ရှောင်ဟုန်ကို ဘဝအား မှန်ကန်သော အမြင်နှင့် ထူထောင်တတ်ရန် သင်ပေးခြင်း
Vol. 26 Ch. 367
အန်လင်းသည် ရှောင်ဟုန်က "ကျောင်းသို့ သွားရာလမ်း" သီချင်းကို ဆိုတတ်သည်မှာ မအံ့ဩပါပေ။ မည်သို့ဆိုဆို သူက ရှောင်ဟုန်သည် အလင်းဖြင့် အစာချက်လုပ်ရင်း သီချင်းဆိုရသည်ကို ကြိုက်နှစ်သက်ကြောင်း သိထား၏။ ထို့ကြောင့်ပင် သူက ရှောင်ဟုန်အား ကလေးသီချင်းအယ်လ်ဘမ်တစ်ချပ်ကို လက်ဆောင်ပေးခဲ့သေး၏။
သို့သော် သူမ၏ ခေါင်းပေါ်မှ နေမင်းက မည်သည်ဖြစ်သည်နှင့် သူမလက်ထဲမှ ပစ္စည်းမှာ ဘာဖြစ်သလဲဆိုသည့်အကြောင်းကို အန်လင်းအား မည်သူက ပြောပြမည်နည်း။
ထို့ပြင် ရှောင်ဟုန်က "နေမင်း၏ ကိုယ်စားလှယ်"အဖြစ် ရည်ညွှန်းသော ကိုယ်လုံးတီးနှင့် ဗလတောင့်တောင့် ဘုန်းတော်ကြီးက ဘာကြီးလဲ။
"ဟင်၊ သားပိုက်ကောင်က ထွက်ပြေးသွားပြီ။ ငါတို့ဘာလုပ်ကြမလဲ။" ရှောင်ဟုန်က သူမခေါင်းပေါ်တွင် နေမင်းတွဲလောင်းထွန်းလျက်နှင့် မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။ သူမ၏ ဆွဲဆောင်မှုရှိသော်လည်း အပစ်ကင်းသည့် သွင်ပြင်များက စိတ်အနှောက်အယှက်ပေးခြင်းများနှင့် ရောနှောနေ၏။
"အဲ့ အရိပ်နတ်ဆိုးက လေဟာနယ်ကို ကြိုးကိုင်နိုင်တဲ့ စွမ်းအားရှိတယ်။ အဲ့တာကြောင့်မို့ ငါ့ရဲ့ အံ့ချီးမီးတောက် သမုဒ္ဒရာသိုင်းမှာ ရှင်သန်နိုင်ပြီးသော ကောင်းကင် ဟာလာပြင် မီးတောက်ကို မဆုတ်ဖြဲပဲနဲ့ ငါ့ကို တိုက်ခိုက်နိုင်တာ..." အန်လင်းက စကားပြောနေရင်းနှင့် မျက်မှောင်ကြုတ်လိုက်၏။ "အဲ့တာက သေချာပေါက် ဟာလာပြင်သို့အပြန်အဆင့် သားရဲမဟုတ်တာ သေချာတယ်။ အဲ့တာမို့ သူ့ရဲ့ လေဟာနယ်ကြိုးကိုင်ခြင်း ကို ထာဝရထိန်းထားနိုင်မှာမဟုတ်ဘူး။ သူပြန်ပေါ်လာမလားလို့ စောင့်ကြည့်ရအောင်။"
"အို..." ရှောင်ဟုန်က နာခံမှု အပြည့်နှင့် ခေါင်းငြိမ့်ပြလာကာ သူပတ်ဝန်ကျင်ကို တချက် လှည့်ပတ် အကဲခတ်လိုက်၏။
တပိုင်က ရှောင်ဟုန်ဘက်သို့ စိတ်လှုပ်ရှားစွာ ပြေးသွားလေ၏။ "အစ်မကြီး ဟုန်၊ မင်းက အသက်ကယ်လိုက်တာပဲ။ မင်းက ငါတို့ရဲ့ စိတ်ဝိညာဉ်သားရဲ့ အဖွဲ့ရဲ့ ဂုဏ်ဆောင်လေးပဲ။ ဝုတ်..."
