အခန်း (၂၂၉-၂၃၀)
Vol. 23 Ch. 229-230
အခန်း ၂၂၉ - ထာဝရတိုက်ကြီးသို့ ရောက်ရှိခြင်း။
ကျန်ရှိနေသော လမ်းခရီးသည် အစပိုင်းကဲ့သို့ပင် အေးချမ်းတည်ငြိမ်နေခဲ့ပြီးမည်သည့် မတော်တဆမှုမျှ ထပ်မံ၍ ပေါ်ထွက်မလာခဲ့ချေ။
တစ်ခုတည်းသော ငြီးငွေ့ဖွယ်ရာကောင်းသည့်အချက်မှာ ကွေ့ကောက်လှသော လမ်းကြောင်းကြီး ဖြစ်ပြီး သူသည် တစ်လှမ်းပြီးတစ်လှမ်း လှမ်းလိုက်တိုင်း အလွန်တရာ ကျယ်ပြောလှသော အကွာအဝေးကို ဖြတ်ကျော်နေခဲ့ရသည်။
အတန်ကြာသောအခါ လမ်းကြောင်း၏ ကွေ့ကောက်သော နေရာတစ်ခုတွင် လင်းချန် ၏ ပုံရိပ်သည် တဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့တော့သည်။
“နောက်ဆုံးတော့ အသစ်ပွင့်လာတဲ့ လမ်းကြောင်းရဲ့ ထွက်ပေါက်ဆီကို ငါ ရောက်ပြီလား။"
လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာကတည်းက သူသည် မိုင်ပေါင်း သန်းတစ်ရာနီးပါးခန့် အကွာအဝေးကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ ယခုအခါတွင် ဟင်းလင်းပြင် တည်နေရာညွှန်းကိန်းများ ရှိရာသို့ မလှမ်းမကမ်း အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ၏ အတွေးများကို စုစည်းလိုက်ရင်း လင်းချန်သည် မလှမ်းမကမ်းရှိ လမ်းကြောင်းနံရံ၏ အစိတ်အပိုင်းတစ်ခုဆီသို့ မော့ကြည့်လိုက်သည်။
ပျံတက်ခြင်း လမ်းကြောင်းနံရံ၏ ထိုအပိုင်းသည် အခြားသော နေရာများနှင့် ယှဉ်လျှင် ထူးထူးခြားခြား ကွဲပြားခြားနားမှု မရှိလှချေ။
ယင်းက ထူထပ်ဆန်းကြယ်ပြီး အဆင့်မြင့်လှသော ဟင်းလင်းပြင် နိယာမစွမ်းအား များဖြင့် လုံးဝ ပြည့်နှက်နေခဲ့သဖြင့် စုံစမ်းစစ်ဆေးရန် သို့မဟုတ် နားလည်သဘောပေါက်ရန် ခက်ခဲလှပေသည်။
သို့သော်လည်း လင်းချန်၏ လက်ထဲတွင်ကစဥ့်ကလျား မဟာဧကရာဇ် ပေးအပ်ထားသည့် ဟင်းလင်းပြင် တည်နေရာညွှန်းကိန်းများ ရှိနေခဲ့ရာ ထိုညွှန်းကိန်းများကို ကိုးကားကြည့်ခြင်းအားဖြင့် ပြီးပြည့်စုံလှသည်ဟု ထင်ရသော ထိုနံရံကြီးထံမှနေ၍ ဖျတ်ခနဲဆိုသလို ထူးခြားလှသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်ကို သူ စူးရှစွာ အာရုံခံမိလိုက်သည်။
...ဤနေရာသည် တာအိုပြည်နယ် ၃၀၀၀ မှ မရေတွက်နိုင်သော ကျွမ်းကျင်သူများက အချိန်နှင့် ရင်းမြစ်မြောက်မြားစွာကို အကုန်အကျခံလျက် ဖွင့်လှစ်ပေးခဲ့သော တက်လှမ်းခြင်း လမ်းကြောင်း၏ ထွက်ပေါက်အသစ် ဖြစ်ကြောင်းပင်။
ဤအသစ်ပွင့်လာသော လမ်းကြောင်း ထွက်ပေါက်ကို ထျန်းယီနန်းတော် မှ ကျွမ်းကျင်သူများ ရှာဖွေတွေ့ရှိသွားစေရန်အတွက် ပေါ်တင်ကြီး ထားရှိမည်မဟုတ်သည်မှာ သဘာဝပင် ဖြစ်သည်။
လုံလောက်သော ဖုံးကွယ်မှုနှင့် မှန်ကန်သော အသက်သွင်းနည်းလမ်း ရှိမှသာလျှင် ယင်းကို စစ်မှန်စွာ ပေါ်ထွက်လာအောင် ပြုလုပ်နိုင်ပေလိမ့်မည်။
လေကို ဝဝရှူလိုက်ရင်း လင်းချန်သည် ထိုနံရံအနီးသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့ပြီး သူ၏လက်ဝါးကို ဆန့်ထုတ်ကာ နံရံပေါ်သို့ ဖရိုဖရဲ နိယာမစွမ်းအားများကို လွှတ်ထုတ်လိုက်တော့သည်။
“ဝုန်း..."
