← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း ၂၂၃ - မျှော်လင့်ထားသည်ထက်ကျော်လွန်နေသောအရာ။

လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် ဩဇာကြီးမားလှသော မိသားစုများနှင့် လူမျိုးစုပေါင်း ရာပေါင်းများစွာဆီသို့ လှည့်လည်သွားလာခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အားလုံးမှာ တစ်ချိန်က မဟာဧကရာဇ် ကျွမ်းကျင်သူများ ထွက်ပေါ်ဖူးသည့် တာအိုပြည်နယ် ၃၀၀၀ မှ အင်အားကြီးမားလှသော ရှေးဟောင်းအင်အားစုများ ဖြစ်ကြသည်။

သူ အနည်းငယ် စိတ်သက်သာရာရသွားစေသည့်အချက်မှာ ထိုအင်အားစုများ၏ စစ်မှန်သော အာဏာပိုင်များသည် ထျန်းယီနန်းတော် အပေါ် ရန်လိုသော သဘောထားကို တစ်စိုက်မတ်မတ် တည်ငြိမ်စွာ ထားရှိကြခြင်း ဖြစ်သည်။

ထျန်းယီနန်းတော်အပေါ် အနက်ရှိုင်းဆုံးသော အမုန်းတရားများကို ထားရှိကြသူများမှာ အကွက်မြင်ပြီး အမြတ်ထုတ်တတ်သော အိုမင်းရင့်ရော်နေသည့် ကျွမ်းကျင်သူကြီးများ မဟုတ်ကြဘဲ သာမန်တပည့်များသာ ဖြစ်ကြသည်။

ထျန်းယီနန်းတော်အပေါ် ထားရှိသည့် သူတို့၏ ရန်လိုမှုမှာ အစွန်းရောက်လှသည်ဟုပင် ဖော်ပြနိုင်သည်။

ထျန်းယီနန်းတော်သည် သူတို့၏ နှလုံးသားထဲတွင် မြင့်မြတ်ပြီး မကျူးကျော်ဝံ့သော အရာတစ်ခုခုကို ချိုးဖောက်ဖျက်ဆီးပစ်ခဲ့သည့်အလားပင်။

၎င်းအပြင် အဓိကအင်အားစုများနှင့် လူမျိုးစုများသည် ရှေးဟောင်းလင်းမိသားစု ပေါ်တွင်လည်း စစ်မှန်သော ခင်မင်ရင်းနှီးမှု သို့မဟုတ် ရိုသေလေးစားမှု သဘောထားကို ထားရှိကြသည်။

လင်းချန်အနေဖြင့် ဤအင်အားစုများအပေါ် ထားရှိသည့် သူ၏လိုအပ်ချက် သတ်မှတ်ချက်မှာ အလွန်တရာ လျော့ရဲလှပေသည်။

သူတို့အနေဖြင့် ရှေးဟောင်းလင်းမိသားစုအပေါ် အစွန်းရောက်လှသော ရန်လိုမုန်းတီးမှုမျိုး မထားရှိသရွေ့ သူက ကြားဝင်စွက်ဖက်မည် မဟုတ်ချေ။

အင်အားစုတိုင်းတွင် မိမိတို့၏ အောင်မြင်ခြင်းနှင့် ကျဆုံးခြင်းဆိုင်ရာ သံသရာ ကိုယ်စီ ရှိကြပြီး ရှေးဟောင်းလင်းမိသားစုသည်လည်း ကင်းလွတ်ခွင့်မရှိချေ။

သူသည် သူလုပ်ဆောင်သင့်သည်များကိုသာ လုပ်ဆောင်ပေးနိုင်သည်။

အချို့သောအင်အားစုများသည် ရှေးဟောင်းလင်းမိသားစုအပေါ် ထူးထူးခြားခြား ခင်မင်ရင်းနှီးမှု မရှိကြဘဲ ရိုသေလေးစားမှု သဘောထားမျှသာ ထားရှိကြသော်လည်းအခြေခံအားဖြင့် ကြားနေအဆင့်တွင်သာ ရှိနေကြသော်လည်းသူတို့သည် ရှေးဟောင်း လင်းမိသားစုအပေါ် ရန်လိုခြင်း မရှိသရွေ့ ၎င်းတို့ကို ပစ်မှတ်ထား နှိမ်နင်းနေရန် မလိုချေ။

အဆုံးတွင်တော့ ရှေးဟောင်းလင်းမိသားစုသည်လည်း ပြီးပြည့်စုံသော အဖွဲ့အစည်းတစ်ခု မဟုတ်ပေ။

အင်အားစုများနှင့် လူမျိုးစုတိုင်းက သူတို့ကို နှလုံးသားအောက်ခြေမှနေ၍ စစ်မှန်စွာ မိတ်ဆွေဖွဲ့လာကြလိမ့်မည်ဟု မျှော်လင့်နေခြင်းမှာ လက်တွေ့မကျလှချေ။

သူတို့အနေဖြင့် မိမိတို့၏ ရိုသေလေးစားမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အပေါ်ယံတွင် ရှေးဟောင်းလင်းမိသားစုအပေါ် ခင်မင်ရင်းနှီးသော သဘောထားကို ဆက်လက်ပြသနေနိုင်သရွေ့ အရာအားလုံးက အဆင်ပြေပေသည်။

ခြုံငုံပြောရလျှင် ဤအင်အားစုများက ထျန်းယီနန်းတော်အပေါ် ထားရှိသည့် တညီတညွတ်တည်းသော သဘောထားမှာ အထူးသဖြင့် ချီးကျူးဂုဏ်ပြုထိုက်ပေသည်။

ဒါက လင်းချန်ကို အကျေနပ်ဆုံးဖြစ်စေတဲ့ အချက်လည်း ဖြစ်သည်။

အနည်းဆုံးတော့ ဤကိစ္စနှင့် ပတ်သက်၍ တာအိုပြည်နယ် ၃၀၀၀ သည် တူညီသော မျက်နှာစာတစ်ခုတွင် ရပ်တည်နေကြပြီး တူညီသော ယုံကြည်ချက်ကို မျှဝေထားကြသည်။

ယင်းက သူ့အား တာအိုပြည်နယ် ၃၀၀၀ ရှိ ကောင်းကင်နှင့်မြေကြီး၏ နိယာမများကို ပြုပြင်မွမ်းမံပေးခဲ့ပြီး လောကရှိ သက်ရှိသတ္တဝါများအား ပိုမိုမြင့်မားသော ကျင့်စဉ်နယ်ပယ် အကန့်အသတ်ကို ပေးစွမ်းခဲ့ခြင်းမှာ အလွန်တရာ အလုပ်ဖြစ်ခဲ့ပြီး သူ၏အားထုတ်မှုများမှာ အလဟဿ မဖြစ်ခဲ့ဟု ခံစားရစေသည်။

တာအိုပြည်နယ် ၃၀၀၀ ၏ ဦးဆောင်အင်အားစုများအကြားတွင် သစ္စာဖောက်များ မရှိခြင်းက ပြည်နယ်ကြီးများအတွက် ကောင်းချီးတစ်ပါးပင် ဖြစ်ပေသည်။

ယခု သူရောက်ရှိနေသော ရှေးဟောင်းမြို့တော်အတွင်း တည်ရှိသည့် ရှေးဟောင်း

လီမိသားစုသည် တာအိုပြည်နယ် ၃၀၀၀ ကို ဖြတ်သန်းသွားလာခဲ့သည့် သူ၏ခရီးစဉ်အတွင်း နောက်ဆုံး သွားရောက်လည်ပတ်ရမည့် အင်အားစု ဖြစ်ပေလိမ့်မည်။

ရှေးဟောင်းလီမိသားစုသို့ သွားရောက်ပြီးနောက်တွင်တော့ သူသည် တာအိုပြည်နယ် ၃၀၀၀ ရှိ မဟာဧကရာဇ် ကျွမ်းကျင်သူများ ထွက်ပေါ်ဖူးသည့် မိသားစုများနှင့် လူမျိုးစုများအားလုံးသို့မဟုတ် လက်ရှိတွင် ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူများ စောင့်ကြပ်နေသည့် နေရာများအားလုံးသို့ သွားရောက်ခြင်း ကိစ္စရပ်များ ပြီးဆုံးသွားမည် ဖြစ်သည်။

လင်းချန်သည် ဤနေရာတွင် အရာအားလုံးကို ပြီးပြည့်စုံသော နိဂုံးချုပ်မှုတစ်ခု ဖြစ်စေရန် မျှော်လင့်ထားသည်။

ထို့နောက်တွင်တော့ သူသည် တက်လှမ်းခြင်းကို လုပ်ဆောင်တော့မည် ဖြစ်သည်။

သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ရင်း လင်းချန်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရှေးဟောင်းမြို့တော်၏ ဗဟိုချက် အထက်ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

သူ၏မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ရင်း ကောင်းကင်ဘုံတာအို အခွင့်အဏာ ၏ စွမ်းအားက စတင်ပျံ့နှံ့သွားခဲ့ပြီး ယခင်ကအတိုင်း ကျွမ်းကျင်စွာပင် စတင်စစ်ဆေးလိုက်တော့သည်။

သို့သော်လည်း စစ်ဆေးမှု စတင်သည်နှင့်တစ်ပြိုင်နက် လင်းချန်၏ မျက်ခုံးများမှာ မလိုလားအပ်ဘဲ ချက်ချင်းပင် တွန့်ချိုးသွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူ စစ်ဆေးတွေ့ရှိလိုက်ရသောအရာမှာ အလွန်တရာ မျှော်လင့်မထားခဲ့မိသည့်အပြင် သူ့အား တုန်လှုပ်ခြောက်ခြားသွားစေသောကြောင့် ဖြစ်သည်။

စစ်ဆေးမှုမှာ အသက်ရှူကြိမ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီးနောက် လင်းချန်သည် ကောင်းကင်ဘုံတာအို အခွင့်အာဏာ၏ စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်ကာ သူ၏မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သည်။

သို့သော်လည်း သူ၏မျက်ဝန်းထဲတွင် ရှိနေခဲ့ဖူးသော တည်ငြိမ်မှုများနှင့် ခပ်ဖျော့ဖျော့ ဝမ်းမြောက်မှုများမှာ မည်သည့်ခြေရာလက်ရာမျှမကျန် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ ယင်းတို့၏နေရာတွင် အသွေးအသားကို ဆာလောင်မွတ်သိပ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများက အစားထိုး ဝင်ရောက်လာခဲ့သည်။

“တကယ့်ကို ကောင်းလှတဲ့ ရှေးဟောင်း လီမိသားစုပဲ... တစ်ချိန်က မဟာဧကရာဇ်တစ်ပါး ထွက်ပေါ်ဖူးတဲ့ မိသားစုကြီးက တကယ်ကိုပဲ တာအိုပြည်နယ် ၃၀၀၀ရဲ့ အညစ်အကြေးတွေနဲ့ ပိုးမွှားတွေ ဖြစ်နေကြတာပဲ။”

အပေါ်ယံတွင်တော့ ရှေးဟောင်းလီမိသားစု၏ တစ်ခုလုံးသော ရှေးဟောင်းမြို့တော်ကြီးမှာ အခြားသော အင်အားစုများနည်းတူ အေးချမ်းသာယာနေပုံရသည်။

သို့သော်လည်း ကောင်းကင်ဘုံတာအို အခွင့်အာဏာ၏ စွမ်းအားအောက်တွင်မူ တစ်ခုလုံးသော မြို့တော်အတွင်းရှိ အမှောင်မိုက်ဆုံးသော အရာများမှာ ပုန်းကွယ်နေစရာ နေရာမရှိတော့ချေ။

လျှို့ဝှက်ဆန်းကြယ်လှသော နေရာများစွာတွင် ရှေးဟောင်း လီမိသားစုမှ ကျွမ်းကျင်သူအများအပြားသည် ဆွေးနွေးတိုင်ပင်ကာ ကြံစည်နေကြသည်။

၎င်းအပြင် သူတို့၏ နှလုံးသားထဲတွင် ရှိနေသည့် အတွေးများက လင်းချန်အား ရှေးဟောင်းလင်းမိသားစုအပေါ် ထားရှိသည့် သူတို့၏ မကောင်းသောအကြံအစည်များနှင့် ထျန်းယီနန်းတော်အပေါ် ထားရှိသည့် သူတို့၏ ကိုးကွယ်ယုံကြည်မှုများကို အသိပေးနေခဲ့သည်။

မှန်ပေသည်... ထျန်းယီနန်းတော်အပေါ် ကိုးကွယ်ယုံကြည်မှုပင် ဖြစ်သည်။

ရှေးဟောင်း လီမိသားစုမှ ကျွမ်းကျင်သူ အများစုမှာ ၎င်းတို့၏ နှလုံးသားအောက်ခြေတွင် တူညီသော အတွေးတစ်ခုကို ထားရှိကြသည်။

ထျန်းယီနန်းတော် ပိုင်ဆိုင်ထားတဲ့ အင်အားကြီးမားလှတဲ့ စွမ်းအားအပေါ် အစွန်းရောက်လှတဲ့ ကိုးကွယ်ယုံကြည်မှုပင်ဖြစ်သည်။

သူတို့၏ စိတ်ကူးထဲတွင်မူ ထျန်းယီနန်းတော်အား သက်ရှိသတ္တဝါအားလုံး၏ ဘုံရန်သူအဖြစ် ရှုမြင်ကြသော တာအိုပြည်နယ် ၃၀၀၀ ရှိ သာမန်တည်ရှိမှုများကဲ့သို့ တွေးတောခြင်း မရှိကြချေ။

ထျန်းယီနန်းတော်သည် တာအိုပြည်နယ် ၃၀၀၀ ကို ကျွန်ပြုထားပြီး ၎င်းတို့ကြောင့် ဖျက်ဆီးခြင်း ခံရထိုက်သည်ဟု သူတို့ မယုံကြည်ကြချေ။

သူတို့၏ တွေးခေါ်ပုံအရဆိုလျှင် ထျန်းယီနန်းတော်သည် တာအိုပြည်နယ် ၃၀၀၀ မှ ပျံတက်သွားခဲ့ကြသော မဟာဧကရာဇ် ကျွမ်းကျင်သူများစွာကို ကျွန်ပြုနိုင်ခဲ့ပြီးဖြစ်ရာ ထာဝရတိုင်အောင် ကျော်ကြားလှသော ထိုအင်အားကြီးမားလှသည့် တည်ရှိမှုများပင်လျှင် သူတို့၏ ကျွန်ပြုခြင်းမှ မလွတ်မြောက်နိုင်ခဲ့ကြသောကြောင့်ဤကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့် ထျန်းယီနန်းတော်ကို မမုန်းတီးသင့်ဘဲ ယင်းအစား ကိုးကွယ်ယုံကြည်ရမည်ဖြစ်ကာ တမ်းတရမည်ဖြစ်ပြီး ပူးပေါင်းရမည် ဖြစ်သည်။

တစ်ခုလုံးသော ရှေးဟောင်းလီမိသားစုတွင် စုစုပေါင်း ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူ သုံးဦး ရှိသည်။ တစ်ဦးမှာ အဆင့်နှောင်းပိုင်း တွင် ရှိနေပြီး ကျန်နှစ်ဦးမှာ အဆင့်အစောပိုင်းနှင့် အဆင့်အလယ်ပိုင်းတွင် ရှိကြသည်။

ဤအခိုက်အတန့်တွင် ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူအားလုံးသည် ကြိုးစားပမ်းစား ကျင့်ကြံနေကြပြီးသူတို့၏ အတွေးများမှာလည်း အာဏာပိုင်များနှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။

သူတို့သည် ပို၍ပင် အစွန်းရောက်လှကာသူတို့၏ နှလုံးသားထဲတွင် ထျန်းယီနန်းတော်အပေါ် အမြင့်မားဆုံးသော ရူးသွပ်မှုမျိုးကို ပိုင်ဆိုင်ထားကြသည်။

သူတို့သည် မဟာဧကရာဇ်အဆင့်သို့ အမြန်ဆုံး ချိုးဖျက်ဝင်ရောက်ကာ အထက်ဘုံရှိ ထာဝရတိုက်ကြီး သို့ ပျံတက်ပြီး ထျန်းယီနန်းတော်နှင့် ပူးပေါင်းလိုကြသည်။

သူတို့၏ စိတ်ကူးထဲတွင်မူ ဤအရာက ကောင်းကင်က ပေးသနားသော အခွင့်အရေးကြီးတစ်ခုထာဝရတိုက်ကြီးပေါ်ရှိ အင်အားကြီးမားလှသောအင်အားစုတစ်ခုနှင့် တိုက်ရိုက်ပူးပေါင်းခွင့် ရရှိမည့် အခွင့်အရေးကြီးတစ်ခု ဖြစ်နေသည်

ထျန်းယီနန်းတော်အနေဖြင့် တာအိုပြည်နယ် ၃၀၀၀ မှ ပျံတက်လာကြသော မဟာဧကရာဇ် ကျွမ်းကျင်သူများကို သဘောကျသည်ဖြစ်ရာ သူတို့သည် တာအိုပြည်နယ် ၃၀၀ဖ၀မှ တက်လှမ်းသွားကြမည့် မဟာဧကရာဇ် ကျွမ်းကျင်သူများ ဖြစ်လာကြပေလိမ့်မည်။

ထိုနည်းဖြင့် သူတို့ တက်လှမ်းသွားသည်နှင့်တစ်ပြိုင်နက် အင်အားကြီးမားလှသောအင်အားစုတစ်ခုကို နောက်ခံအဖြစ် ရရှိသွားမည်ဖြစ်ကာ နောင်လာမည့် သူတို့၏ ကျင့်စဉ်လမ်းမှာလည်း ဧကန်မုချ ပိုမိုချောမွေ့သွားမည် ဖြစ်သည်။

ဤကဲ့သို့သော အတွေးမျိုးမှာ တကယ်ကို

စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်ဟု ဆိုရမည်။

ယင်းက လင်းချန်၏ နှလုံးသားထဲတွင် အချိန်အတော်ကြာ မလောင်ကျွမ်းခဲ့ဖူးသော ဒေါသတရားများကို ထပ်မံ၍ တောက်လောင်လာစေခဲ့သည်။

လင်းချန်သည် လေပူတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်နေသော အေးစက်ပြီး အသွေးအသားကို ဆာလောင်နေသည့် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ မည်သည့်ခြေရာလက်ရာမျှမကျန် ပျောက်ကွယ်သွားခဲ့ကာသူ၏မျက်နှာအမူအရာမှာ အေးစက်တည်ငြိမ်သွားခဲ့တော့သည်။

“မင်းတို့က ထျန်းယီနန်းတော်နဲ့ ပူးပေါင်းပြီး ထျန်းယီနန်းတော်ရဲ့ ခွေးတွေဖြစ်ချင်ကာ တာအိုပြည်နယ် ၃၀၀၀ ရဲ့ သစ္စာဖောက်တွေ ဖြစ်ချင်နေကြမှတော့...”

“ဒါဆိုရင်လည်း ငါ မင်းတို့ရဲ့ နှလုံးသားထဲက ဆန္ဒတွေကို အချိန်မတိုင်ခင် ကြိုတင်ပြီး ဖြည့်ဆည်းပေးလိုက်ရတာပေါ့။”

ပြောနေရင်းနှင့်ပင် လင်းချန်သည် မိမိ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ရန်အတွက် ကောင်းကင်ဘုံတာအို အခွင့်အာဏာ၏ စွမ်းအားကို အသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီး၊ ကောင်းကင်ယံကြီးထက်တွင် မိမိကိုယ်ကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် ရှေးဟောင်းလီမိသားစုမှ ကျွမ်းကျင်သူအများအပြားသည် လင်းချန်၏ တည်ရှိမှုကို အာရုံခံမိလိုက်ကြပြီး သူတို့၏ စိတ်ဝိညာဉ်များမှာ တုန်လှုပ်သွားခဲ့ရသည်။

အချိန်နှင့်တစ်ပြိုင်နက်နီးပါးပင်သူတို့သည် လင်းချန် ရှိနေသည့် ကောင်းကင်ယံဆီသို့ သူတို့၏အကြည့်များကို လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။

ကောလာဟလများအရ အမျိုးမျိုးသော ဩဇာကြီးမားလှသည့် အင်အားစုများနှင့် လူမျိုးစုများဆီသို့ လှည့်လည်သွားလာနေသည့် မဟာဧကရာဇ် လင်းချန်သည် ယခုအချိန်တွင် ၎င်းတို့၏ ရှေးဟောင်းလီမိသားစုထံသို့ တကယ်ပဲ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

ရှေးဟောင်းလီမိသားစုမှ အာဏာပိုင်များနှင့် ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူများသည် ကောင်းကင်ယံသို့ ပျံတက်လာကြပြီး လင်းချန်အား လာရောက်လည်ပတ်ကာ ကြိုဆိုလိုကြသည်

သူတို့၏ နှလုံးသားထဲတွင် မည်သို့သော အတွေးမျိုး ရှိနေပါစေဦးတော့ လင်းချန်သည် ယခုအခါ စွမ်းအားကြီးမားလွန်းလှသဖြင့် သူတို့အနေဖြင့် ခင်မင်ရင်းနှီးသော သဘောထားကို ပြသကြရမည်ဖြစ်သည်။

သူတို့သည် မိမိတို့၏ နှလုံးသားထဲမှ အစီအစဉ်များက မအောင်မြင်မီမှာပင် ရေပွက်ပမာ ပျောက်ကွယ်သွားရမည်မျိုးကို အလိုမရှိကြချေ။

သူတို့ မရောက်ရှိလာသေးမီမှာပင် ရှေးဟောင်းလီမိသားစုအတွင်း၌ ရိုသေလေးစားပြီး စိတ်အားထက်သန်လှသော ကြိုဆိုသံလှိုင်းကြီးများမှာ ဟိန်းထွက်လာခဲ့တော့သည်။

“နတ်ဘုရားသားတော်က ရှေးဟောင်းလီမိသားစုဆီကို ကြွရောက်လာခဲ့ပြီပဲ။ကျွန်တော်တို့ဘက်ကနေ ကောင်းကောင်းမွန်မွန် မကြိုဆိုနိုင်ခဲ့တာကို... အရှင့်သားအနေနဲ့ အပြစ်မယူဖို့ မျှော်လင့်ပါတယ်။"

ရှေးဟောင်းလီမိသားစုအတွင်းရှိ ဇဝေဇဝါဖြစ်နေကြဆဲဖြစ်သော အချို့သော မိသားစုဝင်များသည်လည်း အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသဖြင့် ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့ရသည်။

လက်ရှိ တာအိုပြည်နယ် ၃၀၀၀ တွင် တည်ရှိနေသော တစ်ခုတည်းသော မဟာဧကရာဇ် ကျွမ်းကျင်သူဖြစ်ပြီး ခေတ်အဆက်ဆက် အကြီးကျယ်ဆုံးသော မဟာဧကရာဇ်ဟု ခေါ်ဆိုနိုင်သည့် လင်းချန်သည် ၎င်းတို့၏ ရှေးဟောင်း လီမိသားစုထံသို့ တကယ်ပဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လင်းချန်သည် ယခုတစ်ကြိမ်တွင် ၎င်းတို့၏ ရှေးဟောင်း လီမိသားစုထံသို့ မည်သည့်အရာကို လုပ်ဆောင်ရန် လာခဲ့သလဲဆိုသည်ကိုတော့ သူတို့ မသိကြချေ။

နားစည်အတွင်းသို့ ရိုက်ခတ်လာသော ဂုဏ်ပြုကြိုဆိုသံများကို ကြားလိုက်ရသော်လည်း၊လင်းချန်၏ မျက်နှာအမူအရာမှာ ရေတွင်းအိုကြီးကဲ့သို့ တည်ငြိမ်နေဆဲပင် ဖြစ်ကာ၊သူ၏နှုတ်ခမ်းကို အနည်းငယ် ဟလိုက်တော့သည်။

“မင်းတို့ရဲ့ ဒီလို အပေါ်ယံ အလိုလိုက်အကြိုက်ဆောင်ပြီး မြောက်စားနေတဲ့ မျက်နှာဖုံးက တကယ်ကိုပဲ စက်ဆုပ်ရွံရှာဖို့ ကောင်းလှတယ်။”

အကယ်၍ ကောင်းကင်ဘုံတာအို အခွင့်အာဏာ၏ စွမ်းအားသာမရှိလျှင်အပေါ်ယံတွင် သူ့ကို နွေးထွေးစွာ ကြိုဆိုနေကြသော ဤကောင်များသည် ကွယ်ရာနောက်ကွယ်တွင် ထျန်းယီနန်းတော်အပေါ် သစ္စာခံနေကြသည်ကို သူ မြင်တွေ့နိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ထျန်းယီနန်းတော်ဆိုသည်မှာ တာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိသတ္တဝါအားလုံး၏ ဘုံရန်သူ ဖြစ်သည်။ ထျန်းယီနန်းတော်အပေါ် သစ္စာခံနေကြသူများ အားလုံးသည် သေထိုက်ပေသည်။

အခန်း ၂၂၄ - ရှေးဟောင်းမိသားစုတစ်စု ပျက်စီးခြင်း။

လင်းချန် ၏ အသံမှာ အလွန်တရာ တည်ငြိမ်နေသော်လည်း ရှေးဟောင်းလီမိသားစု တည်ရှိရာ မြို့တော်အထက် ကောင်းကင်ယံတစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့သည်။

လင်းချန်အား ထိတ်လန့်ရိုသေမှုများ ပြည့်နှက်နေသော မျက်နှာများဖြင့် ကြိုဆိုနေကြသည့် ရှေးဟောင်း လီမိသားစုမှ ကျွမ်းကျင်သူများသည် ရုတ်တရက်ဆိုသလိုပင် နေရာ၌တင် တောင့်ခဲသွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ တုန်လှုပ်ခြောက်ခြားမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူတို့၏ နှလုံးသားထဲတွင် အလွန်တရာ နိမိတ်မကောင်းသော အတွေးတစ်ခုမှာ မရေမရာ ပေါ်ထွက်လာခဲ့သည်။

ရှေးဟောင်း လီမိသားစုအတွင်းရှိ မိသားစုဝင်များမှာ အစပိုင်းတွင် ဇဝေဇဝါ ဖြစ်နေကြသော်လည်း ထို့နောက်တွင်တော့ သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရသည်။

လင်းချန်အနေဖြင့် တစ်စုံတစ်ခုကို သိရှိသွားခဲ့ပြီလား။

မဟုတ်ပါက သူတို့ဘက်ကနေ ခမ်းနားကြီးကျယ်စွာ ကြိုဆိုနေကြပါလျက်နှင့် သူက ဘာလို့ ဤကဲ့သို့သော စကားမျိုးကို ပြောရပါမည်နည်း။

ရှေးဟောင်းလီမိသားစုဝင်များဖြစ်ကြသည့်အတိုင်း၊ သူတို့၏မိသားစုက ရှေးဟောင်းလင်းမိသားစု အပေါ်တွင်

ဖြစ်စေ၊ တာအိုပြည်နယ် ၃၀၀၀၏ ဘုံရန်သူဖြစ်သော ထျန်းယီနန်းတော် အပေါ်တွင်ဖြစ်စေ ထားရှိသည့် သဘောထားကို သူတို့ကိုယ်တိုင် အသိဆုံး ဖြစ်ကြသည်။

၎င်းတို့၏ ရှေးဟောင်း လီမိသားစုသည် အခြားသော အင်အားစုများနှင့် မတူညီချေ။ သူတို့သည် စစ်မှန်သော စွမ်းအားရှင်များကိုသာ ကိုးကွယ်ယုံကြည်ကြခြင်း ဖြစ်သည်။

ထိုစွမ်းအားရှင်သည် မိတ်ဆွေဖြစ်စေ ရန်သူဖြစ်စေ သူတို့ကတော့ အစွန်းရောက်လှသော ရိုသေကိုးကွယ်မှုမျိုးကို ထားရှိကြမည်သာ ဖြစ်သည်။

ဒါက ရှေးဟောင်း လီမိသားစုအတွင်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ယုံကြည်ချက်တစ်ခုဖြစ်ပြီး ဘယ်မိသားစုဝင်မျှ ဒါကို ကင်းလွတ်လို့မရချေ။

ထျန်းယီနန်းတော်သည် ၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ ထက် ပိုမိုစွမ်းအားကြီးမားသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

ထိုသို့ဆိုလျှင် သူတို့အနေဖြင့် ၎င်းကို မည်သို့မကိုးကွယ်ဘဲ နေနိုင်မည်နည်း။ မည်သို့မတမ်းတဘဲ နေနိုင်ပါမည်နည်း။

သို့သော် ဤအရာကို သူတို့ကိုယ်တိုင် သိရှိနေလျှင် လုံလောက်ပြီ ဖြစ်သည်။ သူတို့သည် ပြင်ပကမ္ဘာကို အမြဲတမ်း အလွန်အမင်း လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့ကြသဖြင့် သိရှိသူ အလွန်နည်းပါးလှသည်။

လင်းချန်သည် မဟာဧကရာဇ်ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်းသူတို့က ဤမျှအထိ သေသပ်စွာ ဖုံးကွယ်ထားခဲ့ကြခြင်းဖြစ်ရာ သူ ဤအရာများကို မသိရှိနိုင်သင့်ပါဘူး မဟုတ်လား။

မသိစိတ်ကြောင့်ပင် ရှေးဟောင်းရာ လီမိသားစုဝင်အားလုံးမှာ စိုးရိမ်ထိတ်လန့်မှုကို မခံစားရဘဲ မနေနိုင်ဖြစ်လာခဲ့ကြသည်။

လီမိသားစု ခေတ်အဆက်ဆက် ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်ကို လင်းချန် တကယ်ပဲ ရှာဖွေတွေ့ရှိသွားပြီလားဆိုတာ သူတို့ သေချာမသိကြချေ။

အကယ်၍ လင်းချန်သာ တကယ် သိရှိသွားခဲ့မည်ဆိုပါက ယခုတစ်ကြိမ်တွင် ၎င်းတို့၏ ရှေးဟောင်း လီမိသားစုသည် ကြီးစွာသော ဘေးအန္တရာယ်ဆိုးကြီးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ရှေးဟောင်းလီမိသားစုမှ ကျွမ်းကျင်သူအများအပြားထဲတွင် ဧကရာဇ်တစ်ပိုင်း အဆင့်နှောင်းပိုင်း နယ်ပယ်တွင်ရှိသော တစ်ဦးတည်းသော အသက်ကြီးရင့်သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး လင်းချန်ဘက်သို့ တွန့်ဆုတ်စွာ လက်အုပ်ချီလိုက်သည်။

"နတ်... နတ်ဘုရားသားတော် ဘာကို ဆိုလိုတာလဲ။ ဒီအဘိုးကြီးသိပ်ပြီး နားမလည်လို့ပါ။"

"ကျွန်တော်တို့ရဲ့ ရှေးဟောင်းလီမိသားစုက အရှင်သားအပေါ် ဘယ်နေရာမှာများ အပြစ်လုပ်မိလို့လဲဆိုတာ သိချင်မိပါတယ်။ အရှင့်သားအနေနဲ့ လွတ်လွတ်လပ်လပ် မိန့်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ လီမိသားစုဘက်က ပြုပြင်ပါ့မယ် အကုန် ပြုပြင်ပါ့မယ်။"

သူ၏ မျက်နှာအမူအရာနှင့် အနေအထားတို့မှာ တုန်လှုပ်ခြောက်ခြားဖွယ် သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား တုန်လှုပ်နေပုံရသည်။

ကျန်ရှိနေသော ရှေးဟောင်းလီမိသားစုမှ ကျွမ်းကျင်သူများကလည်း ခေါင်းကို ငုံ့ထားကြပြီး ရိုသေကျိုးနွံမှုများကို အစွမ်းကုန် ပြသနေကြသည်။

သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များ အနည်းငယ် တုန်ရင်နေသည်ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိကြချေ။ ယင်းက သူတို့၏ နှလုံးသားထဲတွင် ပြည့်နှက်နေသော တင်းမာမှုများနှင့် ထိတ်လန့်ခြောက်ခြားမှုများကို လောကကြီးအား အသိပေးနေခဲ့သည်။

သူတို့၏ အပြုအမူများက လင်းချန်၏ စက်ဆုပ်ရွံရှာပြီးသား နှလုံးသားကို ပိုမို၍ ရွံရှာမုန်းတီးမှုကို ဖြစ်ပေါ်စေခဲ့သည်။

ဤကောင်များသည် မည်သည့် စည်းကမ်းသတ်မှတ်ချက်မျှမရှိဘဲ အမြီးနန့်ကာ အသနားခံရမည့်အချိန်ကို တကယ်ပဲ ကောင်းကောင်း သိကြပေသည်။

ဤကဲ့သို့သော ဘေးအန္တရာယ်ဆိုးကြီးတစ်ခုသည် ရှေးဟောင်းခေတ်ကနေ ယခုအချိန်အထိ ရှင်သန်နေနိုင်ခဲ့ခြင်းမှာ ယခင်က ထွက်ပေါ်ဖူးသည့် မဟာဧကရာဇ် ကျွမ်းကျင်သူများစွာ၏ ပေါ့ဆမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင်မူ သူကိုယ်တိုင်ပင် ဤအမှိုက်သရိုက် မိသားစုကို တာအိုပြည်နယ် ၃၀၀၀ ၏ မြေပုံပေါ်မှနေ၍ အမြစ်ပြတ် ချေမှုန်းပေးလိုက်ရတော့မည်။

ဤကိစ္စကို ဖြေရှင်းပြီးမှသာ သူသည် အထက်ဘုံ၏ ထာဝရတိုက်ကြီး သို့ စိတ်အေးချမ်းသာစွာဖြင့် တက်လှမ်းခြင်းကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မဟုတ်ပါက သူ၏ စိတ်အခြေအနေမှာ မည်သည့်အခါမျှ တည်ငြိမ်လိမ့်မည် မဟုတ်ချေ။

လင်းချန်သည် ဘာမှမပြောတော့ဘဲ သူ၏လက်ဝါးကို အသာအယာ မြှောက်လိုက်ပြီး အောက်ဘက်ရှိ ရှေးဟောင်းမြို့တော်ဆီသို့ ဖိနှိပ်ချလိုက်တော့သည်။

ဤကဲ့သို့သော အမှိုက်သရိုက်များနှင့် အညစ်အကြေးများအတွက်မူသူသည် စကားတစ်လုံးပိုပြောရခြင်းကပင် အားစိုက်ရကျိုးမနပ်ဟု ခံစားရသည်။

"ဝူး..."

ပြင်းထန်လှသော မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သော ဧရာမ လက်ဝါးကြီးတစ်ခုသည် ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့ကာ တစ်ခုလုံးသော ရှေးဟောင်းမြို့တော်ကြီးကို အုပ်မိုးလိုက်တော့သည်။

ဤမိသားစုသည် တာအိုပြည်နယ် ၃၀၀၀ တွင် တည်ရှိနေသည့် အသက်ရှူကြိမ်တိုင်းက သူ့အား စိတ်မသက်မသာ ဖြစ်ရိပ်များကိုသာ ပေးစွမ်းနေခဲ့သည်။

၎င်းတို့ကို အမြန်ဆုံး အမြစ်ပြတ် ချေမှုန်းပစ်မှသာ သူ၏နှလုံးသားက အေးချမ်းသွားမည် ဖြစ်သည်။

ကောင်းကင်ဖုံး လက်ဝါးကြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် တုန်လှုပ်ခြောက်ခြားဖွယ် ဖိအားတစ်ခုသည် တစ်ခုလုံးသော ရှေးဟောင်းမြို့တော်ကြီးကို လွှမ်းခြုံသွားခဲ့သည်။

အခိုက်အတန့်အတွင်းမှာပင် ရှေးဟောင်းလီမိသားစုဝင်အားလုံးမှာ ဤတုန်လှုပ်ဖွယ် ဖိအားကြောင့် နေရာ၌တင် ဖိနှိပ်ခြင်းခံလိုက်ရပြီး မလှုပ်ရှားနိုင်ကြတော့ချေ။

ကောင်းကင်ယံသို့ ပျံတက်နေခဲ့ကြပြီးဖြစ်သော ရှေးဟောင်းလီမိသားစုမှ ကျွမ်းကျင်သူများမှာမူ ဤဖိအားကြောင့် ပိုမို၍ ဖိနှိပ်ခြင်းခံလိုက်ရပြီး အောက်ဘက် မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျသွားခဲ့ကြသည်။

"ဒုန်း... ဒုန်း... ဒုန်း... ဒုန်း..."

ပြင်းထန်လှသော မြည်ဟည်းသံများနှင့်အတူ ရှေးဟောင်းလီမိသားစုမှ ကျွမ်းကျင်သူအများအပြားသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့ကြပြီး အမျိုးမျိုးသော အဆောက်အအုံများကို ရိုက်ခတ်မိကာ မြေပြင်ပေါ်တွင် ဧရာမ ကျင်းကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

ကျင်းကြီးများအတွင်း၌ ရှေးဟောင်းလီမိသားစုမှ ကျွမ်းကျင်သူအားလုံးသည် ထိတ်လန့်ခြောက်ခြားစွာဖြင့် အသည်းအသန် ရုန်းကန်နေကြသည်။

သို့သော်လည်း ဧကရာဇ်တစ်ပိုင်း အဆင့်နှောင်းပိုင်း နယ်ပယ်တွင်ရှိသော ကျွမ်းကျင်သူတစ်ဦးအနေနှင့် သူတို့၏ အစွမ်းကုန်သော စွမ်းအားများကို ပေါက်ကွဲထုတ်စေကာမူ မည်သို့မျှ အသုံးမဝင်ခဲ့ချေ။

ဤတုန်လှုပ်ဖွယ် ဖိအားအောက်တွင်မူ သူတို့၌ ခုခံနိုင်စွမ်း လုံးဝ မရှိကြချေ။

ရှေးဟောင်းလီမိသားစု ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ကို လင်းချန် သိရှိသွားခဲ့ပြီဖြစ်ကြောင်း သူတို့ ခန့်မှန်းမိလိုက်ကြပြီ ဖြစ်သည်။

သူတို့သည် စွမ်းအားရှင်များအပေါ် ထျန်းယီနန်းတော်အပေါ်တွင်ပင်လျှင် မည်သည့်စည်းကမ်းချက်မျှမရှိဘဲ ဖားယားမြှောက်ပင့်နေခဲ့ကြခြင်းမှာ ပြောင်းလဲခြင်း မရှိခဲ့ချေ။

၎င်းနှင့်အတူ သူတို့သည် လင်းချန်ရှိနေသည့် ရှေးဟောင်းလင်းမိသားစုအပေါ်တွင်လည်း မုန်းတီးမှုများကို စတင်မွေးမြူနေခဲ့ကြသည်။

သို့သော် သူတို့သည် ဤအရာများကို အလွန်အမင်း သေသပ်စွာ ဖုံးကွယ်ထားခဲ့ကြခြင်းဖြစ်ရာ အပေါ်ယံတွင် ထုတ်မပြခဲ့ကြဘဲ ကွယ်ရာနောက်ကွယ်၌သာ စိတ်ကူးယဉ်နေခဲ့ကြခြင်း ဖြစ်သည်။

လင်းချန်က ဒါကို ဘယ်လိုနည်းနဲ့ သိသွားရသနည်း။ သူတို့ လုံးဝ နားမလည်နိုင်ကြချေ။

နှမြောစရာကောင်းလှသည်မှာ သူတို့ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ကောင်းကင်ဖုံး လက်ဝါးကြီးမှာမူ ခဏမျှပင် ရပ်တန့်ခြင်းမရှိဘဲ တစ်ခုလုံးသော ရှောင်းဟောင်းမြို့တော်ကြီးဆီသို့ ဖြည်းညင်းစွာ ကျဆင်းလာခဲ့သည်။

All Chapters