ရဲအရာရှိဆို ဖရီး
Vol. 167 Ch. 2389
ထိုအကြောင်း တွေးတောမိတော့ လင်းရီသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်သွားခဲ့သည်။
သူ့အမြင်တွင်တော့ ဤသည်ကလည်း အခြားသော ဝင်ပေါက်လမ်း တစ်ခု ဖြစ်နေနိုင်သည်။
မသိလိုက်ခင် အချိန်မှာပဲ နှစ်ယောက်လုံး အိပ်မောကျသွားခဲ့ကြပြီး နောက်တစ်နေ့ နံနက်ခင်း ဆယ်နာရီကျော်တော့မှသာ အိပ်ရာက နိုးလာခဲ့ကြသည်။
ကူရိရန်နှင့်အတူ မနက်စာ စားနေစဉ်တွင် လင်းရီသည် အိမ်သို့ ဖုန်းခေါ်၍ ကျီချင်းရန်နှင့် စကားခေတ္တ ပြောလိုက်သည်။ ပြီးနောက် ရဲစခန်းသို့ ထွက်လာခဲ့ကြ၏။
ရာဇဝတ်မှု စုံစမ်းရေးဌာနက အတော်လေး အလုပ်များနေပြီး လူတိုင်းကလည်း မောပမ်းရကောင်းမှန်း မသိအောင်ကို ဟိုဟိုဒီဒီ ပြေးလွှားရင်း အလုပ်ရှုပ်နေကြ၏။
“ အစ်ကိုဟွေ့ … ဘာသဲလွန်စတွေ ရသေးလဲ ….”
သူ့ဘေးရှိ ကျူးကျွင်းချီက ပြုံးလျက် “ ဒီသဲလွန်စကတော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ် … မြင်လိုက်တာနဲ့ နားလည်သွားလိမ့်မယ် …”
ကျူးကျွင်းချီက ဓာတ်ပုံတစ်ထပ်ကို လှမ်းပစ်ပေးလိုက်၏။ ကူရိရန်လည်း ကောက်ကိုင်ကြည့်လိုက်ပြီး လင်းရီလည်း အနားသို့ ကပ်ကာ ကြည့်လိုက်သည်။
ဓာတ်ပုံကို မြင်တော့ နှစ်ဦးလုံး၏ မျက်နှာထက်တွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာများ ဖြစ်ပေါ်လာသည်။
ပုံက အနံတူ၊ အနက်တူ ၊ သုံးလေးစင်တီမီတာခန့် ကျယ်ဝန်းသည့် ကျင်းအသေးစားလေးများဖြစ်ပြီး မည်သည့်အရာတွေဖြစ်လဲဆိုတာကို ပြောဖို့ရာ လုံးဝ မဖြစ်နိုင်ပေ။
“ ဒါကို အခင်းဖြစ်တဲ့ နေရာမှာ ရိုက်ထားတာ … နည်းပညာဌာနက စစ်ဆေးကြည့်ပြီးတော့ တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ ခြေရာတွေ ဖြစ်မယ်ဆိုပြီး ကောက်ချက်ချလိုက်ကြတယ် … အမှုကလည်း ရှန်းရန်ရွာရဲ့ အမှုဆိုတော့ မင်းတို့ပြောကြည့် … ဒါ ဘာတိရစ္ဆာန် ဖြစ်မယ်ထင်လဲ ….”
“ မြေခွေး ….”
နှစ်ဦးလုံး သံပြိုင် ဖြေမိလိုက်ကြ၏။
“ အခင်းနေရာမှာ ဘယ်လူ့ခြေရာမှတော့ မမြင်မိဘူး … သူတို့တွေ အစောကြီးကတည်းက ဖုံးသွားခဲ့ကြတာလားတော့ မပြောတတ်ဘူး … ဒါပေမယ့် ဒါကတော့ ကျန်နေရစ်ခဲ့တာပဲ ….” ကျူးကျွင်းချီက ထိုင်ခုံသို့ မှီရင်း ပြောလိုက်ပြီးနောက် သူ့ဘာသူ ရေရွတ်လိုက်၏။ “ ဒီကိစ္စက ရှန်းရန်ရွာကို ပျံ့နှံ့သွားပြီး မြေခွေးက လူသတ်လိုက်တယ်ဆိုပြီး နာမည်ကြီးနေတယ် … လူတွေလည်း အတော်လေးကို ကြောက်လန့်နေကြပြီ … အပြင်ကိုတောင် ခြေတစ်လှမ်း မထွက်ရဲကြတော့ဘူး ….”
