ပြင်ပ အထောက်အပံ့တောင်းခံခြင်း
Vol. 27 Ch. 369
အန်လင်းက ထိုးထွက်လာသော မြူနှင်းထူအရှိန်အဝါ အများအပြားကို ရင်ဆိုင်ရသည်နှင့် ချက်ချင်းပင် သူ့၏ အနက်ရောင်ကျောက်တုံးကို အကာအကွယ်အဖြစ်အဖြစ် အသုံးပြုလိုက်၏။
ဘုန်း...
စွမ်းအားကြီး အားအင်တစ်ခုက အုတ်ခဲနက်ကြီးကို ထိုးထွက်ကာ ခိုက်ခိုက်တုန်သော အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။
အန်လင်းက အခန်း၏ တစ်ခြားတစ်ဖက်ရှိ အပြာရောင် သလင်းကျောက်နှင့် မြူနှင်းနှင့် ရေခဲများဖုံးအုပ်နေသော အခန်းနံရံကို ကြည့်လိုက်ပြီး မနှစ်မြို့ဖွယ် ခံစားချက်ကြီးက သူ့နှလုံးသားထဲသို့ ဖြစ်ပေါ်လာ၏။
သူက စိတ်ဝိညာဥ် ကျောက်တုံးတစ်ခုကို အပြာရောင်သလင်းကျောက်ဆီသို့ စမ်းသပ်သည့်အနေဖြင့် ပစ်လိုက်၏။ စိတ်ဝိညာဉ်ကျောက်တုံးက လေထဲတွင် ငါးမီတာခန့်သာပျံသန်းနိုင်ပြီးနောက် အပြည့်အဝ အေးခဲသွားကာ လေထုထဲတွင် တွဲလောင်းကျနေသည့် ရေခဲရုပ်ထုတစ်ခု ဖြစ်သွားလေ၏။ စိတ်ဝိညာဉ်ကျောက်တုံးနှင့် အပြာရောင်သလင်းကျောက်၏ အကွာအဝေးကြားတွင် မီတာတစ်ရာကျော် ကွာဝေးနေဆဲပင်။
သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီး အဆင့်မြင့် မှော်ဝင်ကိရိယာ ဓားရှည်ကို ဆွဲထုတ်လိုက်၏။ သူက ထို့နောက် သူ့၏သက်ရှိစွမ်းအင်ကို ဓားရှည်ထဲသို့ ထိုးသွင်းလိုက်ပြီး အပြာရောင်သလင်းကျောက်၏ အထက် နေရာလပ်သို့ ပစ်သွင်းလိုက်၏။
ဝှစ်...
ဓားရှည်သည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မြူထူလေပြင်းကို ထိုးဖောက်ကာ အားပြင်းသော ခွန်အားကြီးနှင့် ရှေ့သို့တိုးဝင်သွား၏။
မီတာ၈၀၊ မီတာ၇၀၊ မီတာ ၆၀၊ မီတာ၅၀...
အဆုံးတွင်တော့ ဓားရှည်မှာ အပြာရောင် သလင်းကျေက်မှ ၄၂မီတာ အရောက်တွင် နောက်ထပ်သော ရေခဲရုပ်ထု အဖြစ်သို့ အေးခဲသွားလေ၏။
တပိုင်က မယုံကြည်နိုင်သွား ပါးစပ်အဟောင်းသားဖြစ်သွား၏။ "အစ်ကိုကြီးအန်၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ လေထုက မှော်ဝင်ကိရိယာတစ်ခုကို ဘယ်လိုများ အေးခဲစေနိုင်ရတာလဲ။"
အန်လင်းက အဆင့်မြင့်မှော်ဝင်ကိရိယာကို ကြိုးကိုင်ရန် ကြိုးစားလိုက်သော်လည်း ထိုအရာမှာ အလွန်အမင်း အစွမ်းထက် တားမြစ်ထားသော အားအင်တစ်ခုနှင့် ချိတ်ပိတ်ထားသည်ကို တွေ့လိုက်ရပြီး သို့ဖြစ်ပါ၍ သူ့၏ ဓားရှည်ကို လှုပ်ရှားရန် ကြိုးစားမှုကို ရှုပ်ထွေးနေစေ၏။
"ဒီနေရာလပ်ထဲမှာ အရာဝတ္ထုတွေ အကုန်လုံးကို အေးခဲစေနိုင်တဲ့ အစွမ်းရှိပုံရတယ်။ အပြာရောင် သလင်းကျောက်နဲ့ နီးကပ်လာလေလေ စွမ်းအင်ကပိုပြီး အားပြင်းလာလေလေပဲ။" အန်လင်းမှာလည်း သူ့မျက်နှာထက်တွင် တည်ကြည်သောအမူအရာချိတ်ဆွဲထား၏။ သူက ထို့နောက် ဓားကို ခွန်အားကုန် ပစ်လွတ်လိုက်ပြီး မီတာ၄၀ကျော်ကျော်တွင် ရပ်တန့်သွားမြဲပင်။ သူက မည်သည့်အကြိုပြင်ဆင်မှုမှ မရှိပဲ တစ်ဟုန်ထိုးပြေးဝင်သွားခဲ့ပါက သူသည်လည်း သေသည်အထိအေးခဲသွားပေလိမ့်မည်။
သို့သော်လည်း အန်လင်းက မည်သည့် စိတ်ပျက်အားငယ်ခြင်းမှ မခံစားရပါပေ။ ဤကဲ့သို့ စွမ်းအားမျိုးကို ကြုံရသည်မှာ ပထမဆုံးမဟုတ်ပါချေ။
သူက လျှိုချင်ဟွမ်သည်လည်း ရှောင်ယန်သင်္ချိုင်းဂူတွင် ဆန်းကြယ်သည့်ကတုံးအမျိုးသားနှင့် သူမ၏ တိုက်ပွဲအတွင်း၌ တူညီသောစွမ်းအင်ကို ကိုင်ဆောင်ဖူးသည်ကို မြင်ဖူး၏။
ဟွန်... သူက လျှိုချင်ဟွမ်ကို အကြံဉာဏ်တောင်းကြည့်ပါက အသုံးဝင်သော ထိုးထွင်းအသိဉာဏ်တစ်ချို့ကို ရနိုင်ပေလိမ့်မည်။
သူက အသံကူးကြောင်း အစီအရင်ကို ထုတ်လိုက်ပြီး လျှိုချင်ဟွမ်ကို ခေါ်လိုက်၏။ League Of Valor ဂိမ်းအတွက် သူမကို သူ့၏ အသံကူးပြောင်း အစီအရင်ထဲသို့ တွန်းအားပေး ထည့်သွင်းခိုင်းတာ ကျေးဇူးတင်ပါ၏။ သို့မဟုတ်ပါ သူက မည်သည့်ပြင်ပ အထောက်အပံ့မရပဲ ပိတ်မိနေပါလိမ့်မည်။
အသံကူးပြောင်း အစီအရင်မှာ အလွန်အမင်း စွမ်းအားကြီး လိုင်းမိနေပါ၏။ သူတို့မှာ တခြားသော ဒိုင်မန်းရှင်းထဲတွင် ရှိနေသည် မဟုတ်ပါက မည်သည့်နေရာတွင်မဆိုရှိသော အသံကူးပြောင်း အစီအရင်များနှင့် ဆက်သွယ်နိုင်ပေ၏။ သို့သော်လည်း ထိုထဲတွင် အဆိုးတစ်ခုလည်း ရှိပေ၏။ ထိုအရာ၏ လိုင်းဆွဲအားမှာ ခေါ်ဆိုသူနှင့် လက်ခံ၏ သပ်ရှိစွမ်းအင် သိပ်သည်းဆပေါ်တွင် မူတည်ပါ၏။
အန်လင်းသည် သူ့၏ သက်ရှိစွမ်းအင်များကို အစွမ်းကုန် လှည့်ပတ်စေလိုက်ပြီး ကူးပြောင်းခြင်းကို နှိပ်ရန်သာစီစဉ်နိုင်ပေ၏။
