← Chapters

မိုးမြေသားတော်၏ ကံကောင်းမှု၊ နှစ်တစ်ထောင် ကောင်းကင်ဘုံဝင်ကျင့်ကြံ

Vol. 9 Ch. 124

မိုးမြေသားတော်၏ ကံကောင်းမှု၊ နှစ်တစ်ထောင် ကောင်းကင်ဘုံဝင်ကျင့်ကြံ

Vol. 9 Ch. 124

အခန်း (၁၂၄) မိုးမြေသားတော်၏ ကံကောင်းမှု၊ နှစ်တစ်ထောင် ကောင်းကင်ဘုံဝင်ကျင့်ကြံသူ

ဟန်ကျွယ်ဟာ ကျန်းကူရှင်းရဲ့ ကျင့်ကြံမှုအဆင့်ကြောင့် မှင်သက်သွားပြီး မျက်နှာသာပေးမှုတိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ချက်ချင်းစဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ သူ့အကြံအစည်ကို ဖျက်လိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျင့်ကြံခြင်းလောကမှာ ကိုယ်တိုင်စွမ်းအားကြီးတာထက် စိတ်ချရတာ ဘာမှမရှိလို့ပါပဲ။ ကြိုးကြိုးစားစား ကျင့်ကြံခြင်းကသာ မှန်ကန်တဲ့လမ်းစဉ် ဖြစ်ပါတယ်။ တစ်ခြားသူအပေါ်မှာ မှီခိုနေရမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။

ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင် တတိယအဆင့်ရှိတဲ့ ရွှမ်ချင်းကျွင်းကို မိုးမြေကမ္ဘာ‌ဖောက် ဓားလက်ချောင်းသိုင်းနဲ့ တိုက်ခိုက်လိုက်တဲ့အခါမှာ တစ်ချက်တည်းနဲ့ သုတ်သင်နိုင်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒီနေရာမှာတင် ရပ်တန့်မနေဘဲ ရွှမ်ချင်းကျွင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်ဘုံဝင် စတုတ္ထအဆင့်ထိ တိုးမြှင့်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို တစ်ချက်တည်နဲ့ ရှင်းပစ်လိုက်နိုင်ပါတယ်။

ကောင်းကင်ဘုံဝင် ပဥ္စမအဆင့်ကို ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို တစ်ချက်တည်းနဲ့ မရှင်းလင်းနိုင်တော့ပါဘူး။ ဒါပေမဲ့ အပြင်းအထန် ဒဏ်ရာရအောင်တော့ လုပ်လိုက်နိုင်ပါတယ်။

ကောင်းကင်ဘုံဝင် ဆဋ္ဌမအဆင့်ကို ရောက်တဲ့အခါမှာတော့ ရွှမ်ချင်းကျွင်းက ဟန်ကျွယ်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပါတယ်။

ပညာသည်တွေ ပြိုင်ဆိုင်ကြတဲ့အခါမှာ အနိုင်အရှုံးက ချက်ချင်းထွက်ပါတယ်။ ပထမဦးဆုံး လှုပ်ရှားနိုင်တဲ့သူက အနိုင်ရသူပါ။

ဟန်ကျွယ်ဟာ နောက်ထပ်လေးငါးကြိမ် ထပ်ကြိုးစားပေမဲ့ သူ့လှုပ်ရှားမှုက ရွှမ်ချင်းကျွင်းလောက် မမြန်ဆန်တာကို တွေ့လိုက်ရပါတယ်။

‘ဒီလောက်ဆိုရင် မကောင်းဆိုးဝါးဧကရာဇ်နဲ့ ရင်ဆိုင်လို့ ရလောက်ပါပြီ’

ဂျိနန်ဟယ်သာ ရွှမ်ချင်းကျွင်းထက် စွမ်းအားကြီးမယ်ဆိုရင် ကောင်းကင်စမ်းသပ်မှု ကျဆုံးပြီး သေသွားမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ထုံးစံအတိုင်း ဂျိနန်ဟယ်၊ လော့ချင်းမော့၊ တာအိုသခင်ကျွယ်ရန်၊ ပြဒါးငှက်နဲ့ မော့ယိုလင်းတို့ကို ကျိန်စာတိုက်ပါတယ်။

ဒီလိုကျိန်စာတိုက်ရင်းနဲ့ ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးပါတယ်။ ဒီနှစ်တွေမှာ ဖန်းလျန် ဘာလုပ်နေလဲဆိုတာ ဟန်ကျွယ် သိချင်နေပါတယ်။

