← Chapters

အခန်း ၁၂၀၀

Vol. 120 Ch. 1200

အခန်း ၁၂၀၀

Vol. 120 Ch. 1200

အခန်း (၁၂၀၀) ရှန်းရွှီတောင်သို့ ပြန်သွားခြင်း ၂

နတ်ဆိုးအရှင် ခုနစ်ပါးနှင့်အတူ သူနှင့် တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်များက ဧကရာဇ်ချီကို အသုံးပြုပါက ထိုတောင်ပိုင်းဧကရာဇ်ကို မကျော်လွန်နိုင်လျှင်ပင် အနည်းဆုံးတော့ သူ့ကို နတ်ဘုရားမင်းဆက်၏အပြင်ဘက်တွင် ဟန့်တားထားရန် မျှော်လင့်ချက်ရှိပါသည်။

သို့သော် ၎င်းက မဟာလွတ်လပ်ခြင်းဗောဓိသတ္တ ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ခြင်း မရှိမှသာဖြစ်၏။

မည်သို့ဖြစ်စေ သူက မဟာတောင်ပိုင်းတိုက်ကြီးကို ထိန်းသိမ်းထားရန်ဆုံးဖြတ်ထားသည်။

ဤအတွေးဖြင့် ရှန်းယီက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏စိတ်က အနည်းငယ် လှုပ်ရှားသွားကာ နတ်ဆိုးသက်တမ်း ကပ်ဘေး ၆၂၀၀ က လျင်မြန်စွာပျောက်ကွယ်သွားပြီးနောက် နတ်ဆိုးကျောက်တုံးအတွင်းသို့ အသွေးအသားများ စီးဝင်သွားပြီး နတ်ဆိုးအရှင်လေးပါး၏ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များက နတ်ဆိတစ်သောင်းခန်းမအတွင်း တိတ်ဆိတ်စွာပေါ်လာသည်။

"ငါပြန်မလာမချင်း တောင်ပိုင်းတိုက်ကြီးကို သေချာ စောင့်ကြပ်နေကြ"

"သခင်ကို အစီရင်ခံပါတယ်၊ ကျွန်တော်တို့ နာခံပါ့မယ်"

...

မိုင်ပေါင်းသောင်းချီရှည်လျားသော ချောက်ကမ်းပါးကြီးတစ်ခုက ကမ္ဘာမြေကို ရက်စက်စွာ ပိုင်းခြားထား၏။

ဤမြင်ကွင်းက ကောင်းကင်ယံရှိ ပုံရိပ်အချို့၏မျက်လုံးများထဲသို့ ရောက်ရှိသွားသောအခါ သူတို့၏သူငယ်အိမ်များကျုံ့သွားပြီး လက်ချောင်းထိပ်လေးများပင် အနည်းငယ် တုန်ယင်သွားကြသည်။

ထိုလူငယ်လေး ကျန်းယန်စီရင်စုတွင် နေခဲ့ရခြင်း၏အကြောင်းရင်းမှာ ကြိုတင်သတင်းရရှိခဲ့သောကြောင့်ဖြစ်ကြောင်း သေချာသည်။

သူနှင့် အနီးကပ်ဆုံးဖြစ်သော ယဲ့လန်ပင်လျှင် ဘာကိုမှ မသိခဲ့ပေ။

ယခုကြည့်ရသည်မှာ ကျန်ရှိနေသော နတ်ဆိုးအရှင်များက အမှန်တကယ်ပင် ကျန်းယန်စီရင်စုသို့ လာရောက်ခဲ့ကြပြီး ဤအဘိုးကြီးများအုပ်စုကမူ စုန့်ဖုန်းစီရင်စုတွင် ညတစ်ရေးစာပြဇာတ်ကို အရူးများလို ရပ်ကြည့်နေခဲ့ကြခြင်းပင်။

"ငါတော်တော် အသုံးမကျတာပဲ" ယန်လန်ထင်က ရုတ်တရက် တိုးညှင်းစွာဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးများက သွေးကဲ့သို့ရဲနေ၏။

အရာအားလုံး အဆင်ပြေမည်ဟု သူ တစ်ချိန်က ကတိပေးခဲ့ပြီး ထိုလူငယ်လေးကို သူ၏လက်အောက်တွင် ရှိနေစေရန် လှည့်စားခဲ့သော်လည်း အမှန်တကယ်ပြဿနာများ ပေါ်ပေါက်လာချိန်တွင် နတ်ဆိုးဖိနှိပ်ရေးမျှော်စင်ဖြစ်စေ၊ ဗောဓိဂိုဏ်း၏ကျမ်းစာပို့ဆောင်မှုဖြစ်စေ၊ စုန့်ဖုန်းစီရင်စုကိုဝင်ရောက်တိုက်ခိုက်မှုဖြစ်စေ၊ ယနေ့ ကျန်းယန်စီရင်စု၏ကပ်ဘေးအထိဖြစ်စေ သူ မည်သည့်အချိန်ကများ ထိုနေရာတွင်ရှိနေခဲ့ဖူးသနည်း။

ထိုလူငယ်လေး တစ်ယောက်တည်း ဒဏ်ခံနေရတာချည်း မဟုတ်လော။

ရန်မင်လီ၏ခြောက်ကပ်နေသော နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း စကားတစ်ခွန်းမျှ ညှစ်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

ဖုန်းရှီက အဝေးမှတိတ်ဆိတ်စွာ ဆုတ်ခွာသွားသော ယဲ့လန်၏ပုံရိပ်ကို ကြည့်ရင်း အံကိုပြင်းထန်စွာ ကြိတ်လိုက်ပြီး ထိုနှစ်ဦးကို လှည့်၍ဒေါသတကြီး ကြည့်လိုက်၏။ "တကယ်လို့ တောင်ပိုင်းတိုက်ကြီးသာ ထိုးဖောက်ခံရရင် ရှင်တို့ ဒီမှာပိုကြာကြာနေလေ၊ ဒီမြို့ထဲက လူတွေရဲ့အသက်ကိုပိုပြီးမြှုပ်နှံခံရလေပဲ"

နန်ယန်၏လုံခြုံရေးအတွက် သူမကိုယ်တိုင် စိုးရိမ်ပူပန်နေသော်လည်း ဤကဲ့သို့သော အခြေအနေများအောက်တွင် ဝမ်းနည်းပူဆွေးရန် အချိန်မကျန်တော့ပေ

အုပ်စုက ထပ်မံလှုပ်ရှားလိုက်ပြီး ထိုစူးရှသော အက်ကွဲကြောင်းကြီးတစ်လျှောက် ရှေ့ဆက်သွားကြသည်။

သူတို့၏အမြင်အာရုံထဲတွင် လွင့်မျောနေသော ယဲ့လန်၏မှင်တက်နေသည့် ကျောပြင်ကိုမြင်လိုက်ရသည့် အချိန်အထိပင်။

ယန်လန်ထင်က အရှေ့သို့ လှမ်းကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ချောက်ကမ်းပါးကြီးက ကျန်းယန်စီရင်စုရှေ့တွင် မမြင်ရသော ဧရာမလက်ကြီးတစ်ခုဖြင့် ဖြတ်တောက်ခံလိုက်ရသကဲ့သို့မျှော်လင့်မထားဘဲ ရုတ်တရက် ရပ်တန့်နေကြောင်း တွေ့လိုက်ရသည်။

သူတို့၏အမြင်တွင် ခမ်းနားကြီးကျယ်သော စီရင်စုမြို့တော်က ရပ်တည်နေဆဲဖြစ်ပြီး အစက်အပြောက်များရှိသည့်မြို့ရိုးများက မြင့်မားစွာရှိနေကာ မည်သည့်ပျက်စီးယိုယွင်းခြင်း မရှိပေ။

"ဒါ..." ရန်မင်လီက နောက်ဆုံးတွင် စကားတစ်ခွန်း ထွက်သွားပြီး မယုံကြည်နိုင်စွာဖြင့် တစ်ဖက်တစ်ချက်စီသို့ လှမ်းကြည့်လိုက်သည်။

"မြို့ထဲကို အရင်ဝင်ကြစို့" ယန်လန်ထင်ကလည်း တစ်ခဏတာ မှင်တက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်က ထပ်မံ လှုပ်ရှားသွားကာမြို့ဆီသို့ ဦးတည်သွားသည်။

သူတို့ မဆင်းသက်မီမှာပင် သူတို့၏နားထဲတွင် မြို့သူမြို့သားများ၏သွက်လက်ပြီး ဆူညံသော အသံများဖြင့် ပြည့်နှက်နေပြီး စကားကြောင်းတိုင်းနီးပါးတွင် နန်ယန်စစ်သူကြီးဟူသော စကားလုံး ပါဝင်နေသည်။

"မြို့ကထိုးဖောက်မခံရဘူး၊ ကာကွယ်နိုင်ခဲ့တယ်" ဖုန်းရှီက မြင့်မားလှသောမြို့ရိုးများကို အံ့အားသင့်စွာဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။

ဆယ်ရက်နီးပါး ကုန်လွန်သွားခဲ့သော်လည်း ဤမြို့သူမြို့သားများက ထိုနေ့ကအဖြစ်အပျက်ကို မမောမပန်းဆွေးနွေးနေကြဆဲဖြစ်ပြီး သူမကဲ့သို့သောသူများ၏စိတ်ထဲတွင်ပင် လှုပ်ရှားနေသောမြင်ကွင်းတစ်ခုကို မြင်ယောင်သွားစေ၏။

တောင်ကြီးများကဲ့သို့ ခမ်းနားကြီးကျယ်သော မဟာနတ်ဆိုးကြီးသုံးကောင်က စီရင်စုမြို့တော် အပြင်ဘက်တွင် ရုတ်တရက်ဆင်းသက်လာခဲ့သည်။

အနက်ရောင်ပင်လယ်ပြင်ကျယ်တစ်ခုက ကောင်းကင်ကန့်လန့်ကာကို ဝါးမြိုသွားခဲ့သည်။

မြေပြင်များပြိုကွဲကာပျက်စီးတော့မည့်ဆဲဆဲတွင် အနက်ရောင်ဝတ်ဆင်ထားသော လူငယ်လေး တစ်ဦးကမြို့ရိုးထက်တွင် တိတ်ဆိတ်စွာရပ်နေပြီး တောက်ပသောအလင်းရောင်က အနက်ရောင်ပင်လယ်ကိုဆုတ်ဖြဲကာ ကောင်းကင်ကို လင်းထိန်သွားစေပြီး တိုင်းထွာ၍မရနိုင်လောက်အောင် မြင့်မားသောရွှေရောင်အရိပ်က နတ်ဘုရားနှင့် ဗုဒ္ဓလမ်းစဥ်မှော်လက်နက်များကို ကိုင်ဆောင်ကာ မိစ္ဆာနတ်ဆိုးများကို တစ်ကောင်ပြီးတစ်ကောင် နှိမ်နင်းခဲ့၏။

ကမ္ဘာမြေကိုတုန်လှုပ်စေသော အရှိန်အဝါရှိသည့် မဟာနတ်ဆိုးကြီးများက အနည်းငယ်မျှသောလှိုင်းဂယက်ကိုမျှမဖြစ်စေဘဲ နှိမ်နင်းခံရကာ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံလိုက်ရသည်။

ဤကဲ့သို့သော နတ်ဘုရားစွမ်းအားကို ကိုင်ဆောင်ခဲ့သူမှာ နတ်ဘုရားများ သို့မဟုတ် ဗုဒ္ဓမသေမျိုးအရှင်မဟုတ်သကဲ့သို့ မဟာဂိုဏ်းကြီးများမှ တပည့်များလည်း မဟုတ်ဘဲ နတ်ဘုရားမင်းဆက် ဧကရာဇ်က တောင်ပိုင်းတိုက်ကြီးအတွက် ခန့်အပ်ထားသော နန်ယန်ဟု အမည်ရသည့် စစ်သူကြီး ဖြစ်သည်။

"နတ်ဆိုးအရှင်သုံးပါးလုံးကို သူ တစ်ယောက်တည်း သတ်ခဲ့တာလား" ဖုန်းရှီက တံတွေးကို အနည်းငယ် မျိုချလိုက်၏။ မြို့သူမြို့သားများ၏စကားများတွင် ပုံကြီးချဲ့မှုအချို့ ရှိနိုင်သော်လည်း အမှန်တကယ်အချက်အလက်များက သံသယဖြစ်ဖွယ်မရှိ မှန်ကန်ကြောင်း သိထားသည်။

သူတို့ကို တားဆီးရုံသာမက လွယ်ကူစွာ လုပ်ဆောင်နိုင်ခဲ့သည်။ သို့မဟုတ်လျှင် မြို့ရိုးများက ပျက်စီးယိုယွင်းခြင်းမရှိဘဲ ကျန်ရှိနေမည် မဟုတ်ပေ။

"..."

ယန်လန်ထင်က အနည်းငယ်မျက်လွှာချလိုက်သည်။ ရှန်းယီက လက်တစ်ထောင်ဗောဓိသတ္တကို တစ်ခါက သတ်ဖြတ်ခဲ့ကြောင်း သူ သိထားပြီး ထိုလူငယ်လေး၏လက်ထဲတွင် ရှန်းရွှီဘိုးဘေးလည်း ကျဆုံးသွားခဲ့ကြောင်းကျစ်ခုန်းထံမှ ကြားသိခဲ့ရ၏။

သို့သော် ဤနှစ်ဦးစလုံးက ဗောဓိသတ္တမသေမျိုးအရှင်များဖြစ်သော်လည်း သုံးနှင့်သုံးအသွင်ပြောင်းလဲခြင်းကိုသာ ပြီးမြောက်ခဲ့ကြသူများ ဖြစ်သည်။

မြို့သူမြို့သားများပြောပြသော ကြောက်မက်ဖွယ်ကောင်းသည့် မျောက်ဝံမျက်နှာနှင့် အနက်ရောင်ပင်လယ်က မြေရိုင်းနယ်မြေသို့ ထွက်ပြေးခဲ့ကြသော မဟာနတ်ဆိုးကြီးသုံးကောင်အနက်မှ ငရဲပင်လယ်မျောက်ဝံဘုရင်ကို ရုတ်တရက် သတိရသွားစေသည်။

ဤတစ်ကောင်က ထွက်မပြေးမီကပင် ကြောက်မက်ဖွယ်ကောင်းသော ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းသို့ တက်လှမ်းခဲ့ပြီး ဖြစ်သည်။

"တကယ်တမ်း ဘာတွေဖြစ်ခဲ့လဲဆိုတာ တိုက်ရိုက် မေးကြည့်လိုက်တာပေါ့" ဤအခိုက်အတန့်တွင် ရန်မင်လီ၏မျက်နှာက တောက်ပနေပြီး သူ့ကိုဖုံးလွှမ်းထားသောအုံ့မှိုင်းမှုများပင် တိတ်ဆိတ်စွာပျောက်ကွယ်သွားသည်။

အစပိုင်းတွင် သူတို့က ဤလူငယ်လေးကို မဟာတောင်ပိုင်းတိုက်ကြီးအတွက် မျှော်လင့်ချက် ရောင်ခြည်အဖြစ်ရှုမြင်ကာ မဟာဂိုဏ်းကြီးများမှ ကောင်းကင်ပါရမီရှင်များကို ယှဉ်ပြိုင်ရန် နန်ယန်အားမြှင့်တင်ပေးရန်သာ စီစဉ်ခဲ့ကြသည်။

သို့သော် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အဓိက အဖြစ်အပျက်များအပြီးတွင် ၎င်းက ရောင်ခြည်မျှသာမဟုတ်ဘဲ တောက်ပနေသော နေမင်းကြီး ဖြစ်ကြောင်း သူတို့ရုတ်တရက် သဘောပေါက်သွားကြ၏။

သူတို့သုံးဦးက ရှန်းစံအိမ်ဆီသို့ အလျင်အမြန်သွားလိုက်ကြသည်။

ယဲ့လန်က စံအိမ်အတွင်း၌ရောက်နေပြီးဖြစ်သည်ကို တွေ့လိုက်ရပြီး သူမ၏ဘေးတွင် ဘုန်းကြီးလေးကျစ်ခုန်းက ရပ်နေ၏။

"ဒီဘုန်းကြီးလေးက သခင်ကြီးတို့ကို ဂါရဝပြုပါတယ်" မည်သူမျှ စကားမပြောမီ ကျစ်ခုန်းက ချက်ချင်း ပြောလိုက်သည်။

"နန်ယန်စစ်သူကြီးက ခင်ဗျားတို့ရောက်လာမယ်ဆိုတာကို ကြိုသိနေလို့ ဒီဘုန်းကြီးလေးကို ဒီမှာ စောင့်နေဖို့ စေလွှတ်လိုက်တာပါ။ ကျေးဇူးပြုပြီး စိတ်ချပါ၊နတ်ဆိုးကပ်ဘေးက လုံးဝ မပြေလည်သေးပေမယ့် လှုပ်ရှားဖို့အချိန်ယူအုံးမှာပါ"

"နန်ယန်စစ်သူကြီးနဲ့ပတ်သက်လို့တော့ သူ ဖြေရှင်းစရာအသေးအဖွဲကိစ္စလေးတွေ ရှိနေလို့ ခဏလောက်ထွက်သွားရပေမယ့် မကြာခင် ပြန်လာပါလိမ့်မယ်"

"ကျေးဇူးပြုပြီး ခင်ဗျားတို့အားလုံး တောင်ပိုင်းတိုက်ကြီးကို ဆက်လက်ပြီး ခိုင်ခိုင်မာမာ စောင့်ကြပ်ပေးပါ"

ရိုးရှင်းသော စကားလုံးအနည်းငယ်ဖြင့် တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်များ၏ နှလုံးသားထဲရှိ သံသယများက အတည်ပြုခံလိုက်ရ၏။

အဆင့်တူများဖြစ်ကြသော်လည်း ဤလူများက ကာကွယ်ရေးစစ်သူကြီးများဟူသော ဘွဲ့ကိုများစွာ ပိုကြာရှည်စွာ ကိုင်ဆောင်ထားခဲ့ကြသော်လည်း ဤအရာကအမိန့်တစ်ခုကဲ့သို့ဖြစ်နေကာ ရှန်းယီ၏စကားများရှေ့တွင် သခင်သုံးဦးထဲမှ မည်သူကမျှကန့်ကွက်သံ မထွက်ခဲ့ကြပေ။

All Chapters