← Chapters

မိစ္ဆာကြိုဆိုပွဲ၊ လျှို့ဝှက်ဆန်းကြယ်စွမ်းအား

Vol. 9 Ch. 130

မိစ္ဆာကြိုဆိုပွဲ၊ လျှို့ဝှက်ဆန်းကြယ်စွမ်းအား

Vol. 9 Ch. 130

အခန်း (၁၃၀) မိစ္ဆာကြိုဆိုပွဲ၊ လျှို့ဝှက်ဆန်းကြယ်စွမ်းအား

“စီနီယာပြောတာကို ကျွန်တော် သဘောမတူဘူး၊ မော်တယ်လောကမှာ ကျွန်တော့်ထက် ကြိုးကြိုးစားစား ကျင့်ကြံတဲ့လူ တစ်ယောက်မှ မရှိဘူး”

ကျန်းကူရှင်းဟာ ဟန်ကျွယ်စကားကို မယုံတာကြောင့် ကောက်တွက်ချက်လိုက်တဲ့အခါမှာ မှင်သက်အံဩသွားရပါတယ် “မင်းက ကောင်းကင်ဘုံဝင်အဆင့်ကိုတောင် ရောက်သွားပြီလား၊ နှစ်ဘယ်လောက်ပဲ ရှိသေးတာလဲ...”

‘ဒီကောင်လေးက ဓားတာအိုမှာတင် ပြိုင်စံရှား အရည်အချင်း ရှိတာ မဟုတ်ဘူး၊ ကျင့်ကြံမှုစွမ်းရည်ကလည်း ကြောက်ဖို့ကောင်းလှချည်လား’ ကျန်းကူရှင်းဟာ ဟန်ကျွယ်အပေါ် အမြင်နည်းနည်း ပြောင်းသွားပါတယ်။

ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး ကျန်းကူရှင်းကို ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် ကျန်းကူရှင်းကို ကျော်တက်ပြီး ရှေ့ဆက်လျှောက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ဘယ်လောက်ထိဝေးဝေး ဆက်သွားနိုင်မလဲဆိုတာကို အရမ်းသိချင်နေပါတယ်။

ကျန်းကူရှင်းဟာ တစ်ဖက်လှည့်ပြီး ဟန်ကျွယ်နောက်ကျောကို ကြည့်လိုက်ပါတယ်။ အကြောင်းအရင်း တစ်ချို့ကြောင့် ဟန်ကျွယ်က အရင်နဲ့မတူတော့ဘူးလို့ ကျန်းကူရှင်း ခံစားလိုက်ရပါတယ် ‘သူ... မော်တယ်နဲ့ လုံးဝ မတူတော့ဘူး’

......

တိမ်မည်းတွေအောက်မှာ ပြိုကျနေတဲ့ မြို့ရိုးနဲ့ အပျက်အစီးတွေချည်ပါပဲ။ မြေပြင်ထက်မှာတော့ တာအိုသခင်ကျိုးတိဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို ကျင့်ကြံသူတွေကို ဦးဆောင်ပြီး သတိကြီးစွာနဲ့ ရှေ့ဆက်လျှောက်နေပါတယ်။ ဒီကျင့်ကြံသူတွေထဲမှာ လျူပုမီ၊ ကွမ်းယိုကုန်း၊ နတ်မိမယ်ရှီရွှမ်နဲ့ ရှင်းဟုန်ရွှမ်တို့လည်း အပါအဝင်ပါပဲ။

“ဒါက နတ်ဆိုးလမ်းစဉ်ရဲ့ ဧကရာဇ်မြို့တော်လား၊ တော်တော်လေး ပျက်စီးယိုယွင်းနေတာပဲ”

“မိစ္ဆာကျင့်ကြံသူတွေက ခဏခဏ ရူးသွပ်ပြီး မြို့ကိုဖျက်ဆီးလို့ မကောင်းဆိုးဝါးဧကရာဇ်က ဒီမြို့ကို မပြင်တော့တာ”

“ထူဆန်းတယ်၊ တစ်ခြားလက်ယာဂိုဏ်းတွေရော”

“ငါလည်း မင်းလိုပဲ ခံစားမိတယ်”

“လူတိုင်း သတိကြီးကြီးထားကြ၊ နတ်ဆိုးလမ်းစဉ်က လှည့်စားမှု အရမ်းကျွမ်းတယ်”

ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေက တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောဆိုကြပါတယ်။ သူတို့တွေရဲ့ လက်ထဲမှာတော့ ရတနာတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လုံးဝ မပေါ့ဆရဲပါဘူး။

ရှင်းဟုန်ရွှမ်ဟာ အပေါ်မော့ကြည့်လိုက်တဲ့အခါမှာ တိမ်မည်းတွေရဲ့အဆုံးမှာ သွေးလိုနီရဲနေတာကို တွေ့လိုက်ရပြီး ကြီးမားလှတဲ့မြို့တစ်မြို့ကို မသဲမကွဲ မြင်လိုက်ရပါတယ်။ ဒီမြင်ကွင်းကြောင့် ရှင်းဟုန်ရွှမ်ဟာ မသက်မသာ ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။

လျူပုမီဟာ တာအိုသခင်ကျိုးတိနား ကပ်သွားပြီး တီးတိုးပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... ထူးဆန်းတာကို သတိထားမိလား”

“ဘာထူးဆန်းတာလဲ”

“မိစ္ဆာကျင့်ကြံသူတွေ မကုန်နိုင်အောင် ထွက်ပေါ်လာတာလေ”

“ဘာဆိုင်လို့လဲ”

“ကျိုးကြောင်းသင့် စဉ်းစားမယ်ဆိုရင် လက်ယာကျင့်ကြံသူတွေထက် လက်ဝဲကျင့်ကြံသူတွေက ပိုမများသင့်ဘူး၊ ဒါပေမဲ့ ဒီနှစ်တွေမှာ အပြင်းအထန် တိုက်ခိုက်တာတောင် လက်ဝဲကျင့်ကြံသူတွေက နေရာတကာမှာ ရှိနေတုန်းပဲ၊ နောက်ပြီးတော့ လက်ယာလမ်းစဉ်က ကျင့်ကြံသူတွေကလည်း တဖြည်းဖြည်း နည်းလာတယ်”

တာအိုသခင်ကျိုးတိဟာ မျက်နှာပျက်သွားပါတယ် “မင်း ဆိုလိုချင်တာက...”

လျူပုမီရဲ့ မျက်နှာဟာ တည်ကြည်လေးနက်သွားပါတယ် “အခြေအနေတွေက ပိုပိုဆိုးလားတယ်၊ နတ်ဆိုးလမ်းစဉ်ရဲ့ အင်အားစုတစ်စုက လက်ယာကျင့်ကြံသူတွေကို နတ်ဆိုးလမ်းစဉ်ထဲ‌ကျအောင် လုပ်နေတယ်လို့ ကျွန်တော် သံသယရှိတယ်၊ ဒီကိုလာတဲ့လမ်းမှာလည်း ချီဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ လက်ဝဲကျင့်ကြံသူ အများကြီးနဲ့ ကျွန်တော်တို့ တိုက်ခိုက်ခဲ့ရတာ မဟုတ်လား”

တာအိုသခင်ကျိုးတိဟာ လျူပုမီရဲ့စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး မတည်ငြိမ်နိုင်တော့ပါဘူး။ တာအိုသခင်ကျိုးတိဟာ ပျက်စီးနေတဲ့မြို့ကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်တဲ့အခါ နေရာတကာမှာ အလောင်းတွေ တောင်လိုပုံနေတာကို တွေ့လိုက်ရပါတယ်။ ရုတ်တရက်ဆိုသလို တာအိုသခင်ကျိုးတိဟာ စောင့်ကြည့်ခံနေရတယ်လို့ ခံစားလိုက်ရပါတယ်။

“ကျွန်တော်တို့တွေ ပြန်ဆုတ်ကြမလား၊ နတ်ဆိုးလမ်းစဉ်ရဲ့ ဧကရာဇ်မြို့တော်ထဲအထိ လက်ဝဲကျင့်ကြံသူတွေကို လိုက်သတ်စရာ မလိုပါဘူး”

ယွီဂျင်ဂိုဏ်းတော်ကြီးဟာ ရန်ဒေသမှာ နံပါတစ်ဆိုပေမဲ့ လောကတစ်ခုလုံးမှာတော့ တတိယတန်းစား ဂိုဏ်းတစ်ခုမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ယာ-လက်ဝဲ မဟာစစ်ပွဲရဲ့ တိုက်ပွဲဒီရေကို ပြောင်းလဲနိုင်တဲ့ အင်အား မရှိပါဘူး။

