← Chapters

နေမင်း၏ ကိုယ်စားလှယ်များ၏ အသွင်ပြောင်းခြင်း

Vol. 27 Ch. 368

နေမင်း၏ ကိုယ်စားလှယ်များ၏ အသွင်ပြောင်းခြင်း

Vol. 27 Ch. 368

အန်လင်းက ထိုအပြုံးများကို ကြည့်ကာ သူ့၏ ဘောလ်များ ပြုတ်ကျသွားတော့မလိုပင်ခံစားလိုက်ရ၏။

အားကောင်းသောအတွေးတစ်ခုက သူ့ခေါင်းထက်တွင် ထပ်ခါထပ်ခါတုံ့ပြန်နေပေ၏။ သူက ရှောင်ဟုန်ကို ဒီထက် ပို၍ ကျဆုံးခြင်းမှ တားမြစ်ရပေမည်။

"ရှောင်ဟုန်၊ ငါမင်းကို တစ်ခုလောက် ပြောလို့ရမလား။" အန်လင်းက ရှောင်ဟုန်ကို အလွန်ဂရုတစိုက်ကြည့်လိုက်၏။

"သေချာတာပေါ့။ ငါနားထောင်နေပါတယ် သခင်။" ရှောင်ဟုန်က နာနာခံခံပြန်ဖြေလာ၏။

အန်လင်းက ဆက်မပြောမီတွင် လည်ချောင်းရှင်းလိုက်၏။ "အဲ့ဒီဘုန်းကြီးတွေက နေမင်းကြီးကို ပိုပြီး ကိုင်းရှိုင်းတယ်လို့ထင်လား ဒါမှမဟုတ် မင်းက နေမင်းကြီးရဲ့ ပိုပြီးထက်သန်တဲ့ ကိုးကွယ်သူလို့ထင်လား။"

"အဲ့တာက သေချာပေါက် ငါပေါ့လို့။ သူတို့က ငါက ဆင့်ခေါ်ထားတဲ့ နေမင်းရဲ့ ကိုယ်စားလှယ်တွေလေ။ အဲ့တော့ သူတို့က ငါ့ရဲ့ဆန္ဒကို အနေအထားတစ်ခုအထိ ကိုယ်စားပြုတယ်လေ။" ရှောင်ဟုန်က ခေတ္တမျှ တွေးတောပြီးနောက်ပြန်ဖြေလာ၏။

"အဲ့တာဆို မင်းက ဘာလို့ နေမင်းရဲ့ ကိုယ်စားလှယ်တွေကို မင်းရဲ့ပုံစံအတိုင်း မယူတာလဲ။ အဲ့တာက နေ့တိုင်း အလင်းနဲ့အစာချက်လုပ်တဲ့ အမျိုးသမီးငယ်လေးက နေမင်းကြီးကို သူ့ရဲ့ ကိုယ်စားလှယ်အဖြစ် ထားတာက ပိုပြီးတော့ မသင့်တော်ဘူးလား။ အဲ့တာက လုံးဝ ပြည့်စုံနေလောက်မှာ။" အန်လင်းက ခွင့်တောင်းလိုက်၏။

"ဒါပေမဲ့..." စိတ်ရှုပ်ထွေးသော အမူအရာက ရှောင်ဟုန်မျက်နှာပေါ်တွင်ပေါ်လာပြီး ပြောလာ၏။ "ငါ... ငါက ထင်တာက ဗလတောင့်တောင့် ဘုန်းကြီးတွေက ပိုပြီး ကြောက်စရာကောင်းသလားလို့လေ..."

အန်လင်းက သူမ၏ စကားလုံးများတွင် မျက်နှာရှုံ့လိုက်ပြီး စကားပြန်မပြောနိုင်တော့ပါပေ။

ကြောက်စရာကောင်းတယ် ဟုတ်လား။ သူတို့က ဒီအတိုင်း ငကြောင်ကောင်တွေနဲ့ တူနေတာပါဟ။

"အဲ့တာက ငါ့ရဲ့အမိန့်ပဲ။ အခုကစပြီး နေမင်းရဲ့ ကိုယ်စားလှယ်တွေကို မင်းရဲ့ ပုံစံအတိုင်း ပြောင်းရမယ်။" အန်လင်းက အမိန့်ပေးလိုက်၏။

သူက သူမ၏ အကြောင်းပြချက်များကို မထိုးဖောက်နိုင်ပေ။ သို့ဖြစ်ပါ၍ သူက သူ့၏ သခင်အဖြစ် အာဏာကို အသုံးပြုကာ ရှောင်ဟုန်ကို သူ့အမိန့်အား လိုက်နာစေလိုက်၏။

"ဟုတ်ပါပြီ...။" ရှောင်ဟုန်က အလိုမကျစွာ နှုတ်ခမ်းကို ကိုက်လိုက်သော်လည်း သူမ၏ ပစ္စည်းကို လေထဲတွင် ဝေ့ယမ်းနေဆဲဖြစ်ကာ ကိုယ်လုံးတီး ဘုန်းကြီးများက သူမ၏ ပစ္စည်းမှ ရှေ့သို့ ထွန်းလင်းလာသော အလင်းရောင်တွင် ပုံစံပြောင်းစပြုလာလေ၏။

အသွင်းပြောင်းခြင်းမှာ ပြီးဆုံးသွားကာ အန်လင်းနှင့် တပိုင်တို့ နှစ်ဦးစလုံးမှာ သူတို့၏ နှလုံးခုန်နှုန်းများ မြင့်တက်လာသည်ကို စတင်ကြုံလာရ၏။

သူတို့က ထူးခြားလှပသော အမျိုးသမီးတစ်ချို့က သူတို့ရှေ့တွင် ကိုယ်လုံးတီးဖြင့် မတ်တပ်ရပ်နေသော ဖမ်းစားနိုင်သည့် မြင်ကွင်း​နှင့် မိတ်ဆက်ခံလိုက်ရ၏။

သူတို့အားလုံးမှာ ရှောင်ဟုန်နှင့် တစ်ပုံစံတည်းရှိပြီး ရွှေရောင်အလင်းတန်းမှ ဖြစ်ပေါ်လာသည်ဖြစ်သော်လည်း သူတို့၏ ရှည်လျားပြီး ဆွဲဆောင်မှုရှိသောခြေတံရှည်များ၊ သေးသွယ်ပြီး လှပသော ခါးလေးများနှင့် လုံးဝန်းပြီး ဖွံ့ဖွံ့ထွားထွား ရင်သားများနှင့် သူတို့မှာ အတော်လေး ရမ္မက်နိုးကြွစေသော မြင်ကွင်းကို ဖြစ်ပေါ်နေစေ၏...။

အန်လင်းနှင့် တပိုင် နှစ်ဦးစလုံးမှာ အတွင်းဒဏ်ရာများ ရရှိလာပြီး နှာခေါင်းသွေးများ လျှံလာကြတော့၏။

သူ ဘာလုပ်သင့်လဲ။ သူက ရှောင်ဟုန်အား နေမင်း၏ ကိုယ်စားလှယ်များကို အဝတ်အစားဝတ်ပေးရန် နောက်ထပ် အမိန့်ပေးသင့်သည်လား။

ဟင်... သူမက သူတို့ကို အဝတ်အစား မဝတ်ပေးလည်းပဲ ပြဿနာရှိတဲ့ ပုံတော့ မပေါ်ပါဘူးလေ...။

မဖြစ်ဘူး။ သူက အကုန်လုံးကို မြင်နေရ၏။ ထိုသည်မှာ သူ့၏ ပြိုင်ဘက်များကလည်း အရာရာကို မြင်နေရသည်ဟု ဆိုလိုခြင်းပင်။

"အဟွတ်၊အဟွတ် ... ရှောင်ဟုန် နေမင်းရဲ့ ကိုယ်စားလှယ်တွေက အဝတ်အစားလဲ လိုတယ်လေ။" အန်လင်းက ဆက်ပြောလာ၏။

"ဟင်... ငါက အဝတ်တွေလဲ ထပ်ထည့်ရမှာလား။ အဲ့တာက အတော်လေး အလုပ်ရှုပ်တာပဲ..." ရှောင်ဟုန်က မကျေမနပ်နှင့် နှုတ်ခမ်းဆူလာ၏။

တပိုင်က ချက်ချင်းပင် ဝင်ပြောလိုက်၏။ "ဒုက္ခအရမ်းများတယ်ဆိုလည်း အဝတ်အများကြီး မထည့်နဲ့လေ။ ဝုတ်..."

ဘန်း...

အန်လင်းက တပိုင်၏ ဦးခေါင်းကို တစ်ချက်ရိုက်ချလိုက်၏။

"မဟုတ်ဘူး။ သူတို့က အဝတ်အစားလိုတယ်။" အန်လင်းက ညှိနှိုင်း၍မရနိုင်သောအမူအရာဖြင့် ပြောလာ၏။

"ဟုတ်တယ် အဝတ်ဝတ်ပေးလိုက်ပါ။ အစ်မကြီး ဟုန်..." တပိုင်က သူ့ခေါင်းတွင် ဘုတစ်လုံးထွက်လာသည်မို့ အလိုက်​သင့်ပြောလာလေ၏။

အန်လင်း၏ အကျပ်ကိုင်မှုအောက်တွင် ရှောင်ဟုန်မှာ ရွေးစရာမရှိတော့ပဲ အဝတ်အစားတစ်ချို့ကို ပုံဖော်ကာ နေမင်း၏ ကိုယ်စားလှယ်များပေါ်သို့ ဝတ်ဆင်ပေးလိုက်ရ၏။

တပိုင်နှင့် အန်လင်းတို့၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုက လင်းလက်လာပြီး မသိမသာဖြင့် နှာခေါင်းမှ သွေးများကို သုတ်လိုက်လေတော့သည်။

"နောက် နေမင်းရဲ့ ကိုယ်စားလှယ်တွေကို ဆင့်ခေါ်ရင် ဒီပုံနဲ့ တစ်ပုံစံတည်းတူပါစေ။ နားလည်ရဲ့လား။" အန်လင်းက ထပ်မံ အမိန့်ပေးလာ၏။

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ နင်က အရမ်း စိတ်ရှုပ်စရာကောင်းတာပဲ။" ရှောင်ဟုန်က မကျေမနပ် ရေရွတ်လိုက်၏။ "ငါ အရမ်းပင်ပန်းနေပြီ။ အဲ့တော့ အခု အနားယူဖို့ သွားတော့မယ်။ နောက်တစ်ခါဆို အရမ်းမှောင်တဲ့ နေရာတွေကို မသွားနဲ့။ ငါကောင်းကောင်းအိပ်လို့မရဘူး။"

အန်လင်းက မျက်လုံးလှန်လိုက်၏။

ထိုသို့ဆိုပါက ရှောင်ဟုန်မှာ တိုက်ပွဲထဲသို့ အမှန်တကယ် ဝင်ပါရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ပတ်ဝန်းကျင်က အရမ်းမှောင်နေသည်မို့ သူမ၏ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးနေသောကြောင့် ဟူ၍ ထွက်ပေါ်လာလေ၏။

ထိုသို့ပြောရင်းမှ မှောင်သော ပတ်ဝန်းကျင်များက ပိုမို၍ အိပ်စက်လို့ ကောင်းသည်မဟုတ်ပေဘူးလား။

သို့သော်လည်း သူမ၏ အလင်းမှာ အစွမ်းထက်သည်မှာတော့ အမှန်ပင်။ ထိုသည်မှာ သူ့၏ အံ့ချီးမီးတောက်များကို ဝါးမျိုနိုင်သော အမှောင်ထုကိုပင် ထွန်းလင်းပေးနိုင်၏။

အနီရောင် အလင်းတစ်ခုက လင်းလက်သွားပြီး ရှောင်ဟုန်က သူမ၏ ပန်းပွင့်ပုံစံသို့ ထပ်မံပြောင်းသွားကာ အန်လင်း၏ အိတ်ကပ်ထဲတွင် အခြေပြန်ချလိုက်ပေ၏။

ရှောင်ဟုန်၏ ဦးခေါင်းထက်မှ နေအဝိုင်းကြီးက ပျောက်သွားသည်နှင့် သူတို့၏ ပတ်ဝန်းကျင်မှာ သိသိသာသာ မှိန်ပြသွားတော့၏။

နေမင်း၏ ကိုယ်စားလှယ်များသည်လည်း ရွှေရောင်အလင်းများအဖြစ်သို့ ပျောက်ကွယ်သွားလေ၏။

အန်လင်းက သူ့အိတ်ကပ်ထဲမှ ပန်းပွင့်နီလေးကို ဆွဲထုတ်လိုက်ပြီး လှပသောအနီရောင် ပွင့်ချပ်များကို ဆိတ်ဆွဲလိုက်၏။ ပွင့်ချပ်လေးမှာ ထိတွေ့ရန် နူးညံ့ပြီ ချောမွတ်ကာ ရှောင်ဟုန်က သူ့လက်အောက်တွင် အနည်းငယ် တုန်ယင်နေပေ၏။

"အခုက ဘာဖြစ်ပြန်တာလဲ။" ချစ်စဖွယ်အသံလေးက မောပန်းသော အရိပ်အယောင်နှင့် ထွက်ပေါ်လာ၏။

"ဘာမှမဟုတ်ပါဘူး။ ငါက မင်းကို အကြာကြီး မထိရသေးလို့ ပြီးတော့ မင်းကြီးပြင်းလာပြီလားဆိုတာ ကြည့်ချင်လို့။" အန်လင်းက အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။

ရှောင်ဟုန်က သူမ၏ အနီရဲရဲ ပန်းပွင့်ခေါင်းကို ခါလိုက်ကာ တိုးတိုးလေး ပြောလာ၏။ "... သခင်၊ နင်က ငါ့ကို ကိုယ်ထိလက်ရောက် စော်ကားနေလား။"

အန်လင်းက မျက်နှာမဲ့လိုက်ပြီး ချင်ချင်းပင် ရှောင်ဟုန်၏ နောက်ကျောကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်၏။

ဒီလောကကြီးက ဘာတွေဖြစ်နေတာလဲ။ သူက သူ့ရဲ့ စိတ်ဝိညာဉ်သာားရဲတွေနဲ့ သံယောဇဉ် ချည်နှောင်ဖို့ ဘာလို့အဲ့လောက်တောင်ခက်ခဲနေရတာလဲ။

အန်လင်းနှင့် တပိုင်တို့နှစ်ဦးလုံးက စိတ်ဝိညာဉ် ဆေးတောင့်များကို သောက်သုံးက ဒဏ်ရာများမှပြန်လည်ကောင်းမွန်ရန် တရားထိုင်လိုက်ကြ၏။

ဤသည်မှာ သူတို့နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန်ရခဲ့သော တစ်ဦးချင်းအလိုက် ကြောက်မက်ဖွယ် စမ်းသပ်မှုပင်ဖြစ်၏။ ဤစမ်းသပ်မှုသည် အန်လင်းအား သုညရာခိုင်နှုန်း အသက်ရှင်နိုင်ချေနှင့် စမ်းသပ်မှုများက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သတိပေးလိုက်ခြင်းလဲ ဖြစ်၏။

ပိုင်လင်း ပြောပုံအရဆိုပါက စမ်းသပ်မှုများမှာ သူရှေ့ဆက်လာသောအခါ ပို၍ခက်ခဲလာပေလိမ့်မည်။ နောက်ထပ် စမ်းသပ်မှုက မည်မျှအထိ ခက်ခဲမည်နည်း။ ရှောင်ဟုန်က ဝင်ရောက်ဖြေရှုင်းခဲ့သည်မှာ ဘုရားမသည်ပင်။ သို့မဟုတ်ပါက ပြီးခဲ့သည့် စမ်းသပ်မှုကို ကျော်ဖြတ်ရန် မည်သည့်တန်ကြေးပေးရမည်ကို မသိပါပေ။

တပ်ဆုပ်ရန် အတွေးများက အန်လင်း၏ နှလုံးသားထဲသို့ စတင်ဝင်ရောက်လာ၏။

သူတို့မသိလိုက်ခင်မှာပင် တစ်နေကုန်သွားလေပြီ။

ဆေးတောင့်များ၏ အကူအညီကြောင့် အန်လင်းနှင့် တပိုင်မှာ သူတို့၏ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

"အစ်ကိုကြီး အန်၊ မင်းက ရှေ့ဆက်သွားအုံးမှာလား။ ဝုတ်..." တပိုင်က မေးလာ၏။

ချီတုံချတုံဖြစ်သော အမူအရာက အန်လင်းမျက်နှာပေါ်တွင်ပေါ်လာ၏။ သူတို့က ရှေ့ဆက်သွားသင့်လား။

သူက အစပိုင်းတွင် တွေးထားသည်မှာ သူ့၏ လက်မထက်တွင် မည်သည့် အစွမ်းထက်စမ်းသပ်မှုပဲလာလာ ကျော်ဖြတ်ပစ်မည်ဟူ၍ပင်။ သို့သော် ထိုသည်မှာ ယခုတွင်တော့ ကျိုးကြောင်းသင့်လျော်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပုံမရတော့ပါပေ။ သူ့၏ ခွန်အားကို အကျိုးမဲ့ အသုံးပြုရမည့် အချက်များ အလွန်များလွန်းနေ၏...။

"တပိုင်၊ အဲ့တာက အတော်လေး အန္တရာယ်များလာပြီကွ။ မင်းက အပျက်အစီးထဲက အရင်ထွက်ပြီး ကျန်တဲ့ စမ်းသပ်မှုတွေကို ငါတစ်ယောက်တည်းလုပ်ရင်ရော ဘယ်လိုထင်လဲ။" အန်လင်းက အများအပြားတွေးပြီး နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏။

သူက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပါက ခရမ်းကြယ်စင် အပျက်အစီး၏ အမွေများကို လက်ခံရန် မဖြစ်နိုင်တော့ပါ။ သို့ဖြစ်ပါ၍ သူက ထိုးဖောက်မှုကို မပြုလုပ်ခင် အခွင့်အရေးကို ဖမ်းဆုတ်ကာ စွန့်စားမှု ပြုလုပ်သင့်သည်ဟု ခံစားရ၏။ ကျင့်ကြံခြင်း လမ်းကြောင်းမှာ အန္တရာယ်များနှင့် ဗျာများလှ၏။ ဤသည်မှာ ကျင့်ကြံသူ၏ တာအိုနှလုံးသားကို သန်မာလာစေပြီး သူတို့အား ရှေ့သို့တိုးတက်စေသည်မှာ ထိုအန္တရာယ်များဖြစ်သည်မှာ အတိအကျပင်။

"အစ်ကိုကြီး အန်၊ ငါ့ကို ဘယ်လို ခွေးအဖြစ်ခေါ်လာတာလဲ။ ငါက သေဖို့ ကြောက်နေတဲ့လူမျိုးမဟုတ်ဘူး။ မင်းက ဆက်သွားမယ်ဆိုရင် ငါလဲမင်းနဲ့ ဆက်လိုက်မှာပေါ့။" တပိုင်က စိတ်ပိုင်းဖြတ်ကာပြောလာ၏။

အန်လင်းက တပိုင်၏ စကားလုံးများကြောင့် စိတ်လှုပ်ရှားသွားပြီး တပိုင်၏ခေါင်းကို နူးညံ့သောအမူအရာနှင့်ပုတ်ပေးလိုက်၏။ "ဟုတ်ပြီ။ အဲ့တာဆိုလဲ ရှေ့ဆက်သွားကြစို့။"

သတ္ထုဂိတ်တံခါးက ဖြည်းညင်းစွာပွင့်လာပြီး အပြာရောင်လှိုင်းငယ်လေးများနှင့် လှိုင်းခေါင်းတစ်ခု ပေါ်လာ၏။

အန်လင်းနှင့် တပိုင်တို့မှာ လှိုင်ခေါင်းကို ဖြတ်လာပြီးနောက် သွားနေရင်းမှ အပူချိန်သည် တဖြည်းဖြည်းကျဆင်းလာသည်ကို ခံစားရ၏။

အဆုံးတွင်တော့ သူတို့နှစ်ဦးစလုံးမှာ လှိုင်ဂူသဖွယ် နေရာလပ်ကြီဆီသို့ ရောက်လာ၏။

နေရာလပ်တပ်ခုလုံးကို အဖြူရောင် နှင်းနှင့်ရေခဲတစ်လွှာဖြင့် ဖုံးအုပ်ထားပြီး သူတို့နှစ်ဦမှာ အေးခဲနေသော အပူချိန်ကြောင့် ခိုက်ခိုက်တုန်လာတော့၏။ အခန်း၏တခြားတစ်ဖက်တွင် အပြာရောင် သလင်းကျောက်တစ်တုံးရှိလေ၏။ ကျောက်တုံးမှာ အလွန်တောက်ပသော အလင်းကို ထုတ်လွင့်ကာ အပြာရောင်လှိုင်းငယ်လေးများက ထိုအရာ၏မျက်နှာပြင်ပေါ်တွင် ပြေးလွှားနေပြီး အန်လင်းနှင့် တပိုင် အခုလေးတင် ဖြတ်လာသော လှိုင်းဂူနံရံမှ အပြာရောင်လှိုင်းငယ်များနှင့် တူလေ၏။

"အထူးမြူနှင်း စမ်းသပ်မှုမှ ကြိုဆိုပါသည်။ အပြာရောင် သလင်းကျောက်ဆီသို့သွား၍ သင့်၏ သက်ရှိစွမ်းအင်ကို ထိုသွင်းကာ ဤစမ်းသပ်မှုကို ကျော်ဖြတ်ပါ။ ရှေ့က အစမ်းသပ်ခံများ၏ အချက်အလက်များအရ ဤစမ်းသပ်မှုအတွက် အသက်ရှင်နိုင်ချေမှာ သုညဖြစ်ပါသည်။ ဤစမ်းသပ်မှု အောင်မြင်စွာပြီးဆုံးပါက သင့်အား လေဟာနယ်အေးခဲခြင်းအမွေကို ပေးအပ်ပါမယ်။ သင် ဤစမ်းသပ်မှုကိုလက်ခံပါသလား။" ပိုင်လင်း၏ အသံက အခန်းထဲမှ ထွက်လာ၏။

အန်လင်းက ထိုညွှန်ကြားချက်များကိုကြားသောအခါ ဖျက်ဆီးခြင်း စမ်းသပ်မှုကို ချက်ချင်းပင် သတိရသွား၏။ ထိုအချိန်တုန်းက စမ်းသပ်မှုကို ကျော်ဖြတ်ရန်အတွက် သူသည် တံတား၏အဆုံးတွင်ရှိသော အဖြူရောင် ဘောလုံးဆီသို့ သူ့၏ သက်ရှိစွမ်းအင်ထိုးသွင်းရန်လိုအပ်၏။

ဤစမ်းသပ်မှုကို ဖြတ်သန်းရန် အခြေအနေများမှာ ထိုဖျက်ဆီးခြင်း စမ်းသပ်မှုနှင့် အလွန်ဆင်တူလှ၏။ သို့ဖြစ်ပါ၍ သေချာပေါက်ပင် လွယ်ကူသော လုပ်ငန်းဖြစ်မည် မဟုတ်ပါ။ သူက ဖျက်ဆီးခြင်း စမ်းသပ်မှုကို သူ့၏ ဖရိုဖရဲ သတ္ထုအုတ်ခဲအား ပါးနပ်စွာ အသုံးပြုခြင်းဖြင့် ကျော်ဖြတ်နိုင်ခဲ့၏။ ဤစမ်းသပ်မှု၌ရော သူက မည်သည်ကို ပြုလုပ်ရမည်နည်း။ အခန်း၏ တခြားဘက်သို့ သူ့၏ လမ်းကြောင်းအား တွန်းအားပေးလုပ်ဆောင်၍တော့ မရလောက်ဘူး မဟုတ်ပေလား။

ဤစမ်းသပ်မှု၌ မည်သည့်အန္တရာယ်များ ပါရှိ​နေမည်ကို သူမသိပါချေ။ သို့ဖြစ်ပါ၍ သူက အတော်လေး သတိထားရပေမည်။

အန်လင်းက သူ့၏ ဖရိုဖရဲသတ္ထုအုတ်ခဲနှင့် မိစ္ဆာရှင်းဓားကို ထုတ်ယူလိုက်၏။ သူက စမ်းသပ်မှုမစခင်တွင် သူ့ကိုယ်သူအတတ်နိုင်ဆုံး အကောင်းဆုံးအခြေအနေသို့ရောက်အောင် ပြင်ဆင်ထားလိုက်၏။

"စမ်းသပ်မှု စလိုက်ရအောင်။"

စမ်းသပ်မှု စတင်သည်နှင့် အပြာ​ရောင် သလင်းကျောက်က ချက်ချင်းပင် မျက်စိကြိမ်းစေလောက်သော တောက်ပမှုနှင့် လင်းလက်စပြုလာလေ၏။

အလွန်အမင်း အေးစက်လှသော အရှိန်အဝါက အန်လင်းဆီသို့ သိသိသာသာ အရှိန်ဖြင့် တိုးဝင်လာတော့၏။

***

All Chapters