← Chapters

အခန်း ၁၁၉၅

Vol. 120 Ch. 1195

အခန်း ၁၁၉၅

Vol. 120 Ch. 1195

အခန်း (၁၁၉၅) အရှင်၊ အရှင်ရဲ့ အမိန့်တော်အရ ကျွန်တော် ရောက်လာပါပြီ

"သခင်ကို အစီရင်ခံပါတယ်၊ မိစ္ဆာနတ်ဆိုးသေဆုံးသွားပါပြီ"

"သခင်ကို အစီရင်ခံပါတယ်၊ အနောက်တောင်စီရင်စုရှင်းလင်းသွားပါပြီ" ရှန်းယီ၏စိတ်ထဲတွင် နတ်ဆိုးကျောက်တုံးများ၏အသံများ ပဲ့တင်ထပ်နေ၏။

တတိယအဆင့် ကျွမ်းကျင်သူများက အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှုကိုဆုံးဖြတ်ရန်အတွက် သော့ချက်ဖြစ်သော်လည်း ၎င်းအပြင် တောင်ပိုင်းဧကရာဇ်နှင့်အတူ ပြန်လည်ရောက်ရှိလာသော နတ်ဆိုးစစ်သူကြီးများကလည်း လောကကြီးကို ဖျက်ဆီးပစ်ရန်ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ကံမကောင်းစွာဖြင့် ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစစ်သူကြီးများ အုပ်စုက နတ်ဘုရားမင်းဆက်၏နယ်မြေအတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော နတ်ဆိုးကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် အကာအကွယ်လိုင်းတစ်ခု၏တားဆီးခြင်းကို ခံလိုက်ရ၏။

သူတို့ သေဆုံးသွားသည့် အခိုက်အတန့်အထိ သူတို့၏မျက်လုံးများက ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

ခမ်းနားကြီးကျယ်သော နတ်ဘုရားမင်းဆက်က သူတို့ထက်ပင်ပိုမိုများပြားသော နတ်ဆိုးတပ်ဖွဲ့တစ်ခုကို တိတ်ဆိတ်စွာမည်သို့ စုဆောင်းထားနိုင်မည်နည်း။

အချက်ပြမှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ စနစ်မျက်နှာပြင်ပေါ်ရှိ နတ်ဆိုးသက်တမ်းက မြင့်တက်လာ၏။

ထိုစဉ်က ချထားခဲ့သောအစီအစဉ်များက ဤညတွင်အများဆုံးသော ရိတ်သိမ်းမှုကို ရရှိခဲ့သည်။

[ကျန်ရှိသော နတ်ဆိုးသက်တမ်း- ကပ်ဘေး ငါးထောင်လေးရာ]

နတ်ဆိုးသက်တမ်း ကပ်ဘေးထောင်ချီရရှိခြင်းက တတိယအဆင့် နတ်ဆိုးအရှင်တစ်ပါးကို သတ်ဖြတ်ခြင်းလောက် မများပြားသော်လည်း ၎င်း၏နောက်ဆက်တွဲ ရလဒ်မှာ အလောင်းများ တောင်လို ပုံသွားခြင်းပင်။

ဘုန်းကြီးလေးကျစ်ခုန်းက တစ်ဝက်ပိတ်ထားသော တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး သူ၏စိတ်ကို တည်ငြိမ်အောင် မနည်းကြိုးစားနေသော်လည်း လည်ချောင်းခြောက်ကပ်ကာ တံတွေးကို အကြိမ်ကြိမ်မျိုချနေရဆဲပင်။

ယနေ့က အရာရှိရှန်း ထိုစဉ်က ပြောခဲ့သော အချိန်ပင်ဖြစ်၏။

သို့သော် တစ်ဖက်လူက အခန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေပြီး မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ အိပ်ချင်ယောင်ဆောင်နေသကဲ့သို့ ဖြစ်နေသည်။

ညဉ့်က ပိုမိုနက်ရှိုင်းလာပြီး ပတ်ဝန်းကျင်က ပိုမို တိတ်ဆိတ်လာ၏။ ဘုန်းကြီးလေးကျစ်ခုန်းက သူ၏ကိုယ်ပိုင် အသက်ရှူသံကိုသာ ကြားနေရပြီး မည်မျှပင် အသက်ရှုနေပါစေ အသက်ရှူမဝ‌ဖြစ်နေရော သူ့ကိုပါးစပ်ကိုဟထားရ၏။

ကျန်းယန်စီရင်စုမြို့တော်က ယခင်ကကဲ့သို့ပင် ငြိမ်းချမ်းပြီး သဟဇာတဖြစ်နေဆဲ ဖြစ်၏။

သို့သော် အရာရှိရှန်းက မိမိကိုယ်တိုင်ပေါ့ပေါ့ပါးပါး နေပြီးလုပ်ဖော်ကိုင်ဖက်များအပေါ် ဖိအားပေးမည့်သူမျိုးဟု ဘုန်းကြီးလေးကျစ်ခုန်းက လုံးဝ မယုံကြည်ပေ။

သူ ကျန်းယန်တွင်ဆက်နေခြင်းက ယနေ့ည သေချာပေါက်အရေးကြီးသော အရာတစ်ခု ဖြစ်လာမည်ဟု ဆိုလို၏။

ညက တစ်ဝက် ကုန်လွန်သွားပြီဖြစ်သည်။

နောက်ဆုံးတွင် ထိုအချက်ပြမှုက ရှန်းယီ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။

[တတိယအဆင့် ထျန်းဟွမ်ယန်ဝူကို သတ်ဖြတ်ပြီးပြီ၊ စုစုပေါင်းသက်တမ်း ကပ်ဘေး တစ်သောင်း၊ ကျန်ရှိသောသက်တမ်း ကပ်ဘေး ရှစ်ထောင် ကိုးရာ၊စုပ်ယူပြီး]

[ကျန်ရှိသော နတ်ဆိုးသက်တမ်း- ကပ်ဘေး တစ်သောင်းလေးထောင်သုံးရာ]

သူကညင်သာစွာ အသက်ရှူထုတ်လိုက်ရာ သူ သံသယရှိထားသည့်အတိုင်း အတိအကျဖြစ်နေကြောင်း တွေ့လိုက်ရ၏။

တောင်ပိုင်းဧကရာဇ်၏သတိထားတတ်သော အစီအစဉ်များအရ သူလျှိုများအဖြစ် နတ်ဆိုးကျောက်တုံးများကို စေလွှတ်ထားသော်လည်း ရှန်းယီက အသေးစိတ်အချက်အလက်များကို သိရှိရန် လောင်းကစားထပ်ခြင်းကိုသာ အားကိုးနိုင်ခဲ့သည်။

ယခုအချိန်အထိ လောင်းကစားထပ်ခြင်း၏ တစ်ဝက်က မှန်ကန်နေပုံရ၏။

စုန်းဖုန်းစီရင်စုအဖြစ်အပျက်ပြီးနောက် တောင်ပိုင်းဧကရာဇ်က သူ၏အင်အားစုများကို တစ်နေရာတည်းတွင် နောက်တစ်ကြိမ် စုစည်းထားမည် မဟုတ်ပေ။

ဆက်လက်၍ လောင်းကစား၏နောက်တစ်ဝက်က အလုပ်ဖြစ်မဖြစ် ကြည့်ကြမည်။

နတ်ဆိုးအရှင်သုံးပါးသာ စုန်းဖုန်းစီရင်စုသို့ သွားခဲ့ပြီး သူတို့အားလုံးက အသာမန်ဆန်ဆုံး သုံးနှင့်သုံး အသွင်ပြောင်းလဲခြင်းအဆင့်တွင်သာ ရှိနေကြ၏။

မြေရိုင်းနယ်မြေများမှ ပြန်လည်ရောက်ရှိလာသော အင်အားစုသုံးခုကဲ့သို့သော စစ်မှန်သော အားကောင်းသူများက လုံးဝ ထွက်မလာသေးပေ။

ရှန်းယီက မိမိကိုယ်ကိုယ် တောင်ပိုင်းဧကရာဇ်အဖြစ်မှတ်ယူကာ အဓိက အင်အားစုများကို မည်သည့်နေရာတွင် ထားရှိမည်ကို စဉ်းစားကြည့်လိုက်၏။

သူတို့ ပထမဆုံးပြန်ရောက်လာချိန်က နတ်ဘုရားမင်းဆက်ကို စုံစမ်းရန် နတ်ဆိုးအမြောက်အမြားကို စေလွှတ်ခဲ့ပြီး နတ်ဆိုးမျိုးနွယ်၏အမြင်တွင် အနောက်ဘက်ရှိ စီရင်စုကိုးခုက အလျှို့ဝှက်ဆန်းကြယ်ဆုံးနေရာ ဖြစ်ပေမည်။

