← Chapters

လူသား ဝန်ဆောင်မှု

Vol. 27 Ch. 370

လူသား ဝန်ဆောင်မှု

Vol. 27 Ch. 370

အပြာရောင်သလင်းကျောက်က တစ်စစီကွဲသွားတော့ သူက သက်ရှိစွမ်းအားကို ဘယ်မှာ ထိုးသွင်းရမှာလဲ။ သူက ဤစမ်းသပ်မှုကို မည်သို့ ကျော်ဖြတ်ရတော့မည်နည်း။

သလင်းကျောက်က ကြေကွဲသွားသောအခါ အန်လင်းက လုံးဝပင် အံ့အားသင့်သွားရ၏။ သူက ဤကဲ့သို့အခြေအနေများအတွက် လုံးဝ မပြင်ဆင်ထားပါပေ။

ပြန်တွေးကြည့်ပါက သလင်းကျောက်မှာ သူက ဓားအလင်းတန်းနှင့် ရိုက်ခတ်လိုက်ပြီး နောက်မှ ကြေကွဲသွားပုံပင်...။ အန်လင်း၏ မျက်နှာထက်၌ မျက်ရည်များ စီးကျလာပေတော့သည်။ သူက သူ့၏ ကိုယ်ပိုင် ဉာဏ်နည်းမှုကြောင့် ကျဆုံးရတော့မည်။

သူက သလင်းကျောက်အကွဲလေးမှ အလွန်အမင်း မြူထူသောစွမ်းအားကို ထုတ်လွှတ်နေသည်ကို တွေ့သောအခါ ချက်ချင်းပင် ကတိုက်ကရိုက်တပ်ဆုပ်လိုက်ရ၏။

သို့သော် သူပြန်ဆုပ်လိုက်သည့် အရှိန်မှာ မြူခိုးအရှိန်အဝါ၏ တစ်ဟုန်ထိုး တိုးပွားလာသော အရှိန်နှင့် နှိုင်းယှဉ်၍ မရနိုင်ပါ။ အခန်းအတွင်းမှအရာတိုင်းမှာ ချက်ချင်းပင် အေးခဲလာပြီး ချိတ်ပိတ်သွားပြန်တော့၏။

အန်လင်း၏ ခန္ဓာကိုယ်သည်လဲ လေထုထဲတွင် အေးခဲသွားကာ သူ့၏သွေးများလည်း ခဲစပြုလာလေပြီ။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံးသည်ပင်လျှင် အေခဲနေသော အစိုင်အခဲဖြစ်လာကြပြီး သူ့၏ သရဲလောက၏ မူရင်းစွမ်းအားမှာ တွန်းအားပေး ပျက်ပျယ်သွားတော့၏။

ခိုက်ခိုက်တုန်နေသော အအေးဓာတ်မှာ သူ့၏ အသိစိတ်ကိုပင် အေးခဲသွားတော့မည်ဟု ခံစားလိုက်ရ၏။

သူ့၏ အသိစိတ်က အမှောင်ထုထဲ့သို့ ကျဆင်းတော့မည့်ဆဲဆဲတွင် အန်လင်းက လေထုထဲသို့ စိမ့်ဝင်နေသော အပြာရောင် မြူထူအရှိန်အဝါတစ်ခု အလယ်တွင် သူ့ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ထိုသည်မှာ အဖြူရောင် ဝတ်စုံနှင့် မိန်းမလှလေးတစ်ယောက်ပင်။ သူမ၏ ခန္ဓာကိုယ်မှာ ရှည်လျားသွယ်လျပြီး သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူစွတ်နေ၏။ သူမက သူ့ဆီသို့ ရွှေ့လျားနေဆဲတွင် သူမ၏ လှုပ်ရှားမှုများမှာ အနည်းငယ် အထီးကျန်ဆန်နေကာ ကျက်သရေတို့နှင့် ပြည့်နှက်နေပုံရ၏။

သူမက နေရာတွင် အေးခဲနေသော အန်လင်းကို ကြည့်ကာ မကျေမနပ်နှင့် မျက်လုံးလှန်လိုက်၏။

အန်လင်းကို အထိန်တလန့် ဖြစ်သွားစေ၏။ ငလူးပဲ၊ သူမက ဘာလို့ သလင်းကျောက်ထဲရောက်နေရတာလဲ။

ထိုအမျိုးသမီးမှာ ပိုင်လင်းမှလွဲ၍ တခြားမဟုတ်ပါပေ။ အပြာရောင်သလင်းကျောက် ပြိုကွဲသွားပြီးနောက် သူမပေါ်လာသည်မှာ အန်လင်းကို လုံးဝ မထင်မှတ်ထားမိပါပေ။

အန်လင်း၏ သိစိတ်က အေးစက်ခြင်းကြောင့်အညံ့ခံရတော့မည့်ဆဲဆဲတွင် အခန်းထဲရှိ မြူထူအရှိန်အဝါမှာ ပိုင်လင်းဆီသို့ စုစည်းသွားပြီး သူမပတ်လည်ရှိ အပူချိန်မှာ ချက်ချင်းပင် တိုးမြှင့်သွားလေ၏။

အန်လင်း၏ ကိုယ်ကြီးမှာ အေခဲနေသော ဇွန်ဘီကဲ့သို့ နောက်ကို ပြုတ်ကျသွားတော့၏။

ဘန်း...

အမာခံ အရာဝတ္ထုနှစ်ခုကြားမှ တိုက်ခတ်သံမှာ အခန်းတစ်ခုလုံးကို ဖြတ်သန်းထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှာ မြေပြင်သို့ ဝင်တိုက်သွားသော်လည်း နာကျင်မှုကိုတော့ မခံစားရပါပေ။

သူ့ခန္ဓာကိုယ်မှာ အေးခဲသွားခြင်းမှ ပြန်ပြီး သက်သာမသွားသေးပဲ နာကျင်မှု အာရုံက အပြည့်အဝ မှေးမှိန်သွားလေတော့၏။

တပိုင်သည်းလည်း တစ်ခြားတစ်ဖတ်တွင် မြဲမြဲမြံမြံနှင့် မလှုပ်မယှက် ရှိနေလေ၏။ သူသည်နေ၌ မြဲမြဲရပ်နေသည်မှာ ကျောက်ရုပ်တစ်ခု ကဲ့သို့ပင်။

ပိုင်းလင်းက အန်လင်းဆီသို့လျှောက်လာပြီး သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ချပြီး သူ့၏ အေးခဲနေသော မျက်နှာကို လက်ချောင်းသွယ်သွယ်များဖြင့် ပုတ်ကာပြောလာ၏။ "မင်းက နှောက်နှေးသွားပြီလား။"

အန်လင်း : "..."

ပိုင်လင်းက သူ့အား မျက်လုံးလှလှလေးများနှင့်စူးစိုက်ကြည့်လိုက်၏။ "စမ်းသပ်မှုကို သာမာန်လူတွေလိုပဲ လုပ်ဆောင်စမ်းပါ။ ဘာလို့ သလင်းကျောက်ကို ဓားနဲ့ခုတ်ရတာလဲ။သလင်းကျောက်ထဲကနေ မန္တန်တွေဖွဲ့စည်းဖို့ ဘယ်လောက်တောင်ခက်လဲဆိုတာ နင်မသိဘူးလား။ နင်က သလင်းကျောက်ကို အစိတ်စိတ်အမြွှာမြွှာကွဲစေရုံတင်မဟုတ်ပဲ ငါ့ကိုပါ နှစ်ပိုင်းခုတ်မိတော့မလို့။ နင်က အများပိုင် ပစ္စည်းကို ပျက်စီးစေပြီးတော့ စီစဉ်သူရဲ့ လုံခြုံရေးကိုလဲ ခြိမ်းခြောက်သေးတယ်။ နင့်ရဲ့ အပစ်တွေက သေဆုံးခြင်းနဲ့ အပစ်ပေးရမှာ နားလည်ရဲ့လား။"

အန်လင်း၏ နှုတ်ခမ်းများက တွန့်ရှုံ့သွား၏။ ဘာလဲဟ။ သူမက သလင်းကျောက်ထဲကနေ မန္တန်တွေ ဖန်တီးနေတယ်ဆိုတာကို သူကဘယ်လိုလုပ်ပြီး သိမှာလဲ။

သူက နောက်ဆုံးတွင်တော့ သူ့၏ အမြဲတမ်းလန်းဆန်းနည်းလမ်းကိုအသုံးပြုကာ စကားပြောနိုင်သည့် စွမ်းရည်ကို ပြန်ရလာပြီဖြစ်သည်။

"ဒီဟာက အထူးမြူနှင်း စမ်းသပ်ချက်မဟုတ်ဘူးလား။ စီစဉ်သူက သလင်းကျောက်ထဲမှာ စခန်းချနေပြီးတော့ ငါ့ဆီကို မန္တန်တွေ ထုတ်လွှတ်ပြီး ဘာလုပ်တာလဲ။"

"ဟီးဟီး... အဲ့တာက လူသားဝန်ဆောင်မှုလို့ခေါ်တယ်လေ။ နင်နားလည်လား။ ငါက ဒီအဆင့်ရဲ့ အခက်အခဲကို ဘယ်လိုများ မြှင့်တင်ရမှာလဲ။" ပိုင်လင်းက သူ့ကို့ အထင်သေးသော အမူအရာဖြင့် နှိမ့်ချကြည့်လာ၏။

လူသားဝန်ဆောင်မှုဟုတ်လား။ အခက်အခဲကို မြှင့်တင်တယ် ဟုတ်လား။

အန်လင်းက သူမ၏ စကားများကြားပြီးနောက် ပါးစပ်အပြည့်သွေးပင်အန်လုဆဲဆဲဖြစ်လာ၏။ သူက ပိုင်လင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ "မင်းက ဘာလို့ အခက်အခဲကို တိုးချင်ရတာလဲ။ ငါက... ငါက ငါ့ရဲ့ ဝှက်ဖဲတွေ အကုန်လုံးထုတ်သုံးပေမဲ့လည်း အပြာရောင် သလင်းကျောက်ဆီကို ချဉ်းကပ်ဖို့ ခက်ခဲနေသေးတာ အံ့ဩစရာမရှိတော့ဘူး။ ငါက စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလောက်ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဘယ်လိုများရှိနေတာလဲဆိုတာ သိချင်နေတာ။ မင်းက ငါ့ကိုတစ်ချိန်လုံးလာရှုပ်နေတယ်လို့ အဖြေထွက်လာတာပဲ။"

ပိုင်လင်း၏ မျက်နှာထက်တွင် သရော်ပြုံးတစ်ခုပေါ်လာလေ၏။ "ဒီလိုဆိုရင်ရော။ မင်းမှာ ကန့်ကွက်ချက်ရှိလား။ ဒီဟာတွေက ငါ့ရဲ့ အပျက်အစီးတွေလေ အဲ့တော့ငါလုပ်ချင်တာလုပ်မှာပေါ့။ အဲ့အပြင် ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းရဲ့ အမွေတွေက အလွန်ကို အဖိုးတန်တယ်လေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် ကြံ့ကြံ့ခံနိုင်တဲ့လူတွေကပဲ အရမ်းကို အဖိုးတန်တဲ့ တစ်စုံတစ်ရာနဲ့ ထိုက်တန်တာပေါ့။"

အန်လင်းက သူမ၏ စကားလုံးများတွင် သ​ရော်ပြုံးပြုံးလိုက်၏။ အန်လင်းက သူ့အဖွဲ့နှင့် နောက်ဆုံးတစ်ခေါက်လာရောက်စဉ်က ပိုင်လင်းက မည်မျှအထိနိမ့်ကျနိုင်သည်ကို ကြုံဖူးပြီးသားဖြစ်၏။ ဤတစ်ကြိမ်၌ သူမက မည်မျှအထိ သွားပြီးစမ်းသပ်မှု၏ အခက်အခဲအဆင့်ကို ဤအဓိပ္ပာယ်မရှိသော လူသားဝန်ဆောင်မှုနှင့် မြင့်တင်ပစ်မည်ကို မည်သူက သိမည်နည်း။

"အဲ့တာဆို ငါက စမ်းသပ်မှုကို ကျော်ဖြတ်နိုင်သွားပြီလား။" အန်လင်းက ခပ်ဖျော့ဖျော့မေးလိုက်၏။

သူက သူ့စိတ်ထဲ၌ ဆုံးဖြတ်ထားပြီးဖြစ်၏။ သူက ဤနေရာရှိ စမ်းသပ်မှုများအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက တသက်တာထိုးနှက်ချက်များ ပေးပစ်မည်။

ပိုင်းလင်းသည်လည်း အနည်းငယ် တုံ့ဆိုင်းနေပုံရ၏။ ခေတ္တမျှတွေးတောပြီးနောက် သူမက နောက်ဆုံးတွင် ပြန်အဖြေပေးလာလေ၏။ "မင်း စမ်းသပ်မှုတွေအတွင်းမှာ သုံးတဲ့နည်းလမ်းတွေက စံပြမဟုတ်ပေမဲ့လည်း ငါ့တို့ရဲ့ ဆက်ဆံရေးကလည်း နည်းနည်းလေး ရင်းနှီးတယ်ဆိုတော့ ငါက မင်းအတွက် အနောက်တံခါးကိုဖွင့်ပေးပြီးတော့ ဒီစမ်းသပ်မှုကို အအောင်ပေးလိုက်ပါမယ်လေ။"

နည်းနည်းလေး ရင်းနှီးတယ်ဆိုတာ သောက်ကျိုးနည်း ဘာကြီးလဲဟ။ ဘယ်သူကများ သူတို့ရဲ့ သူငယ်ချင်းတွေအတွက် အခဲအခက်ကို မြှင့်တင်မှာတဲ့လဲ။

အန်လင်းက စိတ်ထဲ၌ ဒေါသဖြင့် ပေါက်ကွဲလုနီးပါးဖြစ်နေသော်လည်း မျက်နှာထက်တွင်တော့ အပြုံးတစ်ခုကို တွန်းအားပေး ဆင်မြန်းလိုက်၏။ "မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် အမကြီး ပိုင်။ ကျွန်တော်က  ရှေ့လျောက် အကောင်းဆုံးလုပ်ဆောင်ပါမယ်။"

"တော်တယ်။ နောက်ဆုံး စမ်းသပ်ချက်တစ်ခုပဲ ကျန်တော့တာ။ အဲ့တာကို ကျော်ဖြတ်ပြီးသွားတာနဲ့ ငါတို့ရဲ့ ခရမ်းကြယ်စင် အပျက်အစီးက အမွေတစ်ခုလုံးကို လက်ခံရရှိနိုင်မှာပါ..." ပိုင်လင်းက အန်လင်း၏ ဆံပင်ကို ညင်သာသော အမူအရာနှင့် ဖွပေးလိုက်၏။

အန်လင်းက သူ့၏ ခေါင်းကို တစ်ခါမှ ဤကဲ့သို့ ထိတွေ့မခံရဖူး၍ ချက်ချင်းပင် ကြက်သီးများတစ်ကိုယ်လုံး ထလာလေတော့၏။

သို့သော်လည်း သူ့စိတ်မှာ ပိုင်လင်း၏ စကားမှ နောက်ထပ် စမ်းသပ်ချက်မှာ နောက်ဆုံးတစ်ခုဖြစ်ကြောင်းကို အသိပေးသော အပိုင်းကိုသာ ကျရောက်သွားတော့၏။

"အမကြီးပိုင်၊ နောက်ဆုံး စမ်းသပ်ချက်က ဘာဖြစ်မလဲဆိုတာကို သဲလွန်စနည်းနည်းပေးလို့ရမလား။" အန်လင်းက ကြင်နာတတ်သော အမူအရာနှင့် မေးလိုက်ပြီး ပိုင်လင်း၏ လက်ချောင်းသွယ်သွယ်များကို သူ့ခေါင်းနှင့် ရင်းနှီးသော အမူအရာဖြင့် ပွတ်ပေးလိုက်၏။

"အဲ့တာတော့ ပြောပြလို့မရဘူး။ ဒါပေမဲ့ ငါမင်းကို ပြောနိုင်တာကတော့ နောက်ဆုံးစမ်းသပ်မှုထဲမှာ လူသားဝန်ဆောင်မှုပုံစံနှင့် ငါ့ဆီမှာ ချစ်ခြင်းတရားလုံဝ ရှိမှာမဟုတ်ဘူးနော်။" ပိုင်လင်းက အပြုံးလေးနှင့် ပြန်ဖြေလာ၏။

ငါ့ဖင်ကြီးကို ချစ်ခြင်းတရားပါလား။ သူလုပ်တာဆိုလို့ အခက်အခဲကို မြှင့်တင်တာပဲရှိတာကို အဲ့တာကို လာပြီး နှမ်းဖြူဖို့ကြိုးစားနေတာ ဘာလုပ်ဖို့လဲ။

အန်လင်းက စိတ်ထဲတွင် ငြီးတွားနေစဉ်မှာပင် ပိုင်လင်းက မတ်တပ်ထရပ်လိုက်ပြီး နူးညံ့သိမ်မွေ့သော အမူအရာဖြင့် အေးစက်စက်နှင့် အဖတ်မလုပ်သော ပုံသို့ ပြန်ပြောင်းသွားပြန်၏။ "ဂုဏ်ယူပါတယ်။ သင်က အထူးမြူနှင်းစမ်းသပ်မှုကို အောင်မြင်သွားပြီး နောက်ထပ်စမ်းသပ်မှုဆီသို့ ရှေ့ဆက်သွားနိုင်ပါပြီ။"

သူမ၏ စကားအဆုံးတွင် သူမခန္ဓာကိုယ်က အလင်းမှုန်များအဖြစ် ထပ်မံပျောက်ကွယ်သွားပေတော့၏။

အန်လင်းက ပြန်လည်ကောင်းမွန်ရန် မြေကြီးပေါ်မှာ ခေတ္တလှဲနေလိုက်ပြီး မြေပြင်မှ တုန်တုန်ယင်ယင်နှင့် ထလာလေတော့၏။

သူက အအေးလွန်ခြင်းကြောင့် သူ့ခန္ဓာကိုယ်တွင် ခံစားရသော ပျက်ဆီးမှုမှ ပြန်လည်မကောင်းမွန်သေးသည့်အပြင် ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်ကို အသုံးပြုမှု၏ အကျိုးဆက်များမှလည်း ပြန်လည် မကောင်းမွန်သေးပါပေ။

သူက သူ့နောက်မှ တပိုင်ကို ကြည့်ရန် လှည့်လာလိုက်သောအခါ သူက ခွေးသေတစ်ကောင်ကဲ့သို့ လျှာထွက်ကာ ခြေကားရားလက်ကားရားလဲကျနေ၏။ သူသည်လည်း အေးခဲခံရခြင်းဒဏ် ခံနေရသည်မှာ သိသာလှ၏။

"တပိုင်၊ မင်းအဆင်ပြေရဲ့လား။" အန်လင်းက တပိုင်ကို စာနာသောအမူအရာနှင့် တပိုင်ကိုကြည့်လိုက်၏။

"ငါ့ရဲ့ အမွှေးထူထူ ရှည်ရှည် ဝဝကြီးတွေက ငါ့ကို အရာအားလုံးဆီကနေ ကာကွယ်ဖို့မလုံးလောက်ဘူးဆိုတာကို အခုမှပဲ သိတော့တယ်။ ဝုတ်..." တပိုင်က ဖြေမဆည်နိုင်သော အမူအရာနှင့် ပြန်ဖြေလာ၏။

သို့ဖြစ်ပါ၍ သူတို့နှစ်ဦးမှာ ဤစမ်းသပ်မှုအတွင်း၌ အပြင်းအထန်ဒဏ်ရာထပ်မံရရှိခဲ့ပြန်ပြီး သူတို့က တိတ်တဆိတ် ထပ်မံအနားယူလိုက်ကြ၏။

တပိုင်နှင့် အန်လင်းတို့မှာ တစ်ရက်အတွင်းမှာပင် သူတို့၏ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာကြ၏။

သို့သော်လည်း အန်လင်းအတွက်တော့ ကမ္ဘာအောက်ခြေ မူလစွမ်းအင်ကို အသုံးပြုခြင်း၏ အကျိုးဆက်အတွက် နောက်ထပ်နှစ်ရက်လိုအပ်ပါပေသည်။

"အချိန်အများကြီးမရတော့ဘူး။ နောက်ဆုံး စမ်းသပ်မှုကို စလိုက်ကြရအောင်။"

အန်လင်းက အပြည့်အဝ ကောင်းမွန်လာပြီး သွားရန်အတွက် စိတ်အားသန်နေ၏။

"ဟုတ်ပြီ။ ဒီအပျက်အစီးထဲမှာ ပိတ်မိနေတဲ့ မင်းသမီးလှလှလေးကို သွားကယ်ကြရအောင်။ ဝုတ်..." တပိုင်သည်လည်း ရွှင်မြူးစွာပြောလာ၏။

သတ္ထုဝင်ပေါက်ကြီးက ဖြေးညင်းစွာတွန်းဖွင့်ခံလိုက်ရပြီး ကြက်သွေးရောင်လှိုင်ခေါင်းကြီးက သူတို့ရှေ့တွင်ပေါ်လာလေ၏။

အန်လင်းက ထိုလှိုင်ခေါင်းကြီးထဲသို့ ခြေချလိုက်ပြီး နောက်ဆုံးစမ်းသပ်မှုကို စတင်လိုက်၏။

***

All Chapters