လူသတ်သွားသည့် နည်းလမ်း
Vol. 167 Ch. 2392
ကူရိရန်၏ စိတ်ကူးအတိုင်း လိုက်လံတွေးတောကြည့်လိုက်တော့ လင်းရီလည်း ယုတ္တိရှိသည်ဟု ခံစးလိုက်ရပြီး သေချာလေး စုံစမ်းဖို့ရာ ဆုံးဖြတ်လိုက်သည်။
လူသတ်သမားက နစ်နာသူကို သတ်ဖြတ်ပြီးနောက် အလောင်းကို ကားအနောက်ထဲသို့ ရွေ့ထားခြင်း ဖြစ်ရမည်။ အကယ်၍ ထိုစဉ်အချိန်တုန်းက အခြေအနေကို တစ်စုံတစ်ယောက်က သတိပြုမိခဲ့လျှင် အမှုကို ဖြေရှင်းဖို့ရာအတွက် ကြီးကြီးမားမား အကူအညီ တစ်ခု ဖြစ်နိုင်လေသည်။
စိတ်ပိုင်းဖြတ်ပြီးနောက် နှစ်ဦးမှာ ရွာထဲတွင် လိုက်လံမေးမြန်း စုံစမ်းကြတော့သည်။
သို့သော် တစ်နေ့လုံး အချိန်ကုန်သွားသည့်တိုင် ရွာသားများ၏ အဖြေတိုင်းက တစ်ထေရာတည်း တူညီနေသည်။ ထိုနေ့ နံနက်ခင်းတွင် ဖန်းမိသားစု၏ ဂိုဒေါင်ရှေ့၌ ကားရပ်ထားသည်ကို မည်သူကမျှ မမြင်တွေ့ခဲ့ကြချေ။
လင်းရီတို့ နှစ်ဦးလည်း မကြည်မသာ ဖြစ်နေသည့် မျက်နှာထားများဖြင့် ဂိုဒေါင်သို့ ပြန်လာခဲ့ကြ၏။ လေးလံသည့် အတွေးများက သူတို့စိတ်ကို ခဲဆွဲထားသဖြင့် လေးလံနေစေသည်။
“ အလောင်းကို ကားနဲ့ ဒီမသယ်လာတာများ ဖြစ်နေမလား …”
“ ကားနဲ့ မဟုတ်ဘူးဆိုရင်တောင် တစ်ခြားယာဉ်တစ်ခုခုနဲ့ သယ်လာမှာတော့ ကျိန်းသေတယ် … ဒါပေမယ့် အဲ့လိုဆို ပိုပြီး အာရုံစိုက်စရာ ဖြစ်သွားမှာ … ဒီတော့ ….. လခွမ်း ….”
လင်းရီ၏ ရုတ်တရက် အော်ဟစ်လိုက်သံကို ကြားတော့ ကူရိရန်မှာ မသိစိတ်အလျောက် ရင်ဘက်ကို လက်ဖြင့် ဖုံးကွယ်ထားမိလိုက်သည်။
“ နင် ဘာထူးထူးဆန်းဆန်းတွေ တွေးနေပြန်ပြီလဲ ….”
လင်းရီ သူမကို ဆွံ့အစွာ ကြည့်ပေးလိုက်သည်။
“ မင်းရဲ့ အဲ့ဒီ’ဟာ’ နှစ်ခုပေါင်းလိုက်ရင်တောင် ငါ့ကောင်မလေးရဲ့ တစ်ဖက်တည်းစာလောက်တောင် မရှိတဲ့ဟာကိုများ … ဖုံးထားမနေနဲ့ … မင်းက ငါ့စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီဖို့ အဝေးကြီး လိုသေးတယ် ….”
“ သွားစမ်းပါ … ငါလည်း နင့်ကို ဘယ်လိုပဲ ဖြစ်ဖြစ် ပေးမမြင်နိုင်ပါဘူး ….”
“ ငါကလည်း ကြည့်ချင် မနေပါဘူး ….”
“ ပေါက်ကရပြောနေတာတွေ တော်တော့ … နင် ခုနက ဘာလို့ အလန့်တကြား အော်နေတာလဲ ….”
“ ငါတို့ကောင်တွေ အစကတည်းက မှားနေခဲ့ကြတာပဲ … လူသတ်သမားက ငါတို့ စိတ်ကူးယဉ်နေတဲ့အတိုင်း လိုက်မလုပ်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ ….”
ကူရိရန်၏ မျက်လုံးအရောင် တောက်ပသွားခဲ့ပြီး “ အချိန်ဆွဲမနေနဲ့တော့ … ဘာလဲဆိုတာတာ အမြန် ပြောပြလိုက် …”
“ ငါ လုပ်ပြတာကိုပဲ ကြည့် … မင်း နားလည်သွားလိမ့်မယ် ….”
လင်းရီသည် ဖန်းတရဲ့၏ ရှေ့ဘက် ခြံဝန်းနှင့် မျက်နှာချင်းဆိုင်နေသည့် ဂိုဒေါင် ရှေ့တံခါးကို လက်ညှိုးထိုးပြလိုက်သည်။
“ အခု … ဖန်းတရဲ့လို ဟန်ဆောင်ပြီး အပြင်ကနေ လမ်းလျှောက်ဝင်လာသလို လုပ်လိုက် …”
“ ဟမ် … အိုကေလေ …”
ကူရိရန်သည် ဂိုဒေါင် အပြင်သို့ထွက်သွားပြီး ဖန်းတရဲ့ အသွင်ဆောင်၍ အပြင်ဘက်မှ အထဲသို့ ဝင်ရောက်လာသည်။
“ ရပ်လိုက် … မင်း ဝင်လာလို့ အခေါင်းဖုံးက ပွင့်နေတယ်ဆိုရင် မြင်လိုက်တာနဲ့ ခေါင်းထဲ အရင်ဆုံး ဘာတွေးမိလဲ ….”
“ သေချာပေါက် ပြန်ပိတ်ဖို့ပဲပေါ့ ….”
“ အတိအကျပဲ … ဖန်းတရဲ့လည်း အဲ့အတိုင်း တွေးခဲ့တာ … အဲ့တာကလည်း အခေါင်းပေါ်မှာ ဖန်းတရဲ့ လက်ဗွေရာတွေက ဘာကြောင့် အပေါ်ဆုံးအလွှာမှာ ရှိနေလဲဆိုတာ သက်သေပြပြီး ဖြစ်သွားပြီ …”
“ အဲ့ဒီတော့ …..”
လင်းရီသည် ကူရိရန်၏ နောက်တွင် ရပ်လိုက်သည်။ ထို့နောက် သူမ၏ နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ဆို့လိုက်၏။
ကူရိရန်၏ မျက်ဝန်းတို့ထဲ နားလည်သဘောပေါက်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူမ၏ မျက်လုံးလှလှလေးများမှာ ပြူးကျယ်သွားခဲ့လေသည်။ “ နင် ပြောချင်တာကို ငါ သဘောပေါက်ပြီ ….”
လင်းရီ သူ့လက်များကို လွှတ်ပေးလိုက်ပြီး ကူရိရန်လည်း သူမကိုယ်သူမ သပ်သပ်ရပ်ဖြစ်အောင် ပြန်လည် ပြုလုပ်လိုက်၏။ အကြည့်တို့က လေးနက်နေပြီး “ အဲ့တုန်းက ဖန်းတရဲ့ အပြင်ထွက်ပြီး ဈေးလိုက်တော့မလို့ပဲ … ဒါပေမယ့် ဒီနေရာ ရောက်လာပြီးတဲ့နောက်မှာ အခေါင်းဖုံးက ပွင့်နေတာကို မြင်လိုက်ရတယ် … သူလည်း ပြန်ပိတ်ဖို့ လုပ်လိုက်တယ် … အဲ့ဒီအချိန်မှာပဲ လူသတ်သမားက အနောက်ကနေ တိုက်ခိုက်ပြီး အသက်ရှူကြပ်အောင် လုပ်တယ် … အဲ့နောက် သူ့ကို အခေါင်းထဲ ထည့်ထားလိုက်တာပဲ ….”
“ အတိအကျပဲ …” လင်းရီ ပြောလိုက်၏။
“ ငါ သူ့ရဲ့ အလောင်းခွဲစိတ် စစ်ဆေးမှု ရလဒ်ကို ကြည့်ဖူးတယ် … ခါးပြဿနာ အပြင် သူ့နှလုံးကလည်း သိပ်မသန်မာဘူး … အဲ့လို အခြေအနေမျိုးမှာ တစ်မိနစ်အတွင်း အသက်ရှူမွှန်းကြပ်ပြီး သေသွားတာ ဖြစ်နိုင်တယ် …”
“ တကယ်လို့ ငါသာ လုပ်မယ်ဆိုရင်တော့ သူ့ကိုသတ်ပြီး အခေါင်းထဲ ထည့် ၊ ပြီးရင် အခေါင်းဖုံးကို ပြန်ပိတ်ဖို့က အချိန် နှစ်မိနစ်နဲ့တင် လုံလောက်တယ် … ကာယအား သန်မာတဲ့ လူတစ်ချို့အတွက်ကတော့ ငါးမိနစ်ဆို လုံလောက်တယ် … ဒီနည်းလမ်းက အောင်မြင်နိုင်ခြေကိုလည်း သိသိသာသာ တိုးတက်စေပြီး အများကြီး အားစိုက်ထုတ်စရာလည်း မလိုဘူး ….”
ကူရိရန် ခေတ္တ အတွေးအနက်သွားခဲ့ပြီး ထို့နောက် လင်းရီ၏ စကားကို ဆက်လိုက်သည်။
“ အခင်းဖြစ်တဲ့နေ့တုန်းက ငါတို့ ဒီကို လာစစ်ဆေးတဲ့အချိန် အခေါင်းရဲ့ တည်နေရာနဲ့ ဂိုဒေါင် တံခါးဝလမ်းကြောင်းမှာ ပွတ်တိုက်ရာကြီး တစ်ခု ရှိနေတယ် … ငါ့အထင် လူသတ်သမားက သူများတွေ မြင်သွားမှာကို စိုးရိမ်ပြီး ဖန်းတရဲ့ကို အတွင်းထဲထိ ခေါ်သွားပြီးတော့မှ အထဲမှာ သော့ပိတ်ထားလိုက်တာ ဖြစ်လိမ့်မယ် … တစ်ယောက်ယောက်က ရုတ်တရက်ကြီး ရောက်လာခဲ့တယ်ဆိုရင်တောင် အတွင်းထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို မသိရတော့ သူ့အတွက် ထွက်ပြေးဖို့ အချိန် လုံလုံလောက်လောက် ရစေမယ် ….”
“ တော်တယ် …” လင်းရီ မှတ်ချက် ပေးလိုက်သည်။
“ ဒီ အချက်ကို ငါတို့ မစဉ်းစားခဲ့မိတာက လူသတ်သမား လှည့်စားတာကို ခံခဲ့ရလို့ပဲ … ဖန်းတရဲ့ကို သတ်ပြီးတာနဲ့ ကားကို သူ့ဘာသူ မောင်းသွားတယ် … တစ်ယောက်ယောက်က ဖန်းတရဲ့ကား ရွေ့လျားနေတာကို မြင်ရင်တောင် ဘယ်သူ မောင်းနေလဲဆိုတာ သေချာမမြင်ရတော့ ဖန်းတရဲ့ မောင်းနေတာလို့ပဲ မှတ်ယူလိုက်ကြမှာ ….”
“ ဒါဆို ငါတို့အားလုံး တလွဲတွေ လျှောက်လုပ်မိနေခဲ့ကြတာပေါ့ ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ လူသတ်သမားရဲ့ နည်းလမ်းတွေက အတော်လေး ထက်မြက်တယ် … သူ့ရဲ့ မီးခိုးဗုံးတွေကြောင့် ငါတို့အားလုံး ဘာမှ မမြင်နိုင်လုနီးပါး ဖြစ်သွားတဲ့အထိပဲ ….”
ကူရိရန် ကျောချမ်းသွားခဲ့သည်။ “ ဒီလူက တော်တော် ဉာဏ်ကောင်းတဲ့လူပဲ … တွေးကြည့်လိုက်ရုံနဲ့တင် ကြောက်စရာ ကောင်းလိုက်တာ ….”
“ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပဲ ပြိုင်ဘက်ပဲ ….” လင်းရီသည် သူ၏ နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့ … မနက်ဖြန်မှပဲ တောထဲကို သွားစစ်ဆေးကြမယ် …”
“ အင်း … ညမှာ မြင်နိုင်စွမ်းက မကောင်းတော့ တစ်ခုခု မမြင်လိုက်တာတွေ ဖြစ်နိုင်တယ် …”
ဆုံးဖြတ်ပြီးနောက် နှစ်ယောက်မှာ ပြန်လာခဲ့ကြသည်။
သို့သော် လင်းရီသည် အိမ်သို့ မပြန်ဘဲ ထိုအစား လျန်ရူရွှယ်၏ နေရာသို့ ထွက်လာခဲ့၏။
ကိုယ်ဝန်ကြောင့် ရှန်းရှုရီသည် လျန်ရူရွှယ်ကို ၂၄ နာရီ အနီးကပ် စောင့်ရှောက်ဖို့အတွက် အိမ်စေ နှစ်ယောက် ပို့ထားပေး၏။ လျန်ရူရွှယ်မှာလည်း ကိုယ်ဝန်ရှိနေသည့်အတွက် ပေါင်တော်တော်များများ အလေးချိန် တက်လာလေသည်။
“ နင် ဘာလို့ ဒီကို ရောက်လာတာလဲ … စခန်းမှာ ဒီနေ့ အလုပ်များနေတယ် မဟုတ်ဘူးလား ….”
လင်းရီကို မြင်တော့ လျန်ရူရွှယ်က သူ့ကို လာကြိုပြီး အထဲသို့ ခေါ်လာပေးသည်။
“ မင်းကို လာကြည့်ဖို့ စောစီး ပြန်ခဲ့တာလေ … ဒီည ခဏလောက် လမ်းထွက်လျှောက်ကြရင် ဘယ်လိုလဲ ….”
“ အိုကေ … ငါလည်း မလှုပ်မယှက် နေနေရတော့ တစ်ကိုယ်လုံး ကိုက်ခဲနေသလိုပဲ … နည်းနည်းပါးပါး လမ်းလျှောက်ပေးသင့်တယ် …” လျန်ရူရွှယ်က ကိုယ်ညောင်းဆန့်ရင်း ပြောလိုက်သည်။
“ ဒါဆိုလည်း သွားကြစို့ ….”
လျန်ရူရွှယ်သည် အဝတ်အစားလဲပြီး အိမ်စေများကို နှုတ်ဆက်ခဲ့ပြီးနောက် လင်းရီနှင့်အတူ အပြင်သို့ ထွက်လာသည်။
နှစ်ဦးမှာ ဘာမျှ သိပ်မလုပ်ခဲ့ကြချေ။ ဒီတိုင်း အပြင်သို့ ထွက်၍ ညစာစားကြပြီး ရုပ်ရှင် သွားကြည့်ကြသည်။ ပြီးနောက် ညဈေးတန်းသို့လည်၍ စကားပြောရင်း အိမ်သို့ ပြန်လာခဲ့ကြလေသည်။
ထိုညတွင် လင်းရီသည် သူ့နေရာသို့ ပြန်မသွားဘဲ လျန်ရူရွှယ်၏ နေရာမှာပဲ အိပ်စက်လိုက်၏။
“ စကားမစပ် ငါ ကြားမိတာ Apple ကုမ္ပဏီကလူတွေ နင်တို့ ကုမ္ပဏီကို လာပြီး စွမ်းအင်သစ် ဘက်ထရီ ပရောဂျက်အတွက် စကားလာပြောကြတယ်ဆို …. “
အထဲသို့ ဝင်လာခဲ့ပြီးနောက် လျန်ရူရွှယ်က မျက်နှာမာ့စ်ကပ်ပြီး စောင်အောက်သို့ တွားသွားဝင်လာသည်။
“ သောက်ရူးတစ်သိုက်ပါကွာ … သူတို့ကိုယ်သူ စောက်ရမ်း ကြီးမြတ်နေတယ်ထင်ပြီး ငါ့ကို လာပြီး အကြောင်ရိုက်ချင်နေကြတာ ….”
“ နင် သူတို့ကို ငြင်းလိုက်တာ မှန်သွားတယ် … လဝက်လောက်နေရင် ဗဟိုက စာထွက်လာတော့မှာ … သူတို့ရဲ့ ပရောဂျက်က ဘာဆွဲဆောင်မှုမှ ရှိတော့မှာ မဟုတ်ဘူး …”
“ အတိအကျပဲ ….” လင်းရီ ပြောလိုက်ပြီး “ မင်းလည်း အားတယ်ဆို ငါ့ဆီ လာခဲ့ဦး … အော်ပရေးရှင်း စစ်စတမ် ၊ ချစ်ပ်တွေနဲ့ စွမ်းအင်စ် ဘက်ထရီတွေ … ဒါတွေက အဆင့်မြင့် ကုန်ချောထုတ်လုပ်ရေး ကဏ္ဍတွေပဲ … မင်းလက်ထဲ အဲ့ဒါတွေကို ကိုင်ထားမယ်ဆိုရင် ဘယ်သူကမှ မင်းကိုယ်ဝန်ရှိတာကို အကြောင်းပြပြီး တိုက်ခိုက်လို့ ရတော့မှာ မဟုတ်ဘူး ….”
လျန်ရူရွှယ်သည် လင်းရီ၏ ပါးကို ရုတ်ချည်း နမ်းလိုက်၏။
“ နင် ဒါတွေ ကြိုစီစဉ်ထားပေးမယ်ဆိုတာ ငါသိသားပဲ ….”
“ မင်းပြောနေတဲ့ပုံကို ကြည့်စမ်းပါဦး … ငါ့ကလေးရဲ့ အမေအတွက် အားလုံးအဆင်ပြေအောင် မလုပ်ထားပေးနိုင်ဘူးဆိုရင် အဖေဖြစ်တဲ့ငါက အရှုံးသမား ဖြစ်သွားမှာပေါ့ကွ ….”
“ နင် လုပ်တာတော်တယ် … ဒီည နင့်ဖို့ ဆုလဒ် ရှိမယ် …”
“ ပေါက်ကရတွေ လျှောက်မလုပ်စမ်းနဲ့ … ဒီခုကာလက အန္တရာယ်များတယ် … “ လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။ “ တစ်ခုခု ဖြစ်သွားခဲ့ရင် မင်းရဲ့ ကျန်းမာရေးလည်း ထိခိုက်သွားလိမ့်မယ် …”
“ နင်ကတောလေ … တစ်ခါတစ်လေကျပြန်တော့လည်း မျောက်တစ်ကောင်လို ဉာဏ်ကောင်းပြီး တစ်ခါတစ်လေကျပြန်တော့လည်း ပိန်းလိုက်တာ ဝက်လိုပဲ …” လျန်ရူရွယ်က လင်းရီကို မျက်လုံးလှိမ့်ပြလိုက်ပြီး “ ငါက ဒီလိုအရာမျိုးကို လောင်းကြေးထပ်မယ်လို့ နင်ထင်နေတာလား … ငါ့စိတ်တွေ ပြင်းပြနေရင်တောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပါသေးတယ် ….”
“ ဒါဆို မင်းပေးမယ်ဆိုတဲ့ ဆုလဒ်က ဘာလဲ …”
“ ငါ့မှာ နှုတ်ခမ်းတွေ ရှိသေးတယ်လေ … အဲ့တာသုံးပြီး နင် ပင်ပန်းနေတာတွေကို ဖြေလျှော့ပေးမယ် …”
“ လခွမ်း … မီလိ … မင်း ….” လင်းရီ စကားမဆုံးခင်မှာပဲ လျန်ရူရွှယ်က စောင်အောက်သို့ ငုံ့ဆင်းသွားခဲ့တော့သည် ….