← Chapters

ဂျိရှင်းရှန်၊ စိတ်ဝိညာဉ်စွမ်အား ပြိုင်ဆိုင်ခြင်း

Vol. 9 Ch. 125

ဂျိရှင်းရှန်၊ စိတ်ဝိညာဉ်စွမ်အား ပြိုင်ဆိုင်ခြင်း

Vol. 9 Ch. 125

အခန်း (၁၂၅) ဂျိရှင်းရှန်၊ စိတ်ဝိညာဉ်စွမ်အား ပြိုင်ဆိုင်ခြင်း

‘ကံတရားအထောက်အပံ့ရှိတဲ့သူလား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[ဂျိရှင်းရှန်: အတိဒုက္ခဖြတ်ကျော် နဝမအဆင့်။ ပြိုင်ဘက်ကင်းနှလုံးသားဖြင့် မွေးဖွားလာသူဖြစ်ပြီး အမတနတ်ဘုရားဖြစ်လာရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အလွန်အမင်း ဘဝမြင့်သူဖြစ်ပြီး ကောင်းကင်အမတစံအိမ်၌ ကြီးပြင်းလာခဲ့သည်။ နှစ်တစ်ရာအတွင်း ရွှေဓာတ်လုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး နှစ်နှစ်ရာ၌ ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့သည်။ ဂျိရှင်းရှန်သည် ကောင်းကင်အမတစံအိမ်၏ သမိုင်းတွင် ပါရမီအရှိဆုံး ကျင့်ကြံသူဖြစ်ပြီး တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေခဲ့သည်။ လက်ယာ-လက်ဝဲ အသေအကျေ တိုက်ခိုက်ကြတော့မှာ ရွေးချယ်စရာမရှိဘဲ ဂူအောင်းနေရာကနေ ထွက်လာခဲ့သည်။ ယွီဂျင်ဂိုဏ်းရှိ ကွမ်းယွီက ကျင့်ကြံခြင်းလောကတွင် နံပါတ်တစ်ဟု ကြားရသောကြောင့် ကွမ်းယွီကို စိန်ခေါ်ရန် အထူးတလည် ရောက်ရှိလာခြင်း ဖြစ်သည်။]

‘ကောင်းကင်အမတစံအိမ်ရဲ့ နံပါတစ်ပါရမီရှင်’

‘နေပါအုန်း... သူက လော့ချင်းမော့ကို သတ်လိုက်တဲ့ ပါရမီရှင်များလား’

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဂိုဏ်းချုပ် လော့ချင်းမော့ကို သတ်လိုက်တဲ့လူက ဂျိရှင်းရှန်လို့ ခေါ်တာလား”

တာအိုသခင်ကျိုးတိဟာ ခေါင်းခါလိုက်ပါတယ် “ကျုပ်လည်း သေချာမသိဘူး၊ သတင်းက အဝေးကြီးကနေ ပြန့်လာတာဆိုတော့ အသေးစိတ် မသိရဘူး”

ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်က အရမ်းဘဝင်မြင့်လွန်းတာကို သတိထားမိသွားပါတယ်။

‘ကောင်းကင်အမတစံအိမ်မှာ ရှိတဲ့လူတွေက နားထင်သွေးရောက်နေတဲ့ လူတွေချည်းပဲလား’

‘ကြည့်ရတာ ကောင်းကင်အမတစံအိမ်က ငါထင်ထားတာထက် ပိုအင်အားကြီးမဲ့ပုံပဲ’

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာရှိတဲ့ အစွမ်းထက်ဆုံးပုဂ္ဂိုလ်ကို စစ်ဆေးလိုက်ပါတယ်။ ချက်ချင်းဆိုသလို ဂျိရှင်းရှန်ကို ရှာတွေ့သွားတာကြောင့် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။

တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ် မျက်လုံးမှိတ်သွားတာကို တွေ့လိုက်ရတာကြောင့် ဆိတ်ဆိတ်နေလိုက်ပါတယ်။ တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်က တစ်စုံတစ်ခုကို စဉ်းစားဆုံးဖြတ်နေတယ်လို့ တွေးလိုက်ပါတယ်။

ဆယ်စက္ကန့်အကြာ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်နည်းနည်း ကြုတ်သွားပါတယ်။

‘ဒီကောင်က တကယ်ကို အံဩစရာကောင်းတာပဲ၊ ကောင်းကင်ဘုံဝင် စတုတ္ထအဆင့်ရှိတဲ့ လော့ချင်းမော့ကို သတ်နိုင်တာ အံဩစရာ မရှိတော့ပါဘူး’

အရေးကြီးဆုံးကတော့ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ဆီကနေ ရောင်ဝါတစ်မျိုးကို ခံစားလိုက်ရပါတယ်။ ဒီရောင်ဝါက ကိုယ်ပြိုင်ဘက်ကင်းတာကို လုံးဝယုံကြည်မှုရှိတဲ့ ရောင်ဝါမျိုးပါ။ ဒီလိုရောင်ဝါမျိုးက တိုက်ပွဲအတွင်းမှာဆို အလွန်ပဲ ကြောက်မက်ဖို့ကောင်းပါတယ်။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို တစ်ချက်တည်းနဲ့ အသေမသတ်နိုင်ပါဘူး။ ဂျိရှင်းရှန်ကို သတ်နိုင်ဖို့အတွက် ဟန်ကျွယ်ဟာ သုံးလောကသန့်ရှင်းခြင်းနဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို ထုတ်သုံးရပါတယ်။ ဒါတောင် ဂျိရှင်းရှန်က အတိဒုက္ခဖြတ်ကျော် နဝမအဆင့်မှာပဲ ရှိနေသေးတာပါ။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အတိဒုက္ခဖြတ်ကျော် သတ္တမအဆင့်ပါ ‘အဆင့်လေးနှစ်ဆင့်ပဲ ကွာတာတောင် ငါက သူ့ကို တစ်ချက်တည်း မသတ်နိုင်ဘူးလား’ ဟန်ကျွယ်ဟာ ကျောပေါ်မှာ တောင်ကြီးထမ်းထားသလို ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိကို ကြည့်လိုက်ပါတယ် “တစ်ခြားကိစ္စရှိသေးလို့လား”

တာအိုသခင်ကျိုးတိဟာ မှင်သက်သွားပြီးနောက် ခေါင်းခါကာ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိကို ဂရုမစိုက်တော့ဘဲ ဂျိရှင်းရှန်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အကြံထုတ်ပါတယ်။

ဒီအချိန်မှာပဲ...

ဟန်ကျွယ်ဟာ ပုလွေသံကို ကြားလိုက်ရပါတယ်။ ဒီပုလွေသံဟာ သတ်ဖြတ်ငွေ့တွေ ပြည့်နှက်နေပြီး တိုက်ပွဲကြီးတစ်ပွဲအတွက် ပြင်ဆင်နေသလိုပါပဲ။

ဟန်ကျွယ်ဟာ နတ်အာရုံဖြန့်ကျက်ပြီး စစ်ဆေးလိုက်တဲ့အခါမှာ ရွှင်ချန်အန်း၊ ငရဲကြက်နက်နဲ့ ရန်ထျန်တုန်းတို့ဟာ ဒီပုလွေသံကို ကြားပုံမပေါ်ဘူးဆိုတာကို တွေ့လိုက်ရပါတယ်။

“တာအိုရောင်းရင်း... စွမ်းအားကြီးရန်သူတော့ လာနေပြီ၊ ကျုပ်တို့တွေ ဘာလုပ်သင့်လဲ” စိုးရိမ်တကြီးဖြစ်နေတဲ့ တုခူရဲ့အသံဟာ ဟန်ကျွယ်နားထဲ ဝင်ရောက်လာပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘ဒီပုလွေသံက အတိဒုက္ခဖြတ်ကျော် ကျင့်ကြံသူတွေပဲ ကြားနိုင်တာလား’

‘ဒီပုလွေသံပိုင်ရှင်က ဂျိရှင်းရှန်များလား’

ဟန်ကျွယ်ဟာ တုခူကို အသံလွှင့်ပြီး ပြန်ပြောလိုက်ပါတယ် “ဘာမှမဖြစ်ပါဘူး၊ ကျုပ် ထွက်ကြည့်လိုက်မယ်”

ယွီဂျင်ဂိုဏ်းတော်ကြီးမှာ ဟန်ကျွယ်ကလွဲလို့ လော့ချင်းမော့ကို ဘယ်သူမှ မသတ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

