← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း။ ၃၁၇

ဝုန်း…

ဓမ္မပုံရိပ်ကိုးခုသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေပြီး ယန်ပြည်နယ်၏ မြစ်များနှင့် တောင်တန်းများကို လင်းလက်စေသည်။

ချန်ကျီရှင်းသည် တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်နေရကာ တစ်ခါတစ်ရံ သူ၏ ရုပ်ခန္ဓာမှာ ပြိုကွဲလုနီးပါး ဖြစ်သွားပြီး တစ်ခါတစ်ရံတွင်မူ မြောက်ပိုင်းမင်းသားတို့ သုံးဦး၏ ခန္ဓာကိုယ်တွင် အက်ကြောင်းများ ပေါ်လာကာ ပြိုကျတော့မည့်အလား ဖြစ်သွားသည်။

ကြည့်ရှုနေသူများမှာ အသက်ရှူပင် ရပ်တန့်လုနီးပါး ဖြစ်နေကြပြီး ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"တတိယသခင်လေးက သမိုင်းတစ်လျှောက်မှာ တကယ်ကို ထူးခြားတဲ့သူပဲ။ စစ်မှန်သော ကိုယ်ပိုင်အဆင့်နဲ့ နိဗ္ဗာနအဆင့်ကို ပြောင်းပြန် သတ်ဖြတ်နိုင်တာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်"

"မြောက်ပိုင်းမင်းသား၊ ဧကရာဇ် ရှောင်ဟွာနဲ့ မဟာဆရာသခင်လုတို့က သမိုင်းမှာ နက်ရှိုင်းတဲ့ အမှတ်အသားတွေ ထားခဲ့တဲ့သူတွေပဲ။ သူတို့ထဲက တစ်ယောက်ယောက်ကသာ တတိယသခင်လေးကို တစ်ယောက်ချင်း ရင်ဆိုင်ခဲ့ရင် သေတာကြာပြီ"

"ဒီတိုက်ပွဲက ရလဒ် ဘယ်လိုပဲဖြစ်ဖြစ် ချန်ကျီရှင်းကို သမိုင်းမှာ အစဉ်အမြဲ မှတ်တမ်းတင်သွားစေမှာပဲ"

"မသေမျိုး မင်းဆက်ရဲ့ ထိပ်တန်း ပါရမီရှင် သုံးဦးတောင် တတိယသခင်လေးကို မနိုင်နိုင်ဘူးလား"

ကြည့်ရှုနေသော ကျင့်ကြံသူများမှာ အံ့အားသင့်နေကြသည်။ ဧကရာဇ် ရှောင်ဟွာ၊ မြောက်ပိုင်းမင်းသားနှင့် မဟာဆရာသခင်လုတို့သည် ရှေးခေတ်သမိုင်းတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ပြီး ထာဝရအသက်ရှည်ခြင်းအဆင့်တွင် အကောင်းဆုံးသူများ ဖြစ်ကြသည်။ ယခုမူ သူတို့သုံးဦး ပေါင်းတိုက်ခိုက်သော်လည်း ချန်ကျီရှင်းကို အနိုင်မယူနိုင်သေးပေ။

ဤမြင်ကွင်းမှာ အလွန်ပင် မယုံနိုင်စရာ ကောင်းလှသည်။ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များနှင့် ယနေ့ခေတ် လူတစ်ဦး တိုက်ခိုက်နေသည်ကို ကြည့်ရခြင်းမှာ အချိန်ကာလ ပျောက်ဆုံးသွားသကဲ့သို့ ခံစားရစေသည်။

ကောင်းကင်အထက်တွင် ချန်ကျီရှင်းသည် ဓမ္မပုံရိပ်ကိုးခုကို တစ်ပြိုင်နက် အသုံးပြုနေသဖြင့် သူ၏ ထာဝရအသက်ရှည်ခြင်း စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးနေသည်။

"ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်ရမယ်"

ချန်ကျီရှင်း၏ စိတ်ထဲတွင် ရှင်းလင်းသွားသည်။

"သတ်"