သတ်မှတ်ထားသော နည်းလမ်းအတိုင်း ဖရိုဖရဲ နိယာမစွမ်းအားများက နံရံအတွင်းရှိ ထူးခြားသော အငွေ့အသက်ကို လှုံ့ဆော်လိုက်စဉ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအခြေအနေသည် အသက်အနည်းငယ်ရှူစာ အချိန်အထိ ဆက်လက်ဖြစ်ပွားပြီးနောက် လင်းချန်၏ လက်ဝါးထိတွေ့နေသော နေရာမှနေ၍ ရုတ်တရက်ဆိုသလို စူးရှတောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
“ဝုန်းးးး"
ထိုဟိန်းဟောက်သံကြီးသည်ပင် ပိုမို၍ ပြင်းထန်လာခဲ့တော့သည်။
ဒါကို အာရုံခံမိလိုက်သဖြင့် လင်းချန်သည် သူ၏လက်ဝါးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏မျက်နှာထက်တွင် မျှော်လင့်ချက် အပြည့်ရှိနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ကစဥ့်ကလျားမဟာဧကရာဇ် ပြောကြားချက်အရဆိုလျှင် မိမိ၏ ကိုယ်ပိုင် နိယာမစွမ်းအားကို အသုံးပြု၍ သတ်မှတ်ထားသော ပုံစံအတိုင်း တွန်းပို့လိုက်မည်ဆိုပါက လမ်းကြောင်း ထွက်ပေါက်ကို အောင်မြင်စွာ အသက်သွင်းနိုင်မည် ဖြစ်သည်။
ထို့အပြင် တာအိုပြည်နယ် ၃၀၀၀ တွင် နားလည်သဘောပေါက်ခဲ့သော စည်းမျဉ်းစွမ်းအားဖြင့်သာ ဤအရာကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
အခြားသော ကမ္ဘာများမှ စည်းမျဉ်းစွမ်းအားများကို အသုံးပြု၍ ထိုသတ်မှတ်ထားသော ပုံစံအတိုင်း တွန်းပို့ပါက မည်သည့်ရလဒ်မျှ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။
လက်ရှိ အခြေအနေသည် လမ်းကြောင်း ထွက်ပေါက်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြသနေသည့် လက္ခဏာပင် ဖြစ်သည်။
စူးရှတောက်ပလှသော အလင်းတန်းများကြားတွင် လမ်းကြောင်းနံရံထက်၌ အက်ကွဲကြောင်းတစ်ခု တဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ပြီး သိပ်သည်းလှသော ဟင်းလင်းပြင် အငွေ့အသက်များ ပြည့်နှက်နေသည့် ထွက်ပေါက်တစ်ခုအဖြစ် ပုံပေါ်လာခဲ့တော့သည်။
ဤထွက်ပေါက်တွင် ပြည့်နှက်နေသော ဟင်းလင်းပြင် အငွေ့အသက်သည် မူလလမ်းကြောင်းနံရံများမှ ဖြာထွက်နေသော ဟင်းလင်းပြင် အငွေ့အသက်များနှင့် ကွဲပြားခြားနားလှသည်။
ယင်းက ဟင်းလင်းပြင် နိယာမစွမ်းအား မဟုတ်ဘဲ ပိုမိုတိုက်ရိုက်ကျပြီး ပိုမိုသာမန်ဆန်သော ဟင်းလင်းပြင် အငွေ့အသက်မျိုး ဖြစ်သည်။
လင်းချန်အနေဖြင့် ဤအရာသည် လမ်းကြောင်း ထွက်ပေါက်၏ အခြားတစ်ဖက်မှနေ၍ စိမ့်ထွက်လာသော အငွေ့အသက် ဖြစ်ကြောင်း သိရှိလိုက်သည်။