“ လူသတ်သမားက တော်တော်လေးကို ပုံမှန်မဟုတ်ဘူးပဲ … လူတွေကို ဒါမျိုး လာကစားနေတယ် …” ကူရိရန် ပြောလိုက်၏။
လင်းရီသည် ဓာတ်ပုံကို ကောက်ကိုင်၍ နောက်တစ်ကြိမ် သေချာပြန်ကြည့်လိုက်သည်။
“ ဒီရဲ့ ခြေရာတွေအပြင် အခင်းနေရာမှာ တစ်ခြား ဘာတွေ ထပ်တွေ့ရသေးလဲ … သစ်သားပြားပေါ်မှာရော … သံသယဖြစ်ဖို့ကောင်းတဲ့ လက်ဗွေရာတွေ မကျန်နေဘူးလား ….”
ကျူးကျွင်းချီက စီးကရက်ကို ကိုင်ထားရင်း ခေါင်းခါယမ်းလိုက်သည်။
“ ဘာမှကို မကျန်ခဲ့ဘူး … ငါ လောင်ကျန်းနဲ့ တိုင်ပင်ကြည့်ပြီးသွားပြီ … လူသတ်သမားက တန်ပြန်စုံစမ်းထောက်လှမ်းရေးမှာ အတော်လေး အားကောင်းတဲ့ လူစားမျိုး ဖြစ်လောက်တယ် … ငါတို့ထက် လုံးဝ မလျော့ဘူး … ငါတို့တော့ ဒီတစ်ခေါက် တကယ့်လူနဲ့ လာတိုးမိပြီပဲ….”
“ ဒီကောင်က သတ္တိ တော်တော်ကောင်းနေတာပဲ …” လင်းရီ ရေရွတ်လိုက်သည်။
“ မာဟိုင်ချန် သေသွားခဲ့တဲ့ အချိန်က ညနေ ငါးနာရီနဲ့ ခြောက်နာရီကြားမှာ.. ကျင်းကိုက ကြိုတင်တူးထားတာ ဖြစ်ရမယ် … ဒါပေမယ့် အဲ့ဒီအချိန်တုန်းက နေ မဝင်သေးဘူး … လူအဝင်အထွက်လည်း ရှိတယ် … ရွာသားတွေကလည်း သွားနေကြတာပဲ … ဒါကို ပေါ်တင်ကြီး ကျင်းတူးရဲနေတယ်ဆိုတော့ လူသတ်သမားရဲ့ ရဲတင်းချက်ကတော့ ကျုပ်တို့ ထင်ထားတာထက်ကို လွန်နေပြီ ….”
“ ဒီအမှု နှစ်ခုလုံးကို ကြည့်ပြီး ငါ့စိတ်ထဲ ခံစားနေရတာက …” ကျူးကျွင်းချီသည် ထိုင်ခုံနောက်သို့ မှီ၍ “ ငါတို့ကလည်း သူ့ရဲ့ သားကောင်တွေ ဖြစ်နေသလိုမျိုးပဲ ….”
လင်းရီ ပြုံးလိုက်သည်။ “ တကယ်တော့ ခက်တဲ့ အမှုတွေကမှ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ … စိန်ခေါ်မှုများတဲ့ အမှုတွေ ရှိတာကလည်း ကောင်းတာပဲလေ…. မဟုတ်ရင် သည်းထိတ်ရင်ဖိုစရာတွေ ဘယ်ရှိတော့မှာ ….”
“ မင်းကတော့ကွာ ….” ကျူးကျွင်းချီက အားပါးတရ ရယ်မောလိုက်သည်။
“ အစ်ကိုဟွေ့ … ဖန်းတရဲ့ မောင်းသွားတဲ့ ကားကိုရော ရှာတွေ့ပြီလားတဲ့ ….”
“ သဲလွန်စ တစ်ခုလေးတောင် မရှိသေးဘူး … ကားက မြို့လယ်ကို ဦးတည်သွားတာပဲ မြင်လိုက်ရတယ် … ဒါပေမယ့် အဲ့နောက်ပိုင်း ဘယ်ရောက်သွားမှန်း မသိဘူး … အဖျောက်ခံလိုက်ရပြီလားတောင်း မပြောတတ် …”
“ ဟုတ်သား … ကျန်းလုံဆိုတဲ့ကောင်ကို ဒီခေါ်လာခဲ့ပြီ … အခု စစ်ကြောရေး အခန်းထဲမှာ ရှိတယ် … မင်းတို့နှစ်ယောက်က သူနဲ့ စကားပြောဖူးတော့ သွားပြီး မေးမြန်းကြည့်လိုက် …”
လင်းရီခေါင်းညိတ်ပြလိုက်သည်။ “ အိုကေ … ကျုပ် အခုပဲ သွားလိုက်မယ် ….”
ကူရိရန်လည်း ဒီတိုင်း ထိုင်မနေဘဲ လင်းရီနှင့်အတူ လိုက်ပါလာခဲ့သည်။
“ အရာရှိကြီး …. မာဟိုင်ချန် သေသွားပြီလို့ ကြားမိတယ် အဲ့တာ တကယ်ပဲလား … ကောင်းနေရဲ့သားနဲ့ ဘယ်နားက ဘယ်လိုတွေ ဖြစ်ရတာလဲဗျာ …” ကျန်းလုံက မယုံကြည်နိုင်သည့် မျက်နှာထားဖြင့် စိုးရိမ်ထိတ်လန့်စွာ မေးမြန်းလိုက်သည်။
“ ဘာကြောင့်သေသွားလဲတော့ ကျုပ်တို့လည်း သေချာ မသိရသေးဘူး … သူက မနေ့ညနေတုန်းက သေသွားခဲ့တာ … အမှုကို စုံစမ်းနေတုန်းပဲ ရှိသေးတယ် … ဒီနေ့ ခင်များကို ခေါ်လိုက်တယ်ဆိုတာက အခြေအနေကို နားလည်သဘောပေါက်ချင်လို့ပဲ …”
ကျန်းလုံမှာ ပို၍ပင် စိုးရိမ်ကြောင့်ကြလာခဲ့ပြီး အလျင်အမြန် ရှင်ပြလိုက်၏။
“ အရာရှိကြီး … မင်းတို့ လူကောင်းကို မှားပြီး မစွပ်စွဲနဲ့ … ကျုပ်တို့ချင်း မတည့်ခဲ့ကြဘူးဆိုပေမယ့် အခု ဖြေရှင်းပြီးသွားပြီ … ကျုပ်က အပြစ်ကင်းတယ် …”
“ ဘယ်သူကမှလည်း ခင်များကို လူသတ်သမားဆိုပြီး စွပ်စွဲမနေဘူး … ဒီတိုင်း အခြေအနေတစ်ချို့ကို နားလည်သဘောပေါက်ချင်လို့ ခေါ်လိုက်ရုံ သပ်သပ်ပဲ …”လင်းရီ လေးနက်တည်ကြည်စွာ ပြောဆိုလိုက်သည်။
“ ခင်များ မနေ့တုန်းက ဘာတွေ လုပ်နေခဲ့လဲ … ဘယ်နေရာမှာ ရှိနေခဲ့လဲ… အသေးစိတ် ရှင်းပြနိုင်ရင် ပိုကောင်းတယ် ….”
“ နွေဦးရောက်ခါနီးပြီတော့ ကျုပ်လည်း မြို့ပေါ်တက်ပြီး မျိုးစေ့ လာဝယ်နေတာ … မနေ့တုန်းက နည်းနည်း ဝယ်သွားခဲ့ပြီးပြီ .. ဒါပေမယ့် ဝယ်လို့ မပြီးသေးဘူး… ဒါကြောင့်မို့ အဆင်ပြေတဲ့ တည်းခိုးခန်း တစ်ခုခုမှာ ခဏတည်းနေတာ … တစ်ခြား ဘာမှ မလုပ်ခဲ့ဘူး …” ကျန်းလုံ ရှင်းပြလိုက်သည်။
“ တကယ်လို့ အရာရှိကြီးတို့သာ မနေ့ညက ဖုန်းဆက်ပြီး ဒီမနက် ကျုပ်ကို ဒီနေရာလာခဲ့ဖို့ မပြောရင် မာဟိုင်ချန် သေသွားတယ်ဆိုတာတောင် သိသေးဦးမှာ မဟုတ်ဘူး ….”
“ ခင်များ မနေ့ညက တည်းခိုခန်းမှာ ဘာလုပ်နေခဲ့လဲ….”
