← Chapters

အံတိုနေတဲ့ အပြင်အဆင်

Vol. 167 Ch. 2393

အံတိုနေတဲ့ အပြင်အဆင်

Vol. 167 Ch. 2393

နောက်တစ်နေ့ နံနက်ခင်း ရှစ်နာရီစွန်စွန်းတွင် လင်းရီသည် လန်းဆန်းတက်ကြွစွာဖြင့် အိပ်ရာက နိုးထလာသည်။

မနက်စာ စားပြီးနောက် လျန်ရူရွှယ်ကို အလုပ်သို့ အရင် လိုက်ပို့ပေးလိုက်သည်။ ပြီးသည့်နောက် စခန်းသို့ မောင်းထွက်လာခဲ့လိုက်ပြီး လူတိုင်းက ရောက်နှင့်နေကြပြီကို မြင်တွေ့လိုက်ရ၏။

“ မြန်မြန် မြန်မြန် … ငါတို့အကုန်လုံး မင်းကို စောင့်နေကြတာ …”

လင်းရီကို မြင်တော့ ကျူးကျွင်းချီက အမြန်လာဖို့ လက်ဟန်ပြလိုက်၏။

“ ဘာတွေ ဖြစ်နေတာ … ဘာအရေးကြီး ကိစ္စ ပေါ်လာလို့တုန်း …”

“ ရိရန် ပြောတာ မင်းမနေ့တုန်းက လူသတ်သမား လူ ဘယ်လိုသတ်သွားခဲ့လဲဆိုတာ သိသွားခဲ့ပြီဆို … မြန်မြန် ငါတို့ကို ပြောပြစမ်းပါ …”

“ ဟမ် ….”

လင်းရီသည် ကူရိရန်ကို ကြည့်၍ “ သူ ခင်များတို့ကို မပြောပြဘူးလား …”

“ ဒါကို တွေ့ခဲ့တာက မင်းလေ …. အဲ့တော့ မင်းကိုယ်တိုင်ပဲ ပြောပြသင့်တာပေါ့ ….”

ကူရိရန်၏ ရည်ရွယ်ချက်ကို လင်းရီ နားလည်သွားခဲ့သည်။ သူမက အတော်လေးကို စဉ်းစားပေးတတ်လွန်း၏။

နောက်နာရီဝက်ကြာသည်အထိ လင်းရီသည် လူသတ်သမား အသုံးပြုခဲ့သည့် နည်းလမ်းကို လူတိုင်းသို့ အသေးစိတ် ကျကျ ရှင်းပြလိုက်သည်။

ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့မှာ အာရုံစိုက် နားထောင်နေကြပြီး နောက်ဆုံးတွင် ခေါင်းမီးလင်းသွားခဲ့ကြ၏။

သူတို့စိတ်ထဲရှိ ပဟေဠိအပိုင်းအစများအားလုံးက နေရာသားတကျ ဖြစ်သွားခဲ့ကြပြီး ဤသည်ကသာ မှန်ကန်သည့် လူသတ်နည်းလမ်း ဖြစ်ရမည်ဟု အတည်ပြုလိုက်ကြသည်။

“ ငါတို့ဘက်မှာလည်း တစ်ခု ရှာတွေ့ထားတယ် ….” ကျူးကျွင်းချီက မောက်စ်ကို ကလစ်နှိပ်လိုက်ပြီး “ ပထမဆုံး အခင်းဖြစ်တဲ့နေရာက ရှန်းရန်ရွာ မဟုတ်လောက်ဘူး ….”

“ အဲ့ဒါဆို ဘယ်မှလဲတဲ့ ….”

လင်းရီ အံ့အားသင့်သွားခဲ့၏။

မာဟိုင်ချန်က အရင်ဦးစွာ ခြေထောက် ရိုက်ချိုးခံခဲ့ရပြီး အသက်ရှူမွှန်းကြပ်၍ သေဆုံးသွားခဲ့ခြင်းပင်။ ထို့နောက် မြေကျင်းထဲသို့ မြုပ်နှံခံလိုက်ရ၏။

ထို့ကြောင့် အရင်ဦးဆုံး အခင်းဖြစ်ပွားသည့် နေရာတစ်ခုခုတော့ ရှိရမည်ဟု ကောက်ချက်ချခဲ့ကြသည်။

ထိုအချိန်တုန်းက လူတိုင်းကလည်း သိပ်မဝေးသည့် အကွာအဝေးကြောင့် ရှန်းရန်ရွာ ဖြစ်မည်ဟု ယူဆခဲ့ကြ၏။ သို့သော် အခြားနေရာ တစ်ခု ဖြစ်နေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ပါချေ။

“ ငါတို့တွေ မာဟိုင်ချန်နဲ့ စွန်းရွှယ်ပို့ထားတဲ့ စာတွေကို စစ်ဆေးကြည့်လိုက်တော့ သူ မနေ့တုန်က ကျိုးဟိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့ပြီး အဲ့မှာ ညအိပ်ခဲ့တယ်လို့ ပြောတယ် … ဒီတော့ ကနေဦး အခင်းဖြစ်တဲ့နေရာက ကျိုးဟိုင်ရဲ့ တစ်နေရာရာ ဖြစ်လိမ့်မယ် …” ကျန်းဟွေ့ ပြောလိုက်သည်။

“ သူတို့ချင်း စာအပြန်အလှန်ပို့ခဲ့တဲ့ အချိန်က မာဟိုင်ချန် မသေခင် တစ်နာရီလောက်အလို ၄ နာရီ ၅၁ တုန်းကပဲ ….”

“ အဲ့တုန်းက သူ ဘယ်သူနဲ့ သွားတွေ့လဲဆိုတာရော သိသွားပြီလား ….”

ကျန်းဟွေ့ ခေါင်းခါယမ်းလိုက်သည်။ “ ဖုန်းထဲမှာ အဲ့လိုပြောထားတာမျိုး မရှိဘူး …”

“ ကြည့်ရတာ ကျုပ်တို့တွေ စွန်းရွှယ်ကို ပြန်စစ်ဆေးကြည့်ရတော့မယ်နဲ့တူတယ် …” လင်းရီသည် ထိုင်ခုံနောက်သို့ မှီလိုက်ပြီး “ သူ့ဆီကနေ တစ်ခုခု သိရင် သိရလောက်တယ် ….”

“ ငါ ရိရန်ဆီကကြားတာ မင်းတို့တွေ ရှန်းရန်ကို သွားဖို့ လုပ်ထားကြတယ်ဆို … အခု သွားလိုက်တာ ပိုကောင်းမယ် … တစ်ခုခု အသစ်ရှာတွေ့ဦးမလား သေချာ ကြည့်ခဲ့ကြပေါ့ ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ ပြီးနောက် နှစ်ယောက်မှာ ရှန်းရန်ရွာသို့ တစ်ဖန် မောင်းနှင်လာ၍ တောအုပ်လေးထဲသို့ ရောက်လာခဲ့ကြ၏။

ဖန်းတရဲ့၏ အိမ်က့သို့ ဧရိယာကိုလည်း ရဲစည်းတံဆိပ်များ ကာရံထားပြီး အပြင်လူများကို ဝင်ခွင့်မပြုထားခဲ့ပေ။

မာဟိုင်ချန် မြုပ်နှံခံခဲ့ရသည့် ကျင်းဘေးတွင် မတ်တပ်ရပ်ရင်း ကြမ်းပြင်တွင် ခြေရာသေးသေးလေးများများကို မြင်တွေ့သွားခဲ့ကြ၏။

“ မြေခွေးခြေရာတွေဆိုတာ ဒါလား …” ကူရိရန် ပြောလိုက်သည်။ “ သူက လူတစ်ယောက်ကိုသတ်ပြီး ဒီလိုအရာမျိုးတွေ နောက်မှာ ချန်ထားရစ်ခဲ့တယ် … ရှာတွေ့ခံရမှာကို မကြောက်ဘူးလားတဲ့ ….”