လက်ခံသူသည် ကောင်းကင်ဘုံခုံရုံးတွင် ရှိနေသည်ဖြစ်ပြီး ခေါ်ဆိုသူမှာ ကိုးပြည်ထောင်စုနိုင်ငံတော်၏ အပြင်ဘက်ရှိ အနန္တတောင် ပိုင်နက်နယ်မြေမှ ခေါ်ဆိုနေခြင်းပင်။ သူတို့ကြားတွင် အကွာအဝေး အလွန်များနေသည်မှာ ရိုးရှင်းလှပေ၏။
"ဟေး... အန်လင်း၊ ဘာဖြစ်လို့လဲ။ နင် အတန်းလစ်နေတာလား။" နူးညံ့သော ရေရွတ်သံလေးက အဆုံးတွင် ထွက်ပေါ်လာသည်မှာ လျှိုချင်ဟွမ်က တတ်နိုင်သမျှ တိုးတိုးတိတ်တိတ်ပြောနေသည့်ပုံပင်။
လျှိုချင်ဟွမ်မှာ သူမ၏ အတန်းများထဲမှ တစ်ခု၏ အလယ်တွင်ရှိနေသည်မှာ ရှင်းလင်းပေ၏။
အန်လင်းက ပြန်ပြောဖို့ အခွင့်အရေးမရခင်မှာပင် လျှိူချင်ဟွမ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။ "ခဏလေး... စောက်ကျိုးနည်း။ ငါရဲ့ သက်ရှိစွမ်းအင်က ဘာလို့ အဲ့လောက်မြန်မြန်ကြီး လျော့ပါးသွားရတာလဲ။ မင်းက သောက်ကျိုးနည်း ကမ္ဘာ့အပြင်ဘက်ရောက်နေတာလဲ။"
"... ငါ လောလောဆယ် အပျက်အစီးတစ်စုံထဲမှာ ပိတ်မိနေပြီးတော့ အကူအညီနည်းနည်းလိုနေလို့။ ငါတို့မှာ အချိန်အများကြီးမရှိဘူး။ အဲ့တော့ မြန်မြန်လုပ်ရအောင်။"
အန်လင်းက ဖြုန်းရန်အချိန် မရှိသည်ကို သိသည်မို့ ဆက်ပြောလာ၏။ "ငါက အခု အပြာရောင် သလင်းကျောက်နဲ့ အလွန်အမင်းအေးတဲ့ နေရာလပ်တစ်ခုပါတဲ့ အထူးမြူနှင်း စမ်းသပ်မှုထဲမှာရောက်နေတာ။ အပြာရောင် သလင်းကျောက်ဆီကို ပစ်လိုက်တဲ့ ဘယ်ပစ္စည်းက အေးခဲသွားပြီးတော့ လေထဲမှာချိတ်ပိတ်ခံသွားရတာ။ ချိတ်ပိတ်တဲ့ စွမ်းအားက အပြာရောင် သလင်းကျောက်နဲ့နီးလာရင် ပိုပြီးတော့ သန်မာလာလေလေ ဖြစ်ပုံပဲ။ ငါက မင်းမှာ အဲ့အပြာရောင် ကျောက်က ထုတ်လွှတ်တဲ့ စွမ်းအားနဲ့ တူတဲ့ စွမ်းအင် မင်းမှာ ရှိတာကို သတိရသွားလို့။ ကျေးဇူးပြုပြီး ငါ့ကို အကြံတစ်ခုပေးပါအုံး။"
"အို... အထူးမြူနှင်းရဲ့ ချိတ်ပိတ်စွမ်းရည်နဲ့ တူတာပဲ။ မင်းက ပျော်နေတာ မဟုတ်လား အန်လင်း။"
လျှိုချင်ဟွမ်၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် အောင့်သက်သက်ဖြစ်သွားသော်လည်း သူမက အချိန်ဖြုန်းရန် အချိန်အများကြီးမရှိသည်ကို သိ၏။ "နင်ပြောပုံအရဆိုရင်တော့ အပြာရောင် သလင်းကျောက်က အထူးမြူနှင်း စွမ်းအင်ရဲ့ ရင်းမြစ်ဖြစ်ပုံပဲ။ မင်းရဲ့ ပြဿနာကို ဖြေရှင်းဖို့က အဲ့လောက်ကြီးလဲ မခက်ပါဘူး။ အဲ့မှာ အရေးကြီးတဲ့ အချက်သုံးချက်က စွမ်းအား၊ အပူချိန်နဲ့ အရှိန်ပဲ။"