[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၈၂၂၂

[သင့်တပည့် စုချီသည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၀၀၄

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် နတ်ဆိုးအင်ပါယာ၏ ကံတရားအထောက်အပံ့သည် ကြီးမားစွာ ကျဆင်းသွားပါပြီ။]

[သင့်မြေးတပည့် ဖန်းလျန်သည် အခွင့်အရေးကောင်းတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့မိပြီး ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်တစ်ရပ်ကို ရရှိသွားသည်။]

[သင့်မိတ်ဆွေ လော့ချင်းမော့ လက်ယာလမ်းစဉ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် စိတ်ဝိညာဉ်ပြောင်းလဲခြင်း မိစ္ဆာကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်သွားခဲ့သည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၁၁၇၂

…

‘ဝိုး... ဒီရှစ်နှစ်မှာ ဖန်းလျန်က အခွင့်အ‌ရေးကောင်း လေးခုတောင် ရခဲ့တာလား၊ မိုးမြေးသားတော်က တော်တော်လေး ကြမ်းတာပဲ’

ဟန်ကျွယ်ဟာ ဖန်းလျန်အဖြစ်ကြောင့် ဆွံအသွားပါတယ်။ အဲဒီနောက် လော့ချင်းမော့ သေသွားတာကို သတိထားမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကနေ လော့ချင်းမော့ကို ရှာဖွေလိုက်ပါတယ်။ ဒါပေမဲ့ လော့ချင်းမော့ရုပ်သွင်က လုံးဝမရှိတော့ပါဘူး။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ရင်ထဲမှာ ဟာတာတာ ဖြစ်သွားပါတယ်။

‘ငါ့ရန်သူက ငါ့ကိုတောင် မမြင်ရဘဲ သေသွားပါရောလား’

‘ကျိန်စာတိုက်ရမဲ့လူတောင် တစ်ယောက်လျော့သွားပါလား’

‘နတ်ဆိုးလမ်းစဉ်ရဲ့ မကောင်းဆိုးဝါးငါးပါးထဲက တစ်ပါး ကျသွားပြီဆိုတော့ ကြည့်ရတာ လက်ယာလမ်းစဉ်က စလှုပ်ရှားလိုက်ပုံပဲ’

ဒါကလည်း မထူးဆန်းပါဘူး။ ဟန်ကျွယ် အမြင်မှာ လက်ယာလမ်းစဉ်က လမ်ဝဲလမ်းစဉ်ထဲ ကျိန်းသေပေါက် စွမ်းအားကြီးပါတယ်။ မိစ္ဆာကျင့်ကြံသူတွေရဲ့ လမ်းက ကျင့်ကြံခြင်းလောကရဲ့ လမ်းမှန် မဟုတ်ပါဘူး။

လူတစ်ယောက်က ကိုယ့်ကိုကိုယ်တောင် မထိန်းချုပ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး မဟာတာအိုနောက်ကို လိုက်နိုင်မှာလဲ။

‘ဂျိနန်ဟယ်.. ဂျိနန်ဟယ်.... ငါ မင်းကို သတ်နိုင်ဖို့ မျှော်လင့်မိတယ်၊ ငါနဲ့မတွေ့ဘဲ မသေစေနဲ့’

…

ငါးနှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် သတ္တမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုအလျင်ကို စိတ်ကျေနပ်သွားပါတယ်။ သူ့မိတ်ဆွေတွေ ရန်သူတွေနဲ့ နှိုင်းယှဉ်ရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်က အမြန်ဆုံးပါ။

ဝူတောက်ကျန့်ရဲ့ ကျင့်ကြံမှုအလျင်ကလည်း အရမ်းမြန်ပါတယ်။ ဟန်ကျွယ် တွက်ချက်မှုအရ ဝူတောက်ကျန့်ဟာ ကနဦးဝိညာဉ်အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ပါဘူး။

ရန်ထျန်တုန်းကတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ ငရဲကြက်နက်ကတော့ ကျင့်ကြံမှုအလျင် နှေးကွေးတာကြောင့် ဟင်းလင်းပြင်ပေါင်းစပ်အဆင့်မှာ ရုန်းကန်နေရတုန်းပါပဲ။

ဒီနေ့မှာတော့ မော့ကျူဟာ နန်းတော်ထဲကနေ ဟန်ကျွယ်ကို အော်ခေါ်ပါတယ်။ သူ့အသံက အလောတကြီးဖြစ်နေပြီး စိုးရိမ်သံ ပေါက်နေပါတယ်။ ဟန်ကျွယ်ဟာ မော့ကျူအသံကို ကြားလိုက်ရတာကြောင့် နန်းတော်ထဲ ချက်ချင်း ရောက်ရှိသွားပါတယ်။