"ဟီးဟီးဟီး..." ရှောင်ဟုန်က တပိုင်၏ ချီးကျူးမှုတွင် ရှက်သွေးဖြာသွားပြီး ကြည်နူးစွာဖြင့် နေမင်း၏ ကိုယ်စားလှယ်တစ်ချို့ကို ထပ်မံဆင့်ခေါ်လိုက်၏။ သူတို့သည် သူတို့ကိုယ်သူတို့ အခန်းတစ်လျှောက်တွင်နေရာချကာ အရိပ်နတ်ဆိုးပြန်လည်ပေါ်လာမည်ကို စောင့်မျှော်နေပြီး ထိုသည်က ပြန်လည်ပေါ်လာသည်နှင့် တစ်ဟုန်ထိုး တိုက်ခိုက်ရန် အသင့်ပြင်ထား၏။
အခန်းထဲရှိ ဗဟာတောင့်တောင့်နှင့် ကိုယ်လုံးတီး ဘုန်းတော်ကြီးများကို ကြည့်ကာ အန်လင်း၏ အမူအရာမှာ တုန်လှုပ်သွားတော့၏။
"အင်... ရှောင်ဟုန်... မင်းက နေမင်းကို ခေါင်းပေါ်မှာ သယ်ထားရတာ မပင်ပန်းဘူးလား။" သူက ရှောင်ဟုန်၏ စိတ်ကျန်းမာရေး အခြေအနေကို အကဲခတ်ရမည်ဟု ခံစားရသည်။
"ဟင့်အင်း။ ဟင့်အင်း။ လုံးဝပဲ။ အဲ့ဒီ့ရွှေရောင် အဝိုင်းက နေမင်းကြီးက လက်ဆောင်ပေးထားတာ။ ငါတို့အားလုံးက နေမင်းကို ချီးမြှောက်သင့်တယ်။"
ရှောင်ဟုန်၏ မျက်လုံးများက ဂုဏ်ယူစွာ တောက်ပသွား၏။
အန်လင်း : "..."
"အဲ့တာဆို... အဲ့ဒီ ဘုန်းတော်ကြီးတွေကရော။ သူတို့က နေမင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ဘာဆိုင်လို့လဲ။" အန်လင်းက ခတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်လိုက်၏။ ထိုကဲ့သို့ မေးခွန်းမေးခြင်းက ရှောင်ဟုန်၏ ကမ္ဘာထဲသို့ ရောက်ရှိရန် အကောင်းဆုံးနည်းဟု ထင်ရ၏။
ရှောင်ဟုန်က သူမ၏ ချစ်စဖွယ် အသံလေးနှင့် ချက်ချင်းပြန်ဖြေလာ၏။ "သခင်၊ အဲ့ဒီ့ ဘုန်းကြီးတွေကို မြင်ရင် ဘာတွေးမိလဲ။"
"ဘာတွေးမိရမှာလဲ... သူတို့က ဆံပင်တွေမရှိတာကိုလား။" အန်လင်းက စိတ်ရှုပ်ထွေးစွာ ပြောလိုက်၏။
"မှားတယ်။ မင်းက နေမင်းကြီးကို တွေးမိသင့်တယ်။" ရှောင်ဟုန်က အနည်းငယ် ငြင်းဆန်ရင်း ပြန်ဖြေလာ၏။ "ဘုန်းကြီးတွေရဲ့ ခေါင်းက ဝိုင်းနေတာပဲ။ ကောင်းကင်က နေမင်းကြီးနဲ့တူတယ်။ ပြီးတော့ သူတို့ခေါင်းက နေမင်းရဲ့ ရောင်ခြည်တွေကို အလင်းပြန်ပေးတယ်လေ။ အဲ့တော့ သူတို့က နေမင်းရဲ့ ကိုယ်စာလှယ်တွေ ဖြစ်ထိုက်တာပေါ့။"
သူမ၏ ရှင်းလင်းချက်၌ အန်လင်း၏ ရင်ဘတ်မှာ တင်းကြပ်သွားလေ၏။
ရှောင်ဟုန်က နေရောင်ခြည် အလွန်ထိတွေ့မှုကြောင့် စိတ်ဖောက်ပြန်သွားပြီလား။
ရှောင်ဟုန်က တက်ကြွသော သွင်ပြင်လေးနှင့် ဆက်ပြောလာ၏။ "ဘဝက မင်းကို ဆံပင်နက်တွေပေးတယ်။ ဒါပေမဲ့ မင်းက အဲ့တာကို နေရောင်ခြည်ရဲ့ ထိတွေ့မှုကို ရှောင်ဖို့ အသုံးပြုတယ်။"
သူမက စိတ်ခံစားချက်အပြည့်နှင့် သက်ပြင်းချကာ လေထဲတွင် လက်ထောင်လိုက်၏။ "ဘုန်းတော်ကြီးတွေကပဲ နေမင်းရဲ့ ရောင်ခြည်တွေကို အလင်းပြန်ဖို့အတွက် သူတို့ရဲ့ ဆံပင်တွေကို စတေးခံတာ။ နေမင်းကြီးကို ချီးမြှောက်ပေးတာ။"
ဟုတ်ပြီ။ သေချာသွားပြီ။ ရှောင်ဟုန်က သေချာပေါက် နေရောင်ခြည် အလွန်အမင်း ထိတွေ့မှုကြောင့် စိတ်ဖောက်ပြန်သွားချေပြီ။
အန်လင်းက ရှောင်ဟုန်ကိုကြည့်ရင်း နှလုံးသားမှာ တဒုတ်ဒုတ်ခုန်နေပေတော့၏။ သူက အရင်တုန်းက သူမကို ဂရုစိုက်မှု ပေးတာအတော်လေး နည်းခဲ့တာပဲ။ သူက ဘယ်လိုလုပ်ပြီးများ သူမရဲ့ ပျက်စီးယိုယွင်းလာတဲ့ စိတ်အခြေအနေကို သတိမပြုမိရတာလဲ...။
"ရှောင်ဟုန်၊ ဘုန်းကြီးတွေက သူတို့ရဲ့ ဆံပင်ကို နေမင်းကို ချီးမြှောက်ဖို့ ရိတ်တာမဟုတ်ဘူး။ သူတို့က သူတို့ရဲ့ စိုးရိမ်မှုတွေနဲ့ ဆန္ဒတွေကို ဖယ်ရှားဖို့ ဥပစာအနေနဲ့ ဆံပင်ရိတ်တာ..."
ရှောင်ဟုန်က ချက်ချင်းပင် ပြန်ခံပြောလာ၏။ "အရာတွေက အမြဲတမ်း မင်းထင်သလိုမဟုတ်ဘူး၊ သခင်ရဲ့။ တစ်ချို့အရာတွေက သူတို့ပုံစံအတိုင်းရှိနေတယ်ထင်ရပေမဲ့ သူတို့က ရေပန်းစားတဲ့ အတွေးအခေါ်တွေကြောင့်သာ ရှိနေကြတာ။ ဖြစ်နိုင်တာက အရာဝတ္ထုတွေရဲ့ ရည်ရွယ်ချက်က အချိန်နဲ့ အလိုက်ပြောင်းလဲနိုင်ပြီးတော့ မူလဦးတည်ချက်တွေနဲ့ ဆန့်ကျင်ဘက်လဲ ဖြစ်လာနိုင်တယ်။ အဲ့တာက တခြားသူတွေက ငါတို့ကို ယုံစေချင်တဲ့အတိုင်း ယုံလာအောင်လုပ်တဲ့ လှည့်စားမှုတစ်ခုကို ဖန်တီးလိုက်တာ။ ငါ့အတွက်တော့ ဘုန်းကြီးတွေ ကတုံးတုံးရတဲ့ နောက်က ရည်ရွယ်ချက်က နေမင်းကြီးကို ချီးမြှောက်ဖို့ပဲ။"
အန်လင်းက ရှောင်ဟုန်ကို အံ့ဩလွန်း၍ စကားမပြောနိုင်သောအမူအရာနှင့် ကြည့်နေရင်း နေရာ၌ ကြောင်ငေးရင်း ကျောက်ရုပ်ဖြစ်သွားတော့၏။
ထိုသည်က အမှန်ပဲလား။ အရာဝတ္ထုတွေက ရှောင်ဟုန်ပြောနေတဲ့အတိုင်းပဲ တကယ်ဖြစ်နိုင်သလား။
နေနဲ့ အလွန်အမင်း ထိတွေ့မှုကြောင့် ရှောင်ဟုန်က စိတ်ဖောက်ပြန်သွားတာလား ဒါမှမဟုတ် ပိုပြီးတော့ ဉာဏ်ကောင်းလာတာလား။
သူမရဲ့စကားလုံးတွေက အလွန်လေးနက်ပြီး အလွန်အကျိုးအကြောင်း ဆီလျော်နေ၏...။
သူ့ကဲ့သို့ ပညာမတတ်သော ကျောက်ခေတ်လူသားက သူမ၏ အမြင်များကို ဖျောင်းဖျတားမြစ်ရန် မည်သည်ကို ပြောနိုင်မည်နည်း။
မဟုတ်ဘူး။ သူက အဘယ့်ကြောင့် သူမကို ဖျောင်းဖျတားမြစ်ရမည်နည်း။ ဘုန်းကြီးတွေက တကယ်ပဲ နေမင်းကို ချီးမြှောက်ဖို့ ကတုံးတုံးတာလဲ ဖြစ်နိုင်တာပဲကို။
ထိုအချိန်၌ ဗလတောင့်တောင့် ကိုယ်လုံးတီး ဘုန်းကြီးတစ်ချို့မှာ အန်လင်းဆီသို့ ရင်းနှီးသော အပြုံများဖြင့်လှည့်လာကြ၏။ သူတို့၏ ကတုံးခေါင်းမှာ ရှောင်ဟုန့် နေမင်း၏ တောက်ပလွန်းသော အလင်းရောင်၏ အောက်တွင် လင်းလက်နေကာ အန်လင်းကို အကြည့်လွဲရန် တွန်းအားပေးနေ၏...။
အန်လင်းက သူ့ရှေ့က မြင်ကွင်းကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်လာပေတော့သည်။
ဗလတောင့်တောင့်၊ ကိုယ်လုံးတီး ခန္ဓာနှင့် အလင်းပြန်နေသော ကတုံးနှင့် ထိုဘုန်းတော်ကြီးများ...
ငါလူး။ အဲ့မှာ သေချာပေါက် စောက်ကျိုးနည်း ပြဿနာတစ်ခုတော့ ရှိနေတယ်။
မဖြစ်ပါချေ။ သူက ရှောင်ဟုန်ကို ဆိုးယုတ်ခြင်းဆီသို့ ပိုမို ကျရောက်နေခြင်းမှ တားဆီးရပေမည်။
အန်လင်းက အသက်ပြင်းပြင်းရှုလိုက်ကာ မျက်နှာတည်ဖြင့်ပြောလိုက်၏။ "ရှောင်ဟုန်၊ မင်းပြောတာ ဘုန်းကြီးတွေက သူတို့ရဲ့ ခေါင်းကို နေမင်းကို ချီးမြှောက်ဖို့ရိတ်တာဆို။ အဲ့တာဆို ဘာလို့မင်းရဲ့ ဆံပင်တွေထားထားနေသေးလဲ။ အဲ့တာက မင်းက နေမင်းကို ချီးမြှောက်ဖို့ စိတ်ရင်းနဲ့ ထက်သန်တဲ့ နှလုံးသားပဲ လိုတယ်ဆိုတာပြတာပဲလေ။"
ရှောင်ဟုန်က သူ၏ စကားလုံးများတွင် တုံ့ဆိုင်းသွားပြီး အလေးအနက်တွေးတောနေတော့၏။
ဖြောင်း...
သူမက ရုတ်တရက် အမှန်တရားဆီသို့ နိုးထလာသကဲ့သို့ လက်ခုတ်တီးလိုက်၏။ "ငါရဲ့အလင်းနဲ့ အစာချက်ခြင်းမှာ တစ်ခုခုလွဲနေတာငါသိပြီ။ အဲ့တာက ငါက လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ အတိုင်းမလုပ်လို့ပဲ။"
သူမ၏ သိုလှောင်လက်စွပ်က ရုတ်တရက် လင်းလာပြီး ဓားရှည်တစ်ချောင်းက ပေါ်လာပြီး သူမ၏ ခေါင်းပေါ်သို့ လွှဲလိုက်၏။
သေစမ်း။ အန်လင်းက သူ့ကိုယ်သူ အော်ဆဲမိတော့မလိုဖြစ်ကာ ချက်ချင်းပင် ရှောင်ဟုန်ကို ခပ်တင်းတင်းဖက်ထားလိုက်လေ၏။
"စိတ်လျော့။ စိတ်လျော့အုံး။ ငါက ဘာမှ မပြောခဲ့ဘူးလို့ပဲ ထားလိုက်ရအောင်လေ။" သူက သူမ၏ နူးညံလသော ကိုယ်လေးကို ခပ်တင်းတင်းဖက်ရင်း အော်ဟစ်လိုက်၏။
ရှောင်ဟုန်က သူ့အား စိတ်ရှုပ်ထွေးသော အမူအရာနှင့် ကြည့်လိုက်၏။ "ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ သခင်ပြောတာတွေက အတော်လေး မှန်နေတာကို။"
အန်လင်းက ငိုချချင်လာတော့၏။ ငါ့ဖင်ကြီးကို မှန်ပါ့လား။
စာကြောင်းရဲ့ ပထမအပိုဒ် "ဘာလို့ မင်းရဲ့ ဆံပင်တွေကို ထားထားနေသေးလဲ" ဆိုတာက ဒီအတိုင်း စကားအဖြစ်ပြောသော မေးခွန်းတစ်ခုသာဖြစ်၏။ အရေးကြီးသောအပိုင်းမှာ "မင်းက နေမင်းကို ချီးမြှောက်ဖို့ စိတ်ရင်းနဲ့ ထက်သန်တဲ့ နှလုံးသားပဲ လိုတယ်" ဆိုတာပင်။
အကယ်၍ ရှောင်ဟုန်သာ သူမ၏ ခေါင်းကို တကယ်ကြီး ရိတ်လိုက်ပါက ရူးသွပ်မှုမှာ အကျိုးဆက်ဖြစ်ပေလိမ့်မည်။
လှပသော ကတုံးမလေးက တိုက်ပွဲထဲ၌ ပေါ်လာပြီး "နေမင်းကြီးကို ချီးမြှောက်ခြင်း" ဟူသောစစ်ချီငိုခြင်းကို သီဆိုနေစဉ်တွင် ဗလတောင့်တောင့်နှင့် ကိုယ်လုံးတီး ဘုန်းတော်ကြီးတစ်သိုက်က တိုက်ပွဲထဲသို့ တဟုန်ထိုးပြေးဝင်လာသည်ကို မြင်ယောင်ကြည့်ပါ...။
အန်လင်းက ထိုကဲ့သို့ စိတ်ကြေကွဲဖွယ် မြင်ကွင်းကို မြင်ရသည်ထက် သေသာသေဆုံးလိုက်ချင်ပေသည်။
လူတိုင်းက သူ့အား ငကြောင်တစ်ကောင်အဖြစ် ငေးကြည့်နေပေလိမ့်မည်။ မည်သို့သော သခင်က သူ့၏ စိတ်ဝိညာဉ်သားရဲများကို ဤကဲ့သို့ ရူးသွပ်သွားစေမည်နည်း။
အန်လင်းက ရှောင်ဟုန်လက်ထဲမှ ဓားရှည်ကိုဆွဲယူကာ သူ့မျက်ခုံးများကို ပွတ်သပ်ပြီး သူမအား ဖျောင်းဖျရန် တခြားတစ်နည်းကို တွေးလိုက်၏။
ထိုအချိန်၌ပင် အခန်းထဲတွင် လှိုင်းငယ်များက ရုတ်ကရက် ပေါ်လာပြီးနောက် ချက်ချင်းပင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်လာလေ၏။
