← Chapters

ဆင်းသက်လိုသော ကျွယ်ရန်၊ မော်တယ်လောကမှ အမတနတ်ဘုရား

Vol. 10 Ch. 140

ဆင်းသက်လိုသော ကျွယ်ရန်၊ မော်တယ်လောကမှ အမတနတ်ဘုရား

Vol. 10 Ch. 140

အခန်း (၁၄၀) ဆင်းသက်လိုသော ကျွယ်ရန်၊ မော်တယ်လောကမှ အမတနတ်ဘုရား

‘သေစမ်း... ပြန်လည်မွေးဖွားပြီး ပြန်ကျင့်ကြံရမှာလား’

ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် ချန်ယွီအာနဲ့ တစ်ခြားမိန်းမတွေလိုမျိုး သူ့အကူအညီနဲ့ မှတ်ဉာဏ်တွေ ပြန်နိုးထလာမှာ မဟုတ်ပါဘူး။ သူ့ဘာသာပဲ မှီခိုရမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ အထက်ဘုံမတက်ခင် ပြဒါးငှက်ရဲ့ ကျင့်ကြံမှုကို ကျော်တက်အောင် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဖူစန်းသစ်ပင်က ကြီးထွားလာပါပြီ။ ဒီနတ်သစ်ပင်က အထက်ဘုံမှာရှိတဲ့ နတ်သားရဲတွေကို မော်တယ်လောက်ဆီ ရောက်လာအောင် ဆွဲဆောင်နိုင်တဲ့ နတ်သစ်ပင်ပါ။ ဖူစန်းသစ်ပင်ရဲ့ အကူအညီနဲ့ဆိုရင် သူ မော်တယ်လောကမှာနေလည်း ဆက်ကျင့်ကြံနိုင်လိမ့်မယ်လို့ ဟန်ကျွယ် ယုံကြည်ထားပါတယ်။

“စီနီယာ... အထက်ဘုံတက်တာကို ရှောင်နိုင်တဲ့နည်းလမ်းလေးများ မရှိဘူးလား၊ ကျွန်တော် မော်တယ်လောကမှာပဲ ဆက်ပြီးတော့ ကျင့်ကြံချင်တယ်” ဟန်ကျွယ်ဟာ မျက်လုံးပေါက်ကျဉ်းကာ မေးလိုက်ပါတယ်။

ကျန်းကူရှင်းက ပြန်ဖြေပါတယ် “မရှိဘူးလို့ပြောရင် လိမ်ရာကျသွားလိမ့်မယ်၊ လောကကြီးက အကျယ်ကြီးဆိုတော့ မဖြစ်နိုင်တဲ့ အရာအားလုံး တည်ရှိတယ်၊ ငါ သိရသလောက်တော့ ကောင်းကင်တာအိုကို ပုန်းကွယ်နိုင်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးမျိုး ရှိတယ်၊ ဒီကျောက်တုံးရှိရင် ကောင်းကင်စမ်းသပ်မှုကို ရင်ဆိုင်စရာ မလိုသလို့ ကျင့်ကြံမှုက မော်တယ်လောကထက် မြင့်မားနေရင်တောင် မော်တယ်လောကမှာ ဆက်နေလို့ရတယ်၊ ဒီလိုကျောက်တုံးမျိုးက အထက်ဘုံမှာ မရှားဘူး၊ အမတတွေက ဒီလိုကျောက်တုံးမျိုးကို အမှီပြုပြီး မော်တယ်လောကကို မကြာခဏ ဆင်းသက်လေ့ရှိတယ်၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်က အမတတွေ မော်တယ်လောကဆီ ဆင်းသက်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတော့ ရှာတွေ့တာနဲ့ ကောင်းကင်ဥပဒေအတိုင်း အပြစ်ပေးခံရတယ်”

ဟန်ကျွယ်ဟာ ကျန်းကူရှင်းရဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ သူ့ဆီမှာရှိတဲ့ ကောင်းကင်လွှဲကျောက်တုံးက အဲဒီလိုကျောက်တုံးမျိုးဆိုတာ ကျိန်းသေသွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ သူ့အခြေအနေကို လုံးဝစိတ်ချလက်ချ ဖြစ်သွားပြီး စိတ်အေးချမ်း ငြိမ်သက်သွားပါတယ်။

‘ကျွတ်... ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံအားထုတ်လို့ရပြီ’

“စီနီယာရဲ့ ညွှန်ပြမှုအတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာဆီ နောက်တစ်ခါ ထပ်လာလည်ပါအုန်းမယ်” ဟန်ကျွယ်ဟာ ဦးညွှတ်လိုက်ပြီး ကျန်းကူရှင်းကို ကျော်တက်သွားပါတယ်။

ကျန်းကူရှင်းဟာ ခေါင်းနည်းနည်း ခါလိုက်ပြီး ဘာမှထပ်မပြောတော့ပါဘူး။

သုံးလောကသန့်ရှင်းခြင်းကို အဆင့်မြှင့်တင်ပြီးနောက် ဟန်ကျွယ်ဟာ မိုးကောင်းကင်နဲ့ မြေကြီးရဲ့ အဓိပ္ပာယ်စစ်ကို သုံးသပ်ကာ ကျင့်ကြံမှု ခိုင်မြဲတည်တံ့အောင် လေးငါးခြောက်လ အားထုတ်ပါတယ်။

ဟန်ကျွယ်ဟာ စုချီကို သူ့ကျင့်ကြံခြင်းလိုဏ်ဂူနဲ့ မနီးမဝေးမှာ လိုဏ်ဂူတစ်ခု တည်ဆောက်ခိုင်းပြီး သူ့အမိန့်မရဘဲ အပြင်မထွက်ဖို့ အမိန့်ပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စုချီ သံသယမဝင်အောင် တစ်ခြားတပည့်တွေကိုလည်း စုချီကု မနှောင့်ယှက်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်လိုက်ပါတယ်။ စုချီဟာ သူ့ဆရာသခင်က သူ့ကို ဂရုတစိုက်နဲ့ မြေတောင်မြှောက်ပေးတော့မယ်လို့ တွေးပျော်ပြီး သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်သွားပါတယ်။

ဒီအချိန်ရောက်တဲ့အခါမှာတော့ မကျေမနပ်ဖြစ်နေတဲ့ ဝူတောက်ကျန့်လည်း ဟန်ကျွယ် လိုဏ်ဂူထဲကို ပြန်ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်ခိုင်းတာ ဝူတောက်ကျန့်ရဲ့ ခံစားချက်ကို ဂရုစိုက်လို့ မဟုတ်ပါဘူး။ အဓိကအကြောင်းရင်းက ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဝူတောက်ကျန့် ရှိနေရင် စိတ်ဝိညာဉ်ချီ တိုးများလာလို့ပါ။

မိုးမြေမြက်ပင်က လူသားအသွင် ပြောင်းလဲတာတောင် ရတနာတစ်ပါး ဖြစ်နေတုန်းပါပဲ။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါတယ်။

ဒီအတောအတွင်း အထက်ဘုံက ပဋိပက္ခဖြစ်နေတော့ တာအိုသခင်ကျွယ်ရန်နဲ့ ပြဒါးငှက်က မော်တယ်လောကကို အချိန်မရွေး ဆင်းသက်လာနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ တက်နိုင်သလောက် အမြန်ဆုံး စွမ်းအားကြီးမားလာဖို့ လိုအပ်နေပါတယ်။

မှောင်မိုက်တဲ့ လိုဏ်ဂူတစ်ဂူအတွင်းမှာ သွေးမိစ္ဆာ၊ ဆံဖြူမိစ္ဆာမနဲ့ မိစ္ဆာဘုန်းကြီးတို့က မျက်နှာချင်းဆိုင်ပြီး ထိုင်နေကြပါတယ်။ သူတို့မျက်နှာတွေက အလွန်တရာမှာ မည်းမှောင်နေကြပါတယ်။ သူတို့သုံးဦးအကြားမှာတော့ သလင်းကျောက်လုံးတစ်လုံးဟာ လေပေါ်မှာ ဝဲပျံနေပြီး နတ်ဆိုးရောင်ဝါတွေ လိမ့်ထွက်လာပါတယ်။

“လော့ချင်းမော့က သေသွားပြီလား” အေးစက်တဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ်။

သွေးမိစ္ဆာဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “သူ့ကို ‌ကောင်းကင်အမတစံအိမ်ရဲ့ ပါရမီရှင်က သတ်သွားတာ၊ သူတစ်ယောက်တည်း မဟုတ်ဘူး၊ မိစ္ဆာမျိုးနွယ်စုအတွက် အလုပ်လုပ်ပေးတဲ့ ကျွန်တော်တို့ အကုန်လုံးလည်း အပြင်းအထန် ဒဏ်ရာရထားတယ်၊ မကောင်းဆိုးဝါးဧကရာဇ်တောင် သေသွားပြီ”

အေးစက်တဲ့အသံက ထပ်မံထွက်ပေါ်လာပါတယ် “မင်းတို့က မိစ္ဆာမျိုးနွယ်စုအတွက် ဘာလို့ အလုပ်လုပ်ပေးနေတာလဲ၊ မင်းတို့တွေက ဒီမော်တယ်ကမ္ဘာကို သစ္စာဖောက်နေတာလား”

ဒီမေးခွန်းနှစ်ခုကြောင့် သွေးမိစ္ဆာ၊ ဆံဖြူမိစ္ဆာမနဲ့ မိစ္ဆာဘုန်းကြီးတို့ဟာ ငြိမ်ကျသွားပါတယ်။ သူတို့သုံးဦးဟာ မိစ္ဆာမျိုးနွယ်စုအတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ပါဘူး။ မိစ္ဆာမျိုးနွယ်စုက ပေးတဲ့ အကျိုးအမြတ်ကို မငြင်းဆန်နိုင်တာပါ။

မိစ္ဆာဘုန်းကြီးက သက်ပြင်းချလိုက်ပါတယ် “အော့မီတော်ဖော... ကျုပ် ဒီထဲမှာ မပါတော့ဘူး၊ နတ်ဆိုးသခင်လိုပဲ အထက်ဘုံ တက်တော့မယ်”

ဆံဖြူမိစ္ဆာမလည်း ခေါင်းညိတ်လိုက်ပါတယ်။ သူလည်း ပင်ပန်းနေပါပြီ။

သွေးမိစ္ဆာလည်း သက်ပြင်းချလိုက်ပါတယ်။

သူတို့သုံးဦးဟာ မော်တယ်လောကမှာ ထိပ်ဆုံးတည်ရှိမှုတွေဆိုပေမဲ့ သူတို့ရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ အထက်ဘုံတက်ရင် လုံးဝပြန်မွေးဖွားသလို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက ပြောနေကြစကားတစ်ခု ရှိပါတယ်။ အထက်ဘုံတက်လို့ အောင်မြင်သွားရင် ကျင့်ကြံမှုအဆင့်မြင့်ရင် မြင့်သလောက် ကျင့်ကြံမှုက တဟုန်ထိုး ထိုးတက်သွားပါတယ်။ ကျင့်ကြံသူတစ်ဦး ဘုံပျံမတက်ခင်မှာ ကျင့်ကြံမှုမြင့်မားလေလေ ဘုံပျံတက်ပြီးနောက် ကျင့်ကြံမှု တိုးလေလေပါ။

ဒီအကြောင်းကြောင့် သွေးမိစ္ဆာတို့သုံးဦးက အထက်ဘုံကို မတက်ချင်တာပါ။ နောက်ပြီးတော့ မော်တလောကမှာ သူတို့သုံးဦးက သက်ရှိအားလုံးရဲ့ ရှင်သန်ခြင်း သေဆုံးခြင်းကို ထိန်းချုပ်ထားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေပါ။ ဒါပေမဲ့ ဘုံပျံတက်ပြီးသွားရင်တော့ သူတို့က အားနည်းပျော့ညံလှတဲ့ သက်ရှိတွေ ပြန်ဖြစ်သွားမှာပါ။

ဒီလိုအကြောင်းတွေကြောင့် သူတို့ဟာ အချိန်မရောက်မချင်း အထက်ဘုံကို မတက်ချင်ကြပါဘူး။

“ဟမ်... အထက်ဘုံ မတက်ကြနဲ့အုန်း၊ အများဆုံး နှစ်ငါးရာအတွင်း မော်တယ်လောကကို ငါ ဆင်းသက်မယ်၊ အဲဒီအချိန်ကျလို့ ကောင်းကင်အမတစံအိမ်ကို ငါ ဖျက်ဆီးပြီးရင် မင်းတို့တွေ ဘုံပျံတက်လို့ရပြီ၊ ငါ မင်းတို့ကို အထက်ဘုံက ဂိုဏ်းတွေနဲ့ မိတ်ဆက်ပေးပြီး မှီခိုရာပါ ရှာပေးမယ်၊ မိစ္ဆာမျိုးနွယ်စုအတွက်ကတော့ ဂရုစိုက်မနေနဲ့၊ ကောင်းကင်ရုံးတော်က သူတို့ကို မကြာခင် တိုက်ခိုက်လိမ့်မယ်”

အေးစက်ရက်စက်လှတဲ့ အသံကြောင့် သွေးမိစ္ဆာတို့သုံးဦးရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။ သူတို့အတွက် ကောင်းကင်အမတစံအိမ်ကို ဖျက်ဆီးနိုင်တာထက် ပိုကောင်းတာ မရှိတော့ပါဘူး။ ရိုးရိုးသားသား ပြောရရင် သူတို့သုံးဦးလည်း တော်တော်လေး ဒေါသထွက်နေကြတာပါ။ ဒါပေမဲ့လည်း သူတို့ဒေါသကို ဘယ်နားပေါက်ကွဲရမလဲမသိ ဖြစ်နေပါတယ်။

သွေးမိစ္ဆာက ချက်ချင်း လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ် “စီနီယာကျွယ်ရန်... ကျွန်တော်တို့တွေ စီနီယာ ဆင်းသက်လာတာကို စောင့်နေပါမယ်”

“ကောင်းပြီ”

နှစ် ၂၀ ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ကောင်းကင်ဘုံဝင် စတုတ္ထအဆင့်ကို ဟန်ကျွယ် ရောက်ရှိသွားပါတယ်။ အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုသခင်ကျွယ်ရန်နဲ့ ပြဒါးငှက်ကို ကျိန်စာတိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုအလျင်ကို ကျေနပ်အားရနေပါတယ်။ ဒီပုံအတိုင်း ဆက်သွားမယ်ဆိုရင် ကောင်းကင်ဘုံဝင်အဆင့်ရဲ့ အထက်အဆင့်ကို အများဆုံး နှစ်တစ်ရာအတွင်း ထိုးဖောက်နိုင်မှာပါ။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ မော့ဖူချိုသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၄၈၉၇

[သင့်မြေးတပည့် ဖန်းလျန်သည် ရှေးဟောင်းတားမြစ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိပြီး ပြိုင်ဘက်ကင်းနတ်ဓား ပိုင်ရှင် ဖြစ်လာသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် မိုးမြေနတ်သစ်သီးကို မှီဝဲခဲ့သောကြောင့် ကျင့်ကြံမှု ဆတိုး တိုးတက်သွားပါပြီ။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် သားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၈၈၃၄

[သင့်မိတ်ဆွေ တာအိုသခင်ဂျိခုံးသည် တာအိုအဆင့်တက်သွား၍ ကံတရား အထောက်အပံ့ ကြီးမားစွာ တိုးတက်သွားသည်။]

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် မြေနတ်ဘုံကျောင်းထဲသို့ မတော်တဆ ဝင်ရောက်မိသွားခဲ့သည်။]

[သင့်မိတ်ဆွေ ချန်ယွီအာသည် မြေနတ်ဘုံကျောင်းထဲသို့ မတော်တဆ ဝင်ရောက်မိသွားခဲ့သည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်အမတစံအိမ်သို့ ဝင်ရောက်ခဲ့သောကြောင့် ကံတရားအထောက်အပံ့ တိုးတက်သွားပါပြီ။]

ဟန်ကျွယ်ဟာ သေသေချာချာ ရေတွက်ကြည့်လိုက်တဲ့အခါမှာ ဒီနှစ်နှစ်ဆယ်အတွင်း ဖန်းလျန်ရရှိခဲ့တဲ့ အခွင့်အရေးက ကိုးကြိမ်တောင် ဖြစ်နေပါတယ်။

‘အဓိပ္ပာယ်မရှိဘူး... ဒီမိုးမြေသားတော်က တော်တော်ကို ကျိုးကြောင်း မဆီလျော်တာပဲ’

အရေးကြီးဆုံးကတော့ ကောင်းကင်အမတစံအိမ်ထဲ ဖန်းလျန် ဝင်သွားတာပါ။ ဖန်းလျန် ပြန်လာရင် ကောင်းကင်ဘုံဝင် ကျင့်ကြံသူဖြစ်နေလောက်ပြီလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ မိုးမြေသားတော်အတွက်တော့ အပြင်လောကမှာ လျှောက်လှည့်လည်တာက ဂူအောင်းကျင့်ကြံတာထက် အများကြီး ပိုထိရောက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာရဲ့ အခွင့်အရေးကိုလည်း သတိပြုမိသွားပါတယ်။ ဟန်ကျွယ်ဟာ မြေနတ်ဘုံကျောင်းကို စိတ်ဝင်စားသွားပါတယ်။

‘မြေနတ်က ဘာကြီးလဲဟ’

တစ်လကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ရပ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို သိမ်းဆည်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ကောင်းကင်ရုပ်သေးရုပ်ကို အာရုံစိုက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကနေ အလွန်တရာမှ ခမ်းနားကြီးကျယ်လှတဲ့ တာအိုဘုံကျောင်းတစ်ခုကို မြင်လိုက်ရပါတယ်။ ဒီတာအိုဘုံကျောင်းဟာ ရွှေတွေ ကျောက်စိမ်းတွ စီခြယ်ထားတာကြောင့် တလက်လက် တောက်ပနေပြီး ဘုံကျောင်းထဲက နေရာဟာလည်း ပေထောင်ချီ မြင့်မားပါတယ်။ တာအိုဘုံကျောင်းကို ထောက်ကန်ထားတဲ့ ကျောက်တိုင်လုံးကြီးတွေကလည်း အချင်းအားဖြင့် ပေခြောက်ဆယ် ခုနစ်ဆယ်ကျော် ရှိပါတယ်။

ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာဟာ ပန်းချီကားတစ်ချပ်ရှေ့မှာ ထိုင်နေပါတယ်။ သူတို့နှစ်ယောက် တစ်စုံတစ်ခု သိမြင်နားလည်နေသလိုပါပဲ။ တစ်ခါတစ်ရံမှာတော့ သူတို့နှစ်ယောက်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်ခါတစ်ရံမှာတော့ သူတို့ဟာ ရယ်မောလိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်ပြီး တာအိုဘုံကျောင်းကို ဂရုတစိုက် ကြည့်လိုက်ပါတယ်။ မကြာခင်မှာပဲ ကျောက်တုံးရုပ်ထုထဲမှာ ရှိနေတဲ့ ဝိညာဉ်အပိုင်းအစကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။

ဝိညာဉ်အပိုင်းအစဟာ တာအိုဝတ်ရုံ ဝတ်ဆင်ထားတဲ့ သီလရှင်တစ်ဦးဖြစ်ပြီး ကျောက်တုံးရုပ်ထုထဲမှာ ကွေးလိပ်ကာ အိပ်မောကျနေပါတယ်။

ဟန်ကျွယ်ဟာ ဒီဝိညာဉ်အပိုင်းအစရဲ့ ကျင့်ကြံမှုကို မသိတာကြောင့် ဝိညာဉ်အပိုင်းအစကို မနှောင့်ယှက်ရဲပါဘူး။

‘ဒါက တကယ်ကြီး မြေနတ်လား’

“တာအိုရောင်းရင်းကွမ်း... ကျုပ် ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်သွားပြီ၊ လက်ရည်စမ်းရအောင်”

ဟန်ကျွယ်နားထဲကို အသံတစ်သံ ရောက်လာပါတယ်။ ဒီအသံကြောင့် ဟန်ကျွယ်သတိတရားလည်း ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာပါတယ်။

‘ဂျိရှင်းရှန်ပါလား... ဒီကောင်က ကောင်းကင်ဘုံဝင်အဆင့်ကိုတောင် ရောက်သွားပြီလား’

ဟန်ကျွယ်ဟာ ဒီကိစ္စကို အရင်တုန်းက သတိထားမိပေမဲ့ စိတ်ထဲမထားတာကြောင့် မေ့ပျောက်ပျောက် ဖြစ်နေပါပြီ။ သတိကြီးလွန်းတဲ့ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဂျိရှင်းရှန်နဲ့ တိုက်ခိုက်လိုက်ပါတယ်။

တစ်ချက်တည်း အသေသတ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

ဂျိရှင်းရှန်ဟာ ကီလိုမီတာဒါဇင်ကျော်ဝေးတဲ့ တောအုပ်တစ်အုပ်မှာ စောင့်နေပါတယ်။ ဂျိရှင်းရှန်ဟာ ဒီတစ်ခါမှာတော့ သတိကြီးကြီးထားပါတယ်။ ဂျိရှင်းရှန်ဟာ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်ရှိသွားပြီဆိုပေမဲ့ မနိုင်ခဲ့ရင် မျက်နှာပျက်မှာစိုးတာကြောင့် လူတစ်ယောက်မှကို ခေါ်မလာပါဘူး။

ဟန်ကျွယ်ဟာ ဂျိရှင်းရှင်းဘေးနားမှာ ရုတ်ခြည်း ပေါ်လာပါတယ်။

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို လှည့်ကြည့်လိုက်ပြီး တက်ကြွစွာ ပြောလိုက်ပါတယ် “ကွမ်းယွီ... ငါလည်း ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်သွားပြီ၊ ဒီ့အပြင် ဆန်းကြယ်စွမ်းအားတစ်မျိုးကိုလည်း သိမြင်နားလည်ထားတယ်၊ ကောင်းကင်အမတစံအိမ်ရဲ့ အကြီးအကဲတွေတောင် ငါ့ကို မနိုင်တော့ဘူး၊ ငါ မင်းကို အနိုင်ယူနိုင်တာနဲ့ ငါက ဒီလောကမှာ နံပါတ်တစ်ဖြစ်ပြီ”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters