အခန်း (၁၁၅-၁၁၆)
Vol. 11 Ch. 115-116
အခန်း ၁၁၅ ဘုရင်တကာတို့၏ ဘုရင်
နောက်တစ်နေ့နံနက်တွင် ကုန်ပစ္စည်းလက်ခံမည့်အဖွဲ့တစ်ခုလုံးသည် မြောက်ဘက်သို့ ဆက်လက်မချီတက်တော့ဘဲ ဝမ်ကျန့်စွန်းနှင့် အခြားသူများ၏ ဦးဆောင်မှုအောက်တွင် ထောင့်မှန်ကွေ့ကာ အနောက်ဘက်တည့်တည့်သို့ ဦးတည်လိုက်ကြတော့သည်။
အနောက်ဘက်သို့ ဝင်ရောက်လေလေ ပိုမိုခြောက်သွေ့ဆိတ်သုဉ်းလာလေလေ ဖြစ်၏။ သုံးရက်ခန့် ခရီးနှင်ပြီးနောက် ၎င်းတို့သည် မြက်ခင်းပြင် တစ်ဝက်မှာ သဲကန္တာရတစ်ဝက်ဖြစ်သော ဆိတ်ငြိမ်လှသည့် နယ်မြေထဲသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာခဲ့ကြသည်။
"အမှန်အတိုင်း ပြောရရင်တော့ အရာရှိမင်းဝူ ရေ... ငါတို့ အုလုမျိုးနွယ်စုက အိမ်နီးနားချင်း မျိုးနွယ်စုတွေနဲ့ ပဋိပက္ခ မဖြစ်ချင်တာကြောင့် ပိုပြီး ဆိတ်သုဉ်းတဲ့ အနောက်ဘက်ဒေသတွေဆီကို စခန်းရွှေ့ခဲ့ကြတာပါ"
ဝမ်ကျန့်စွန်း၏ ပြောပြချက်မှာ များစွာမှန်ကန်ပေသည်၊၊ အဘယ်ကြောင့်ဆိုသော် အုလုမျိုးနွယ်စုသည် ဤကာလအတွင်း အနောက်ဘက်သို့ တကယ်ပင် ရွှေ့ပြောင်းခဲ့ခြင်းကြောင့် ဖြစ်၏။
သူပြောသော ပဋိပက္ခဟူသည်မှာမူ... မွန်ဂိုတို့၏ ပြင်းထန်လှသော စစ်အင်အားကို ကြောက်ရွံ့သဖြင့် အနောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းကိုအမွှမ်းတင်ပြောဆိုခြင်းသာ ဖြစ်သည်။
အုလုမျိုးနွယ်စုသည် မူလက ကျင်းမင်းဆက် ၏ အကြွင်းအကျန်များ ဖြစ်ပြီးကာလကြာရှည်စွာ မွန်ဂိုမှုပြုခြင်းကို ခံခဲ့ရ သော်လည်း၎င်းတို့ကို မွန်ဂိုမျိုးနွယ်စုတစ်ခုအဖြစ်လုံးဝ သတ်မှတ်နိုင်ပေသည်။
သို့သော် မွန်ဂိုတို့ကိုယ်တိုင်သည်လည်း တစ်သားတည်း ရှိနေကြသည်မဟုတ်ဘဲ အချင်းချင်း သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်သိမ်းပိုက်ခြင်းများမှာ ၎င်းတို့၏ ထုံးစံတစ်ခု ကဲ့သို့ ဖြစ်နေခဲ့သည်။
အင်အားကြီးသူကအုပ်ချုပ်သည်ဟူ သောတောရိုင်းတိရစ္ဆာန်တို့၏ နိယာမဥပဒေသသည် ကမ္ဘာဦးကတည်းက မြက်ခင်းပြင်၏ မပြောင်းလဲသော ရှင်သန်မှု စည်းကမ်းချက် ဖြစ်နေခဲ့သည်။
ထို့ ကြောင့်လူအများစု၏ စိတ်ထဲတွင် ကျူးယွမ်ကျန်းသည် ခမ်းနားကြီးကျယ်လှသော မင်မင်းဆက်ကို ထူထောင်လိုက်ကတည်းက ယွမ်မင်းဆက်သည် သမိုင်းဝင် ဝေါဟာရတစ်ခု ဖြစ်သွားပြီး သမိုင်းစင်မြင့်ထက်မှ ထာဝရ ထွက်ခွာသွားခဲ့ပြီဟု ထင်မှတ်နေကြသည်။ သို့သော် လက်တွေ့တွင်မူ ထိုသို့ လုံးဝ မဟုတ်ပေ။
ကုန်းတွင်းပိုင်းဒေသ၌ မွန်ဂိုတို့၏ အုပ်ချုပ်မှုသည် မင်မင်းဆက် ထူထောင်ခြင်းနှင့်အတူ ပြိုလဲသွားခဲ့သော်လည်း ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး မြောက်ပိုင်းဒေသ၏ အရှင်သခင်ကြီးများအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။
ဤကာလအတွင်း၌ပင် မြောက်ပိုင်းမြက်ခင်းပြင်ပေါ်ရှိ မြောက်ပိုင်းယွမ်မင်းဆက်သည် မိမိကိုယ်ကိုယ် ထာဝရကောင်းကင်ပြင်အောက်ရှိ တစ်ခုတည်းသော တရားဝင်အုပ်ချုပ်သူအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး မင်မင်းဆက်၏ နိုင်ငံရေးအဆင့်အတန်းကို လုံးဝ အသိအမှတ်မပြုရုံမျှမက ကျူးယွမ်ကျန်းကိုလည်း သူပုန်သူခိုး ဟု ဗြောင်ကျကျ ခေါ်ဆိုနေခဲ့ကြသည်။
မြောက်ပိုင်းယွမ်မင်းဆက်၏ တရားဝင် ဖော်ပြချက်များအရ ကျူးယွမ်ကျန်း တည်ထောင်ခဲ့သော မင်မင်းဆက်သည် မည်သည့် တရားဝင် ဥပဒေကြောင်းအရ အခြေခံမှ မရှိဘဲ ပုန်ကန်ခြားနားသော အစိုးရအဖွဲ့မျှသာ ဖြစ်သည်။
ယခုအချိန်အထိ မြောက်ပိုင်းယွမ်နန်းတွင်းသည် မြင်းများကို တောင်ဘက်သို့ စေလွှတ်ကာ ထာဝရကောင်းကင်ပြင်အောက် တစ်လွှားကို ပြန်လည်စည်းလုံးစေမည်ဟူသော ခမ်းနားလှသည့် ရည်မှန်းချက်ကြီးကို ရင်ဝယ်ပိုက်ထားဆဲ ဖြစ်၏။
အထူးသဖြင့် ထျန်းရွှန်းဧကရာဇ်နန်းတက်လာပြီးနောက်ပိုင်းတွင် ရည်မှန်းချက်ကြီးမားပြီး စစ်ဗျူဟာမြောက်လှသော ဤမြက်ခင်းပြင် အရှင်သခင်ကြီး၏ ဦးဆောင်မှုအောက်တွင် မြောက်ပိုင်းယွမ်မင်းဆက်သည် ပြန်လည်ဆန်းသစ်လာမည့် အရိပ်အယောင်များပင် ပြသလာခဲ့သည်။
ထာဝရကောင်းကင်ပြင်အောက်ရှိ တရားဝင် အုပ်ချုပ်ရေးအာဏာအတွက် ကျူးယွမ်ကျန်းကို ဆက်လက်ယှဉ်ပြိုင်ရန် ထျန်းရွှန်းဧကရာဇ်သည် သူ၏ ဘိုးဘေးဖြစ်သော ဂျင်ဂျစ်ခန် ကို အတုယူကာ ပြင်းထန်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ရုံမျှမက မြက်ခင်းပြင်ပေါ်တွင် ဗဟိုချုပ်ကိုင်မှုရှိသော ဧကရာဇ်နိုင်ငံတော်ကြီးကို တစ်ဖန် ပြန်လည်တည်ထောင်ရန် ကြိုးပမ်းခဲ့လေသည်။
ထာဝရကောင်းကင်ပြင်အောက်ကို စိုးမိုးရန်အတွက် အရင်ဆုံး ပြည်တွင်းကို စုစည်းရမည်ဖြစ်ပြီး ထိုဝေးလံခေါင်သီသော မျိုးနွယ်စုများကို မြောက်ပိုင်းယွမ်၏ နယ်နိမိတ်ထဲသို့ ပြန်လည်သွတ်သွင်းကာ ထိရောက်သော အုပ်ချုပ်မှုကို အကောင်အထည်ဖော်ရမည် ဖြစ်၏။
ဂျင်ဂျစ်ခန်သည်လည်း ထိုခေတ်အခါက ဤကဲ့သို့ပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အုလုမျိုးနွယ်စုအတွက်မူ ဤမျှ ရည်မှန်းချက်ကြီးမားပြီး စစ်ဗျူဟာမြောက်လှသော မြောက်ပိုင်းယွမ်ဧကရာဇ်သည် ဧကန်မုချ ကောင်းသောအချက် မဟုတ်ပေ။
၎င်းတို့၏ ဒေသခံအုပ်ချုပ်သူ အဆင့်အတန်းကို ထိန်းသိမ်းရန်၊ မြောက်ပိုင်းယွမ်၏ လက်အောက်ခံ ဖြစ်မသွားစေရန်နှင့် ပိုမိုအရေးကြီးသည်မှာ မွန်ဂိုတို့၏ ပြင်းထန်လှသော စစ်ရေးဖိအားမှ လွတ်မြောက်ရန်အတွက် ၎င်းတို့သည် အနောက်ဘက်သို့ ရွှေ့ပြောင်းရန် ဖိအားပေးခြင်း ခံခဲ့ရပေသည်။၎င်းတို့ကို ရှာမတွေ့ခဲ့သည်မှာ မဆန်းတော့ချေ။ အုလုမျိုးနွယ်စုသည် မြောက်ဘက်တည့်တည့်တွင် ရှိမနေဘဲ အနောက်ဘက်သို့ ရွှေ့ပြောင်းသွားခဲ့ပြီ ဖြစ်၏။
စတုတ္ထမြောက်နေ့သို့ ရောက်ရှိသောအခါမှသာ ၎င်းတို့သည် အုလုမျိုးနွယ်စု၏ အမှန်တကယ် ထိန်းချုပ်ထားသော နယ်မြေထဲသို့ တရားဝင် ဝင်ရောက်နိုင်ခဲ့ကြသည်။
ဝူကျိရှန်း၏ စိတ်ကူးထဲတွင်မူ အုလုမျိုးနွယ်စုကဲ့သို့သော ခြေသလုံးအိမ်တိုင် မျိုးနွယ်စုများမှာ ကျယ်ပြောလှသော ကောင်းကင်၊ အတိုင်းအဆမဲ့သော တောရိုင်းမြေ၊ လေတိုက်လို့ မြက်ပင်တွေ ယိမ်းနွဲ့သွားတဲ့အခါ နွားနဲ့ သိုးအုပ်ကြီးတွေ ပေါ်လာတယ် ဆိုသည့် ပုံရိပ်မျိုး ထွက်ပေါ်နေပြီး ၎င်းတို့၏ ဘဝမှာ စိမ်းလန်းစိုပြည်သော စားကျက်မြေများနှင့် ဝဖြိုးလှသော တိရစ္ဆာန်များဖြင့် သာယာလှပနေလိမ့်မည်ဟုထင်မှတ်ထားခဲ့သည်။ သို့သော် လက်တွေ့ဘဝမှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။
အုလုမျိုးနွယ်စု၏ လူဦးရေမှာ မူလကတည်းက မများပြားလှဘဲ ၎င်းတို့သည် ကျယ်ပြောလှသော ကန္တာရဆန်သည့် မြက်ခင်းပြင်ဒေသတွင် ကွဲပြားစွာ နေထိုင်ကြရသဖြင့် အလွန်ပင် ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းနေကြရခြင်း ဖြစ်သည်။
ယခုက ဇွန်လသို့ ရောက်ရှိနေပြီဖြစ်ရာ တစ်နှစ်တာ၏ အပူဆုံးအချိန် ဖြစ်နေခဲ့ပြီ။ ဝေးလံသောနေရာတွင် စုဝေးနေသော တဲအုပ်စုကြီးကို မြင်လိုက်ရသောအခါမှသာ ဝူကျိရှန်းသည် စိတ်သက်သာရာရသွားပြီး မြင်းကုန်းနှီးပေါ်မှ ရေဘူးကိုယူကာ ကျိုက်ကျိုက်နှင့် အဝသောက်လိုက်ရင်း ကိုယ်တွင်းရှိ အပူရှိန်ကို အနည်းငယ် လျှော့ချလိုက်သည်။
"လူတစ်ယောက်လောက်... အုလုဘုရင်အတွက် ငါတို့ ပြင်ဆင်လာတဲ့ လက်ဆောင်တွေကို ထုတ်လိုက်စမ်း"
သူတစ်ပါး၏ နယ်မြေတွင် စီးပွားရေးလုပ်ကြရမည်ဖြစ်ရာ အရိုအသေပေးလက်ဆောင်မှာ ဧကန်မုချ မရှိမဖြစ် လိုအပ်ပေသည်။
ဤခရီးစဉ်၏ စစ်မှန်သော ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ရန်လုံးဝမဟုတ်သော်လည်း ဝူကျိရှန်းသည် အမည်ခံအားဖြင့် ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေခဲ့ရာ အုလုမျိုးနွယ်စု၏ အမြင့်ဆုံးအုပ်ချုပ်သူ ဖြစ်သော အုလုဘုရင်ကို အရိုအသေပေးရန်အတွက် လူတိုင်းကို သူကိုယ်တိုင် ဦးဆောင်သွားရမည် ဖြစ်၏။
ဝူကျိရှန်း၏ စိတ်ထဲတွင်မူ အုလုဘုရင် ဟုခေါ်ဆိုခြင်းမှာ မိမိကိုယ်ကိုယ် ဘွဲ့ခံထားခြင်းသက်သက်သာ ဖြစ်သည်ဟု ယူဆထားသည်။ မျိုးနွယ်စု ခေါင်းဆောင်လေး တစ်ယောက်မျှသာ ဖြစ်ပြီး ဘာဖြစ်လို့ ဘုရင်လို့ ခေါ်ထိုက်ရမှာလဲ။
သူ ထိန်းချုပ်ထားရသည်မှာ နွားကျောင်းသား၊ သိုးကျောင်းသား တဲနှစ်ထောင်မှ သုံးထောင်ခန့်သာ ဖြစ်ရာ ကုန်းတွင်းပိုင်းရှိ အဆင့်ခုနစ် ခရိုင်ဝန်လေးတစ်ယောက်လောက်ပင် မခန့်ညားချေ။
သို့သော် ဝမ်ကျန့်စွန်းကမူ ထိုသို့မတွေးဘဲ ဝူကျိရှန်းကို အနားသို့ တမင်တကာ ခေါ်ယူကာ ပြောလိုက်သည်။
"ငါတို့ အခု မဟာနေမင်းဘုရင်ကြီးနဲ့ တွေ့တော့မယ်။ အဲဒါကြောင့် စည်းကမ်းပုံစံတွေကို အရင်ဆုံး ပြောပြဖို့ လိုမယ် ထင်တယ်"
အုလုမျိုးနွယ်စုနှင့် ထိုက်ယွမ်မြို့မှာ အလွန်ဝေးကွာလှသဖြင့် ဓလေ့ထုံးတမ်းများမှာ များစွာကွဲပြားပြီး စည်းကမ်းစနစ်များမှာလည်း လုံးဝ သီးခြားစီ ဖြစ်နေခဲ့သည်။
ဝမ်ကျန့်စွန်း၏ ပြောပြချက်အရ အုလုဘုရင်နှင့် မတွေ့ဆုံမီ အရင်ဆုံး ရေချိုးသန့်စင်ကာ အဝတ်အစားလဲရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ညစ်ညမ်းမှုများမှ သန့်စင်ပြီးမှသာ အုလုဘုရင်၏ တဲဖြစ်သော နန်းတော်တွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ဝူကျိရှန်းနှင့် အခြားသူများမှာ မျိုးနွယ်စုဝင်များ မဟုတ်ကြသော်လည်း အုလုဘုရင်နှင့် တွေ့ဆုံသည့်အခါ လုံလောက်သော ရိုသေမှုကို ပြသရမည် ဖြစ်၏။
ပထမဆုံးအနေဖြင့် မဟာနေမင်းဘုရင်ကြီး၏ မျက်လုံးကို တိုက်ရိုက် မကြည့်ရချေ၊၊ သို့မဟုတ်ပါက အလွန်အမင်း မရိုသေရာ ရောက်ပေလိမ့်မည်။
ထို့နောက် မသင့်တော်သော စကားလုံးများနှင့် အပြုအမူများ မရှိစေရဘဲ အုလုဘုရင်ကို ကျောခိုင်းခြင်းမျိုး ပို၍ပင် မလုပ်ရချေ၊၊ ၎င်းမှာ အလွန် ရိုင်းပျသော အပြုအမူ ဖြစ်သည်။
အဖက်ဖက်မှ များပြားလှသော စည်းကမ်းချက်များကို ရှင်းပြပြီးနောက် ဝမ်ကျန့်စွန်းသည် ဝူကျိရှန်းကို အလေးအနက် သတိပေးလိုက်သေးသည်။ အုလုဘုရင်နှင့် တွေ့ဆုံသည့်အခါ ဘွဲ့တော်အပြည့်အစုံကို ရွတ်ဆိုရမည် ဖြစ်၏။
အုလုဘုရင်၏ ဘွဲ့တော်အပြည့်အစုံမှာ ထာဝရကောင်းကင်ပြင်နှင့် မြေပြင်ကြီးကို လင်းထိန်စေသော နေမင်းဘုရင်၊ ရွှေလင်းယုန်ကြီး၏ အရှင်သခင်ကြီး၊ အရပ်လေးမျက်နှာကို ငုံ့မိုးကြည့်ရှုတော်မူသော အမိဖြူဝံပုလွေဘုရင်၊ အရာခပ်သိမ်းကို ထိုးထွင်းသိမြင်တော်မူသော ပညာရှိကြီး၊ ထာဝရကောင်းကင်ပြင်၏ မျက်နှာသာပေးမှုကို အခံရဆုံးဖြစ်သော ဘုရင်တကာတို့၏ ဘုရင်။
အုလုဘုရင်သည် စစ်မှန်သော အာဏာစက် မရှိသော်လည်း မိမိကိုယ်ကိုယ် ဤမျှ ရှည်လျားလှသော ဘွဲ့တော်ကြီးကို ပေးထားခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် သိကြားမင်းဟုသာ တိုက်ရိုက် ကြေညာလိုက်သင့်ပေသည်။
ဤမျှ ရှည်လျားလှသော ဘွဲ့တော်ကြီးကို အလွန် ရယ်စရာကောင်းသည်ဟု ထင်မှတ်မိသော်လည်း ဒေသန္တရ ဓလေ့ထုံးတမ်းများကိုသာ လိုက်နာရမည်ဖြစ်ရာ သူသည် ကျောင်းသားဘဝက ရှေးဟောင်းကဗျာများကို အလွတ်ကျက်မှတ်ခဲ့သည့် စိတ်အားထက်သန်မှုမျိုးကို ပြန်လည်မွေးမြူကာ ရှည်လျားလှသော ဘွဲ့တော်စာရင်းကြီးကို အလွတ်အာဂုံ ဆောင်လိုက်တော့သည်။
ဒေသန္တရ ဓလေ့ထုံးတမ်းများအတိုင်း ရေချိုးသန့်စင်ပြီး အဝတ်အစားလဲကာ ဝူကျိရှန်းသည် ဝမ်ကျန့်စွန်း၏ နောက်မှ လိုက်ပါသွားခဲ့သည်။ သူ၏ ဘေးနားတွင်မူ အစေခံများအဖြစ် ရုပ်ဖျက်ထားသော ကျောက်ပင်တိန့်နှင့် အန်းကျန်းကျိုးတို့က အရိုအသေပေးလက်ဆောင်များကို ကိုင်ဆောင်လျက် ရှိနေကြ၏။ သူသည် ရိုသေသော ဟန်ပန်ကို ဖော်ဆောင်ကာ နန်းတော်တွင်း သို့ အမြန် ဝင်ရောက်လိုက်တော့သည်။
နန်းတော်တွင်းဟု ခေါ်ဆိုခြင်းမှာ အမှန်တော့ အနည်းငယ် ပိုမိုကြီးမားသော အဖြူရောင်တဲကြီး တစ်ခုမျှသာ ဖြစ်သည်။
ဝမ်ကျန့်စွန်း ကြိုတင်ညွှန်ကြားထားသည့်အတိုင်း ဝူကျိရှန်းနှင့် အခြားသူများသည် ခေါင်းကို ငုံ့ထားလျက် မိမိတို့၏ ခြေဖျားကိုသာ ကြည့်ကာ အုလုဘုရင်၏ ဘွဲ့တော်အပြည့်အစုံကို စာဖတ်နေသည့်အလား ရွတ်ဆိုလိုက်ကြတော့သည်။
"ထာဝရကောင်းကင်ပြင်နှင့် မြေပြင်ကြီးကို လင်းထိန်စေသော နေမင်းဘုရင်၊ ရွှေလင်းယုန်ကြီး၏ အရှင်သခင်ကြီး၊ အရပ်လေးမျက်နှာကို ငုံ့မိုးကြည့်ရှုတော်မူသော အမိဖြူဝံပုလွေဘုရင်... မင်တိုင်းပြည်မှ ပြည်သူများက အရှင်မင်းကြီးအား အလှိုက်လှဲဆုံး ဂါရဝပြုအပ်ပါသည်"
ဝူကျိရှန်း၏ ဘေးတွင် ရပ်နေသော ဝမ်ကျန့်စွန်းသည် ဤစကားလုံးများကို ဒေသန္တရဘာသာစကားသို့ ချက်ချင်းပင် လျင်မြန်စွာ ပြန်ဆိုပေးလိုက်၏။
ထိုသို့လုပ်ဆောင်ပြီးမှ အုလုဘုရင်သည် တရုတ်စကားကို လုံးဝ နားမလည်ကြောင်း သိလိုက်ရသည်။ ဒါဆိုရင် ငါက ဘာဖြစ်လို့ စကားပြောနေရဦးမှာလဲ။ မင်းကပဲ တိုက်ရိုက် ဘာသာပြန်ပေးလိုက်ရင် မပြီးဘူးလား။
သူ့စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူနေမိသော်လည်း အလွန်အမင်း ရိုသေကျိုးနွံသော ဟန်ပန်ကို ဆက်လက်ထိန်းသိမ်းထားကာ အုလုဘုရင်၏ စကားကို နားထောင်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင်ပင် သူသည် ကလေးငယ်တစ်ဦး၏ ကျယ်လောင်လှသော ငိုသံကို ရုတ်တရက် ကြားလိုက်ရလေသည်။
ဘာဖြစ်လို့ နန်းတော်ထဲမှာ ကလေးငိုသံ ထွက်လာရတာလဲ။
ဝူကျိရှန်းသည် တိတ်တဆိတ် မော့ကြည့်လိုက်ရာ ပါးစပ်ပင်ဟသွားခဲ့တော့၏။
မြင့်မားလှသောပလ္လင်ထက်တွင် ထိုင်နေသူမှာ ကလေးငယ်လေး တစ်ယောက် ဖြစ်နေခဲ့သည်။
ထိုကလေးသည် အသက်နှစ်နှစ် ကျော်သုံးနှစ်ခန့်သာ ရှိပြီး ဖြူဖွေးဝတုတ်နေကာ သူ၏ ခေါင်းပေါ်တွင် သရဖူကဲ့သို့သော အရာဝတ္ထုကြီးတစ်ခုကို ဆောင်းထားခဲ့သည်။အ ကြောင်းရင်းမရှိ သူ၏ ခြေထောက်သေးသေးလေးများကို ကန်ကျောက်ကာ ကျယ်လောင်စွာ ငိုယိုနေခဲ့ခြင်း ဖြစ်၏။
ဝူကျိရှန်းသည် ထာဝရကောင်းကင်ပြင်နှင့် မြေပြင်ကြီးကို လင်းထိန်စေသော နေမင်းဘုရင်၊ အုလုမျိုးနွယ်စု၏ အမြင့်ဆုံးအုပ်ချုပ်သူကြီးမှာ အသက်နှစ်နှစ် သုံးနှစ်အရွယ် ကလေးသူငယ်လေးတစ်ဦး ဖြစ်လိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးခဲ့ခြင်း မရှိချေ။
"မဟာနေမင်းဘုရင်ကြီး... ဘောင်းဘီထဲ သေးပါချလိုက်ပြီ... အာ... မဟုတ်ပါဘူး၊ နေမင်းဘုရင်ကြီးမှာ အရေးတကြီး လုပ်စရာ ကိစ္စအချို့ ရှိနေလို့ပါ။ သင်တို့ အရင်ဆုံး ခေတ္တ ဆုတ်ခွာနိုင်ပါပြီ"
ဤသို့ ပြောပြီးနောက် ဝမ်ကျန့်စွန်းသည် နေမင်းဘုရင်၏ ဘေးနားရှိ အစေခံမိန်းကလေးနှစ်ဦးကို အမြန် ပြောလိုက်တော့သည်။
"မင်းတို့က ဘာဖြစ်လို့ ဒီအတိုင်း အူကြောင်ကြောင် ရပ်ကြည့်နေကြတာလဲ။ နေမင်းဘုရင်ကြီးရဲ့ ဘောင်းဘီကို အသစ်တစ်ထည်နဲ့ အမြန် လဲပေးလိုက်ကြစမ်း"
*********
အခန်း (၁၁၆) အစကတည်းက သိပြီးသားပါ
ဆေးဘက်ဝင်အပင်များ ကုန်သွယ်မှု မှာဟန်ပြသာ ဖြစ်ပြီး အဓိက ရည်ရွယ်ချက်များမှာ နိုင်ငံရေးနှင့် စစ်ရေးတို့ ဖြစ်လေသည်။
မဟာနေမင်းဘုရင်သည်ကလေးငယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ထိုကလေးသည် မည်မျှပင် ဉာဏ်ပညာကြီးမား၍ ထိုးထွင်းသိမြင်မှုရှိသည် ဆိုစေကာမူကလေးတစ်ယောက်သာ ဖြစ်သဖြင့် အုလုမျိုးနွယ်စုကို အမှန်တကယ် လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိနိုင်ပေ။
မျိုးနွယ်စုအတွင်း၌ အမှန်တကယ် အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ဦး နှင့်တစ်ဦးထက်မက ရှိနေရမည်ဖြစ်ပြီး ထိုသူတို့သာလျှင် အုလုမျိုးနွယ်စု၏ အစစ်အမှန်အာဏာရှိသူများ ဖြစ်ကြ ပေမည်။
ထိုအာဏာရှိသူများကို မိမိတို့ဘက်သို့ ဆွဲဆောင်ရမည်လား စစ်ရေးအရ တိုက်ခိုက်ရမည်လား ဆိုသည်ကို မဆုံးဖြတ်မီ ၎င်းတို့၏ သဘောထားကို သိရှိရန် လိုအပ်လှသည်။
သို့သော် အုလုမျိုးနွယ်စု၏ အုပ်ချုပ်သူအစစ်အမှန်က မည်သူနည်း။
လူတိုင်း ခန့်မှန်းနေကြစဉ်မှာပင် ဝမ်ကျန့်စွန်း ဝင်ရောက်လာခဲ့လေသည်။
ဝမ်ကျန့်စွန်းသည် ဟန်လူမျိုးတို့၏ ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ဝူကျိရှန်းနှင့် အခြားသူများကို မွန်ဂိုတို့၏ ရင်ဘတ်ကို ထိတွေ့သော အလေးပြုနည်းဖြင့် နှုတ်ဆက်လိုက်ပြီးနောက် ဧည့်ဝတ်ကျေပွန်သော မွန်ဂိုလူမျိုးများကဲ့သို့ပင် ရှေးဟောင်း ဧည့်ကြိုသီချင်းကို စတင်သီဆိုလေတော့သည်။
"အလေးအမြတ်ထားရတဲ့ ဧည့်သည်တော်တို့၊ သင်တို့ဟာ အဝေးက ပျံသန်းလာပြီး အုလုလူမျိုးတွေရဲ့ တဲအိမ်တွေဆီကို စစ်မှန်တဲ့ ကောင်းချီးမင်္ဂလာတွေ ယူဆောင်လာပေးတဲ့ ဟင်္သာငှက်တွေပါပဲ။ ကျွန်ုပ်တို့ဟာ အဆီအအိမ့်ဆုံး သိုးသငယ်နဲ့ အကောင်းဆုံး ဝိုင်တွေကို တည်ခင်းပါတယ်။ ဧည့်သည်တော်များ စိတ်ကြိုက် သောက်သုံးနိုင်ကြပါစေ..."
ဝမ်ကျန့်စွန်း သီဆိုနေစဉ် အုလုအမျိုးသမီးအချို့က ကြီးမားသော သိုးသားတုံးများနှင့် ကိုယ်တိုင်ချက်လုပ်ထားသော မြင်းနို့ဂျုံဝိုင် အိုးများကို ယူဆောင်လာကြ၏။
ဒါက ဂုဏ်သရေရှိ ဧည့်သည်တော်များကို ဧည့်ခံသည့် ပွဲဖြစ်သည်မှာ ထင်ရှားလှသည်။
ခဏတာ ယဉ်ကျေးစွာ စကားဆိုကြပြီးနောက် ဝူကျိရှန်းနှင့် အခြားသူများသည် ဝမ်ကျန့်စွန်းနှင့်အတူ မြေပြင်ပေါ်တွင် ထိုင်ကာ မြိန်ယှက်စွာ သောက်သုံးကြလေသည်။
အုလုလူမျိုးတို့၏ သိုးသားချက်သည် ရိုးရှင်းစွာ ပြင်ဆင်ထားသော်လည်း အလွန် အရသာရှိလှပြီး ဆားအကောင်းစားနှင့် ကြက်သွန်ရိုင်းမှုန့်များကို ဖြူးလိုက်သောအခါ ပို၍ပင် စားချင်စဖွယ် ဖြစ်သွား၏။
"ငါတို့ အုလုမျိုးနွယ်စုရဲ့ အုပ်ချုပ်သူ မဟာနေမင်းဘုရင်နဲ့ တွေ့ခဲ့ပြီးပြီပဲ။ သူနဲ့ပတ်သက်ပြီး မင်းတို့ ဘယ်လို ထင်မြင်မိလဲ"
မဟာနေမင်းဘုရင်သည် သူတို့ရှေ့တွင် ဆီးပင်မနိုင်သေးသော ကလေးငယ်တစ်ဦးမျှသာ ဖြစ်သည်ဟူသော စကားကို ဝမ်ကျန့်စွန်း၏ ရှေ့တွင် ပြောရန် မသင့်တော်သဖြင့် ဝူကျိရှန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ရသည်။
"မဟာနေမင်းဘုရင်က ငယ်ရွယ်သေးပေမယ့်... စွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး နောင်တစ်ချိန်မှာ အုလုမျိုးနွယ်စုကို စည်ပင်ဝပြောပြီး အင်အားတောင့်တင်းအောင် လမ်းပြပေးမယ့် ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ"
ဝမ်ကျန့်စွန်းသည် အလယ်ပိုင်းဒေသတွင် ကြာမြင့်စွာ သွားလာခဲ့ဖူးသဖြင့် ဝူကျိရှန်းက သူ့ကို မြှောက်ပင့်ပြောဆိုနေခြင်း ဖြစ်ကြောင်း ကောင်းစွာ သိသော်လည်းဝမ်ကျန့်စွန်းကို အလွန် ကျေနပ်သွားစေ၏။ ပြောသည့် စကားက အရေးမကြီးဘဲ သဘောထားကသာ အရေးကြီးခြင်း ဖြစ်သည်။
အုလုဘုရင်သည် ကလေးငယ်တစ်ဦးမျှသာ ဖြစ်သော်လည်း အုလုလူမျိုးတို့၏ စိတ်နှလုံးတွင် အမြင့်မြတ်ဆုံး ဖြစ်သဖြင့် ဝူကျိရှန်းကဲ့သို့ ပြင်ပလူများက အုလုဘုရင်အပေါ် လုံးဝ ရိုသေလေးစားမှု ရှိရမည် ဖြစ်သည်။
"ငါတို့ဘုရင်က အသက်နဲ့မလိုက်အောင် ထက်မြက်တယ်။ သူက အသက် နှစ်နှစ်နဲ့ ကိုးလပဲ ရှိသေးပေမယ့် မြင်းရိုင်းတွေကို စီးနိုင်ပြီး လေးပြင်းတွေကို ဆွဲနိုင်တယ်။ မြှားတစ်စင်းတည်းနဲ့တင် ပျံသန်းနေတဲ့ လင်းယုန်နှစ်ကောင်ကိုတောင် ပစ်ချနိုင်တယ်"
အသက် နှစ်နှစ်ကျော်ရုံသာ ရှိသေးသော ကလေးတစ်ဦးက မြင်းစီးနိုင်၊ လေးပစ်နိုင်ပြီး တစ်ချက်တည်းဖြင့် ငှက်နှစ်ကောင်ကို သတ်နိုင်သည်ဟူသော စကားကို ဝူကျိရှန်းသည် သိကြားမင်းဆင်းပြောလျှင်ပင် ယုံမည်မဟုတ်ပေ။
သို့သော် ထိုအခြေအနေတွင် ဝမ်ကျန့်စွန်းက အုလူဘုရင်သည် ကျောက်စိမ်းဧကရာဇ် ဝင်စားခြင်းဖြစ်သည်ဟု ပြောလျှင်ပင် သူက ငြင်းခုံမည်မဟုတ်ပေ။ ထို့ပြင် ငါ ယုံတယ်၊ လုံးဝ ယုံတယ် ဟူသော မျက်နှာပေးမျိုးကို တမင်တကာ လုပ်ပြရင်း အလိုက်သင့် ပြောလိုက်၏။
"ရှေးခေတ်ကတည်းက ဘုရင်တွေဆိုတာ သာမန်လူတွေနဲ့ မတူကြပါဘူး။ ငယ်ရွယ်စဉ်မှာတင် ထူးခြားတဲ့ စာပေနဲ့ စစ်ရေးစွမ်းရည်တွေ ရှိနေတာက သဘာဝကျပါတယ်"
"ငါတို့ဘုရင်က တကယ်ပဲ ထူးခြားပါတယ်"
မြင်းနို့ဂျုံဝိုင်ကို အလွန်အကျွံ သောက်မိသောကြောင့် ဖြစ်နိုင်သည်။ဝမ်ကျန့်စွန်း၏ မျက်နှာက အနည်းငယ် နီမြန်းနေသော်လည်း ချဲ့ကားပြောဆိုခြင်းကိုမူ မရပ်တန့်ပေ။
"ငါတို့ဘုရင် မွေးဖွားတဲ့နေ့မှာ ရွှေရောင်အလင်းတန်းတစ်ခုက တဲအိမ်ကို ဖောက်ထွက်ပြီး ကောင်းကင်ယံဆီကို ထိုးတက်သွားခဲ့တယ်။ အဝေးကနေ နဂါးဟိန်းသံနဲ့ ဖီးနစ်ငှက် တွန်ကျူးသံတွေကိုလည်း ကြားခဲ့ရတယ်"
အလယ်ပိုင်းဒေသမင်းဆက်များ၏ ဧကရာဇ်များ မွေးဖွားချိန်တွင်လည်း အခန်းထဲ၌ နီရဲသောအလင်းများ ပြည့်နှက်နေခြင်း၊စွမ်းအင်များက ကြယ်စုတန်းဆီသို့ ထိုးတက်သွားခြင်း စသည့် ထူးခြားသော ဖြစ်စဉ်များ အမြဲ ရှိတတ်ကြရာ ၎င်းမှာ မိမိကိုယ်ကို ဆန်းကြယ်သော အရှိန်အဝါ ထည့်သွင်းရန် လုပ်ကြံဖန်တီးထားခြင်းမျှသာ ဖြစ်သည်။ အုလုလူမျိုးများကလည်းထိုအကွက်ကို သုံးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ရွှေရောင်အလင်းတန်း ကောင်းကင်သို့ ထိုးတက်ခြင်း"နှင့် နဂါးဟိန်းသံ၊ ဖီးနစ်တွန်သံ တဲ့လား။
ဤလုပ်ကြံစကားများနှင့် ပတ်သက်၍ ဝူကျိရှန်းက တစ်လုံးမျှ မယုံသော်လည်း တမင်တကာ အလွန် အံ့ဩသွားသည့် ပုံစံဖြင့် ပြောလိုက်၏။
"မဟာနေမင်းဘုရင်က ကောင်းကင်က စေလွှတ်လိုက်တဲ့သူ ဖြစ်ရမယ်။ မဟုတ်ရင် သူ မွေးဖွားချိန်မှာ ဒီလို ထူးခြားတဲ့ ဖြစ်စဉ်တွေ ဘယ်လို ဖြစ်လာနိုင်မလဲ"
မည်သို့ပင်ဆိုစေ မင်းပြောသမျှကို ငါနားထောင်မည်၊ ယုံခြင်း မယုံခြင်းကမူ စိတ်ထဲတွင်သာ ရှိပေသည်။
"မင်းတို့က အဝေးကလာတဲ့ ဧည့်သည်တွေဖြစ်လို့ ကောင်းကောင်း ဧည့်ခံရမယ်လို့ ငါတို့ဘုရင်က မိန့်မှာထားတယ်။ လိုအပ်တာရှိရင် ပြောပါ၊ ငါတို့ အုလုမျိုးနွယ်စုက ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်"
ထိုကြီးကျယ်ခမ်းနားပြီး တည်ငြိမ်သော စကားလုံးများသည် အသက် နှစ်နှစ်ကျော် ကလေးတစ်ဦးထံမှ လုံးဝ ထွက်လာနိုင်စရာ မရှိဘဲ ဝမ်ကျန့်စွန်း ကိုယ်တိုင်၏ ချဲ့ကားသော စကားများသာ ဖြစ်သည်မှာ သေချာလှသည်။
"ရက်ရောစွာ ဧည့်ခံတဲ့အတွက် မဟာနေမင်းဘုရင်ကို ကျေးဇူးတင်ပါတယ်။ ငါတို့မှာ ဘာမှ မလိုပါဘူး။ ဆေးဘက်ဝင်အပင်တွေကို ရိတ်သိမ်းပြီး ဒီကုန်သွယ်မှုကို အဆုံးသတ်လို့ ပြန်ဖို့ပဲ စောင့်နေတာပါ"
ဆေးဘက်ဝင်အပင်များ ကုန်သွယ်မှု က ဟန်ပြ ဖြစ်သော်လည်း ၎င်းကို ထည့်သွင်းပြောဆိုရဆဲ ဖြစ်၏။
"မဟာနေမင်းဘုရင်က မျိုးနွယ်စုဝင်တွေကို ဆေးဘက်ဝင်အပင်တွေ ရိတ်သိမ်းဖို့ အမိန့်ပေးထားပြီးပြီ။ နောက် ရက်အနည်းငယ်အတွင်းမှာ အဲဒီ ဆေးဘက်ဝင်အပင်တွေကို မြင်ရလိမ့်မယ်"
ဝမ်ကျန့်စွန်းက ဝူကျိရှန်းကို ပြုံး၍ ကြည့်လိုက်သည်။
"ငါတို့ဘုရင်က မင်းတို့နဲ့ မိတ်ဆွေဖြစ်ချင်ပြီး နောင်မှာလည်း ဆက်ပြီး ကုန်သွယ်ချင်တယ်။ တကယ်လို့ မင်းတို့က အလယ်ပိုင်းဒေသကနေ ဆား၊ လက်ဖက်ရည်၊ ပိတ်စနဲ့ သံထည်တွေကို ယူလာပေးနိုင်ရင် ငါတို့ ကုန်ပစ္စည်းချင်း တိုက်ရိုက် လဲလှယ်နိုင်တယ်"
မြက်ခင်းပြင်တွင် ဆား၊ လက်ဖက်ရည်နှင့် သံထည်များ ရှားပါးလှသည်။ ဤပစ္စည်းများသည် အုလုမျိုးနွယ်စုအတွက် အရေးတကြီး လိုအပ်နေသောအရာများ ဖြစ်၏။
အကယ်၍ ကုန်ပစ္စည်းချင်း တိုက်ရိုက် လဲလှယ်နိုင်လျှင် မလိုအပ်သော လုပ်ငန်းစဉ်များကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိပေမည်။
"မဟာနေမင်းဘုရင်က အဲလို မိန့်မှာရင်တော့ ငါတို့လည်း သေချာပေါက် လိုက်နာရမှာပေါ့"
ဝမ်ကျန့်စွန်း၏ အပြုံးက ပို၍ ကျယ်ပြန့်လာပြီး မျက်လုံးများကလည်း ပျော်ရွှင်မှုကြောင့် မှေးစင်းသွားကာ ပြောလိုက်၏။
"ငါ မြက်ခင်းပြင်နဲ့ အလယ်ပိုင်းဒေသကြားမှာ သွားလာနေခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ။ ဒီတစ်ခေါက်လောက် ခရီးလမ်း ချောမွေ့ခဲ့တာ တစ်ခါမှ မရှိဖူးဘူး"
အင်ပါယာနန်းတော်က မွန်ဂိုကုန်သွယ်မှုကို ပိတ်ပင်ထားသောကြောင့် ဝမ်ကျန့်စွန်းနှင့် လုံဖုန့်ကုမ္ပဏီတို့အကြား အရောင်းအဝယ်သည် မှောင်ခိုကုန်သွယ်မှုဖြစ်ပြီး အကြိမ်တိုင်းတွင် ကြီးမားသော စွန့်စားမှုများကို ရင်ဆိုင်ရသည်။ အခြားမျိုးနွယ်စုများ၏ လုယက်မှုကို အမြဲ သတိထားရသည့်အပြင် မင်မင်းဆက်၏ နယ်ခြားစောင့်တပ်များကိုလည်း သတိထားရ၏။
ကုန်သွယ်မှုတိုင်းက စွန့်စားခန်းတစ်ခုဖြစ်ပြီး ပြဿနာအမျိုးမျိုးနှင့် အမြဲ ကြုံတွေ့ရတတ်သော်လည်း ယခုတစ်ကြိမ်သာလျှင် အံ့ဩစရာကောင်းလောက်အောင် ချောမွေ့နေခြင်း ဖြစ်သည်။
"ဒီတစ်ခေါက် မင်းတို့ကို မြောက်ဘက်ဆီ ခေါ်လာတာ၊ လမ်းခရီးတစ်လျှောက်မှာ မှောင်ခိုဖမ်းတဲ့ စစ်သည် တစ်ယောက်မှတောင် မတွေ့ခဲ့ရဘူး။ တကယ်ပဲ ချောမွေ့လွန်းတယ်"
"ဒါက ငါတို့ရဲ့ ကံကောင်းခြင်းပါပဲ"
ဝမ်ကျန့်စွန်းက ဝူကျိရှန်းကို ပြုံးလျက် ကြည့်လိုက်၏။
"ဒီခရီးလမ်းက ဒီလောက် ချောမွေ့နေတာ ကံကောင်းရုံတင် မဟုတ်ဘူးထင်တယ်၊ ဟုတ်တယ်မလား"
ထိုစကားကို ကြားလိုက်ရသောအခါ ဝူကျိရှန်းသည် ချက်ချင်း ထိတ်လန့်သွားလေသည်။
ဝမ်ကျန့်စွန်းက ဝူကျိရှန်း၏ ဘေးရှိ ခြံရံပါလာသူများကို ပြုံး၍ ကြည့်ကာ ရယ်မောရင်း ပြောလိုက်၏။
"အချိန်လည်း တန်ပြီဆိုတော့ မင်းတို့ စာပို့ချိုးငှက်အချို့ကို လွှတ်လိုက်သင့်ပြီ မဟုတ်လား"
ဤစကားကြောင့် လူတိုင်း၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားကြလေသည်။ ကျောက်ပင်တိန့်နှင့် အန်းကျန်းကျိုးတို့ဆိုလျှင် ရုတ်တရက် ထရပ်လိုက်ကြပြီး မိမိတို့၏ လက်နက်များကို မသိစိတ်ဖြင့် ဆုပ်ကိုင်လိုက်ကြ၏။
ဖြတ်သန်းခဲ့သော လမ်းကြောင်းများနှင့် အကွာအဝေးများအပြင် လမ်းခရီးရှိ အသေးစိတ်အချက်အလက်အားလုံးကို မှတ်တမ်းတင်ခြင်းက နောင်တွင် စစ်ရေးအရ အရေးယူဆောင်ရွက်ရန်အတွက် ပြင်ဆင်ရန် ဖြစ်ပြီး ၎င်းမှာ သူတို့၏ အစစ်အမှန် တာဝန် ဖြစ်ပေသည်။
အရာအားလုံးကို တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း ဝမ်ကျန့်စွန်းက အစကတည်းက သိရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
"ဒီလောက်အထိ ပျာယာခတ်နေဖို့ မလိုပါဘူး"
"တကယ်တော့ မင်းတို့ ဒီကိုလာတာ ဆေးဝယ်ဖို့ မဟုတ်ဘူးဆိုတာ ငါ အစကတည်းက သိပြီးသားပဲ။ မင်းတို့ရဲ့ တကယ့် ရည်ရွယ်ချက်ကိုလည်း ငါ ခန့်မှန်းလို့ ရတယ်"
ဝမ်ကျန့်စွန်းသည် မိမိရှေ့ရှိ သိုးသားနှင့် ဝိုင်များကို ဖြည်းညှင်းစွာ ဘေးသို့ ဖယ်လိုက်ပြီး သူ၏ လေသံက ရုတ်တရက် လေးနက်သွားလေသည်။
"မင်းတို့ ဒီကို ရောက်လာပြီဆိုမှတော့ အရေးကြီးတဲ့ ကိစ္စတွေကို ပြောကြတာပေါ့"
*********