← Chapters

သဲလွန်စ မရှိ

Vol. 167 Ch. 2387

သဲလွန်စ မရှိ

Vol. 167 Ch. 2387

“ ဆက်သွယ်လို့ မရဘူး …..”

လင်းရီ သူ့ကိုယ်သူ ရေရွတ်လိုက်ရင်း ရင်ဘက်ထဲ မကောင်းသည့် ခံစားချက်တို့ လေးပင်လာနေမိ၏။

“ ကဲ … စတူးလိုက်ကြစို့ ….”

သူ့လုပ်ဖော်ကိုင်ဖက်များက တူရွင်းပြားများ ကိုင်ရင်း မြေကြီးကို စတင် တူးဆွကြတော့သည်။

လင်းရီသည် ဘေးဘက်ခြမ်းသို့‌ လျှောက်သွားခဲ့ပြီး မြေပြင်တွင် ပစ်ထားသည့် သစ်သားပြားတစ်ချပ်ကို မြင်တွေ့လိုက်ရ၏။ သူ့ဖုန်းမီးကို ၎င်းအပေါ် အလင်းရောင်ပေးလိုက်တော့ ဆေးနီဖြင့် ရေးခြယ်ထားသည့် ‘မာဟိုင်ချန်’ဆိုသည့် စကားလုံးကို မြင်တွေ့လိုက်ရသည်။

အနီရောင် ဆေးရည်စက်များက အောက်သို့ စီးကျနေပြီး ကြောက်မက်ဖွယ်ရာ သွေးစက်များနှင့် ရေးခြယ်ထားသည့်နှယ် ထိတ်လန့်ဖွယ်ရာလည်း ကောင်းနေခဲ့သည်။

လင်းရီ လက်ဆန့်တန်းပြီး ဆေးကို ထိကြည့်လိုက်တော့ ဆေးသားက ခြောက်နေလေပြီ။ ဤစာရေးထားသည်မှာ အနည်းဆုံး ၂၄ နာရီခန့်တော့ ရှိလောက်မည်။ မဟုတ်လျှင် ဆေးသားက ဤမျှ အလုံးစုံ ခြောက်သွေ့နေမှာ မဟုတ်ချေ။

“ ဖန်းကျစ်ဖျင် …”

လင်းရီ လက်ဝှေ့ယမ်းပြီး လှမ်းခေါ်လိုက်သည်။

ကူရိရန်ဘေးနားတွင် မတ်တပ်ရပ်နေသည့် ဖန်းကျစ်ဖျင်က လင်းရီ၏ အသံကိုကြားတော့ သူ့ထံသို့ ခပ်သွက်သွက် လမ်းလျှောက်လာခဲ့၏။

သူ့ပုံစံက အနည်းငယ်လည်း ကြောက်လန့်နေပုံပေါ်သည်။

“ အရာရှိလင်း ….”

“ မင်း အဘိုးရဲ့ အုတ်ဂူက ဘယ်နားလေးမှာလဲ ….”

ဖန်းကျစ်ဖျင်က လင်းရီနောက်ကျောဘက်သို့ ညွှန်ပြလိုက်ပြီး “ မြောက်ဘက် အရပ်မှာပါ အရာရှိလင်း … ဒီနဲ့ နှစ်မီတာကျော်လောက်မှာပါ ….”

“ မင်း ပြန်တဲ့လမ်းမှာ ဒီနေရာကို ရှာတွေ့ခဲ့တယ်လို့ ကြားမိတယ် … အမှန်ပဲလား …”

“ ဟုတ်ကဲ့ ….”

“ ဒါဆို အလာတုန်းကကျတော့ ဘာလို့ မမြင်ခဲ့တာလဲ ….”

“ ကျွန်တော်လည်း အဲ့တာကို ထူးဆန်းနေတာ ….” ဖန်းကျစ်ဖျင် ပြောလိုက်ပြီး “ ကျွန်တော် ဒီလာတုန်းက ည ၇ နာရီ ရှိနေပြီ … ဒါပေမယ့် ဘာမှ သတိမထားမိဘူး … အဲ့နောက် ကျွန်တော့် အဘိုးရဲ့ အုတ်ဂူမှာ သုံးလေးနာရီလောက် ထိုင်နေတယ် … ဒါပေမယ့် ပြန်မယ်လုပ်တော့ ဒီဥစ္စာကို မြင်လိုက်ရတာပဲ ….”

“ ငါတို့ အဲ့အကြောင်း ပြောပြီးသွားပြီ ….” ကူရိရန် ပြောလိုက်ပြီး “ အဲ့ဒီ အချိန်ပိုင်းလေးအတွင်းမှာ တစ်ယောက်ယောက်က သစ်သားဆိုင်းဘုတ်ကို ဒီနေရာမှာ ရည်ရွယ်ချက်ရှိရှိ လာထားတာလားမှ မသိတာ … အမှောင်ထဲမှာဆိုတော့ မြင်ဖို့လည်း လွယ်မှမလွယ်တာ ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ ကူရိရန် ပြောသည်က ဖြစ်နိုင်ချေ ရှိ၏။

“ မင်း အုတ်ဂူမှာ ဒီတိုင်း ထိုင်ပဲ ထိုင်နေခဲ့တာလား ….”

“ တစ်ချိန်လုံး ထိုင်နေတာတော့ ဘယ်ဟုတ်မှာလဲဗျာ …”

ဖန်းကျစ်ဖျင်က ကိုးရို့ကားယား ပြုံးလိုက်ပြီး “ ကျွန်တော်နဲ့ အဘိုးက ဆက်ဆံရေး အတော်လေး ကောင်းတယ်လေ … ဒါကြောင့်မို့လည်း သူ့အတွက် ဒီလာပြီး စက္ကူတစ်ချို့ မီးလာရှို့ပေးတာ … ဒါပေမယ့် ရွာရဲ့ ထုံးစံအတိုင်းဆိုရင် အုတ်ဂူမှာ သုံးနာရီလောက် နေပေးရတယ် … မီးရှို့ပေးပြီးတော့ ကျွန်တော်လည်း ဖုန်းခဏ ကြည့်နေခဲ့သေးတယ် … ၁၁ နာရီဝန်းကျင်လောက်ရောက်တော့ ပြန်ဖို့ သင့်ပြီ ထင်တာနဲ့ ပြန်မယ်လုပ်လိုက်တာ ဒီခုလိုတွေ ဖြစ်လာခဲ့တာပဲ …”

“ တောထဲကို ညထဲလာပြီး အုတ်ဂူစောင့်ပေးရတာ မင်း မကြောက်ဘူးလား ….”

“ အရမ်းကြီးလည်း မကြောက်ပါဘူး ….”

“ ဘာလို့ဆိုတော့ ဒီနေရာကို ကျွန်တော့်အဖေက သူအနားယူပြီးတဲ့နောက်မှာ ဝယ်ထားတာလေ … ကျွန်တော့်ဘိုးဘွားတွေရဲ့ အုတ်ဂူတွေကလည်း ဒီမှာပဲ … ကိုယ့်မိသားစုချင်းမှတော့ ကြောက်စရာ ဘယ်ရှိမှာ ….”

ပြောဆိုပြီးနောက် ဖန်းကျစ်ဖျင်က လင်းရီ၏ နောက်ကျောဘက်သို့ တစ်ဖန် ပြန်ညွှန်ပြလိုက်သည်။ “ မြောက်ဘက်ကို ဦးတည်သွားရင် ကျွန်တော့် အဘိုး အုတ်ဂူနဲ့ မီတာငါးဆယ်လောက် အကွာမှာ ဟိုင်းဝေးလမ်းတစ်ခု ရှိတယ် … အဲ့မှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ ကားမီးတွေလည်း မြင်နေရတာဆိုတော့ ကြောက်စိတ်ကို ပိုပြီးတော့တောင် လျော့နည်းသွားစေသေးတယ် ….”

ဖန်းကျစ်ဖျင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရီလည်း ယုတ္တိရှိသည်ကို ခံစားလိုက်ရသည်။

သံသယဖြစ်စရာ မရှိသည့်ပုံပင်။

“ အစ်ကိုဟွေ့ .. ကျွန်တော်တို့ တူးမိပြီ …”

ဤစကားကြားတော့ လင်းရီနှင့် ကူရိရန်တို့ အမြန် ပြေးလွှားသွားလိုက်ကြ၏။

စပေါ့လိုက်မီးက အောက်ဘက် တစ်မီတာနက်သည့် ကျွင်းပေါက်ထဲသို့ မီးအလင်းရောင် ထိုးထားပြီး အညစ်အကြေးများ ဖုံးလွှမ်းနေသည့် လူတစ်ယောက်က ၎င်းအောက်ခြေတွင် လဲလျောင်းနေသည်။

မျက်ခုံးနှစ်ဖက် ပူးကပ်သွားသည်အထိ လင်းရီ မျက်မှောင်ကြုတ်မိသွားခဲ့၏။

အောက်ခြေတွင် လဲလျောင်းနေသည့်လူက ကိုယ်ကို မျက်နှာမှောက်လျက် လဲလျောင်းနေသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကို ကြည့်ရသလောက်ကတော့ မာဟိုင်ချန် ဖြစ်နေဖို့ရာ ရာခိုင်နှုန်း အတော်လေးများသည်။

“ သတိထားကြ … အလောင်းကို အပေါ်တင်မယ် …” ကျန်းဟွေ့ ကျယ်လောင်စွာ သတိပေးလိုက်သည်။

မကြာမီ အလောင်းကို တွင်းနက်ကြီးထဲက မထုတ်လိုက်ကြ၏။

“ ဒါက ….”

အလောင်းကို မြင်တော့ လူတိုင်း ရှော့ခ်ရသွားခဲ့ကြ၏။

အလောင်းက မာဟိုင်ချန်၏ အလောင်းပင်။ သို့သော် ယင်းက သူတို့ ရှော့ခ်ရသွားရသည့် အကြောင်းအရင်း မဟုတ်သေးပေ။

ဘာကြောင့်ဆိုတော့ မာဟိုင်ချန်၏ နှုတ်ခမ်းတွင် အဖြူရောင် အမွှေးအနည်းငယ်က ကပ်တင်ကျန်ရစ်နေလျက် ရှိသောကြောင့် ဖြစ်၏။

ရုတ်တရက်ဆိုသလို လူတိုင်း မကောင်းသည့် ခံစားချက်များ ရရှိလိုက်ကြသည်။

လင်းရီသည် ညှပ်ဖြင့် အဖြူရောင် အမွှေးများကို ယူလိုက်ပြီး လေသံခပ်ဖျော့ဖျော့ဖြင့် “ တကယ်လို့ ထင်မှတ်မထားတာတွေ ဖြစ်မလာဘူးဆိုရင် ဒါတွေက မြေခွေးအမွှေးတွေ ဖြစ်နိုင်လောက်တယ် ….”

ဘုတ် …

ဖန်းကျစ်ဖျင် မြေပေါ်သို့ ဘုတ်ခနဲ လဲကျသွားခဲ့၏။ သူ့မျက်လုံးများမှာ ပြူးကျယ်နေပြီး ပါးစပ်မှာလည်း ပွင့်အာလို့နေသည်။ သူ့ပုံစံကြည့်ရသည်မှာ ကြီးစွာ ထိတ်လန့် တုန်လှုပ်သွားဟန်ရသည်။

“ လျှောက်ပြီး ကောက်ချက်ချမနေနဲ့ဦး … တစ်ခြားအကြောင်းအရင်း တစ်ခုခုကြောင့် သေသွားတာလည်း ဖြစ်နိုင်တာပဲ ….”

“ အင်း … ဟုတ်လောက်မှာပါ ….”

ဆေးမှုခင်း ဆရာဝန် မရှိသည့် အတွက် ၊ လင်းရီက ၎င်းနေရာကို ယာယီ ဝင်ယူထားလိုက်သည်။

မာဟိုင်ချန်၏ အဝတ်အစားများက တွန့်ကြေနေပြီး အင်္ကျီကြယ်သီး နှစ်လုံးက ပျောက်နေခဲ့၏။ မျက်နှာနှင့် လက်များတွင်လည်း အတိုင်းအတာတစ်ခုထိအောင် ထိခိုက်ဒဏ်ရာရထားသည့် အသေးစား အနာတရတို့ ရှိနေသည်။

ဤသည်များက မသေခင် ရုန်းကန်ခဲ့သည့်အတွက် ကျန်ရစ်ခဲ့ရခြင်း ဖြစ်ရမည်။

လက္ခဏာရပ်များအားလုံးကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် မာဟိုင်ချန်သည် လူသတ်သမား၏ နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ဆို့ထားမှုကြောင့် အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ဟန်ရသည်။

သို့သော် မကြာမီမှာပဲ ပုံမှန်မဟုတ်သည့် အရာတစ်ခုခုကို လင်းရီ မြင်တွေ့လိုက်ရ၏။

ဖန်းတရဲ့နှင့် မတူညီပါဘဲ မာဟိုင်ချန်၏ အဆုံးသတ်က ပို၍ စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းနေသည်။

သူ့ခြေထောက်များကလည်း ရိုက်ချိုးခံထားရပြီး လင်းရီ ညင်သာစွာ ထိတို့ကြည့်လိုက်တော့ ဒူးဆစ်ရိုးတို့က လုံးဝ ကျိုးအက်နေသည်ကို ခံစားလိုက်ရသည်။

“ ခန္ဓာကိုယ် အခြေအနေကို ကြည့်ရသလောက် လွန်ခဲ့တဲ့ ငါးနာရီလောက်တုန်းကတုန်းက သေသွားခဲ့တာ ဖြစ်ရမယ် …” လင်းရီ ပြေလိုက်သည်။

“ တစ်နည်းဆိုရရင် ည ၆ နာရီလောက်တုန်းက ဆုံးသွားခဲ့တာပဲ … အဲ့နောက် မကြာခင်မှာပဲ ဒီမှာ လာမြုပ်ခံထားရတယ် … ဖန်းကျစ်ဖျင် ရောက်လာခဲ့ပေမယ့် သတိမထားမိခဲ့ဘူး … အဲ့နောက်မှာ လူသတ်သမားက လာပြီး ဆိုင်းဘုတ်ချန်သွားခဲ့တာပဲ … လူသတ်သမားရဲ့ အစီအစဉ်ကလည်း ပြီးမြောက်သွားပြီ ….”

“ ဒါပေမယ့် သူ့ အခြေအနေက ဖန်းတရဲ့ထက်ကို ပိုဆိုးတယ် …” လင်းရီသည် မာဟိုင်ချန်၏ ခန္ဓာကိုဘ်ကို လက်ညှိုးထိုးပြလိုက်ပြီး “ သူ မသေခင် လူသတ်သမားက ခြေထောက်ကို ရိုက်ချိုးထားပြီးတော့မှ အသက်ရှူကြပ်ပြီး သေအောင် လုပ်ခဲ့တာပဲ ….”

လူတိုင်း တိတ်ဆိတ်သွားခဲ့ကြ၏။ အထူးသဖြင့် လင်းရီကို စိုက်ကြည့်နေသည့် ကူရိရန်ပင်။

ဘာကြောင့်ဆိုတော့ သူတို့နှစ်ယောက်လုံးက အဘွားစွန်း ပြောခဲ့သည့် စကားလုံးများကို ရှင်းရှင်းလင်းလင်းကြီး အမှတ်ရနေသောကြောင့်ပင်။

ဖန်းတရဲ့ တစ်ယောက်တည်း မဟုတ်ဘူး … မာဟိုင်ချန်လည်း သေမှာ …

တကယ့်ကို ထိုအတိုင်းပဲ သုံးရက် မပြည့်မီ အချိန်အတွင်း၌ မာဟိုင်ချန်သည်လည်း သေသွားခဲ့၏။

သူ့နှုတ်ခမ်းထဲတွင် မြေခွေးအမွှေးများ ရှိနေပြီး ဤဖြစ်စဉ်က ထူးဆန်းလွန်းလှသည်။ အဘွားစွန်းနှင့် ဆက်စပ်နေခြင်း မရှိပါဟု ပြောမည်ဆိုပါက မည်သူကမျှ ယုံကြည်ပေးနိုင်မှာ မဟုတ်ချေ။

“ ဒီကိစ္စတွေ ရုံးရောက်မှပဲ ပြန်ပြီး ဆွေးနွေးကြတာပေါ့ … အလောင်းကို ပြန်သယ်သွားဖို့ ငါ ကားခေါ်လိုက်မယ် …” ကျန်းဟွေ့ ပြောလိုက်သည်။

“ ရိရန် … မင်းက သေသွားတဲ့လူရဲ့ မိသားစုကို ဆက်သွယ်လိုက် … အခြေအနေကို ပိုပြီး နားလည်နိုင်အောင် သူတို့ဆီ သွားလည်ရဦးမှာ ….”

“ အိုကေ ….”

အခင်းဖြစ်ပွားရာနေရာတွင် အလုပ်ပြီးစီးတော့ လူတိုင်းလည်း နောက်ဆက်တွဲကိစ္စရပ်များအတွက် ပြင်ဆင်ကြတော့သည်။

အစ်ကိုဟွေ့ … မိသားစုကို ဆက်သွယ်ထားပြီးပြီ … သွားကြရအောင် ….”

“ အိုကေ … သွားစို့ ….”

မာဟိုင်ချန်က ရှန်းရှန်ရွာတွင် အိမ်တစ်လုံး ရှိထားသော်လည်းပဲ ရံဖန်ရံခါမှသာ နေလေ့ရှိသည်။ အချိန်အများစုတွင်တော့ မြို့ထဲမှာပဲ နေသည်။

မာဟိုင်ချန်၏ အိမ်က ရှင်းရှန်း ရဲစခန်းနှင့် သိပ်မဝေးလှပေ။

သူမ၏ ခင်ပွန်းဖြစ်သူ မာဟိုင်ချန် သေဆုံးသွားခဲ့ကြောင်း သတင်းကြားလိုက်ရတော့ ဇနီးသည် စွန်းရွှယ်မှာ ယူကျုံးမရဖြစ်စွာ ငိုကြွေးနေတော့၏။

“ ဘာတွေ ဖြစ်နေတာလဲ အရာရှိကြီးရယ် … ကျွန်မယောက်ျားက ဘာလို့ ဒီလိုမျိုး ဖြစ်သွားခဲ့ရတာလဲ ….”

“ အကြောင်းအရင်းကိုတော့ ကျွန်မတို့လည်း စုံစမ်းနေပါတယ် … ကျေးဇူးပြုပြီး စိတ်ကို တည်ငြိမ်အောင် ထားပါဦး …” ကူရိရန်က ရှေ့သို့ထွက်လာ၍ စွန်းရွှယ်ကို နှစ်သိမ့်ပေးလိုက်ပြီး “ ကျွန်မတို့တွေ အခြေအနေကို စုံစမ်းနိုင်အောင် ရှင့်ကို မေးခွန်းနည်းနည်းပါးပါး မေးဖို့ လိုတယ် … ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ် ….”

“ ရပါတယ် … ကျွန်မ ပူးပေါင်းပေးပါ့မယ် …” စွန်းရွှယ် မျက်ရည်များအားသုတ်ပြီး စိတ်အားတင်းကာ ပြောလိုက်သည်။

ကူရိရန်က စုံစမ်းမေးမြန်းနေစဉ် လင်းရီကတော့ အခန်းကို ပတ်ပတ်လည် တစ်ချက် ကြည့်လိုက်သည်။

မာဟိုင်ချန်၏ အိမ်က မသေးပေ။ စတုရန်းမီတာ ၁၅၀ ကျော် ကျယ်ဝန်းပြီး ယခုလို ပတ်ဝန်းကျင်မျိုးတွင် မြေဈေးကို တွက်ချက်ကြည့်လိုက်မည်ပါက အိမ်၏ တန်ဖိုးပါ ယွမ် ဆယ်သန်း နီးပါးခန့်မျှ ရှိ၏။

ဖန်းတရဲ့နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သူ့ဘဝအခြေအနေမှာ လုံးဝကို မတူညီသည့် အဆင့်တွင် ရှိနေသည်။

အိမ်ပတ်ပတ်လည်ကို လင်းရီ လျှောက်ကြည့်နေစဉ်မှာပဲ စာကြည့်ခန်းထဲ၌ ဘုရားစင်သေးသေးလေး တစ်ခုကို မြင်တွေ့သွားခဲ့ပြီး လတ်ဆတ်သည့် သစ်သီးတစ်ချို့ကို ကပ်လှူပူဇော်ထား၏။

ဤမြင်ကွင်းကိုမြင်တော့ လင်းရီလည်း ဖန်းတရဲ့အကြောင်း တွေးတောမိသွားခဲ့သည်။

သူတို့နှစ်ဦးလုံးက ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြဟန်ပင်။

All Chapters