သို့မဟုတ်ပါကလည်း ယင်းက ထာဝရတိုက်ကြီး၏ ဟင်းလင်းပြင် အငွေ့အသက်ပင် ဖြစ်ရပေမည်။
သူသာ ဤလမ်းကြောင်းထွက်ပေါက်ကို ဖြတ်သန်းသွားနိုင်မည်ဆိုပါကသူသည် ထာဝရတိုက်ကြီးဆီသို့ စစ်မှန်စွာ ရောက်ရှိသွားမည်ဖြစ်ပြီး အထက်ဘုံဟု ခေါ်ဆိုကြသော နေရာကို မြင်တွေ့ရတော့မည် ဖြစ်သည်။
ဤအသစ်ပွင့်လာသော လမ်းကြောင်း ထွက်ပေါက်က ဘယ်နေရာကို ဦးတည်နေမလဲဆိုတာကိုတော့ သူ မသိရှိရသေးချေ။
ယင်းက တာအိုပြည်နယ် ၃၀၀၀ ၏ အင်အားစုများ ရှိရာ နယ်မြေဆီသို့ တိုက်ရိုက် ဦးတည်နေမလား သို့မဟုတ် အခြားတစ်နေရာရာဆီသို့လား။
နောက်ဆုံးတွင်တော့ စူးရှတောက်ပသော အလင်းတန်းများမှာ အနည်းငယ် မှေးမှိန်သွားခဲ့ပြီး လူတစ်ယောက်စာ ဖြတ်သန်းသွားနိုင်သည့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဒါကို မြင်လိုက်ရသဖြင့် လင်းချန်၏ နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှု လှိုင်းဂယက်များ ဖြတ်သန်းသွားခဲ့ရသည်။
ဤအခိုက်အတန့်သည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ... သူ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် အစပြုမှတ်အသစ်တစ်ခုဆီသို့ တက်လှမ်းတော့မည် ဖြစ်သည်။
မည်သည့် တွန့်ဆုတ်မှုမျိုးမျှမရှိဘဲ လင်းချန်သည် သူ၏ခန္ဓာကိုယ်ကို ဖရိုဖရဲ ဝိညာဉ်စွမ်းအင် များဖြင့် ဖုံးလွှမ်းလိုက်ပြီး လမ်းကြောင်းအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။
လမ်းကြောင်းကြီးသည် လင်းချန်၏ ပုံရိပ်ကို ဝါးမြိုသွားခဲ့ပြီး လမ်းကြောင်းကြီးသည် တစ်ဖန်ပြန်၍ တိတ်ဆိတ်ခြင်းအတွင်းသို့ နစ်မြုပ်သွားခဲ့ပြန်သည်။
လင်းချန် ပျောက်ကွယ်သွားပြီး အသက်သုံးရှူစာ အချိန်အကြာတွင်မူ အသစ်ပေါ်ထွက်လာခဲ့သော လမ်းကြောင်းကြီးသည် ပြန်လည်ပိတ်သိမ်းသွားခဲ့တော့သည်။
စူးရှတောက်ပသော အလင်းတန်းများမှာလည်း မူလကတည်းက ရှိမနေခဲ့သည့်အလား ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ထာဝရတိုက်ကြီးတွင် နတ်ဘုရားနယ်ပယ်ကြီး လေးခု ရှိနေခဲ့သည်။ နတ်ဘုရားနယ်ပယ် တစ်ခုစီ၏ အတွင်း၌မူမရေတွက်နိုင်သော သက်ရှိလူသားများ ရှင်သန်နေထိုင်ကြသည့် လူမျိုးစုများနှင့် အင်အားစုပေါင်း ထောင်သောင်းချီ၍ ရှိနေခဲ့ကြသည်။
ထာဝရတိုက်ကြီးတွင် မွေးဖွားလာကြသော သက်ရှိများသည် ကလေးငယ်ဘဝကတည်းက အနည်းဆုံး ဝိညာဉ်အမြုတေနယ်ပယ် အဆင့်ကို ပိုင်ဆိုင်ထားကြပြီး ထာဝရတိုက်ကြီး၏ လေးလံလှသော ဟင်းလင်းပြင် ဖိအားကို သဘာဝအတိုင်း ခံနိုင်ရည်ရှိကြသည်။
ထာဝရတိုက်ကြီးမှ ကလေးငယ်တစ်ဦးသည် အကယ်၍ အောက်ဘုံရှိ ကျင့်ကြံခြင်းကမ္ဘာငယ်လေးများဆီသို့ သွားရောက်မည်ဆိုပါက နယ်ပယ်ကြီးများကို ကျော်လွန်၍ပင် တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ပြောရခြင်းမှာ အလွန်အကျွံ ပြောခြင်းမဟုတ်ချေ။
ဒါက ထာဝရတိုက်ကြီးက ဤသက်ရှိများအပေါ် ပေးသနားထားသည့် ထူးခြားသော အားသာချက် အခွင့်ထူးနှင့် အခြေခံအုတ်မြစ်တစ်ခုပင် ဖြစ်သည်။
အမှန်တကယ်တွင်မူ အောက်ဘုံရှိ ကျင့်ကြံခြင်းကမ္ဘာများမှနေ၍ ထာဝရတိုက်ကြီးဆီသို့ ပျံတက်လာနိုင်ကြသူများသည် ပါရမီရှင်များထဲမှ ပါရမီရှင်များသာ ဖြစ်ကြသည်။
သူတို့အနေဖြင့် ပျံတက်လာသူများအတွက် ပြုလုပ်ပေးသည့် ထာဝရတိုက်ကြီး၏ ကနဦး ဗတ္တိဇံဆေးကြောခြင်းကို ခံယူရန်နှင့် အချိန်ကြာလာသည်နှင့်အမျှ အခြေကျသွားရန်သာ လိုအပ်သည်။
ထို့နောက်တွင်မူ သူတို့သည် ထာဝရတိုက်ကြီးတွင် နေရာတစ်ခုကို ရယူနိုင်ကြမည်ဖြစ်ပြီး ဒေသခံ သက်ရှိပေါင်း ထောင်သောင်းချီကိုပင် ကျော်လွန်သွားနိုင်ကြလိမ့်မည်။
ဤကဲ့သို့ အောက်ဘုံမှ ပျံတက်လာကြသူများကို ထာဝရတိုက်ကြီး၏ ထိပ်တန်းအင်အားစုများကလည်း အလွန်အမင်း အလိုရှိနေကြသည်။
နတ်ဘုရားနယ်ပယ်ကြီး လေးခုထဲမှ တစ်ခုဖြစ်သော အရှေ့ဘက်နတ်ဘုရားနယ်ပယ် အတွင်း၌မူ လူသူကင်းမဲ့လှသော လျှိုမြောင်တစ်ခု ရှိနေခဲ့သည်။
ထူးခြားမှုမရှိလှသော ကျောက်ဆောင်ချောက်ကမ်းပါးတစ်ခုထက်တွင်ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ပုံရိပ်တစ်ခုသည်လည်း ယင်းနှင့်အတူ ဖြည်းညှင်းစွာ လှမ်းထွက်လာခဲ့သည်။
ထိုပုံရိပ် ပေါ်ထွက်လာသည်နှင့်အမျှသူ၏မျက်နှာထက်တွင် ပြင်းထန်လှသော စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း နောက်ထပ် အခိုက်အတန့်တွင်မူ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရပြီးသူ၏ခန္ဓာကိုယ်မှာ အောက်ဘက်သို့ ရုတ်တရက် နစ်ဝင်သွားခဲ့သဖြင့် သူ၏ဒူးအစုံမှာ အနည်းငယ် ကွေးညွတ်သွားခဲ့ရသည်။
အခန်း ၂၃၀ - ပြေးတော့ လုံးဝလှည့်မကြည့်နဲ့။ မင်း... အသက်ရှင်ရမယ်။
တစ်ပြိုင်နက်တည်းမှာပင် လင်းချန် ရှိနေသည့်နေရာနှင့် မိုင်ပေါင်းရာချီ ဝေးကွာသော နေရာတစ်ခု၌ ဖြစ်သည်။
အလင်းတန်းပေါင်းများစွာသည် မြေပြင်ထက်တွင် အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးလွှားနေကြသည်။ ထိုအလင်းတန်းများအတွင်းရှိ အစွမ်းထက်လှသော ပုံရိပ်များ၏ မျက်နှာထက်တွင်မူ ထိတ်လန့်တုန်လှုပ်မှုများ အထင်အရှား ပြည့်နှက်နေခဲ့သည်။
