← Chapters

အခန်း ၈၇၄

Vol. 61 Ch. 874

အခန်း ၈၇၄

Vol. 61 Ch. 874

အပိုင်း (၈၇၄) ကောက်ချက်ချခြင်း

“ဟုတ်တယ်၊ အရာရှိရွှယ်က သူလုံးဝရူးသွပ်မသွားခင် နောက်ဆုံးအချိန်လေးမှာ ဒေါက်တာကောင်းနဲ့ နာရီအကြောင်းကို ပြောသွားခဲ့တာ”

ရှုဟွမ်က ဒေါက်တာကောင်း၏ အိပ်ခန်းထဲတွင် သူတွေ့ခဲ့သော နံရံကပ်နာရီကို ကောက်ကိုင်လိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ဒီနာရီကို ဒေါက်တာကောင်းရဲ့ အိမ်ထဲမှာ တွေ့ခဲ့တယ်”

“ဒေါက်တာကောင်းက သေသွားပြီမို့လို့ လူသတ်သမား မဖြစ်နိုင်ဘူးလို့ နင်ထင်နေတာလား၊ ဒါပေမဲ့ လူသတ်သမားက တစ်ယောက်တည်း မဟုတ်ရင်ကော”

ဝူကျိသည် အဖြူရောင်ဆေးလုံးများကို စိုက်ကြည့်နေရင်း စတုတ္ထမြောက်ဆေးလုံးကို လက်ချောင်းများဖြင့် ဖြည်းညင်းစွာ ချေမွပစ်လိုက်သည်။

“ဒေါက်တာကောင်းက လူသတ်သမားနဲ့ ကြံရာပါလို့ ခင်ဗျား ထင်နေတာလား၊ မဖြစ်နိုင်တာပဲ၊ ဒေါက်တာကောင်းက အနာဂတ်မှာ အောင်မြင်မှုတွေ ဘယ်လောက်ထိရဦးမယ်ဆိုတာ ခင်ဗျား သိရဲ့လား၊ လူပေါင်း ဘယ်လောက်များများကို သူကူညီပေးမလဲဆိုတာကောပေါ့၊ သူက ဒီမြို့မှာရှိတဲ့ အရူးတွေအားလုံးရဲ့ ကယ်တင်ရှင် ဖြစ်လာမှာဗျ”

ရှုဟွမ်သည် အနာဂတ်ကို မြင်ထားပြီးဖြစ်သဖြင့် ပြန်လည်ချေပလိုက်သည်။

“နင်က သူ့ကို အဲ့ဒီလောက်တောင် ချီးမွမ်းနေမှတော့ ဘာလို့ သူ့ကို လူသတ်သမားလို့ ထင်နေသေးတာလဲ၊ နင်သေခဲ့တဲ့ ဆေးရုံမှာ သူပေါ်လာခဲ့ရုံနဲ့လား”

ဝူကျိက ဆေးမှုန့်များကို မှုတ်ထုတ်လိုက်သည်။

“ကြီးမြတ်ခြင်းနဲ့ လူသတ်ခြင်းက ဆန့်ကျင်ဘက်မဟုတ်ပါဘူး၊ ဒါ့အပြင် နင်လည်း နင့်ကိုယ်နင်ကော လူကောင်းတစ်ယောက်လို့ ဘာလို့ အတိအကျ ယုံကြည်နေရတာလဲ၊ သူတို့အမြင်မှာ မင်းက အသတ်ခံသင့်တဲ့သူ ဖြစ်မနေနိုင်ဘူးလား”

“ကျွန်တော်က လူမှုအဖွဲ့အစည်းရဲ့ အပြင်ဘက်က အလုပ်လက်မဲ့ လေလွင့်နေသူ တစ်ယောက်ပါ၊ ဘယ်လောက်အထိ ဆိုးယုတ်နိုင်မှာမို့လို့လဲ”

ရှုဟွမ်က ခါးသီးစွာ ပြုံးလိုက်သည်။

“အဲ့ဒါက နင်အချိန်ခရီးသွားနိုင်လို့ ဖြစ်နိုင်ပါတယ်”

ဝူကျိက ဒေါက်တာကောင်းအိမ်မှ နာရီကို တစ်ချက်ကြည့်လိုက်၏။

“နင်မြင်ခဲ့တဲ့ အနေအထားအရ အရာရှိရွှယ် ချိတ်ဆက်ခဲ့တဲ့ ဦးနှောက်ဟာ စိတ်ဓာတ်ပျက်ပြားစေတဲ့ ဆေးဝါးမျိုးစုံ ထိုးသွင်းခံထားရတာပဲ၊ အဲ့ဒါက သူရူးသွပ်သွားရတဲ့ တိုက်ရိုက်အကြောင်းရင်းပဲ၊ တစ်ယောက်ယောက်က အဓိကလူနာရဲ့ ခန္ဓာကိုယ်ထဲကို အဲ့ဒီဆေးတွေ အကုန်ထိုးသွင်းပြီးမှ ဦးနှောက်ချင်း ချိတ်ဆက်စေခဲ့တာ၊ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ အဲ့ဒီနေ့မှာ ဒေါက်တာကောင်းနဲ့ မစ္စတာရှစ်ရှစ်ရဲ့ လက်အောက်ငယ်သားတွေပဲ အဲ့ဒီလိုလုပ်ဖို့ အခွင့်အရေး ရှိခဲ့တာ”

“ဒါဆို လူသတ်သမားက အဲ့ဒီနှစ်ယောက်ထဲက တစ်ယောက်လား”

“ဟုတ်တယ်၊ ဒါပေမဲ့ လူသတ်သမားရဲ့ ရည်ရွယ်ချက်ကိုတော့ ငါအခုထိ နားမလည်သေးဘူး၊ ကိုယ့်ဦးနှောက်ကို အဆိပ်တွေ ပြည့်နေတဲ့ ဗုံးတစ်လုံးဖြစ်အောင် ပြောင်းလဲပြီး အဲ့ဒီဦးနှောက်ကို ဖွင့်ကြည့်တဲ့သူတိုင်းကို ဘာလို့ ဖောက်ခွဲပစ်ချင်ရတာလဲ”

ဝူကျိ၏ ပုပ်သိုးနေသော လက်ချောင်းများက သူမဒူးပေါ်တွင် နားခိုလိုက်သည်။

“တကယ်လို့ ဒါက နင့်ကို ဒုက္ခပေးဖို့ သက်သက်ဆိုရင်တော့ ပုရွက်ဆိတ်ကို သတ်ဖို့ အမြောက်နဲ့ ပစ်သလို ဖြစ်နေလိမ့်မယ်”

“ဟုတ်တယ်၊ ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ်”

ရှုဟွမ်က သူ့ကိုယ်သူ ပြန်သုံးသပ်လိုက်၏။

“အရာရှိရွှယ်က သဲလွန်စနှစ်ခု ပေးသွားခဲ့တယ်၊ ဒေါက်တာကောင်းအပြင် တခြားတစ်ခုက နာရီပဲ၊ နာရီက ဘာကို ဆိုလိုတာလဲ”

ဝူကျိ စဉ်းစားနေသည်ကို မြင်သောအခါ ရှုဟွမ်က ဆက်ပြောသည်။

“စကားမစပ် အရာရှိရွှယ် ဦးနှောက်ချိတ်ဆက်မှုမှာ ပါဝင်ခဲ့တာက လုံးဝတိုက်ဆိုင်မှုတစ်ခုပဲဗျ၊ မူလက ကျွန်တော် သွားရမှာ၊ ယောက္ခမက ကျွန်တော့်ဇနီးအတွက် ယောက်ျားအသစ် ရှာပေးချင်နေတာကြာပြီ၊ ဒါကြောင့် ကျွန်တော်က အရာရှိရွှယ်ကို အစားထိုးလွှတ်လိုက်တာ”