ဤစကားကို ဆိုလိုက်သည်နှင့် ချန်ကျီရှင်း၏ ဘယ်ဘက်လက်မှာ တောက်လောင်နေသော မီးလျှံအဖြစ် ပြောင်းလဲသွားပြီး ညာဘက်လက်မှာ အရာအားလုံးကို အေးခဲစေမည့် အေးစက်သော အငွေ့အသက်အဖြစ် ပြောင်းလဲသွားသည်။ သူသည် မဟာဆရာသခင်လု၏ ပခုံးကို ဆွဲကိုင်လိုက်သည်။

ဝုန်း ဝုန်း…

ဧကရာဇ် ရှောင်ဟွာနှင့် မြောက်ပိုင်းမင်းသားတို့က ချန်ကျီရှင်းကို ထိုးနှက်လိုက်ကြကာ မဟာဆရာသခင်လုကလည်း ချန်ကျီရှင်းကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ချန်ကျီရှင်းမှာမူ ဘာကိုမျှ ဂရုမစိုက်ဘဲ သူ၏ အစွမ်းများကို မဟာဆရာသခင်လု၏ ခန္ဓာကိုယ်ထဲသို့ အကုန်သွန်ချလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

မဟာဆရာသခင်လု၏ ခန္ဓာကိုယ်မှာ မီးပုံးတစ်လုံးကဲ့သို့ ဖောင်းကားလာပြီး နောက်ဆုံးတွင် ပေါက်ကွဲကာ အပိုင်းပိုင်း ပြိုကွဲသွား၏။

မဟာဆရာသခင်လု ကျဆုံးသွားပြီဟ……

ချန်ကျီရှင်းမှာ ခဏမျှပင် နားမနေဘဲ မြောက်ပိုင်းမင်းသားကို လှည့်၍ ထိုးနှက်လိုက်သည်။ သူတို့၏ လက်သီးများ တိုက်မိရာတွင် ဖြစ်ပေါ်လာသော တုန်ခါမှုမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။

နဂါးနှင့် နွားနတ်ဆိုးတို့၏ တိုက်ပွဲမှာ အလွန်ပြင်းထန်ကာ နွားနတ်ဆိုးက နဂါးကို နှစ်ပိုင်းဖြတ်လိုက်သည်။

ဝုန်း

မိုးကြိုးများ ကုန်ဆုံးသွားပြီးနောက် မိုးကြိုးဧကရာဇ်၏ ရုပ်ခန္ဓာမှာ ပေါ်လာပြီး လျှပ်စီးတန်းတစ်ခုကဲ့သို့ ဧကရာဇ် ရှောင်ဟွာဆီသို့ ထိုးစိုက်လိုက်သည်။

ဧကရာဇ် ရှောင်ဟွာမှာ အနည်းငယ်မျှသာ ခံနိုင်ရည်ရှိပြီးနောက် ပေါက်ကွဲသွားတော့သည်။

ဧကရာဇ် ရှောင်ဟွာလည်း ကျဆုံးသွားပြီကွ…..

ယခုအခါ ဟင်းလင်းပြင်ထဲတွင် မြောက်ပိုင်းမင်းသားတစ်ဦးသာ ကျန်တော့သည်။ ချန်ကျီရှင်းမှာ သွေးတစ်လုပ် အန်ထုတ်လိုက်ပြီးနောက် သူ၏ ဓမ္မပုံရိပ် ငါးခုကို တစ်ပြိုင်နက် အသုံးပြုကာ မြောက်ပိုင်းမင်းသားကို တိုက်ခိုက်လိုက်သည်။

အချိန်အနည်းငယ် ကြာပြီးနောက်…

ဝူး…..