"အဲ့လို နယ်မြေတစ်ခုအတွက် အရာဝတ္ထုတစ်ခုကို အေးခဲပြီးတော့ ချိတ်ပိတ်ဖို့ဆိုတာ အချိန်လိုအပ်တယ်။ တကယ်လို့ အရမ်းအပူချိန်မြင့်တဲ့ အရာဝတ္ထုတစ်ခုကို အပြာရောင် သလင်းကျောက်ဆီကို လွင့်ပစ်လိုက်ရင် အဲ့ဒီ့ အရာဝတ္ထုကို အေးခဲစေဖို့ အချိန်ပိုလိုမှာပဲလေ။ အဲ့လိုပဲ အစွမ်းထက်အားအင်က ဖြတ်သန်းသွားနိုင်ပြီးတော့ အပြာရောင်သလင်းကျောက်ရဲ့ ချိတ်ပိတ်စွမ်းရည်ကို ကျော်ဖြတ်နိုင်တယ်။ ငါဆိုလိုတာ နင်နားလည်ရဲ့လား။"
အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "အေး အကြမ်းဖျင်းပေါ့။ အဲ့တာက အချက်သုံးချက်ကို ငါအားသာမှုရအောင် အသုံးပြုဖို့ပဲ မဟုတ်လား။ ငါ့မှာ နောက်ဆုံး မေးခွန်းရှိသေးတယ်။ မတော်တဆ တကယ်လို့ငါက ခဲသွားရင်ရော ဘာလုပ်ရမလဲ။"
လျှိုချင်က အတန်ကြာစဉ်းစားလိုက်ပြီး အဖြေပြန်ပေးလာလေ၏။ "ဟင်... နင့်က ငါ့ကိုကျော်ဖို့ရော ဆန္ဒရှိနေတာလား။ ပြီးတော့ မင်းရဲ့ ဝီချက်နဲ့ QQ အကောင့်တွေရဲ့ အချက်အလက်တွေကို ပေးလေ ငါ အဲ့တာတွေကို ကောင်းကောင်း အသုံးပြုမှာပါ။"
အန်လင်း : "..."
ဟုတ်ပြီ။ သူက အေးခဲသွားခဲ့လျှင်တော့ ပြဿနာ တက်မည့်ပုံပင်။ သို့ဖြစ်ပါ၍ ဤသည်မှာ သူ့၏ အသက်ကို လောင်းကြေးထပ်ရမည့် ပွဲဖြစ်ပေ၏။
သူက မည်သည်ကို လုပ်ရမည်ဟူသော အကြံဉာဏ်ကို အကြမ်းဖျင်း စဉ်းစားမိသော်လည်း ထိုနည်းလမ်းက အမှန်တကယ်ပင် အလုပ်ဖြစ်မည်လားဆိုသည်မှာ မည်သို့သေချာပါမည်နည်း။
အသံကူးပြောင်းခြင်းမှာ ထိန်းသိမ်းထားရန်အတွက် သက်ရှိစွမ်းအင် အများအပြားလိုအပ်လှပြီး သို့ဖြစ်၍ သူက လျှိုချင်ဟွမ်နှင့် စကားအနည်းငယ်ထပ်ပြောပြီးနောက် ကူပြောင်းခြင်းကို အဆုံးသတ်လိုက်၏။
အန်လင်းက အဝေးရှိ အပြာရောင် သလင်းကျောက်ကို ကြည့်ကာ အသက်ပြင်းပြင်းရှုလိုက်၏။ ကြည့်ရသည်မှာ သူက ဒီနေရာ၌ လောင်းကစားပြုလုပ်ရမည့်ပုံပင်။
အရှိန်၊ အပူချိန်နှင့် စွမ်းအား- သူက အမှန်တကယ်တော့ ထိုသုံးခုထဲမှ တစ်ခုမှ ချို့တဲ့မနေပါပေ...
"တပိုင်၊ ငါ့ကို ဒီမှာစောင့်နေ။ ငါတစ်ချက်လောက် စမ်းကြည့်လိုက်အုံးမယ်။" အန်လင်းက တပိုင်ဆီသို့ လှည့်ကာ စကားပြောလိုက်၏။
တပိုင်က မည်သိုဆိုဆို သူက ဘာမှမလုပ်နိုင်သည်ကို သိသည်မို့ နောက်တစ်လှမ်းဆုတ်ကာ ခေါင်းငြိမ့်ပြလိုက်၏။ "ကံကောင်းပါစေ အစ်ကိုကြီး အန်။"
အန်လင်းက ခပ်ဖွဖွပြုံးလိုက်ပြီး လေပြင်းဓားနှင့် လေပြင်းစိတ်ဝိညာဉ် နည်းလမ်းကို အသက်သွင်းလိုက်သည်မို့ အဖြူရောင်လေများက မိစ္ဆာရှင်းဓားပတ်လည်တွင် လည်ပတ်လာပြီး သူ့နောက်ကျောတွင် အဖြူရောင် လေပြင်းတောင်ပံက ဖြစ်ပေါ်လာ၏။
"ကြယ်မိစ္ဆာ မီးတောက်၊ မြင့်မြတ် သန့်စင်မီးတောက်၊ လရောင် ရှုခင်းမီးတောက်၊ ကောင်းကင်ဟာလာပြင်မီးတောက် ပေါင်းစည်း... အံ့ချီးမီးတောက် သမုဒ္ဒရာ..."
အံ့ချမီးတောက်လေးခုက သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဖြစ်ပေါ်စပြုလာပြီး ခရမ်းရောင် မီးတောက် သံချပ်ကာအဖြစ် အေးခဲသွားတော့၏။ ပူပြင်းမီးတောက်လှိုင်းများက သံချပ်ကာကို ဖုံးအုပ်ပြီး ပြင်ပသို့ ဖြန့်ထွက်နေကာ ဤမြူထူနေရာလပ်အား ဖျက်စီးပစ်ရန် ခြိမ်းခြောက်နေသလိုပင်။
တောက်လောင်နေသော အပူရှိန်က ၁၀မီတာခန့်ထိ ပျံ့နှံ့သွားပြီး မြူထူထူ လေကြောင့် ပျောက်ကွယ်သွားတော့၏။
ထိုအခိုက်၌ အနက်ရောင် မြူခိုးက အန်လင်း၏ ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်စပြုလာလေ၏။
ကမ္ဘာအောက်ခြေ၏ မူလစွမ်းအား...
ဘုန်း...
အလွန်အမင်း အစွမ်းထက်သော အရှိန်အဝါက သူ့ကိုယ်မှ ရှေ့သို့ ထိုးထွက်လာပြီး ဖျက်စီးစေတတ်သော စွမ်းအင်ကို ပြသနေပေ၏။
သူကရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ခန္ဓာကိုယ်က ခရမ်းရောင် မီးတောက် ဥက္ကာခဲတစ်ခုကဲ့သို့ အဝေးမှ အပြာရောင် သလင်းကျောက်ဆီသို့ မရပ်တန့်နိုင်သော စွမ်းအားဖြင့် တိုးဝင်သွားလေတော့၏။
သူ့၏ ရူးသွပ်ဖွယ် အရှိန်ကြီးက နားစည်ကွဲစေနိုင်သော ပေါက်ကွဲသံကြီး တစ်ခုကို အစပျိုးစေပြီး သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသော ပြင်းထန်သည့် အပူရှိန်က ပတ်ဝန်းကျင်မှ လေထုကို ရစ်ပတ်စေသော မြူနှင်းနှင့် ရေခဲများကို အရည်ပျော်စေလေ၏။
မီတာ ၁၀၀၊ မီတာ ၅၀၊ မီတာ ၂၀ ...
ထိုးကျနေသော အပူချိန်က မီးတောက် သံချပ်ကာထဲမှ ထွက်သော အပူရှိန်ကို သိမ်းယူစပြုလာနေပြီး သူပတ်ဝန်းကျင်မှ နေရာလပ်မှာ အေခဲစပြုလာလေသည်။
အန်လင်းက သူခြေတစ်လှမ်းတိုးလာတိုင်း တိုးပွားလာသည့် အစွမ်းထက် ခုခံစွမ်းအားကို ခံစားလိုက်ရ၏။
၁၀ မီတာ ...
ခရမ်းရောင်မီးတောက် သံချပ်ကာမှာ ပြင်းထန်သည့် အေးစက်မှုအောက်တွင် ပြိုကွဲစပြုလာလေ၏။
ကြောက်မက်ဖွယ် မြူထူထူ အရှိန်အဝါတစ်ခုက သူ့ထဲသို့ တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်နှင့် သတိတရားတို့ကို အေးခဲရန် ခြိမ်းခြောက်နေပေလေ၏။
အန်လင်းက အံ့ကြိတ်လိုက်ပြီးနောက် ရှေ့သို့ အစွမ်းကုန် ရုန်းကန်တိုးဝင်လာလေ၏။ အနက်ရောင် မြူခိုးက သူ့ကိုယ်ပတ်လည်တွင် ဆက်လက်လည်ပတ်နေပြီး သူက မထိန်းချုပ်နိုင်အောင် တုန်ယင်လာပေတော့သည်။
အခုအချိန်တွင် ရပ်တန့်ရန်မှာ သေချာပေါက် သေဆုံးခြင်းပင်။ သူသည် ရှေ့ဆက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပါပေ။
၃ မီတာ...
သူ့ရှေ့ရှိ အသက်ရှုကြပ်ဖွယ် မြူထူ အရှိန်အဝါတစ်ခုက သူ့အား သံမဏိနှင့် သံထည်နံရံကို ဖြတ်သန်း ရုန်းကန်နေရသလို ခံစားရစေ၏။
အန်လင်းက မြူထူသော လေထု၏ ဥပစာ နံရံဆီသို့ တိုဝင်လိုက်ပြီး ချက်ချင်းပင် သူ့၏ အရှိန်အဟုန်အားလုံး ပျက်ပျယ်သွားကာ သူ့ခန္ဓာကိုယ်မှာ အေးခဲစပြုလာလေပြီ...
အန်လင်းက သူ့၏ မိစ္ဆာရှင်းဓားကို လေထုထဲသို့ ခပ်မြင့်မြင့် မြှောက်လိုက်ပြီး လက်လှမ်းမီလုနီးနီး အပြာရောင် သလင်းကျောက်ကို ကြည့်လိုက်၏။ သူက အဆုံးမဲ့ည ဓားသိုင်းကို အသက်သွင်းလိုက်သောအခါ သူ့မျက်လုံးများက အနက်ရောင်သို့ ပြောင်းသွားပြီး လွှမ်းမိုးနိုင်သော အစွမ်းထက် အရှိန်အဝါက သူ့ကိုယ်မှ ထိုးထွက်လာလေတော့၏။
"ဖြတ်သွားစေ..."
သူက မိစ္ဆာရှင်းဓားကို ခုတ်ပိုင်းလိုက်ပြီး ကြမ်းကြုတ်သော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။ မှောင်မိုက်ပြီး အရာအားလုံးကို ဝါးမျိုမည့် လခြမ်းကွေးတစ်ခုက လေထဲတွင်ပေါ်လာပြီး ချက်ချင်းပင် မြူထူနံရံကို ဖြတ်သန်းသွားပြီး အပြာရောင် သလင်းကျောက်ကို ရိုက်ခတ်သွားလေ၏။
ဘုန်း...
အန်လင်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပေါ့ပါးလာပြီး ၃မီတာ အကွာအဝေးက မျက်တောင်တစ်ခတ်အတွင်းမှာ နီးကပ်စေလိုက်ပြီး အပြာရောင် သလင်းကျောက်ကို ဆုတ်ကိုင်လိုက်၏။
သူက သက်ရှိစွမ်းအင်ကို ထိုးသွင်းမည့်ဆဲဆဲမှာပင်။
ခလွမ်း...
သူ့ပတ်လည်တွင် ကြည်လင်ပြီး ကြွပ်ဆတ်သော အက်ကွဲကြောင်းတစ်ခုက အကျိုးဆက်အနေနှင့် ပေါ်လာလေ၏။
အပြာရောင်သလင်းကျောက်က ချက်ချင်းပင် ဖန်ဘောလုံးတစ်ခုကဲ့သို့ တစစီပြိုကွဲသွားလေ၏။
အန်လင်း၏ မျက်ဆံများက ကြုံ့ဝင်ကာ နေရာ၌ပင် နားမလည်နိုင်စွာဖြင့် မြဲမြဲရပ်နေတော့၏။
ထို့နောက် ချက်ချင်းပင် အဆုံးမရှိသော မြူခိုးနှင့် ရေခဲ အရှိန်အဝါများက အခန်းတစ်ခုလုံးကို ဖြတ်သန်းသွားပြီး အရာအားလုံးကို အေခဲသွားစေတော့သည်။
***