← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂) - ကျောင်းတော်သား (၂)

ထိုကျောင်းတော်သားကမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး ဘာမျှ သတိမထားမိသကဲ့သို့ တစ်ဦးတည်း လက်ဖက်ရည်သောက်ရင်း အနားယူနေလေသည်။

ခဏအကြာတွင် အခြားသော ဧည့်သည်များမှာ လက်ဖက်ရည် သောက်ပြီးနောက် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။

ဆိုင်ရှင်က လာရောက် သိမ်းဆည်းလိုက်လေသည်။ သစ်ပင်အောက်တွင် ကျန်းရှောင်ဖန်းနှင့် ထိုကျောင်းတော်သား နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ကျန်းရှောင်ဖန်းမှာ အနေရမခက်သော်လည်း ခဏမျှ ထိုင်ပြီးနောက် သူ အနားယူသည်မှာ လုံလောက်ပြီဟု ခံစားလိုက်ရ၏။

သူ ပိုက်ဆံရှင်း၍ ထွက်ခွာရန် ပြင်လိုက်စဉ် နောက်ကွယ်မှ အသံတစ်ခုက သူ့ကို ခေါ်လိုက်လေသည်။

“လူငယ်လေး”

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွား၏။ ထိုအသံမှာ နူးညံ့ပြီး ရင်းနှီးသကဲ့သို့ ခံစားရလေသည်။

သူ လှည့်ကြည့်လိုက်ရာ ထိုကျောင်းတော်သားက သူ့အား ကြင်နာစွာ ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။ ကျန်းရှောင်ဖန်းက မေးလိုက်လေသည်။

“စီနီယာ... ကျုပ်ကို ခေါ်တာလား”

ကျောင်းတော်သားက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“မှန်တယ်”

ထို့နောက် သူသည် ထရပ်ကာ သူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်လာလေသည်။ ကျန်းရှောင်ဖန်းလည်း ထရပ်လိုက်သည်။

သူ အနီးသို့ ရောက်လာသောအခါ ကျန်းရှောင်ဖန်းက ဂါရဝပြုကာ နှုတ်ဆက်လိုက်လေသည်။

“ကျုပ် ဘာများ ကူညီပေးရမလဲ စီနီယာ”

ကျောင်းတော်သားသည် ကျန်းရှောင်ဖန်းကို အကဲခတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး။ ခရီးသွားရတာ အနည်းငယ် ပျင်းနေတာရယ်... ပြီးတော့ လူငယ်လေးကို စိတ်ဝင်စားမိတာရယ်ကြောင့် စကားလာပြောတာပါ။ လူငယ်လေး စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်”

ကျန်းရှောင်ဖန်းက အမြန်ပင် ခေါင်းခါပြလိုက်သည်။

“မရှိပါဘူး... ထိုင်ပါ စီနီယာ”

ကျောင်းတော်သားက ပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“ဒီမှာ... လူငယ်လေးလည်း ထိုင်ပါဦး”

သူတို့ နှစ်ဦး ထိုင်လိုက်ကြပြီးနောက် ကျောင်းတော်သားက ကျန်းရှောင်ဖန်းကို ကြည့်၍ မေးလိုက်သည်။

“ဒါနဲ့မေးပါရစေဦး... လူငယ်လေးရဲ့ နာမည်က ဘယ်သူများလဲ”

ကျန်းရှောင်ဖန်းသည် မြက်ဘုရားကျောင်းရွာတွင် ကြီးပြင်းခဲ့ပြီး ချင်းယွင်ဂိုဏ်း၏ မွေးစားခြင်းကို ခံခဲ့ရသူ ဖြစ်လေသည်။

ချင်းယွင်တောင် တာ့ကျူးတောင်ထိပ်ရှိ တပည့်များမှလွဲ၍ သူသည် ပြင်ပလူများနှင့် စကားပြောဖူးခြင်း မရှိသလောက်ပင် ဖြစ်လေသည်။

ပိယောင်နှင့်အတူ ချောက်နက်ထဲတွင် ပိတ်မိနေခဲ့သော နေ့ရက်များကိုမူ ထည့်မတွက်ချေ။

သူသည် ထိုကျောင်းတော်သားနှင့် စကားပြောရာတွင် အကြောင်းပြချက် မရှိဘဲ လေးစားမိနေ၏။ သူသည် ရိုသေစွာဖြင့် ပြန်ဖြေလိုက်လေသည်။

“ကျုပ်နာမည်က ကျန်းရှောင်ဖန်းပါ... စီနီယာရဲ့ နာမည်ကကော ဘယ်သူလဲ”

ထိုကျောင်းတော်သားက “ကျန်းရှောင်ဖန်း” ဟု တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ခေါင်းညိတ်ပြုံးပြလိုက်သည်။

“ငါ့ရဲ့ မျိုးရိုးကဝမ်... နာမည်ကတော့ ရန်ဝမ်ပါ”

“ဝမ့်ရန်ဝမ်”

ကျန်းရှောင်ဖန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဤနာမည်မှာ ရိုးရှင်းသော်လည်း သူရဲကောင်းဆန်သော ခံစားချက်ကို ပေးစွမ်းလေသည်။

ကျန်းရှောင်ဖန်းက သူ့အား ကြည့်လိုက်မိ၏။ ဝမ့်ရန်ဝမ်၏ မျက်နှာမှာ နူးညံ့သော်လည်း သူ၏ မျက်ခုံးများကြားရှိ အရှိန်အဝါမှာ မွေးရာပါကဲ့သို့ပင် ထင်ရှားနေသည်။

သူ၏ နာမည်မှာလည်း ခေါင်းဆောင်မှု အနှစ်သာရ ပါဝင်နေလေသည်။

ဝမ့်ရန်ဝမ်သည် ကျန်းရှောင်ဖန်းကို အကဲခတ်ပြီးနောက် ပြုံး၍ မေးလိုက်သည်။

“မေးတာကို ခွင့်လွှတ်ပါ... မောင်ရင်ကျန်းဟာ ကျင့်ကြံသူတစ်ဦးလား”

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွား၏။ သူနှင့် ချီဟောင်တို့ တောင်ပေါ်မှ ဆင်းလာစဉ်က ချင်းယွင်ဂိုဏ်း၏ ဝတ်စုံကို သာမန်ဝတ်စုံအဖြစ် ပြောင်းလဲဝတ်ဆင်ခဲ့ကြခြင်း ဖြစ်ရာ သူတို့မှာ သာမန်လူများနှင့် မခြားနားချေ။

ထိုပုဂ္ဂိုလ်က မည်သို့ သိသွားပါသနည်း။

ကျန်းရှောင်ဖန်းက ထိုအကြောင်းကို မေးရန် ပြင်လိုက်စဉ် ထိုပုဂ္ဂိုလ်က မြောက်ဘက်သို့ ညွှန်ပြကာ ပြုံးလျက် ပြောလိုက်သည်။

“မောင်ရင်ကျန်းက အကြီးဆုံးလမ်းမှန်ဂိုဏ်းဖြစ်တဲ့ ချင်းယွင်ဂိုဏ်းကမလား”

ကျန်းရှောင်ဖန်းမှာ ပို၍ အံ့အားသင့်သွားကာ ထရပ်လိုက်ရင်း ဝမ်ရန်ဝမ့်ကို ကြည့်၍ မေးလိုက်လေသည်။

“စီနီယာက... ဒါကို ဘယ်လို... ဘယ်လို သိတာလဲ”

ဝမ့်ရန်ဝမ်က ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်ကာ ပြန်ထိုင်ခိုင်းလိုက်သည်။

“ထိုင်ပါ... ထိုင်ပါဦး”

ကျန်းရှောင်ဖန်း ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ပြီးနောက် ဝမ့်ရန်ဝမ်က ပြုံး၍ ပြောလိုက်လေသည်။

“မောင်ရင်ကျန်းဟာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေပြီး ပင်ပန်းနွမ်းနယ်တဲ့ အရိပ်အယောင် မရှိတာကို ကျုပ်သတိထားမိလို့ပါ”

“မောင်ရင်က ငယ်ရွယ်ပုံရပေမဲ့ လူကြီးအတော်များများထက် အများကြီး သာလွန်ပါတယ်”

“ဒီနေ့ခေတ်မှာ ကျင့်ကြံခြင်းက ရေပန်းစားနေတော့ မောင်ရင်ဟာလည်း အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖြစ်မှာပါ”

ကျန်းရှောင်ဖန်းက နှိမ့်ချစွာ ကျေးဇူးတင်စကား ပြောလိုက်သော်လည်း ထပ်မံ မေးမြန်းလိုက်သည်။

“ဒါဆို ကျွန်တော့်ရဲ့ ဂိုဏ်းအကြောင်းကိုကော စီနီယာက ဘယ်လိုသိတာလဲ”

ဝမ့်ရန်ဝမ်က ပြုံးလိုက်၏။

“တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ မောင်ရင်ကျန်းက ခရီးအဝေးကြီးက လာခဲ့ပုံရပေမဲ့ မြောက်ဘက်ကို ခဏခဏ လှည့်ကြည့်နေတာရယ်... မျက်ဝန်းတွေထဲမှာလည်း အတွေးတွေနဲ့ ပြည့်နေပြီး ပြန်ဖို့ အလျင်လိုနေပုံ ရတာရယ်ကြောင့်ပါ”

“ ဒီနေရာရဲ့ မြောက်ဘက်မှာဆိုရင် နာမည်ကြီး ချင်းယွင်ဂိုဏ်း ရှိနေတာလေ။ ဒါက ကျုပ်ရဲ့ ခန့်မှန်းချက်သက်သက်ပါ... မောင်ရင်ကျန်းကတော့ ကျုပ်ကို ရယ်နေလောက်ပြီ”

ကျန်းရှောင်ဖန်းက အမြန်ပင် ပြောလိုက်လေသည်။

“မရှိပါဘူး... စီနီယာကက တကယ်ကိုအကဲခတ်တော်တာပဲ။ ကျွန်တော်တို့ တစ်ခါမှ မဆုံဖူးဘဲနဲ့ ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာကို ကျွန်တော် လေးစားမိပါတယ်”

ဤသည်မှာ သူ၏ စိတ်ရင်းအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

ဝမ့်ရန်ဝမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

“ချင်းယွင်ဂိုဏ်းဟာ ခေတ်အဆက်ဆက် နာမည်ကျော်ကြားခဲ့တဲ့ ကျင့်ကြံရေးဂိုဏ်းပဲ။ သူတို့ရဲ့ နက်ရှိုင်းလှတဲ့ မှော်ပညာတွေကို တစ်လောကလုံးက လေးစားကြရတယ်”

“မောင်ရင်က ဒီလို နာမည်ကြီးဂိုဏ်းမှာ အခုလို အရွယ်ငယ်ငယ်နဲ့ ဝင်နိုင်ခဲ့တာဆိုတော့ မောင်ရင့်ရဲ့ အနာဂတ်ဟာ အတိုင်းအထက်အလွန် ဖြစ်မှာပဲ”

“အတိုင်းအထက်အလွန်” ဟူသော စကားကို ကြားလိုက်ရချိန်တွင် ကျန်းရှောင်ဖန်းသည် လုံရှို့တောင်ထိပ်မှ ချီဟောင်နှင့် လင်းကျင်းယွီတို့၏ ပုံရိပ်ကို မြင်ယောင်သွားကာ ခေါင်းခါယမ်းလိုက်မိသည်။

“စီနီယာက ချီးမွမ်းလွန်းနေပါပြီ။ ချင်းယွင်ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်ကတော့ အသုံးမကျတဲ့ သာမန်လူတစ်ဦးပါပဲ”

ဝမ့်ရန်ဝမ်မှာ အံ့အားသင့်သွားပြီးနောက် ရယ်မောလိုက်လေသည်။

“မောင်ရင်ကျန်းက နောက်ပြောင်တတ်တာပဲ”

ကျန်းရှောင်ဖန်းသည် ဤအကြောင်းကို ဆက်၍ မပြောလိုသဖြင့် စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

“စီနီယာက တစ်နေရာရာကို ခရီးသွားနေတာနဲ့ တူတယ်... ဘယ်ကို သွားမှာလဲလို့ မေးလို့ရမလား”

ဝမ့်ရန်ဝမ်သည် ထရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ကောင်းကင်ကို ကြည့်ကာ ပြောလိုက်လေသည်။

“လောကကြီးက ကျယ်ပြောလှပါတယ်။ ကျုပ်ကတော့ လောကအနှံ့ ခရီးသွားနေတာပါ။ တောင်တန်းတွေ ဒါမှမဟုတ် ရှေးဟောင်းရွှံ့နွံအိုင်တွေ... ဘယ်နေရာမဆို သွားပါတယ်”

“ဪ”

ကျန်းရှောင်ဖန်းက အံ့သြစွာ ရေရွတ်လိုက်သည်။

“အဲလိုလား”

ဝမ့်ရန်ဝမ်က လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်လေသည်။

“မောင်ရင်ကျန်းက ချင်းယွင်ဂိုဏ်းသား ဖြစ်နေတော့ ကျင့်ကြံမှု အဆင့်လည်း အတော်မြင့်မှာပဲ”

ကျန်းရှောင်ဖန်းက အမြန်ပင် ခေါင်းခါပြလိုက်သည်။

“မဟုတ်ပါဘူး... ကျွန်တော်က ချင်းယွင်ဂိုဏ်းမှာ အသုံးမကျတဲ့သူ တစ်ဦးပါ... ကျင့်ကြံမှုအဆင့်လည်း မမြင့်ပါဘူး”

ဝမ့်ရန်ဝမ်က အနည်းငယ် ပြုံးလိုက်လေသည်။

“မောင်ရင်ကျန်းက အားနာလွန်းနေပါပြီ။ ကျုပ်မှာ တောင်းဆိုချင်တာလေး တစ်ခု ရှိပါတယ်... မောင်ရင်ကျန်း ကူညီနိုင်မလား”

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားကာ ပြောလိုက်၏။

“စီနီယာဝမ်... ပြောပါ”

ဝမ့်ရန်ဝမ်က ပြောလေသည်။

“ကျုပ်က ငယ်ငယ်ကတည်းက ကျင့်ကြံသူတွေကို လေးစားခဲ့တာ။ ဒါပေမဲ့ ကံမပါခဲ့လို့ ဂိုဏ်းထဲ မဝင်နိုင်ခဲ့ဘူး”

“ကျင့်ကြံသူတွေက သူတို့ရဲ့ မှော်လက်နက်တွေကို သုံးပြီး ကောင်းကင်ယံမှာ ပျံသန်းနေတာကို မြင်ဖူးချင်ခဲ့တာ ဆယ်စုနှစ်နဲ့ချီနေပြီ”

“မောင်ရင်ကျန်းက နာမည်ကြီး ဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်နေတော့ ကျုပ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား”

ထို့နောက် သူသည် ခါးညွှတ်၍ ဂါရဝပြုလိုက်လေသည်။

ကျန်းရှောင်ဖန်းမှာ မှင်တက်သွား၏။ ဝမ့်ရန်ဝမ်က သူ့အား ဂါရဝပြုသည်ကို မြင်လိုက်ရသဖြင့် သူသည် ပို၍ ပျာယာခတ်သွားကာ သူ့အား အမြန်ပင် ဆွဲထူလိုက်လေသည်။

ကျန်းရှောင်ဖန်း ခဏမျှ တုံ့ဆိုင်းနေသော်လည်း ဝမ့်ရန်ဝမ်က မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့ရသဖြင့် သူ သက်ပြင်းချလိုက်၏။

“စီနီယာဝမ်... ကျွန်တော့်ကို မရယ်ပါနဲ့ဦး။ ကျွန်တော် မပြချင်လို့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော့်ရဲ့ မှော်လက်နက်က ကြည့်ရတာ အရမ်းဆိုးလို့ပါ... ကျွန်တော် ကြောက်မိတာက...”

ဝမ့်ရန်ဝမ်က ချက်ချင်းပင် ပြောလိုက်လေသည်။

“ကျင့်ကြံသူတစ်ဦးရဲ့ မှော်လက်နက်က ကြည့်ရဆိုးတယ်ဆိုတာ မရှိပါဘူး”

ကျန်းရှောင်ဖန်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားကာ ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲပင်။ သူသည် ခါးမှ ဝိညာဉ်ဝါးမျိုတုတ်ကို ထုတ်ယူကာ ဝမ့်ရန်ဝမ်ထံသို့ ကမ်းပေးလိုက်၏။

ကျန်းရှောင်ဖန်း ကမ်းပေးလိုက်သော အရာကို မြင်လိုက်ရချိန်တွင် ဝမ့်ရန်ဝမ်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားကာ တည်ငြိမ်စွာဖြင့် ထိုတုတ်ကို လှမ်းယူလိုက်လေသည်။

ကျန်းရှောင်ဖန်းသည် သူ အံ့အားသင့်သွားသည်ကို သတိထားမိလိုက်သဖြင့် ခါးသီးစွာ ပြုံးလိုက်မိသည်။

“ကျွန်တော် ပြောသားပဲ... ကျွန်တော့် ဂိုဏ်းက လူတွေတောင် ဒါကို မြင်ရင် ခဏခဏ ရယ်ကြတာ”

သို့သော် ကျန်းရှောင်ဖန်းသည် ယနေ့ သူ၏ ကိုယ်သူ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။

သူသည် တစ်ခါမှ မဆုံဖူးသော သူစိမ်းတစ်ဦးကို အရာအားလုံး ပြောပြချင်နေသကဲ့သို့ ဖြစ်နေလေသည်။

ဝမ့်ရန်ဝမ်သည် ကျန်းရှောင်ဖန်းကို သတိမထားမိဘဲ သူ၏ မျက်ဝန်းများသည် ထိုဝိညာဉ်ဝါးမျိုတုတ်ပေါ်တွင်သာ ရှိနေ၏။

အစပိုင်းတွင် သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ထို့နောက်တွင် တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ သူ၏ မျက်နှာမှာ ပို၍ လေးနက်သွားကာ ထို အရုပ်ဆိုးသော အနက်ရောင်တုတ်ကို စိုက်ကြည့်နေလေသည်။

ကျန်းရှောင်ဖန်းသည် ဝမ့်ရန်ဝမ်၏ ပြင်းထန်သော သိချင်စိတ်ကို ခံစားလိုက်ရ၏။

ထိုသူသည် ဝိညာဉ်ဝါးမျိုတုတ်ကို ဂရုတစိုက် အကဲခတ်နေပြီး သူ၏ ညာဘက်လက်ဖြင့် ကိုင်ကာ ဘယ်ဘက်လက်ချောင်းများဖြင့် ထိုတုတ်ကို အသာအယာ ပွတ်သပ်စမ်းသပ်နေလေသည်။ ကျန်းရှောင်ဖန်းက မနေနိုင်ဘဲ မေးလိုက်၏။

“စီနီယာ... တစ်ခုခု မှားနေလို့လား”

ဝမ့်ရန်ဝမ်သည် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွား၏။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် ဝိညာဉ်ဝါးမျိုတုတ်ကို ကျန်းရှောင်ဖန်းထံ ပြန်ပေးလိုက်ကာ ပြောလိုက်လေသည်။

“မောင်ရင်ကျန်း... ငါက ကျင့်ကြံခြင်းကို လေးစားတဲ့အတွက် အဲဒီအကြောင်း စာအုပ်တချို့ ဖတ်ဖူးခဲ့တယ်။ ဒါကြောင့် မောင်ရင်ကျန်းကို မေးချင်တာလေး တစ်ခု ရှိတယ်”

ကျန်းရှောင်ဖန်းက ပြောလိုက်သည်။

“မေးပါ..စီနီယာ”

ဝမ့်ရန်ဝမ်က ဝိညာဉ်ဝါးမျိုတုတ်ကို ကြည့်ရင်း မေးလိုက်လေသည်။

“မောင်ရင်ကျန်း... ဒီမှော်လက်နက်ပေါ်မှာ မောင်ရင့်ရဲ့ သွေးတွေ ပါဝင်နေသလား”

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားသည်။ တာ့ကျူးတောင်ထိပ်ရှိ ရှေးဟောင်းချိုင့်ဝှမ်းအတွင်းမှ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းမှာ သူ၏ စိတ်ထဲတွင် ပြန်လည် ပေါ်လာလေသည်။

သူသည် ချက်ချင်း ထရပ်လိုက်ကာ ဝမ့်ရန်ဝမ်ကို ညွှန်ပြ၍ မေးလိုက်သည်။

“စီနီယာ... စီနီယာ ဘာပြောလိုက်တာလဲ”

ဝမ့်ရန်ဝမ်သည် ကျန်းရှောင်ဖန်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“မောင်ရင်ကျန်း... ဒီမှော်လက်နက်ဟာ အရာဝတ္ထုနှစ်ခု ပေါင်းစပ်ထားတာ မဟုတ်လား”

ကျန်းရှောင်ဖန်း၏ စိတ်ထဲမှ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို ဤသူက ထောက်ပြလိုက်ခြင်း ဖြစ်ရာ အံ့အားသင့်သွားမှုမှာ မသေးငယ်လှပေ။

သူ၏ ဦးနှောက်ထဲတွင် အသံများ မြည်ဟည်းနေကာ ဘာမျှ ပြန်မပြောနိုင်တော့ပေ။

ဝမ့်ရန်ဝမ်သည် ကျန်းရှောင်ဖန်း၏ မှင်တက်နေသော ပုံစံကို မြင်လိုက်ရချိန်တွင် သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သိလိုက်၏။

သူသည် ခေါင်းငုံ့ကာ တစ်ခုခုကို သတိရသွားပုံဖြင့် သက်ပြင်းချလိုက်လေသည်။

“မောင်ရင် ဒါကို မသိဘူး မဟုတ်လား။ ဒီတုတ်ပေါ်မှာ ရှိနေတဲ့ ပုလဲဟာ တစ်ချိန်က နတ်ဆိုးဂိုဏ်းရဲ့ မြင့်မြတ်တဲ့ ရတနာတစ်ခု ဖြစ်ခဲ့ဖူးတယ်”

ကျန်းရှောင်ဖန်းမှာ ပို၍ ထိတ်လန့်သွားကာ သူ၏ အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားသည်။ သို့သော် သူ၏ နှလုံးသားထဲမှ အသံတစ်ခုက အေးစက်စွာ ရယ်မောလိုက်လေသည်။

‘မင်း ဒါကို သိထားပြီးသားပဲ မဟုတ်လား။ ဒီတုတ်ထဲက ထွက်ပေါ်နေတဲ့ ဆိုးယုတ်တဲ့ စွမ်းအင်တွေဟာ နတ်ဆိုးဂိုဏ်းရဲ့ အရာဖြစ်ရမှာပေါ့’

“စီနီယာ... စီနီယာ ဘာပြောလိုက်တာလဲ”

ကျန်းရှောင်ဖန်းသည် အသက်ကို ပြင်းပြင်းရှူရင်း သူ့အား စိုက်ကြည့်ကာ မေးလိုက်သည်။

“ဒီပုလဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာက နတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ေဟရှင်းအဘိုးအိုရဲ့ အမွေအနှစ်ပဲ”

ဝမ့်ရန်ဝမ်၏ စကားလုံးများသည် သံမှိုများကဲ့သို့ပင် ကျန်းရှောင်ဖန်း၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။

“သွေးစုပ်ပုလဲလို့လဲ ခေါ်ကြတယ်”

ကျန်းရှောင်ဖန်းမှာ မှင်တက်သွားကာ အသက်ရှူပင် မဝတော့ချေ။

သူ၏ စိတ်ထဲတွင် အတွေးပေါင်း ထောင်သောင်းချီ၍ ပေါ်လာသော်လည်း ပုံရိပ်တစ်ခုမှာမူ မပျောက်ပျက်ဘဲ ကျန်ရှိနေခဲ့သည်။ ထိုပုံရိပ်မှာ ကုန်းစွန်းတောင်အတွင်းရှိ ဂူထဲမှ အရိုးစုပင် ဖြစ်လေသည်။

ဝမ့်ရန်ဝမ်သည် သူ၏ တုန်လှုပ်နေသော မျက်နှာကို ကြည့်ကာ ခဏမျှ ရပ်တန့်သွားပြီးနောက် အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

“မောင်ရင်ကျန်း... အခုဆိုရင် ဒီပုလဲက ဘယ်ကလာတယ်ဆိုတာ မောင်ရင် သိသွားပြီ။ ဒါဆို ဒီအနက်ရောင်တုတ်ရဲ့ သမိုင်းကြောင်းကိုကော မောင်ရင် သိချင်သေးလား”

ကျန်းရှောင်ဖန်းမှာ အလွန်အမင်း တုန်လှုပ်သွားကာ ဝမ့်ရန်ဝမ်ကို စိုက်ကြည့်နေရုံမှလွဲ၍ ဘာမျှ မပြောနိုင်တော့ချေ။

All Chapters