← Chapters

အခန်း ၉၁၈

Vol. 66 Ch. 918

အခန်း ၉၁၈

Vol. 66 Ch. 918

အခန်း ၉၁၈ ကျင်းတူးခြင်း

"သူ... သူက ဟန်ဆောင်နေတာပဲ။ သူက ဟန်ဆောင်တာ အတော်လေး ထူးချွန်တာပဲ"

​နဂါးငွေ့တန်းအတွင်း စစ်သင်္ဘောကြီး ၁၃ စင်းသည် ဟိန်းဟောက်ကာ ရှေ့သို့ တိုးထွက်နေ၏။ အကြီးဆုံး စစ်သင်္ဘော အတွင်း၌မူ ထိပ်ပြောင်ကြိုးကြာမှာ အားကျမနာလိုသော အမူအရာဖြင့် မကျေမနပ် ရေရွတ်နေတော့သည်။

​"သောက်ကျိုးနည်းပဲဟေ့... အဲဒီလို ဟန်ဆောင်တဲ့အလုပ်မျိုးက ငါနဲ့ပဲ ထိုက်တန်တာပါကွာ"

​ထိပ်ပြောင်ကြိုးကြာက စိတ်ဓာတ်ကျနေသော်လည်း သူ့ဘေးမှ အသူရာနဂါးကမူ မျက်လုံးကိုသာ လှိမ့်လိုက်မိသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က မျက်ရည်လှိုင်း သတ္တဝါများ တိုက်ခိုက်စဉ်က အခန်းထဲမှပင် အပြင်မထွက်ရဲလောက်အောင် ကြောက်လန့်နေခဲ့သော ထိပ်ပြောင်ကြိုးကြာ၏ မာနကို သူ မထိခိုက်စေလိုပေ။

​"စဉ်းစားကြည့်ဦးလေ... ငါလို ချောမောခန့်ညားတဲ့ ထိပ်ပြောင်ကြိုးကြာက သွေးပင်လယ်ကြီးထဲမှာ ရပ်နေမယ်။ အတောင်ပံကို တစ်ချက်ခတ်လိုက်တာနဲ့ မျက်ရည်လှိုင်း သတ္တဝါ တစ်သိန်းလောက် ပျက်စီးသွားမယ်။ နောက်တစ်ချက် ခတ်လိုက်ရင် ကျန်တဲ့ကောင်တွေက ငါ့ကို ဦးညွှတ်ရိုသေကြလိမ့်မယ်။ တောက်... ဒီကောင် ဟန်ဆောင်တာ သိပ်တော်တာပဲ"

"​အခုကြည့်... သူ့ဘယ်ဘက်မှာ ကြောင်အမျိုးသမီး၊ ညာဘက်မှာ မိန်းကလေးတစ်ယောက်၊ နောက်ကနေ အဘိုးအိုကိုးဦး၊ ရှေ့မှာက ကြောက်ရွံ့ခြင်းကင်းတဲ့ စစ်သည်တော် ထောင်ပေါင်းများစွာ... " ထိပ်ပြောင်ကြိုးကြာသည် မနာလိုစွာ အံကြိတ်ရင်း မကျေမနပ် ဖြစ်နေ၏။

​"ငါသာဆိုရင် သူတို့ကို သလင်းကျောက်တွေ အကုန်ထုတ်ခိုင်းမှာ။ သူကတော့ ဘာမှတောင် မပြောဘူး။ ဒါဟာ... ဒါဟာ... သူက အလွန် ဖြုန်းတီးတာပဲ။ ရှက်ဖို့ကောင်းလိုက်တာ"

​"အဖြစ်သေးဘူး... ငါ သူ့ဆီသွားပြီး အလင်းပြမှ ဖြစ်မယ်။ အသူရာနဂါး၊ ငါ့ကို မတားနဲ့။ ငါသွားရမယ်" ထိပ်ပြောင်ကြိုးကြာ၏ မျက်လုံးများ နီရဲလာသည်။ သူသည် ဒေါသတကြီး အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သော်လည်း အနည်းငယ် လျှောက်လိုက်ပြီးနောက် မြေပြင်တွင် လှဲလျောင်းနေသော အသူရာနဂါးကို မြင်လိုက်ရသည်။

​"ငါ့ကို မတားနဲ့နော်"

​"ငါ မတားပါဘူး" အသူရာနဂါးက သက်ပြင်းချကာ အပြစ်မရှိဟန်ဖြင့် နောက်သို့ ချက်ချင်းဆုတ်ပေးလိုက်သည်။

​"အ... အေးလေ၊ မင်းပြောတာ မှန်ပါတယ်။ ငါ ဒီလောက်ထိ မတုံ့ပြန်သင့်ပါဘူး။ ငါ ဒီကိစ္စကို လွှတ်ပေးလိုက်တော့မယ်" ထိပ်ပြောင်ကြိုးကြာမှာ မျက်လုံးကို ကစားရင်း ချက်ချင်းပင် အလွန်ရက်ရောဟန်ဆောင်ကာ ထိုင်ချလိုက်သည်။

​"ငါ ဘာပြောလို့လဲ" အသူရာနဂါးမှာ ခဏတာ ကြောင်သွားပြီး ဦးခေါင်းကို ကုတ်လိုက်သည်။

​"ဟင်... မင်း ငါ့ကို မသွားစေချင်ဘူးလို့ ပြောလိုက်တာ မဟုတ်လား"

​"ဟမ်... ငါ မပြောပါဘူး"

​"မင်းပြောတယ်..."

​"တကယ် မပြောပါဘူးဆို..."

​အခန်းအတွင်းတွင် အသူရာနဂါးနှင့် ထိပ်ပြောင်ကြိုးကြာတို့၏ အခြေအတင် စကားများ ပေါ်ပေါက်လာတော့သည်။ သူတို့၏ အသံကို မည်သူမျှ မကြားနိုင်သော်လည်း စစ်သင်္ဘော ကြမ်းပြင်ပေါ်တွင် ထိုင်နေသော စုမင်ကမူ ထိပ်ပြောင်ကြိုးကြာနှင့် သူ၏ ဆက်သွယ်မှုကြောင့် အားလုံးကို ရှင်းလင်းစွာ ကြားနေရ၏။

​သူသည် ထိုသတ္တဝါနှစ်ကောင်ကို ဂရုမစိုက်ဘဲ ရင်ဘတ်အား လက်ဖြင့် တို့ထိလိုက်သည်။ အနက်ရောင် ကျောက်တုံးအပိုင်းအစ မရှိတော့သော်လည်း စုမင်သည် ထိုအရာကို သူ့လည်ပင်းတွင် ရှိနေဆဲဟု အလိုအလျောက် ထင်မှတ်မိနေဆဲပင်။

​လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်သည် စုမင် ခေါင်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။ မျက်ရည်လှိုင်း သတ္တဝါများ ထွက်ခွာသွားပြီး စုမင် သွေးပင်လယ်ကြီးထဲမှ ထွက်လာချိန်တွင် ပင်လယ်ကြီးသည် သူ့ခန္ဓာကိုယ်ဆီသို့ စီးဝင်လာပြီး နောက်ဆုံးတွင် ပတ်ဝန်းကျင်၌ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

​သို့သော် ထိုသွေးပင်လယ်ကြီး ပျောက်ကွယ်သွားခြင်း မဟုတ်ကြောင်း စုမင် သိရှိသည်။ ၎င်းတို့ကို အနက်ရောင် ကျောက်တုံးအပိုင်းအစက စုပ်ယူလိုက်ခြင်း ဖြစ်သည်။

​"အသက်ရှင်ခြင်းမျိုးစေ့ကို ဖျက်ဆီးခြင်း..."

​စုမင် မျက်လုံးများကို မှိတ်လိုက်သည်။ ကြာမြင့်စွာ စဉ်းစားပြီးနောက် မျက်လုံးကို ပြန်ဖွင့်ကာ ရင်ဘတ်ပေါ်ရှိ လက်ကို ချလိုက်သည်။ အသက်ရှင်ခြင်းမျိုးစေ့ကို ဖျက်ဆီးခြင်း၊ သူ၏ အိစန်းကိုယ်ပွား နှင့် ထိပ်ပြောင်ကြိုးကြာတို့၏ ဆက်စပ်မှုအား စုမင် အကြမ်းဖျင်း ခန့်မှန်းနိုင်သော်လည်း အလုံးစုံကိုမူ မသိရှိသေးပေ။

​သို့သော် ယခုအချိန်သည် အဖြေရှာရမည့် အချိန်မဟုတ်သေး။ သူသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်သို့ သွားပြီး လဲ့ရှန်းရှုကို ရှာဖွေရမည်။ အကယ်၍ သူသာ ရှာတွေ့ပါက ကောင်းသော်လည်း မတွေ့ရှိပါမူ စုမင်သည် နံနက်ခင်းတာအိုဂိုဏ်းနှင့်အတူ ဤအရပ်ဒေသမှ ထွက်ခွာရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

​သူသည် ဤနေရာမှ ထွက်ခွာကာ နံနက်ခင်းတာအိုလောကသို့ ပြန်သွားပြီးနောက် သူ့မွေးရပ်မြေသို့ ပြန်သွားလိုသည်။

​အမှန်စင်စစ် သူသည် ဆုံးဖြတ်ချက် တစ်ခု ချမှတ်ပြီးဖြစ်သည်။ နံနက်ခင်းတာအိုလောကသို့ ပြန်ရောက်ပါက သူသည် တိုက်ရိုက် တိုက်ခိုက်ခြင်းမျိုး မပြုတော့ဘဲ သွယ်ဝိုက်သော နည်းလမ်းဖြင့် သူတို့ကို နေရာယူမည် ဖြစ်သည်။

​'ငါ နံနက်ခင်းတာအိုဂိုဏ်းရဲ့ တာအိုမျိုးနွယ်စုထဲမှာ အားအကောင်းဆုံး ဖြစ်လာအောင် ကြိုးစားမယ်။ ပြီးရင် နံနက်ခင်းတာအိုလောက တစ်ခုလုံးကို ထိန်းချုပ်ပြီး ကမ္ဘာကပ်ဘေး အရှင်သခင် ဖြစ်လာမယ်။ ငါဟာ တာအိုချန် ဖြစ်လာမယ်။ အဲဒီအချိန်ကျရင် အင်မော်တယ်တွေပဲဖြစ်ဖြစ် ယင်မရဏ နယ်မြေက စွမ်းအားတွေပဲဖြစ်ဖြစ် ပြာမှုန်တွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ အဲဒီအခါမှသာ တိထျန်းက ငါ့ကို သတိမပြုမိဘဲ ငါ့ရဲ့ ရုပ်ခန္ဓာကို ပြန်ယူနိုင်လိမ့်မယ်' စုမင်၏ မျက်ဝန်းများတွင် တောက်ပသော အလင်းများ လင်းလက်လာပြီး နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။

​သူသည် ယခင်ကလို အသိပညာမဲ့သော ဆယ်ကျော်သက် မဟုတ်တော့ပေ။ သူသည် တွက်ချက်တတ်ပြီး အမြော်အမြင်ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။

​တိထျန်းပင်လျှင် ဤနည်းလမ်းကို စဉ်းစားနိုင်မည် မဟုတ်ပေ။

​စုမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သင်္ဘောပေါ်ရှိ ကျင့်ကြံသူ အားလုံးသည် သူ၏ လက်အောက်ခံများ ဖြစ်ကြသည်။ သူတို့သည် ယခင်က တာအိုခုန်းအား ရိုသေခဲ့သလို ယခုတွင်လည်း စုမင်သည် တာအိုခုန်း ဖြစ်နေသဖြင့် သူ့ကိုပင် ရိုသေနေကြသည်။

​ထို့ပြင် မျက်ရည်လှိုင်းသတ္တဝါများ ကိစ္စပြီးနောက် သူတို့၏ မျက်ဝန်းထဲတွင် သူ့အပေါ် ပိုမိုလေးစားသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်ကို စုမင် ခံစားမိသည်။ ဤလေးစားမှုသည် နံနက်ခင်းတာအိုဂိုဏ်းကြောင့် မဟုတ်ဘဲ စုမင်ကိုယ်တိုင်ကြောင့် ဖြစ်သည်။

​အဘိုးအိုကိုးဦး၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း သူတို့၏ မျက်ဝန်းထဲတွင် နုပျိုသူများ ကြီးပြင်းလာသည်ကို ကြည့်ရသည့် သက်ကြီးရွယ်အိုများ၏ ဝမ်းမြောက်ခြင်း အရိပ်အယောင်မျိုးအား စုမင် တွေ့ရှိလိုက်သည်။

​ကြောင်အမျိုးသမီးနှင့် ရွှီဟွေတို့သည်လည်း ပြောင်းလဲသွားကြသည်။ ရွှီဟွေသည် နဂါးငွေ့တန်းတွင် ပုန်းအောင်းမနေတော့ဘဲ စုမင်ကို အခွင့်အရေးရတိုင်း ငေးကြည့်လေ့ရှိသည်။ သူမ၏ မျက်ဝန်းများတွင် မရေမရာသော အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

​စုမင်သည် မျက်လုံးများကို ပိတ်ကာ ကျင့်ကြံခြင်း အခြေခံအား ဆန်းစစ်လိုက်သည်။ ယခုအခါ သူသည် ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ် အဆင့်တွင် ရှိနေပြီဖြစ်သည်။ ရုပ်ခန္ဓာကမူ ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်း အဆင့်နှင့် ညီမျှသည်။ နတ်ဘုရား အနှစ်သာရ စွမ်းအားကိုပါ ပေါင်းစပ်လိုက်ပါက ကမ္ဘာမြေပြင် နယ်ပယ် ပြည့်စုံခြင်းသို့ ရောက်ရှိနေသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

​အကယ်၍ အိစန်းကိုယ်ပွားနှင့် ပေါင်းစပ်လိုက်ပါက လကပ်ဘေး အဆင့်အထိ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။ သူသည် အိစန်းကိုယ်ပွားနှင့် ဆိုပါက ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များနှင့် မတိုက်နိုင်သော်လည်း နေကပ်ဘေး နယ်ပယ်မှ မိစ္ဆာအိုကြီးများနှင့်မူ ရင်ဆိုင် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

​စုမင်သည် မာန်မျိုးနွယ် နယ်မြေမှ ထွက်လာစဉ်က ဤမျှထိ စွမ်းအားများ ရရှိမည်ဟု မမျှော်လင့်ခဲ့ဖူးပေ။ ယခုတွင် ထိုအခွင့်အရေးကို သူ ဖမ်းဆုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် သိုလှောင်အိတ်ကို ထိလိုက်သည်။ အထဲတွင် ဆင်မင်းရှိရာ ငြိမ်းချမ်းသာယာခြင်းများ ဆိုက်ရောက်ခြင်း နတ်ဘုရား အနှစ်သာရ ရတနာနှင့် တာအိုရိပ်သာ တောင်တန်းကြီး ရှိသည်။ ထိုအရာများကို အသုံးချကာ ရန်သူများအား သတ်ဖြတ်နိုင်မည် ဖြစ်သည်။

​ပို၍ အရေးကြီးသည်မှာ သူ့တွင် ရှိသော အဆိပ်နကျယ်ကောင် ဖြစ်သည်။ ထိုအဆိပ် နကျယ်ကောင်တွင် ရှိသော နတ်ဘုရား အဆင့်တက် ဝတ်ရည်သည် စုမင်၏ ကျင့်ကြံခြင်းကို မရပ်မနား တိုးတက်စေမည့် အရင်းအမြစ် ဖြစ်သည်။ သူ ထိုအတွေးများ ဝင်လာသည်တွင် ခေါင်းငုံ့၍ လက်ညှိုးကို တစ်ချက် ကြည့်လိုက်သည်။

​သူ့လက်ညှိုးတွင် ပုံမှန်မဟုတ်သည့်အရာ မည်သည်မျှ မရှိပေ။ သို့ရာတွင် ထိုလက်ညှို့ထိပ်၌ နတ်ဘုရား အဆင့်တက် ဝတ်ရည်ရှိနေကြောင်း စုမင် သိသည်။ အဆုံးတွင် သူ ထိုနတ်ဘုရား အဆင့်တက် ဝတ်ရည်အား သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။

​ထို့နောက် စုမင်သည် တာအိုခုန်း၏ မှတ်ဉာဏ်များမှတစ်ဆင့် မြင့်မြတ်သော ကြယ်တာရာ ဝတ်ရုံကို အသုံးပြုနည်းအား သင်ယူလိုက်သည်။ ဤဝတ်ရုံသည် တာအိုမျိုးနွယ်စုများသာ ပိုင်ဆိုင်ခွင့်ရှိပြီး သူ၏ လက်အောက်ခံများ များပြားလေလေ ဝတ်ရုံ၏ စွမ်းအားမှာ ပိုမိုကြီးမားလေလေ ဖြစ်သည်။

​'ဒီဝတ်ရုံမှာ အဓိက လုပ်ဆောင်ချက် သုံးခုရှိတယ်။ ပထမတစ်ခုက ကာကွယ်ခြင်း၊ ဒုတိယက နတ်ဘုရား စွမ်းရည်များကို ပိတ်စို့ခြင်း၊ တတိယက ကြယ်တစ်စင်းအဖြစ် ပြောင်းလဲခြင်း... ' စုမင် စဉ်းစားမိသည်။ သို့သော် ယခု ဝတ်ရုံမှာ အဆင့် ၄ သာ ရှိသေးသဖြင့် အဆင့် ၉ အထိ ရောက်ရှိရန် လိုအပ်သေးသည်။

​'ဒါ့အပြင် တာအိုခုန်းရဲ့ မှတ်ဉာဏ်အရ တကယ်လို့ ဝတ်ရုံက အဆင့် ၉ အထိ ရောက်သွားရင် နောက်ထပ် လျှို့ဝှက်စွမ်းရည်တွေ ပေါ်လာဦးမှာ။ အရောင်တောင် ငွေရောင်ပြောင်းသွားလိမ့်မယ်။ သူ့မှတ်ဉာဏ်ထဲမှာ တာအိုမျိုးနွယ်စုရဲ့ ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေက ငွေရောင်ဝတ်ရုံတွေ ဝတ်ဆင်ထားကြတယ်။ သူနဲ့ ခေတ်ပြိုင်တွေထဲမှာတော့ သူ နဂါးငွေ့တန်းကနေ မထွက်ခွာခင်အထိ ဘယ်သူမှ ဝတ်ရုံကို ငွေရောင်ပြောင်းအောင် မလုပ်နိုင်ခဲ့ကြဘူး' စုမင်သည် သူ့မျက်ခုံးကြားကို ပွတ်သပ်ကာ မျက်လုံးမှိတ်လိုက်သည်။ သူသည် တိတ်ဆိတ်စွာကျင့်ကြံခြင်းနှင့် အသက်ရှုလေ့ကျင့်ခန်းအား လုပ်ဆောင်တော့သည်။

​အချိန်များ တဖြည်းဖြည်း ကုန်လွန်သွား၏။ စစ်သင်္ဘော ၁၃ စင်း၏ ခရီးစဉ်မှာ အတော်လေး ချောမွေ့သည်။ သူတို့သည် မျက်ရည်လှိုင်း သတ္တဝါများကဲ့သို့ သတ္တဝါမျိုးနှင့် နောက်ထပ် မတွေ့ရတော့ပေ။ တစ်ခါတစ်ရံ အုပ်စုလိုက် မဟုတ်သော သားရဲများ လမ်းကြုံတွေ့ရသော်လည်း ရှောင်လွှဲသွားကြသည် သို့မဟုတ် သတ်ဖြတ်ပစ်လိုက်ကြသည်။ သူတို့ ခရီးစဉ်မှာ ချောမွေ့သည်ဟု ဆိုနိုင်သည်။

​သုံးလခန့် ကုန်လွန်သွားပြီးနောက်...

​စုမင်တို့အဖွဲ့သည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အစွန်းသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာတွင် ဥက္ကာခဲများစွာ ပျံသန်းနေပြီး နယ်နိမိတ်တစ်ခုအဖြစ် တည်ရှိနေသည်။

​ထိုစဉ် စစ်သင်္ဘောကြီးများ ဥက္ကာခဲများထံ ချဉ်းကပ်သွားသောအခါ တူညီသော အသံတစ်သံကို ကြားလိုက်ရသည်။ ဥက္ကာခဲပေါ်တွင် လူတစ်ဦးသည် ကျင်းတစ်ကျင်း တူးနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ထိုလူ၏ ဘေးပတ်လည်တွင် ကျင်းကြီး ခုနစ်ကျင်းကို တူးထားပြီး ဖြစ်ပေသည်။

​

All Chapters