← Chapters

ကျိန်စာက လက်တွေ့ ဖြစ်လာပြီ

Vol. 167 Ch. 2394

ကျိန်စာက လက်တွေ့ ဖြစ်လာပြီ

Vol. 167 Ch. 2394

“ သူ့အမှုကိုက အခုထိ စုံစမ်းစစ်ဆေးနေတုန်းပဲ … မကြာခင် အဖြေပေါ်တော့မှာပါ ….”

ကျန်းလုံ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ “ အဲ့တာက တကယ်ပဲ …. မြေခွေးဝိဉာဏ်လက်ချက်တော့ မဟုတ်လောက်ပါဘူးနော်…. ဒါကြီးကတော့ အရမ်း ကြောက်ဖို့ ကောင်းလွန်းသွားပြီ ….”

ထိုစကားကြားတော့ ဘေးနားဝန်းကျင်တွင် အလုပ်လုပ်နေကြသည့် ရွာသားများလည်း တဖြည်းဖြည်း စုဝေးလာခဲ့ကြသည်။ အမှုအကြောင်းကို အတော်လေး စိတ်ဝင်စားနေကြ၏။

“ မြေခွေးဝိဉာဏ်က လူသတ်တယ်ဆိုတာမျိုး မရှိဘူး … ပေါက်ကရတွေ … ခင်များလည်း ကောလဟာလတွေ လျှောက်ဖြန့်မနေနဲ့ … ကိုယ်လုပ်စရာရှိတာကိုလုပ် ….”

“ ဟုတ်ကဲ့ ….”

လင်းရီ၏ ပြောစကားကြောင့် ရွာသားများလည်း လူစုခွဲလိုက်ကြပြီး ၎င်းတို့ လုပ်စရာရှိသည်များကို ဆက်လုပ်ကြသည်။

နှစ်ဦးကတော့ ရှေ့သို့ ဆက်လျှောက်သွားကြ၏။

“ ငါကတော့ ဖန်းကျစ်ဖျင်ကို အတော်လေး သံသယ ဝင်နေတုန်းပဲ …” ကူရိရန် ပြောလိုက်ပြီး “ မာဟိုင်ချန်ရဲ့ ပိုက်ဆံတွေကို အပိုင်စီးချင်လို့ပဲ ဖြစ်ဖြစ် ၊ သူနဲ့ စွန်းရွှယ်တို့ရဲ့ ဆက်ဆံရေး ဖော်ထုတ်ခံလိုက်ရတာကြောင့်ပဲ ဖြစ်ဖြစ် … အဲ့တာကြောင့် လူသတ်လိုက်တာလား မသိဘူး ….”

“ ပထမ တစ်ခုကတော့ အတော်လေး ဖြစ်နိုင်တယ် … ဒါပေမယ့် ဒုတိယတစ်ခုကတော့ မဖြစ်နိုင်ဘူး …”

“ ဘာလို့လဲ ….”

“ ငါတို့တွေ အရင်တုန်းက မာဟိုင်ချန်ကို စစ်ဆေးမေးမြန်းခဲ့ကြသေးတယ်မလား … အဲ့တုန်းက သူ ဖန်းတရဲ့နဲ့ ဖန်းကျစ်ဖျင် အကြောင်း ပြောတုန်းက သူ့အမူအရာက အတော်လေး တည်ငြိမ်နေတယ် … တကယ်လို့သာ သူ ဦးထုပ်စိမ်းဆောင်းခံနေရတာကို သိနေမယ်ဆိုရင် အဲ့လိုပုံစံမျိုး ဖြစ်နေမှာ မဟုတ်ဘူး ….” လင်းရီ ရှင်းပြလိုက်၏။

“ အဲ့တာတော့ ဟုတ်တယ် ….”

“ ငါတို့ဘက်က အဲ့နှစ်ယောက်ကို ဆက်ပြီး စစ်ဆေးမေးမြန်းဖို့ လိုနေတုန်းပဲ … သဲလွန်စ တစ်ခုခုလောက် ထွက်လာမလား ကြည့်ကြတာပေါ့ ….”

“ အခုချိန် ငါတို့ လုပ်နိုင်တာဆိုလို့ … ဟင် … ငါတို့ ဒီနေရာကို ဘယ်လို ရောက်လာခဲ့ကြတာလဲ ….”

ကူရိရန် သူ့ဘာသူ ရေရွတ်လိုက်၏။ လင်းရီ ကြည့်ကြည့်လိုုက်တော့ သူတို့တွေ စကားပြောဆိုရင်းဖြင့် အဘွားစွန်း၏ အိမ်အနီးနားသို့ ရောက်လာသည်ကို သတိမူမိလိုက်သည်။

နေက ပူပြင်းစွာ တောက်လောင်နေသော်ငြားလည်း အရိပ်ကောင်းစွာ ကာပေးထားသည့် ထိုအိမ်ကို မြင်လိုက်တိုင်း ကူရိရန်မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ဖြန်းသွားရစမြဲပင်။

“ မြန်မြန် သွားကြရအောင် … အဲ့အဘွားကြီး စဉ်းစားလိုက်တာနဲ့ ငါ့မှာ ညတောင် ကောင်းကောင်း မအိပ်ရဲဘူး ….”

ထိုသို့ ပြောဆိုပြီးနောက် ကူရိရန်က သူမကိုယ်သူမ ချမ်းတုန်စွာ ပွေ့ဖက်ရင်း လက်မောင်းနှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

“ ကြည့်လိုက် … ငါ့တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေချည်းပဲ …”

“ ဝိုး … ဆိုတော့ ငါတို့ရဲ့ မာရည်ကြောရည်နိုင်တဲ့ ရဲပန်းအလှလေးကလည်း ကြောက်တတ်တဲ့ အရာတွေ ရှိသေးတာကိုး ….”

“ တော်တော့ … လူကိုလာပြီး စနောက်မနေစမ်းနဲ့ … တစ်ခြားမရှိတော့ဘူးဆို မြန်မြန်သွက်သွက် လျှောက်ကြမယ် …”

အဘွားစွန်း၏ အိမ်ကို ဖြတ်ကျော်ပြီးနောက် နှစ်ယောက်က ရွာထဲ ဝင်လာခဲ့ကြသည်။

သို့သော် … သူတို့နှစ်ဦး အိမ်ရှေ့က ဖြတ်သွားစဉ်မှာပဲ အဘွားစွန်းက သူမ၏ တုတ်ကောက်ဖြင့် အိမ်ထဲက တရွေ့ရွေ့ ထွက်လာသည်။

နေရောင်အောက်တွင် သူမ၏ ခါးက အောက်သို့ လုံးဝ ကိုင်းညွှတ်နေပြီး အရေးအကြောင်းတို့ ပြည့်နှက်နေသည့် မျက်နှာမှာလည်း နေအလင်းရောင်ကို မခံနိုင်သည့်ပုံပေါ်သည်။ အမယ်အိုကြီး၏ နှုတ်ကလည်း တစ်စုံတစ်ရာကို ဆက်တိုက် ရေရွတ်နေလျက်ရှိသည်။

“ အားလုံး သေမှာ … မင်းတို့ အားလုံး သေမှာ ….”

လင်းရီတို့နှစ်ဦးလုံးမှာ အဘွားစွန်း၏ အကြည့်က သူတို့နှစ်ဦးနောက်သို့ လိုက်ပါလာသည်ကို သတိမထားမိခဲ့ကြချေ။ ထိုအစား ဖန်းတရဲ့အိမ်၏ အိမ်သို့ သွား၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုတို့ ပြုလုပ်ခဲ့၏။

သို့တိုင် လူသတ်သမားနှင့် ဆက်စပ်နေသည့် မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့နိုင်ခဲ့ချေ။

အထူးသဖြင့် မာဟိုင်ချန် သေဆုံးသည့် အမှုနှင့် အလောင်းကို မည်သို့ ရွေ့ခဲ့သည့် နည်းလမ်းကို ယနေ့ထိတိုင် မဖြေရှင်းနိုင်သေးချေ။

ညနေ သုံးနာရီ အချိန်ရောက်တော့ နှစ်ဦးလုံး မောပမ်းနွမ်းနယ်စွာဖြင့် စခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။ အကြမ်းဖျင်း တင်ပြပြီးနောက် ကိုယ်စီ အိမ်ပြန်သွားခဲ့ကြ၏။

လင်းရီကတော့ ကျီချင်းရန်၏ နေအိမ်သို့ မောင်းထွက်လာခဲ့လိုက်သည်။ အိမ်ရောက်တော့ ကျီချင်းရန်က ဖုန်းပြောနေလေသည်။ သူမက ဟော်ယွမ်ယွမ်နှင့်အတူ ဆေးစစ်သည့် ကိစ္စများအကြောင်း ပြောဆိုနေလျက် ရှိ၏။

လင်းရီ ဝင်လာသည်ကို မြင်တော့ ကျီချင်းရန်က ဆိုဖာပေါ်သို့ လက်ညှိုးညွှန်ပြလိုက်ပြီး သူ့ကို နေရာတွင် ခေတ္တထိုင်ရန် လက်ဟန်ပြလိုက်သည်။ သူမကတော့ ဟော်ယွမ်ယွမ်နှင့် မိနစ်အနည်းငယ်ကြာ စကားဆက်ပြောပြီးမှ ဖုန်းပြန်ချလိုက်၏။

“ ဟမ်… နင် ဘာလို့ အဲ့မှာ လှဲအိပ်နေတာလဲ … စခန်းမှာ ပင်ပန်းခဲ့လို့လား …”

လင်းရီ ဆိုဖာပေါ်တွင် လဲလျောင်းနေတာကို မြင်တော့ ကျီချင်းရန်က အနားသို့ ရောက်လာပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

လင်းရီလည်း အမှုအခြေအနေကို အကြမ်းဖျင်း ပြောပြလိုက်တော့ ကျီချင်းရန်က “ နင်တောင် သဲလွန်စ မရှိတဲ့ အမှုဆိုတော့ လူသတ်သမားက အတော်လေး မရိုးရှင်းလောက်ဘူး …”

“ အဲ့တာကြောင့်လည်း ခက်နေတာပေါ့ ….”

“ လုံးဝကြီးတော့ ဘယ်ဟုတ်မှာ … ငါ့အထင်ကတော့ တခြားအမှုတွေ ဖြေရှင်းတာထက်ကို ပိုလွယ်လိမ့်ဦးမယ် ….”

လင်းရီသည် ကျီချင်းရန်ကို သိချင်စိတ် ပြင်းပြစွာ စိုက်ကြည့်လိုက်ပြီး “ မင်း ဘာလို့ အဲ့လို ပြောနိုင်ရတာ ….”

“ ဘာလို့ဆို လူသတ်သမားက ကျိန်းသေပေါက် သာမန်မဟုတ်လို့လေ … သာမန်နိုင်ငံသားတစ်ယောက်က ဒီလိုမျိုးတွေ လုပ်နိုင်မှာမှ မဟုတ်တာ … အဲ့ဒီတော့ စုံစမ်းစစ်ဆေးတဲ့အခါမှာ အတိုင်းအတာကို အများကြီး လျှော့ချလိုက်လို့ရတယ် …”

“ အမှန်ပဲ … ဒါပေမယ့် ပြဿနာက အမှုနှစ်ခုလုံးကို လူတစ်ယောက်တည်းကပဲ ကျူးလွန်ခဲ့တာ ဆိုပေမယ့် နစ်နာသူ နှစ်ယောက်လုံးရဲ့ အခြေအနေက တူညီသလိုနဲ့ မတူညီနေပြန်ဘူး … တစ်ယောက်တည်းလို့ ပြောရအောင်လည်း ခက်နေပြန်တယ် ….”

“ အမှန်ပဲ … ငါကတော့ အဲ့ဒီ ကိစ္စတွေ နားမလည်ပါဘူး … ဒါပေမယ့် နင့်ကို တခြားနည်းလမ်းနဲ့ ကူညီပေးလို့ရတယ် ….” ကျီချင်းရန် ပြုံးလျက် ဆိုလိုက်၏။

“ ဘယ်လိုနည်းလမ်းလဲ ….”

“ ဒီည အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်ကြမယ် …. နည်းနည်းပါးပါး နားလိုက် … နင် အိုင်ဒီယာ တစ်ခုခု ရလာတာမျိုးလည်း ဖြစ်နိုင်တာပဲလေ ….”

“ ကောင်းသားပဲ … မင်း ဘာဇာတ်ကားကြည့်ချင်လဲ … ငါ အခုပဲ လက်မှတ်ဖြတ်လိုက်မယ် ….”

