← Chapters

မော်တယ်လောကရှိ မိစ္ဆာစစ်၊ မေ့လျော့ခြင်းတံတား

Vol. 9 Ch. 134

မော်တယ်လောကရှိ မိစ္ဆာစစ်၊ မေ့လျော့ခြင်းတံတား

Vol. 9 Ch. 134

အခန်း (၁၃၄) မော်တယ်လောကရှိ မိစ္ဆာစစ်၊ မေ့လျော့ခြင်းတံတား

ဂျိနန်ဟယ်ကို သတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်မြို့ကို အာရုံစိုက်ရင်းနဲ့ သူ့တပည့် မြေးတပည့်တွေရဲ့ မေးခွန်းကို ပြန်ဖြေပါတယ်။

ဂျိနန်ဟယ် သေသွားတာကြောင့် သွေးမိစ္ဆာနဲ့ မိစ္ဆာဘုန်းကြီးလည်း သေမတက်ကြောက်ပြီး ချက်ချင်း ထွက်ပြေးပါတယ်။ ဂျိနန်ဟယ်ရဲ့ စွမ်းအားက သွေးမိစ္ဆာ၊ မိစ္ဆာဘုန်းကြီးတို့နဲ့ သိပ်မကွာပါဘူး။ အခု ဂျိနန်ဟယ် ဘယ်လိုသေသွားလဲ ဆိုတာတောင် မမြင်နိုင်တာကြောင့် ဒီဓားချီပိုင်ရှင်က သူတို့ထက်စွမ်းအားကြီးမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။ ဒါကြောင့် သွေးမိစ္ဆာနဲ့ မိစ္ဆာဘုန်းကြီးဟာ ဒီနေရာမှာ တစ်စက္ကန့်တောင် ထပ်မနေရဲတော့ပါဘူး။

ကြားထဲက ခိုးသတ်တာ ခံလိုက်ရတာကြောင့် ဂျိရှင်းရှန်ဟာ ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။ ဂျိရှင်းရှန်ဟာ သူ့ဒေါသကို ဖြေဖျောက်ဖို့အတွက် လက်ဝဲကျင့်ကြံသူတွေကို စတင်သတ်ဖြတ်ပါတော့တယ်။

ဒီလိုနဲ့ မိစ္ဆာကြိုဆိုပွဲဟာ မစရသေးခင်မှာပဲ ပျက်စီးသွားပြီး လက်ယာကျင့်ကြံသူတွေအကုန်လုံး ကယ်တင်ခံလိုက်ရပါတယ်။

ဟန်ကျွယ်ရဲ့ ညွှန်ကြားမှုအောက်မှာ ရှင်းဟုန်ရွှမ်က ကောင်းကင်ရုပ်သေးရုပ်ကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်ပါတယ်။

လက်ယာကျင့်ကြံသူတွေရဲ့ ဩဘာပေးသံတွေက မိုးထိညံသွားပါတယ်။

“အို.. နတ်ဘုရား... ဘာတွေ ဖြစ်ကုန်တာလဲ”

“စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး လှုပ်ရှားလိုက်တာ၊ မကောင်းဆိုးဝါးဧကရာဇ်ကို တစ်ချက်တည်းနဲ့ အသေသတ်သွားတာပဲ”

“အဲဒါ ဂျိရှင်းရှန်လား”

“ကျိန်းသေပေါက် မဟုတ်ဘူး၊ ဂျိရှင်းရှန်တောင် ကြောက်လန့်သွားတာ မတွေ့ဘူးလား”

“အဲဒါဆို ဘယ်သူလဲ၊ မကောင်းဆိုးဝါးဧကရာဇ်က ကောင်းကင်ဘုံဝင် ကျင့်ကြံသူမလား၊ ကောင်းကင်ဘုံဝင် ကျင့်ကြံသူကို တစ်ချက်တည်း သတ်လိုက်တာဆိုတော့ အမတများလား”

“ဒါက လက်ယာလမ်းစဉ်ကို မိုးကောင်းကင်ရဲ့ ကောင်းချီးပေးမှုပဲ”

စုချီနဲ့ ပဋိပက္ခကောင်းကင်ခွေးလည်း ကြက်သေသေသွားပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အခုထိ ထိတ်လန့်မှု မပြေသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျိနန်ဟယ်ကို သတ်သွားတဲ့ဓားချီက သူတို့ခေါင်းပေါ်ကနေ ဖြတ်ကျော်သွားလို့ပါပဲ။

စုချီဟာ မကောင်းဆိုးဝါးဧကရာဇ် သေသွားတာကြောင့် အရမ်းစိတ်လှုပ်ရှားသွားပြီး လက်သီးဆုပ်လိုက်ပါတယ် “အဲဒါ ဆရာသခင်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်”

စုချီရဲ့စကားကြောင့် ပဋိပက္ခကောင်းကင်ခွေးဟာ မှင်သက်သွားပြီး အံအားသင့်တဲ့မျက်နှာနဲ့ မေးလိုက်ပါတယ် “ဆရာသခင်က မကောင်းဆိုးဝါးဧကရာဇ်ကို သတ်လိုက်တာလား”

စုချီက ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ဆရာသခင်ပဲ ဖြစ်ရမယ်၊ ဆရာသခင်က ငါ့ကို တိတ်တဆိတ် ကာကွယ်နိုင်တာ၊ မဟုတ်ရင် ငါ သေသွားတာ ကြာပြီ”

ပဋိပက္ခကောင်းကင်ခွေးဟာ စုချီစကားကြောင့် ထိုင်းမှိုင်းကျသွားပါတယ် ‘ဆရာသခင်က ငါ့ကိုကျ ဘာလို့ မကာကွယ်တာလဲ’

ပဋိပက္ခကောင်းကင်ခွေးဟာ စုချီစကားကို သိပ်မယုံပါဘူး “မြန်မြန်လုပ်... ရန်ဒေသကို ပြန်သွားရအောင်”

ဂျိရှင်းရှန်က လက်ဝဲကျင့်ကြံသူတွေကို သတ်ဖြတ်ရင်း အလုပ်ရှုပ်နေတာကြောင့် ဒီအချိန်က အခွင့်အရေးကောင်းပဲလို့ စုချီတွေးလိုက်ပါတယ်။ စုချီဟာ ဘာမှထပ်မပြောတော့ဘဲ အဲဒီနေရာကနေ ချက်ချင်းလှည့်ထွက်လိုက်ပါတယ်။

ပဋိပက္ခကောင်းကင်ခွေးလည် စုချီနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ ဂျိရှင်းရှန်ရဲ့ စီးတော်ယာဉ် မဖြစ်ချင်ပါဘူး။

တစ်ခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကနေတစ်ဆင့် တိုက်ပွဲကို ကြည့်ရှုပြီး ယွီဂျင်ဂိုဏ်းတော်ကြီး ဘာမှမဖြစ်အောင် စောင့်ရှောက်ပါတယ်။

မကောင်းဆိုးဝါးဧကရာဇ် သေဆုံးသွားတာက လက်ဝဲကျင့်ကြံသူတွေကို တော်တော်လေး ထိခိုက်သွားစေပါတယ်။ ဒါကြောင့် လက်ဝဲကျင့်ကြံသူတွေဟာ ယဇ်ပလ္လင်ပေါ်က လက်ယာကျင့်ကြံသူတွေကို ဂရုမစိုက်တော့ဘဲ ထွက်ပြေးပါတယ်။ ဒါပေမဲ့ ဂျိရှင်းရှန်ကတော့ နောက်ကနေ လိုက်သတ်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်သွားပြီး ခုတင်ပေါ်မှာ ထိုင်လိုက်ပါတယ်။ လက်ယာလမ်းစဉ် အနိုင်ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ပြဒါးငှက်နဲ့ တာအိုသခင်ကျွယ်ရန်ကို ကျိန်စာတိုက်ပါတယ်။ တစ်ယောက်ကို လဝက်ဆီ ကျိန်စာတိုက်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ်။

ကျိန်စာတိုက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြာက်သွယ်ကျင့်စဉ်ရဲ့ နဝမအဆင့်ကို ကျင့်ကြံအားထုတ်ပါတယ်။ မကောင်းဆိုးဝါးဧကရာဇ် သေဆုံးသွားပြီ ဖြစ်တာကြောင့် လောကကြီးက ငြိမ်းချမ်းသွားလောက်ပါပြီ။ ဒါကြောင့် ဟန်ကျွယ်လည်း စိတ်အေးလက်အေး ကျင့်ကြံအားထုတ်လို့ရပါပြီ။

ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကနေ တစ်ဆင့် ရှင်းဟုန်ရွှမ်တို့ကို ပြန်လာဖို့ ပြောလိုက်ပါတယ်။ ဒါကြောင့် တာအိုသခင်ကျိုးတိတို့က မကြာခင်မှာ ပြန်ရောက်လာတော့မှာပါ။

တစ်နှစ်အတွင်းမှာပဲ မကောင်းဆိုးဝါးဧကရာဇ် သေဆုံးသွားတဲ့သတင်းကို လောတတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ အမတ ဒဏ္ဍာရီတွေကလည်း မှိုပေါက်သလို ထွက်ပေါ်လာပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက မကောင်းဆိုးဝါးဧကရာဇ်ကို ဘယ်သူသတ်လို့ သတ်မှန်း မသိလို့ပါပဲ။

မကောင်းဆိုးဝါးဧကရာဇ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားချီကြောင့် တစ်ချက်တည်းနဲ့ သေဆုံးသွားတာပါ။ ဒီဖြစ်ရပ်က တော်တော်လေး ဒရမ်မာဆန်ပါတယ်။

အမတက ဘယ်သူလဲဆိုတာနဲ့ ဘယ်ဂိုဏ်းက လာလဲဆိုတာက လူပြောအများဆုံး အကြောင်းအရာတွေ ဖြစ်လာပါတယ်။ ပုံပြင်ပြောသူတွေကလည်း ဒဏ္ဍာရီမျိုးစုံကို တီထွင်ဖန်တီးပြီး လူကြားကောင်းအောင် ပြောပါ‌တော့တယ်။

မြူခိုးတွေထူထပ်ပြီး နက်မှောင်တဲ့ နေရာတစ်ခုမှာ ရွှမ်ချင်းကျွင်းတစ်ယောက် ဒူးထောက်နေပါတယ်။ ဒီအချိန်မှာပဲ အေးစက်တဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ် “ဂျိနန်ဟယ်က သေသွားပြီလား၊ သူ့ကို ဘယ်သူသတ်လိုက်လဲဆိုတာ နင်သိလား”

ရွှမ်ချင်းကျွင်းဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြန်ဖြေပါတယ် “အဲဒီအချိန်တုန်းက အဲဒီနေရာမှာရှိခဲ့တဲ့ ကောင်းကင်ဘုံဝင် ကျင့်ကြံသူနှစ်ယောက် ပြောတာတော့ တစ်ဖက်လူက လုံးဝကိုယ်ထင်မပြဘူးတဲ့၊ ကျွန်မအထင် အမတဖြစ်ဖို့များတယ်၊ အမတတွေ မော်တယ်လောကကို ဆင်းသက်တာက ပထမဆုံးအကြိမ်မှာ မဟုတ်တာ”

အေးစက်တဲ့အသံ ထွက်ပေါ်မလာတာကြောင့် တိတ်ဆိတ်ခြင်း ကြီးစိုးသွားပါတယ်။

အတန်ကြာတဲ့အခါမှာတော့ ရွှင်ချင်းကျွင်းက မေးလိုက်ပါတယ် “မိစ္ဆာမျိုးနွယ်စုရဲ့ မော်တယ်လောကထဲဝင်ဖို့ အစီအစဉ်က ဆက်လုပ်ရမှာလား၊ ဒီတစ်ခေါက် မိစ္ဆာကြိုဆိုပွဲက စထားပြီးမှ ပျက်သွားတာဆိုတော့ အမတဘုံက ဒီကိစ္စကို သိသွားလောက်ပြီ၊ ဒီအစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင်...”

“ဟမ်... ဆက်လုပ်၊ မိစ္ဆာသခင်ကို ဆက်လုပ်ခိုင်းလိုက်၊ မော်တယ်လောကမှာ မိစ္ဆာစစ်တွေ ရှိတယ်၊ ငါ မိစ္ဆာစစ်ကိုရှာဖို့ မိစ္ဆာသခင်ကို တာဝန်ပေးထားတယ်၊ နင့်အတွက်ကတော့ အထက်ဘုံကို အမြန်ဆုံး တက်လာခဲ့တော့”

“ဟုတ်ကဲ့ပါ” ရွှင်ချင်းကျွင်းဟာ ခေါင်းငုံ့ပြီး အဖြေပေးလိုက်ပေးမဲ့ သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ အငွေ့အသက်တစ်ခု ယှက်သမ်းသွားပါတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ နဝမအဆင့်ကို တတ်မြောက်သွားပါပြီ။ ဟန်ကျွယ် ဆန်းကြယ်စွမ်းအားအသစ်ကို မရရှိပေမဲ့ သူ့ကျင့်ကြံမှုအလျင်က တိုးတက်သွားပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဟာ နေလအနှစ်ကို စုပ်ယူနိုင်ရုံသာမက ငရဲပြည်ရဲ့ စိတ်ဝိညာဉ်ချီကိုတောင် စုပ်ယူနိုင်သွားပါပြီ။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင် ဒုတိယအဆင့်နဲ့ တော်တော်လေး ဝေးနေပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ငရဲပြည်ကို တစ်ချက်သွားကြည့်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ငရဲပြည်ကို ကိုယ်တိုင်မသွားရဲပါဘူး။ ဒါကြောင့် ကောင်းကင်ရုပ်သေးရုပ်ကို အရင်ဆုံးစေလွှတ်ပြီး အခြေအနေ စမ်းကြည့်မှာပါ။ ဟန်ကျွယ် ကောင်းကင်ဘုံဝင်အဆင့်ရဲ့ ထိပ်ဆုံးအဆင့်ကိုရောက်လို့ မဖြစ်မနေ အထက်ဘုံကို တက်ရမယ်ဆိုရင် ငရဲပြည်ကိုသွားပြီး ခိုလှုံမှာပါ။

လဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ် အသစ်ကို ဖန်တီးလို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ မန္တန်တစ်ပုဒ်ကို ရွတ်ဖတ်လိုက်တယ်ဆိုရင်ပဲ အနက်ရောင်ရောင်ဝါ ထွက်ပေါ်လာပြီး ခုတင်ရှေ့က မြေကြီးထဲကနေ ထူးဆန်းတဲ့ အမှတ်အသားတွေရှိတဲ့ ကျောက်တုံးတံခါးတစ်ခု ထွက်ပေါ်လာပါတယ်။

ပြန်လည်မွေးဖွားခြင်းတံခါး။

ဒီဟာက ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ အဋ္ဌမအဆင့် ဆန်းကြယ်စွမ်းအား ဖြစ်ပါတယ်။ ဒီဆန်းကြယ်စွမ်းအားက ငရဲပြည်ကိုသွားပြီး ဝိညာဉ်တွေကို စုပ်ယူ ပြီးရင် အဲဒီဝိညာဉ်တွေကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ လွှင့်ပစ်နိုင်ပါတယ်။

ဝူတောက်ကျန့်ရဲ့ လှပတဲ့မျက်လုံးတွေဟာ ပြူးကျယ်သွားပြီး ပြန်လည်မွေဖွားခြင်းတံခါးကို သိချင်စိတ်နဲ့ စိုက်ကြည့်နေပါတယ်။ ဝူတောက်ကျန့်ဟာ ဘာမှမပြောရဲတာကြောင့် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်ပြီး ပြန်လည်မွေးဖွားခြင်းတံခါးထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ရုပ်သေးရုပ်ကို အာရုံစိုက်လိုက်ပါတယ်။ ပြန်လည်မွေးဖွားခြင်းတံခါးထဲ ဝင်ပြီးတဲ့နောက် ကောင်းကင်ရုပ်သေးရုပ်ကို အနက်ရောင်မြူခိုးတွေ ဝန်းရံထားတာကြောင့် ပတ်ဝန်းကျင်ကို မမြင်တွေ့နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ဂရုတစိုက်နဲ့ ရှေ့ဆက်လျှောက်ပါတယ်။

ဒီဟာက ဟန်ကျွယ် ငရဲပြည်ကို ပထမဆုံးအကြိမ် စူးစမ်းရှာဖွေတာပါ။ ဒီနေရာမှာ နေရောင်ခြည် မရှိတာကြောင့် အလွန်တရာမှ မှောင်မည်းနေပါတယ်။ ရှေ့ဆက်လျှောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ခြေထောက်အောက်မှာ ရေစီးနေတာကို ခံစားလိုက်ရပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်ပြီး စူးစမ်းပေမဲ့ သူ့ဘေးနားမှာ ဘာမှမရှိတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ သူ့ခြေထောက်အောက်မှာ တကယ်ပဲ ရေတွေ ရှိနေတာပါ။ ဒီရေက အရမ်းထူးဆန်းပါတယ်။ ဟန်ကျွယ်ရဲ့ နတ်အာရုံက ဒီရေကို ထိလိုက်တဲ့အခါမှာ ချက်ချင်း လွင့်ပါးပျောက်ကွယ်သွားပါတယ်။

‘နတ်အာရုံကို ပျောက်ကွယ်စေနိုင်တဲ့ ရေလား’

‘မဟုတ်မှလွဲရော ဒီရေက ဒဏ္ဍာရီလာ ငရဲပြည်ရေလား’

တစ်ခဏကြာတဲ့အခါမှာတော့ ရှေ့နားမှာ အလင်းရောင် ပေါ်လာပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မြူခိုးတွေကြားထဲက ရေပေါ်မှာ တည်ရှိနေတဲ့ တံတားတစ်စင်းကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တံတားရဲ့ တစ်ခြားအဆုံးတစ်ဖက်ကို မမြင်နိုင်ပါဘူး။

တံတားအဆုံးမှာ အဘွားကြီးတစ်ယောက်က လေထဲကနေ ပေါ်လာပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ အဘွားကြီးလက်ထဲကနေ ပန်းကန်လုံးကို ယူလိုက်ပြီး တစ်ကျိုက်မော့သောက်လိုက်ပါတယ်။ အဲဒီနောက် တံတားပေါ်တက်ပြီး မြူခိုးတွေကြားထဲ ပျောက်ကွယ်သွားပါတယ်။

‘ဒါက မေ့လျော့ခြင်းတံတားလား... ဒီအဘွားကြီးက မုန့်ပေါ်လား’

ဟန်ကျွယ်ဟာ သိချင်သွားပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ တစ်ခုခုဖြစ်မှာ စိုးရိမ်တာကြောင့် တစ်ခြားဘက်ကိုသွားဖို့ ဦးတည်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားဖို့လာတာ မဟုတ်တာကြောင့် မေ့လျော့ခြင်းတံတားကို မဖြတ်ချင်ပါဘူး။ ဒီအပြင့် မုန့်ပေါ်က ငရဲပြည်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်မှာ ကျိန်းသေတာကြောင့် ဟန်ကျွယ်ဟာ မုန့်ပေါ်နဲ့ မရင်ဆိုင်ချင်ပါဘူး။