တာအိုသခင်ကျိုးတိဟာ ရပ်တန့်လိုက်ပြီး နောက်လှည့်လိုက်ပါတယ် “လူတိုင်း ငါနဲ့အတူ ဆုတ်ခွာကြမယ်” တာအိုသခင်ကျိုးတိဟာ ပြောပြောဆိုဆို လာလမ်းအတိုင်း ပြန်လှည့်ပါတယ်။

“ဝုန်း...”

တိမ်မည်းတွေပေါ်ကနေ လူတစ်ယောက် ကျလာပြီး ပျက်စီးနေတဲ့လမ်းကို အရှိန်နဲ့ ဝင်တိုက်တာကြောင့် ဖုန်တထောင်းထောင်း ထသွားပြီး မြေကြီးတုန်သွားပါတယ်။ ဖုန်တွေကင်းရှင်းသွားတဲ့အခါမှာတော့ သန်မာထွားကြိုင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရပါတယ်။

ဒီပုဂ္ဂိုလ်ကတော့ မိစ္ဆာဘုန်းကြီးပဲ ဖြစ်ပါတယ်။

မိစ္ဆာဘုန်းကြီးကို မြင်လိုက်ရတာနဲ့ တာအိုသခင်ကျိုးတိနဲ့ တစ်ခြားကျင့်ကြံသူတွေဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ မိစ္ဆာဘုန်းကြီးက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို တာအိုသခင်ကျိုးတိတို့ ပြောနိုင်ပါတယ်။ မိစ္ဆာဘုန်းကြီးဟာ ဖြည်ညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ညာလက်ကို ရင်ဘက်ရှေ့မှာထားကာ ပြောလိုက်ပါတယ် “အော်မီတော်ဖော... ဘယ်ကိုသွားကြမလို့လဲ၊ ဒီကို ရောက်လာမှတော့ နတ်ဆိုးလမ်းစဉ်ကို အတူတူ‌ လျှောက်ကြတာပေါ့”

.....

ဟန်ကျွယ်ရဲ့ သတိတရား ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာတဲ့အခါ စိတ်ဝိညာဉ်ချီ ထိုးတက်သွားပြီး ကျင့်ကြံမှုလည်း စတိုးတက်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ မဟာညီညွှတ်မှုအပြင်ကို နောက်ထပ် ခြေလှမ်းနှစ်ဆယ် လှမ်းနိုင်ခဲ့ပါတယ်။

မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းဟာ နောက်တစ်ဆင့်ကို ဆင့်ကဲတိုးတက်သွားပါပြီ။

ဟန်ကျွယ်ရဲ့ သုံးသပ်မှုအောက်မှာ ကမ္ဘာဖောက်စွမ်းအားက တိုးတက်သွားတာဖြစ်ပြီး ဓားချီက အာကာသကိုဖြတ်လို့ အဝေးကြီးကို ပစ်ခွင်းနိုင်မှာပါ။ ဒီဟာက ပေါ်တယ်နဲ့ အလားသဏ္ဌာန် ဆင်တူပါတယ်။ ဟန်ကျွယ်ဟာ တစ်ခြားသူကို နတ်အာရုံနဲ့ ဖမ်းမိတာနဲ့ အဲဒီလူကို အဝေးကြီးကနေ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ဒီရလဒ်ကို တော်တော်လေး ကျေနပ်သွားပါတယ်။

နီးနီးဝေးဝေး မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းရဲ့ စွမ်းအားက ဖျက်အားပြင်းတာကြောင့် ဒီဆန်းကြယ်စွမ်းအားကို ခုခံနိုင်တဲ့လူက မော်တယ်လောကမှာ သိပ်မရှိဘူးလို့ ဟန်ကျွယ် ယုံကြည်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ဂျိနန်ဟယ်၊ ပြဒါးငှက်နဲ့ တာအိုသခင်ကျွယ်ရန်တို့ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပိုပိုပြီး စွမ်းအားကြီးလာပေမဲ့ ကျိန်စာတိုက်တာကိုတော့ လုံးဝမဖျက်ပါဘူး။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ တာအိုသခင်ကျိုးတိသည် လက်ဝဲကျင့်ကြံသူတစ်ဦး ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ နတ်မိမယ်ရှီရွှမ်သည် လက်ဝဲကျင့်ကြံသူတစ်ဦး ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် လက်ဝဲကျင့်ကြံသူတစ်ဦး ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် စုချီသည် ချီဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းမှ လွတ်မြောက်သွားပြီး နတ်စွမ်းအားကလည်း အကုန်နိုးထသွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]

[သင့်မြေးတပည့် ဖန်းလျန်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၆၇၉

[သင့်မြေးတပည့် ဖန်းလျန်သည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာ နတ်သားရဲတစ်ကောင်၏ ကယ်တင်စောင်မခြင်းကို ခံရပြီး မိုးကောင်းကင် ကောင်းချီးနယ်မြေသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ မော့ဖူချိုသည် သင့်မိတ်ဆွေ မော့ကျူ၏ ကယ်တင်မှုကြောင့် ချိပ်ပိတ်ခြင်းမှ လွတ်မြောက်သွားသည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် လက်ဝဲကျင့်ကြံသူတစ်ဦး ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]

‘အဖမ်းခံရတဲ့လူ များလှချည်လား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကွမ်းယိုကုန်း၊ လျူပုမီနဲ့ တစ်ခြားလူတွေတောင် မလွတ်ပါလား... ဘာများ ဖြစ်သွားတာပါလိမ့်’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ရှင်းဟုန်ရွှမ်ရဲ့ ကောင်းကင်ရုပ်သေးရုပ်နဲ့ ဆက်သွယ်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ရှင်းဟုန်ရွှမ်နဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးက တစ်ခြားကျင့်ကြံသူတွေဟာ ခန်းမတစ်ခုထဲမှာ ချုပ်နှောင်ခံထားရပြီး စိတ်ဓာတ်ကျနေကြပါတယ်။

ဒီခန်းမဟာ အလွန်တရာ ကျယ်ဝန်းပြီး ကျင့်ကြံသူတစ်သောင်းလောက် ရှိပါတယ်။ ဒီထဲမှာ ဟွမ်ဂျိဟောင်ကိုလည်း ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ ဟွမ်ဂျိဟောင်ဟာ ထောင့်တစ်ထောင့်မှာ ထိုင်နေပြီး ဆံပင်တွေကလည်း ရှုပ်ပွကာ တော်တော်လေး သနားဖို့ကောင်းတဲ့ အခြေအနေကို ဆိုက်ရောက်နေပါတယ် ‘ဘာတွေ ဖြစ်သွားတာလဲ’

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ကောင်းကင်ရုပ်သေးရုပ်ကနေတစ်ဆင့် အသံလွှင့်ပြီး မေးလိုက်ပါတယ် “ဘာတွေ ဖြစ်သွားတာလဲ၊ သိုလှောင်လက်စွပ်ထဲကို အသံလွှင့်လိုက်၊ ပါးစပ်ကနေ မပြောနဲ့”

ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် ကြားလိုက်ရတဲ့အသံကြောင့် ထိတ်လန့်သွားပေမဲ့ ဟန်ကျွယ်အသံမှန်း သိသွားတာကြောင့် ချက်ချင်းပဲ ငြိမ်ကျသွားပါတယ်။

“ကျွန်မတို့ကို မိစ္ဆာဘုန်းကြီးက ဖမ်းထားတာ...” ရှင်းဟုန်ရွှမ်က ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို သိုလှောင်လက်စွပ်ဆီ အသံလွှင့်ပြီး ပြောပြပါတယ်။

မကောင်းဆိုးဝါးငါးပါးထဲက တစ်ပါးဖြစ်တဲ့ မိစ္ဆာဘုန်းကြီးကို ရင်ဆိုင်ရတဲ့အခါမှာ ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေဟာ ဘာမှမလုပ်နိုင်ပါဘူး။ တာအိုသခင်ကျိုးတိနဲ့ လျူပုမီဟာ လက်သီးချက်တစ်ချက်တည်းနဲ့ မထနိုင်အောင် ဖြစ်သွားပါတယ်။ ဒါတောင် မိစ္ဆာဘုန်းကြီးက သတ်ဖြတ်လိုစိတ် မရှိလို့ပါ။ မဟုတ်ရင် တာအိုသခင်ကျိုးတိနှင့် လျူပုမီဟာ လက်သီးချက်တစ်ချက်တည်းနဲ့ သေဆုံးသွားမှာပါ။

“မကောင်းဆိုးဝါးလေးပါး လက်ယာကျင့်ကြံသူတွေကို ဖမ်းဆီးနေတာက မိစ္ဆာကြိုဆိုပွဲနဲ့ ဆက်စပ်ပုံရတယ်”

“မိစ္ဆာကြိုဆိုပွဲ”

“မကောင်းဆိုးဝါးဧကရာဇ်မှာ လျှို့ဝှက်ချက်ကြီးတစ်ချက် ရှိနေပုံပဲ၊ သူက မော်တယ်လောကကို ဆင့်ခေါ်ခြင်း ခံခဲ့ရတာ၊ အခုသူက မိစ္ဆာတွေကို ဆင့်ခေါ်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်”

“ဆိုလိုချင်တာက မင်းတို့က ယဇ်ကောင်တွေပေါ့”

“ဟုတ်တယ် ယောက်ျား၊ ဒီတစ်ခါတော့ ကျွန်မတို့ မျှော်လင့်ချက် မရှိတော့ဘူး၊ နောက်ဘဝကျမှပဲ လင်မယား ပြန်လုပ်ကြမယ်”

“ကောင်းကင်အမတစံအိမ်က ဘယ်မှာလဲ”

“ကျွန်မလည်း မသိဘူး”

ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ’ ဟန်ကျွယ်ဟာ လက်ယာလမ်းစဉ်က အသာစီးရနေတယ်လို့ ထင်ခဲ့တာပါ။ အခု ရှင်းဟုန်ရွှမ် ပြောပုံအရဆိုရင်တော့ လက်ဝဲလမ်းစဉ်က အသာစီးရနေပုံပါပဲ။

‘မိစ္ဆာကြိုဆိုပွဲက ဘာလုပ်ဖို့လဲ၊ သူတို့က ရှေးဟောင်း မိစ္ဆာမျိုးနွယ်စုကို ဆင့်ခေါ်မလို့လား’ ဟန်ကျွယ်ဟာ တွေးလေ ရင်ထိတ်လေ ဖြစ်လာပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို နှစ်သိမ့်ပေးလိုက်ပြီး အသံလွှင့်စကားပြောတာကို ဖြတ်တောက်လိုက်ပါတယ်။

ဒီအချိန်ကို ရောက်လာပြီဖြစ်တဲ့အတွက် ဟန်ကျွယ် မလှုပ်ရှားလို့ မရတော့ပါဘူး။ မိစ္ဆာမျိုးနွယ်စုသာ မော်တယ်လောကကို ရောက်လာရင် ပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်သွားမှာပါ။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှု အနှောင့်အယှက်ဖြစ်မှာကို လုံးဝမလိုချင်ပါဘူး။

ဟန်ကျွယ်ဟာ ညာလက်ကိုမြှောက်ပြီး လက်ခလယ်ထောင်ကာ ရေရွတ်လိုက်ပါတယ် “ဒီတစ်ခါတော့ မင်းတို့အလှည့်ပဲ”

ဝူတောကျန့်ဟာ ဟန်ကျွယ်လုပ်တဲ့အတိုင်း လက်ခလယ်ထောင်ပြီး မေးလိုက်ပါတယ် “သခင်... ဒါက ဘာကိုဆိုလိုတာလဲ၊ ဒီလက်ပုံစံက ဆန်းကြယ်စွမ်းအား ထုတ်တာလား”

“ဟုတ်တယ်၊ ဒါပေမဲ့ ဒီဆန်းကြယ်စွမ်းအားကို ငါ သေခါနီးမဟုတ်ရင် ထုတ်မသုံးဘူး”

“အဲဒါဆိုရင် ဘာအသုံးဝင်တော့မှာလဲ”

“အဲဒါက မင်းကို မသေခင် ပျော်ရွှင်ကျေနပ်စေလိမ့်မယ်”

“ဘာဆိုင်လို့လဲ”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်အမေးကို ပြန်မဖြေတော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်ကို ထွက်သွားပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters