← Chapters

ကောင်းကင်ဘုံဝင် ဒုတိယအဆင့်၊ နံပါတ်တစ် ကျင့်ကြံသူ

Vol. 10 Ch. 136

ကောင်းကင်ဘုံဝင် ဒုတိယအဆင့်၊ နံပါတ်တစ် ကျင့်ကြံသူ

Vol. 10 Ch. 136

အခန်း (၁၃၆) ကောင်းကင်ဘုံဝင် ဒုတိယအဆင့်၊ နံပါတ်တစ် ကျင့်ကြံသူ

ရွှမ်ချင်းကျွင်းဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်သွားပြီး စားပွဲမှာ ထိုင်လိုက်ပါတယ်။ အဲဒီ‌နောက် ဟန်ကျွယ်ကို ပြုံးပြပြီး စကားစဆိုပါတယ် “ရှင်က ရွှေကျီးကန်းကိုတောင် ယဉ်ပါးအောင်လုပ်နိုင်တယ်ဆိုတော့ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပြီမလား”

ဟန်ကျွယ်ဟာ တစ်စုံတစ်ခု လိုအပ်နေတယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ စနစ်အရံအတားကို ချက်ချင်းပဲ အသက်သွင်းလိုက်ပြီး ဝီရိယတောင်တစ်ခုလုံးကို လွှမ်းခြုံလိုက်ပါတယ်။

ဟန်ကျွယ် စွမ်းအားပိုကြီးလာလေလေ စနစ်အရံအတားကလည်း ပိုအားကောင်းလာလေလေမို့ တောင်တစ်ခုလုံးကို လွှမ်းခြုံဖို့ မခက်ခဲလှပါဘူး။ ဒီစနစ်အရံအတားက အမတနတ်ဘုရားတွေဆီကနေ ပုန်းကွယ်နိုင်မလားဆိုတာကတော့ ဟန်ကျွယ် သေချာမသိပါဘူး။

“ဟုတ်တယ်” ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ကြောက်စရာမလိုတော့တဲ့အတွက် အမှန်အတိုင်းပဲ ဝန်ခံလိုက်ပါတယ်။ ဒါ့အပြင် ရွှမ်ချင်းကျွင်းက ဟန်ကျွယ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ တကယ်လို့ တိုက်ခိုက်ကြရင်တောင် ရွှမ်ချင်းကျွင်းက ဟန်ကျွယ်ကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

ရွှမ်ချင်းကျွင်းဟာ သက်ပြင်းချလိုက်ပါတယ် “ဂျိရှင်းရှန်က ကျင့်ကြံခြင်းလောကမှာ နံပါတ်တစ်ပါရမီရှင်ဆိုပြီး အရင်တုန်းက ကျွန်မ တွေးခဲ့မိတယ်၊ အခုကြည့်ရတာတော့ ကျွန်မအတွေး မှားသွားပြီ၊ နောက်ပြီး ကျွန်မကံတရားက တော်တော်ကောင်းတာပဲ၊ ရှင် စွမ်းအားကြီးမလာခင် ရှင်နဲ့ ဆုံတွေ့နိုင်ခဲ့တယ်၊ ကျွန်မရဲ့ ချစ်လှစွာသော တာအိုလက်တွဲဖော်... ရှင်က စွမ်းအားကြီးလာတော့ ကျွန်မကို မလိုချင်တော့ဘူးလား” ရွှမ်ချင်းကျွင်းက အပြုံးနဲ့ မေးလိုက်ပါတယ်။

အမှန်အတိုင်းပြောရရင် ရွှမ်ချင်းကျွင်းက ဝီရိယတောင်ကို ရောက်ရောက်ချင်း ကြက်သေသေသွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝီရိယတောင်က ရတနာတွေအပြည့်မို့လို့ပါ။

ရွှမ်ချင်းကျွင်းဟာ ဖူစန်းသစ်ပင်က သာမန်မဟုတ်တဲ့သစ်ပင်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနဲ့ သိလိုက်ပါတယ်။ ဒါ့အပြင် ဖူစန်းသစ်ပင်ပေါ်က ရွှေကျီးကန်းနှစ်ကောင်ပါ ထပ်ပေါင်းလိုက်ရင် ဒီရတနာတွေက မော်တယ်လောကမှာ ရှိနေသင့်တဲ့ ရတနာတွေ မဟုတ်ဘူးဆိုတာ သိသာထင်ရှားလှပါတယ်။

ဟန်ကျွယ်က ပြုံးပြီး ပြန်ဖြေပါတယ် “ဘာလို့မလိုချင်ရမှာလဲ၊ မင်းက ငါ့ကို အများကြီး ကူညီခဲ့တာပဲ”

ဟန်ကျွယ်နဲ့ ရွှမ်ချင်းကျွင်းဟာ တာအိုလက်တွဲဖော်တွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းယဉ်ကျေးကြပါတယ်။

ရွှမ်ချင်းကျွင်းဟာ ညာလက်ကိုမြှောက်လိုက်ပြီး သူ့မျက်နှာကို သုတ်လိုက်တဲ့အခါ သာမန်ရုပ်ရည် ပျောက်ကွယ်သွားပြီး ချောမောလှပတဲ့မျက်နှာတစ်ခု ထွက်ပေါ်လာပါတယ်။ ရွှမ်ချင်းကျွင်းရဲ့ ချောမောလှပလွန်းတဲ့ မျက်နှာကြောင့် ဟန်ကျွယ်ဟာ သတိကင်းလွတ်သွားပါတယ်။

စွမ်းအားကြီး နတ်ဆိုးသခင်က သာမန်ရုပ်ရည်မဟုတ်ပါဘူး။ မော်တယ်တွေတောင် ကြည့်ကောင်းမှတော့ ကျင့်ကြံသူတွေအတွက်က ဘယ်ပြောစရာရှိမလဲ။

“ကျွန်မ အထက်ဘုံ တက်တော့မယ်၊ ရှင် ကျွန်မနဲ့အတူ တက်မလား” ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။

ဟန်ကျွယ်က ခေါင်းခါလိုက်ပါတယ် “ငါ အထက်ဘုံတက်လို့ မရသေးဘူး”

“ဘာဖြစ်လို့လဲ၊ ရှင်က ကျွန်မနဲ့အတူ မသွားချင်လို့လား”

“ငါ့တွက်ချက်မှုအရ အထက်ဘုံမှာ ငါ့ရန်သူတွေ ရှိတယ်၊ သူတို့က ငါ့ကို လက်စားချေဖို့အတွက် ငါ အထက်ဘုံတက်တာကို စောင့်ဆိုင်းနေကြတာ၊ ဒါကြောင့် ငါ ဒီထက် စွမ်းအားပိုကြီးအောင် ကျင့်ကြံရအုန်းမယ်၊ အခုအချိန် ငါ မင်းနဲ့အတူ အထက်ဘုံတက်ရင် မင်းပါ ဒုက္ခရောက်လိမ့်မယ်”

ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်စကားကြောင့် မျက်မှောင်ကြုတ်သွားပြီး ဟန်ကျွယ်ကို သေသေချာချာ စိုက်ကြည့်လိုက်ပါတယ်။ ရွှမ်ချင်းကျွင်းဟာ သူ့ရှေ့က ဒီယောက်ျားက ဒီလောကမှာ အလျှို့ဝှက်ဆုံး အဆန်းကြယ်ဆုံးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ဘေးနားကို လျှောက်သွားပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ဒါဆိုရင် ကျွန်မ အထက်ဘုံကို မတက်ခင် ကျွန်မနဲ့အတူ နှစ်ဝက်လောက် အတူတူ ကျင့်ကြံကြမလား”

ဟန်ကျွယ်ဟာ ပထမဆုံး ငြင်းဆန်ဖို့ ကြံလိုက်ပေမဲ့ ရွှမ်ချင်းကျွင်းက သူ့အတွက် အများကြီး ကူညီခဲ့တာကို သတိရသွားပါတယ်။ ရွှမ်ချင်းကျွင်းက သူ့ကျင့်ကြံမှုအတွက် ရင်းမြစ်တွေ အများကြီး ထောက်ပံ့ပေးခဲ့တဲ့အပြင် ချောမောလှပတဲ့မျက်နှာ ရှိပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုနဲ့ နှစ်ဝက်တာကာလဟာ မျက်စိတ်တစ်မှိတ်အတွင်း ကုန်ဆုံးသွားပါတယ်။

ရွှမ်ချင်းကျွင်းဟာ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ကျင့်ကြံခြင်းလိုဏ်ဂူဝအထိ လိုက်ပို့ပါတယ်။ ဝူတောက်ကျန့်နဲ့ တစ်ခြားသူတွေကလည်း ရွှမ်ချင်းကျွင်းကို ဝိုင်းကြည့်ကြပါတယ်။

ရွှမ်ချင်းကျွင်း တစ်ချက် ရယ်မောလိုက်ပါတယ် “ခစ်... ကျွန်မတို့တွေ အမတဘုံမှာ ထပ်တွေ့ကြမယ်”

ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ်။

ရွှမ်ချင်းကျွင်းဟာ နတ်ဆိုးချီအသွင် ပြောင်းလဲသွားပြီး လွှင့်ပါးပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ မကျေနပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ဝက်မှာ သူတို့နှစ်ယောက် တကယ်ပဲ အတူတူ ကျင့်ကြံအားထုတ်ခဲ့ကြလို့ပါ။ ဟန်ကျွယ်ဟာ ပထမတုန်းက သူတို့နှစ်ယောက်ကြားမှာ ဟိုဒင်းဟိုဟာ ဖြစ်လိမ့်မယ်လို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ တာအိုအကြောင်း ဆွေးနွေးပြီး အတွေ့အကြုံတွေ မျှဝေတာပါ။

‘ဒါလေးပဲလား၊ ငါက မဟုတ်တာတွေ လျှောက်တွေးပြီး နှစ်ရာချီ ရင်ထိတ်နေခဲ့ရတာပါ’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြက်ရယ်ပြုလိုက်ပြီး နောင်တရသလိုခံစားလိုက်ရပါတယ် ‘မဟုတ်သေးဘူး၊ ငါက ဘာလို့ နောင်တရရမှာလဲ၊ ဒါ ကောင်းကင်တာအိုရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ ငါတာအိုနှလုံးသားကို မိန်းမတစ်ယောက်နဲ့ နှောင်ဖွဲ့ဖို့ ကြိုးစားနေတာပဲ’

“သခင်...သူက ဘယ်သူလဲ” ဝူတောက်ကျန့်က မေးလိုက်ပါတယ်။

ဖူစန်းသစ်ပင်ပေါ်က ငရဲကြက်နက်ဟာ ထူးဆန်းစွာ ရယ်မောလိုက်ပါတယ် “ပြောစရာလိုသေးလို့လား၊ သခင်ကို စားချင်တဲ့ နတ်ဆိုးမပဲပေါ့”

ရွှေကျီးကန်းတစ်ကောင်က တိုးဝှေ့လိုက်တဲ့အတွက် ငရဲကြက်နက်ဟာ ကြောက်လန့်တကြား ထပျံလိုက်ပါတယ်။

ဟန်ကျွယ်က ဝူတောက်ကျန့်အမေးကို ပြန်ဖြေလိုက်ပါတယ် “တာအိုရောင်းရင်း တစ်ယောက်ပါ၊ ငါတို့တွေ တာအိုအကြောင်း ဆွေးနွေးနေကြတာ၊ ရလဒ်က မဆိုးဘူး၊ အခုမင်း အထဲ ပြန်ဝင်လို့ရပြီ”

ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။ ဟန်ကျွယ်ဟာ ခုတင်ပေါ်မှာထိုင်ပြီး စကျင့်ကြံလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှင်းဟုန်ရွှမ်တို့တွေ ဘာလို့ ခုအချိန်ထိ ပြန်မလာသေးလဲဆိုတာကို စဉ်းစားမိသွားပါတယ်။