“သေခြင်းရှင်ခြင်း စက်ဝန်းကို ရောက်လာပြီးပြီပဲ၊ ဘာလို့ ပြန်သွားအုန်းမှာလဲ”

ရှေးကျလှတဲ့အသံဟာ ဟန်ကျွယ်နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအသံကိုကြားတာနဲ့ အမြန်လမ်းလျှောက်ပြီး မြူတွေကြားထဲ ပျောက်ကွယ်သွားပါတယ်။

မကြာခင်မှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခု ကျဆင်းလာတာကြောင့် ဟန်ကျွယ်ဟာ ရေထဲ ပြုတ်ကျသွားပါတယ်။ ဟန်ကျွယ်ဟာ ငရဲပြည်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ကောင်းကင်ရုပ်သေးရုပ်ကနေတစ်ဆင့် သူ့ဆီ လိုက်လာမှာကို စိုးရိမ်တာကြောင့် ကောင်းကင်ရုပ်သေးရုပ်ကို ချက်ချင်းပဲ ဖျက်ဆီးပစ်လိုက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး ပြန်လည်မွေးဖွားခြင်းတံခါးကို အမြန်ပြန်သိမ်းလိုက်ပါတယ်။ ဟန်ကျွယ် ကျောကုန်းမှာလည်း ဇောချွေးပျံသွားပါတယ်။

ခုနက ဟန်ကျွယ် ခံစားလိုက်ရတဲ့ ဖိအားက တော်တော်လေးကို ကြီးမားလွန်းပါတယ်။ ကောင်းကင်ရုပ်သေးရုပ်က ကောင်းကင်ဘုံဝင်အဆင့် ရှိတာတောင် ဖိအားနဲ့တင် ရေထဲ ပြုတ်ကျသွားရပါတယ်။

‘ငါ ငရဲပြည်ကို အမှတ်တမဲ့ ဝင်လို့ မဖြစ်ဘူး’ ဟန်ကျွယ်က တုန်လှုပ်စွာ တွေးလိုက်ပါတယ်။

‘ပြန်လည်မွေးဖွားခြင်းတံခါးက ငရဲပြည်ရဲ့ ကျပမ်းနေရာနဲ့ ဆက်သွယ်နေတာလား၊ ဒါမှမဟုတ် တိကျသေချာတဲ့ နေရာတစ်ခုနဲ့ ဆက်သွယ်နေတာလား’

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဒီတံခါးကို ထပ်ပြီး မစမ်းသပ်ရဲတော့ပါဘူး။ မတော်လို့ တစ်ခြားသူက ကောင်းကင်ရုပ်သေးရုပ်ကနေ သူ့ခန္ဓာကိုယ် အစစ်အမှန်ကို ရှာတွေ့သွားရင် ပြဿနာအကြီးအကြီး တက်မှာပါ။ ဒီကိစ္စက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ငရဲပြည်အတွက် မှားယွင်းမှုတစ်ခု ဖြစ်နေလို့ပါပဲ။

“သခင်... ဒါက ဘာကြီးလဲ” ဝူတောက်ကျန့်က မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ဝူတောက်ကျန့် အမေးကို ပြန်ဖြေဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် အပူချိန် တိုးသွားတာကို ခံစားလိုက်ရပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ အရမ်းပူလောင်လာပါတယ်။

‘နေပါအုန်း.... ဒီလောက်ပူလာတာ...’

‘မဟုတ်မှလွဲရော...’

ဟန်ကျွယ်ဟာ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားတာကြောင့် ခုတင်ပေါ်ကနေ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters