ကယ်တင်ရှင် ရှောင်ဟုန်
Vol. 26 Ch. 366
စမ်းသပ်မှု စတင်သည်နှင့် အန်လင်း၏ ကျောရိုးတစ်လျောက် စိမ့်တက်သွားတော့၏။
"အမှောင်ထုကို ထွန်လင်းစေ။ မြင့်မြတ်သန့်စင်မီးတောက်..."
အဆုံးမရှိသော အမှောင်ထုကြီးကို ရင်ဆိုင်ရမည်ဖြစ်သည်မို့ အန်လင်းက ချက်ချင်းပင် အံ့ဖွယ်မီးတောက်ကို ထုတ်ကာ ပတ်ဝန်းကျင်ကို ထွန်းလင်းစေလိုက်၏။
ဘုန်း...
အလင်းတန်းတစ်ခု လင်းလက်လာပြီးနောက် ချက်ချင်းပင် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ဘာလဲဟ။
အန်လင်းအား အရာဝတ္ထုတစ်ခုက သူ့ရင်ဘတ်သို့ ဝင်တိုက်သည်မို့ သူ့နှလုံးသားမှာ တုန်ယင်သွားလေ၏။
ထိုအရာဝတ္ထုမှာ ဖျက်စီးစေတတ်သော စွမ်အားကြီးနှင့် ပြည့်နှက်နေပြီး အန်လင်းသည် သူ့ခန္ဓာကို သာမန် ကျင့်ကြံသူများထက် သန်မာစေသော အထွတ်အထိတ် မြေကြာပန်း စွမ်းရည်နှင့် အမြဲစိမ်း နည်းစနစ်တို့ကို မကျင့်ထားပါက သူ့ရင်ဘတ်မှာ ချိုင့်ဝင်သွားနိုင်ပေ၏။
စူးရှသော နာကျင်မှုကြီးက သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းသွားပြီး ပါးစပ်အပြည့် သွေးအန်ထွက်ကာ အမြှောက်ဆံတစ်ခုကဲ့သို့ လွင့်ထွက်သွားလေ၏။
"အစ်ကိုကြီး အန်၊ ဝုတ်..." တပိုင်က ဒေါသတကြီး အော်ဟစ်ကာ အန်လင်းမူလရှိနေသော နေရာသို့ လက်သည်းဖြင့် ခုတ်လိုက်သော်လည်း ဘာမှရှိမနေသည်ကို တွေ့လိုက်ရ၏။
ထို့နောက် ချက်ချင်းပင် သူ့ကိုယ်သည်လည်း စွမ်းအားကြီး အားအင်တစ်ခုနှင့် ထိုးနှက်ခြင်းခံလိုက်ရပြီး အခန်း၏ သတ္ထုနံရံသို့ ဝင်တိုက်မိသွား၏။ အင်အားသက်ရောက်မှုကြောင့် နံရံမှာ ချက်ချင်းပင် သူ့ကိုယ်ကျရောက်သော နေရာတွင် ချိုင့်ကြီးတစ်ခု ဖန်တီးကာ ချိုင့်ဝင်သွားပြီး သူ့တစ်ကိုယ်လုံး ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။
"တပိုင် အဲ့ကောင်ရဲ့ အနံ့ကနေ တည်နေရာကို ခြေရာခံနိုင်လား။"
အန်လင်းက အမှောင်ထုထဲမှ အော်ပြောလာ၏။
"ငါအဲ့ကောင်ဆီကနေ ဘာအနံ့မှ မရဘူး... ဝုတ်..."
တပိုင်က ခပ်ယဲ့ယဲ့ပြန်ဖြေလာ၏။ ယခင်တိုက်ခတ်မှုမှ အားအင်မှာ သူအား တာဝန်ပြင်ပသို့ ပို့ဆောင်လုနီးနီးပင်။
အန်လင်းက အံတင်းတင်းကြိတ်လိုက်ပြီး သူ့နောက်ကျောမှ တောင်ပံများထွက်လာကာ တပိုင်ဆီသို့ ပျံသန်းလာလိုက်၏။
တပိုင်က ချက်ချင်းပင် လေစီးကြောင်းက သူ့ဆီသို့ တိုးဝင်လာသည်ကို အာရုံခံမိပြီး ခုခံသည့်အနေဖြင့် လက်သည်းများကိုမြှောက်လိုက်လေ၏။
"မတိုက်နဲ့။ ငါဟ။"
အန်လင်းက အော်လိုက်ပြီး တပိုင်၏ အမွေးများကို ဆုတ်ကိုင်လိုက်ကာ သူ့၏ ကောင်းကင်ဟာလာပြင်မီးတောက်ကို ထုတ်လွှတ်လိုက်ပြီး သူ့ကိုယ်တစ်ဝိုက်တွင် ခုခံရေးအကာအကွယ်တစ်ခု ဖြစ်ပေါ်စေလိုက်၏။
တပိုင်က အန်လင်းသူ့ဘက်သို့ ရောက်လာသည်မို့ သက်ပြင်းတစ်ချက်ချလိုက်သော်လည်း အန်လင်း၏ အမူအရာမှာတော့ အလွန်တည်ကြည်နေပေ၏။
အရိပ်နတ်ဆိုး၏ တိုက်ခိုက်မှုမှာ အသိမပေးပဲရောက်လာကာ ထိုအရာ၏ တည်ရှိမှုကို အသံ သို့မဟုတ် လေစီးကြောင်း ဦးတည်ချက်များဖြင့် ခြေရာခံရန် လုံးဝမဖြစ်နိုင်ပါပေ။ သူတို့ပတ်ပတ်လည်ရှိ အမှောင်ထုမှာ အလင်းများအားလုံးကို ဝါးမျိုလိုက်နိုင်ပြီး ထို့ကြောင့် ထိုတိုက်ခိုက်မှုများမှာ မည်သည့်နေရာမှ ရောက်လာသည်ကို အန်လင်းက လုံဝ မသိပါချေ။
ဤအခြေအနေ၌ တစ်ခုတည်းသော ကံကောင်းသည့်အချက်မှာ အမှောင်ထုက အလင်းကိုသာ ဝါးမျိုနိုင်ပြီး မန္တန်နည်းလမ်းများမှ ထုတ်လွှတ်သော စွမ်းအားကိုတော့ မဝါးမျိုနိုင်ပါပေ။ အန်လင်းက ကောင်းကင်ဘုံ ဟာလာပြင် မီးတောက်မှ အပူရှိန်ကို ခံစားနေရဆဲဖြစ်သည်မို့ ထိုသည်မှာ သူ့အား မျှော်လင့်ချက်တစ်ချို့ ပေးနေ၏။
စက္ကန့်ပိုင်းအကြာတွင်တော့ သူ့၏ ကောင်းကင်ဘုံ ဟာလာပြင်မီးတောက်တွင် တစ်စုံတစ်ခု၏ စုတ်ဖြဲခံလိုက်ရသကဲ့သို့ အပေါက်တစ်ခု ဖြစ်ပေါ်လာ၏။
"ဂရုစိုက် တပိုင်..."
အန်လင်းက အော်ဟစ်လိုက်ကာ မိစ္ဆာရှင်းဓားဖြင့် တောက်ပနေသည့် ဓားအလင်းတန်းတစ်ခုကို ခုတ်ပိုင်းလိုက်၏။
သူသည် ဓားအလင်းတန်းက လေထုကို ဖြတ်သန်းသွားပြီး အခန်း၏ တခြားဘက်မှ နံရံသို့ အသံကျယ်ကြီးတစ်ခုနှင့် ဝင်တိုက်သည်ကို ကြားလိုက်ရ၏။
လွဲသွားတယ်လား။
အန်လင်းက မျက်တောင်ခတ်လိုက်ပြီး ထိုအခိုက်၌ပင် သူ့၏ ဝမ်းဗိုက်ဆီသို့ ထိုးချက်တစ်ခု ကျရောက်လာ၏။
"ဖွီး..." သူက ဝမ်းဗိုက်မှထိုးချက်ကြောင့် သတိပင် မေ့မော့လုနီးပါးဖြစ်သွားလေ၏။
သူက အထိုးခံလိုက်သည့်အခိုက်အတန့်နှင့် တစ်ချိန်တည်းနီးပါးမှာပင် မိစ္ဆာရှင်းဓားကို လွှဲခုတ်လိုက်သောလည်း ပါးလွှာသောလေထုကိုသာ ခုတ်မိလေ၏။
ရန်သူက မြန်လွန်းတယ်...
ဤအလင်းအားလုံးကို ဝါးမျိုနိုင်သော ပိန်းပိတ်အောင်မှောင်သည့် အမှောင်ထုထဲတွင် အန်လင်းသည် ရန်သူကို တိုက်ခိုက်ရန် မျှော်လင့်ချက်မရှိပါပေ။
"ဒီလိုလုပ်ဖို့ မင်းက ငါ့ကို တွန်းအားပေးတာပဲ။ ကြယ်မိစ္ဆာမီးတောက်၊ ကြီးမြတ်သန့်စင်မီးတောက်၊ လရောင်ရှုခင်း မီးတောက်..."
"အံ့ချီးမီးတောက် သမုဒ္ဒရာ..."
ဘုန်း...
ကြောက်မက်ဖွယ် မီးတောက်များက ချက်ချင်းပင် အခန်းတစ်ခုလုံကို ဝါးမျိုလိုက်၏။
ထိုသည်မှာ အမှန်တကယ်တော့ အခန်းကျယ်ကြီး မဟုတ်ပါပေ။ အန်လင်းက သူ့၏ အံ့ချီးမီးတောက် သမုဒ္ဒရာသိုင်းကို သတိမပေးပဲ ထုတ်လွှတ်လိုက်ကာ မီးတောက်များက နေရာလပ်မရှိ ၃၆၀ဒီဂရီတိုက်ခိုက်မှုအဖြစ်သို့ ပြန့်ကားသွားလေ၏။
သူက အရိပ်နတ်ဆိုး၏ တည်နေရာကို ခြေရာခံမရပေ။ သို့သော် ထိုသည်မှာ ထိုအရာအား တိုက်ခိုက်၍ မရဟု ဆိုလိုခြင်းမဟုတ်ပါ။
ဤနည်းလမ်းမှာ အဏုမြူဘုံး အသေးစားတစ်လုံးကဲ့သို့ ဖြစ်၏။ သူက ထိုသည်ကို အသက်သွင်းလိုက်ရန်သာလိုအပ်ပြီး မီးတောက်များက ကျန်သည့် ကိစ္စရပ်များကို ကိုင်တွယ်သွားပေလိမ့်မည်။
အတန်ကြာပြီး နောက်ဆုံးတွင် အန်လင်းက သူ့၏အံ့ချီးမီးတောက် သမုဒ္ဒရာသိုင်းကို ရပ်တန့်လိုက်ပြီး အမောတကော အသက်ရှုနေလေ၏။
"ငါတို့ နိုင်သွားပြီလား။ ဝုတ်..။" တပိုင်က အန်လင်း၏ အနောက်တွင် ပုန်းကာ စိတ်လှုပ်ရှားစွာ မေးလာ၏။
အန်လင်းသည် သူတို့ စမ်းသပ်မှုကို အောင်မြင်သွားပြီဟူသော သတိပေးလာမည့် အသံကို စောင့်နေလိုက်သော်လည်း ထွက်မလာပါပေ...။
"ဒီလောက်လုပ်ပြီးတာတောင် ဘယ်လိုလုပ် မသေရတာလဲ။"
နောက်ထပ် ဖျက်စီးစေနိုင်သော တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရ၏။
သူ့ရင်ဘတ်ကို လာတိုက်ခိုက်သည်မှာ လုံးဝန်းပြီး ချောမွေ့သော လက်သီးတစ်လုံးဖြစ်သည်ကို သူ့ခံစားမိပြီး နောက်ကွယ်တွင် ကြီးမားသော အားအင်တစ်ခုပါဝင်ကာ သူ့ကို သတိမေ့သွားစေနိုင်လောက်၏။
သူက သူ့၏ ရန်သူမှာ မည်မျှအထိ ရူးသွပ်နိုင်လောက်အောင် အင်အားကြီးသည်ကို မယုံနိုင်စွာရေရွတ်လိုက်၏။
ထိုသည်က အမှန်တကယ်ပဲ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူများအတွက် စမ်းသပ်ချက်ပေလား။ ထိုအစား ဤသည်မှာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် သင်္ချိုင်မဟုတ်သည်မှာ သေချာရဲ့လား။
အန်လင်း၏ ခေါင်းထဲ၌ စိတ်ပျက်အားငယ်ခြင်းများဖြစ်တည်လာ၏။ သူ့လို စွမ်းအားထက် ဓားအင်မော်တယ်တစ်ယောက်က ဤနေရာ၌ သေဆုံးရန် ကံပါလာသည်လား။
မဖြစ်နိုင်ဘူး။ ထွက်ပေါက်တစ်ခုတော့ ရှိအုံးမှာပါ။
သူက ပိုင်လင်းကို မျက်နှာမှာ မျက်ရည်များ စီးကျသည်အထိငိုတာ တောင်းပန်၍ ရနိုင်ပေမည်။ သူမက သူအား သက်ညှာပေးလောက်ပါ၏...။
အသက်ရှင်ခြင်းလား သိက္ခာတရားလား။ မည်သည်ကို ပို၍ အရေးပါသနည်း။
သူက အရိပ် နတ်ဆိုးသည် သူ့အား လှောင်ပြောင်သည့် အပြုံးဖြင့် အမှောင်ထဲမှ ကြည့်နေမည်ကို ပုံဖော် မိသွားတော့မလိုပင်။
သူက ကောင်းကင်ဘုံ ဟာလာပြင်မီးတောက်ကို ထပ်မံ ထုတ်လိုက်ကာ သူနှင့် တပိုင်အား လွှမ်းခြုံလိုက်၏။
သို့ဖြစ်၍ အရိပ်နတ်ဆိုးက သူတို့အား တိုက်ခိုက်လာပါက ထိုသည်က ကောင်းကင်ဟာလာပြင် ပိုးအိမ်လေးကို အပေါက်တစ်ခု စုတ်ဖြဲကာ အန်လင်းအား သူ့ရှိရာ တည်နေရာကို ခတ္တမျှ အသိပေးနိုင်ပေမည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ အန်လင်းသည် နောက်ကျောဘက်မှ စွမ်းအားကြီး ထိုးချက်တစ်ခုကို ခံလိုက်ရ၏။
ကြီးမားလွန်းသည့် စွမ်းအားကြီးက သူ့နောက်ကျောတစ်လျှောက် တိုက်ခိုက်ကာ သူ့၏ တင်ပါးဆုံးရိုးများပင် ကြေမွသွားမည့်အလား ခြိမ်းခြောက်လာ၏။
ဘုန်း...
အန်လင်း၏ ခန္ဓာကိုယ်မှာ လေထုထဲသို့ ပျံသန်းသွားပြီး သတ္ထုမျက်နှာကြက်ကို ဝင်တိုက်ကာ အခန်းတစ်ခုလုံးကို တုန်ခါသွားစေ၏။
"ဖွီး..." အန်လင်းက သူ့သွေးများ အပြင်းအထန် လှုပ်ရှား သွားသကဲ့သို့ နောက်ထပ် ပါးစပ်အပြည့် သွေးများ ထပ်မံ ထွေးထုတ်လာပြီး မြေကြီးပေါ်သို့ ပြန်ကျသွားလေ၏။
နှိမ့်ချခံရခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဒေါသထွက်ခြင်းနှင့် ခံစားချက်ပေါင်းစုံက သူ့နှလုံးဆီသို့ ပြေးဝင်လာ၏။
အဲ့တာက တကယ်ပဲ ဘာကြီးလဲ။ ဤစမ်းသပ်မှုက ကျော်လွှား၍ မရနိုင်သည်မှာ ရိုးရှင်းလှ၏။ သူက နောက်ဆုံးထိုးနှက်ချက်က သူ့အပေါ်သို့မည်ကဲ့သို့ ကျရောက်လာသည်ကိုပင် လုံးဝမသိလိုက်ပါပေ။ ထိုအရိပ်နတ်ဆိုးမှာ ကောင်းကင်ဟာလာပြင်မီးတောက်က မထိုးဖောက်နိုင်သည်မှာ အရှင်းကြီးဖြစ်၏။ ထိုသို့ဆိုပါက သူက ထိုသည်အား မည်သို့တိုက်ခိုက်ရမည်နည်း။ အဲ့တာက ဘယ်လို စောက်ကျိုးနည်း မကောင်းဆိုးဝါး အမျိုးအစားလဲ။
အန်လင်း၏ ခန္ဓာကိုယ်မှာ မြေပေါ်သို့ ပြိုကျသွားပြီး ပျက်စီးလုဆဲဆဲ အာရုံတစ်ခုက သူ့ဆီသို့ ချဉ်းကပ်စပြုလာ၏။
ထိုအခိုက်အတန့်မှာပင် သူ့၏ အိတ်ကပ်မှာ တရှဲရှဲမြည်စပြုလာတော့သည်။
"ဒီမှာ မှောင်လွန်းတယ်။ အလင်းဖြစ်စေ။"
ချစ်စရာကောင်းလှသော်လည်း ဒေါသတကြီး အသံတစ်ခုက အမှောင်ထဲမှ ထွက်ပေါ်လာ၏။
"နေမင်းကြီးက အထက်ကောင်းကင်ယံတွင် ထွန်းလင်းနေပြီး ပန်းပွင့်များက ငါ့ကို ပြုံးပြနေကြသည်..."
"ငှက်ကလေးက ပြောတယ်။ မှောင်လွန်းတယ်တဲ့~~~ ပြီးတော့ သူက ငါ့ကို မီးသီးလေးတစ်လုံးဖြစ်လာဖို့တောင်းဆိုလာတယ်။"
အသံတစ်ခုက ထွက်ပေါ်လာပြီး လေညင်းတစ်ခုက ဖြတ်တိုက်သွားလေ၏။
အလွန်အမင်းတောက်ပသော အပြားတစ်ခုက ကောင်းကင်တွင် ပေါ်ထွက်လာပြီး ထိုသည်မှာ အခန်းထဲသို့ ရုတ်တရက် ဆင်းလာသည့် နေမင်း အငယ်စားလေးကဲ့သို့ပင်။ ထိုသည်က အမှောင်ထုကို ဖောက်ထွင်းပြီး ကမ္ဘာကြီးဆီသို့ အလင်းရောင်ကို သယ်ဆောက်လာသော ရွှေရောင်ဓားရှည်တစ်ချောင်း ကဲ့သို့ပင်။
"အား... မျက်စိကြိမ်းလိုက်တာ။ ဝုတ်..." တပိုင်က သူသည် မျက်စိကန်းသွားပြီဟုပင် ခံစားလိုက်ရ၏။
အန်လင်းက သူ့ပတ်လည်၌ တောက်ပနေသော အလင်းစူးစူးကြောင့် အလွန်အမင်း မူးဝေလာကာ မျက်လုံးထဲ၌ မျက်ရည်များပင် ဝိုင်းလာသည်ကို ကြုံလိုက်ရ၏။
"ဟွန့်... မင်းက အဲ့လောက်မှောင်အောင် ဘယ်လိုများ လုပ်ရဲရတာလဲ။ ငါမင်းကို သေအောင် ထွန်းလင်းပစ်မယ်။" ချိုသာသော အသံလေးက ထပ်မံပေါ်ထွက်လာ၏။
ထိုသည်မှာ ရှောင်ဟုန်၏ အသံပင်။
အန်လင်းက သူ့၏ မျက်ရည်အပြည့်နှင့် မျက်လုံးများကို အားတင်းဖွင့်လိုက်သောအခါ သူ့အထက်လေထု၌ ကြက်သွေးနီရောင် ဝတ်စုံနှင့် အမျိုးသမီးငယ်လေးတစ်ဦးကို တွေ့လိုက်ရ၏။ နေတစ်စင်းက သူမခေါင်းပေါ်တွင် တောက်ပနေပြီး သူမ၏ လက်ထဲ၌ အနီရောင် ပစ္စည်းတစ်ခုကို ကိုင်ထား၏။
ဘာလို့ ရှောင်ဟန်ခေါင်းပေါ်မှာ နေတစ်စင်းရှိနေပြီး သူမလက်ထဲမှာ ပစ္စည်းတစ်ခုရှိနေရတာလဲ။ အန်လင်းက တစ်ခုမှ မသိသည်မို့ သူ့ကို မေးလျှင်လည်း အကျိုးမရှိပါပေ။
အရိပ်သဏ္ဍာန် ပုဂ္ဂိုလ်မှာ နောက်ဆုံးတွင် ပေါ်ထွက်လာပြီဖြစ်ပြီး ထိုအရာမှာ နေမင်း၏ တောက်ပမှုအောက်တွင် အကြောက်တရားနှင့် တုန်ယင်နေ၏။
အန်လင်းက ရန်သူ၏ ပုံရိပ်ကို မြင်လို့်ရသည်မို့ ရုတ်တရက် အံ့အားသင့်သွား၏။ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်နှင့် နိမိတ်ဆိုးစေသော ဒဏ္ဍာရီလာ အရိပ်နတ်ဆိုးမှာ သားပိုက်ကောင် တစ်ကောင်ဖြစ်၏။ ထိုသည်မှာ အရွယ်ရောက် လူတစ်ယောက်လောက်ထိ ရှည်ပြီး အနက်ရောင် အမွေးများနှင့် သားပိုက်ကောင်တစ်ကောင်ဖြစ်ပြီး သူ့၏ ရှေ့ခြေများတွင် လက်ဝှေ့လက်အိတ်တစ်စုံရှိနေ၏။
"မင်းက အတော်လေးချစ်စရာကောင်းတာပဲ။ ဒါပေမဲ့ မင်းက ငါ့ရဲ့သခင်ကို အနာတရ ရစေတယ်။ အဲ့တာမို့ အပြစ်ဒဏ်က သေခြင်းပဲ။"
ရှောင်ဟုန်က အော်ဟစ်လိုက်ပြီး အနီရောင်ပစ္စည်းက သူမ၏ ရှေ့တွင် စတင် လည်ပတ်လာ၏။
"နေမင်း၏ အမည်နာမဖြင့် အကျွန်ုပ် သင့်အား နှိမ်နင်းလိုက်၏။ ရှေ့သို့ဆက်သွားပါ နေမင်း၏ ကိုယ်စားလှယ်...။"
အနီရောင် ပစ္စည်းမှ ရွှေရောင် အလင်းတန်းမှာ ရှေ့သို့ ထိုးထွက်လာပြီး ကိုယ်လုံးတီးနှင့် ရွှေရောင် ဘုန်းတော်ကြီးတစ်ပါးက ကိုးရိုးကားယားနှင့် ဗလတောင့်တောင့်ဖြင့် ဖြစ်ပေါ်လာပြီး သားပိုက်ကောင်ဆီသို့ ခုန်အုပ်လိုက်၏။
ရှောင်ဟုန်က အဘယ့်ကြောင့် ဤကဲ့သို့ ကြောင်တောင်တောင်ပုံနှင့် ဘုန်းတော်ကြီးကို ဆင့်ခေါ်နိုင်သွားရသနည်း။ အန်လင်းက တစ်ခုမှ မသိသည်မို့ သူ့ကို မေးလျှင်လည်း အကျိုးမရှိပါပေ။
အနက်ရောင် သားပိုက်ကောင်က ကိုယ်လုံးတီး ဘုန်းတော်ကြီးက သူ့အားတဟုန်ထိုးတိုက်ခိုက်လာသည်ကို ကြည့်ကာ တုန်ယင်နေပေတော့သည်။ အနက်ရောင် အက်ကွဲကြောင်းတစ်ခုက သူ့နောက်တွင် ပေါ်လာသောအခါ ချက်ချင်းပင် တုန့်ဆိုင်းခြင်းမရှိပဲ ထိုကွဲကြောင်းထဲသို့ ခုန်ဝင်သွားတော့၏။
အက်ကွဲကြောင်းက ပြန်ပိတ်သွားပြီး အရာရာမှာ တစ်ဖန်ပြန်လည်၍ အေးချမ်းသွားပေတော့၏...။
မဟုတ်ပါပေ။ အန်လင်း၏ နှလုံးသားမှာ အေးချမ်းသည်နှင့် မည်သည့်နေရာ၌မှ မနီးစပ်ပါပေ။
ကိုယ်လုံးတီးနှင့် ဗလတောင့်တောင့် ဘုန်းတော်ကြီးမှာ အန်လင်းဆီသို့ လှည့်လာပြီး ခင်မင်ရင်းနှီးသော အပြုံတစ်ခု ထုတ်ဖော်ပြလာချေ၏။
အန်လင်း၏ တစ်ကိုယ်လုံး၌ ကြက်သီးများ ထသွားရပေသည်။
အဲ့တာကြီးက စောက်ကျိုးနည်း ဘာကြီးလဲဟ။
***