သူတို့သည် တစ်စုံတစ်ခုကို စစ်ဆေးနေသည့်အလား သူတို့၏ နောက်ဘက်ဆီသို့ မကြာမကြာ လှည့်ကြည့်နေကြမိသည်။
အလင်းတန်းတစ်ခု၏ အတွင်း၌မူအနည်းငယ် ကလေးဆန်သော မျက်နှာရှိသည့် လူငယ်တစ်ဦးသည် ရှေ့ဆီသို့ အပြင်းနှင်နေရင်းဖြင့် ဘေးနားရှိ အခြားအလင်းတန်းတစ်ခုအတွင်းမှ ပုံရိပ်ကို လှမ်း၍ မေးမြန်းလိုက်သည်။
“အဖိုး... အဲဒီလူယုတ်မာတွေ လိုက်မှီလာပြီလား။ ကျွန်တော် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။"
အနီးကပ် သေချာကြည့်လိုက်မည်ဆိုပါကထိုလူငယ်လေး၏ ဝတ်ရုံထက်တွင် အမည်းစက်များအသွင် သွေးကွက်များ စွန်းထင်နေပြီး မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်နေကာ နှုတ်ခမ်းထောင့်များတွင်ပင် မခြောက်သွေ့သေးသော သွေးစများ ရှိနေသည်ကို မြင်တွေ့ရပေလိမ့်မည်။
သူ လှမ်းမေးလိုက်သော အလင်းတန်းအတွင်းရှိ အဖိုးအို၏ အခြေအနေမှာလည်း သိပ်ပြီး မသက်သာလှချေ။
သူ၏ မျက်နှာမှာ ရွှေရောင်စက္ကူကဲ့သို့ ဖြူဖျော့နေပြီး ဝတ်ရုံများမှာလည်း စုတ်ပြဲနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ အရှိန်အအဝါမှာတော့ တည်ငြိမ်နေဆဲဖြစ်ရာ မည်သည့် ကမောက်ကမဖြစ်မှုမျိုးမျှ မရှိသေးချေ။
လူငယ်လေး၏ မေးခွန်းကို ကြားလိုက်ရစဉ် အဖိုးအို၏ မျက်ဝန်းများအတွင်း၌ ခါးသီးမှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သော်လည်း သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သည်။
“စိတ်မပူပါနဲ့ မြေးလေးရဲ့။ ငါတို့ အဲဒီလူယုတ်မာတွေကို အဝေးကြီးမှာ ထားခဲ့ပြီးပြီ။ ငါတို့ မိသားစုဆီကို အမြန်ဆုံး ပြန်ရောက်သွားဖို့ပဲ လိုတယ်ဒါဆိုရင် ဘေးကင်းသွားလိမ့်မယ်။”
သူ၏စကား ဆုံးသွားသည်နှင့်အမျှ၊ လူငယ်လေး၏ စိုးရိမ်ပူပန်မှုများမှာ အနည်းငယ် လျော့ပါးသွားခဲ့ရသည်။ သူသည် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သော သူ၏ ဝိညာဉ်စွမ်းအင်များကို အတင်းအကျပ် ထုတ်သုံးလိုက်ပြီး မြန်နှုန်းမြင့် ပျံသန်းမှုကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
သို့သော်လည်း အဖိုးအိုနှင့် လူငယ်လေးကို ဝန်းရံထားကြသည့် အခြားသော အလင်းတန်းများအတွင်းမှ အစောင့်တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားကြသော ကျွမ်းကျင်သူများ၏ မျက်နှာမှာမူ ကောင်းမွန်မနေခဲ့ချေ။
အဖိုးအိုအနေဖြင့် လူငယ်လေးကို စိတ်သက်သာရာရစေရန်အတွက်သာ ထိုသို့ ပြောဆိုနေခြင်းဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိကြသည်။
သူတို့၏ လက်ရှိ အခြေအနေမှာ လုံးဝ ကောင်းမွန်မနေချေ။ လိုက်လံဖမ်းဆီးသူများနှင့် အနည်းငယ် ကွာဟချက် ရှိနေသေးသည်ဆိုသော်လည်း အကယ်၍ ထိုကောင်များသာ သတိပြုမိသွားပြီး ဟင်းလင်းပြင်ဖြတ်သန်းနိုင်သည့် ဝိညာဉ်လှေသင်္ဘောကို အသုံးပြု၍ လိုက်လံဖမ်းဆီးမည်ဆိုပါကသူတို့အနေဖြင့် မိသားစုဆီသို့ ပြန်လည်ရောက်ရှိရန် မည်သည့်အခွင့်အရေးမျှ ရှိတော့မည် မဟုတ်ချေ။
သူတို့ လက်ရှိ ရင်ဆိုင်နေရသည်မှာ ဆယ်ပုံတစ်ပုံမျှသာ အသက်ရှင်သန်ခွင့်ရှိသည့် မျှော်လင့်ချက်မဲ့ အခြေအနေဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။
ယင်းက ထူးခြားလှသော ပါရမီကို ပိုင်ဆိုင်ထားသည့် သခင်လေးကို တိုက်ရိုက်ပစ်မှတ်ထားထားသည့် သေချာစနစ်တကျ စီစဉ်ထားသော ထောင်ချောက်တစ်ခုပင် ဖြစ်သည်။
အတန်ကြာ ရှေ့သို့ ဆက်လက်တက်လှမ်းပြီးနောက် အစောင့်တစ်ဦး၏ မျက်နှာထက်တွင် ဝမ်းသာအားရမှုများ ပေါ်ထွက်လာခဲ့ပြီး မအောင့်နိုင်ဘဲ အော်ဟစ်လိုက်တော့သည်။
“အကြီးအကဲ၊ သခင်လေး။ ကျွန်တော်တို့ ပိုင်နက်ထဲကို ဝင်တော့မယ်။ ဒါကို ဖြတ်ကျော်ပြီးတာနဲ့ မိသားစုနဲ့ မိုင်တစ်ရာပဲ ဝေးတော့မယ်။”
"ကျွန်တော်တို့ ပိုင်နက်ထဲကို ဝင်သွားပြီဆိုရင်တော့ အဲဒီလူယုတ်မာတွေ ဟင်းလင်းပြင်ဖြတ်သန်းနိုင်တဲ့ သင်္ဘောကို သုံးရင်တောင် ကျွန်တော်တို့ကို ဖမ်းဖို့က အလွန်တရာ ခက်ခဲသွားလိမ့်မယ်။”
“ကျွန်တော်တို့အတွက် အခွင့်အရေး ရောက်လာပြီ။”
ဤအော်ဟစ်သံကို ကြားလိုက်ရသဖြင့် အဖိုးအိုနှင့် လူငယ်လေးအပါအဝင် လူတိုင်းမှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာခဲ့ကြသည်။
ယွမ်လျှိူမြောင်။
ရှေးဟောင်းဧကရာဇ် တစ်ပါး၏ ဓားချက်တစ်ချက်တည်းဖြင့် ဆုတ်ဖြဲခြင်း ခံခဲ့ရသည်ဟု ဆိုစမှတ်ပြုကြသော ထိုဒဏ္ဍာရီလာ ကြီးမားလှသည့် လျှိုမြောင်ကြီး။
အခြားသော နေရာများနှင့် နှိုင်းယှဉ်ပါကထိုနေရာရှိ ဟင်းလင်းပြင်သည် ဟင်းလင်းပြင်လှိုင်းဂယက် မတည်ငြိမ်မှုများနှင့် ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် အပိုင်းအစများဖြင့် လုံးဝ ပြည့်နှက်နေခဲ့သည်။
ဟင်းလင်းပြင်ဖြတ်သန်းနိုင်သည့် ဝိညာဉ်လှေသင်္ဘောတစ်ခုအတွက်ပင် ထိုနေရာကို ဖြတ်သန်းရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် သူတို့သာ ယွမ်လျှိုမြောင်အတွင်းသို့ ဝင်ရောက်သွားနိုင်မည်ဆိုပါက လိုက်လံဖမ်းဆီးသူများ လိုက်မှီလာမည့်အရေးကို ခေတ္တမျှ စိုးရိမ်စရာ မလိုတော့ချေ။
အကယ်၍ ထိုကောင်များက သူတို့ကို မဖြစ်မနေ ဖမ်းဆီးချင်သည်ဆိုပါကသူတို့သည် ယွမ်လျှိုမြောင်ကို ပတ်သွားရမည်ဖြစ်ပြီး အခြားတစ်ဖက်မှနေ၍ ကြားဖြတ်တားဆီးရပေလိမ့်မည်။
သူတို့၏ နှလုံးသားအတွင်း၌ မျှော်လင့်ချက်မီးတောက်များ ပြန်လည်တောက်ပလာခဲ့ကြသဖြင့် ထိုကျွမ်းကျင်သူများ အုပ်စုသည် သူတို့၏ အရှိန်ကို နောက်ထပ်တစ်ဆင့် မြှင့်တင်လိုက်ကြပြန်သည်။
သူတို့သည် ပုံရိပ်များကို လျှပ်စီးကဲ့သို့ ရွေ့လျားရင်း ယွမ်လျှိုမြောင်ဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့ကြပြီး ဝင်ရောက်တော့မည့် ဆဲဆဲပင် ဖြစ်သည်။
သို့သော်လည်း သူတို့ လျှိုမြောင်နှင့် မိုင်အနည်းငယ်မျှသာ ဝေးကွာတော့သည့် အချိန်တွင်မူရှေ့မှောက်ရှိ ဟင်းလင်းပြင်ကြီးမှာ ရုတ်တရက် လိမ်ရှုံ့သွားခဲ့ပြီး ပေရာချီ ကြီးမားလှသော ပျံသန်းနိုင်သည့် သင်္ဘောကြီးတစ်စင်းသည် ယင်း၏အတွင်းမှနေ၍ ထွက်ပေါ်လာခဲ့တော့သည်။
ဤသင်္ဘောကြီးကို မြင်လိုက်ရစဉ်အဖိုးအိုလူငယ်လေးနှင့် အစောင့်များအားလုံး၏ မျက်နှာထက်ရှိ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားခဲ့ရပြီး သူတို့၏ ပုံရိပ်များလည်း ရပ်တန့်သွားခဲ့ရသည်။
မျှော်လင့်ချက်ကင်းမဲ့ခြင်းဟု ခေါ်ဆိုသော အငွေ့အသက်တစ်ခုသည် လူတိုင်းကို တဖြည်းဖြည်းချင်း လွှမ်းခြုံလာခဲ့တော့သည်။
အဲဒီလူယုတ်မာတွေ လိုက်မှီလာပြီ။
ကြီးမားလှသော ပျံသန်းနိုင်သည့် သင်္ဘောကြီးထက်တွင် ဖြစ်သည်။
အစွမ်းထက်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည့် ပုံရိပ်ပေါင်း တစ်ဒါဇင်ကျော်ခန့်သည် ပခုံးချင်းယှဉ်လျက် ရပ်နေကြပြီးလှောင်ပြုံးများဖြင့် အောက်ဘက်သို့ ငုံ့ကြည့်နေကြသည်။
သူတို့၏ မျက်ဝန်းများအတွင်း၌မူ အဖိုးအို လူငယ်လေးနှင့် ဝတ်စုံဝတ်ထားကြသော အစောင့်များမှာ သူတို့ အမဲလိုက်နေကြသည့် သားကောင်များသာ ဖြစ်ကြသည်။
အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်သည်။ ဤလိုက်လံဖမ်းဆီးမှုသည် မိုင်ပေါင်းထောင်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် သူတို့ လိုက်မှီခဲ့သည့် အကြိမ်အနည်းငယ် ရှိခဲ့သော်လည်း အစောင့်များ၏ အသက်စွန့် ကာကွယ်မှုများကြောင့် သားကောင်များသည် တစ်ဖန်ပြန်၍ ရုန်းထွက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ အစောင့်များ အဖိုးအိုနှင့် လူငယ်လေးတို့မှာ အလွန်တရာ အားနည်းနေခဲ့ကြပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ဤသားကောင်များကို လုံးဝ လွတ်မြောက်ခွင့်ပေးတော့မည် မဟုတ်ချေ။
ယွမ်လျှိုမြောင်၏ ပြင်ပသည်ပင် ဖူလော့ယွမ်မြို့တော် မိသားစု မှ ဤမျိုးဆက်သစ်များအတွက် သချိုင်းမြေ ဖြစ်လာတော့မည်။
အစွမ်းထက်လှသော ပုံရိပ်တစ်ဒါဇင်ကျော်ကြားတွင် ရပ်နေသည့် အလယ်အလတ်အရွယ် အမျိုးသားသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အဖိုးအိုကို ကြည့်ကာ ပြုံးလိုက်သည်။
“အဖိုးကြီး ဂေါ် ... မင်း တော်တော်လေး မြန်မြန်ပြေးနိုင်တာပဲငါတို့ကို တော်တော်လေး လိုက်ခဲ့ရအောင် လုပ်တယ်ဟုတ်လား။”
“ဒါပေမဲ့ အခုတော့ မင်းမှာ ထွက်ပြေးဖို့ အခွင့်အရေး မရှိတော့ဘူး။”
“ဘာဖြစ်လို့လဲဆိုတော့ နောက်ဆိုရင် မင်း ငါတို့ရဲ့ လက်ချက်နဲ့ သေရတော့မှာမို့လို့ပဲ။”
သူ၏ အသံသည် ဟိန်းဟောက်ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် စက်ဝိုင်းသဖွယ် ပဲ့တင်ထပ်သွားခဲ့သည်။
ပျံသန်းနိုင်သည့် သင်္ဘောပေါ်ရှိ အခြားသော ကျွမ်းကျင်သူများကလည်း မအောင့်နိုင်ဘဲ ရယ်မောလိုက်ကြတော့သည်။
“ဟားဟားဟား... မှန်တာပေါ့။ ဒီနေ့က မင်းတို့ သေရမယ့်နေ့ပဲ။”
“မင်းတို့ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်တော့ စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်ကို ကာကွယ်ဖို့အတွက် မင်းတို့ရဲ့ ဂေါ်မိသားစုက အရမ်း အားနည်းလွန်းနေတာကိုပဲ အပြစ်တင်လိုက်စမ်းပါ။”
“ယွမ်ထျန်းနတ်ဘုရားဂိုဏ်းကို ဝင်ခွင့်ရမယ့် အခွင့်အရေးရှိတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ... မင်းတို့ ဂေါ်မိသားစုလို ကောင်တွေ ပိုင်ဆိုင်ထိုက်တဲ့အရာ မဟုတ်ဘူး။”
“ဟားဟားဟား...”
မောက်မာရိုင်းစိုင်းလှသော ရယ်မောသံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး မျက်နှာဖြူလျော်နေသော လူငယ်လေး၏ နားအတွင်းသို့ စီးဝင်သွားခဲ့သည်။
လူငယ်လေး၏ မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့ပြီး သူသည် မသိစိတ်အရ နောက်သို့ တစ်လှမ်းဆုတ်မိသွားသည်။
သို့သော်လည်းသူသည် သူ၏ စိတ်ဓာတ်ကို ချက်ချင်း ပြန်လည်ပြင်ဆင်လိုက်ပြီး ပျံသန်းနိုင်သည့် သင်္ဘောပေါ်ရှိ ကျွမ်းကျင်သူများထံသို့ စကားပြန်ပြောလိုက်တော့သည်။