ကီလိုမီတာဒါဇင်ကျော်။

တောင်တန်းတွေကြားက ချောက်ကမ်းပါးတစ်ခုမှာ အစိမ်းရောင်ဝတ်စုံနဲ့ ယောက်ျားတစ်ယောက် မတ်တတ်ရပ်နေပါတယ်။ သူ့ရဲ့ အနက်ရောင်ဆံပင်တွေဟာ ခါးထိအောင် ရှည်လျားပြီး လေထဲမှာ လူးလွန့်နေပါတယ်။ သူ့မှာ ချောမောတဲ့မျက်နှာရှိပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာ ရှိပါတယ်။ သူဟာ ဘယ်လက်ကို နောက်ပစ်ထားပြီး ညာလက်နဲ့ အစိမ်းရောင်ပုလွေတစ်ချောင်းကို ကိုင်ထားပါတယ်။

ဟန်ကျွယ်ဟာ ဝတ်စုံစိမ်း ဝတ်ဆင်ထားတဲ့ ပုလွေသံပိုင်ရှင်နောက်မှာ ပေါ်လာပါတယ် “ခင်ဗျား ဘာလုပ်နေတာလဲ”

ပုလွေသံပိုင်ရှင်ဟာ နောက်လှည့်ကြည့်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျုပ်က ကောင်းကင်အမတစံအိမ်ရဲ့ ဂျိရှင်းရှန်ပဲ၊ ယွီဂျင်ဂိုဏ်းတော်ကြီးမှာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူ ကွမ်းယွီ ရှိတယ်လို့ ကျုပ် ကြားထားတယ်၊ သူက ကျင့်ကြံခြင်းလောကမှာ နံပါတစ်ဆိုပြီး နာမည်ကျော်နေလို့ စိန်ခေါ်ဖို့ ရောက်လာတာ”

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကွမ်းယွီလား၊ သူက လွန်ခဲ့တဲ့ နှစ်တစ်ရာထဲက ထွက်သွားပြီ”

“ဘယ်ကို ထွက်သွားတာလဲ”

“မကောင်းဆိုးဝါးတွေကို သုတ်သင်ဖို့ ထွက်သွားတာပဲ”

“ကျုပ်နဲ့ လက်ရည်စမ်းရအောင်၊ ခင်ဗျားကို မထိခိုက်စေရပါဘူး”

“ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး”

“ကျုပ်ရဲ့ ပုလွေသံကို ကြားနိုင်တယ် ဆိုကတည်းက အတိဒုက္ခဖြတ်ကျော်အဆင့်ရှိတဲ့ ကျင့်ကြံသူပဲ ဖြစ်ရမယ်၊ ခင်ဗျားရဲ့ ကျင့်ကြံမှုကို ကျုပ် မမြင်နိုင်ဘူးဆိုတော့ စွမ်းအားကြီးမားတာ ကျိန်းသေတယ်၊ ဟုတ်တယ်မလား အကြီးအကဲကွမ်း”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပြီး ဂျိရှင်းရှန်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ စစဉ်းစားပါတယ် ‘ဒီကောင်က အရမ်းဘဝမြင့်တယ်၊ ငါ သူ့ကို အနိုင်ယူလိုက်ရင် ငါ့ကို စိတ်ဆိုးသွားမလား၊ ငါ သူ့ကို သတ်လိုက်ရင်လည်း ကောင်းကင်အမတစံအိမ်က ကလဲ့စားလာချေမှာကို ကြောက်ရတယ်’

ဂျိရှင်းရှန်ဟာ ရယ်မောလိုက်ပါတယ် “ဟားဟား... ကျုပ် မင်းကို မသတ်ပါဘူး”

‘တော်တော်ဘဝမြင့်တာပဲ’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျုပ် ခင်ဗျားကို အနိုင်ရသွားရင် ကျုပ်ကို လိုက်ပြီး အ‌နှောင့်အယှက်ပေးမှာလား၊ ကျုပ်ကို မုန်းတီးမှာလား”

ဂျိရှင်းရှန်ဟာ ပြုံးလိုက်ပါတယ် “ဒီလိုမဖြစ်ပါဘူး၊ ရိုးရိုးသားသား ပြောရရင် ကျုပ်က ဒီလောကမှာ ပြိုင်ဘက်ကင်းနေပြီ”

‘ခွီးတဲ့မှပဲ... ဒီကောင်က တော်တော်လေး မျက်နှာပြောင်တိုက်တာပဲ’ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို နည်းနည်း လေးစားသွားပါတယ်။ အရှက်မရှိတဲ့နေရာမှာ ဂျိရှင်းရှန်ကို တကယ့်ကို ပြိုင်ဘက်ကင်းတာပါ။

“ကျုပ်တို့တွေ စိတ်ဝိညာဉ်စွမ်းအားကို လက်ဝါးသိုင်းနဲ့ ပြိုင်ကြမယ်လေ၊ ခြေတစ်လှမ်း‌ နောက်ဆုတ်တဲ့သူက အရှုံး၊ ဘယ်လိုသဘောရလဲ”

ဂျိရှင်းရှန်ဟာ ပြုံးလိုက်ပြီး ဝါးပုလွေကို သိမ်းကာ ညာလက်ကို မြှောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “ကောင်းကင်ကို သွားရအောင်၊ ဒီနေရာမှာဆိုရင် ယွီဂျင်ဂိုဏ်းတော်ကြီးကို ဖျက်ဆီးမိလိမ့်မယ်”

“ကောင်းပြီလေ”

ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ဟာ တိမ်တွေပေါ် ခုန်တက်လိုက်ပါတယ်။

ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အဓိကတောင်ထိပ်က နန်းတော်တစ်ခုမှာ တုခူဟာ ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ရဲ့ တိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတယ်။

‘ဂျိရှင်းရှန်... သူက ကောင်းကင်အမတစံအိမ်ရဲ့ နံပါတစ်ပါရမီရှင်ပဲ... နတ်သတ်အကြီးအကဲတော့ ပြဿနာအကြီးအကျယ် တက်ပြီ’ တုခူဟာ စိုးရိမ်စွာ တွေးတောလိုက်ပါတယ်။

‘နတ်သတ်အကြီးအကဲ ရှုံးသွားရင် ငါ လှုပ်ရှားသင့်လား၊ ဂျိရှင်းရှန်က ယွီဂျင်ဂိုဏ်တော်ကြီးကို ဒုက္ခပေးချင်ရင် ငါတို့တွေ ဘာလုပ်ရမလဲ’

‘သေစမ်း... ယွီဂျင်ဂိုဏ်းတော်ကြီးက အေးအေးချမ်းချမ်းကို မနေရပါ့လား’

…

တိမ်ပင်လယ်ထက်မှာ ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ဟာ ပေတစ်ရာခွာပြီး မျက်နှာချင်းဆိုင် ရပ်နေကြပါတယ်။ နှစ်ဦးစလုံးဟာလည်း ညာလက်ကို မြှောက်ထားကြပါတယ်။ ချက်ချင်းဆိုသလိုပဲ နှစ်ဦးစလုံးဟာ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ကြပါတယ်။

“ဝုန်း...”

တိမ်ပင်လယ်ဟာ ပြန့်ကျဲထွက်သွားပြီး အင်အားအရှိန်က မိုင်ရာချီ ပျံ့နှံ့ထွက်သွားပါတယ်။

စွမ်းအားနှစ်ခု တိုက်ခိုက်မှုကြောင့် ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ရဲ့ ဝတ်ရုံတွေဟာ လေထဲမှာ လူးလွန့်ထွက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး နေရာမကျဖြစ်သွားကာ မီးဟုန်းဟုန်း တောက်လောင်သလို ဖြစ်သွားပါတယ်။

နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားပြီး နှစ်ဦးစလုံး အတွေးတစ်ခုတည်းကို တစ်ပြိုင်တည်း တွေးလိုက်ကြပါတယ်။

‘သူက နည်နည်းစွမ်းအားကြီးတာပဲ’

ဂျိရှင်းရှန်ဟာ စိတ်ဝိညာဉ်စွမ်းအားကို စတိုးတဲ့အတွက် ဟန်ကျွယ်ကလည်း သူ့စိတ်ဝိညာဉ်စွမ်းအားကို စတိုးလိုက်ပါတယ်။

‘ငါ ဘယ်လို ဆက်လုပ်သင့်လဲ’ ဟန်ကျွယ်ဟာ စိတ်ရှုပ်သွားပါတယ်။

ဂျိရှင်းရှန်ကလည်း သူ့ဘာသာ တွေးလိုက်ပါတယ် ‘ငါ အားကုန် ထုတ်တိုက်သင့်လား၊ သူ ပြင်းပြင်းထန်ထန်များ ဒဏ်ရာရသွားမလား’

ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ဟာ အတွေးတူနေကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ တစ်ဦးအတွက်တစ်ဦး တွေးပေးနေကြတာပါ။

ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ဟာ တဖြည်းဖြည်းနဲ့ စွမ်းအားထုတ်လာတာကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးကို တပ်လှန့်လိုက်သလို ဖြစ်သွားပါတယ်။ မရေမတွက်နိုင်တဲ့တပည့်တွေဟာ လေပေါ်ပျံတက်ပြီး ဟန်ကျွယ်တို့နှစ်ယောက်ရဲ့ တိုက်ပွဲကို ကြည့်ကြပါတယ်။

ဖူစန်းသစ်ပင်အောက်က ငရဲကြက်နက်၊ ရွှင်ချန်းအန်နဲ့ တစ်ခြားသူတွေဟာလည်း မှင်သက်သွားကြပါတယ်။ ဝူတောက်ကျန့်နဲ့ ရှင်းဟုန်ရွှမ်ကလည်း သူတို့ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာကြပါတယ်။

တာအိုသခင်ကျိုးတိဟာ အကြီးအကဲတွေကို ဦး‌ဆောင်ပြီး ဟန်ကျွယ်ကို အကူအညီပေးဖို့ ပြင်လိုက်ပေမဲ့ တုခူက ဟန့်တာပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ဒီလူက ကောင်းကင်အမတစံအိမ်ရဲ့ နံပါတ်တစ်ပါရမီရှင်ပဲ၊ သူက အတိဒုက္ခဖြတ်ကျော်အဆင့်ရှိတဲ့ ကျင့်ကြံသူ၊ မင်းတို့အကုန်လုံး သွားတိုက်ရင်တောင် နိုင်မှာမဟုတ်ဘူး”

ရှောင်ယောင်ဟာ တုခူစကားကြောင့် ကြက်သေသေသွားပါတယ်။ ရှောင်ယောင်ဟာ တစ်ချိန်တုန်းက ကောင်းကင်အမတစံအိမ်ရဲ့ နံပါတစ်ပါရမီရှင် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ရှောင်ယောင်ဟာ ပြည့်ပြည့်ဝဝ မကြီးပြင်းခဲ့ရပါဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်က နံပါတစ်ပါရမီရှင်နဲ့ ယခုလက်ရှိ နံပါတစ်ပါရမီရှင်က မိုးနဲမြေလိုပဲ ကွာခြားလှပါတယ်။ ဒီသတင်း ပြန့်နှံ့သွားရင်တောင် ယုံမဲ့သူရှိမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ အောက်ကလှုပ်ရှားမှုတွေကို သတိထားမိတာကြောင့် ဆက်ပြီး သရုပ်မဆောင်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့စိတ်ဝိညာဉ်စွမ်းအားကို အားကုန်ထုတ်လိုက်ပါတယ်။

“ဝုန်း...”

ဂျိရှင်းရှန်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန် ထုတ်လိုက်ပါတယ်။ ဂျိရှင်းရှန်ရဲ့ ခန္ဓာကိုယ်ဟာ တုန်ခါသွားပေမဲ့ နောက်တစ်လှမ်းတော့ မဆုတ်သွားပါဘူး။

‘အို... မကောင်းတော့ဘူး... ငါဆက်မခုခံနိုင်တော့ဘူး’

ဂျိရှင်းရှန်ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့မျက်နှာဟာ သားရဲတစ်ကောင်လို ရုတ်ခြည်း ပြောင်းလဲသွားပါတယ်။

ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ ပြင်းထန်လွန်းတဲ့ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကြောင့် ဂျိရှင်းရှန်ဟာ နောက်ဆုတ်သွားရပြီး ပါးစပ်ထဲကနေ သွေးတွေ စီးကျလာပါတယ်။

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို မယုံနိုင်စွာ စိုက်ကြည့်လိုက်ပါတယ်။

‘မဖြစ်နိုင်ဘူး’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters