စက်ကိရိယာ သားရဲများနှင့် တိုက်ပွဲ
Vol. 26 Ch. 365
"စက်ကိရိယာ စမ်းသပ်မှုက ကြိုဆိုပါသည်။ စမ်းသပ်မှု ပြီးမြောက်ရန် စက်ကိရိယာ သားရဲ သုံးကောင်ကို အနိုင်ယူပါ။"
"ရှေ့က အစမ်းသပ်ခံများ၏ အချက်အလက်များအရ ဤစမ်းသပ်မှုအတွက် အသက်ရှင်နိုင်ချေမှာ ၅ရာခိုင်နှုန်းဖြစ်ပါသည်။ အောင်မြင်စွာ ပြီးမြောက်သွားပါက သင့်အား စက်မှုအင်ဂျင်နီယာ အမွေအနှစ်ကို လက်ခံရရှိရန် အခွင့်အရေး ပေးအပ်မည်ဖြစ်ပါသည်။ ဤစမ်းသပ်မှုကို သင်လက်ခံပါသလား။"
ပိုင်လင်း၏ အသံမှာ အခန်ထဲမှ ထပ်မံထွက်ပေါ်လာပြီး ထိုသည်မှာ ဒီတစ်ကြိမ်၌ ပိုမိုအေးစက်သွားပြီး ပိုမိုပြီး တားမြစ်ဟန် ပေါ်နေလေ၏။
အန်လင်းက စမ်းသပ်မှု၏ ဆုလာဒ်ကို ကြားသောအခါ မျက်လုံးလှန်လိုက်၏။ အမွေအနှစ်က သူ့ကို စောက်ကျိုးနည်း စက်မှု အင်ဂျင်နီယာအဖြစ် ပြောင်းပစ်မည်လား။
"စမ်းသပ်မှု စတင်ကြရအောင်။"
အမွေအနှစ်က မည်သည်ပဲဖြစ်ဖြစ် အန်လင်း၏ အဓိက ရည်ရွယ်ချက်မှာ အပျက်အစီးတစ်ခုလုံးကို ဗလာကျင်းရန် ဖြစ်သည်။ ထို့ကြောင့် သူက မည်သည်ပဲလာလာ အနိုင်ယူတိုက်ရမည်ဖြစ်သည်။
နံရံတွင် အပေါက်တစ်ခု ပေါ်လာပြီး စက်ကိရိယာ သားရဲသုံးကောင်က ထွက်လာ၏။ သူတို့အားလုံးမှာ အလွန်အမင်း အစွမ်းထက်အရှိန်အဝါများ ထုတ်လွှတ်နေ၏။
တောက်ပနေသော ရွှေရောင်ခြင်္သေ့တစ်ကောင်၊ ဧရာမ ကြက်သွေးရောင် ဝံပုလွေတစ်ကောင်နှင့် သူကိုယ်ပတ်လည်တွင် လျှပ်စီးတောက်ပနေသော မြင်းရိုင်းတစ်ကောင်တို့ ပါဝင်သော သားရဲသုံးကောင် ရှိလေ၏။
"ဟားဟား... ကိရိယာ သားရဲ။"
အန်လင်း၏ မျက်လုံးများက အရောင် တောက်သွား၏။
ခြင်္သေ့က ဟိန်းဟောက်လိုက်သောအခါ တောက်လောင်နေသည့် မီးတောက်များက ပါးစပ်မှထွက်လာပြီး အန်လင်းဆီသို့ ဦးတည် တိုက်ခတ်လာ၏။
အန်လင်းက လေထဲသို့ ခုန်တက်လိုက်ကာ သူ့၏ သိုလှောင်လက်စွပ်က အရောင်တောက်သွား၏။
"မင်းက ငါ့ကို စက်ပစ္စည်းတွေရဲ့ တိုက်ပွဲမှာ တိုက်ခိုက်လို့ရမယ်ထင်တယ်ပေါ့။ မင်းကို ငါ့ရဲ့ ကိုယ်ပိုင် စက်ပစ္စည်းရဲ့ အရသာလေး ပေးမြည်းအုံးမယ်။"
"စက်ရုပ် တစ်၊ စက်ရုပ် နှစ် သွားစမ်း။"
အဖြူရောင် သတ္ထုပုံရိပ်နှစ်ခုက သူ့သိုလှောင်လက်စွပ်အရောင်အလင်းတွင် ထွက်ပေါ်လာ၏။
ထိုအချိန်၌ ဧရာမ ကြက်သွေးရောင် ဝံပုလွေ၏ နောက်ကျောက ဟောင်းလောင်းပွင့်သွားပြီး jetpack တစ်ခုဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်က အလျင်အမြန်အရှိန်ရလာပြီး အန်လင်းဆီသို့တိုးဝင်သွားသော ကြက်သွေးရောင် အလင်းတန်းတစ်ခု ဖြစ်လာ၏။
ချွန်ထက်သော သတ္ထုလက်သည်းများက လေထဲသို့ စုတ်ဖြဲလိုက်ပြီး အန်လင်းဆီသို့ ဦးတည်သွား၏။
တစ်ချိန်တည်းမှာပင် ငွေရောင် ပုံရိပ်တစ်ခုက အန်လင်းရှေ့တွင် ပေါ်လာပြီး အမှုန်ဓားတစ်လက်က ချဉ်းကပ်လာသော သတ္ထုလက်သည်းဆီသို့ ခုတ်ပိုင်းလိုက်၏။
ဓားနှင့် လက်သည်းကြားက တိုက်ခတ်မှုမှ စူးစူးဝါးဝါး မြည်ဟီးသံတစ်ခုက ထွက်ပေါ်လာပြီး ဖျက်စီး၍မရနိုင်ဟုထင်ရသော ဝံပုလွေ လက်သည်းများက အမှုန်ဓား၏ စုတ်ဖြဲခြင်းခံလိုက်ရ၏။ ထိုအချိန်၌ တခြားသော စက်ရုပ်တစ်ခုက သူ့၏ အမြှောက်ကြီးကို ဧရာမ ကြက်သွေးရောင် ဝံပုလွေကြီးဆီသို့ ချိန်ထားပြီးဖြစ်၏။
ဘုန်း...
စွွမ်းအားကြီးလှသည့် အားအင်ပေါက်ကွဲမှုကြီးက အပူနှင့် စွမ်းအင်ပေါက်ကွဲမှုကြီးကို ဖန်တီးပြီး ကြက်သွေးရောင် ဝံပုလွေကြီးကို မြေပြင်ပေါ်သို့ လွင့်စင်သွားစေကာ လှုပ်ရှားမှုမဲ့ လဲနေသည်မှာ ရွှေ့လျားနိုင်သော စွမ်းအင် ပျောက်ဆုံးသွားသကဲ့သို့ပင်။
"ဟဟ... ညံ့လိုက်တာကွာ။ ငါ့ရဲ့ စက်ရုပ်တွေကပဲ ဒီမှာ စက်အစစ်တွေကွ။"
အန်လင်းက ခါးထောက်ပြီး မတ်တပ်ရပ်ရင်း တက်ကြွစွာ ရယ်မောနေတော့၏။
ပိုင်လင်း၏ ဒေါသတကြီး အသံက အခန်းထဲမှ ထွက်ပေါ်လာ၏။
"အန်လင်း မင်းက ညစ်တာပဲ။ မင်းရဲ့ သွေးမျိုးဆက် စက်ကိရိယာ ဖန်တီးမှုတွေကို အဝေးမှာထားမလား ဒါမှမဟုတ် မင်း ဒီကနေ ထွက်သွားမလား။"
အန်လင်းက သူမ၏ စကားများတွင် အနည်းငယ်တုံ့ဆိုင်းသွား၏။ "မင်း အဲ့လိုလုပ်လို့မရဘူးလေ။ စက်ရုပ် တစ်နဲ့ စက်ရုပ် နှစ်တို့က ငါ့ရဲ့ပိုင်ဆိုင်မှုတွေလေ။ အဲ့တော့ သူတို့ကလဲ ငါ့စွမ်းအားရဲ့ တိုးချဲ့ခြင်းတွေပဲပေါ့။"
"သုံး..."
"နှစ်..."
...
အန်လင်းက ပိုင်လင်း၏ ရေတွက်မှုကြောင့် ကြောက်လန့်သွားပြီး သူ့၏ စက်ရုပ်များကို သို့လောင်လက်စွပ်ထဲတွင် ပြန်သိမ်းထားလိုက်၏။
ထိုအချိန်မှသာ သူမ၏ ရေတွက်မှုက အဆုံးသတ်သွား၏။
"ဟုတ်ပြီ။ ဟုတ်ပြီ။ မင်းက နို့ပိုကြီးတာမို့ မင်းဘာပြောပြော ငါနားထောင်ပါ့မယ်။" အန်လင်းက မကျေမနပ် နှုတ်ခမ်းကိုက်လိုက်ပြီး ရေရွတ်လာ၏။ "ဘာပဲဖြစ်ဖြစ် သူတို့မရှိတာနဲ့ ငါက အဲ့ဒီ့ စက်ကိရိယာသားရဲတွေကို အနိုင်မတိုက်နိုင်တာလဲ မဟုတ်ပါဘူး။ စက်ရုပ် တစ်နဲ့ စက်ရုပ်နှစ်ကို မသုံးတာကြာနေပြီမို့ သံချေးမတက်အောင် ထုတ်ပြီး စစ်ဆေးကြည့်တာပါ။"
တောက်ပနေသော လျှပ်စီးကြီးက စက်ကိရိယာ မြင်းရိုင်းကြီး၏ ခန္ဓာကိုယ်ဆီမှထိုးထွက်နေပြီး အန်လင်းဆီသို့ လင်းလက်လာလေ၏။
အန်လင်း၏ အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ကာ မိစ္ဆာရှင်းဓားကို ဆွဲထုတ်လိုက်ပြီး မျက်လုံးများက နှင်းလို ဖြူစွတ်လာလေတော့၏။
လျင်မြန်လွန်းလှသော အရှိန်နှင့် ရွှေ့လျားနေသော စက်ကိရိယာမြင်းကြီးက ချက်ချင်းပင် ခုခံမှု၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများနှင့် ပစ်မှတ်အဖြစ် ဖော်ပြခြင်း ခံလိုက်ရ၏။
ဝှစ်...
စစ်နတ်ဘုရား၏ နည်းလမ်းခြောက်သွယ်၏ စစ်မှန်သော စိတ်ဆန္ဒနှင့် ပြည့်နှက်နေသော အနက်ရောင် ဓားအလင်းတန်းက စက်ကိရိယာ မြင်းကြီးဆီသို့ ခုတ်ပိုင်းလိုက်၏။
အနက်ရောင် ဓားအလင်းတန်းက အချိန်တိုအတွင်း ပျောက်ဆုံးသွားပြီး တစ်ချိန်တည်းမှာပင် အန်လင်း၏ ကိုယ်သည်လည်း မြင်းရိုင်း၏တစ်ဟုန်ထိုး တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်၏။
မြင်းရိုင်း၏ ပတ်လည်ရှိ အပြာရောင် လျှပ်စီးကြောင်းမှာ တောက်ပနေဆဲဖြစ်သော်လည်း ထိုအရာ၏ခေါင်းမှာတော့ အဖြတ်ခံလိုက်ရပြီး လေထဲသို့ ကျသွားပြီဖြစ်သည်။
ဘုန်း...
စက်ကိရိယာမြင်းကြီးက ပဲ့တင်ထွက်နေသော အသံကြီးနှင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ပတ်လည်ရှိ လျှပ်စစ်စွမ်းအင်မှာလဲ မှေးမှိန်စပြုလာလေပြီ။
တပိုင်က ရွှေရောင် ခြင်္သေ့နှင့် တိုက်ခိုက်နေဆဲဖြစ်ကာ သူတို့နှစ်ဦးကြားမှ ထိခိုက်မှုများက ပတ်ပတ်လည်တွင် လေပြင်းများ တိုက်ခတ်စေလေ၏။
ပိုင်နက်နယ်တစ်ခုရှိသည့်အပြင် ခြင်္သေ့က ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်၊ စွမ်းအားနှင့် ခုခံကာကွယ်ရေး စွမ်းပကားများ ပိုင်ဆိုင်ထားသည်မို့ တပိုင်က ၏ပြိုင်ဘက်ကို ဂရုမစိုက်နိုင်သည်မှာ အံ့ဩစရာတော့မဟုတ်ပါပေ။
အန်လင်းက သူ့အားကူညီရန် အလျင်မလိုပါ။ ထိုအစား သူက စက်ရုပ်နှစ်ကောင်၏ မြေပြင်ပေါ်သို့ အလဲထိုးခံထားရသော ကြက်သွေးရောင် ဝံပုလွေဆီသို့ လျှောက်သွားလိုက်၏။ သူက လက်ထဲတွင် မိစ္ဆာရှင်းဓားကို ဆုပ်ကိုင်ကာ အဆုံးသတ်တိုက်ချက်က လိုအပ်နေသေးသကဲ့သို့ ဝံပုလွေဆီသို့ ချဉ်းကပ်လာခဲ့၏။
အသေအချာပင် စက်ကိရိယာ ဝံပုလွေမှာ မသေသေးပါ။ ထို့နောက် ထိုအရာက အန်လင်းတိုးကပ်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် ပါးစပ်မှ စွမ်းအင်များ ထုတ်လွှင့်လိုက်၏။
အန်လင်းက ထိုအရာအတွက် ပြင်ဆင်ပြီး ဖြစ်ကာ တိုက်ခိုက်မှုအား အံ့ချီးစစ်မေးသိုင်းအသုံးပြုကာ ရှောင်တိမ်းလိုက်၏။ ထို့နောက်သူက မိစ္ဆာရှင်းဓားကို အသုံးပြုကာ လေထဲသို့ ခုတ်ပိုင်းလိုက်ပြီး စက်ကိရိယာ ဝံပုလွေကို အပိုင်းပိုင်းဖြတ်ပစ်လိုက်၏။
"ဟူး... နောက်တစ်ကောင် ကျသွားပြန်ပြီ။"
အန်လင်းက နောက်ဆုံးတွင်တော့ တပိုင်ကိုကြည့်ရန် စိတ်ပါလာလေပြီ။
တပိုင်နှင့် ထိုခြင်္သေ၏တိုက်ပွဲမှာ ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်ရှိနေလေ၏။ တပိုင်မှာ ခွေးခုန်အုပ်ခြင်း ပုံစံ၁၈မျိုး၏ ၁၅ကြိမ်မြောက်နည်းလမ်းသို့ ရောက်ရှိနေပြီဖြစ်၏။
"တိုက်ပွဲခွေးရိုင်း... ဝုတ်။"
တပိုင်က ခန္ဓာကိုယ်ကို လိမ်လိုက်ပြီး သူ့၏ ကောင်းကင်ပြိုကွဲစေနိုင်သော လက်သည်းများမှာ ဝက်အူလှည့် ပုံစံ ဓားအလင်းတန်းဖြစ်ပေါ်လာပြီး ခြင်္သေဆီသို့ တိုးဝင်သွား၏။
ခြင်္သေ့က တောင်လောင်နေသည့် မီးတောက်လှိုင်းများ မှုတ်ထုတ်လိုက်ပြီး ကြက်သွေးရောင် ဝက်အူလှည့်ပုံစံ ဓားအလင်းတန်းကြောင့် ကြက်သွေးရောင်မီးပွားများအဖြစ်လျော့ချခြင်းခံလိုက်ရ၏။
စက်ကိရိယာခြင်္သေမှာ သူ့၏ တိုက်ခိုက်မှုက လွယ်ကူစွာပင် ဖယ်ရှာခံလိုက်ရသဖြင့် အလွန်အမင်း လန့်ဖြန့်သွားပြီး ချက်ချင်းပင် ဒုတိယမြောက် နက်နဲသော နည်းလမ်း၊ ခြင်္သေ့ဟိန်းသံ နည်းလမ်းကို ထုတ်လွှတ်လိုက်၏။
"ဝေါင်း..." ထိုအရာက အလွန်ကျယ်လောင်သော ဟိန်းသံကြီးကို ထုတ်လွှတ်လိုပြီး ဝက်အူလှည့်ပုံဓားအလင်းတန်းများနှင့်တိုက်မိပြီး တပိုင်၏ ကိုယ်ထဲသို့တိုးဝင်လာသည့် ဖျက်စီးနိုင်စွမ်းသော အသံလှိုင်းကြီးကို ဖန်တီးလိုက်၏။
တပိုင်၏ ခန္ဓာကိုယ်မှာ အမြှောက်ဆံတစ်ခုကဲ့သို့ နောက်သို့ ပျံသန်းသွားပြီး ပါးစပ်မှ သွေးများထွက်လာတော့၏။
ရွှေရောင် ခြင်္သေ့က ဤအခွင့်အရေးကို အမြတ်ထုတ်ကာ ထိုအရာ၏ ချွန်ထက်သော လက်သည်းများမှ ထွက်သော သတ္ထုရောင် မှိန်မှိန်နှင့် တပိုင်ဆီသို့ ခုန်အုပ်လိုက်၏။
အဖြူရောင် လေတောင်ပံက သူ့နောက်ကျောတွင် စတင်ပြန့်ကားလာသောအခါ အန်လင်း၏ အမူအရာက ပြောင်းသွားလေ၏။
"အံ့ချီး ခွေးမြီးယမ်းခြင်း... ဝုတ်"
ထို အန္တရာယ် အခိုက်အတန့်ထဲတွင် တပိုင်က ခန္ဓာကိုယ်ကို လှည့်လိုက်ကာ လေပြင်းဓားသွားများက သူ့၏ ကောင်းကင်ပြိုကွဲ လက်သည်းများ၌ ပေါ်လာပြီး တောက်ပသော အပြာရောငိ စက်ဝိုင်းသဏ္ဍာန်နှင့် ခြင်္သေ၏ ခေါင်းကို ခုတ်ပိုင်းလိုက်၏။
သတ္ထုပေါ်သို့ သတ္ထုရိုက်ခတ်သည့်အသံကြီးသည် နေရာလပ်တစ်ခုလုံးတွင် ထွက်ပေါ်လာပြီး မီးပွားများက သူတို့ပတ်လည်တွင် ဖြာထွက်သွား၏။ ခြင်္သေမှာ ရှေ့သို့တိုးရန် ပြုလုပ်နေဆဲဖြစ်သော်လည်း သူ့ဦးခေါင်းမှာ ခန္ဓာကိုယ်နှင့် ခွဲထွက်သွားပြီး မသေမသပ်စက်ဝိုင်းပုံစံ ပြုတ်ကျသွားလေ၏။
"တော်တယ်။" အန်လင်းက တပိုင်၏ ပြန်လည်တိုက်ခိုက်မှုတွင် လက်ခုတ်မတီးပဲ မနေနိုင်တာ့ပါ။
တပိုင်က ပါးစပ်ထောင့်မှ သွေးမျကို သုတ်လိုက်ပြီး ခပ်ဖွဖွပြုံးလာ၏။ "အဲ့တော့ ခြင်္သေ့တွေက တိရိစ္ဆာန်တိုင်ပြည်ရဲ့ ဘုရင်ဆိုတော့ ဘာဖြစ်လဲ။ သူတို့က ငါလက်သည်းတွေမှာ သေခြင်းတရားကနေ မလွတ်မြောက်နိုင်သေးဘူးလေ။ ဝုတ်..."
"မင်းကြွားတာ အချက်အလက်ကျတယ်။" အန်လင်းက ဆက်လက် လက်ခုပ်တီးနေ၏။
"ဂုဏ်ယူပါတယ်။ သင်က စက်ကိရိယာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။ ကျေးဇူးပြု၍ ကြွားတာကိုရပ်ပြီးတော့ နောက်ထပ် စမ်းသပ်မှုဆီကို ဒိုးလိုက်ပါတော့။"
ပိုင်လင်း၏ အေးစက်စက်အသံက အခန်းထဲမှ ထွက်ပေါ်လာပြီး ခါးခါးသီးသီးခံစားချက် အငွေ့အသက်များပါနေလေ၏။
သူမက စက်ရုပ်နှစ်ကောင်ကို တွေ့ပြီးနောက် စိတ်လှုပ်ရှားကောင်းလှုပ်ရှာနေမည်ဟု အန်လင်းခံစားရ၏။ ထို့ကြောင့် သူက ထိုအကြောင်း အများကြီး မတွေးလိုက်ပါ။ သူက တပိုင်ကို သွေးဝိညာဉ်ဆေးတောင့် တစ်တောင့် ကမ်းပေးလိုက်ပြီး ရှေ့မဆက်ခင် ခဏအနာယူလိုက်ကြ၏။
နောက်တံခါးပေါက် တစ်ခုကို ဖြတ်သန်းပြီးနောက် အန်လင်းနှင့် တပိုင်က မှောင်မဲသော နေရာလပ်ကြီးသို့ ရောက်ရှိလာ၏။
ထိုသည်က အမှန်တကယ် ပိန်းပိတ်အောင်မှောင်သည်ဟု ညွှန်းဆိုနိုင်သော အမှောင်ထုပုံစံဖြစ်၏။ အလင်းခပ်မှန်မှန်လေးပင်မရှိပဲ သူတို့နှစ်ယောက်စလုံးမှာ အမှောင်ထုနှင့် သေဆုံးခြင်းသာ တည်ရှိသော တွင်းနက်ကြီး၏ အခြေသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
"အမှောင်ထု စမ်းသပ်မှုမှ ကြိုဆိုပါသည်။ ဤနေရာ၌ အရိပ်ပုံတူပွား နတ်ဆိုးတစ်ကောင်ရှိပါသည်။ ထိုအရာကိုရှာပြီး အနိုင်ယူကာ စမ်းသပ်မှုကို ကျော်ဖြတ်ပါ။ ရှေ့က အစမ်းသပ်ခံများ၏ အချက်အလက်များအရ ဤစမ်းသပ်မှုအတွက် အသက်ရှင်နိုင်ချေမှာ သုညဖြစ်ပါသည်။ ဤစမ်းသပ်မှုကို သင်လက်ခံပါသလား။" ပိုင်လင်း၏ အသံက ထပ်မံပေါ်လာ၏။
အန်လင်းက ဤစမ်းသပ်မှု၏ အသက်ရှင်နိုင်ချေမှာ သုညဟုကြားလိုက်သောအခါ အနည်းငယ် သိလိုစိတ်ပြင်းပြလာ၏။
သူက သုညထက်ပိုသော အသက်ရှင်နိုင်ချေနှင့် စမ်းသပ်မှုများကို ကြိုးပမ်းရာ၌ ယုံကြည်မှုအလွန်ရှိ၏။ မည်သို့ဆိုဆို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အောက်တွင် သူ့ထက်ပိုပြီး စွမ်းဆောင်နိုင်သော တစ်စုံတစ်ယောက် ရှိမည်ဟု မထင်ပါချေ။ ထို့ကြောင့် စမ်းသပ်မှုကို ပြီးမြောက်နိုင်သော တစ်ခြားသူရှိပါက သူသည်လည်း သေချာပေါက် ထိုကဲ့သို့် ပြုလုပ်နိုင်ပေလိမ့်မည်။
သို့သော် အသက်ရှင်နိုင်ချေ သုညနှင့် စမ်းသပ်မှုများက ကွဲပြားသောစိန်ခေါ်ခြင်း နည်းလမ်း တစ်ခုကို ကိုယ်စားပြုသည်မို့ လျော့မတွက်ထားသင့်ကြောင်း သူသိ၏။ ဖျက်ဆီးခြင်း စမ်းသပ်မှုကို ဥပမာ ယူပါက ထိုသည်မှာ အခြေခံအားဖြင့် အာရုံတစ်ခုထဲ၌ ကျော်လွှား၍မရနိုင်ပါပေ။
အန်လင်းက ပြန်မဖြေမီ အသက်ပြင်းပြင်းရှု လိုက်၏။ "လက်ခံပါတယ်..."
***