နေမင်ကြောင့် အလွန်အမင်း လင်းလက်နေသည့် ဧရိယာတွင် လေဟာနယ် နက်ကွဲကြောင်းက အလွန်အမင်း သိသာထင်ရှားလာ၏။ အရိပ်နတ်ဆိုးမှာ နောက်ထပ်ထိန်းမထားနိုင်တော့သည်မှာ သိလာလှပြီး ထိုလေဟာနယ်သို့ ပြန်ရန် ပြင်နေပေ၏။
အနက်ရောင် သားပိုက်ကောင်က ခပ်မှိန်မှိန်အသံဖြင့် မြေပြင်ပေါ်သို့ ထွက်ကျလာ၏။
သားပိုက်ကောင်နှင့် ယှဉ်ပါက ရှောင်ဟုန်၏ အလင်းမှာ အလွန်အမင်း အစွမ်းထက် လက်နက်ဖြစ်ပုံရပြီး ထိုအရာ၏ ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်စွာတုန်လှုပ်လာကာ ထိုအရာက တောက်ပသော အလင်းရောင်၏ အောက်တွင် မျက်လုံးပင် မဖွင့်နိုင်ပါချေ။
သားပိုက်ကောင်က ထို့နောက် ဗလတောင့်တောင့် ကိုယ်လုံးတီးနှင့် ဘုန်းတော်ကြီး တစ်ချို့၏ တဟုန်ထိုးတိုက်ခိုက်မှုနှင့် မိတ်ဆက်ခံလိုက်ရ၏။
ထို့နောက် ထင်ရှားလာသည်မှာ အညှာအတာမဲ့ ရိုက်နှက်ခြင်းပင်။ သွေးများနှင့် သွေးထွက်သံယိုများ အလွန်များပြားသည်မို့ ကလေးငယ်များ ဤပရိုဂရမ်ကို ဝင်ခွင့်ပြုရန်အတွက် မိဘများ၏ အုပ်ထိန်းမှု လိုအပ်ပါလောက်ပေမည်။
ထန်းထန်းထန်း... ဘန်းဘန်းဘန်း… ဖြောင်းဖြောင်းဖြောင်း... ဝှစ်ဝှစ်ဝှစ်...
ဘုန်းတော်ကြီးများ၏ လက်ထဲ၌ အညှာအတာမဲ့ထိုးနှက်ခြင်း ခံရပြီးနောက် သားပိုက်ကောင်မှာ သေလုနီးပါးနှင့် မြေပေါ်တွင် လဲနေကာ မျက်ရည်များက အဆင်မပြတ်ကျနေလေတော့၏။
ရှောင်ဟုန်၏ သွယ်လျလျ လက်ချောင်းထိပ်များတွင် ရွှေရောင် ကျီးငှက်၏ အလင်းတန်းများ စုစည်းလာပြီး ရွှေရောင် စွမ်းအားကြီးက သားပိုက်ကောင်၏ ဦးခေါင်းကိုဖောက်ထွက်ကာ တိုက်ပွဲကို အဆုံးသတ်လိုက်၏။
"ဂုဏ်ယူပါတယ်။ သင်က အမှောင်ထု စမ်းသပ်မှုကို ဖြတ်ကျော်ပြီးပါပြီ။"
ပိုင်လင်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာကာ အဖြူရောင် အလင်းများက အခန်းထဲတွင် ထွက်ပေါ်လာလေ၏။
"အစ်မကြီး ဟုန်က အကောင်းဆုံးပဲ။ အမကြီးဟုန်ကို အနိုင်မယူနိုင်ဘူး။ ဝုတ်..." တပိုင်က စိတ်လှုပ်ရှားစွာ သူမကို ချီးကျူးလိုက်၏။
ဤတိုက်ပွဲမှာ ရှောင်ဟုန်၏ လက်တစ်ဖက်တည်းနှင့် အောင်နိုင်ခဲ့၏။ စိတ်ဝိညာဉ်သားရဲ အဖွဲ့ထဲမှ သူမ၏ အဆင့်သည်လည်း ချက်ချင်းပင် မြင့်တက်သွားတော့သည်။ အနည်းဆုံးတော့ ထိုအရာသည် တပိုင်၏ စိတ်ထဲမှ ကိစ္စဖြစ်လေ၏။
အန်လင်းသည်လည် ရှောင်ပိုင်၏ ဦးခေါင်းကို စိတ်သက်သာသော အမူအရာဖြင့် ပွတ်လိုက်၏။
ထိုအခိုက်မှာပင် ဗလတောင့်တောင့်နှင့် ကိုယ်လုံးတီး ဘုန်းကြီးများက သူ့ဘက်ကိုထပ်မံလှည့်လာကာ သူ့အား ရင်းရင်းနှီးနှီး ပြုံးပြလာပြန်တော့သည်...
***