အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အခန်း ၂၂၇ - တက်လှမ်းခြင်းလမ်းကြောင်းအတွင်း သွေးနီရောင်ကျား ပေါ်ထွက်လာခြင်း။
အဖြူရောင်တံခါးပေါက်ကို ဖြတ်သန်းသွားပြီးနောက် လင်းချန် ၏ အမြင်အာရုံမှာ ခေတ္တမျှ ကွယ်ပျောက်သွားခဲ့ရသည်။
သူ၏ အမြင်အာရုံများ ပြန်လည်ပွင့်လင်းလာသောအခါတွင်မူ သူသည် စင်္ကြံလမ်းအရှည်ကြီးတစ်ခုနှင့်တူသော အဖြူရောင်လမ်းကြောင်းတစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဤအဖြူရောင်လမ်းကြောင်းသည် အဆုံးမရှိ ဆန့်တန်းနေပြီး တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ယင်း၏အဆုံးသတ်ကို မမြင်တွေ့နိုင်ဘဲ မသိရှိနိုင်သော ပန်းတိုင်တစ်ခုဆီသို့ ဦးတည်နေခဲ့သည်။
ရံဖန်ရံခါတွင်မူနောက်ကွယ်မှ မြင်ကွင်းကို ရှင်းလင်းစွာ မမြင်တွေ့နိုင်သည့် ကွေ့ကောက်သော နေရာများ ရှိနေခဲ့ပြီး ထိုကွေ့ကောက်သော နေရာများကပင် ဤအဖြူရောင် လမ်းကြောင်းကို ပဟေဠိဆန်သည့် အငွေ့အသက်တစ်ခု ပေးစွမ်းနေခဲ့သည်။
ဤလမ်းကြောင်းအတွင်း ရှိနေစဉ်လင်းချန်သည် ပတ်ဝန်းကျင်ရှိ ဆွဲငင်အားမှာ အဆပေါင်း တစ်ထောင်နီးပါးခန့် တိုးမြင့်လာသည်ကို ခံစားလိုက်ရပြီးဟင်းလင်းပြင်၏ တည်ငြိမ်မှုမှာလည်း ထို့အတူပင် ဖြစ်သည်။
ဆွဲငင်အားအသစ်နှင့် အနည်းငယ် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပြီးနောက် လင်းချန်သည် အဆုံးမဲ့သော လမ်းကြောင်းကို ခေတ္တမျှ အကဲခတ်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများကို အသာအယာ ကျဉ်းမြောင်းလိုက်မိသည်။
“ဒါက တက်လှမ်းခြင်း လမ်းကြောင်း လား။ တာအိုပြည်နယ် ၃၀၀၀ နဲ့ နှိုင်းယှဉ်ရင် ကွဲပြားခြားနားမှုတွေ ရှိနေတာ အမှန်ပဲ။”
အခြားအရာများကို ထည့်မပြောလျှင်ပင် ဤနေရာရှိ ဟင်းလင်းပြင် တည်ငြိမ်မှု အဆင့်အတန်းသည် သူတော်စင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရောက်ရှိလာလျှင်ပင် တုန်လှုပ်အောင် ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။
သူ အမှန်တကယ် ထာဝရတိုက်ကြီးဆီသို့ ရောက်ရှိသွားသည့်အခါတွင်မူ ဟင်းလင်းပြင်၏ တည်ငြိမ်မှုက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေမည်လဲဆိုတာကို သူ တွေးတောမိသည်။
ပြောပြောဆိုဆိုဖြင့်ပင် လင်းချန်သည် သူ၏မျက်လုံးများကို အသာအယာ ပိတ်လိုက်ပြီး လက်ရှိ ဟင်းလင်းပြင်၏ တည်နေရာကို အာရုံခံကြည့်လိုက်သည်။
ခေတ္တမျှကြာပြီးနောက် လင်းချန်သည် သူ၏မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ရာ သူ၏မျက်ဝန်းအစုံအတွင်း၌ သဘောပေါက်နားလည်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“အသစ်ပွင့်လာတဲ့ တက်လှမ်းခြင်းလမ်းကြောင်းရဲ့ ထွက်ပေါက်ဆီ ရောက်ဖို့ကတော့ အလှမ်းဝေးနေသေးတဲ့ ပုံပဲ။”
“လမ်းခရီးတစ်လျှောက်မှာ ဘာမတော်တဆမှုမှ ဖြစ်မလာဖို့ပဲ မျှော်လင့်ရတာပေါ့။”
ထိုသို့ပြောပြီးနောက် လင်းချန်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ သူ၏ပုံရိပ်သည် ထိုနေရာမှနေ၍ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။
သူ ပြန်လည်ပေါ်ထွက်လာသောအခါတွင်မူ သူသည် မိုင်ပေါင်း တစ်ရာခန့် ဝေးကွာသောနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း နောက်ထပ် အခိုက်အတန့်တွင် သူသည် နောက်ထပ်ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်ပြန်ရာ သူ၏ပုံရိပ်မှာ ထပ်မံ၍ ပျောက်ကွယ်သွားခဲ့ပြန်သည်။
စုံစမ်းစစ်ဆေးကြည့်ပြီးနောက် သူ၏ လက်ရှိတည်နေရာသည် အသစ်ပွင့်လာသော ပျံတက်ခြင်းလမ်းကြောင်း ထွက်ပေါက်နှင့် မိုင်ပေါင်း သန်းတစ်ရာနီးပါးခန့် ကွာဝေးနေခဲ့ရာ ၎င်းက တကယ့်ကို ရှည်လျားလှသော အကွာအဝေးတစ်ခု ဖြစ်သည်။
ဤနေရာရှိ ဟင်းလင်းပြင်၏ တည်ငြိမ်မှု အနေအထားအရ သူ၏ လက်ရှိအစွမ်းဖြင့် သွားမည်ဆိုလျှင်ပင် ထိုနေရာသို့ ရောက်ရှိရန် အချိန်အတန်ကြာ ပေးရပေလိမ့်မည်။
ဤလမ်းကြောင်းအတွင်း၌ လုံးဝဥဿုံ ဘေးကင်းမှု ရှိ မရှိ ဆိုတာကို သူ အသေအချာ မသိရှိရသဖြင့် သူသည် အချိန်ပြည့် သတိဝီရိယရှိနေရန် လိုအပ်သည်။
ထို့နောက်တွင်မူ လင်းချန်သည် လမ်းကြောင်းအတွင်း အရှိန်အဟုန်ပြင်းစွာဖြင့် စတင်ရွေ့လျားခဲ့တော့သည်။
ခြေလှမ်းတိုင်းနီးပါးဖြင့် သူသည် မိုင်ပေါင်း တစ်ရာခန့် ရှေ့သို့ တိုးသွားနိုင်ခဲ့ပြီး ယင်းက ကွေ့ကောက်သောနေရာတစ်ခုသို့ ရောက်ရှိရန်နှင့် ထိုနေရာ၏ နောက်ကွယ်မှ မြင်ကွင်းကို မြင်တွေ့နိုင်ရန်အတွက် ကွက်တိပင် ဖြစ်သည်။
တာအိုပြည်နယ် ၃၀၀၀ တွင်မူ သာမန် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ဤအရှိန်အဟုန်မျိုးကို အလွယ်တကူ ရရှိနိုင်သည်။
သို့သော်လည်း ဤပျံတက်ခြင်း လမ်းကြောင်းအတွင်း၌မူ သူတော်စင်နယ်ပယ်ကို ထားရှိဘဲ ဧကရာဇ်တစ်ပိုင်အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူတို့၏ စွမ်းအားအပြည့် ထုတ်သုံးလျှင်ပင် ဤကဲ့သို့ လုပ်ဆောင်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအားမှာ မဟာဧကရာဇ် နယ်ပယ်သို့ မြင့်တက်သွားခဲ့ပြီဖြစ်သော လင်းချန်တစ်ဦးတည်းသာလျှင် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ တစ်လှမ်းလျှင် မိုင်တစ်ရာနှုန်းဖြင့် ခရီးသွားနိုင်ခြင်း ဖြစ်သည်။
ရှေ့သို့ ရွေ့လျားနေစဉ်မှာပင် လင်းချန်သည် ဤဟင်းလင်းပြင် လမ်းကြောင်း၏ တည်ဆောက်ပုံကို တဖြည်းဖြည်းချင်း အာရုံခံမိလာခဲ့ရာ...
ယင်းက အလွန်တရာ သန့်စင်ပြီး အစွမ်းထက်လှသော ဟင်းလင်းပြင် နိယာမစွမ်းအားများဖြင့် စုစည်းတည်ဆောက်ထားခြင်း ဖြစ်သည်။
ဤအဆင့်အတန်းရှိသော ဟင်းလင်းပြင် နိယာမစွမ်းအားသည် သူ တစ်ခါမျှ မခံစားဖူးသေးသည့် အားကောင်းလှသော စည်းမျဉ်းတစ်ခုဖြစ်ပြီး တာအိုပြည်နယ် ၃၀၀၀ တွင် မရှိသော စွမ်းအားအဆင့်အတန်းတစ်ခုလည်း ဖြစ်သည်။
တစ်လှမ်းလျှင် မိုင်တစ်ရာနှုန်းဖြင့် ရိုးရှင်းလှသည်ဟု ထင်ရသော ထိုရွေ့လျားမှုသည် အမှန်တကယ်တွင်မူ ပြင်ပကမ္ဘာ၏ အလွန်တရာ ကျယ်ပြောလှသော အကွာအဝေးကို ဖြတ်ကျော်နေခြင်း ဖြစ်သည်။
လမ်းကြောင်းအတွင်း၌ လက်မတိုင်းတွင် အလွန်တရာ အစွမ်းထက်လှသော ဟင်းလင်းပြင် နိယာမစွမ်းအားများ စိမ့်ဝင်ပျံ့နှံ့နေခဲ့သည်။
ဒါဟာ ဟင်းလင်းပြင်များကြားရှိ အကွာအဝေးကို အဆုံးမရှိ ချုံ့ပစ်လိုက်ခြင်းဖြစ်ပြီး အတွင်းဘက်ရှိ ခြေလှမ်းတစ်လှမ်းသည် ပြင်ပကမ္ဘာ၏ မိုင်ပေါင်း ဆယ်သန်းနှင့် ညီမျှနေနိုင်ပေသည်။
ဒါက လင်းချန်၏ နှလုံးသားကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။
၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ နှင့် ထာဝရတိုက်ကြီးကြားရှိ အကွာအဝေးက တကယ်ကို ဤမျှအထိ ကျယ်ပြောလှသည်တကား။
ဟင်းလင်းပြင်ကို ဤမျှအဆင့်အထိ ချုံ့ပစ်လိုက်သည့်တိုင်အောင် အသစ်ပွင့်လာသော လမ်းကြောင်း ထွက်ပေါက်ရှိရာ တည်နေရာသို့ ရောက်ရှိရန်အတွက် သူသည် မိုင်ပေါင်း သန်းတစ်ရာခန့် အကွာအဝေးကို ဖြတ်ကျော်ရန် လိုအပ်နေသေးသည်။
အကယ်၍ သူသာ ရိုးရိုးသမရိုးကျ လမ်းကြောင်းကနေ ထွက်ခွာမည်ဆိုပါကသူသည် ပို၍ပင် ဝေးကွာလှသော ခရီးစဉ်တစ်ခုကို ဖြတ်ကျော်ရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ လမ်းခရီးက ဘေးကင်းနေခဲ့ပြီး မည်သည့် အန္တရာယ်မျှ ပေါ်ထွက်မလာခဲ့ချေ။
ဤအချက်က လင်းချန်၏ နှလုံးသားကို အနည်းငယ် စိတ်သက်သာရာရစေခဲ့သည်။
အကယ်၍ လမ်းကြောင်းအတွင်း၌ မည်သည့် အန္တရာယ်မျှ မရှိကြောင်း အတည်ပြုနိုင်မည်ဆိုပါကနောင်တွင် ပျံတက်လာကြမည့် တာအိုပြည်နယ် ၃၀၀၀ မှ မဟာဧကရာဇ် ကျွမ်းကျင်သူများသည် ဘေးကင်းရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး သိပ်ပြီး စိုးရိမ်နေရန် လိုအပ်တော့မည် မဟုတ်ချေ။
သို့သော်လည်း လင်းချန် စိတ်လျှော့လိုက်ခါစမှာပင ရှေ့ဘက်ရှိ မမြင်နိုင်သော ဟင်းလင်းပြင် လမ်းကြောင်းအတွင်းမှနေ၍ ရုတ်တရက်ဆိုသလို ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝူး..."
ထိုဟိန်းဟောက်သံကြီးသည် ကြမ်းတမ်းခက်ထန်လှသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး အလွန်အမင်း ဒေါသထွက်ခြင်းနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ရောပြွမ်းနေခဲ့သည်။
ထိုဟိန်းဟောက်သံ၏ မြစ်ဖျားခံရာ မိစ္ဆာကောင်ကြီးကို မမြင်တွေ့ရသေးမီမှာပင် သွေးဆာနေသော စိတ်ခံစားချက်လှိုင်းလုံးများသည် လင်းချန်အား လွှမ်းမိုးသွားခဲ့တော့သည်။
ထိုစိတ်ခံစားချက်များ သူ့အပေါ်သို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသဖြင့် လင်းချန်သည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ၏မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူက ဤလမ်းကြောင်းအတွင်း အန္တရာယ်မရှိဟု တွေးလိုက်ခါစပဲ ရှိသေးတယ်။မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့မျက်နှာကို ဖြတ်ရိုက်တာ ခံလိုက်ရတာလား။
အဲလိုဆိုရင်လည်း ဒီနေရာမှာ ဘာမဟုတ်တာတွေ လာပြီး အော်ဟစ်နေလဲဆိုတာကို သူ ဘယ်လိုသရဲလဲဆိုတာ ကြည့်ရသေးတာပေါ့။
လင်းချန်၏ စိတ်ကူးတစ်ခုနှင့်အတူ ဖရိုဖရဲ စစ်ဝတ်တန်ဆာ သည် သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပြီး ကောင်းကင်သတ်ဓား သည်လည်း သူ၏လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
သူ၏ ပြင်ဆင်မှုများကို ပြုလုပ်ပြီးနောက် လင်းချန်သည် မည်သည့် တွန့်ဆုတ်မှုမျိုးမျှ မရှိတော့ဘဲ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကာ အသံထွက်ပေါ်ရာ နေရာဆီသို့ အရှိန်အပြည့်ဖြင့် ပြေးဝင်သွားခဲ့တော့သည်။
ဒါက လင်းချန် အလွန်အမင်း သတိကြီးနေခြင်းမျိုး မဟုတ်ဘဲဤနေရာသည် တာအိုပြည်နယ် ၃၀၀၀ မဟုတ်တော့သောကြောင့် ဖြစ်သည်။
သူသည် မဟာဧကရာဇ်ထက် မြင့်မားသော တည်ရှိမှုများ ရှိနေသည့် ထာဝရတိုက်ကြီးဆီသို့ ဦးတည်နေသော လမ်းကြောင်းအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။
ရှေ့ဘက်တွင် သွေးဆာလှသော ဟိန်းဟောက်သံများကို ထုတ်လွှတ်နေသည့် မိစ္ဆာကောင်ကြီးသည် သူ တစ်ခါမျှ မမြင်ဖူးသေးသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေနိုင်ပေသည်။
ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကို အမဲလိုက်သည့်တိုင်အောင် သူ၏ အစွမ်းအပြည့်ကို ထုတ်သုံးတတ်သည် မဟုတ်ပါလား။
အခုအချိန်မှာ သူ ရင်ဆိုင်နေရတာက ယုန်တစ်ကောင် မဟုတ်တာကို ထည့်မပြောလျှင်ပင် ဘယ်သူက ခြင်္သေ့ဘယ်သူက ယုန်လဲဆိုတာကို အခုထိ မသိရသေးချေ။
“ဝူး..."
“ဝူး...”
လမ်းခရီးတစ်လျှောက်တွင်သွေးဆာလှသော ဟိန်းဟောက်သံများသည် မပြတ်မတောက် ထွက်ပေါ်နေခဲ့သည်။
ယင်းက လင်းချန်အား ရန်စနေသကဲ့သို့ဖြစ်ပြီး သူသည် ထိုနေရာတွင် ရှိနေကြောင်းကို အသိပေးနေကာ သူ့ကို မြန်မြန်လာရှာရန် ပြောကြားနေသကဲ့သို့ပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင်သူ မဖွင့်ရသေးသည့် တံခါးရှစ်ပေါက်၏ တိုက်ခိုက်ရေးစွမ်းအား တိုးမြင့်မှုမှအပသူ၏ အခြားသော စွမ်းအားအားလုံးမှာ သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်သည်။
ဖရိုဖရဲ နိယာမစွမ်းအား များသည် ပွင့်ထွက်လာခဲ့ပြီး ဖရိုဖရဲ စစ်ဝတ်တန်ဆာနှင့် ကောင်းကင်သတ်ဓားတို့ကို ရစ်ပတ်ထားခဲ့ကာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို သယ်ဆောင်လျက် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်သွားခဲ့သည်။
နောက်ဆုံးတွင်တော့လင်းချန်သည် အသံထွက်ပေါ်ရာ မြစ်ဖျားခံရာနေရာ အနီးသို့ ရောက်ရှိသွားခဲ့သည်။
သွေးဆာလှသော ဟိန်းဟောက်သံများကို မပြတ်ထုတ်လွှတ်နေသည့် မိစ္ဆာကောင်ကြီး၏ စစ်မှန်သော ရုပ်သွင်ကိုလည်း လင်းချန် မြင်တွေ့လိုက်ရပြီ ဖြစ်ရာယင်းက ကျားတစ်ကောင်နှင့်တူသော သွေးနီရောသားရဲတစ်ကောင် ဖြစ်သည်။
ဤသားရဲသည် တစ်ကိုယ်လုံး သွေးနီရောင် ဖြစ်နေရုံတင်မကဘဲသူ၏ အမွေးအမှင်များသည် သွေးစက်များ စိမ့်ထွက်တော့မည့်အတိုင်း ဖြစ်နေခဲ့ကာ သူ၏ မျက်ဝန်းအစုံမှာလည်း လုံးဝ နီရဲနေခဲ့သည်။
အခန်း ၂၂၈ - မဟာဧကရာဇ် အလယ်အလတ်အဆင့်ရှိ သားရဲအား ကွပ်မျက်ခြင်း။
ကောင်းကင်သတ်ဓားကို လွှဲယမ်းလိုက်ရာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သည့် မီးခိုးရောင် ဓားအလင်းတန်းကြီးတစ်ခုသည် ချက်ချင်းပင် စုစည်းပေါ်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်လမ်းကြောင်း၏ မိုင်ပေါင်းတစ်ရာခန့် ပတ်လည်ကို လွှမ်းခြုံသွားခဲ့ကာ သွေးနီရောင်ကျားမှာလည်း ထိုအထဲတွင် ပိတ်မိသွားခဲ့ရသည်။
ဤနေရာသည် တာအိုပြည်နယ် ၃၀၀၀ ထက် ဟင်းလင်းပြင် တည်ငြိမ်မှု အဆပေါင်းတစ်ထောင်မက ပိုမိုအားကောင်းသည့် ပျံတက်ခြင်း လမ်းကြောင်း အတွင်း၌ ဖြစ်သည်။
အကယ်၍ ဤတိုက်ကွက်ကိုသာ တာအိုပြည်နယ် ၃၀၀၀ အတွင်း၌ ထုတ်သုံးခဲ့မည်ဆိုပါက ကောင်းကင်ဖုံးလွှမ်းမည့် ဤဓားအလင်းတန်းကြီးသည် ပတ်ဝန်းကျင် မိုင်ပေါင်းသောင်းချီ သို့မဟုတ် မိုင်ပေါင်းသိန်းချီအထိ ဟင်းလင်းပြင်ကြီးကို ဖုံးလွှမ်းသွားစေနိုင်လောက်ပေသည်။
“ဝူး..."
အန္တရာယ် အငွေ့အသက်ကို အာရုံခံမိလိုက်ပုံရသဖြင့် သွေးနီရောင်ကျားသည် ယခင်ကထက် ပိုမိုကျယ်လောင်လှသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။
ထိုဟိန်းဟောက်သံနှင့်အတူ သွေးန:ရောင်ကျား၏ ခန္ဓာကိုယ်သည် အမြင့်သို့ ခုန်တက်သွားခဲ့ပြီး သူ၏ကြီးမားလှသော သွေးရောင်လက်သည်းကြီးများဖြင့် ငွေမီးခိုးရောင် ကောင်းကင်ဖုံးလွှမ်းမည့် ဓားအလင်းတန်းကြီးကို လက်ဦးမှုယူကာ အတင်းခုခံလိုက်သည်။
“ဝုန်း..."
နောက်ထပ် အခိုက်အတန့်တွင် ကောင်းကင်ဖုံးလွှမ်းမည့် ဓားအလင်းတန်းကြီးနှင့် သွေးရောင်လက်သည်းကြီးများ ထိပ်တိုက်တွေ့ဆုံမိသွားကြစဉ် ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
အစပိုင်းတွင်တော့ နှစ်ဖက်စလုံးသည် အားပြိုင်နေခဲ့ကြသော်လည်း ဤအားပြိုင်မှုသည် အသက်တစ်ရှူစာ အချိန်ပင် မခံခဲ့ချေ။
ကောင်းကင်ဖုံးလွှမ်းမည့် ဓားအလင်းတန်းကြီးထံမှနေ၍ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလှသော ဖရိုဖရဲအလင်းတန်း များ ပေါက်ကွဲထွက်လာခဲ့သည်။
ဤဖရိုဖရဲအလင်းတန်းအောက်တွင် သွေးရောင်လက်သည်းကြီးများထံမှ ထွက်ပေါ်နေသော သွေးနီရောင် တောက်ပမှုများသည် ချက်ချင်းပင် မှေးမှိန်သွားခဲ့ရသည်။
တစ်ခုလုံးသော သွေးရောင်လက်သည်းကြီးသည် တို့ဖူးတုံးကဲ့သို့ပင် ဖြစ်သွားခဲ့ရပြီးဓားအလင်းတန်းကြီး၏ ခုတ်ပိုင်းမှုအောက်တွင် ကြီးမားလှသော ဒဏ်ရာကြီးတစ်ခုနှင့်အတူ တိုက်ရိုက် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရသည်။
ထိုဒဏ်ရာကြီးထဲမှနေ၍ ရဲရဲနီသော သွေးစက်များသည် ထိန်းမနိုင်သိမ်းမရ ကျလာခဲ့သည်။
တစ်ခုလုံးသော လမ်းကြောင်းအတွင်း၌ ချက်ချင်းဆိုသလို ညှီစော်နံလှသော သံချေးတက်သည့်အလား သွေးညှီနံ့များ ပြည့်နှက်သွားခဲ့တော့သည်။
ရဲရဲနီသော သွေးရောင်များသည် ဖြူဖွေးလှသော ဟင်းလင်းပြင်လမ်းကြောင်းအတွင်း အလွန်တရာ ထင်ရှားနေခဲ့သဖြင့် လျစ်လျူရှုထားရန် လုံးဝ မဖြစ်နိုင်ချေ။
“ဝူး..."
သွေးရောင်ကျားဘီလူးကြီးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး နောက်ဘက်သို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့ရကာသူ၏မျက်ဝန်းအစုံအတွင်းရှိ သွေးရောင်အလင်းတန်းများပင်လျှင် အနည်းငယ် ပျောက်ကွယ်သွားခဲ့ရသည်။
သူ၏ဓားကို ကိုင်စွဲလျက် ရပ်နေသော လင်းချန် ထံသို့ သူ၏အမြင်အာရုံများကို ပြန်လည်စုစည်းပြီး ကြည့်လိုက်မိစဉ်သူ၏မျက်ဝန်းများအတွင်း၌ ဇဝေဇဝါဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ကျင့်ကြံခြင်းစွမ်းအားက သူ့ထက် သိသိသာသာ နိမ့်ပါးနေတဲ့ ဒီကောင်လေးက ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်စက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားရတာလဲ။
တိုက်ကွက် တစ်ချက်တည်းနဲ့တင် သူ့ကို တိုက်ရိုက် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်လေ။
လင်းချန်သည် ကောင်းကင်သတ်ဓားပေါ်ရှိ သွေးကွက်များကို ခါထုတ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“မဟာဧကရာဇ် အလယ်အလတ်အဆင့်ဆိုတာလည်း ဒီလောက်ပါပဲလား။”
“စောစောက ကိစ္စက ငါ့ဓားရဲ့ စမ်းသပ်မှုအသေးစားလေးတစ်ခုပဲ ရှိသေးတယ်နောက်ဆိုရင်တော့ ငါ တကယ် အတည်တိုက်တော့မှာ။”
ထိုသို့ပြောပြီးနောက် လင်းချန်၏ မျက်နှာထက်ရှိ အပြုံးမှာ ရုတ်တရက် ပိုမိုနက်ရှိုင်းသွားခဲ့ပြီးသူ၏ပုံရိပ်သည် ထိုနေရာမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။
သူ ပြန်လည်ပေါ်ထွက်လာသောအခါတွင်မူ သူသည် သွေးနီရောင်ကျား ရှေ့တည့်တည့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်သတ်ဓားသည် ယခင်ကထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ပေါက်ကွဲထုတ်လျက် ထပ်မံ၍ ခုတ်ပိုင်းချလိုက်ပြန်သည်။
“ဖရိုဖရဲပထမ ကိုးချက်ခုတ်ပိုင်းခြင်းအဋ္ဌမမြောက် ခုတ်ပိုင်းခြင်း။"
သူ၏ ကျင့်ကြံခြင်းစွမ်းအားမှာ မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ သူသည် ယခုအခါတွင် စနစ်ဆုလာဘ် မှတစ်ဆင့် ရရှိခဲ့သော သူ၏ပင်ကိုယ်နတ်ဘုရားစွမ်းရည် ဖြစ်သည့် ဖရိုဖရဲဦးပထမ ကိုးချက်ခုတ်ပိုင်းခြင်း၏ ကိုးချက်မြောက် ခုတ်ပိုင်းခြင်းကိုပင် ပြီးပြည့်စုံစွာ ထုတ်သုံးနိုင်နေပြီ ဖြစ်သည်။
ဤသွေးနီရောင်ကျားသည် သူ ထာဝရတိုက်ကြီး ဆီသို့ မရောက်ရှိသေးမီသူ၏ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ရန်အတွက် အကောင်းဆုံးသော ပစ်မှတ်တစ်ခုပင် ဖြစ်သည်။
သူ့ရဲ့ လက်ရှိစွမ်းအားက မဟာဧကရာဇ် အလယ်အလတ်အဆင့်နဲ့ နှိုင်းယှဉ်ရင် တကယ်ပဲ ဘယ်လိုအခြေအနေမျိုးမှာ ရှိနေလဲဆိုတာကို သူ အသေအချာ သိချင်မိသည်။
“ဝူး..."
သွေးနီရောင်ကျား၏ မျက်ဝန်းအစုံမှာ ပြင်းထန်စွာ ကျဉ်းမြောင်းသွားခဲ့ရပြီး မည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ အတိုင်းအဆမရှိသော သွေးရောင်စွမ်းအင်များကို ရူးသွပ်စွာ ပေါက်ကွဲထုတ်လိုက်တော့သည်။
သူ၏ခန္ဓာကိုယ်သည်လည်း အလျင်အမြန် ရွေ့လျားသွားခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ သူသည် ကောင်းကင်သတ်ဓားကို ရင်ဆိုင်ရန်အတွက် လက်ဦးမှုမယူတော့ဘဲပျံလမ်းကြောင်း၏ နောက်ဘက်ဆီသို့ အသက်လုကာ အလျင်အမြန် ဆုတ်ခွာထွက်ပြေးလိုက်တော့သည်။
စောစောက ထိပ်တိုက်တွေ့ဆုံမှုတွင် လင်းချန်၏ အလုံးစုံသော တိုက်ခိုက်ရေးစွမ်းအားသည် သူ့ထက် သာလွန်နေကြောင်းကို သူ သင်ခန်းစာ ရရှိသွားခဲ့ပြီ ဖြစ်သည်။
ဒါကို သူ ဝန်ခံရမည်သာ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအားက လင်းချန်ထက် မြင့်မားနေသည့်တိုင်အောင်တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်ကတော့ အလွန်တရာ သိသာလွန်းလှသည်။
အခု တက်လှမ်းလာတော့မယ့် ဒီကောင်လေးက... မဟာဧကရာဇ် နယ်ပယ်အတွင်းမှာတင် အဆင့်အတန်းတွေကို ကျော်လွန်ပြီး တိုက်ခိုက်နိုင်တဲ့ စစ်မှန်တဲ့ မိစ္ဆာအသွင် ပါရမီရှင်တစ်ယောက်ပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်လေးက ထျန်းယီနန်းတော် က ကျွမ်းကျင်သူတွေရဲ့ ကျွန်ပြုခြင်းကို ခံရမှာပဲကို သူက ဘာဖြစ်လို့ ဒီနေရာမှာ အသက်နဲ့လဲပြီး တိုက်ခိုက်နေရမှာလဲ။
ဒီကောင်လေးကို လွှတ်ပေးလိုက်တာကမှ ပိုကောင်းဦးမည်။ ဒါက တက်လှမ်းလာသူရဲ့ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ရမယ့် သူ၏ တာဝန်ဝတ္တရားကို ကျေပွန်အောင် လုပ်ဆောင်ခဲ့ပြီးပြီဟု မှတ်ယူနိုင်ပေသည်။
ထျန်းယီနန်းတော်က ကောင်တွေ သူ့ကို ပေးထားတဲ့ တာဝန်က တက်လှမ်းခြင်း လမ်းကြောင်းကို စောင့်ကြပ်ဖို့ပဲ။
ဒါပေမဲ့ တက်လှမ်းခြင်းလမ်းကြောင်းရဲ့ အခြားတစ်ဖက်ကနေ လာသမျှ ကျွမ်းကျင်သူတိုင်းကို မဖြစ်မနေ တားဆီးရမယ်လို့တော့ သူတို့ မပြောခဲ့ကြဘူးလေ။
ဒါကို မြင်လိုက်ရသော်လည်း လင်းချန်၏ လှုပ်ရှားမှုများသည် အနည်းငယ်မျှပင် တုံ့ဆိုင်းသွားခြင်း မရှိခဲ့ချေ။ ကောင်းကင်သတ်ဓားသည် ရှေ့တည့်တည့်ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ခုတ်ပိုင်းချနေဆဲပင် ဖြစ်သည်။
“အခုမှ ထွက်ပြေးဖို့ စဉ်းစားနေတာက နည်းနည်းတော့ နောက်ကျမသွားဘူးလား။”
“ဝုန်း..."
သူ၏အသံမဆုံးသေးမီမှာပင် ပြင်းထန်လှသော ဟိန်းဟောက်သံကြီးသည် လမ်းကြောင်းအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
ယခင်ကထက် ပိုမိုကြီးမားလှပြီး မိုင်ပေါင်းတစ်ထောင်နီးပါးအထိ ဆန့်တန်းသွားသည့် မီးခိုးရောင် ကောင်းကင်ဖုံးလွှမ်းမည့် ဓားအလင်းတန်းကြီးသည် ချက်ချင်းပင် စုစည်းပေါ်ထွက်လာခဲ့သည်။