← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 11 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 11 Ch. 113-114

အခန်း ၁၁၃ အကွက်ထဲဝင်လာပြီ

ခြိမ်းခြောက်မှုခံရပြီးနောက် ရှုစီဝင်သည် ပြင်းထန်စွာ ဖျားနာသွားပြီးအိမ်၌ပရာသီဝက်ခန့် ဆေးကုသမှု ခံယူပြီးမှသာ ဆေးဝါးရေးရာဌာနသို့ ပြန်လာပြီး အလုပ်လုပ်နိုင်ခဲ့၏။

ရှုစီဝင်သည် သူ၏ ရာထူးနေရာသို့ ပြန်ရောက်လာသောအခါယခင်နှင့်မတူလုံးဝ‌ ပြောင်းလဲသွားတော့သည်။

တည်ငြိမ်စွာနေထိုင်လာပြီး ရုံးခန်းတစ်ခုတည်းတွင် အတူလုပ်ကိုင်သော ဝူကျိရှန်းကို အထူးရိုသေပြသရုံမျှမက အဆင့်ကိုးရှိသော ကုန်လှောင်ရုံမှူး ကျောက်ပင်တိန့်ကို မြင်သည့်အခါတိုင်းတွင်လည်း အမြဲတမ်း ဦးညွှတ်အရိုအသေ ပေးလေ့ရှိသည်။

စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ရှုစီဝင်သည် စစ်တပ်အတွက် လိုအပ်သော ဆေးဝါးပစ္စည်းအားလုံးနီးပါးကို ဝယ်ယူစုဆောင်းပြီးခါနီး ဖြစ်နေသော်လည်း တာဝန်မှ မိမိသဘောဆန္ဒအလျောက် ရုတ်တရက် နုတ်ထွက်သွားခြင်းပင် ဖြစ်၏။

ရှုစီဝင်က တာဝန်ကို စွန့်လွှတ်လိုက်ပြီဖြစ်ရာ ထိုအလုပ်သည် ဝူကျိရှန်း၏ လက်ထဲသို့ရောက်ရှိလာခဲ့လေသည်။

မြောက်ပိုင်းစစ်တပ်အတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူရမည့် အခွင့်အရေးကို အရယူကာ ဝူကျိရှန်းသည် ဆေးဝါးကုန်သည် ဝမ်ကျန့်စွန်းနှင့် ချက်ချင်းပင် ပြန်လည်ထိတွေ့ ဆက်ဆံလိုက်တော့သည်။

"လူကြီးမင်းဝမ် ပြီးခဲ့တဲ့အကြိမ်က ခင်ဗျားရဲ့ ဆေးဘက်ဝင်စိုက်ခင်းတွေမှာ ခူရှန်းနဲ့ အာစထရာဂလပ်စ် ဆေးမြစ်တွေကို အများကြီး စိုက်ပျိုးထားတယ်လို့ မတော်တဆ ပြောဖူးလားလို့ပါ"

"မှန်ပါတယ်ခင်ဗျာ။ အရာရှိမင်းဝူ ဘယ်လောက်များများ လိုချင်လို့လဲ"

"ခူရှန်း ဆေးမြစ် တေးငါးရာ၊ အာစထရာဂလပ်စ် ဆေးမြစ် တေးငါးရာ၊ တကယ်လို့ ခင်ဗျားဆီမှာ ဆီနက်သီးလည်း ရှိရင် တေးနှစ်ရာကနေ သုံးရာလောက် ထပ်လိုချင်သေးတယ်။ရနိုင်မလား"

ဝမ်ကျန့်စွန်းက ချက်ချင်းမဖြေဘဲ မျက်လုံးများကို မှေးစင်းလျက် ဝူကျိရှန်းကို ကြည့်ပြီးမှပြောလိုက်သည်။

"ကြည့်ရတာ နန်းတော်က မြောက်ပိုင်းမှာ စစ်မီးမွှေဖို့ တကယ်ပဲ ဆုံးဖြတ်ချက်ချပြီးပြီ ထင်တယ်"

တော်ဝင်နန်းတော်သည် မြောက်ပိုင်းစစ်ဆင်ရေးအတွက် အချိန်အတော်ကြာ ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ ဤမျှကြီးမားသော စစ်ရေးလှုပ်ရှားမှုကြီးကို ရန်သူ့မျက်စိမှ ကွယ်ဝှက်ထားရန် မဖြစ်နိုင်ချေ။ မွန်ဂိုတို့ဘက်မှ အနည်းငယ်မျှ သတိထားကြည့်ရုံဖြင့် ရိပ်မိနိုင်ပေသည်။

ဥပမာအားဖြင့် ဝူကျိရှန်း ဝယ်ယူလိုသော ခူရှန်း၊ အာစထရာဂလပ်စ်နှင့် ဆီနက်သီး ဟူသည့် ဆေးဝါးသုံးမျိုးမှာ အကြီးစား စစ်ပွဲကြီးတစ်ခုသည် နောက်ဆုံးပြင်ဆင်မှု အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေခဲ့သည်။

အကြောင်းရင်းမှာ ထိုဆေးဝါးသုံးမျိုးမှာ လူတို့စားသုံးရန် မဟုတ်ဘဲ စစ်မြင်းများအတွက် အထူးပြင်ဆင်ထားသော ဆေးဝါးများ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်၏။

ပုံမှန်အားဖြင့် ခူရှန်းနှင့် အာစထရာဂလပ်စ်ကို စစ်မြင်းများ၏ ကိုယ်တွင်းရှိ သန်ကောင်များကို နှိမ်နင်းရန် သုံးလေ့ရှိပြီး ဆီနက်သီးမှာမူ မြည်း၊ မြင်းနှင့် ကျွဲနွား တိရစ္ဆာန်များ ဝမ်းချုပ်ခြင်းအတွက် အလွန်ထိရောက်သော ဆေးဝါးတစ်မျိုး ဖြစ်သည်။

ထိုဆေးဝါးသုံးမျိုးစလုံးမှာ မြက်ခင်းပြင်၏ ထွက်ကုန်များ ဖြစ်ကြသဖြင့် မွန်ဂိုတို့သည် ဘာဖြစ်နေသည်ကို သဘာဝကျကျပင် ကောင်းစွာသိရှိကြသည်။

"ကျွန်တော်က သိမ်ငယ်တဲ့ အဆင့်ခြောက် ထုံကျီးတစ်ယောက်မျှသာ ဖြစ်လို့ နန်းတော်ရဲ့ စစ်ရေးကိစ္စတွေကို စိတ်မဝင်စားပါဘူး။ နန်းတော်က ကျွန်‌ တော့်ကို ဆေးဝါးပစ္စည်းတွေ ဝယ်ခိုင်းတဲ့အတွက် ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်ရုံပါပဲ။ ကျွန်တော်တို့က အကြိမ်ကြိမ် ပူးပေါင်းဖူးလို့ ခင်ဗျားဆီကို အရင်ဆုံး လာရှာတာပါ။ အကယ်၍ ခင်ဗျား ထောက်ပံ့ပေးနိုင်ရင် အကောင်းဆုံးပေါ့။ ခင်ဗျားဆီမှာ ဆေးဝါး မလုံလောက်ရင်လည်း တခြားလူကို ရှာရမှာပဲ"

"ခူရှန်းဆေးမြစ်ကတော့ ရလွယ်ပါတယ်၊ ခင်ဗျားလိုချင်သလောက် ရှိတယ်။ ဒါပေမဲ့ အာစထရာဂလပ်စ်နဲ့ ဆီနက်သီးကတော့ နည်းနည်း ခက်ခဲလိမ့်မယ်"

အာစထရာဂလပ်စ်နှင့် ဆီနက်သီးကို ရရှိရန် တကယ်ပင် ခက်ခဲလှပေသည်၊၊ ယခုအချိန်က ရိတ်သိမ်းချိန် မဟုတ်သေးကြောင်း ဝူကျိရှန်း ကောင်းစွာ သိရှိထားသည်။

ဤဆေးဝါးနှစ်မျိုးကို ရိတ်သိမ်းရန် ဇွန်လအထိ စောင့်ဆိုင်းရမည်ဖြစ်ပြီး အခြောက်လှန်းခြင်းနှင့် ပြုပြင်ခြင်း အချိန်များပါ ပေါင်းလိုက်လျှင် ဤဆေးဝါးနှစ်မျိုးကို ရရှိရန် အနည်းဆုံး ဇူလိုင်လလယ်အထိ အချိန်ယူရမည် ဖြစ်၏။

"ဇူလိုင်လလယ် ဟုတ်လား။ ငါ အဲဒီလောက်အထိ မစောင့်နိုင်ဘူး။နန်းတော်ကို အစီရင်ခံဖို့အတွက် တရုတ်ရိုးရာ အပူဆုံးအချိန်မတိုင်ခင် ကုန်ပစ္စည်းတွေကို အပြတ်ရမှ ဖြစ်မယ်"

ဝူကျိရှန်း၏ ပြောပြချက်အရ သူသည် ဤဆေးဝါးအသုတ်ကို ဇွန်လဆန်းပိုင်းတွင် အမိအရ ရရှိရမည် ဖြစ်ပြီး ဤအချိန်ကို ကျော်လွန်သွားပါကနန်းတော်သို့ အစီရင်ခံနိုင်တော့မည် မဟုတ်ပေ။

အမှန်တော့ ဝူကျိရှန်းသည် တမင်တကာပင် ခက်ခဲသော အခြေအနေတစ်ခုကို ဖန်တီးနေခြင်းသာ ဖြစ်သည်။

ဝမ်ကျန့်စွန်းသည် အချိန်အတော်ကြာ တွေးတောနေပြီး မတ်တတ်ရပ်လိုက်၊ ပြန်ထိုင်လိုက်၊ တဖန် မတ်တတ်ရပ်လိုက်၊ ပြန်ထိုင်လိုက်နှင့်ဂနာမငြိမ်ဖြစ်နေခဲ့၏။

ဝူကျိရှန်းသည် သူ၏ ခံစားချက်ကို လုံးဝ နားလည်နိုင်ပေသည်၊၊ထိုအရာသည် ငွေပြားသောင်းချီတန်သော စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်ရာ အုလုကဲ့သို့ မျိုးနွယ်စုအသေးစားလေးအတွက် အလွန်အမင်း ဆွဲဆောင်မှုရှိလှသည်။ ငွေပြားများ လက်လွတ် ဆုံးရှုံးသွားသည်ကို ထိုင်ကြည့်နေရမည်ဆိုပါက တကယ်ကို နှမြောစရာ ကောင်းပေလိမ့်မည်။

အဖက်ဖက်မှ စဉ်းစားပြီးနောက် ဝမ်ကျန့်စွန်းသည်နည်းလမ်းတစ်ခုကို စဉ်းစားမိသွားပြီး ပြောလိုက်သည်။

"လတ်ဆတ်တဲ့ ဆေးမြစ်အစိမ်းတွေဆိုရင်ကော"

ဝူကျိရှန်းသည် သူ၏ ပါးစပ်မှ ဆေးမြစ်အစိမ်းဆိုသည့် စကားလုံး ထွက်လာလိမ့်မည်ကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်၏။

ဆေးမြစ်အစိမ်းဟု ခေါ်ဆိုခြင်းမှာ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားသော ဆေးဝါးပင်များကို အထူးရည်ညွှန်းခြင်း ဖြစ်သည်။

ဆေးဘက်ဝင်အပင်များသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ မဟုတ်ဘဲ လတ်ဆတ်ရုံမျှဖြင့် ပိုကောင်းမွန်သည်ဟု မဆိုနိုင်ချေ။ ၎င်းတို့ကို အသုံးမပြုမီ အကြိမ်ကြိမ် အခြောက်လှန်းခြင်းနှင့် သင့်တော်သော ပြုပြင်စီမံခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး အချို့သော ဆေးဝါးများမှာမူ နှစ်ပေါင်းများစွာ သိုလှောင်ရန်ပင် လိုအပ်သည်။

ပုံမှန်အားဖြင့် ဆေးမြစ်အစိမ်း များကို တိုက်ရိုက်ဝယ်ယူသူ အလွန်နည်းပါးလှသည်၊၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အလွန်ပင် လက်ဝင်လှသဖြင့် အစိုဓာတ်ဆုံးရှုံးမှုနှင့် ပြုပြင်စီမံနေစဉ်အတွင်း ပျက်စီးဆုံးရှုံးမှုများကိုပါ တွက်ချက်ရခြင်းကြောင့် ဖြစ်၏။

"ဆေးမြစ်အစိမ်းလ"

ဝူကျိရှန်းသည် တစ်ဖက်လူက အကွက်ထဲသို့ ဝင်လာပြီဖြစ်ကြောင်း သိသော်လည်း တမင်တကာ ခက်ခဲဟန်ပြုကာ ပြောလိုက်သည်။

"ကုန်ကြမ်းအစိမ်းတွေဆိုရင် ကျွန်တော်က အဲဒါတွေကို ပြန်ပြီး ပြုပြင်ရဦးမယ်၊ အဲဒီအခါ ကုန်ကျစရိတ်တွေလည်း ထပ်တိုးလာလိမ့်မယ်"

"လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားတဲ့ ကုန်ကြမ်းအစိမ်းတွေကို သုံးမှသာ သတ်မှတ်ရက်ကို မနှောင့်နှေးအောင် လုပ်နိုင်မှာပါ"

ဝမ်ကျန့်စွန်းက ဝူကျိရှန်းကို စဉ်းစားပေးသည့်ဟန်ဖြင့် အကြံပြုလိုက်သည်။

"အရာရှိဝူအနေနဲ့ တော်ဝင်နန်းတော်ကို အစီရင်ခံဖို့အတွက် ငါတို့ရဲ့ ဆေးဘက်ဝင်စိုက်ခင်းတွေကနေ ကုန်ကြမ်းအစိမ်းတွေကို အရင်ဆုံး လာသိမ်းလို့ရတယ်၊ ပြီးမှ အချိန်ဆွဲပြီး အဲဒါတွေကို ဖြည်းဖြည်းချင်း ပြုပြင်ပေါ့။ ဒီလောက်အချိန်ဆိုရင် လုံလောက်ပါတယ် မဟုတ်လား"

"ဒါဆိုရင် ဈေးနှုန်းက ဘယ်လိုလဲ"

"ဈေးနှုန်းကတော့ သေချာပေါက် ညှိနှိုင်းလို့ ရပါတယ်"

ကုန်သည်တစ်ဦး၏ ထက်မြက်သော အကြည့်မျိုးသည် ဝမ်ကျန့်စွန်း၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့လေသည်။

"အရာရှိဝူက ငါ့ကို ဒီလောက်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီး လွှဲပေးတာဆိုတော့ ငါ့ဘက်ကလည်း ကျေးဇူးတုံ့ပြန်ရမှာပေါ့။ ပေါက်ဈေးရဲ့ တစ်ဆယ့်ငါးရာခိုင်နှုန်း လျှော့ပေးပါ့မယ်"

"တစ်ဆယ့်ငါးရာခိုင်နှုန်း လျှော့ပေးတာက မလုံလောက်သေးဘူး"

"ဒါဆိုရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးရင်ကော"

"နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးတာကလည်း သိပ်မနည်းသေးပါဘူး"

ဝူကျိရှန်းသည် တမင်တကာ ကပ်စေးနှဲသော ဟန်ပန်လုပ်ကာ ဝမ်ကျန့်စွန်းနှင့် ဈေးနှုန်းကို အကြိမ်ကြိမ် စစ်ခင်းနေခဲ့သည်။

"အရာရှိဝူသာ ပေါက်ဈေးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းနဲ့ ဝယ်ယူမယ်ဆိုရင် ငါတို့ဘက်က အရာရှိဝူအတွက် ကော်မရှင် အနည်းငယ် ပြန်ပေးပါ့မယ်"

ဤစကားကို ကြားလိုက်ရသောအခါ ဝူကျိရှန်းသည် ချက်ချင်းပင် လောဘဇောတက်ကာ ငွေကိုသာ မြင်သည့် ဟန်ပန်မျိုးကို ဖော်ပြလိုက်တော့သည်။

"လူကြီးမင်းဝမ်က ဒီလောက်တောင် စာနာတတ်မှတော့ကျွန်‌တော်လည်း ခင်ဗျားနဲ့ ငြင်းခုံမနေတော့ပါဘူး"

"ဒါဆိုရင် ဒီစီးပွားရေးက"

"သတ်မှတ်လိုက်ပြီ"

"အရာရှိဝူက တကယ်ကို ပွင့်လင်းပြတ်သားတဲ့လူပဲ"

ဝမ်ကျန့်စွန်းသည် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး ပြောလိုက်သည်။

"ငါ အခုချက်ချင်းပဲ ငါ့ရဲ့ နေရပ်ဆီကို စာပို့ပြီး သူတို့ကို ပြင်ဆင်ခိုင်းလိုက်မယ်။ ငါတို့ မေလလယ်ထက် နောက်မကျဘဲ ကုန်ပစ္စည်းတွေ သွားသိမ်းဖို့ မြောက်ပိုင်းကို ချီတက်နိုင်ပါပြီ"

သူ နောက်ဆုံးတော့ အကွက်ထဲသို့ သက်ဆင်းလာခဲ့လေပြီ။

ဝမ်ကျန့်စွန်းကို ယဉ်ကျေးစွာ လိုက်လံပို့ဆောင်ပြီးနောက် ဝူကျိရှန်းသည် ကျောက်ပင်တိန့်ကို ချက်ချင်း ခေါ်ယူလိုက်တော့သည်။

လပေါင်းများစွာ ပြင်ဆင်ခဲ့ရသော အစီအစဉ်သည် နောက်ဆုံးတွင် အသီးအပွင့် ဝေဆာလာခဲ့ပြီ ဖြစ်၏။ မြက်ခင်းပြင်သို့ ရောက်ရှိသွားသည်နှင့် ၎င်းတို့သည် အုလုမျိုးနွယ်စု၏ တိကျသော တည်နေရာကိုသိနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ စစ်မှန်သော အင်အားကိုပါ စုံစမ်းစစ်ဆေးနိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်ရာ သြဂုတ်လတွင် ပြုလုပ်မည့် မြောက်ပိုင်းစစ်ဆင်ရေးအတွက် အပြည့်အဝ ပြင်ဆင်နိုင်ပေလိမ့်မည်။

ကျောက်ပင်တိန့်သည် အထက်သို့ ချက်ချင်း အစီရင်ခံလိုက်ပြီး ပြင်ဆင်မှုလုပ်ငန်း အဖက်ဖက်ကို လျင်မြန်စွာနှင့် ပြင်းပြင်းထန်ထန် စတင်လုပ်ဆောင်ကြတော့သည်။

မေလ တစ်ဆယ့်ငါးရက်နေ့တွင် ဝမ်ကျန့်စွန်းသည် ကြိုတင်ချိန်းဆိုထားသည့်အတိုင်း ဝူကျိရှန်းကို လာရောက်ရှာဖွေခဲ့လေသည်။

ထိုညမှာပင် ဝူကျိရှန်းသည် ကြီးမားခမ်းနားလှသောအဖွဲ့ကြီးကို ဦးဆောင်ကာ ဝမ်ကျန့်စွန်း၏ နောက်မှနေ၍ မြောက်ပိုင်းသို့ ချီတက်သွားခဲ့တော့သည်။

ကုန်ပစ္စည်းသိမ်းရန်မြောက်ပိုင်းသို့ ချီတက်သော ထိုအဖွဲ့သည် အတိုင်းအတာ အလွန်ကြီးမားပြီး လူအင်အားလည်း များပြားလှသည်။ ဆေးဝါးရေးရာဌာနမှ အရာရှိနှစ်ဦးဖြစ်သော ဝူကျိရှန်းနှင့် ကျောက်ပင်တိန့်တို့အပြင် လှည်းမောင်းသမားများ၊ ကုန်ထမ်းသမားများနှင့် အခြားသော အလုပ်သမားများစွာ ပါဝင်ရာ စုစုပေါင်း လူသုံးဆယ်ကျော် ရှိလေသည်။

ဤလူသုံးဆယ်ကျော်ထဲတွင် ထက်ဝက်ခန့်မှာ မင်မင်းဆက်၏ လျှို့ဝှက်အ‌‌ ထောက်များဖြစ်သော ကျင်းယီဝေများ ဖြစ်ကြပြီးအနည်းငယ်မှာဝါရင့်အမှုထမ်းများနှင့် တော်ဝင်နန်းတော် အရာရှိအချို့ ဖြစ်ကြသည်။

ကျင်းယီဝေ၏ အဆင့်ခုနစ် အရာရှိကြီးဖြစ်သော အန်းကျန်းကျိုးကိုယ်တိုင်လည်း ဝူကျိရှန်း၏ ကိုယ်ရေးအလုပ်သမားတစ်ဦးအဖြစ် ရုပ်ဖျက်ကာ လိုက်ပါလာခဲ့သည်။

ဤအဖွဲ့၏ မြောက်ပိုင်းခရီးစဉ် ရည်ရွယ်ချက်မှာ ရှင်းလင်းလှပေသည်၊၊ ၎င်းမှာ ရန်သူ့နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်၊ ကင်းထောက်ရန်နှင့် စစ်မှန်သော အခြေအနေကို စုံစမ်းစစ်ဆေးရန်ပင် ဖြစ်၏။

အကယ်၍ အုလုမျိုးနွယ်စုကို စည်းရုံးသိမ်းသွင်းနိုင်လျှင် ၎င်းတို့ကို မင်မင်းဆက်၏ အင်အားစုအတွင်းသို့ သွတ်သွင်းမည် ဖြစ်သည်။ အကယ်၍ စည်းရုံးခြင်း မအောင်မြင်ပါက ၎င်းတို့၏ တိကျသော နယ်မြေနှင့် စစ်အင်အား ဖြန့်ကျက်မှုများကို မှတ်တမ်းတင်ကာ စစ်ရေးအရ တိုက်ခိုက်ချေမှုန်းရန်အတွက် နောက်ဆုံးအဆင့် အခြေခံအုတ်မြစ်ကို ချမှတ်မည် ဖြစ်သည်။

*********

အခန်း ၁၁၄ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး

ကျယ်ပြောဆိတ်ငြိမ်လှသော မြက်ခင်းပြင်ကြီးသည်လေအဝှေ့တွင်လရောင်အောက်၌လှိုင်းထနေခဲ့သည်။ ခါးစောင်းခန့် မြင့်မားသော မြက်ရိုင်းပင်များသည် လှိုင်းတံပိုးများ လှိမ့်ဝင်လာသည့်အလား မိုးကုတ်စက်ဝိုင်းဆီသို့ တောက်လျှောက် ရှည်လျားစွာ တည်ရှိနေ၏။ ဝူကျိရှန်းသည် မြင်းကုန်းနှီးကို မှီလျက် မျက်လုံးများကိုမှိတ်ထားလိုက်သည်။

ညဉ့်ဦးယံသည် တိတ်ဆိတ်နေပြီး မြောက်လေသည် တဟူးဟူး တိုက်ခတ်နေခဲ့သည်။ ယခုကဲ့သို့သော ညမျိုးကို ထိုက်ယွမ်မြို့တွင် ကြုံတွေ့ရခဲလှပေသည်၊၊ အထူးသဖြင့် ကောင်းကင်နှင့် မြေပြင် အကန့်အသတ်မရှိဖြစ်နေသည့် ခံစားချက်နှင့် ကြည်လင်နေသော စိတ်အာရုံမှာ လူကို ပိုမိုစွဲမက်စေ၏။

၎င်းတို့ ထိုက်ယွမ်မြို့မှ ထွက်ခွာလာခဲ့သည်မှာ ကိုးရက် တိတိ ရှိခဲ့ပြီ ဖြစ်သည်။ ဝမ်ကျန့်စွန်းက မကြာခင် ရောက်တော့မည်ဟု အမြဲပြောနေသော်လည်း ယခုထက်ထိ အုလုမျိုးနွယ်စု၏ အရိပ်အယောင်ကို မမြင်ရသေးချေ။

သူ၏ ဘေးနားရှိ ကျောက်ပင်တိန့်သည်လည်း အိပ်ပျော်ပုံမရ‌ ပေ။ သူက ဝူကျိရှန်းကို တံတောင်ဖြင့် အသာတို့ကာ ပြောလိုက်သည်။

"အရာရဇိဝူ ဝမ်ကျန့်စွန်းက ငါတို့ကို သံသယဝင်နေတာလား မသိဘူး။ ဘာဖြစ်လို့ အခုထိ မရောက်သေးတာလဲ"

အရင်က ဝမ်ကျန့်စွန်းနှင့် ဆက်ဆံခဲ့စဉ်ကမူ သူသည် မြက်ခင်းပြင်နှင့် ထိုက်ယွမ်မြို့အကြား အသွားအပြန် ခရီးစဉ်အတွက် အကြမ်းဖျင်း ရက်ပေါင်းနှစ်ဆယ်ခန့် အချိန်ယူရလေ့ရှိသည်။ ဤအချက်ကို အခြေခံ၍ တွက်ချက်လျှင် အုလုမျိုးနွယ်စု၏‌ နေထိုင်ရာသည် ထိုက်ယွမ်မြို့နှင့် သိပ်မဝေးလှဘဲ အလွန်ဆုံး ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ခရီးသာ ရှိရမည် ဖြစ်၏။

သို့သော် ယခုအကြိမ်တွင် ၎င်းတို့သည် ကိုးရက် တိတိ ခရီးနှင်ခဲ့ပြီး ဖြစ်သော်လည်း အုလုမျိုးနွယ်စု၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။

"မြက်ခင်းပြင်က ခြေသလုံးအိမ်တိုင် သမားတွေက ကုန်းတွင်းပိုင်းက လူတွေနဲ့ မတူဘူး။ သူတို့က ရေနဲ့မြက် ရှိတဲ့နေရာကို လိုက်ပြီး ရွှေ့ပြောင်းနေထိုင်ကြတာမို့ အတည်တကျ မရှိဘူး။ နွေရာသီ ရောက်တိုင်း သူတို့က ပိုပြီး မြောက်ဘက်ကျတဲ့ နွေရာသီ စားကျက်တွေဆီ ရွှေ့ပြောင်းတတ်ကြလို့ ခရီးက နည်းနည်း ပိုဝေးသွားတာ ဖြစ်လိမ့်မယ်"

ဇွန်လ၏ ရာသီဥတုမှာ ရုတ်တရက် ပြောင်းလဲတတ်လှပေသည်။

စောစောကတင်တိမ်ကင်းစင်ကာ သာယာနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးခြိမ်းသံများ ဟိန်းထွက်လာပြီး အကြွေစေ့ခန့် ကြီးမားသော မိုးပေါက်များက တဖြောက်ဖြောက် ဆင်းသက်လာခဲ့လေသည်။

လူတိုင်းက ချက်ချင်း ထထိုင်ကာ ပစ္စည်းများကို သိမ်းဆည်းပြီး ၎င်းတို့၏ တဲများထဲသို့ သုတ်ခြေတင် ဝင်ရောက်ကြတော့သည်။

"အုလုဘုရင်ကို ဆက်သဖို့ ယူလာတဲ့ အဲဒီ ပိုးထည်တွေ မိုးရေစိုမကုန်ဘူး မဟုတ်လား"

၎င်းတို့သည် အုလုမျိုးနွယ်စုထံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သဖြင့် မြက်ခင်းပြင်၏ စည်းကမ်းချက်များအရ ဝူကျိရှန်းတို့သည် အုလုဘုရင်ထံသို့ အရိုအသေပေးလက်ဆောင် ဆက်သရမည် ဖြစ်၏။

အရိုအသေပေးလက်ဆောင်ဟု ဆိုသော်လည်း အမှန်တော့ ပိုးထည်အလိပ်ပေါင်း ဆယ်ဂဏန်းနှင့် ဆား၊ လက်ဖက်ခြောက် အချို့သာ ဖြစ်သည်။

"အုလုဘုရင်အတွက် လက်ဆောင်တွေကို လူလွှတ်ပြီး သေသေချာချာ ထုပ်ပိုးခိုင်းထားပါတယ်"

ကျောက်ပင်တိန့်က ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်သည်။

"အုလုဘုရင်တဲ့၊ လေကြီးလိုက်တာ။ မျိုးနွယ်စု ခေါင်းဆောင်လေး တစ်ယောက် ဖြစ်တာကို"

ဝမ်ကျန့်စွန်းသည် အုလုမျိုးနွယ်စု၏ အင်အားကြီးမားပုံကို အမြဲတမ်း ကြွားဝါလေ့ရှိပြီး လူဦးရေ သောင်းချီရှိကာ စစ်မြင်းသည် တစ်သောင်းကျော် ပိုင်ဆိုင်ပြီး မြက်ခင်းပြင် လီတစ်ထောင်ကျော်ကို စိုးမိုးထားသည်ဟု ဆိုသော်လည်း ၎င်းတို့မှာ လေလုံးထွားခြင်းသာ ဖြစ်၏။

ကျင်းယီဝေတို့ စုံစမ်းရရှိထားသော သတင်းအချက်အလက်များအရ အုလုမျိုးနွယ်စုတွင် အလွန်ဆုံး တဲနှစ်ထောင်မှ သုံးထောင်ခန့်သာ ရှိသည် (မြောက်ပိုင်းသားများ ခေါ်ဆိုသော တဲတစ်တဲမှာ ကုန်းတွင်းပိုင်းရှိ အိမ်ထောင်စုတစ်စုနှင့် အကြမ်းဖျင်း တူညီသည်)။ အလွန်ဆုံးရှိမှ လူဦးရေ သောင်းဂဏန်းခန့်သာ ရှိပြီး ၎င်းတို့မှာလည်း အဆင့်ဆင့် ကွဲပြားသော မျိုးနွယ်စုငယ် သုံးခုအဖြစ် ထပ်မံ ကွဲပြား နေထိုင်ကြခြင်း ဖြစ်သည်။ ဤမျှ ပမာဏရှိသော မျိုးနွယ်စုတစ်ခုသည် ၎င်းတို့၏ပိုင်ဆိုင်မှုအားလုံးနှင့်ဝတ်စရာ ဘောင်းဘီကို ချွတ်ရောင်းလျှင်ပင် စစ်မြင်းသည် တစ်သောင်းကို ကျွေးမွေး စောင့်ရှောက်နိုင်မည် မဟုတ်ချေ။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း မွန်ဂိုတို့၏ အာဏာစက်မှာ ဆုတ်ယုတ်လာခဲ့ပြီး အုလုမျိုးနွယ်စုအပေါ် ထိန်းချုပ်မှုလည်း တဖြည်းဖြည်း အားနည်းလာခဲ့သဖြင့် ၎င်းတို့အတွက် ရှင်သန်ရန် နေရာပိုမို ရရှိလာခြင်းသာ ဖြစ်သည်။

အုလုမျိုးနွယ်စု၏ ခေါင်းဆောင်သည် မိမိကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာကာ နေမင်းဘုရင်ဟု ဘွဲ့ခံထားခြင်း ဖြစ်၏။

နေမင်းဘုရင်"ဟူသော ဘွဲ့နာမမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခမ်းနားကြီးကျယ်နေသော်လည်း အမှန်တော့ ရယ်စရာတစ်ခုမျှသာ ဖြစ်ပြီး ကုန်းတွင်းပိုင်းရှိ အဆင့်ခုနစ် ခရိုင်ဝန်လေးတစ်ယောက်လောက်ပင် အဆင့်မရှိချေ။ ဘာပဲဖြစ်ဖြစ် သူတို့က တံခါးပိတ်ပြီး ဒေသခံ ဧကရာဇ်လုပ်နေကြခြင်း ဖြစ်ရာ မိမိကိုယ်ကိုယ် သိကြားမင်းဟုပင် ခေါ်ဆိုပါစေဦးတော့ ဘယ်သူမှ ဂရုစိုက်မည် မဟုတ်ပေ။

စကားပြောရင်းနှင့် ကျောက်ပင်တိန့်သည် သူ၏ စိုစွတ်နေသော အဝတ်အစားများကို ချွတ်လိုက်ရာ သူ၏ ရင်ဘတ်ပေါ်ရှိ ကြီးမားလှသော ဒဏ်ရာရွတ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုဒဏ်ရာရွတ်မှာ သူ၏ ညာဘက်ညှပ်ရိုးမှသည် ရင်ညွန့်ရိုးအထိ ရှည်လျားစွာ တည်ရှိနေပြီး သူ၏ ရင်ဘတ်တစ်ခြမ်းမှာ နက်ရှိုင်းစွာ ချိုင့်ဝင်နေခဲ့သည်။ ယခုကဲ့သို့ ပြင်းထန်လှသော ဒဏ်ရာမျိုးမှ သူ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမှာ အံ့သြစရာပင် ဖြစ်၏။

ဝူကျိရှန်းသည် ခွဲစိတ်ကုသမှုပညာတွင် အကျွမ်းကျင်ဆုံးဖြစ်ရာ ထိုအရာသည် စစ်မြေပြင်တွင် တိုက်ခိုက်ရင်း ရရှိခဲ့သော ဒဏ်ရာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်သည်။ သာမန်ဓားများဖြင့် ဤမျှကြီးမားသော ဒဏ်ရာရွတ်မျိုးကို မဖြစ်ပေါ်စေနိုင်ချေ၊၊ သံပုဆိန်ကြီးများနှင့် ပုဆိန်ကြီးများကဲ့သို့သော လေးလံသော လက်နက်များမှသာ ဤကဲ့သို့ ဖျက်ဆီးအားပြင်းသော စွမ်းပကား ရှိပေသည်။

"ကျောက်တာဝန်ခံ အရင်က စစ်သည်ဖြစ်ခဲ့ဖူးတာလား"

"ငါ ဆယ့်သုံးနှစ်သား ကတည်းက စစ်ထဲဝင်ခဲ့တာ"

အရေးမပါသော ကိစ္စတစ်ခုကို ပြောနေသည့်အလား ကျောက်ပင်တိန့်၏ လေသံမှာ အလွန်ပေါ့ပါးနေခဲ့သည်။

"အဲဒီတုန်းက ငါ့မိသားစုက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံရပြီး မရှင်သန်နိုင်တော့လို့ စစ်ထဲဝင်ခဲ့တာ။ ငါ ချန်ယိုလျန်ရဲ့ နောက်ကို နှစ်အနည်းငယ် လိုက်ခဲ့သေးတယ်၊ အစပိုင်းမှာ လက်ထောက်၊ နောက်တော့ တိုက်ခိုက်ရေးစစ်သည်၊ အဲဒီနောက်မှာတော့ ကင်းထောက် မြင်းစီးစစ်သည် ဖြစ်လာခဲ့တာပေါ့"

"ပိုယန်အိုင် တိုက်ပွဲပြီးတော့ ချန်ယိုလျန်လည်း သွားပြီဆိုတော့ ငါလည်း နေရပ်ကို ပြန်လာခဲ့တယ်"

"နေရပ်ပြန်ရောက်တော့ စကားမပြောနိုင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက် ရခဲ့တယ်၊ ဒါပေမဲ့ မိသားစုက မွဲပြာကျနေတော့ စားဝတ်နေရေးက အဆင်မပြေဘူး။ နောက်တော့ အနောက်ဘက်ဘုရင်က စစ်သားစုဆောင်းနေတယ်လို့ ကြားတာနဲ့ စစ်လစာရဖို့ အလုပ်ကို တဖန် ပြန်လုပ်ရပြန်တာပေါ့"

"ဟုန်ဝူ ပထမနှစ် ကိုးလပိုင်းမှာ ငါနဲ့ ငါ့ရဲ့ ညီအစ်ကိုတွေက စစ်သူကြီးရွှီတားရဲ့ နောက်ကိုလိုက်ပြီး မြောက်ပိုင်းစစ်ဆင်ရေးကို ဆင်နွှဲခဲ့ကြတယ်၊ အဲဒီတုန်းက မွန်ဂိုစစ်တပ်မကြီးနဲ့ အဆုံးအဖြတ် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ရတာ။ အဲဒီတိုက်ပွဲက တကယ်ပဲ မြေငလျင်လှုပ်မတတ် ပြင်းထန်ခဲ့တာ။ ငါ မွန်ဂိုတွေရဲ့ သံတူကြီးနဲ့ ရင်ဘတ်ကို အရိုက်ခံလိုက်ရပြီး ချက်ချင်း သတိလစ်သွားခဲ့တယ်။ ငါ သတိပြန်ရလာတော့ ငါတို့တပ်ခွဲက ညီအစ်ကို လေးရာကျော်ထဲမှာ လူအနည်းငယ်ပဲ ကျန်တော့တယ်"

ထိုရက်စက်ကြမ်းကြုတ်လှသော တိုက်ပွဲကြီးအကြောင်းကို ပြောနေသော်လည်း ကျောက်ပင်တိန့်၏ မျက်နှာတွင် ဂုဏ်ယူခြင်း အရိပ်အယောင်မရှိဘဲ နက်ရှိုင်းသော ရေကန်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်နေခဲ့လေသည်။

"နောက်တော့ ငါ့ဒဏ်ရာတွေ သက်သာလာပြီး စွမ်းဆောင်ချက်တွေကြောင့် အလံကိုင်အရာရှိငယ်အဖြစ် ရာထူးတိုးမြှင့်ခံရတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်က ငါ့ရဲ့ ရဲဘော်ဟောင်းတစ်ယောက်ကျင်းယီ‌ ဝေဖြစ်လာပြီး ငါ့ကို အစမ်းခန့်အရာရှိငယ်လေးအဖြစ် ဆွဲခေါ်ခဲ့တာအခုအချိန်အထိပေါ့"

"စစ်သည်လုပ်တာပဲဖြစ်ဖြစ်၊ကျင်းယီ ဝေအတွက် အသက်နဲ့ရင်းပြီး လုပ်ရတာပဲဖြစ်ဖြစ် အားလုံးက ဝမ်းရေးအတွက်ပါပဲ။ အမှန်တော့ အားလုံးက အတူတူပါပဲ"

ကျောက်ပင်တိန့်၏ စကားလုံးများသည် ရိုးရှင်းပြီးမှန်ကန်လှပေသည်။

*********

All Chapters