“ ဆိုက်ကိုပါ့တွေရဲ့ တွေးခေါ်ပုံတွေနဲ့ အပြုအမူတွေက ငါတို့လို သာမန်လူတွေ နားလည်နိုင်တဲ့အရာမှ မဟုတ်တာ ..”

“ အဲ့တာတော့ ဟုတ်တယ် …”

“ ဒါပေမယ့် မြေပေါ်က ဒီခြေရာတွေကတော့ တမင် လုပ်ကြံထားမှန်း သိသာတယ် ..”

“ နင် ဘယ်လိုလုပ်ပြီး သိတာ …”

“ အရမ်းကို တစ်ပြေးညီတည်း ဖြစ်လွန်းတယ် …”

လင်းရီ ဒူးထောက်၍ သေချာ အနီးကပ် စစ်ဆေးကြည့်လိုက်သည်။

“ ဘယ်တိရစ္ဆာန်မှာမဆို သူတို့ လက်ဖဝါးတွေမှာ အမွှေးလေးတွေ ရှိတယ် … အမွှေးက ပြတ်ကျသွားတာ ဖြစ်ဖြစ် ၊ မကျတာပဲ ဖြစ်ဖြစ် မြေပြင်မှာ ကျန်ရစ်ခဲ့မှာတော့ အမှန်ပဲ …”

သူ ရွှံ့လက်တစ်ဆုပ်စာခန့်ကို ကောက်ယူလိုက်ပြီး လက်ဖြင့် ဖိနှိပ်ကာ ကူရိရန်ကို ပြသလိုက်သည်။

သေးမျှင်သည့် အမွှေးရာလေးများက အတော်လေး မြင်သာနေသည်။

ကူရိရန်လည်း မြေပြင်ကို တစ်ဖန် ပြန်စစ်ဆေးကြည့်လိုက်တော့ ‘ ခြေရာများ’က လုံးဝ ချောမွေ့နေပြီး ပုံစံမကျပေ။

“ နင်ပြောတာ ဟုတ်တယ် … ဒါ တမင် လုပ်ကြံထားတာ ဖြစ်ရမယ် …”

“ အာရုံလွှဲဖို့ သပ်သပ်ဆိုတော့ ဒီကိစ္စအပေါ်မှာ အချိန်ဖြုန်းနေစရာ အကြောင်းမရှိတော့ဘူး ….”

ထို့နောက် နှစ်ဦးမှာ မြုပ်နှံရာကျင်းကို စစ်ဆေးကြည့်ကြပြီး သစ်ကိုင်းနှင့် သစ်ရွက်ခြောက်တစ်ချို့ကို မြင်တွေ့သွားခဲ့ကြ၏။

“ ငါ့အထင်တော့ ကျင်းကို ကြိုတင်တူးပြီး တစ်ခုခုနဲ့ ဖုံးထားတာ ဖြစ်ရမယ် … မာဟိုင်ချန်ကို သတ်ပြီးတာနဲ့ ရိုးရိုးရှင်းရှင်းလေးပဲ ဒီထဲ လာထည့်မြုပ်လိုက်တယ် …” ကူရိရန် ပြောလိုက်သည်။

“ ပြဿနာက ဘယ်တုန်းက တူးလိုက်လဲဆိုတာပဲ …” လင်းရီ ညွှန်ပြလိုက်ပြီး “ တကယ်လို့ တစ်ညမတိုင်ခင်တုန်းက တူးထားမယ်ဆိုရင် နာရီ ၂၀ လုံးလုံး ဟာလာဟင်းလင်း ဖြစ်နေမယ် … ဒါပေမယ့် ဒီတောထဲကို ရွာသားတွေက အဝင်အထွက် ခဏခဏရှိတော့ ရှာတွေ့သွားဖို့ဆိုတာ အလွယ်လေးပဲ …”

“ ငါလည်း အဲ့တာကို စဉ်းစားနေတနာ …” ကူရိရန် ပြောလိုက်ပြီး “ တကယ်လို့ တစ်နာရီ ၊ နှစ်နာရီလောက်မှာ ကြိုတူးထားမယ်ဆိုရင်တောင် နေ့ခင်းဘက်ကြီးပဲ ရှိသေးတယ် … ရွာသားတွေကလည်း အလုပ်လုပ်နေကြတုန်းပဲ … သူတို့ သေချာပေါက် သတိပြုမိကြမှာ ကျိန်းသေတယ် …”

“ ဒါ့အပြင် ကျိုးဟိုင်မှာ တစ်ယောက်ယောက်ကို သတ်ပြီး ဒီသယ်လာဖို့ဆို တော်တော်လေး အချိန်ယူရမှာ … ကြားထဲ စစ်ဆေးရေးတွေနဲ့ တိုးရင် အန္တရာယ်တောင် များနေတယ် … ဆိုက်ကိုပါ့တွေတောင် အဲ့လို အန္တရာယ်ကြီးတာမျိုး မလုပ်ကြလောက်ဘူး …”

“ နောက်တစ်ချက်လည်း ရှိသေးတယ် …” ကူရိရန်က စကားကို ဆက်၏။

“ ဒီအနီးနားမှာ ဘယ်ယာဉ်လမ်းကြောင်းကိုမှ မမြင်ရဘူး … လူသတ်သမားက ဟိုင်းဝေးလမ်းကို သုံးခဲ့တာ ဖြစ်ရမယ် … ပြီးမှ အလောင်းကို ဒီသယ်လာခဲ့တာ … ဒါပေမယ့် ဟိုင်းဝေးလမ်းနဲ့ သိပ်မဝေးတဲ့နေရာမှာက မာဟိုင်ချန်ရဲ့ ဓာတ်မြေဩဇာ စက်ရုံ ရှိတယ် … စောင့်ကြည့်ရေး ကင်မရာတွေလည်း အများကြီးပဲ … အဲ့တာတောင် ဘာယာဉ်သွားလာတာကိုမှ မမြင်တွေ့ရဘူး ….”

ကူရိရန်က သံသယဖြစ်ဖွယ် အချက်များစွာကို တစ်ခုပြီး တစ်ခု မီးမောင်းထိုးပြလိုက်သည်။

လင်းရီလည်း အတွေးနက်သွားခဲ့ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

“ ငါတို့ နောက်ထပ် အမှားတစ်ခု လုပ်မိပြီနဲ့တူတယ် ….”

“ ဘယ်တစ်ခုလဲ ….”

“ စွန်းရွှယ်နဲ့ စကားပြောတဲ့ မှတ်တမ်း … အဲ့စာတွေက မာဟိုင်ချန် မပို့တာလည်း ဖြစ်နိုင်တာပဲလေ ….”

“ သူပို့တာ မဟုတ်ဘူး ဟုတ်လား …”

“ ငါ့အထင် သူ အဲ့ဒီအချိန်မှာ အဖမ်းခံလိုက်ရတာ … မဟုတ်လည်း သေပြီးတာမျိုးတောင် ဖြစ်နေနိုင်တယ် …”

ကူရိရန် ရုတ်ချည်း သဘောပေါက်သွားခဲ့သည်။

“ နင် ဆိုလိုချင်တဲ့သဘောက … လူသတ်သမားက မာဟိုင်ချန်ရဲ့ ဖုန်းကို ယူပြီး စွန်းရွှယ်နဲ့ ဆက်သွယ်ခဲ့တယ် ဆိုပြီးတော့လား …”

“ အင်း … လူတိုင်းကို မာဟိုင်ချန် အသက်ရှင်နေတုန်းပဲလို့ အထင်မှားအောင် လုပ်ပြီး ငါတို့ရဲ့ စုံစမ်းမှုကို လမ်းလွဲရောက်အောင် လုပ်ဖို့ပေါ့ …”

ဟစ် ….

ကူရိရန် ကျောရိုးတစ်လျှောက်လုံး ကြက်သီးဖြန်းသွားခဲ့ရသည်။

“ မှောင်ရိပ်ထဲ ပုန်းနေတဲ့ လူသတ်သမားက လုံးဝ သာမန် မဟုတ်ဘူးပဲ ….”

“ ဒါဆို ကနေဦး အခင်းဖြစ်တဲ့နေရာက ရှန်းရန်ရွာပေါ့နော်…”

“ အတိအကျပဲ …” လင်းရီ အတည်ပြုပေးလိုက်သည်။ “ တကယ်လို့ ငါတို့သာ ကျိုးဟိုင်လို့ မှတ်ယူပြီး စုံစမ်းနေရင် အမှုက ဘယ်တော့မှ ဖြေရှင်းလို့ ပြီးတော့မှာ မဟုတ်ဘူး ….”

“ ဒါပေမယ့် လူသတ်သမားက အလောင်းကို ဘယ်လိုသယ်လာခဲ့လဲဆိုတာ မသိရသေးဘူးလေ …”

“ အင်း …. ငါလည်း အဲ့တာကိုတော့ စဉ်းစားမရသေးဘူး ….”

“ အချိန်ယူကြတာပေါ့ … ဒီလိုမျိုး အမှုကြီးတစ်ခုက တစ်ရက်၊ နှစ်ရက်အတွင်း ဖြေရှင်းပြီးမှာမှ မဟုတ်တာ ….”

နောက်တစ်ကြိမ် သေချာ ရှာဖွေပြီးနောက် နှစ်ဦးမှာ အလောင်းမြုပ်သည့် ကျင်းက ထွက်ခွာလာခဲ့ကြသည်။

စိုက်ခင်းကွင်းပြင် လမ်းကျဉ်းလေးအတိုင်း လျှောက်လှမ်းလာခဲ့ပြီးနောက် သူတို့တွေ ရွာသို့ ရောက်လာခဲ့ကြသည်။

ရှန်းရန်ရွာသားများက မျိုးစေ့ကျဲသည့် အလုပ်ကို စတင်လုပ်ကိုင်နေကြလေပြီ။

လင်းရီနှင့် ကူရိရန်ကို မြင်တော့ သူတို့မှာ မသိစိတ်အလျောက် လှုပ်ရှားနေသည်များကို ရပ်တန့်သွားခဲ့ကြပြီး ရှုပ်ထွေးသည့် အမူအရာများဖြင့် လှမ်းကြည့်နေကြသည်။

သို့သော် တစ်ဦးကတော့ မတူပေ။

“ ဗျို့ အရာရှိကြီးတို့ … ရောက်လာကြပြီလား …”

လင်းရီနှင့် ကူရိရန်တို့ကို မြင်တော့ ကျန်းလုံက အားတက်သရောနှင့် ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။

“ ခင်များက အစေ့ စကျဲနေပြီပေါ့ ….”

“ အစေ့ကျဲတာက နောက်နှစ်ရက်လောက်မှ … အခုက အရင် မြေဆွထားတာ ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ခင်များ လုပ်စရာရှိတာ ဆက်လုပ်ပါ … ကျုပ်တို့ တခြား လုပ်စရာတွေ ရှိသေးတယ် ….”

“ ခဏလေးပါ အရာရှိကြီးတို့ … မာဟိုင်ချန် အမှုက တစ်ခုခု ထူးပြီလား မသိဘူး…”

“ ခင်များက အခုကျတော့မှ ဘာလို့ အဲ့လောက်ထိ စိတ်ဝင်စားနေရတာ …”

“ အာ …. ကျုပ်တို့ချင်း အဆင်သိပ်မပြေကြဘူးဆိုပေမယ့် သူ့ဘက်ကလည်း တောင်းပန်ပြီး လျော်ကြေးပေးခဲ့တယ်လေ … အခု သူသေသွားပြီဆိုတာ သိလိုက်ရတော့ စိတ်ထဲ မသက်မသာ ဖြစ်နေလို့ပါ …”

All Chapters