“ဒါက ကြိုမစီစဉ်ထားတဲ့ သွေဖည်မှုတစ်ခုပဲ၊ အရာရှိရွှယ် ဦးနှောက်ချိတ်ဆက်မှုမှာ ပါဝင်သွားတာက လူသတ်သမားရဲ့ အစီအစဉ်အပြင်ဘက်မှာ ဖြစ်နေနိုင်တယ်၊ ဒါကြောင့်လည်း အရာရှိရွှယ်က သူ့ရဲ့ ထူးကဲတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေနဲ့ သဲလွန်စနှစ်ခု ပေးသွားနိုင်ခဲ့တာပေါ့”

“ခင်ဗျား ပြောပုံအရဆိုရင် ဒေါက်တာကောင်းနဲ့ နာရီက ပိုလို့တောင်အရေးကြီးတဲ့ သဲလွန်စတွေ ဖြစ်လာပြီပေါ့၊ အရာရှိရွှယ်က သူ့ရဲ့ ဆင်ခြင်တုံတရားကို စတေးပြီး ခင်ဗျားကို လမ်းညွှန်ချက်တစ်ခု ပေးသွားတာပဲ”

ဝူကျိက နာရီလက်တံများကို ကစားလိုက်သည်။

“နောက်ပြန်လည်နေတဲ့ နာရီ၊ ပြောင်းပြန်ဖြစ်နေတဲ့ အချိန်ဆိုတာ အတိတ်ကာလကို ဆိုလိုတာ ဖြစ်သလို စည်းမျဉ်းတွေကို ဖောက်ဖျက်တာလည်း ဖြစ်နိုင်တယ်”

“အဲ့ဒါကို ရိုးရိုးရှင်းရှင်းလေး ပြောပြလို့ ရမလား”

ရှုဟွမ်၏ မှတ်ဉာဏ်များသည် သူထင်ထားသည်ထက် ပို၍ အစိတ်စိတ်အမွှာမွှာ ဖြစ်နေခြင်းဖြစ်သည်။

“နင်မြင်ခဲ့တဲ့ အနာဂတ်မှာ အရာရှိရွှယ်ရဲ့ ကံကြမ္မာက ဘာလဲ”

“သူက သေဆုံးချိန်အိမ်ရာမှာ လူတွေအများကြီး သတ်ခဲ့တယ်၊ အဲ့ဒီနောက် အထူးကုသဆောင်မှာ အကျဉ်းချခံထားရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ ပြန်ထွက်မလာတော့ဘူး”

ရှုဟွမ်က ပြန်လည်အမှတ်ရလိုက်သည်။

“အရာရှိရွှယ်က သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီရပ်ကွက်ကို ဘယ်အချိန်က စစုံစမ်းခဲ့တာလဲ”

“အတိအကျတော့ မသိဘူး”

ရှုဟွမ်သည် ချန်ပင်းကို ဖုန်းဆက်မေးမြန်းပြီးနောက် ဝူကျိကို ပြန်ပြောပြလိုက်၏။

“အခုလေးတင်ပဲ၊ အရာရှိရွှယ်က ဒေါက်တာကောင်းကို စုံစမ်းဖို့ သွားနေပုံရတယ်၊ အဲ့ဒီနေ့က အရာရှိရွှယ် ရှာတွေ့ခဲ့တာက မြင်းအိုကြီး(မာကြီး) လေ”

“ဒေါက်တာကောင်း မွေးထားတဲ့ မြင်းလား”

“ဟုတ်တယ်”

“ဒါဆို နင်က ဘာကို တွန့်ဆုတ်နေသေးတာလဲ”

“ဟမ်”

ရှုဟွမ် ချက်ချင်း သဘောပေါက်သွား၏။

“အဲ့ဒီမြင်းကို သွားဖမ်းရမယ်၊ သူ့ဦးနှောက်ကို မျှဝေခံစားရမယ်”

ရှုဟွမ်သည် တခြားလူကို မယုံကြည်သဖြင့် ယောက္ခမကို ဖုန်းဆက်၍ သူ့ဇနီးကို လာခေါ်ခိုင်းကာ အိမ်ပြန်လွှတ်လိုက်သည်။ ထို့နောက် ရဲစခန်းသို့ တန်းမောင်းသွားပြီး မာကြီးကို ဟင်းသီးဟင်းရွက်များ၊ သစ်သီးများဖြင့် မျှားခေါ်ကာ ကားပေါ်သို့ တင်ဆောင်လာခဲ့သည်။

တစ်နာရီအကြာတွင် မာကြီးသည် ဦးနှောက်ချိတ်ဆက်ကိရိယာ၌ ချည်နှောင်ခံလိုက်ရတော့သည်။

“မဟုတ်သေးဘူး၊ မင်းက မြင်းတစ်ကောင်နဲ့ ဦးနှောက်ချင်း ချိတ်ဆက်မှာလား၊ မင်းက မြင်းလူသား ဖြစ်ချင်နေတာလား”

“သေသေချာချာ စဉ်းစားဦးနော်၊ ငါ့ဦးနှောက်ထဲမှာ မြက်ခြောက်တွေပဲ ပြည့်နေတာ”

ကိရိယာ စတင်လည်ပတ်လာသည်နှင့် အချိန်တိုအတွင်း နှစ်ကြိမ်တိုင်တိုင် ဦးနှောက်ချိတ်ဆက်မှု ပြုလုပ်ထားသော ရှုဟွမ်သည် အားနည်းနေသော်လည်း မျက်လုံးများကတော့ နီရဲကာ စိတ်လှုပ်ရှားနေခဲ့သည်။

“တွေ့ပြီ၊ ငါ မြင်လိုက်ပြီ၊ မြင်းရဲ့ မှတ်ဉာဏ်ထဲမှာ ဒေါက်တာကောင်းနဲ့ သေဆုံးချိန်အိမ်ရာရဲ့ ဆက်နွယ်မှုတွေ ပါနေတာပဲ”

ဦးနှောက်ချိတ်ဆက်မှု ပြီးဆုံးသွားသောအခါ ရှုဟွမ်သည် အာဟာရကန်ထဲမှ သူ့ကိုယ်တိုင်ပင် မထွက်နိုင်တော့သဖြင့် ပုံပျက်နေသည့် စောင့်ရှောက်သူက ဆွဲထုတ်ပေးလိုက်ရသည်။

“ဘာမြင်လိုက်တာလဲ”

ဝူကျိ၏ အသံသည် အေးစက်ကာ အက်ရှရှ ဖြစ်နေဆဲဖြစ်သည်။

“ဒေါက်တာကောင်းက သေဆုံးချိန်အိမ်ရာမှာ တစ်ယောက်ယောက်က သက်တမ်းချေးနေတာကို ပြီးခဲ့တဲ့ အချိန်တွေကတည်းက သိနေခဲ့တာပဲ၊ သူက သူ့ရဲ့ မြင်းအိုကြီးကို စီးပြီး အဲ့ဒီနေရာကို အကြိမ်ပေါင်းများစွာ သွားခဲ့တယ်၊ အဲ့ဒီရပ်ကွက်မှာ သက်တမ်းချေးသူတစ်ယောက် လည်ပင်းညှစ်ခံရတာဟာ ဒေါက်တာကောင်းနဲ့ ပက်သတ်နေပုံရတယ်၊ မြင်းအိုကြီးကလည်း ဒေါက်တာကောင်းက ‘အချိန်’ ဆိုတဲ့ စကားလုံးကို အကြိမ်ပေါင်းများစွာ ပြောနေတာ ကြားခဲ့ရတယ်”

ဆိုလိုသည်မှာ အချိန်၏ လွှမ်းမိုးမှုအပြင်ဘက်မှ လူများကို ၎င်း၏ စည်းမျဉ်းများအတိုင်း ဖျက်ဆီးပစ်ရန် ဖြစ်သည်။

“ဟုတ်တယ်၊ အဲ့လိုမျိုးပဲ”

ရှုဟွမ်သည် အလွန် စိတ်လှုပ်ရှားနေ၏။ သူသည် လူသတ်သမားကို ဖမ်းမိရန် အနီးကပ်ဆုံး အခြေအနေသို့ ရောက်နေပြီဟု ခံစားနေရသည်။

“ဒါကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော့်ရဲ့ အချိန်ခရီးသွားနိုင်စွမ်းက ကျွန်တော်ဟာ အချိန်ရဲ့ လွှမ်းမိုးမှုအောက်မှာ မရှိဘူးလို့ ဆိုလိုတာမလား”

ရှုဟွမ်သည် ပြောရင်းပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာတော့သည်။

“ခင်ဗျားပြောတာ မှန်တယ်၊ အရင်က ကျွန်တော်ဟာ အချိန်ခရီးသွားနိုင်စွမ်းအပေါ်ပဲ အရမ်းအားကိုးနေခဲ့မိပြီး ကျွန်တော်မြင်ခဲ့ရတဲ့ အနာဂတ်ကိုပဲ အရမ်းယုံကြည်နေခဲ့တာ၊ ကျွန်တော် မြင်ခဲ့တဲ့ အနာဂတ်မှာ သေဆုံးချိန်အိမ်ရာက ဖြစ်လာတဲ့ဆူပူမှုတွေက ချက်ချင်း ပျောက်ကွယ်သွားသလို ဒေါက်တာကောင်းကလည်း ကြီးမြတ်တဲ့ အာရုံကြောဆရာဝန်ကြီး တစ်ယောက်ဖြစ်လာမှာပေါ့၊ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ရဲ့ အနာဂတ်ကိုယ်ရဲ့ အမြင်ကနေ မြင်ရတာပဲ၊ အမှန်တရား မဟုတ်ဘူး”

“လူသတ်သမား မဖြစ်နိုင်ဆုံးလို့ ထင်ရတဲ့သူကပဲ အမြဲတမ်းလိုလို လူသတ်သမား ဖြစ်နေတတ်တာ”

ရှုဟွမ်သည် ပြောင်းပြန်ဖြစ်နေသော နာရီကို ကောက်ကိုင်လိုက်သည်။

“ကျွန်တော်တို့ ဒီနာရီရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို သေဆုံးချိန်အိမ်ရာမှာ ရှာတွေ့နိုင်လောက်တယ်၊ အရာရှိရွှယ်ကတော့ ဒါတွေအားလုံးအတွက် သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ ရင်းခဲ့ရပြီ”

“မြင်းတစ်ကောင်...”

ဝူကျိက မြင်းအိုကြီးကို စိုက်ကြည့်လိုက်သည်။

“ဒေါက်တာကောင်းရဲ့ မိသားစုဝင်တွေ အကုန်လုံး ပျောက်ကွယ်သွားပေမဲ့ မြင်းတစ်ကောင်ပဲ ကျန်ရစ်ခဲ့တယ်၊ ဒါက ဟာကွက်တစ်ခုလား၊ ဒါမှမဟုတ် ငါတို့အတွက် တမင်ချန်ထားပေးခဲ့တဲ့ သဲလွန်စလား”

“ဘာကို ဆိုလိုတာလဲ”

“တကယ်လို့ ဒေါက်တာကောင်းက အစကတည်းက အရာအားလုံးကို စီစဉ်ထားခဲ့ပြီး ဒီမြင်းကို သူ့ဘေးမှာ တမင်ထားခဲ့တာဆိုရင်ကော… ဒီအချိန်လေးအတွက် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားခဲ့တာဆိုရင်ကော”

ဝူကျိက ခေါင်းခါလိုက်သည်။ သူမကိုယ်တိုင်လည်း ယင်းကို မဖြစ်နိုင်ဟု ထင်နေမိသည်။

“ဦးနှောက်ချင်း ချိတ်ဆက်တာက တစ်ဖက်လူရဲ့ မှတ်ဉာဏ်တွေတင်မကဘူး၊ ခံစားချက်တွေ၊ နာကျင်မှုတွေနဲ့ ရောဂါလက္ခဏာတွေ အကုန်လုံးကို အချိန်တိုလေးအတွင်း ပြန်လည် မြင်တွေ့နိုင်စေတာပဲ၊ ဒေါက်တာကောင်းက အဲ့လောက်အထိ အသေးစိတ်ကျမယ်လို့ ကျွန်တော် မထင်ဘူး”

ရှုဟွမ် ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူသည် လမ်းလျှောက်နည်း မေ့သွားပြီး မြင်းတစ်ကောင်ကဲ့သို့ လေးဘက်ထောက် သွားနေရကြောင်း ရုတ်တရက် သတိပြုလိုက်မိသည်။

“အိုး မဖြစ်ဘူး”

“နေသားကျအောင် ကြိုးစားပါ၊ ခဏနေရင် ကောင်းသွားမှာပါ”

ဝူကျိက ရှုဟွမ်၏ ခန္ဓာကိုယ်ထဲသို့ ဆေးတစ်မျိုး ထိုးသွင်းပေးလိုက်သည်။

“အချိန်ဆွဲမနေနဲ့တော့၊ အခုပဲ သေဆုံးချိန်အိမ်ရာကို သွားကြစို့၊ နာရီကိုလည်း ယူခဲ့ဦး”

ဆယ်မိနစ်ခန့်အကြာတွင် ထူထဲသော အဝတ်အစားများဖြင့် တစ်ကိုယ်လုံးထုပ်ပိုးထားသည့် ဝူကျိသည် ဒရိုင်ဘာနေရာတွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် ကားမောင်းနေပြီး သူမမျက်လုံးများထဲတွင် စိတ်တိုနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

သူမ၏ ကားနောက်ခန်းတွင်မူ ရှုဟွမ်နှင့် မာကြီးတို့သည် မုန်လာဥနီများကို တကျွတ်ကျွတ် ဝါးစားနေကြခြင်းဖြစ်သည်။

“အသံ လျှော့ကြစမ်း”

“စားဦးမလား”

မာကြီးမှာ ‘လူသားနှင့်တူ’ ပြီး စိတ်သဘောထား ကောင်းသော်လည်း စကားတော့ အနည်းငယ် များပေသည်။

“မင်းဟာမင်း စားစမ်းပါ၊ အဓိပ္ပါယ်မရှိတာတွေ အများကြီး မပြောနဲ့”

ရှုဟွမ်က မုန်လာဥနီကို ချလိုက်သည်။

“ဒီဦးနှောက်ချိတ်ဆက်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးက အတော်လေး ပြင်းတာပဲ”

ဝူကျိသည် လီဗာအဆုံးထိ နင်းလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ကားကို အရှိန်နှင့် မောင်းထွက်လာလိုက်သည်။ ရှုဟွမ်သည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ ဝူကျိ၏ ကျောပြင်ကိုကြည့်ရင်း အရင်က စိတ်တိုတတ်သည့် အရာရှိရွှယ်ကို ခပ်ရေးရေး ပြန်မြင်နေရသလို ခံစားမိသောကြောင့် ဖြစ်သည်။

“မင်းက တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ”

မာကြီးက ရှုဟွမ်နှင့် ဝေးရာသို့ တိုးသွားလိုက်သည်။

All Chapters