အဘယ်ကြောင့်ဆိုသော် သက်ရှိတစ်ယောက်မျှ အသက်ရှင်လျက် ပြန်မလာခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ရှန်းယီက ကျန်းယန်စီရင်စုတွင် ဆက်နေရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူက မျက်လုံးများကို မဖွင့်ဘဲ နတ်ဆိုးသက်တမ်းကို ဝိညာဉ်စွမ်းအားအကာအကွယ်ကျမ်းစာအတွင်းသို့ တိုက်ရိုက်ထည့်သွင်းလိုက်ပြီး ရွှေရောင်ချည်မျှင်များကို စတင်ထုတ်ယူကာ မပြီးဆုံးသေးသောအသွင်ပြောင်းလဲခြင်းကို ယက်လုပ်လိုက်၏။

အဆင့် ငါးဆယ့်ခုနစ်သို့ ရောက်ရှိနေပြီဖြစ်သော ဗောဓိသတ္တအသီးအပွင့်က ယခု နောက်တစ်ကြိမ် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာသည်။

ရက်ပေါင်းများစွာ သရုပ်ဖော်တွေးတောဆင်ခြင်ပြီးနောက်..

ရှန်းယီ၏လှုပ်ရှားမှုများက တဖြည်းဖြည်း ပိုမို ကျွမ်းကျင်လာပြီး တစ်ဝက်သာပြီးစီးသေးသော ရွှမ်းဝူက အပြည့်အဝဖြစ်လာကာ ဗောဓိသတ္တ ဓမ္မကိုယ်ထည်၏နောက်ဆုံး လက်ဖဝါးအတွင်း ငိုကြွေးနေသောကျူးချွဲ က ရုတ်တရက် အတောင်ပံများကိုဖြန့်လိုက်၏။

ယခုအခါ ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းအဆင့်သို့ အလွန် နီးကပ်နေပြီဖြစ်သည်။

ရှန်းယီက ရှင်းပြ၍မရနိုင်အောင် တည်ငြိမ်သွား၏။ ဤသည်က သူကိုယ်တိုင် သရုပ်ဖော်ကောက်ချက်ချခဲ့သော လမ်းကြောင်းတစ်ခု ဖြစ်သည်။

အကယ်၍ သူက မိမိကိုယ်ကိုယ်မယုံကြည်ပါက အသွင်ပြောင်းလဲခြင်းကို မည်သို့ပြီးမြောက်အောင် လုပ်နိုင်မည်နည်း။

ကိုးခုမြောက် ရွှေရောင်ချည်မျှင်က ဓမ္မကိုယ်ထည်အတွင်းသို့ ပေါင်းစပ်သွားသည်နှင့်အမျှ ခြောက်နှင့်ခြောက် ဟူသော အရေအတွက် ပြည့်သွားပြီ ဖြစ်၏။

တင်ပျဉ်ခွေထိုင်နေသော ဗောဓိသတ္တအသီးအပွင့်က ၎င်း၏ကျောနောက်ရှိ လက်လေးဖက်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး စေးပျစ်သော ရွှေရောင်အလင်းတန်းများအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲနှစ်ကောင်လုံး အသွင်ပြောင်းသွားသည်။

ရွှမ်းဝူက လေးလံပုံရသော ရတနာခေါင်းလောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကျူးချွဲက မီးတောက်များထဲမှထွက်ပေါ်လာသော ဓားရှည်တစ်လက်အဖြစ်သို့ ပြောင်းလဲသွား၏။

မျက်တောင်တစ်ခတ်အတွင်း မြေ၊ ရေ၊ လေ၊ မီး တို့ ပြန်လည်ပေါင်းစည်းသွားကာ ဖိနှိပ်ခြင်းကိရိယာ လေးခုကိုဓမ္မကိုယ်ထည်၏လက်ဖဝါးများတွင် ကိုင်ဆောင်ထားပြီး ၎င်းတို့၏အရှိန်အဝါများက အချင်းချင်းဆက်သွယ်ကာ ပိုမိုသဟဇာတဖြစ်လာပြီးနောက်ဆုံးတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အလင်းဘီးတစ်ခုကို ရုတ်တရက်ဖန်တီးလိုက်ကာ ဓမ္မကိုယ်ထည်၏တစ်ဝက်ခန့်ကို လွှမ်းခြုံထားပြီး ၎င်း၏နောက်တွင် ခမ်းနားစွာ ဆိုင်းလန့်နေ၏။

ကောင်းကင်ကအဝိုင်းဖြစ်ပြီး မြေပြင်က လေးထောင့် ဖြစ်သည်။

အလင်းဘီးက ကောင်းကင်ဖြစ်ပြီး မြေပြင်က ဓမ္မကိုယ်ထည်၏ဒူးများပေါ်ရှိလက်ဖဝါးများဖြင့်ဆုပ်ကိုင်ထားသော မူလရင်းမြစ်ဖြစ်သည်။

ဤသို့ဖြင့် ကောင်းကင်နှင့် မြေပြင် ပြီးပြည့်စုံသွားပြီ ဖြစ်၏။

ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်း အဆင့်ကိုပြီးပြည့်စုံစွာ ကျော်ဖြတ်ကာ နတ်ဆိုးသက်တမ်း ကပ်ဘေးတစ်သောင်းလေးထောင်ကို အကုန်အစင် သုံးစွဲပြီးနောက်ကျန်ရှိနေသော ရွှေရောင်ချည်မျှင်များက ၎င်းအပေါ်ကပ်ငြိသွားပြီး မကြာမီ ရှန်းယီ၏ကျင့်ကြံခြင်းကို ကောင်းကင်တာအို မူလရင်းမြစ် ခုနစ်ဆယ့်တစ်မျှင်အထိ တွန်းပို့ပေးလိုက်၏။

...

နက်မှောင်သော ညဉ့်ယံတွင်..

ဝိုင်းနေသောလခြောက်စင်းက ကောင်းကင်ကန့်လန့်ကာတွင်လွင့်မျှော်နေသော တောက်ပသည့် မီးပုံးများအလား ကောင်းကင်တွင် ရုတ်တရက် ပေါ်ထွက်လာ၏။

မှုန်ဝါးဝါးပုံသဏ္ဌာန်များက တောင်တန်းများကို ဖြတ်ကျော်နေသော မြေနဂါးများအလား အတက်အကျဖြစ်နေပြီး တောင်များက စနစ်တကျ မြင့်တက်လာလိုက်ပြန်လည်ကျဆင်းသွားလိုက်ဖြစ်နေသည်။

စီရင်စုမြို့တော်နှင့် တဖြည်းဖြည်းပို၍နီးကပ်လာ၏။

လခြောက်စင်းက အချင်းချင်းရုတ်တရက်ကြည့်လိုက်ကြသည်။ "သခင်ယို၊ဘာလို့ ငါတို့ သုံးယောက်တည်းရှိနေတာလဲ၊ တောင်ပိုင်းဧကရာဇ်ရော ဘယ်မှာလဲ"

အဖြူရောင်အလင်းတန်းများ ကောင်းကင်မှ ထွက်ပေါ်လာသည်နှင့်အမျှ နောက်ဆုံးတွင် ဧရာမ ပုံရိပ် သုံးခု ပေါ်ထွက်လာ၏။

ထိုအထဲတွင်နှစ်ကောင်မှာ အစောပိုင်းက အစစ်အမှန်နတ်ဘုရားများထံမှ ရတနာခုနစ်ပါး ဗောဓိသတ္တနှင့် ဝူရှန်ဗောဓိသတ္တတို့ ကယ်တင်ခဲ့သော နတ်ဆိုးအရှင်များဖြစ်ကြသည်။

ဤအခိုက်အတန့်တွင် သူတို့၏အစစ်အမှန်အသွင်ကိုဖော်ပြထားရာ တစ်ကောင်မှာ မီးခိုးဖြူရောင် ခန္ဓာကိုယ်နှင့် လည်ပင်းပတ်လည်တွင် ခြင်္သေ့လည်ဆံမွေးများရှိသော နွားဖြူကြီးဖြစ်ပြီး ကွေးကောက်နေသောဦးချိုနှစ်ချောင်းက မျက်နှာချင်းဆိုင်နေသော မြင့်မားသည့်ကျောက်ကမ်းပါးများအလားထောင်မတ်ရပ်နေကာ ကောင်းကင်ခွင်းလှံရှည်ကို ကိုင်ဆောင်ထား၏။

အခြားတစ်ကောင်၏အစစ်အမှန်အသွင်က လူသားများနှင့်များစွာ ကွာဝေးပြီး ဧရာမစိမ်းပြာရောင် စပါးအုံးမြွေကြီးဖြစ်ကာ ၎င်း၏ခန္ဓာကိုယ် တစ်ဝက်က မတ်မတ်ထောင်နေပြီး အခြားနှစ်ကောင်ထက်များစွာ ပိုရှည်ပုံပေါက်နေသည်။

ထိုအခိုက်အတန့်တွင် ဤကြီးမြတ်သော နတ်ဆိုးအရှင်နှစ်ပါးစလုံးက အလယ်သို့လှမ်းကြည့်နေကြ၏။

All Chapters