“ ရယ်ရတဲ့ကားတွေ ၊ ပေါ့ပေါ့ပါးပါးနဲ့ ဦးနှောက်သုံးစရာ မလိုတဲ့ ဇာတ်ကားတွေ ကြည့်ကြတာပေါ့ ….” ကျီချင်းရန် ပြောလိုက်ပြီး “ ငါလည်း အခုနောက်ပိုင်း ပိုပိုပြီး ပျင်းရိလာသလိုပဲ … ဦးနှောက်ကိုဆို သုံးတောင် မသုံးချင်တော့ဘူး ….”

“ သာမန်ပါပဲ … ဟော်မုန်း မညီမျှတာကြောင့်လေ … ကလေးမွေးပြီးသွားရင် အဲ့လို ဖြစ်တော့မှာ မဟုတ်ဘူး ….”

“ သူများတွေဆီက ပြောသံကြားတာတော့ ကိုယ်ဝန်ဆောင်တာက လူကို သုံးနှစ်လောက် တုံးအစေတယ်တဲ့ …. နင်ရော ငါ တုံးအလာမယ်လို့ ထင်လား ….”

“ မင်းလေးက တုံးအလာမယ်ဆိုရင်တောင် နတ်သမီးလေးလိုလှပြီး၊ ပြည့်တင်းတဲ့ ကောက်ကြောင်းတွေနဲ့ ယဉ်ကျေးတဲ့ ငတုံးမလေးပဲ ဖြစ်မှာ …”

ကျီချင်းရန်သည် လင်းရီ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်တွယ်၍ ရွံ့စေးနှယ်သလို ပွတ်သပ်ရင်း “ နင်ကတော့ ချိုသာတဲ့ စကားလှလှလေးတွေ ပြောရမယ်ဆိုရင် နှစ်ယောက်မရှိဘူး ….”

“ ဒါကတော့ ငါမှားယွင်းခံရတာပဲ … ငါပြောတာတွေ အကုန်လုံးက ရင်ထဲက လာတဲ့ အမှန်တရားတွေပါကွာ ….”

“ ဘာပဲဖြစ်ဖြစ်ပါ …. ငါတို့မှာ ကလေးတောင် ရှိနေပြီပဲ … အမှန် ဟုတ်တာ မဟုတ်တာတွေက အရေးမကြီးတော့ပါဘူး …” ကျီချင်းရန် ပြုံးလိုက်ပြီး လင်းရီ၏ လက်ကို ကိုင်၍ “ ခံစားကြည့်ကြည့် … ကလေးက သားလေး ဖြစ်မယ်ထင်လား ၊ သမီးလေး ဖြစ်မယ်ထင်လား ….”

“ အာ …. နှစ်လတည်းရှိသေးတာကို ငါက ဘယ်လို ခံစားကြည့်နိုင်မှာတုန်း …” လင်းရီ ကူကယ်ရာမဲ့စွာ ရယ်မောရင်း “ လောလောဆယ်တော့ မင်းကိုပဲ ခံစားကြည့်လို့ရဦးမယ် .. ကလေးကိုတော့ မဟုတ်သေးဘူး ….”

“ ဟင် … ဘယ်လိုမျိုးလဲ ….”

“ ကိုယ်အင်္ဂါကို စမ်းသပ်ပြီး ပြောကြည့်တာလေ ….”

“ အဲ့ဒါဆိုလည်း နင် ထိပြီး ပြောကြည့်လေ …”

ထို့နောက် လင်းရီလည်း ကျီချင်းရန်ကို စမ်းသပ်ကြည့်လိုက်သည်။

“ အင်း … အတော်လေး … အတော်လေးကို နူးညံ့တယ် … မင်းက မိန်းကလေးပဲ ….”

“ အာ … ငါ ….”

ကျီချင်းရန်မှာ တစ်စက္ကန့်မျှ ကြောင်အမ်းသွားခဲ့ပြီး “ နင့်ကို ဒီလိုမေးခွန်းမျိုး မေးမိတယ်ဆိုတော့ ငါတကယ်ပဲ တုံးအသွားပြီလား မသိဘူးနော်….”

“ နေမှာပေါ့ ဟားဟား …. မျိုးရိုးတော့ မလိုက်စေနဲ့ဦးနော် ….”

“ ငါ နင့်ကို သတ်ပစ်မယ် …”

ကျီချင်းရန်သည် လင်းရီကို မျက်စောင်းခဲပြီး ကြည့်လိုက်သည်။

“ အဝတ်စား သွားလဲလိုက်ဦးမယ် … နင် ခဏလောက် နားနေလိုက် … ပြီးတာနဲ့ အပြင်မှာ တစ်ခုခုစားပြီး ရုပ်ရှင်ကြည့်ကြမယ် ….”

“ အင်း … အိုကေ ….”

နာရီဝက်ကြာပြီးနောက် ၊ ကျီချင်းရန် အဆင်သင့်ဖြစ်သွားခဲ့ပြီး နှစ်ဦးမှာ အိမ်က ထွက်လာခဲ့ကြသည်။

ညစာ စားပြီးနောက် နှစ်ဦးသား ရုပ်ရှင် အတူကြည့်၍ အိမ်သို့ ပြန်လာလေသည်။

ကလင် ကလင် ကလင် …

လင်းရီ ကားပါကင် ထိုးပြီးသည့်အချိန်မှာပဲ သူ့ဖုန်းက အသံမြည်လာခဲ့၏။ ကျန်းဟွေ့ထံကပင်။

“ ကျိုးဟိုင် အမှတ် (၂) ဆေးရုံကြီးကို လာခဲ့ … ရိရန် တစ်ခုခု ဖြစ်သွားတယ် …”

“ ဟင် …”

ကျန်းဟွေ့၏ စကားလုံးက လင်းရီကို မင်သက်သွားစေခဲ့ပြီး တုံ့ပြန်နိုင်ဖို့ကို အချိန်ခေတ္တယူလိုက်ရ၏။

“ သူ အက်စီးဒင့် တစ်ခုခု ဖြစ်လို့လား ….”

“ လူသတ်ဖို့ ကြိုးပမ်းမှုပဲ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူး... ဖုန်းထဲ ပြောရင် ရှင်းမှာ မဟုတ်ဘူး … ဒီကို လာခဲ့လိုက်တာ ပိုကောင်းမယ် … ငါလည်း အခု သွားနေပြီ …”

“ အိုကေ .. ကျုပ်လည်း အခုလာနေပြီ …”

လင်းရီ၏ အမူအရာ ပြောင်းလဲသွားတာကို မြင်တော့ ကျီချင်းရန် အလျင်စလို မေးမြန်းလိုက်သည်။

“ ဘာဖြစ်တာလဲတဲ့ ….”

“ ငါ့လုပ်ဖော်ကိုင်ဖက် ဆေးရုံတင်ထားရလို့ … ငါ သူ့ဆီ သွားရဦးမယ် … အထဲ မဝင်တော့ဘူး ….”

“ ဒါဆိုလည်း အမြန်သွားလေ … ငါ ညအိပ်ဖို့ နင့်ကို စောင့်မနေတော့ဘူး ….”

“ အင်း … ပင်ပန်းတယ်ဆိုလည်း အိပ်နှင့်လိုက် ….”

ကျီချင်းရန်သည် မှာကြားသည့် စကားအနည်းငယ် ပြောဆိုပြီးနောက် ကားထဲက ထွက်၍ လင်းရီ ထွက်ခွာသွားသည်အား ကြည့်ရှုနေလိုက်သည်။

လင်းရီ၏ ကားက လမ်းတစ်လျှောက် အမြန်နှုန်းတင်လာသည်။

ည၏ နီယွန်မီးအလင်းရောင်များက သူ့ပါးပြင်ထက်သို့ တစ်ခုပြီး တစ်ခု ကျရောက်နေလျက်ရှိသည်။

ဖုန်းထဲတွင် ကျန်းဟွေ့ ပြောသည်က လူသတ်ရန် ကြိုးပမ်းမှု ဟူ၍ပင်။

တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာပင်။

သို့သော် ယင်းက လင်းရီကို အခြားတစ်ခုအား တွေးတောမိသွားစေခဲ့သည်။

သူတို့တွေ အဘွားစွန်း၏ အိမ်သို့ သွားရောက်ခဲ့သည့်အချိန်တုန်းက အဘွားစွန်းကိုယ်တိုင် သူနှင့် ကူရိရန်ကို သေရတော့မည်ဟု ပြောဆိုခဲ့သည်။

ယခု … ထိုစကားက အမှန်ဖြစ်လို့လာချေပြီ။

All Chapters