“ဘာကိစ္စလဲ” ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။

မော့ကျူဟာ သူ့အချိန်အများစုကို ကျင့်ကြံခြင်းနဲ့ပဲ ကုန်ဆုံးတဲ့အတွက် ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာလိုက်တာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ။ ဒါကို ထောက်ရှုခြင်းအားဖြင့် မော့မိသားစုရဲ့ကျင့်စဉ်က မရိုးရှင်းဘူးဆိုတာ သိသာထင်ရှားလှပါတယ်။

မော့ကျူဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်မ အပြင်ထွက်ချင်တယ်၊ ကျွန်မကို အပြင်ထွက်ခွင့်ပေးပါ၊ ကျွန်မရဲ့မျိုးနွယ်တွေက ကျွန်မကယ်မှာကို စောင့်ဆိုင်းနေကြတယ်”

“ဘယ်သူ့ကို ကယ်မှာလဲ၊ မော့ဖူချိုလား... မင်းရဲ့ ဘိုးဘေးတွေကိုလား”

“အကုန်လုံးပဲ”

ဟန်ကျွယ်ဟာ ပါးစပ်ပိတ်သွားပါတယ် ‘ဒီမော့မိသားစုက စကားပြောဂရုဖွဲ့ထားတာလား၊ ဘယ်လိုလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်ရတာလဲ’

မော့ကျူဟာ ဟန်ကျွယ်လက်ကို ဆုပ်ကိုင်ပြီး အလေးအနက် ပြောလိုက်ပါတယ် “ရှင်စိုးရိမ်နေတာကို ကျွန်မသိတယ်၊ ကျွန်မရဲ့ဘိုးဘေးတွေက ကျွန်မကို လှည့်ဖြားမှာကို ရှင်စိုးရိမ်နေတာမလား၊ ကျွန်မတို့ မော့မိသားစုက မိစ္ဆာမျိုးနွယ်စုဆိုပေမဲ့ နှလုံးသားမဲ့တဲ့လူတွေ မဟုတ်ပါဘူး၊ အခု မော့မိသားစုတစ်ခုလုံးက ချိပ်ပိတ်ခံထားရတယ်၊ ကျွန်မတစ်ယောက်တည်းပဲ အပြင်မှာ ကျန်နေတော့တာ၊ ကျွန်မသာ သူတို့ကို မကယ်တင်ရင် မော့မိသားစုတစ်ခုလုံး ပျက်သုဉ်းသွားရလိမ့်မယ်”

“ကျွန်မမှာ အစ်ကိုအပြင် နောက်ထပ်မိသားစုဝင်တွေ ရှိနေသေးတာဆိုတာကို အခုမှသိရတာ၊ ကျွန်မ သူတို့ကို ပစ်မထားနိုင်ဘူး”

ဟန်ကျွယ်က တည်ငြိမ်စွာနဲ့ ပြောလိုက်ပါတယ် “မင်း သေနိုင်တယ်နော်၊ ဒါတောင် သွားအုန်းမှာလား”

မော့ကျူဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြင်ဆင်ထားတာကြာပြီဖြစ်တဲ့ ကောင်းကင်ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်လိုက်ပြီး မော့ကျူအား ပေးကာ ပြောလိုက်ပါတယ် “ဒီအရုပ်ကို မင်းရဲ့ သိုလှောင်လက်စွပ်ထဲမှာ သိမ်းထားချည်၊ သေရေးရှင်ရေး အခြေအနေရောက်ရင် ဒီအရုပ်က မင်းကို ကယ်တင်နိုင်လိမ့်မယ်၊ ဒါပေမဲ့ တစ်ကြိမ်တည်းနော်၊ ဒီတစ်ခါ မင်းထွက်သွားရင် ငါ မင်းကို လာကယ်မှာမဟုတ်ဘူးနော်၊ မင်းသေသွားရင် ငါတို့တွေ နောက်ဘဝကျမှာပဲ ထပ်တွေ့နိုင်လိမ့်မယ်”

ဟန်ကျွယ်ဟာ မော့ကျူကိုယ်ပေါ်မှာ လမ်းခြောက်သွယ် အမှတ်အသား မှတ်ပြီးပြီမို့ နောက်ဘဝမှာ မော့ကျူကို ပြန်တွေ့ရင် မမှတ်မိစရာအကြောင်း မရှိတော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ လှည့်ထွက်သွားပါတယ်။

မော့ကျူဟာ စိတ်ထိခိုက်သွားပါတယ်။ ဟန်ကျွယ်က သူ့ကို ဂရုစိုက်တယ်ဆိုတာကို မော့ကျူသိပါတယ်။ ဒါပေမဲ့ ဒီလောကမှာ လူတစ်ယောက်က တစ်ခြားသူရဲ့ လုံခြုံရေးတစ်ခုတည်းကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်မှာလဲ။ မော့ကျူအတွက်လည်း ဟန်ကျွယ့်အပြင် တစ်ခြားဂရုစိုက်တဲ့အရာတွေ ရှိပါသေးတယ်။ မော့မိသားစုဝင်တွေက မော့ကျူ ဂရုစိုက်တဲ့အရာတွေထဲက တစ်ခုပေါ့။

နန်းတော်ထဲက ထွက်လာပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ တာအိုသခင်ကျင်းရှုကို အသံလွှင့်နည်းနဲ့ ချိပ်ပိတ်စည်းကို ဖျက်ခိုင်းပြီး မော့ကျူကို ထွက်သွားခွင့်ပေးဖို့ ပြောလိုက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ မော့ယိုလင်းရဲ့ ပုံရိပ်ကို ဖွင့်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်မျက်လုံးထဲမှာ မော့ယိုလင်းရဲ့ အတိဒုက္ခဖြတ်ကျော် ပဥ္စမအဆင့်က ဘာမှ မဟုတ်တော့ပါဘူး။ ဟန်ကျွယ်ရဲ့ ဆက်တိုက်ကျိန်စာတိုက်မှုအောက်မှာ မော့ယိုလင်းအား ချီသွေဖယ်ခြင်းကို ခံစားရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတုန်းပါပဲ။

‘ငါ မင်းကို ထပ်ပြီး ကျိန်စာမတိုက်တော့ဘူး၊ ကံကောင်းပါစေ’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

မော့ယိုလင်းက ဟန်ကျွယ်ကို သဘောမကျရင်တောင် မော့ကျူကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မော့ကျူက မော့ယိုလင်းရဲ့ အမွေဆက်ခံသူ ဖြစ်နေလို့ပါပဲ။

မော့ယိုလင်းသာ စိတ်ထင်ရာလုပ်ရင် မော့ကျူက မော့ယိုလင်းရင် သရုပ်မှန်ကို မြင်တွေ့သွားမှာပါ။ ဒါ့အပြင် ကောင်းကင်ရုပ်သေးရုပ်လည်း ရှိတာကြောင့် မော့ယိုလင်းကို တစ်ချက်တည်း သတ်ပစ်ဖို့က ဟန်ကျွယ်အတွက် မခက်ခဲပါဘူး။

‘ဒီလိုဆိုတော့လည်း ငါ့ကို စွန့်ပစ်သွားတဲ့ မိဘတွေကို ကျေးဇူးတင်ရမယ်၊ ဒီလိုပြဿနာတွေ မရှိတော့ဘူး’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ သရော်လိုက်ပါတယ်။

ဒီလောက်နှစ်တွေ ကြာပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်မိဘတွေက အရိုးဆွေးသွားလောက်ပါပြီ။ မသေသေးဘူးဆိုရင်လည်း ဟန်ကျွယ်ကို သတိရသေးရင် အကောင်းမြင်စိတ် နည်းနည်းတော့ ရှိမှာပါ။ ဒီလိုဆိုရင် လူမှုဆက်ဆံရေးစာရင်းထဲကို မဝင်စရာအကြောင်း လုံးဝမရှိပါဘူး။

ဒါပေမဲ့ ဒီလိုမဟုတ်တဲ့အတွက် ဟန်ကျွယ့်မိဘတွေက အသက်ရှင်နေသေးရင်တောင် ဟန်ကျွယ်ကို ဂရုမစိုက်တာ သိသာလှပါတယ်။

ဟန်ကျွယ်ဟာ မော့ကျူကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။

လူတိုင်းမှာ လိုအင်ဆန္ဒတွေ ရှိကြပါတယ်။ ဒါကို အတင်းလိုက်ပြီး တားနေလို့ မရပါဘူး။

တစ်ချိန်ချိန်မှာ သူ့တပည့်တစ်ယောက်ယောက်က ‌ရွေးချယ်စရာမရှိလို့ သူ့ကို စွန့်ခွာမယ်ဆိုရင်တောင် ဟန်ကျွယ်က သူ့တပည့်ကို ဆက်နေဖို့ ဖိအားပေးမှာ မဟုတ်ပါဘူး။

ဘာတွေပဲဖြစ်ဖြစ် ဟန်ကျွယ်က သူ့ကိုယ်သူပဲ ဂရုစိုက်ပါတယ်။

ဟန်ကျွယ်မှာ ပန်းတိုင်တစ်ခုတည်းရှိပါတယ်။

ထာဝရအသက်ရှည်ခြင်း။

ကျင့်ကြံခြင်းလမ်းစဉ်က အထီးကျန်ဖို့ သတ်မှတ်ပြီးသားပါ။

ဟန်ကျွယ်ဟာ သူ့ဘေးနားက လူတွေကို ထောက်ပံ့ပေးတယ်ဆိုပေမဲ့ သူတို့အတွက်တော့ အသေခံမှာ မဟုတ်ပါဘူး။

…

နှစ်နှစ်ကြာပြီးနောက်။

တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။

“အကြီးအကဲဟန် သတင်းကောင်းပါတယ်၊ အကြီးအကဲဟန် ပြောတာ လုံးဝမှန်တယ်၊ ကျုပ်တို့ ယွီဂျင်ဂိုဏ်းတော်ကြီးအနေနဲ့ ဘာမှလုပ်စရာ မလိုဘူး၊ ဒီမိစ္ဆာကျင့်ကြံသူတွေ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး၊ မြင့်မြတ်နယ်မြေတွေက စလှုပ်ရှားလာပြီ၊ မကောင်းဆိုးဝါးငါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လော့ချင်းမော့ကို ကောင်းကင်အမတစံအိမ်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးက သတ်ပစ်လိုက်ပြီ၊ ဒီပြိုင်ဘက်ကင်းပါရမီရှင်က အသက်တစ်ထောင်ပဲ ရှိသေးတယ်၊ သူက ငယ်ငယ်လေးနဲ့ တော်တော်လေး စွမ်းအားကြီးနေပြီ၊ တော်တော် အထင်ကြီးဖို့‌ကောင်းတယ်” တာအိုသခင်ကျိုးတိဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဟန်ကျွယ်ဟာ လော့ချင်းမော့က လူအများကြီး ဝိုင်းတိုက်ခံရလို့ သေသွားတယ် ထင်ခဲ့တာပါ။ အခုလို ကောင်းကင်အမတစံအိမ်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးက သတ်ပစ်လိုက်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

အသက်တစ်ထောင်တည်းနဲ့ မကောင်းဆိုးဝါးငါးပါးထဲက တစ်ပါးကို သတ်ပစ်လိုက်တယ်ဆိုကတည်းက တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပါပြီ။

‘အသက်တစ်ထောင်ပဲရှိသေးတဲ့ ကောင်းကင်ဘုံဝင်ကျင့်ကြံသူလား’

‘တော်တော်လေး ကြောက်ဖို့ကောင်းမှာပဲ’

အဲဒီနောက် ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါဆိုရင် မိစ္ဆာကျင့်ကြံသူတွေက ဖရိုဖရဲ ဖြစ်သွားပြီလား”

တာအိုသခင်ကျိုးတိဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “လော့ချင်းမော့ သေသွားတာက လက်ယာ-လက်ဝဲကြားက မဟာစစ်ပွဲကို ပိုပြင်းထန်သွားစေတယ်၊ ကျန်တဲ့မကောင်းဆိုးဝါးလေးပါး ထွက်ပေါ်လာတော့မယ်”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ရွှမ်ချင်းကျွင်းလည်း ဒီစစ်ပွဲထဲမှာ ဝင်ပါမှာလား’

ရိုးရိုးသားသားပြောရရင် ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ဒီတိုက်ပွဲကြားမှာ မသေစေချင်တာ အမှန်ပါ။

ဒါပေမဲ့ ဟန်ကျွယ် ခံစားရသလောက် ရွှမ်ချင်းကျွင်းက မကောင်းဆိုးဝါးတွေနဲ့ ၁၀၀ ရာခိုင်နှုန်း တစ်ဖက်တည်း မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် ဟန်ကျွယ်ကို ကူညီပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကိစ္စကို ဖုံးကွယ်ပေးမှာ မဟုတ်ပါဘူး။

ဒီအချိန်မှာပဲ...

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေ့တွေ့ရှိထားသည်။ မူလဇစ်မြစ်အား စုံစမ်းစစ်ဆေးနေသည်။]

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters