← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁)

မြင်းနာ

“ကောင်းတယ်ဟေ့”

ဝိုင်းအုံကြည့်ရှုနေသူများက အံ့ဩတကြီး ရေရွတ်လိုက်ကြ၏။ အမျိုးသမီးတစ်ဦးက ဝက်ကို တကယ်သတ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

တစ်စုံတစ်ယောက်ကလည်း တိုးတိုးလေး ပြောလိုက်၏။ “မယုံနိုင်စရာပဲ၊ သူက ယောကျ်ားတစ်ယောက်ထက်တောင် ပိုပြီး ကျွမ်းကျင်သွက်လက်နေတာပဲ”

ထိုအတောအတွင်း ရှို့ယွန်း၏ စကတ်တွင် သွေးများ စွန်းသွားသော်လည်း သူမမှာ လုံးဝ တုန်လှုပ်ချောက်ချားဟန် မရှိပေ။ လက်ထဲမှ ဓားသည်လည်း မနားတမ်း လှုပ်ရှားနေပြီး ဓားချက်တိုင်းမှာ သပ်ရပ်ပြတ်သားကာ အရိုးနှင့် အသားကို အပြစ်ပြောစရာမရှိအောင် ခွဲခြားပေးနေသည်။

ဟွာကျွင်း အချိန်ကို ကြည့်လိုက်ရာ မိနစ်နှစ်ဆယ်သာ ကြာသေး၏။

သူမက ဦးဆောင်၍ လက်ခုပ်တီးပေးလိုက်သည်။ “တကယ် တော်လွန်းတယ်”

ရှို့ယွန်း ဓားကို ချလိုက်ပြီး ပရိသတ်ကို လက်သီးဆုပ် ၍ ရိုသေစွာ နှုတ်ဆက်လိုက်၏။ “အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်”

လက်ခုပ်သံများမှာ ပိုမိုကျယ်လောင်လာသည်။

ရှို့ယွန်းက စိတ်လှုပ်ရှားစွာ ဟွာကျွင်းကို ပြောတော့၏။ “ဒါက တကယ်ကို စိတ်ကျေနပ်ဖို့ ကောင်းတာပဲ၊ ဒီလို ခံစားချက်မျိုး မရတာ ကြာပြီ၊ အခုတော့ စိတ်ရှုပ်စရာတွေ အကုန်လုံး ဘာမှမဟုတ်တော့သလိုပဲ”

ဝက်သတ်ခြင်းဖြင့် စိတ်ဖိစီးမှု လျှော့ချသည်မှာ တကယ်ကို အမျိုးသမီးသူရဲကောင်းတစ်ဦးပင်။

ဤမြင်ကွင်းမျိုးတွင် မော့ချွမ်း ရှိမနေပေ။ သူသည် လက်ရှိတွင် ရှေ့ဘက်ရှိ တောအုပ်ငယ်လေးထဲ၌ လျှို့ဝှက်သော အရောင်းအဝယ်တစ်ခု ပြုလုပ်နေ၏။

တောအုပ်ထဲတွင် အရိပ်နှစ်ခုက သူတို့၏ အသံများကို တမင်လျှော့၍ စကားပြောနေကြသည်။

“ငွေ ပါလာရဲ့လား”

“အကုန်ပါတာပေါ့၊ အပိုကိုတော့ ခင်ဗျားပဲ သိမ်းထားလိုက်တော့။ ကျွန်တော့် ပစ္စည်းကော ဘယ်မှာလဲ”

ထိုသူသည် အပိုရသော ငွေငါးတေးကို ရေတွက်ကာ ရင်ဘတ်ထဲ ထည့်လိုက်ပြီး ကျန်ငွေများကို ထုပ်ပိုးရင်း ပြောလိုက်၏။

“စိတ်မပူပါနဲ့၊ ကျွန်တော် အကုန်စီစဉ်ပြီးသားပါ။ ခဏနေရင် ရောက်လာလိမ့်မယ်”

ထိုသူနှစ်ဦး မြေပြင်ပေါ်တွင် ထိုင်၍ ခဏစောင့်နေကြသည်။ မော့ချွမ်းမှာ ပျင်းလာသဖြင့် ကွာစေ့တစ်ဆုပ် ထုတ်လိုက်ပြီး ဘေးကလူကို မျှဝေပေးလိုက်၏။

“ဘယ်လောက်ကြာအောင် စောင့်ရဦးမှာလဲ၊ ကျွန်တော် ပြန်သွားပြီး ဝက်သတ်တာကို ကြည့်ချင်သေးတယ်”

“ငါတို့ ဟိုက်အချိန်မှာ တွေ့ဖို့ ချိန်းထားတာလေ၊ အခု အချိန်နီးနေပြီပဲ၊ စိတ်ရှည်စရာရှိတာ ရှည်စမ်းပါ”

အဝေးမှ ဝက်သတ်သည့် အောင်ပွဲခံသံများ တဖြည်းဖြည်း တိုးဝင်သွားသောအခါ မော့ချွမ်းက ညည်းညည်းညူညူ ပြောလိုက်၏။ “မလာခင် ဝက်သတ်တာကို အရင် ကြည့်ခဲ့သင့်တာ”

“ဝက်သတ်တာ ဘာထူးဆန်းလို့လဲ၊ နှစ်သစ်ကူးဆို ရွာထဲမှာ နေ့တိုင်း သတ်နေကြတာပဲကို... ဟော၊ လာကြပြီ”

ထိုစဉ် မြင်းခွာသံတစ်သံ ကြားလိုက်ရပြီး မျက်နှာဖုံးစွပ်ထားသူတစ်ဦးက အခြားမြင်းတစ်ကောင်ကို ဆွဲလျက် သူတို့ထံသို့ မြင်းစီးလာ၏။

မျက်နှာဖုံးစွပ်ထားသူသည် မြင်းပေါ်မှ ဆင်းကာ မေးလိုက်သည်။

“ခင်ဗျားတို့က မြင်းလိုချင်တဲ့သူတွေလား”

“ဟုတ်တယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ ဒီမြင်းက...”

မော့ချွမ်း၏ ညီအကိုက မျက်မှောင်ကြုတ်ကာ ပြောသည်။ “ဒါက ကျွန်တော်တို့ ပြောထားတဲ့အတိုင်း မဟုတ်ဘူးလေ၊ ကျွန်တော်က အရပ်ရှည်ပြီး သန်မာတဲ့မြင်းကို လိုချင်တာ၊ ခင်ဗျားမြင်းက ပိန်လှီနေတာပဲ၊ ပြီးတော့ သူ့ခွာတွေကလည်း မြေကြီးကို ခဏခဏ ယက်နေတယ်၊ သူ နေမကောင်းဖြစ်နေတာလား”

“ခင်ဗျားတို့က စစ်မြင်း လိုချင်တာ မဟုတ်လား၊ ဒါက စစ်မြင်းအစစ်ပဲ၊ ပြန်ယူသွားပြီး ဝအောင် ကျွေးလိုက်ပေါ့”

“မရဘူး၊ ဒီမြင်းက မကောင်းဘူး...”

“ဒီမြင်းကို ကျွန်တော် ယူမယ်”

သူတို့ စကားပြောနေစဉ် မော့ချွမ်းက မြင်းကို ပတ်၍ အကြိမ်အနည်းငယ် ကြည့်လိုက်၏။ သူ ထင်ထားသည့်အတိုင်း ဖြစ်နေကြောင်း အတည်ပြုပြီးနောက် ဤမြင်းကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

“ဒီညီလေးကမှ စကားပြောရတာ အဆင်ပြေသားပဲ ငွေပေးတော့”

မော့ချွမ်း၏ ညီအစ်ကို ပြောလိုက်၏။

“နေဦး၊ ခင်ဗျားဆီကနေ ငွေတစ်ဆယ်တေး လျှော့ဦးမယ်”

ထိုသူနှစ်ဦး စကားများနေကြသည်။ မော့ချွမ်းမှာ ထိုနေရာတွင် အချိန်မဖြုန်းချင်သဖြင့် စကားဖြတ်ပြောလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက် အေးအေးဆေးဆေး စကားပြောနေကြ၊ ကျွန်တော် မြင်းကို အရင် ခေါ်သွားပြီ”

ထိုသူနှစ်ဦး ကြောင်သွားကြ၏။ မော့ချွမ်း မြင်းကို တောအုပ်ထဲမှ ဆွဲထုတ်သွားသည်ကို ကြည့်ပြီးမှ သူတို့၏ အငြင်းအခုန်ကို ဆက်ကြသည်။

“ခင်ဗျား သူငယ်ချင်းက မြင်းကို ယူသွားပြီပဲ၊ ခင်ဗျားက ဘာလို့ ကျွန်တော့်ဆီက ငွေလျှော့ချင်နေသေးတာလဲ”

“ဒါဆို ငါးတေးပဲ လျှော့မယ်၊ ဒီမြင်းက ခင်ဗျား ပြောထားသလို မဟုတ်ဘူး၊ ကျွန်တော့်ကို ဖြေရှင်းချက် ပေးရမယ်”

…

မော့ချွမ်းသည် မြင်းကို တည်းခိုခန်းရှေ့သို့ ခေါ်ဆောင်လာပြီး ဇက်ကြိုးကို သစ်ပင်တစ်ပင်တွင် ချည်ထားလိုက်၏။ ထို့နောက် ဟွာကျွင်းကို လာကြည့်ရန် ခေါ်လိုက်သည်။

သူတို့ မြင်းကို သေသေချာချာ စစ်ဆေးကြည့်ရာ အမှန်တကယ်ပင် တစ်ခုခု မှားယွင်းနေ၏။

မော့ချွမ်း ပြောသည်။ “ကြည့်ပါဦး၊ သူ့အမွေးတွေက ခြောက်ကပ်ပြီး အရောင်မှိန်နေတယ်၊ နှာခေါင်းနားမှာလည်း သွေးစတွေ ရှိနေတယ်။ သူက မြက်တောင် မစားချင်ဘူး၊ ဒါက သိသိသာသာကို ပြဿနာ ရှိနေတာပဲ”

ဟွာကျွင်း မေးလိုက်သည်။ “ဒါက စစ်မြေပြင်သုံးမြင်းဂိုဒေါင်က မြင်းဆိုတာ သေချာလား”

မော့ချွမ်းက မြင်း၏ နားရွက်ကို ညွှန်ပြကာ ပြော၏။

“နားရွက်နောက်မှာ တံဆိပ်ခတ်ထားတာ ရှိတယ်၊ ဒါက စစ်မြေပြင်သုံးမြင်းဂိုဒေါင်ကဆိုတာ ကျိန်းသေတယ်။ ပြီးတော့ ဒီတံဆိပ်က ခုတလောမှ အသစ်ခတ်ထားတဲ့ ပုံစံမျိုးပဲ”

“ဒါဆိုရင် နယ်လှည့်ကုန်သည် ပြောခဲ့တဲ့ မြင်းတွေထဲက တစ်ကောင် ဖြစ်နိုင်မလား”

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်”

“ဒါဆိုရင် ဒါက ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုပဲ၊ စစ်မြေပြင်သုံးမြင်းဂိုဒေါင်ကလူတွေက မြင်းက နေမကောင်းတာကို မသိဘဲ မနေပါဘူး၊ ဒါကို ဘာလို့ တမင်ဝယ်သွင်းထားရတာလဲ”

မော့ချွမ်း မေးလိုက်သည်။

“အတွင်းလူလား၊ ကျွန်တော်တို့ စစ်တပ်ရဲ့ အင်အားကို လျှော့ချဖို့အတွက်လား”

ဟွာကျွင်းက စဉ်းစားရင်း ပြော၏။

“အကယ်၍ ဒီမြင်းတွေက...”

မော့ချွမ်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။ “ကူးစက်ရောဂါလား”

ဟွာကျွင်း ခေါင်းညိတ်ပြ၏။ “ကျွန်မ စဉ်းစားနေတာလည်း အဲဒါပဲ၊ ဒါပေမဲ့ ကျွန်မတို့မှာ အထောက်အထား လိုတယ်။ မုန့်ဆိုင် ပိတ်တဲ့အခါ မြင်းကို အထဲသွင်းကြမယ်၊ မနက်ဖြန်ကျရင် ကျွန်မ တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ယောက်ကို ခေါ်ပြီး စစ်ခိုင်းမယ်”

“မြင်းတစ်ကောင်က မုန့်ဆိုင်ကနေတစ်ဆင့် ဟိုဘက်ကမ္ဘာကို သွားလို့ရပါ့မလား”

“ရမှာပါ၊ ကျွန်မတို့ ဝယ်ထားတာပဲကို”

သူတို့သည် မြင်းကို မုန့်ဆိုင်ဘေးသို့ ခေါ်ဆောင်လာပြီး ဖောက်သည်အများစု ပြန်သွားသောအခါ မုန့်ဆိုင်ထဲသို့ ခေါ်သွင်းလိုက်ကြသည်။

“ကြိုတင်ကာကွယ်တဲ့အနေနဲ့ မုန့်ဆိုင်ကို နောက်မှ ပိုးသတ်ရမယ်၊ ကျွန်မတို့ အဝတ်အစားတွေကိုလည်း ပိုးသတ်ဆေးနဲ့ လျှော်ရမယ်”

ဟွာကျွင်းက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မော့ချွမ်းကို မေးလိုက်သည်။ “ရှင့်က တိချုံးမျိုးနွယ်ဝင် မဟုတ်လား။ ရှင်က တိလူမျိုးတစ်ယောက်ပဲ၊ ဒါကို ဘာလို့ ကျွန်မတို့ကို ကူညီပေးနေရတာလဲ”

မော့ချွမ်းက စိတ်လှုပ်ရှားစွာ ဖြေ၏။

“ကျွန်တော် သူတို့ထဲက တစ်ယောက် မဟုတ်တာ ကြာလှပြီ၊ ကျွန်တော့်ကို မယုံဘူးလို့ မပြောနဲ့ဦးနော်”

“ကျွန်တော်က အခု သူတို့နဲ့မတူတော့ဘူး။ မှန်တာကိုပဲ ကျွန်တော် ကူညီမယ်၊ သူတို့ရဲ့ လုပ်ရပ်တွေကို ကျွန်တော် တကယ်ကို မနှစ်မြို့ဘူး”

မုန့်ဆိုင်က ခေတ်သစ်ကို ပြန်ရောက်သွားပြီးနောက် ဟွာကျွင်းသည် မြင်းကို အိမ်အပြင်ဘက်သို့ ခေါ်သွားကာ ရေတိုက်ပြီး မြက်ခြောက်အချို့ ချကျွေးလိုက်သည်။

နောက်တစ်နေ့မနက်တွင် သူမသည် တိရစ္ဆာန်ဆရာဝန်ကို ဆက်သွယ်ကာ ညနေပိုင်းတွင် လာကြည့်ရန် စီစဉ်လိုက်၏။

မြင်း၏ အခြေအနေမှာ မကောင်းပေ။ ရေအနည်းငယ်သာ သောက်ပြီး ဘာမှ မစားပေ။

ညနေပိုင်းတွင် ဆရာဝန်ရောက်လာပြီး သေသေချာချာ စစ်ဆေးကာ ပြောလိုက်၏။

“ဒါက ဂလန်းဒါးစ် (မြင်းများတွင် ဖြစ်ပွါးသည့် ကူးစက်ရောဂါတစ်မျိုး) ရောဂါပဲ”

“ဒါက ထူးဆန်းတယ်၊ ကျွန်တော်တို့နိုင်ငံမှာ ဒီဗိုင်းရပ်စ်ကို (၁၉၅၀) ခုနှစ်မှာကတည်းက အမြစ်ပြတ်အောင် လုပ်ခဲ့တာ၊ ဘယ်လိုလုပ် နေမကောင်း ဖြစ်ရတာလဲ”

ဟွာကျွင်း

“ဒါ... ဒါက ကျွန်မ ဝယ်တုန်းကတည်းက ဒီလိုပဲဖြစ်နေတာပါ။ ဆရာ၊ ဒါကို ကုလို့ရမယ့် နည်းလမ်းရှိလား”

ဆရာဝန်က ခေါင်းခါပြကာ ပြော၏။

“အရင်တုန်းကဆို ဒီရောဂါမျိုးတွေ့ရင် များသောအားဖြင့် သတ်ပစ်ကြတာပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ ဒီမြင်းက ကျွန်တော် မြင်ဖူးသမျှနဲ့ ဘာလို့ ကွဲပြားနေရတာလဲ”

သူ ပြုံးပြီး ဆက်ပြော၏။

“ကျွန်တော် မြင်းတွေအကြောင်း သိပ်မသိပေမဲ့ ဒီမြင်းက ခင်ဗျားအတွက် တော်တော်ကုန်ကျခဲ့ရမယ် မဟုတ်လား၊ သတ်ပစ်ရမှာ နှမြောစရာကြီးပဲ”

ဟွာကျွင်း အလျင်အမြန်ပင် ပြောတော့သည်။

“ဆရာ၊ ကျေးဇူးပြုပြီး သူ့ကို ကယ်တင်ပေးပါဦး”

“ကျွန်တော် ဒီရောဂါကို အရင်က မကုဖူးဘူး၊ ဒါပေမဲ့ ကြိုးစားကြည့်လို့ရပါတယ်။ အရင်တုန်းက သတ်ပစ်ရတာက ကျွန်တော်တို့ရဲ့ ဆေးပညာနည်းပညာ နောက်ကျလို့ပါ။ အခုက ဆေးအမျိုးအစားတွေ အများကြီး ရှိနေပြီဆိုတော့ ကုသနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

သူသည် မြင်းကို ထိုးဆေးထိုးပေးပြီးနောက် ဆေးပုလင်းအချို့ကို ထုတ်ကာ ဆေးပုလင်းချိတ် သွင်းပေးလိုက်သည်။

ထို့နောက် ဟွာကျွင်း မေးလိုက်သည်။

“ဆရာ၊ ဒီရောဂါက မြင်းဇောင်းထဲမှာ ပေါ်လာရင် ကူးစက်တတ်လား”

“ကူးတာပေါ့၊ ကျိန်းသေပေါက် သီးခြားခွဲထားရမယ်၊ တကယ်လို့ ကူးစက်ခံရပြီးသားဆိုရင်လည်း အချိန်မဆွဲဘဲ မြန်မြန် ကုသရမယ်”

ဟွာကျွင်း ဆရာဝန်ကို ကျေးဇူးတင်စကားပြောပြီး ဆေးဖိုးပေးလိုက်၏။ ဟွာကျွင်းမှာ အထူးပြုလုပ်ထားသည့် မြင်းတင်ယာဉ် မရှိသဖြင့် ဆရာဝန်ကိုပင် အခေါက်အနည်းငယ် ထပ်လာပေးရန် အကူအညီတောင်းလိုက်ရသည်။

ဟွာကျွင်းသည် အိမ်ထဲသို့ ပြန်ဝင်ကာ ထိုကိစ္စကို ရေးသားပြီး လုမင်လီထံသို့ ပေးပို့လိုက်၏။

မော့ချွမ်း

“အခြေအနေကို စစ်ဆေးဖို့အတွက် တစ်စုံတစ်ယောက်ကို ရှာရမယ် ထင်တယ်”

‘ဒါပေမဲ့ ဘယ်သူ သွားမှာလဲ။’

မော့ချွမ်း

“စစ်သည်တွေကို နေ့ရက်တစ်ထောင် လေ့ကျင့်ပေးထားတာက တစ်နာရီစာ အသုံးချဖို့ပဲ၊ မူလတန်းကျောင်းက ပါးနပ်တဲ့သူ အနည်းငယ်ကိုပဲ ရွေးကြရအောင်”

“ဘာ၊ သူတို့က ကလေးတွေပဲ ရှိသေးတာလေ”

ဟွာကျွင်း သဘောမတူပေ။

“ဆယ်ကျော်သက်အရွယ်တွေကို ရွေးရအောင်၊ သူတို့က အပြင်လောကကို ထွက်ပြီး အတွေ့အကြုံ ယူသင့်တယ်။ ပြီးတော့ ဒါက အခြေအနေကို စစ်ဆေးရုံတင်ပါ၊ တကယ်လို့ တစ်ခုခုနဲ့ ကြုံလာရင် ချက်ချင်း ဆုတ်ခွာရမယ်၊ ဘယ်သူနဲ့မှ တိုက်ရိုက် ရင်မဆိုင်ရဘူး”

ဟွာကျွင်း၏ ဘေးနားတွင် အခြား အသုံးချနိုင်သူ မရှိသဖြင့် ဤသည်မှာ အမှန်တကယ်ပင် ကောင်းမွန်သော အကြံဉာဏ် ပင် ဖြစ်၏။

All Chapters