့် အချိန် အားလုံးက ၎င်း၏ ခရီးစဉ်ကို အဟန့်အတားဖြစ်စေရန် ခုခံမှုပေးစွမ်းဖို့ ငြင်းဆန်နေသကဲ့သို့ပင် ဖြစ်သည်။ ၎င်း ရောက်ရှိလာသောအခါ ကောင်းကင်နှင့် တိမ်တိုက်များ ကွဲအက်သွားခဲ့လေသည်။

လွတ်လပ်သော အာရုဏ်ဦးသည် ပျံသန်းဝင်ရောက်လာစဉ် ရပ်တန့်ခြင်း မရှိခဲ့ပေ။ ထို့အစား... သင်္ဘောကိုယ်တိုင်က အပြည့်အဝ အာဏာရှိသော သက်ရှိ သတ္တဝါ တစ်ကောင်ကဲ့သို့ အကောင်းမွန်ဆုံးသော ထိန်းချုပ်မှုဖြင့် ဆိပ်ကမ်းသို့ ဆင်းသက်လာခဲ့သည်။ နေရာတစ်ခုကို ရှာဖွေကာ အဟုန်နှင့် ပတ်သက်သော နိယာမများကို ဖီဆန်နေသကဲ့သို့ ရုတ်တရက် ရပ်တန့်လိုက်ပြီးနောက် သင်္ဘောသည် သမုဒ္ဒရာရေပြင်ကို မလှုပ်ခတ်စေဘဲ ပြီးပြည့်စုံစွာ ကျောက်ချရပ်နားလိုက်လေသည်။

စုရီ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။

သင်္ဘောပေါ်မှ လူလေးယောက် ဆင်းလာခဲ့၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ချူရှင်း နှင့် ရိုးရွဲ ယွီကျင်း တို့ကို ကယ်တင်ခဲ့သော လူပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်က သူ့ကို အသက်ရှင်ရန် အခွင့်အရေး အနည်းငယ်မျှသာ ပေးကာ သူ့ကိုယ်သူ ခုခံကာကွယ်ရန် ထားရစ်ခဲ့ခြင်း ဖြစ်သည်။

သူက ထိုအခွင့်အရေးကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ပြီး သူ၏ အောင်ပွဲနှင့်အတူ သတ်ဖြတ်မှုများမှ ရတနာများနှင့် ဆုလာဘ်များစွာ ရရှိခဲ့ကာ ရှေ့ဆက်တက်လှမ်းရန် လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။ စုရီ ၏ စိတ်ထဲတွင် သူ့အပေါ် ကောင်းသော ခံစားချက် ရှိသလား၊ ဆိုးသော ခံစားချက် ရှိသလား ဆိုသည်ကို ပြောရခက်သည်။ သို့သော် အနည်းဆုံးတော့ ယခုအချိန်တွင် ဝေ့ဝူယင် သည် သူ၏ ရန်သူလည်း မဟုတ်၊ မဟာမိတ်လည်း မဟုတ်ကြောင်းကို သူ သိရှိထားလေသည်။

ဝေ့ဝူယင်၏ လုပ်ရပ်တိုင်းတွင် အကွာအဝေး တစ်ခု ရှိနေခဲ့သည်။ အာရုဏ်ဦး အင်ပါယာသည် ထိုကဲ့သို့သော ဆက်ဆံရေးမျိုးကိုသာ တည်ဆောက်လိုကြောင်း ထင်ရှားနေသည်။ သူ့ကို အလွယ်တကူ သို့မဟုတ် အလွန်အမင်း မကူညီဘဲ ထိုလူမိုက်မလေး ယွီပေါင်ယွဲ့ ကိုယ်စားသာ တင်းကြပ်စွာ ကူညီပေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော်... ဝေ့ဝူယင်သည် သူ့ကို အကြိမ်ကြိမ် ကူညီပေးခဲ့ပြီးဖြစ်ကြောင်းကိုတော့ ငြင်းဆိုရန် မဖြစ်နိုင်ပေ။

ဝေ့ဝူယင်၏ နောက်ဖက်တွင် ဟုန်ရွှမ်နူ ရပ်နေခဲ့သည်။ ထို့ပြင် သူ၏ တာအို စောင့်ရှောက်သူ ဟု ကောလာဟလ ထွက်နေသော အမည်မသိ အသက်အရွယ်ကြီးရင့်သည့် အထွတ်အထိပ် သူတော်စင် လည်း ပါဝင်လေသည်။ သင်္ဘောပေါ်မှ ဆင်းလာသော သူမ၏ အိုမင်းနေသော ပုံပန်းသဏ္ဌာန်ကို အကဲခတ်ကြည့်လိုက်ရာ သူ၏ စိတ်ထဲတွင် ထူးဆန်းစွာ ရင်းနှီးနေသော ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမမည်သူမည်ဝါဖြစ်ကြောင်း အတိအကျ မပြောနိုင်သော်လည်း သူ သိသင့်သည်ဟုတော့ ခံစားနေရလေသည်။

ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများက စုရီ ကို ရှာတွေ့သွားခဲ့သည်။ သူ၏ ကိုယ်ပိုင် အမှတ်အသားကို ဖော်ထုတ်ပြီးနောက်တွင် သူ၏ ဇာစ်မြစ်ကို ဖုံးကွယ်ရန် အဂ္ဂိရတ် ကြယ်တာရာများ ကို အသုံးမပြုတော့ပေ။ အမှန်စင်စစ်... သူသည် အခြား မက်ဂီများ သို့မဟုတ် ၎င်းတို့နှင့် ဆက်နွှယ်နေသူများကို ဆွဲထုတ်နိုင်ရန် သူ မျှော်လင့်ထားခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူသည် မက်ဂီ တော်ဝင်မျိုးနွယ် တစ်ယောက် ဖြစ်သည်။ သို့သော် ဖူရှီ သည် အခြား မှော်ဆရာ များနှင့် မည်သို့ ဆက်သွယ်ရမည်ကို မရှင်းပြဘဲ ထွက်ခွာသွားခဲ့သည်။ သူ၏ တစ်ခုတည်းသော သဲလွန်စမှာ ကြယ်တစ်လုံး ဂလက်ဆီ တွင် ကျန်ရစ်နေခဲ့ပြီး သူ၏ အကူအညီကို စောင့်မျှော်နေလောက်ပေသည်။

စုရီကို ငါးစာအဖြစ် အသုံးမပြုနိုင်မီ အစုလိုက်အပြုံလိုက် ကမ္မ ဖြတ်တောက်မှု ပေါ်လာခြင်းက အတော်လေး ကံဆိုးလှသည်။ ဤသည်က သူ့ကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။ သို့သော် ဤသည်က ဘဝပင် ဖြစ်သည်။ အစီအစဉ်များက သင် အလိုရှိသည့်အတိုင်း အတိအကျ ဖြစ်လာလေ့ မရှိပေ။

"ကောင်းကင်ရှန့်ထို အာရုဏ်ဦး...."

စုရီ က နှုတ်ဆက်လိုက်သည်။ တမန်တော်ကလည်း ထိုနည်းတူ နှုတ်ဆက်လိုက်ပြီး သူ၏ တည်ငြိမ်သော ဟန်ပန်မှာ ပျောက်ကွယ်သွားကာ ကြီးမားသော ရိုသေလေးစားမှုဖြင့် အစားထိုးသွားခဲ့လေသည်။

"တာအိုရောင်းရင်းစု...."

ဝေ့ဝူယင်က ခပ်ဖျော့ဖျော့ အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ သူသည် ရှေ့သို့ မဆက်မီ တမန်တော်အား ခေါင်းတစ်ချက် မြန်မြန်ဆန်ဆန် ညိတ်ပြကာ အသိအမှတ်ပြုလိုက်သည်။

သူ၏ နောက်တွင် ရိုင်းစိုင်းသော အမျိုးသမီး သုံးယောက် ပါလာခဲ့သည်။ သူတို့ တစ်ယောက်ချင်းစီတွင် သားရဲဆန်ခြင်းမှသည် မိစ္ဆာဆန်ဆန် ပါးနပ်ခြင်း (သို့မဟုတ်) ရက်စက်ခြင်း အထိ ကိုယ်ပိုင် ရိုင်းစိုင်းမှုများ ရှိနေကြသည်။ သို့သော် အားလုံးက အလွန်တရာ လှပသူများ ဖြစ်ကြပေသည်။

"အတူတူ လျှောက်ရအောင်...."

ဝေ့ဝူယင် က ဖိတ်ခေါ်လိုက်သည်။ စုရီက တုံ့ဆိုင်းခြင်းမရှိဘဲ ကြောက်ရွံ့မှုကင်းစွာ ပခုံးချင်းယှဉ်လျက် လျှောက်လှမ်းခဲ့သည်။ ဤဘဝတွင် သူသည် မည်သူ့ထက်မျှ နိမ့်ကျသည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ တမန်တော်သည် ရှေ့မှ ဦးဆောင်ရန် မဝံ့ရဲဘဲ အမျိုးသမီး သုံးယောက်၏ နောက်တွင်သာ ရပ်နေခဲ့သည်။ ထို့နောက်... လူသိရှင်ကြား အဂ္ဂိရတ် သူရဲကောင်း ဖြစ်သော ပါခက် ထံသို့ သွားရမည့် လမ်းကြောင်းကို သူက ဝိညာဉ် သတင်းစကား ပေးပို့လိုက်သည်။ ဝေ့ဝူယင် ထံသို့ တိုက်ရိုက်ပေးပို့ရန် သူမဝံ့ရဲခဲ့ပေ။

ဝေ့ဝူယင် နှင့် စုရီ တို့သည် နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။ မမြင်ရသော လက်တစ်ဖက်မှ သူတို့ကို လမ်းပြပေးနေသကဲ့သို့ တံခါးများပွင့်လာကာ ခန်းမများတစ်လျှောက် ဦးဆောင်ခေါ်သွားလေသည်။

"ကောင်းကင်ရှန့်ထို အာရုဏ်ဦးလည်း ဖိတ်ကြားခံရတာ ထင်တယ်။ ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်း က ကျွန်တော်တို့ကို ဘာကြောင့် ရှာနေတာလဲ ဆိုတာ ခင်ဗျား သိလား...."

စုရီက စူးစမ်းလိုက်သည်။ သူသည် ဝိညာဉ်အာရုံဖြင့် စကားပြောရန် မကြိုးစားခဲ့ပေ။

ဝေ့ဝူယင် က တိုးညင်းစွာ ရယ်မောလိုက်၏။

"ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေကြောင့်တော့ မဟုတ်ပါဘူး... ဒါက ခင်ဗျား စိတ်ပူနေတာဆိုရင်ပေါ့လေ...."

စုရီ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

"ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်တွေက အဲ့ဒီလောက် အဖိုးမတန်ပါဘူး... ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်းက ခင်ဗျား တွေ့ကြုံခံစားခဲ့ရတာတွေကို တွေ့ကြုံခံစားချင်တယ် ဆိုရင် ကျွန်တော်က တရားမျှတတဲ့ အလဲအလှယ် တစ်ခု လုပ်ပေးဖို့ ဆန္ဒရှိပါတယ်..."

ဝေ့ဝူယင်၏ ဘယ်ဘက် မျက်ခုံး ပင့်တက်သွားကာ စုရီ ၏ တည်ငြိမ်နေသော မျက်နှာကို တစ်ချက် ကြည့်လိုက်သည်။

"အဲဒီလို ကြုံတွေ့ရမယ် ဆိုရင် သူက ခင်ဗျားကို သတ်ပစ်လောက်တယ်...."

သူက ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို လုပ်ခဲ့သလိုပဲ အကျိုးဆက်တွေ အားလုံးကို သူ့ကို ကြိုတင် သတိပေးမှာပါ...."

စုရီက ပြုံးလိုက်၏။

"ပြီးတော့ ခင်ဗျား အသက်ရှင်နေသေးတယ် မဟုတ်လား။"

ထိုစကားကြောင့် ဝေ့ဝူယင်လည်း ပြုံးလိုက်မိသည်။ ကောင်းကင်တာအို များက ချီးမြှင့်ထားသော သူ၏ အကြီးမားဆုံး ကံကြမ္မာဖြစ်သည့် သံသရာ ကို အပြည့်အဝ တူးဖော်ပြီး တာအို မျက်လုံး၏ မျိုးကွဲတစ်ခုဖြစ်သော သံသရာ မျက်လုံး အဖြစ် ဖွံ့ဖြိုးလာစေခဲ့သည်ကို စုရီ မသိခဲ့ပေ။

"ကျွန်တော်က ဘာသာစကား တိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်ထားတယ် ဆိုတာ ခင်ဗျား သိသင့်တယ်...."

ဝေ့ဝူယင်က နောက်ပြောင်သလို ပြောလိုက်သည်။

စုရီ ၏ တည်ငြိမ်နေသော မျက်နှာမှာ တုန်ခါသွားပြီး အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။ ဤသည်ကို မြင်သောအခါ ဝေ့ဝူယင်က ထပ်လောင်းပြောဆိုလိုက်သည်။

"အဲ့ဒီ စက်ဝိုင်းကြီးက အံ့ဩစရာကောင်းလောက်အောင် နက်နဲတယ်။ ဒါကို ကိုယ်ပိုင်အရာတစ်ခုအဖြစ် ကျင့်ကြံဖို့ အားထုတ်မှု အနည်းငယ် လိုအပ်ခဲ့ပေမယ့် သိပ်တော့ မခက်ခဲပါဘူး...."

“...”

စုရီ ၏ နှလုံးသားသည် သူ၏ ရင်ဘတ်ထဲတွင် ပေါက်ကွဲထွက်မတတ် ခုန်ပေါက်လာခဲ့သည်။ သူ၏ အသက်ရှူသံများပင် ပြင်းထန်လာခဲ့ပြီး ရှေ့မှ ငွေရောင်မျက်လုံးများနှင့် ဧကရာဇ်ငယ်ကို ဖြည်းညင်းစွာ စိုက်ကြည့်လိုက်လေသည်။ သူ၏ လျှို့ဝှက်ချက်များသည် ဤလူ၏ ရှေ့တွင် ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

စုရီ မသိလိုက်ခင်မှာပင် ရှေးဟောင်း မိုးကုပ်စက်ဝိုင်း နှင့် အခြားသူများ ရှိနေသော အစည်းအဝေးခန်းမသို့ သွားရာ ကြီးမားလှသော တံခါးကြီးရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုခန်းမထဲတွင် ရှေးဟောင်း မိုးကုပ်စက်ဝိုင်း သာမက ထင်ရှားသော ပါရမီရှင်များနှင့် ဂလက်ဆီ ၏ အာဏာပိုင်များလည်း ရှိနေခဲ့ကြသည်။ သို့သော် သူ၏ စိတ်ထဲတွင် ကစဉ့်ကလျား ဖြစ်နေခဲ့သည်။

သံသရာ၏ လျှို့ဝှက်ချက်များကို အမှန်တကယ် ဖော်ထုတ်ခံလိုက်ရပြီလော (သို့မဟုတ်) ဤလူက သူ့ကို ကစားနေခြင်းလော။

စုရီ၏ စိတ်မျက်လုံး အတွင်းတွင်တော့ စစ်ဝိညာဉ်များနှင့် သိသိသာသာ တူညီသော သူ့ကို အဖော်ပြုနေသည့် ဝိညာဉ်များက သူ၏ စိတ်ကို နှစ်သိမ့်ရန် အကြံဉာဏ်များနှင့် ချော့မော့သော စကားများကို ပဲ့တင်ထပ်ကာ ပြောဆိုနေကြလေသည်။

တံခါးရှေ့တွင် ရပ်တန့်နေစဉ် ဝေ့ဝူယင်က စုရီကို ကြည့်ကာ ပြုံးလိုက်၏။

"ခင်ဗျားရဲ့ အဲ့ဒီ ဝိညာဉ် တွေနဲ့ တွေ့ရမယ်ဆိုရင် ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်မှာ မဟုတ်ဘူး... သူတို့ အဲ့ဒီလိုလုပ်ဖို့ သိပ်မကြောက်ကြဘူး ဆိုရင်ပေါ့...."

“...”

ကောင်းကင်ဆိပ်ကမ်း တောင်တန်း ၏ အဓိက ဝိညာဉ် ခုနစ်ပါး၊ တိုက်ယန်ပေါင် နှင့် ဝူယင်ထျန်း တို့သည် စုရီ ၏ စိတ်မျက်လုံးထဲတွင် တုန်လှုပ်သွားကြလေသည်။ သူတို့သည် အဝတ်ဗလာနှင့် ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"အထူးသဖြင့် အဲ့ဒီ အင်ပါယာယင်ဝိညာဉ် ကိုပေါ့...."

ဝေ့ဝူယင်က ရယ်မောလိုက်ရင်း အလေးပေး ပြောလိုက်လေသည်။

ဝူယင်ထျန်း ၏ ဝိညာဉ်ပုံသဏ္ဌာန်မှာ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။ ဝေ့ဝူယင် ၏ ငွေရောင်အကြည့်များကို ရှောင်လွှဲ၍မရနိုင်ဟု သူ ခံစားလိုက်ရလေသည်။

စုရီ၏ မျက်နှာအမူအရာမှာ မှောင်မိုက်သွားခဲ့သည်။

"ခင်ဗျား ဘယ်တုန်းက...."

"ဝင်ခဲ့ပါ...."

ရုတ်တရက် စုရီ၏ မေးခွန်းကို ဖြတ်၍ ခွန်အားပါသော်လည်း ညို့ယူဖမ်းစားနိုင်သော အသံတစ်ခုက ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။

"လောလောဆယ် ဒီလောက် စကားပြောရင် လုံလောက်ပြီ... သွားကြမယ်...."

ဝေ့ဝူယင်က တုံ့ဆိုင်းနေခြင်းမရှိဘဲ တံခါးကို တွန်းဖွင့်လိုက်ရာ တံခါးကြီးမှာ ကျယ်ဟစွာ ပွင့်သွားခဲ့လေသည်။

***

အပိုင်း(၂၅၇၆)

ကြီးကျယ်ခမ်းနားမှုများနှင့် ပါရမီရှင်များ စုဝေးနေသည့် ပန်းချီကားတစ်ချပ်ပမာ မြင်ကွင်းတစ်ခုက ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။ အထူးသဖြင့် ကောင်းကင်ရနံ့တစ်ခုနှင့် လျှို့ဝှက်ကောင်းကင် အဆင့် အမတေ နှင့် စွမ်းအင် များ ပြည့်နှက်နေသော လေထုက အာရုံများကို လွှမ်းမိုးသွားခဲ့လေသည်။ ဤသည်မှာ မည်သည့် လျှို့ဝှက် အာဏာရှင် အတွက်မဆို စံပြ ကျင့်ကြံရာ နေရာတစ်ခု ဖြစ်ပေသည်။ လျှို့ဝှက် အာဏာရှင် တိုင်းအတွက် အမှန်တကယ် သင့်လျော်လှပေသည်။

အခန်းကြီးသည် အလွန်ကျယ်ဝန်းပြီး လူတစ်ရာကျော်ခန့် ရှိနေသည်။ ထိုအထဲတွင် ငြင်းဆို၍မရနိုင်လောက်အောင် အာရုံဖမ်းစားနိုင်သော ထူးခြားသည့် ဗဟိုချက်တစ်ခု ရှိနေခဲ့လေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ ထိုမိန်းကလေး၏ အသွင်အပြင်ကို မြင်တွေ့ခဲ့ရစဉ်က ပထမဆုံး ပေါ်လာခဲ့သော အတွေးများကို ဝေ့ဝူယင် က ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ သူမကို ဖော်ပြရန် သူ၏ စိတ်ထဲ၌ အသုံးပြုခဲ့သော စကားလုံးများကိုပါ သူ မှတ်မိနေခဲ့သည်။

သူမသည် မိန်းကလေး တစ်ဦး ဖြစ်သည်။ ထို့ပြင် အလွန်တရာ ဆွဲဆောင်မှုရှိလှသော မိန်းကလေး တစ်ဦးလည်း ဖြစ်ပေသည်။

ချောမွေ့ရှည်လျားပြီး လှိုင်းတွန့်နေသော ရေပြာရောင် ဆံကေသာက သူမ၏ ဦးခေါင်းကို အလှဆင်ထားသည်။ ကျန်းမာတောက်ပသော အသွင်ဖြင့် အပြည့်အဝ စီးဆင်းနေပြီး ၎င်း၏ အဖျားတွင်မူ အဂ္ဂိရတ် တာအို ၏ ထူးခြားသော အရောင်ခုနစ်မျိုးဖြင့် တောက်ပနေခဲ့လေသည်။ ၎င်းသည် အံ့ဖွယ် ရေတံခွန်တစ်ခုကဲ့သို့ သူမ၏ ကျောပြင်ပေါ်မှ စီးကျနေပြီး လက်တစ်ဆုပ်စာသာသာရှိမည့် ပြီးပြည့်စုံစွာ ဝိုင်းစက်ပြည့်ဖြိုးသော တင်ပါးအကွေးအကောက်များဆီသို့ ထိလုနီးပါးပင် ဖြစ်သည်။

သူမက သွယ်လျသော်လည်း ပိန်လှီမနေခဲ့ပေ။ သူမ၏ ခန္ဓာကိုယ် အချိုးအစားက အပြစ်ကင်းစင်သော ကောက်ကြောင်းများဖြင့် အရောင်ခုနစ်မျိုး ဝတ်ရုံကို ပြည့်ဖြိုးနေစေသည်။ ကောင်းစွာ လေ့ကျင့်ထားပြီး ကျစ်လျစ်ခိုင်မာကြောင်း သိသာထင်ရှားသည့် ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားလေသည်။

သူမသည် ခါးတွင် ကြီးမားသော ရွှေရောင် ခါးပတ်တစ်ခုကို ပတ်ထား၏။ ၎င်းက သူမ၏ သင့်တင့်မျှတသော်လည်း ပုံပန်းကျလှသော ရင်သားများကို ပိုမိုထင်းလင်းစေသည်။ သူမတွင် မည်သည့် အစိတ်အပိုင်းမျှ လိုအပ်ချက် မရှိခဲ့ပေ။ ထိုအထဲတွင် ရုပ်ရည်သွင်ပြင်လည်း ပါဝင်လေသည်။ သူမ၏ မျက်နှာသွင်ပြင်မှာ ဂလက်ဆီတိုင်း ကိုပင် ပြိုလဲသွားစေနိုင်သည်။ သူမ၏ ကြီးမားထူထဲသော မျက်ခုံးများ၊ အလွန်တရာ အပြာနုရောင်သန်းနေသော မျက်လုံးများ၊ ပါးလွှာပြီး ယုံကြည်မှုရှိသော နှုတ်ခမ်းများနှင့် နွေးထွေးသော ရွှေရောင် အသားအရေတို့အထိ အပြစ်အနာအဆာ တစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် ရှာတွေ့ရန် ခဲယဉ်းလှပေသည်။

အသေးစိတ် အချက်အလက် အချို့ ပြောင်းလဲသွားသည်မှအပ သူမက ယခင်အတိုင်း တစ်ထပ်တည်းနီးပါးပင် ဖြစ်သည်။

အဓိက ကွာခြားချက်မှာ သူမ၏ မျက်လုံးများပင် ဖြစ်သည်။ ထိုညို့ယူဖမ်းစားနိုင်သော မျက်လုံးများပင်တည်း။ သူမ၏ အပြာနုရောင် မျက်လုံးများမှာ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ ၏ အရောင်ဖြစ်ပြီး ၎င်းတို့၏ အလင်းရောင် သန့်စင်မှုအရ သူမက စွမ်းအားကို ထိန်းချုပ်ထားကြောင်း ဝေ့ဝူယင် ယုံကြည်မှုရှိရှိ ပြောနိုင်လေသည်။ သူမသည် သန့်စင်သော ဉာဏ်အလင်း အဂ္ဂိရတ် ကြယ်တာရာများ ကို ပိုင်ဆိုင်ထားပြီး အဂ္ဂိရတ် တာအို ကျင့်ကြံခြင်း အဆင့်အရ သူ၏ လက်ရှိ အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ နှင့် အဆင့်အတန်း တူညီနေခဲ့သည်။

သူမ၏ အသံမှာ အနည်းငယ်မျှ ပိုမိုနက်ရှိုင်းနေသော်လည်း ၎င်း၏ အခြေခံမှာ မှားယွင်းနိုင်စရာ မရှိပေ။ ၎င်းတို့သည် တူညီသော အသံကြိုးများမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး အသက်အရွယ်၊ အတွေ့အကြုံ၊ အာဏာနှင့် လေယူလေသိမ်း အကြိုက်တို့ကြောင့်သာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်လေသည်။

"ကောင်းကင်ရှန့်ထို အာရုဏ်ဦး နဲ့ တာအို ကျင့်ကြံသူစု... ရှင်တို့ကို ကြိုဆိုပါတယ်...."

ဝေ့ဝူယင် ပြုံးလိုက်သည်။ သော့တစ်ခု အဖြစ် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသော လျူယင်လန်း၏ သွေးမျိုးဆက် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည့် ထိုကောင်းချီးခံသည် ရှေးဟောင်း ချိတ်ပိတ် နယ်မြေများ ထက် များစွာပိုမို နက်ရှိုင်းသော သမိုင်းကြောင်းနှင့် ဇာစ်မြစ်တစ်ခု ရှိနေပုံရသည်။ သူ၏ ကိုယ်ပိုင် ဇာစ်မြစ်နှင့် ဆင်တူနေခဲ့လေသည်။

"ကြိုဆိုတဲ့အတွက် ဝမ်းမြောက်မိပါတယ်..."

စုရီက ယဉ်ကျေးပျူငှာစွာ လက်နှစ်ဖက်ကို ယှက်ရင်း ပြန်လည် တုံ့ပြန်လိုက်သည်။

"ခင်ဗျားကို အရင်ကတည်းက သိနေခဲ့သလို ခံစားရတယ်...."

ဝေ့ဝူယင်က ပြောလိုက်၏။ သူ စိတ်ထဲမှ ‘ထျန်းရှောင်လော့’ ဟူသော စကားကို ဖြည့်စွက်လိုက်မိသည်။ ထို့နောက် အပြုံးတစ်ခုနှင့်အတူ နှုတ်မှ ဆက်လက် ပြောဆိုလိုက်လေသည်။

"ဒါကြောင့် ခင်ဗျားအကြောင်း ပိုသိရဖို့ မစောင့်နိုင်တော့ဘူး....”

အခန်းကြီးသည် ကျယ်ဝန်းရုံသာမက ထိုလူတစ်ရာခန့်မှာလည်း အဆင့်အတန်း၊ အာဏာ၊ ကျင့်ကြံခြင်း နှင့် ဆက်ဆံရေးများကို ထည့်သွင်းစဉ်းစားကာ အပြစ်အနာအဆာကင်းစွာ နေရာချထားခြင်း ခံခဲ့ရသည်။ အထူးသဖြင့် ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်းသည် ဤစုဝေးမှု၏ တစ်ဦးတည်းသော အိမ်ရှင်အဖြစ် အဓိက ဗဟိုချက်မ နေရာ၌ ထိုင်နေခဲ့ပေသည်။

ဝေ့ဝူယင် သည် ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်း မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူမ၏ ဖမ်းစားနိုင်သော တည်ရှိမှုကို နားလည်သဘောပေါက်သွားပြီးနောက် အခန်းတွင်းသို့ ခေတ္တမျှ ဝေ့ဝဲကြည့်ရှုလိုက်သည်။

ထိုအခါ သူ၏ ထောက်လှမ်းရေး ကွန်ရက်မှ အထူးတလည် သတင်းပို့ထားသော ပါရမီ၊ ကျင့်ကြံခြင်း (သို့မဟုတ်) အဆင့်အတန်း တစ်ခုခု၌ ထူးချွန်သူများ အပါအဝင် ရင်းနှီးနေသော ပုံရိပ်အနည်းငယ်ကို သူ မြင်တွေ့လိုက်ရသည်။

ထိုတည်ရှိမှု တစ်ရာကျော်အနက် ထင်ရှားသူ တစ်ဦးမှာ နို့နှစ်ရောင် ခါးစည်းကြိုးဖြင့် ချည်နှောင်ထားသော သလဲသီးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း တစ်ယောက် ဖြစ်သည်။ သူ၏ထံမှ တည်ငြိမ်သော အော်ရာ တစ်ခုနှင့် ချိုမြိန်သော ရနံ့တစ်ခု ထွက်ပေါ်နေခဲ့သည်။

ထိုသူမှာ အခြားမဟုတ်ဘဲ ကောင်းကင်ရှန့်ထို အဆင့်အောက်တွင် နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင် ဖြစ်ကြောင်း ဝေ့ဝူယင် ချက်ချင်း သိလိုက်သည်။ သူသည် ယွီပေါင်ယွဲ့ နှင့် ထျန်းရှီယာ တို့ ပါဝင်သော ကောင်းကင်ထွန်းလင်းခြင်း အဆင့်သတ်မှတ်ချက်ဝင် လောကရှန့်ထို အရင်းအမြစ်လုယူသူ (သို့မဟုတ်) ရှဲ့ရှန်ယွမ် ပင် ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အဂ္ဂိရတ် တာအို သည် အလွန်တရာ ပြိုင်ဆိုင်မှုပြင်းထန်သော နယ်ပယ်တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ အဆင့်သတ်မှတ်ချက် ဝင်နိုင်သူများသည် ကွင်တလီယံပေါင်းများစွာသော အခြား အဂ္ဂိရတ် ပညာရှင် များကြားမှ ထင်ရှားပေါ်လွင်စေနိုင်သည့် ထူးခြားသော ဇာစ်မြစ်များ (သို့မဟုတ်) အားသာချက်များ ရှိနေကြလေသည်။

ထျန်းရှီယာသည် မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင် ၏ ကောင်းကင်ရှန့်ထို ဖန်တီးခြင်း၏ တိုက်ရိုက်မျိုးဆက် တစ်ယောက် ဖြစ်သည်။ ထို့ပြင် လက်တွဲဖော် ဆက်ဆံရေးကို တရားဝင် အသိအမှတ်မပြုမီကပင် မျှော်စင်၏ လက်ရှိ တာအို တရားဥပဒေ ထိန်းသိမ်းသူ ဖြစ်သော ရိုးရွဲ သူတော်စင် တစ်ပါး၏ အထူး မျက်နှာသာပေးမှုကို ရရှိထားသူဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယွီပေါင်ယွဲ့ တွင်လည်း သူမ၏ အဂ္ဂိရတ် ဖော်စပ်ခြင်း ကို သိသိသာသာ တိုးတက်စေနိုင်သည့် ထိရောက်သော လှည့်ကွက်တစ်ခု ပါရှိနေခဲ့သည်။

ထျန်းရှီယာ အကြောင်း ပြောရလျှင် သူမသည်လည်း ဤခန်းမ အတွင်း ရောက်ရှိနေပေသည်။ သူမသည် ရှဲ့ရှန်ယွမ် ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည်။ သူမက မနှစ်မြို့မှုကို မပြသသော်လည်း စူးဟောင်ရန် ထိုင်နေသည့် ပိုမိုကောင်းမွန်သော နေရာများဆီသို့ သူမ၏ အကြည့်များက တိတ်တဆိတ် ရောက်သွားတတ်လေသည်။

သူ၏ဘေးတွင် အမြဲတမ်း ပြုံးရွှင်နေတတ်သော ဆွဲဆောင်မှုရှိသည့် အလှပိုင်ရှင် တစ်ဦး ရှိနေသည်။ သူမသည် သူမ၏ ရှည်လျားသော ခြေတံများနှင့် တုတ်ခိုင်သော ပေါင်တံများကို ဖော်ပြနေသည့် အဝတ်အစားပါးပါးကို ဝတ်ဆင်ထားသည်။ သူမ၏ တန်ဖိုးကြီးမားသော အောက်ပိုင်းနေရာကို ဂါဝန်၏ ပါးလွှာသော အစအနလေး တစ်ခုဖြင့် ဖုံးကွယ်ထားကာ သူမ၏ ခါးလယ်ကိုလည်း ဖော်ပြထားလေသည်။ သူမ၏ ရှည်လျားလှသည့် ပိတုန်းနက်ရောင် ဆံကေသာများသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပြီး ထိန်းသိမ်းထားသော ရင်ဘတ်ထဲမှပင် လျှံကျလုမတတ် ဖြစ်နေခဲ့သည်။

သူမသည် စည်းစိမ် ပျက်သုဉ်းခြင်း ဂလက်ဆီ မှ ရိုးရွဲ သူတော်စင် တစ်ဦးဖြစ်သည့် ရိုးရွဲ သူတော်စင် မုန့် ပင် ဖြစ်သည်။ သူမသည် လွန်ခဲ့သော နှစ်ထောင်အနည်းငယ်ခန့်ကမှ ဤဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူမ၏ အသက်အရွယ်မှာ အထွတ်အထိပ် သူတော်စင် တစ်ပါးအတွက် အံ့မခန်း ငယ်ရွယ်နေခဲ့သည်။ သူမသည် မိန်းမဆန်သည့် အရည်အသွေးများကို ပြသနေသော ကာမရာဂ ဆွဲဆောင်မှုရှိသည့် အသွင်အပြင် ရှိသော်ငြား ဂလက်ဆီ တစ်ခုလုံး၏ လေးစားအသိအမှတ်ပြုခြင်းကို ခံရသူ ဖြစ်ပေသည်။

သူမနှင့် စူးဟောင်ရန် တို့ အနီးကပ် ထိုင်နေကြသည်ကို ကြည့်ကာ ထျန်းရှီယာ ၏ အကြည့်များထဲတွင် မနာလိုမှု အငွေ့အသက် အနည်းငယ်ကို နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့သည်။

ခန်းမထဲ၌ ကြီးမားသော အဂ္ဂိရတ် အဆင့်အတန်း (သို့မဟုတ်) မယုံနိုင်လောက်အောင် မြင့်မားသော ကျင့်ကြံခြင်း အဆင့်များရှိသည့် အခြားသူများလည်း ရှိနေခဲ့သည်။ သို့သော် ဝေ့ဝူယင်၏ မျက်လုံးကို အဖမ်းစားနိုင်ဆုံး အရာမှာ ပဲ့တင်ထပ် ဝိညာဉ် အဆင့် မဟုတ်သော ကျင့်ကြံသူ အားလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်သည် ကောင်းချီးခံ ၏ အော်ရာ ကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ သူတို့အားလုံးသည် မတူညီသော ကောင်းချီးခံ အော်ရာ များကို ထုတ်လွှတ်နေကြလေသည်။

'မတူညီသော' ဟု ဆိုခြင်းက အတော်လေး လွန်ကောင်း လွန်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူတစ်ဦးတစ်ယောက်မျှ ကမ္မကောင်းချီး အရာတွင် ချို့တဲ့နေခြင်း မရှိသောကြောင့် ဖြစ်သည်။ သူ ခန့်မှန်းရမည်ဆိုလျှင် သူတို့အားလုံးသည် ကမ္မ တန်ဖိုး သောင်းဂဏန်း (သို့မဟုတ်) ထိုထက်ပိုမြင့်သော အမျိုးအစားထဲတွင် ပါဝင်ကြပေလိမ့်မည်။

အလားတူပင် စုရီ ၏ အော်ရာသည်လည်း သူ၏ ခန့်မှန်းချက်နှင့် ကိုယ်ပိုင် ကြီးထွားမှု အတွေ့အကြုံများအရ ကမ္မ တန်ဖိုး သိန်းဂဏန်းဝန်းကျင် အတွင်းတွင် ရှိနေကြောင်း ညွှန်ပြနေခဲ့လေသည်။

ဤစုဝေးမှုတွင် ကမ္မ ကံကြမ္မာ၏ ထူထပ်သော လေထုဖြင့် ပြည့်နှက်နေပြီး လက်ရှိ ကမ္မ တန်ဖိုးသည် သူတို့အပေါ် သက်ရောက်နေဆဲဖြစ်ကြောင်း သိသာထင်ရှားနေသည်။ အားလုံးသည် ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ထံသို့သာ အာရုံစိုက်နေကြလေသည်။

"ခင်ဗျားကို အရင်ကတည်းက သိနေခဲ့သလို ခံစားရတယ်။ ဒါကြောင့် ခင်ဗျားအကြောင်း ပိုသိရဖို့ မစောင့်နိုင်တော့ဘူး...."

သူ၏ ဤအကဲခတ်မှုသည် မိုက်ခရိုစက္ကန့် တစ်စက္ကန့်အောက်ပင် ကြာမြင့်ခဲ့ခြင်း မရှိပေ။ ကောင်းကင်ရှန့်ထို ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ထံသို့ တိုက်ရိုက်ရည်ရွယ်ကာ ဝေ့ဝူယင် ၏ ရဲတင်းသော အပြုံးဖြင့် စကားဆုံးသွားသည်နှင့် အမျိုးမျိုးသော အမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။ သဟဇာတဖြစ်စွာ ဖန်တီးထားသော လေထုပင်လျှင် ကမောက်ကမ ဖြစ်သွားခဲ့ရပြီး မိုးချုန်းသံကဲ့သို့ အသံတစ်ခုက ဟိန်းဟောက်လာခဲ့သည်။

"ရိုင်းစိုင်းလှချည်လား..."

***

All Chapters