မြောက်ပိုင်းမင်းသားမှာလည်း ဦးခေါင်းမှစ၍ အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားကာမိုးကြိုးတိမ်တိုက်များမှာလည်း ပါးလျသွားသည်။

ဝူး

ဓမ္မပုံရိပ် ငါးခုမှာလည်း ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားကာ ချန်ကျီရှင်းမှာ သွေးများ ထပ်မံအန်ထုတ်လိုက်ပြီး စက္ကူကဲ့သို့ ဖြူဖျော့သော မျက်နှာဖြင့် တောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားသည်။

အားလုံး ပြီးဆုံးသွားပြီပဲ။

အဝေးမှ အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတို့ ပဲ့တင်ထပ်နေဆဲပင်။

ချန်ကျီရှင်းမှာ တောင်ထိပ်ပေါ်တွင် လဲလျောင်းရင်း သူ၏ မျက်နှာပေါ်ရှိ သွေးများကို သုတ်

လိုက်သည်။ ဧကရာဇ် ရှောင်ဟွာ၊ မဟာဆရာသခင်လုနှင့် မြောက်ပိုင်းမင်းသား သူတို့အားလုံးမှာ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ကို သတ်ဖြတ်ရန်အတွက် ချန်ကျီရှင်းမှာ သူ၏ အစွမ်းအားလုံးကို ကုန်ဆုံးစေခဲ့ရသည်။

ဒါက... အကန့်အသတ်ကို ကျော်လွန်တဲ့ ဒဏ်ခတ်ခြင်းလား။

...

...

တစ်ချိန်တည်းမှာပင် ကောင်းကင်ပြင် အပြင်ဘက်၌ ခြောက်သွေ့နေသော ကြယ်ကြီးတစ်ခုပေါ်တွင် အနက်ရောင် ဝတ်ရုံကြီးကို ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦးသည် ယန်ပြည်နယ်ကို ငုံ့ကြည့်နေသည်။

"သူ့လက်ချက်နဲ့ ငါလည်း ကျဆုံးခဲ့ရတာကို မမျှော်လင့်ထားခဲ့မိဘူး"

သူသည် သူ၏ မျက်နှာဖုံးကို ပြန်တင်လိုက်ရာ ၎င်း၏ ဘယ်ဘက်တွင် တစ်ဟု ရေးသားထားသော ရှေးဟောင်း စာလုံးကို တွေ့ရသည်။

"ကမ္ဘာကြီးက မင်းရဲ့ ဒဏ္ဍာရီတွေကို သီဆိုနေတုန်းပဲ။ မင်းရဲ့ ဂုဏ်ကျေးဇူးကို ချီးကျူးနေတုန်းပဲ"

သူသည် သူ၏ လက်ထဲတွင် မီးခိုးရောင် အလင်းတန်းနှစ်ခုကို ကိုင်ထားသည်။

"သိပ်မကြာတော့ဘူး။ အချိန်အတော်ကြာ ကွဲကွာနေတဲ့ ငါ့သူငယ်ချင်းတို့ရေ ခေတ်ကာလပေါင်းများစွာကြာပြီးနောက်မှာ ငါတို့ ဒီခေတ်မှာ ပြန်တွေ့ကြမယ်"

သူသည် အနည်းငယ် ပြုံးလိုက်ပြီးနောက် ထိုကြယ်ကြီးပေါ်မှ ပျောက်ကွယ်သွားတော့သည်။

အခန်း။ ၃၁၈

ကောင်းကင်ထက်၌ တစ်ချိန်က ပြင်းထန်ပြီး ဖိအားပေးခဲ့သော မိုးကြိုးဒဏ်ခတ်ခြင်းမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီးနောက် ပျောက်ကွယ်သွားသည်။

လိပ်ပြာခွေနေသော အနက်ရောင် တိမ်တိုက်ကြီးများမှာ ပါးလွှာသော အပြာရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားကာ အနောက်ဘက်သို့ ဆက်တိုက် ပြန့်ကျဲသွားသည်။

ဇီဝေတောင်ထိပ် ကိုးခုလုံးမှာ တစ်စုံတစ်ရာ ထူးဆန်းစွာဖြင့် တိတ်ဆိတ်သွားသည်။

လူအများအပြားမှာ ချန်ကျီရှင်း ပြုတ်ကျခဲ့သည့် တောင်ထိပ်ကို ငေးမောကြည့်နေကြသည်။ တိတ်ဆိတ်ခြင်းမှာ မိုးခြိမ်းသံထက်ပင် ပိုမိုပြင်းထန်နေသည်။

ဧကရာဇ် ရှောင်ဟွာ….

မဟာဆရာသခင်လု…..

မြောက်ပိုင်းမင်းသား…..

သူတို့ သုံးဦးထဲမှ တစ်ဦးစီတိုင်းသည် စကြဝဠာကို စိုးမိုးနိုင်ပြီး ရွှေရောင်ခေတ်ကာလကို တည်ဆောက်နိုင်သော အစွမ်းရှင်များ ဖြစ်ကြသည်။ ယခုမူ သမိုင်းတွင် ဒဏ္ဍာရီဖြစ်ခဲ့သော ထိုသူသုံးဦးမှာ ချန်ကျီရှင်း၏ လက်ချက်ဖြင့် ပျက်သုဉ်းသွားခဲ့ရသည်။

"နတ်ဆိုးပဲ ခေတ်အဆက်ဆက် မတွေ့ဖူးတဲ့ ကပ်ဆိုးကြီးတစ်ခုပဲ"

အကြီးအကဲတစ်ဦးက တိတ်ဆိတ်မှုအပြီးတွင် တစ်လုံးချင်းစီ ပြောလိုက်သည်။

"မြစ်ရေတွေက အရှေ့ဘက်ကို စီးဆင်းသလိုပဲ သမိုင်းတစ်လျှောက်က သူရဲကောင်းနဲ့ ပါရမီရှင်တွေထဲမှာ အရှေ့ဖျား နယ်မြေစတင် တည်ထောင်ကတည်းက ချန်ကျီရှင်းနဲ့ တန်းတူ ယှဉ်နိုင်မယ့်သူဆိုလို့ မသေမျိုး မင်းဆက်ရဲ့ အရှင်သခင်ပဲ ရှိတော့မှာလား"

ဝေးလံသော နေရာမှ လာရောက်ကြည့်ရှုသူများ၏ အကြည့်များမှာ အလွန်ပင် ရှုပ်ထွေးသွားသည်။ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။

စီကုံးမျိုးနွယ်စု စီကုံးရွှမ်ကျီ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး ဘေးနားရှိ လီဟွာထျန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဤအချိန်တွင် သူ၏ ရင်ထဲတွင် မဖော်ပြနိုင်သော နောင်တတရားများ ပေါ်လာကာ သူသည် ကောင်းကင်ကို မော့ကြည့်ရင်း လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။

သူသည် ဇီဝေချန်မျိုးနွယ်စုအပေါ်တွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များ စုစည်းကာ နဂါးစစ်စစ်တစ်ကောင်အဖြစ် ပြောင်းလဲပြီး မဟာပင်လယ်ထဲသို့ ပျံသန်းသွားသည်ကို မြင်ယောင်နေသည်။

သူ၏ တိုးတက်လာမှုမှာ မည်သူမျှ မတားဆီးနိုင်တော့ပေ။

...

...

ယန်ပြည်နယ် အမည်မသိ တောင်ထိပ်တစ်ခုပေါ်တွင် ချန်ကျီရှင်းသည် ပျောက်ကွယ်သွားသော မိုးကြိုးဒဏ်ခတ်ခြင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ဤအကန့်အသတ်ကို ကျော်လွန်သော ဒဏ်ခတ်ခြင်းမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ရှေးခေတ်က အစွမ်းအထက်ဆုံး ပါရမီရှင်များကိုပင် ပြန်လည် ဖန်တီးနိုင်စွမ်း ရှိသည်။

"ကံကောင်းတာက ငါ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထဲမှာပဲ ရှိနေသေးတယ်။ ငါ့ကိုယ်ငါ ပြန်

ဖန်တီးတာမျိုး မဖြစ်ပါစေနဲ့။ အဲဒါဆိုရင်တော့ ခက်ခဲလိမ့်မယ်..."

ချန်ကျီရှင်းသည် ကိုယ့်ကိုကိုယ် ရေရွတ်ကာ အခက်အခဲဖြင့် မတ်တတ်ရပ်လိုက်သည်။

ဝုန်း

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာကာ ပျောက်ကွယ်သွားလုနီး ဖြစ်နေသော တိမ်တိုက်များမှာ ထပ်မံ၍ အားအင်များ စုစည်းလာပြီး ကိုးထပ်ကောင်းကင်မှ တစ်ဆင့် ချန်ကျီရှင်းရှိရာသို့ အလင်းတန်းတစ်ခုအဖြစ် ဆင်းသက်လာသည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် ကိုးထပ်ကောင်းကင်ထက်၌ နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရေတံခွန်ကဲ့သို့ စီးကျနေသော အနက်ရောင် ဆံပင်များရှိသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုပုဂ္ဂိုလ်၏ မျက်လုံးများမှာ ကြည်လင်နေပြီး နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ရှိသည်။

ချန်ကျီရှင်းသည် ထိုသူ၏ ပြိုင်ဘက်ကင်းသော ရုပ်ရည်ကို မော့ကြည့်ရင်း မျက်လုံးများကို မှေးစင်းလိုက်သည်။

...

...

အချိန်များ ကုန်ဆုံးသွားပြီးနောက် မိုးကြိုးတိမ်တိုက် အမည်းကြီးအတွင်း မည်သို့ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိရှိကြပေ။

လူများ သိသည်မှာ တိမ်တိုက်များထဲမှ ပြင်းထန်သော တိုက်ပွဲအသံများ ထွက်ပေါ်နေခြင်းသာ ဖြစ်သည်။ ဟင်းလင်းပြင်များမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပြီး ကမ္ဘာမြေကို တုန်ခါစေသည်။

တိုက်ပွဲမှာ တစ်ညလုံး တစ်ရက်လုံး ကြာမြင့်ခဲ့ကာ ဇီဝေတောင်နောက်ဘက် တားမြစ်နယ်မြေတွင်

"ကျီရှင်းနဲ့ တိုက်ခိုက်နေတာ ဘယ်သူလဲ ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရတာလဲ" ချန်တောက်ယန်က မျက်မှောင်ကြုတ်လျက် မေးသည်။

ဘိုးဘေးက မပြောဘဲ သက်ပြင်းချလိုက်သည်။

"အရင်တိုက်ပွဲတွေက စမ်းသပ်မှုတွေပဲ ရှိသေးတယ်။ ဒါကတော့ ကျီရှင်းရဲ့ တကယ့် အကန့်အသတ်ကို ကျော်လွန်သော ဒဏ်ခတ်ခြင်းပဲ ဖြစ်လိမ့်မယ်"

ဒုတိယနေ့ နံနက်ရောက်မှသာ မိုးကြိုးဒဏ်ခတ်ခြင်းမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။

ပုဂ္ဂိုလ်တစ်ဦးသည် ကိုးထပ်ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူ၏ ခန္ဓာကိုယ်တွင် မဟာတာအို ဒဏ်ရာများ ရှိနေသော်လည်း လမ်းလျှောက်နေရင်းနှင့်ပင် အလျင်အမြန် ပျောက်ကင်းသွားသည်။

ကောင်းကင်ဘုံက သူ့အတွက် ဝမ်းမြောက်စရာ သီချင်းများ သီဆိုပေးနေပြီး ပန်းများမှာ ကောင်းကင်မှ ကြွေကျကာ မြေကြီးမှ ရွှေကြာပန်းများ ပေါက်ဖွားလာသည်။

ချန်ကျီရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ စစ်မှန်သော ကိုယ်ပိုင်အဆင့်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။ သူ၏ ဆံပင်တစ်မျှင်ချင်းစီတိုင်းမှာ မသေမျိုး အလင်းတန်းများဖြင့် လွှမ်းခြုံထားပြီး အရိုးတစ်ချောင်းစီတိုင်းတွင် မဟာတာအို သင်္ကေတများ ထွင်းထုထားသည်။

သူ၏ နောက်ကျောတွင် မဟာအိုးကြီး၏ အရိပ်တစ်ခု ပေါ်လာပြီး တာအိုလမ်းကြောင်း ကိုးခု စုစည်းနေသည်။

ချန်ကျီရှင်းသည် နိဗ္ဗာနအဆင့်သို့ တဖြည်းဖြည်း တိုးတက်နေ၏။

"အနိုင်မရှိသူ"

"တကယ်ကို အနိုင်မရှိသူပဲ"

"ဒဏ္ဍာရီတွေကို ဆန့်ကျင်ပြီး ဒီခေတ်ရဲ့ ဒဏ္ဍာရီအဖြစ် အသက်ဝင်နေတာပဲ"

ဇီဝေချန်မျိုးနွယ်စုအတွင်း ဝမ်းမြောက်သော ရယ်မောသံများ ပေါ်ထွက်လာသည်။ လူငယ်မျိုးဆက်သစ်များမှာ သူ့ကို အားကျကာ ယုံကြည်မှုဖြင့် ကြည့်နေကြသည်။

ကောင်းကင်ထက်၌

"ဒီတိုက်ပွဲကနေတစ်ဆင့် ငါ့ရဲ့ တာအိုလမ်းကြောင်း ကိုးခုက နောက်ဆုံးတော့ စုစည်းလာပြီ" ချန်ကျီရှင်းသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရေရွတ်လိုက်သည်။

သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက်

"နောက်တစ်ခုက နိဗ္ဗာနအဆင့်ရဲ့ ဒုတိယမြောက် ဒဏ်ခတ်ခြင်း အသက်သေ ဒဏ်ခတ်ခြင်းပဲ"

သူသည် နှောင့်နှေးခြင်း မရှိဘဲ ပြင်ဆင်ထားသော အခန်းထဲသို့ ဝင်ရောက်သွားသည်။

သန်းခေါင်ယံအချိန်တွင် ချန်ကျီရှင်းမှာ အခန်းထဲတွင် ထိုင်နေသည်။

အေးစက်ပြီး သေခြင်းတရားနှင့် ဆက်စပ်နေသော အရှိန်အဝါကြီးမှာ ချန်ကျီရှင်းဆီသို့ ရောက်ရှိလာသည်။

မွန်းကျပ်မှု၊ အေးစက်မှု၊ တောင့်တင်းမှုနှင့် အမှောင်ထုတို့မှာ သေခြင်းတရား၏ အနံ့ပင်။

"လာခဲ့လေ"

ချန်ကျီရှင်းမှာ သေခြင်းတရား၏ နယ်မြေထဲသို့ စူးနစ်သွားပြီး ထာဝရ အိပ်စက်ခြင်းသို့ ရောက်ရှိသွားသည်။

...

...

တစ်နှစ် ကုန်ဆုံးသွားကာ ချန်တောက်ယန်၊ ချန်ကျီရှင်း၊ တုကူးနီတို့ အားလုံးမှာ တိတ်တဆိတ် ကျင့်ကြံနေကြသည်။ ဇီဝေချန်မျိုးနွယ်စု၏ တောင်တံခါးများမှာ ပိတ်ထားပြီး ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ထားသည်။

ချန်ကျီရှင်း ပြန်လည်ယူဆောင်လာသော အရင်းအမြစ်များဖြင့် ဇီဝေချန်မျိုးနွယ်စုမှာ ဒုံးပျံကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။ ဇီဝေတောင်ထိပ် ကိုးခုတွင် ရက်အနည်းငယ်တိုင်း လူတစ်ယောက်စီ အဆင့်တိုးတက်နေသည်။

ဇီဝေချန်မျိုးနွယ်စု တိုးတက်လာသည်နှင့်အမျှ၊ မမြင်နိုင်သော စွမ်းအင်များမှာ သူတို့အထက်တွင် စုစည်းလာပြီး ရွက်တစ်ရွက်ပါသော ရွှေကြာပန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

All Chapters