“ ဘာမှ ထွေထူးမလုပ်ပါဘူး … ဇာတ်ကား နည်းနည်းပါးပါး ကြည့်တယ် … အဲ့နောက် အိပ်တယ် …”
“ မျိုးစေ့ကို ဘယ်မှာ သွားဝယ်တာ …”
“ ကျုံးလုံ တောင်သူဈေးမှာပါ … နှစ်တိုင်းနှစ် အဲ့မှာပဲ မျိုးစေ့ ဝယ်ပါတယ် …”
“ ပြေစာရော ရှိလား … “
“ ဟုတ် ဟုတ် ရှိပါတယ် .. အိတ်ထောင်ထဲမှာပါ …”
ကျန်းလုံက အိတ်ကပ်ထဲ မွှေနှောက်ပြီး တွန့်ကြေနေသည့် ပန်းနုရောင် ပြောစာစာရွက်ကို ထုတ်ပြလာသည်။
“ ဒီမှာပါ ခင်ဗျ ….”
လင်းရီသည် ပြေစာကို ယူ၍ တစ်ချက်ကြည့်လိုက်သည်။ ဘာပြဿနာမျှတော့ မရှိပေ။ သို့သော် အကျင့်အလျှောက် ဓာတ်ပုံ ရိုက်ယူထားလိုက်၏။
“ ခင်များ မနေ့ညတုန်းက ဘယ်တည်းခိုခန်းမှာ တည်းနေခဲ့တာ ….”
“ အနီးနားက ရှင်းရှန်း တည်းခိုဆောင်မှာပါ ခင်ဗျ … စိုက်ပျိုးရေး မားကတ် အရှေ့ဝင်ပေါက်ဝနေ ထွက်လာတာနဲ့ တန်းမြင်နေရတဲ့ နေရာပါ …”
လင်းရီသည် ကူရိရန်ကို ကြည့်လိုက်၏။
“ မင်းမှာ ဘာမေးစရာ ရှိသေးလဲ ….”
ကူရိရန် ခေါင်းခါယမ်းလိုက်၏။ “ တော်ပြီ …”
“ ခင်များ အခု သွားလို့ရပြီ … ဖုန်းကို အချိန်ပြည့် ဖွင့်ထားဖို့ မမေ့နဲ့ … ကျုပ်တို့ လိုရင် လိုတဲ့အချိန် ခေါ်လိုက်မယ် …” လင်းရီပြောလိုက်သည်။
ကျန်းလုံမှာ ဝမ်းနည်းကြေကွဲနေသည့် မျက်နှာအမူအရာဖြင့် ဖြစ်နေခဲ့ပြီး ငိုလုမတတ် ခံစားနေရ၏။
“ အရာရှိကြီး … မင်းတို့ ကျုပ်ကို တကယ်ပဲ သံသယ ဝင်လို့မရဘူးနော် … ကျုပ်က ဒီတိုင်း သာမန်လယ်သမားလေးပါ … ဘာမှလည်း မလုပ်ဖူးဘူး … လူသတ်ဖို့ဆို ပိုတောင် မဖြစ်နိုင်သေး … "
“ ကျုပ် ပြောပြီးပြီ …. ခင်များကို ဒီခေါ်လိုက်တာက မေးခွန်း နည်းနည်းပါးပါး မေးချင်ရုံပဲ … ဘယ်သူကမှ ခင်များကို သံသယဝင်တယ် မပြောဘူး …”
“ အဲ့ … အဲ့တာဆိုလည်း ပြီးရောဗျာ ….”
လင်းရီသည် ကျန်းလုံကို လက်ထိပ်ဖြုတ်ပေးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်၏။
“ ရပြီ … ခင်များ သွားစရာရှိတာ သွားတော့ ….”
“ ဟုတ် ဟုတ် … ဒါဆို ကျုပ် ပြန်လိုက်ပါဦးမယ် အရာရှိကြီးတို့ ….”
ကျန်းလုံ ထွက်သွားခဲ့ပြီးနောက် ကူရိရန်သည် ထိုင်ခုံနောက်သို့ မှီ၍ လေးလံစွာ သက်ပြင်းချလိုက်သည်။
ဘာမျှ မသိခဲ့ရသဖြင့် သူမမှာ စိတ်ပျက်အားလျော့နေသည်။
“ လမ်းခဏ ထွက်လျှောက်ကြရအောင် ….”
“ ဘယ်ကို သွားမှာ …”
“ သူပြောတဲ့ တောင်သူဈေးနဲ့ တည်းခိုးခန်းကိုလေ ….” လင်းရီ ကိုယ်ညောင်းဆန့်လိုက်ပြီး “ ဘာပဲဆိုဆို ငါတို့လည်း အခု အားနေတာပဲမလား ….”
“ အင်း … ကောင်းသားပဲ ….”
နှစ်ယောက်မှာ ရဲစခန်းထဲက အတူ ထွက်လာခဲ့ကြပြီး တောင်သူဈေး၏ ရှေ့ဘက် ဝင်ပေါက်ဝသို့ ရောက်လာခဲ့ကြသည်။
နေရာက စည်ကားသက်ဝင်နေသည်။ ဤနေရာက ကျိုးဟိုင်ဒေသ၏ စိုက်ပျိုးလယ်ယာ သုံးကုန်များကို အဓိက ရောင်းချနေသည့် အချက်အချာ နေရာတစ်ခုဆိုလည်း မမှားပေ။
မကြာမီ လင်းရီတို့နှစ်ဦးမှာ ကျန်းလုံပြောသည့် နေရာကို ရှာတွေ့သွားခဲ့ကြ၏။
အပေါ်တွင် အနီရောင် ဆိုင်းဘုတ်အကြီးကြီး တစ်ခုကို ချိတ်ဆွဲထားပြီး အဆောက်အဦး အပေါ်ဘက်တွင်လည်း အဝတ်တန်းလှန်းသည့် ကြိုးများကို မြင်တွေ့နေရသည်။ ယခုလို တည်းခိုခန်းမျိုးက ခရီးသွားဧည့်သည် ဝန်ဆောင်မှုနယ်ပယ်တွင် အတော်လေး အဆင့်အတန်းနိမ့်သည့် အမျိုးအစားထဲ ပါဝင်သည်။
တစ်ညကို ယွမ်လေးဆယ်၊ ငါးဆယ်မျှသာ ပေးရသဖြင့် ဤနေရာသို့ လာရောက်တည်းခိုကြသည့် လူတော်တော်များများကလည်း ပတ်ဝန်းကျင်ကို ဂရုစိုက်နေကြမှာ မဟုတ်ဘူးလို့ ယုံကြည်သည်။ ကျောတစ်ခင်းစာ နေရာရှိရုံမျှနှင့် အဆင်ပြေသည့် လူစားမျိုးများ ဖြစ်လိမ့်မည်။
“ ဟယ်လို လူငယ်လေးတို့ … အန်တီတို့ဆီမှာ နာရီလိုက်လည်း အခန်းယူလို့ရတယ်နော်…”
လင်းရီနှင့် ကူရိရန်တို့ အထဲဝင်လာတာကို မြင်တော့ တည်းခိုခန်း ပိုင်ရှင် အန်တီကြီးက အားတက်သရော မိတ်ဆက်ပေးလာသည်။
“ သုံးနာရီကို ယွမ်နှစ်ဆယ် … အဲ့လောက်ဆို အဆင်ပြေလား … နင်တို့ ဒီလိုဈေးမျိုး ကျန်တဲ့နေရာမှာ သွားရှာကြည့်လို့ တွေ့ရမှာတောင် မဟုတ်ဘူးနော် …”
ကူရိရန်က သူမ၏ အိုင်ဒီကို ထုတ်ပြလိုက်၏။
“ ကျွန်မတို့ ရှင်းရှန်းရဲစခန်းကပါ …”
“ အိုက်ယိုးဝေး … ကြည့်စမ်းပါဦး … အဲ့တာဆိုလည်း အစောကတည်းက ပြောရောပေါ့ မိန်းကလေးရယ် …” တည်းခိုခန်း ပိုင်ရှင် အန်တီကြီးက သူမ၏ ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ပြီး “ နင်တို့က ရဲအရာရှိတွေဆိုတော့ ပိုက်ဆံ မပေးနဲ့တော့ … အလကားသာ နေသွား … အပေါ်ထပ် တက်သွားလိုက်နော် … အပေါ်ထပ် အခန်းတွေက ပိုကောင်းပြီး အသံလည်း ပိုလုံတယ် …”
လင်းရီ “ ….”
ကူရိရန် “ …”