အချိန်အများစုမှာ ဟန်ကျွယ်က ကောင်းကင်ရုပ်သေးရုပ်ကို ဂရုမစိုက်ပါဘူး။ အန္တရာယ်ထဲ ကျနေရင်တော့ တစ်မျိုးပေါ့။

ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖွင့်စစ်လိုက်ပါတယ်။

[သင့်မြေးတပည့် ဖန်းလျန်သည် အခွင့်အရေးတစ်ခုကြောင့် ရှေးဟောင်း ဆန်းကြယ်စွမ်းအားတစ်ပါးကို ထိုးထွင်းသိမြင်သွားခဲ့သည်။]

[သင့်မိတ်ဆွေ မော့ဖူချိုသည် မိစ္ဆာမျိုးနွယ်စု၏ အ‌ထောက်အပံ့ကို ရရှိသွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]

[သင့်မိတ်ဆွေ နတ်မိမယ်ရှီရွှမ်သည် ရှေးဟောင်း ဆန်းကြယ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိသွားခဲ့သည်။]

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် ရှေးဟောင်း ဆန်းကြယ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိသွားခဲ့သည်။]

[သင့်မိတ်ဆွေ တာအိုသခင်ကျိုးတိသည် ရှေးဟောင်း ဆန်းကြယ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိသွားခဲ့သည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မော်တယ်လောကမှ ထွက်ခွာသွားသည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၈၇၇

…

ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်ပြီး တအံတဩ ဖြစ်သွားပါတယ်။

‘ဖန်းလျန်က နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရပြန်ပြီလား...’

‘ငါ့လူတွေ ပြန်မလာနိုင်သေးတာက အခွင့်အ‌ရေးတွေ ရနေလို့ကိုး’

မော့ဖူချိုက မိစ္ဆာမျိုးနွယ်စုရဲ့ အ‌ထောက်အပံ့ကို ရရှိသွားတာကို ဟန်ကျွယ် သတိပြုမိသွားပါတယ်။ ဒါပေမဲ့ ဒီဟာက ဘာကိုဆိုလိုလဲဆိုတာ ဟန်ကျွယ် နားမလည်ပါဘူး။ ပြီးခဲ့တဲ့ နတ်ဆိုးအင်ပါယာက မိစ္ဆာမျိုးနွယ်စုနဲ့ ဆက်စပ်နေမှန်းတော့ ဟန်ကျွယ် သိပါတယ် ‘သူတို့တွေက အကြံဆိုးတွေ ရှိနေသေးတာလား’

‘ဂျိရှင်းရှန်ကလည်း မော်တယ်လောကကနေ ထွက်ခွာသွားတာလား... အထက်ဘုံ တက်သွားတာလား’ ဟန်ကျွယ်ဟာ အကြောင်းရင်း အမှန်ကို စဉ်းစားမရတာကြောင့် ခေါင်းခြောက်ခံပြီး ထပ်စဉ်းစားမနေတော့ပါဘူး။

ဟန်ကျွယ်ဟာ မြန်မြန်ဆန်ဆန် ကျင့်ကြံအားထုတ်ရပါမယ်။ ဒါမှသာ ပြဒါးငှက်နဲ့ တာအိုသခင်ကျွယ်ရန်ရဲ့ ဘေးရန်ကို ကာကွယ်နိုင်မှာပါ။

ခုနစ်နှစ်တာ အချိန်ကာလဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင် ဒုတိယအဆင့်ကို ထိုးဖောက်နိုင်သွားပါပြီ။

ကျင့်ကြံမှုအဆင့် တိုးတက်တာက ဟန်ကျွယ်ကို ပျော်ရွှင်သွားစေပါတယ်။ ဟန်ကျွယ်ကို ဒီထက် ပိုပြီး ပျော်စေတာကတော့ ရွှေကျီးကန်းနှစ်ကောင် ရောက်လာပြီးနောက်ပိုင်းမှာ ဖူစန်းသစ်ပင်က ထုတ်လွှတ်တဲ့ စိတ်ဝိညာဉ်ချီက အရင်ကထက် ပိုမြန်လာတာပါ။

ရွှေကျီးကန်းနှစ်ကောင်ဟာ လူသားစကားကို ပြောဆိုနိုင်လာပြီး သူတို့အသိဉာဏ်ကလည်း တစ်နေ့တစ်ခြား တိုးတက်လာပါတယ်။ သူတို့က ဟန်ကျွယ်ကို အရမ်းပဲ လေးစားကြပါတယ်။ သူတို့ဟာ ဟန်ကျွယ်ကို မြင်တဲ့အကြိမ်တိုင်း တုန်ယင်သွားကြပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်က သူတို့ကို နှိပ်စက်ထားလားဆိုတာ ငရဲကြက်နက်က သိချင်သွားပါတယ်။

ဟန်ကျွယ်ရဲ့ တပည့် မြေးတပည့်တွေရဲ့ ကျင့်ကြံမှုကလည်း ဒီနှစ်ထဲမှာ တိုးတက်လာပါတယ်။ မုရုံချီက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ နံပါတ်တစ်ပါရမီရှင် ဖြစ်နေခဲ့ပါပြီ။ မုရုံချီဟာ လှံလမ်းစဉ်ကို ရွေးချယ်ခဲ့ကတည်းက လှံသိုင်းအများကြီးကို တီထွင်ဖန်တီးခဲ့ပြီး တိုက်ရည်ခိုက်ရည်ကလည်း တော်တော်လေး တိုးတက်လာပါတယ်။

ဒီနေ့မှာတော့ အပြင်ထွက်သွားတဲ့ တာအိုသခင်ကျိုးတိတို့ အုပ်စုဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို ပြန်ရောက်လာပါတယ်။

တာအိုသခင်ကျိုးတိ၊ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်တို့ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကိုလာပြီး ဟန်ကျွယ်ကို အရင်ဆုံး တွေ့ဆုံကြပါတယ်။

“အကြီးအကဲဟန်... မကောင်းဆိုးဝါးဧကရာဇ်ကို အကြီးအကဲဟန် သတ်လိုက်တာလား” တာအိုသခင်ကျိုးတိဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး မေးလိုက်ပါတယ်။

တာအိုသခင်ကျိုးတိတို့ရဲ့ ခရီးစဉ်ဟာ အလွန်တရာမှ ရှည်လျားလာပါတယ်။ တောတောင်မြစ်ချောင်းတွေကို ဖြတ်ကျော်ဖို့ ဆယ်နှစ်ကျော်တောင် အချိန်ယူခဲ့ရပါတယ်။ ဒီလို အချိန်ကြာပေမဲ့လည်း တာအိုသခင်ကျိုးတိဟာ မကောင်းဆိုးဝါးဧကရာဇ်ကို သတ်သွားတဲ့ ဓားချီကို ပြန်တွေးမိတိုင်း အရမ်းစိတ်လှုပ်ရှားနေတုန်းပါ။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ကျုပ် သတ်လိုက်တာ၊ ဒါပေမဲ့ ဒီကိစ္စကို လျှောက်မဖြန့်နဲ့၊ မဟုတ်ရင် မလိုအပ်တဲ့ ပြဿနာတွေ တက်လာလိမ့်မယ်၊ အခုလက်ရှိ ယွီဂျင်ဂိုဏ်းတော်ကြီးက ပြိုက်ဘက်ကင်းသေးတာ မဟုတ်ဘူး”

တာအိုသခင်ကျိုးတိဟာ စိတ်လှုပ်ရှားမှုကို နှိပ်ကွပ်ပြီး ခေါင်းညိတ်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်က ယုံကြည်လေးစားတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ယောက်ျား... ယောက်ျားက တကယ့်ကို ပြိုင်ဘက်ကင်းပဲ၊ ကျင့်ကြံခြင်းလောကမှာ နံပါတ်တစ်ပဲ”

နတ်မိမယ်ရှီရွှမ်လည်း သက်ပြင်းချလိုက်ပြီး အတိတ်ကို ပြန်တွေးလိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ သူ့ကို ခေါင်းကိုက်စေခဲ့တဲ့ တပည့်လေးက နှစ်တစ်ထောင်မပြည့်ခင်မှာပဲ ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ် ဖြစ်လာလိမ့်မယ်လို့ ဘယ်လိုမှ မထင်မှတ်ထားခဲ့ပါဘူး။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ် စွမ်းအားကြီးလာတာကိုကြည့်ပြီး တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပါတယ်။ အဲဒါကတော့ အရည်အချင်းက တကယ် အရေးကြီးတယ်ဆိုတာပါပဲ။

ဟန်ကျွယ်ဟာ ထူးချွန်တဲ့ အရည်အချင်းရှိတာကြောင့် အပြင်လောကကို ထွက်စရာမလိုဘဲ ပြိုင်ဘက်ကင်းတဲ့ ကျင့်ကြံမှုအလျင် ရှိနေပါတယ်။

ကျင့်ကြံသူတစ်ယောက်မှာ ထူးချွန်တဲ့ အရည်အချင်းမရှိရင် အခွင့်အရေးတွေ မကြာခဏရရင်တောင် တကယ်ပါရမီရှင်တွေကို လိုက်မမီနိုင်သေးပါဘူး။

“လောကမှာ နံပါတစ်လို့ ကျုပ် မခံယူရဲဘူး၊ ဒီလောကမှာ ပုန်အောင်းနေတဲ့ စွမ်းအားကြီးကျင့်ကြံသူတွေ အများကြီးပဲ၊ ဒီလောကမှာရှိတဲ့ ကျင့်ကြံသူတွေကို အထင်မသေးနဲ့” ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။

တာအိုသခင်ကျိုးတိဟာ သူ့ခံစားချက်တွေကို ထိန်းချုပ်ပြီး ပြောလိုက်ပါတယ် “မကြာသေးခင်က ‌ကျင့်ကြံခြင်းလောကမှာ မိစ္ဆာစစ်တစ်ကောင် ပေါ်လာတယ်၊ သူ့နာမည်က မော့ဖူချို၊ သူက ကျုပ်တို့ရဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးက အဲဒီတပည့်များလား မသိဘူး၊ ကျုပ်တို့တွေ ဘာလုပ်သင့်လဲ၊ သတ်မိန့် ထုတ်သင့်လား”

ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်သာဆိုရင် ဒီကိစ္စက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဂုဏ်သတင်းကို တော်တော်လေး ထိခိုက်စေမှာပါ။ ဒါ့အပြင် ကျင့်ကြံသူတွေက ယွီဂျင်ဂိုဏ်းတော်ကြီးကို နတ်ဆိုးဂိုဏ်းဆိုပြီး တွေးကောင်း တွေးနိုင်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “သူက လူတွေ သတ်နေပြီလား”

“မသတ်ပါဘူး၊ ဒါပေမဲ့ သူက မိစ္ဆာစစ်ဆိုပြီး ‌ကောလဟာလတွေ ထွက်နေတာ”

“အဲဒါဆိုရင် ဂရုစိုက်စရာ မလိုဘူး၊ မေ့ပစ်လိုက်”

ဟန်ကျွယ်က မော့ဖူချိုအပေါ် အကောင်းမြင်နေပါသေးတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အကောင်းမြင်ရုံသက်သက်နဲ့ ကိုယ့်ကိုကိုယ် ပြဿနာအတက်ခံပြီး လိုက်ကူညီမှာ မဟုတ်ပါဘူး။

[သိဟုန်ယဲ့သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ရုတ်တရက်ပေါ်လာတဲ့ စာကြောင်းကြောင့် ခေါင်းထဲမှာ မေးခွန်းတွေ ပေါ်လာပါတယ်။

‘သိဟုန်ယဲ့က ဘယ်သူလဲ’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters