← Chapters

မော်တယ်ရွှေကျီးကန်း၊ နတ်ရွှေကျီးကန်

Vol. 9 Ch. 127

မော်တယ်ရွှေကျီးကန်း၊ နတ်ရွှေကျီးကန်

Vol. 9 Ch. 127

အခန်း (၁၂၇) မော်တယ်ရွှေကျီးကန်း၊ နတ်ရွှေကျီးကန်း

ဟန်ကျွယ် မျက်နှာဟာ လေးနက်တည်ကြည်သွားပါတယ် ‘နောက်ထပ်နေနှစ်စင်း ထပ်ပေါ်လာတယ်၊ ဒီနေနှစ်စင်းက မဟုတ်မှလွဲရော ဒဏ္ဍာရီထဲက ခြေသုံးချောင်း ရွှေကျီးကန်းလား၊ ဘယ်သူက ခြေသုံးချောင်း ရွှေကျီးကန်းနှစ်ကောင်က တစ်ပြိုင်တည်း ယှဉ်နိုင်မှာလဲ’

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး စစ်ဆေးလိုက်ပေမဲ့ ခြေသုံးချောင်း ရွှေကျီးကန်း ပေါ်မလာတာကြောင့် ဒီရွှေကျီးကန်းနှစ်ကောင်က မိုင်တစ်ရာကျော်မှာ ရှိနေတာကို သိလိုက်ပါတယ်။

ရန်ထျန်တုန်းဟာ တစ်ခဏတာ ကြက်သေသေသွားပြီးနောက် ငရဲကြက်နက်ဘက်လှည့်ကာ ကြိမ်းမောင်းပါတော့တယ် “ကြက်စုတ်... မင်းလုပ်တာ ကောင်းရော၊ နေမင်းက ဘယ်လိုသားရဲလဲဆိုတာ မင်းသိလား”

ငရဲကြက်နက်ဟာ အလွန်တရာမှ ရင်တထိတ်ထိတ် ဖြစ်နေပါတယ် “ဘယ်လိုနတ်သားရဲမျိုးလဲ”

“နဂါးနဲ့ဖီးနစ်ကို စားသောက်တဲ့ ရွှေကျီးကန်းပဲ”

“ဟမ်” ငရဲကြက်နက် ချောက်ချားလွန်းလို့ မြေကြီးပေါ် လဲကျသွားပါတယ်။ ဒီအချိန်ကျမှာ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီဆိုတော့ကို ငရဲကြက်နက် သိလိုက်ပါတယ် ‘ငါ ဘာလုပ်သင့်လဲ’ ငရဲကြက်နက်ဟာ ကြောက်လွန်းလို့ ဟန်ကျွယ်ကို မကြည့်ရဲပါဘူး။

ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ ကောင်းကင်ကိုသာ စိုက်ကြည့်နေပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ တစ်ခုခုမှားနေတာကို သတိထားမိလိုက်ပါတယ် ‘အပူချိန်က တိုးမသွားဘူးပဲ၊ ရွှေကျီကျန်းနှစ်ကောင်က မော်တယ်လောကက ဟန့်တားထားတာလား’

‘ဒါ အဖြစ်နိုင်ဆုံးပဲ... ပြဒါးငှက်တောင် မော်တယ်လောကကို မလာနိုင်တာ၊ ကြည့်ရတာ အမတတွေ မော်တယ်လောကကို ဆင်းမယ်ဆိုရင် အရမ်းခက်ခဲမဲ့ပုံပဲ’

‘ကြည့်ရတာ ဒီရွှေကျီးကျန်းနှစ်ကောင်က မော်တယ်လောကရဲ့ တံခါးဝမှာ ရပ်နေပုံပဲ၊ ဒါပေမဲ့ ဒီအတိုင်းဆက်သွားရင် မကြာခင် ကပ်ဘေးဆိုက်မှာပဲ’

ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ဖူစန်းသစ်ပင်ဆီ လွှင့်ပစ်ပြီး အေးစက်စွာ ပြောလိုက်ပါတယ် “မင်း ဒီသစ်ပင်ပေါ်ကနေ ခြေတစ်လှမ်း ဆင်းရဲရင် မင်းတောင်ပံ့နှစ်ဖက်ကို အရင်ဆုံးဖြတ်ပြီး ကြက်ကြော်လုပ်ပစ်မယ်... ကြားလား”

ငရဲကြက်နက်ဟာ ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ငရဲကြက်နက်ဟာ တကယ့်ကို ကြောက်လန့်သွားတာပါ။

ဟန်ကျွယ်ဟာ တစ်ခဏတာ စိုက်ကြည့်ပြီးတဲ့နောက်မှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။ ရွှေကျီးကန်းနှစ်ကောင်က ချက်ချင်း ဆင်းမလာနိုင်သေးတဲ့အတွက် ဟန်ကျွယ်အတွက် လက်တလောမှာ စိုးရိမ်ပူပန်စရာ မရှိပါဘူး။

တစ်ချိန်တည်းမှာပဲ လူတော်တော်များများဟာ ကောင်းကင်က နေသုံးစင်းကို သတိပြုမိလာကြပါတယ်။ ဒီကိစ္စကြောင့် လက်ယာ လက်ဝဲ ကျင့်ကြံသူတွေအားလုံး ရင်တထိတ်ထိတ် ဖြစ်သွားကြပါတယ်။ ဒီဖြစ်ရပ်က ကပ်ဘေးကြီးဆိုက်တော့မှာကို ညွှန်ပြနေပါတယ်။

ဒါကြောင့် လက်ယာ-လက်ဝဲ စစ်ပွဲဟာ တစ်ခဏတာ အေးစက်သွားပါတယ်။ ဒါပေမဲ့ လအနည်းအကြာမှာတော့ နေနှစ်စင်း ထပ်ပေါ်လာတာက သူတို့ကို သက်ရောက်မှုမရှိတဲ့အတွက် လက်ယာ-လက်ဝဲ စစ်ပွဲက တဖြည်းဖြည်း ပြန်ပြီးတော့ ပြင်းထန်လာပါတယ်။

သုံးနှစ်ကြာပြီးနောက်။

တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို လာရှာပါတယ်။ တာအိုသခင်ကျိုးတိဟာ ပူပန်ကြောင့်ကြတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “အကြီးအကဲဟန်... အခြေအနေ မကောင်းတော့ဘူး၊ ကောင်းကင်အမတစံအိမ်နဲ့ တစ်ခြားမြင့်မြတ်နယ်မြေတွေက လောကမှာရှိတဲ့ လက်ယာဂိုဏ်းတွေ အကုန်လုံးကို စုစည်းပြီး နတ်ဆိုးအင်ပါယာကို ဖျက်ဆီးမယ်လို့ ကြော်ငြာလိုက်တယ်၊ ရန်ဒေသမှာရှိတဲ့ တစ်ခြားလက်ယာဂိုဏ်းတွေလည်း သွားဖို့လုပ်နေကြပြီ၊ ကျုပ်တို့ယွီဂျင်ဂိုဏ်းတော်ကြီးသာ မသွားရင် လက်ဝဲဂိုဏ်းအဖြစ် သတ်မှတ်ခံရမှာကို စိုးရိမ်ရတယ်”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဘက်ရွေးရတော့မှာပါလား’

“ဒါဆိုလည်းသွားလေ၊ ဂိုဏ်းချုပ်ကိုယ်တိုင် ဦးဆောင်သွားပေါ့၊ ဘာပဲဖြစ်ဖြစ် ယွီဂျင်ဂိုဏ်းတော်ကြီးက သိပ်စွမ်းအားမကြီးသေးဘူး၊ ဂိုဏ်းကိုစောင့်‌ရှောက်ဖို့ ကျုပ်နေခဲ့မယ်၊ ဂိုဏ်းချုပ်တို့ စိတ်ချလက်ချသာ သွားပါ”

တာအိုသခင်ကျိုးတိဟာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ထွက်ခွာသွားပါတယ်။ တာအိုသခင်ကျိုးတိဟာ လာတုန်းကလည် ခပ်သုတ်သုတ် ပြန်ထွက်သွားတော့လည်း ခပ်သုတ်သုတ်ပါပဲ။

တာအိုသခင်ကျိုးတိ ထွက်သွားတဲ့အခါမှာ ဝူတောက်ကျန့်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “သခင်... သခင်က ဂိုဏ်းချုပ်လို့ ကျွန်မ ဘာလို့ ခံစားနေရတာလဲ”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို စိုက်ကြည့်လိုက်ပါတယ် “ဒီစကားကို ထပ်မပြောတော့နဲ့”

ဝူတောက်ကျန့်ဟာ နှုတ်ခမ်းတွန့်လိုက်ပြီး ဘာမှထပ်မပြောတော့ပါဘူး။

ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။ မကျင့်ကြံခင် တာအိုသခင်ကျိုးတိနဲ့ တစ်ခြားသူတွေ ဘေးကင်းဖို့ကို ဆုတောင်းလိုက်ပါသေးတယ်။

အမတစံအိမ်ရဲ့ ဦးဆောင်မှုအောက်မှာ နတ်ဆိုးအင်ပါယာ ပျက်စီးဖို့က ကျိန်းသေနေပါပြီ။

လေးငါးရက် အကြာမှာတော့ တာအိုသခင်ကျိုးတိဟာ အမိန့်စာတစ်စောင် ထုတ်ပြန်ပြီး နတ်ဆိုးအင်ပါယာနဲ့ တိုက်ခိုက်လိုတဲ့ တပည့်တွေကို စုဆောင်းပါတယ်။ ဒီလိုစုဆောင်းတာ ဆန္ဒပါမှာပါ။ ဒီခရီးက အန္တရာယ်များလွန်းတာကြောင့် တာအိုသခင်ကျိုးတိဟာ ဂိုဏ်းတပည့်တွေက အတင်းအကြပ် ဖိအားမပေးပါဘူး။

နတ်မိမယ်ရှီရွှမ်နဲ့ ရှင်းဟုန်ရွှမ်လည်း လိုက်သွားတဲ့အတွက် ဟန်ကျွယ် အံအားသင့်သွားပါတယ်။ နတ်မိမယ်ရှီရွှမ်က ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ကျောက်အေးတောင်ထိပ် အကြီးအကဲမို့ လိုက်သွားတာ မဆန်းပါဘူး။

ရှင်းဟုန်ရွှမ်ကတော့ ထွက်မသွားခင် ဟန်ကျွယ်ဆီ ရောက်လာပါသေးတယ်။ ရှင်းဟုန်ရွှမ် လိုက်သွားတဲ့ အကြောင်းရင်းက နတ်ဆိုးလမ်းစဉ်ကို မုန်းတီးလို့ပါ။ ရှင်းဟုန်ရွှမ်ဟာ ငယ်စဉ်ကတည်းက ချင်မင်မိစ္ဆာဂိုဏ်းရဲ့ ခြိမ်းခြောက်မှုကြောင့် ယွီဂျင်းဂိုဏ်းထဲဝင်ပြီး သူလျှိုလုပ်ခဲ့ရပါတယ်။ ဒါကြောင့် ရှင်းဟုန်ရွှမ်ဟာ လောကမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေကို သုတ်သင်ပစ်ချင်ခဲ့ပါတယ်။

ရှင်းဟုန်ရွှမ်က ဆုံးဖြတ်ချက် ချထားပြီး ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို မတားပါဘူး။ ဘာပဲဖြစ်ဖြစ် နတ်မိမယ်ရှီရွှမ်နဲ့ ရှင်းဟုန်ရွှမ်ဆီမှာ နောက်ဆုံးအဆင့် ကောင်းကင်ရုပ်သေးရုပ် ရှိတဲ့အတွက် သူတို့နှစ်ယောက် အသက်အန္တရာယ်ရှိမှာကို ဟန်ကျွယ်က မစိုးရိမ်ပါဘူး။ ဒါ့အပြင် လက်ယာဂိုဏ်းတွေ အကုန်လုံး စုပေါင်းတိုက်ခိုက်တာ ဖြစ်တဲ့အတွက် နတ်ဆိုးအင်ပါယာ ပျက်ဆီးသွားဖို့က ၉၉ ရာခိုင်နှုန်း ကျိန်းသေနေပါပြီ။

တာအိုသခင်ကျိုးတိဟာ တပည့်နှစ်သောင်းကို ဦးဆောင်ပြီး ထွက်ခွာသွားပါတယ်။ ဒီတပည့်တွေထဲမှာ အားအနည်းဆုံးက ရွှေဓာတ်လုံးအဆင့် ရှိပါတယ်။ ဒီတပည့်တွေရဲ့ ထက်ဝက်က ကောင်းကင်သွေးမီးလျှံဂိုဏ်းကပါ။

ဟန်ကျွယ်ဟာ ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။ ငရဲကြက်နက်ဟာ ဖူစန်းသစ်ပင်ကို ပြန်လာပြီဖြစ်ပေမဲ့ ရွှေကျီးကန်းနှစ်ကောင်ကတော့ ထွက်သွားမဲ့ပုံ မပေါ်သေးပါဘူး။ “နတ်ဘုရားကို ပင့်ဖိတ်ဖို့ကလွယ်တယ်၊ ပြန်ပို့ဖို့သာ ခက်တယ်” ဆိုတဲ့ ဆိုရိုးစကား အတိုင်းပါပဲ။

ဟန်ကျွယ် ခေါင်းထဲကို အကြံရဲတစ်ခု ဝင်လာပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို မိုးကောင်းကင်ဓားချီကို စတင်သုံးသပ်လိုက်ပါတယ်။ မိုးကောင်းကင်ဓားချီဟာ ရွှေဓာတ်လုံးထဲမှာ ဓားချီစုဆောင်းပြီး ထွေးထုတ် တိုက်ခိုက်ရတာပါ။ ဟန်ကျွယ်ဟာ ဒီပညာကို သုံးခဲပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ မိုးကောင်းကင်ဓားချီကို မဟာညီညွှတ်မှု ဆန်းကြယ်စွမ်းအားဖြစ်အောင် အဆင့်မြှင့်ဖို့ ဆုံးဖြတ်ထားပါတယ်။

တစ်လကြာပြီးနောက် ခရမ်းနုရောင် အလင်းရောင်ဟာ လောကတစ်ခုလုံးကို လွှမ်းမိုးသွားပြန်ပါတယ်။

ဟန်ကျွယ်လည်း တရင်းတနှီးရှိလှတဲ့ ဓားတာအိုမြစ်ကို ပြန်ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ အိမ်ကို ပြန်လာရသလို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ရှေ့ဆက်သွားရင်း မကြာခင်မှာပဲ ကျန်းကူရှင်းကို တွေ့လိုက်ရပါတယ်။

ကျန်းကူရှင်းနဲ့ ဟန်ကျွယ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တိတ်ဆိတ်သွားကြပါတယ်။ ဟန်ကျွယ်ကပဲ တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွင်းလိုက်ပါတယ် “စီနီယာ... ရွှေကျီးကန်းအကြောင်း သိလား”

“မင်း ဓားတာအိုကို သုံးသပ်တာက ငါ့ကို ရွှေကျီးကန်းအကြောင်း မေးမလို့လား”

“မဟုတ်ပါဘူး၊ ကျွန်တော်က ဓားလမ်းကို ချစ်တယ်၊ ကံကောင်းထောက်မပြီး သိမြင်နားလည်မှုအဆင့်ကို ရောက်သွားတာ၊ ဘုရားလည်းဖူး လိပ်ဥလည်းတူးရင်းဆိုတဲ့ ဆိုရိုးအတိုင်း စီနီယာကို သိချင်တာလေး မေးကြည့်တာပါ”

“ရွှေကျီးကန်းက နေမင်းအသွင် ပြောင်းလဲနိုင်တဲ့ နတ်သားရဲပဲ၊ ရွှေကျီးကန်းကို မော်တယ်ရွှေကျီးကန်းနဲ့ နတ်ရွှေကျီးကန်းဆိုပြီး နှစ်မျိုးခွဲထားတယ်၊ မော်တယ်ရွှေကျီးကန်းက မော်တယ်လောကရဲ့ နေမင်းပဲ၊ သူတို့ကို မော်တယ်လောကကနေ ထွက်သွားခွင့် မပြုထားဘူး၊ သူတို့ရဲ့ ကျင့်ကြံမှုကလည်း မတိုးတက်နိုင်ဘူး၊ နတ်ရွှေကျီးကန်းကတော့ အမတလောကရဲ့ နတ်မျိုးနွယ်စုတွေထဲက မျိုးနွယ်စုတစ်စုပဲ၊ သူတို့က အရမ်းနက်ရှိုင်းတဲ့ အုတ်မြစ်ရှိတယ်၊ ကောင်းကင်ရုံးတော်၊ ရှန်နန်းတော်၊ နတ်ဆိုးနန်းတော်တို့တောင် သူတို့ကို ရန်မစရဲဘူး”

ကျန်းကူရှင်းရဲ့စကားကြောင့် ဟန်ကျွယ်နှလုံးသားဟာ ပင်လယ်ထဲမြှုပ်သွားပါတယ် ‘မော်တယ်ရွှေကျီးကန်းက မော်တယ်လောကကနေ ထွက်မသွားနိုင်ဘူးဆိုတော့ အသစ်ပေါ်လာတဲ့ နေနှစ်စင်းက နတ်ရွှေကျီးကန်းနှစ်ကောင်ပေါ့’

ဟန်ကျွယ်က ထပ်မေးလိုက်ပါတယ် “အဲဒီရွှေကျီးကန်းက မော်တယ်လောကထဲ ဝင်လာလို့ရလား”

“ရမလားဟ... သူတို့ကိုယ်ပေါ်က နေမီးလျှံစစ်က မော်တယ်လောကတစ်ခုလုံးကို အကြွင်းမဲ့ ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်၊ ကောင်းကင်နိယာမက သူတို့ကို မော်တယ်လောကဆီ မဆင်းသက်ဖို့ တားမြစ်ထားတယ်”

ဟန်ကျွယ်ဟ ဒီစကားကြားမှာပဲ စိတ်သက်သာရာ ရသွားပါတယ်။ ကျန်းကူရှင်းဟာ တစ်စုံတစ်ခုကို တွေးမိပြီး လက်ချောင်းတွေနဲ့ ချက်ချင်းပဲ တွက်ချက်ကာ တအံတဩ မေးလိုက်ပါတယ် “မင်းရဲ့ မော်တယ်လောကမှာ ဘယ်လိုလုပ်ပြီး နတ်ရွှေကျီးကန်း နှစ်ကောင် ရှိနေရတာလဲ၊ သူတို့က ငယ်သေးတယ်ဆိုပေမဲ့...”

“ရွှေကျီးကန်း ငယ်ငယ်လေးတွေကရော စွမ်းအားကြီးလား”

“သိပ်မကြီးပါဘူး၊ သူတို့က ကောင်းကင်ဘုံဝင်အဆင့်လောက်နဲ့ပဲ မွေးလာတာ”

‘အဆင့်လောက်နဲ့’

‘ကောင်းကင်ဘုံဝင်အဆင့်နဲ့ မွေးလာတာ’ ဟန်ကျွယ်ဟာ အစော်ကားခံလိုက်ရသလို ခံစားလိုက်ရပါတယ်။

“နတ်ရွှေကျီးကန်း မျိုးနွယ်စုက ဒီနှစ်ကောင်ကို ဘာလို့ မဆုံးမတာလဲ၊ သူတို့သာ မော်တယ်လောကထဲ ဝင်လာရင် ကျွန်တော်တို့လို မော်တယ်အတွက် တကယ့်သတင်းဆိုးကြီးပဲ” ဟန်ကျွယ်က မဲ့ပြုံးပြုံးရင်း ပြောလိုက်ပါတယ်။

“ဘယ်သူသိမှာလဲ၊ အဲဒါက ငါ့ကိစ္စ မဟုတ်ဘူး၊ ငါ့တာဝန်က ဓားတာအိုကို စောင့်ကြပ်ဖို့ပဲ၊ ကျန်တဲ့ကိစ္စတွေက ငါနဲ့မဆိုင်ဘူး၊ ငါ့ကိစ္စမဟုတ်တဲ့အတွက် ငါ မင်းကို ကူညီမှာလည်း မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။

အသက်ရှူကြိမ်သုံးကြိမ် ကြာပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို ကျော်တက်ပြီး ဆက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို ရောက်လာပြီမို့ စွမ်းအားပိုကြီးလာအောင် အကောင်းဆုံး ကြိုးစားပါတယ်။ အရင်တုန်းကလိုပဲ ဟန်ကျွယ်ဟာ နောက်ထပ်ခြေလှမ်းခြောက်လှမ်းသာ ထပ်လှမ်းနိုင်ပြီး ဒီထက်ပိုမလှမ်းနိုင်တော့ပါဘူး။

မိုးကောင်းကင်ဓားချီဟာ မဟာညီညွှတ်မှုဆန်းကြယ်စွမ်းအား ဖြစ်လာပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဆက်လက်အားထုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ နောက်ထပ်ပစ်မှတ်ကတော့ အတိဒုက္ခဖြတ်ကျော် နဝမအဆင့်ပါ။ နတ်ရွှေကျီးကန်းနှစ်ကောင်သာ မော်တယ်လောကကို ဆင်းသက်လာရင် ဟန်ကျွယ်ရဲ့ ဖူစန်းသစ်ပင်ဆီကို ကျိန်းသေပေါက် အရင်ဆုံးလာမှာပါ။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ နတ်ရွှေကျီးကန်းနှစ်ကောင်ကို ခုခံနိုင်ဖို့ လုံလောက်တဲ့စွမ်းအားရှိနေဖို့ လိုအပ်ပါတယ်။

မှောင်မိုက်တဲ့လိုဏ်ဂူတစ်ခုအတွင်းမှာ ရွှမ်ချင်းကျွင်း၊ ဝတ်ရုံနက်၊ ဆံဖြူမိန်းမတစ်ဦးနဲ့ ကြောက်စရာကောင်းတဲ့ ဘုန်းကြီးတစ်ဦးဟာ အတူတကွ ထိုင်နေကြပါတယ်။

ဝတ်ရုံနက်က သွေးမိစ္ဆာဖြစ်ပြီး ဆံဖြူမိန်းမက ဆံဖြူမိစ္ဆာမ ဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ ဘုန်းကြီးကတော့ မိစ္ဆာဘုန်းကြီး ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတစ်ပါးက သေဆုံးသွားပြီမို့ ကျန်လေးပါးလုံး ခံစားချက်တွေ မကောင်းကြပါဘူး။

မိစ္ဆာဘုန်းကြီးက အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ကောင်းကင်အမတစံအိမ်က အဲဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားဘူး၊ ဂျိရှင်းရှန်က ပါရမီရှင်ဆိုတဲ့အဆင့်ကိုတောင် ကျော်တက်သွားပြီ၊ ငါတို့တွေ သူနဲ့ တစ်ယောက်ချင်းတိုက်မယ်ဆိုရင် သေပွဲဝင်ရမှာ မြေကြီးလက်ခတ်မလွှဲပဲ”

သွေးမိစ္ဆာဟာ ရွှမ်ချင်းကျွင်းကို ကြည့်ပြီး မေးလိုက်ပါတယ် “နတ်ဆိုးသခင်... ဂျိရှင်းရှန်ကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိလား”

ရွှမ်ချင်းကျွင်းက မျက်နှာသေနဲ့ ပြန်ဖြေပါတယ် “မရှိဘူး”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters